Pages

Thursday, May 01, 2008

(၁၁၈)ကြိမ်မြောက် မေဒေးနေ့ ကျင်းပခြင်း

(၁၁၈) ကြိမ်မြောက် မေဒေးနေ့ကို ရောင်ခြည်ဦး အလုပ်သမားရုံးတွင် ရောင်ခြည်ဦး အလုပ်သမား အစည်းအရုံး(Y.C.O.W.A)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (D.P.N.S)၊ မြန်မာအမျိုးသမီးသမဂ္ဂ (B.W.U)၊ ရခိုင်အလုပ် သမားများသမဂ္ဂ (A.W.U)၊ အဝေးရောက်ဧရာဝတီအသင်း (O.I.A) စသည့် အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင် ရွက်ကျင်းပခဲ့ပါသည်။


နိုင်ငံရေးအဖွဲ့အစည်းများနှင့် အလုပ်သမား (၄၀၀)ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသော အလုပ် သ မားများအားမေဒေးနေ့ပေါ်ပေါက်လာပုံ မေဒေးစိတ်ဓါတ်ပြန့်ပွားရေး၊ မိမိအခွင့်အရေးကို မိမိ ကိုယ်တိုင် ကာ ကွယ်စောင့်ရှောက်ရေးနှင့် အလုပ်သမားသမဂ္ဂများ၏ လုပ်ဆောင်ချက်များ အရေးပါပုံများ အပြင် အမျိုးသမီး အ ခွင့်အရေးနှင့်သက်ဆိုင်သော ဟောပြောချက်များ စသည်တို့ကိုဟောပြောခဲ့သည်။



ထို့အပြင် လက်ကမ်းစာစောင်များ ကြေငြာချက်များကို၎င်းအဖွဲ့အစည်းများနှင့် ပြည်ပရောက်မြေသြဇာအဖွဲ့ဝင် များမှ ဖြန့်ဝေခဲ့ကြသည်။ တီရှပ်များ၊ ရေဒီယိုများကိုလည်း အလုပ်သမားထုအတွက် ကံစမ်းမဲများ ဖောက်၍ ဝေငှခဲ့သည်။

No comments:

Post a Comment