Pages

Monday, May 26, 2008


၂၀၀၈ မေလ ၂၆ ရက်နေ့

နဂိုယာ၊ ဂျပန်
ဂျပန်နိုင်ငံ၊ နဂိုယာမြို့ ဗြဟ္မ၀ိဟာရ မြန်မာဘုန်းကြီးကျောင်းမှ ဆရာတော် အရှင်တိလောကဦးဆောင်မှုဖြင့် နဂိုယာမြို့၌ မေလ ၂၃ရက်နေ့ (စနေနေ့) နှင့် မေလ၂၄ရက်နေ့ (တနင်္ဂနွေနေ့) တို့တွင် မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များအား ကူညီရန်အတွက် မြန်မာနှင့် ဂျပန်လူမျိုးများ၊ မြန်မာ့ သံဃာတော်များမှ နဂိုယာမြို့နေရာအနှံ အလှူငွေများကိုကောက်ခံခဲ့ပြီး ရရှိသော အမေရိကန်ဒေါ်လာ ၈၇၁၇ နှင့် ညီမျှသော ဂျပန်ယန်းငွေ ၉၀၀,၀၀၀ အား မြန်မာနိုင်ငံရှိလေဘေး ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ယနေ့ မေလ ၂၆ ရက်နေ့ တွင် ဒုတိယ အကြိမ်မြောက် ပေးပို့ လှူဒါန်းပါသည်။

ဆက်လက်၍ ၃လတိုင်တိုင် အပတ်စဉ် အလှူငွေများကိုကောက်ခံပြီး မြန်မာနိုင်ငံရှိလေဘေး ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။

မြန်မာပြည်သု အပေါင်းအား ကူညီ ကယ်တင်နိုင်ကြပါစေ။

No comments:

Post a Comment