Pages

Friday, May 09, 2008

ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံးဝင်ရောက်နိုင်ရေးလှုပ်ရှားမှု

ဂျေမိုး မေလ ၉ရက်၊ ၂၀၀၈။

စင်္ကာပူ။ ။"လူသားချင်းစာနာသည့် အထောက်အပံ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များ " အမြန်ဆုံးဝင်ရောက်နိုင်ရန် စင်္ကင်္ာပူနိုင်ငံရှိ မြန်မာလူထုမှ သဘောထားလက်မှတ်များ စုဆောင်းမည်ဟု သတင်းရရှိပါသည်။

၎င်းကောက်ခံရရှိသော လက်မှတ်များကို မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ထားသည့် သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ တနင်္လာနေ့တွင် အပ်နှင်းမည်ဟု သတင်းရရှိပါသည်။

စင်္ကာပူနိုင်ငံရှိ မြန်မာများ လက်မှတ်ရေးထိုးရာတွင် လွယ်ကူစွာ ပါဝင်နိုင်ရန်အတွက် ပင်နီဇူလ ပလာဇာ (၅)လွှာရှိ လမ်းပြကြယ်စာကြည့်တိုက်တွင် စနေနေ့ နေ့လည် (၁၂) နာရီမှ စတင်ကာ တနင်္ဂနွေနေ့ အထိ၎င်း၊ မဟာဝိဟာရကျောင်းတိုက်တွင်မူ စနေနေ့ညနေ (၈း၃၀) မှ (၁၀) နာရီအတွင်း လက်မှတ်များ လာရောက်ထိုးနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment