“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 30, 2011

ကလေးစစ်သားအဖြစ်စုဆောင်းခံရတဲ့မောင်ကြည်ရအောင်

မှတဆင့်-ကိုကို
ကလေးစစ်သားအဖြစ်စုဆောင်းခံရတဲ့မောင်ကြည်ရအောင်(ခ)သားသားလေးဟာ(ILO)နဲ့(HRWDN)တို့ပူးပေါင်းဆောင်ရွက်မူ့ကြောင့်၂၉.၉.၂၀၁၁နေ.နံနက်၁၁နာရီ၁၅မိနစ်တွင်တွင်ဇ၀ဲကျေးရွာမှတရားဝင်တပ်ထွက်လက်မှတ်ရရှိကာပုသိမ်မြို့သို့ပြန်လည်ရောက်ရှိလာကြောင်းသိရပါသည်။

HRWDN

(လူ့အခွင်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်)

အပြည့်အစုံသတင်းဖတ်ရန်....

ဗုဒ္ဓ ဆင်းထုတော်များ မဖွယ်မရာ ပြုလုပ်ခံရ၍ စစ်တွေတွင် မကျေနပ်မူတိုးပွား

News Date:9/28/2011 ထွန်းထွန်း နိရဉ္ဖရာ သတင်းဌာန(ပေးပို့ သူ-ဗမာ့သွေး)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။


စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။

၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လယ်သမားများပိုင်မြေ ဗိုလ်မှူး တစ်ဦး ရောင်စား၍ လယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်

News Date:9/29/2011 နိရဉ္စရာ သတင်းဌာန(ပေးပို့ သူ-ဗမာ့သွေး)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပျားတဲရွာအနီးမှ လယ်သမားများပိုင် မြေများကို မြေစာရင်းဦးစီးဌာနတွင် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက သူ့အမည်ဖြင့် နာမည် ဖေါက်ပြီး ရောင်စားသွားသဖြင့် လယ်သမားများမှာ လယ်မဲ့ယာမဲ့ ဘ၀သို့ အလိုလိုနေရင်း ရောက်ရှိသွားကြရသည်ဟု သတင်း ရရှိသည်။

အဆိုပါ မြေကွက် ဧရိယာမှာ ၂၄ ဧက ရှိပြီး ဗိုလ်မှူး ဦးစန်းစန်းမောင်ဆိုသူက အိန္ဒိယ ကုမ္ပဏီ တစ်ခုသို့ သိန်းကျပ် (၄၀၀) ဖြင့်ရောင်းစားသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ လူငယ် တစ်ဦးက" အဲဒီ ဗိုလ်မှူး ဦးစန်းမောင်မောင်က အဲဒီမြေတွေကို မြေစာရင်းဌာနမှာ သူ့နာမည် ဖေါက်ပြီး Punj Loyd ဆိုတဲ့ အိန္ဒိယ ကုမ္ပဏီကို ရောင်းစားသွားတာပါ။ အခု အဲဒီ ကုမ္ပဏီက မြေကွက်တွေမှာ စီမံကိန်း စတင်နေပါပြီ" ဟု ပြောသည်။

ရွာသာများမှာ ၎င်းတို့ပိုင်သော လယ်မြေများ၊ စားကျက်မြေများကို အိန္ဒိယကုမ္ပဏီမှ စက်ကရိယာများဖြင့် လာရောက် တူးဖေါ်ပြီးမှ မိမိတို့ လယ်မြေများ အသိမ်းခံရသည်ကို သိရှိကြရသည်ဟု သူက ဆိုသည်။

" ကျွန်တော်တို့ သိရသလောက် ဗိုလ်မှူး စန်းမောင်မောင်က ခယက လက်ထက်မှာ ကျောက်ဖြူမှာ တာဝန်ကျဖူးတယ်လို့ သိရပါတယ်။ သူက မြေတိုင်းဌာနက ၀န်ထမ်းတွေကို ငွေနည်းနည်းပေးပြီး အဲဒီမြေတွေကို သူ့နာမည်နဲ့ ဖေါက်ပြီးတော့ ရောင်းစားသွားတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူတွင် တာဝန်ကျခဲ့သော စစ်ဘက်ဆိုင်ရာ လူကြီးများသည် နိုင်ငံခြား စီမံကိန်းများ တည်ဆောက်မည့် နေရာများ၊ ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဖြတ်သန်းမည့် နေရာများကို မြေပုံများကို ကြည့်ပြီး သိရှိထားသဖြင့် အဆိုပါ နေရာများကို မြေတိုင်း ဦးစီးဌာနနှင့် ပေါင်းပြီး မိမိပိုင် မြေအဖြစ် ဂရမ်ဖေါက်ထားခဲ့ကြသည်ဟု သိရသည်။

ထိုအထဲတွင် ယခင် အနောက်ပိုင်းတိုင်းမှူး ဖြစ်ခဲ့သော ပြည်ထဲရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် မောင်ဦးလည်း ပါဝင်ကာ ကျောက်ဖြူမှ (၆) မိုင် အကွာတွင် တည်ရှိသော ဂုံးချိန်ကျေးရွာရှိ အများပြည်သူပိုင် မြေကွက် တစ်ခုကို မိမိပိုင်လုပ်ကာ ဒေးဝူး ကုမ္ပဏီကို ကျပ်သိန်း ၄၀၀ ဖြင့် ရောင်းစားသွားခဲ့သည်။

" ကျောက်ဖြူမှာ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ချုပ်တွေ လက်ထဲကို ရောက်သွားပါပြီ။ ဒေသခံတွေမှာ ဘယ်ကို တိုင်ကြားရမှန်းလည်း မသိဘူး။ တိုင်ကြားရင်လည်း အဖမ်းခံရမှာကို စိုးပြီး ဘယ်သူမှ လိုက်မလုပ်ရဲဘူး။ ကျောက်ဖြူမြို့နယ်မှာ လယ်တွေ၊ စားကျက်တွေ တ၀က်ခန့်က ပြည်သူတွေရဲ့ လက်ထဲမှာ မရှိတော့ဘူး" ဟု တခြား ကျောက်ဖြူ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ယခုကဲ့သို့ ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို Punj Loyd ကုမ္ပဏီက မြေတူးစက်များဖြင့် တူးဖေါ်နေသဖြင့် ရွာသာများမှာ မျက်ရည် တလည်လည်ဖြင့် ဖြစ်နေပြီး အဆိုပါ ကိစ္စကို မည်သို့ ဆက်လုပ်ရမည်ကိုလည်း မသိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

၎င်းအပြင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းဖြတ်သန်းမည့် နေရာများကိုလည်း မြေတိုင်းဌာနမှ အလံနီများ စိုက်ထူထားပြီး ပိုက်လိုင်း ဖြတ်သန်းရာနေရာကို ကိုက် (၅၀) သိမ်းယူမည်ဟု သတင်းထွက်နေသဖြင့် ရွာသားများ အထူး စိုးရိမ်နေကြသည်ဟု သိရသည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေး အကျဉ်းသား အရေအတွက် ပြန်လည် စိစစ်နေသည်ဟု AAPP ပြော

ကိုဝိုင်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၆ မိနစ်(ပေးပို့ သူ-ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ ) ။ ။ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား အရေအတွက် စာရင်းကို ပြန်လည်စိစစ်နေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံ AAPP-B တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။



“ကျနော်တို့လည်း ပြန်ပြီးတော့ သေချာအောင် ကျနော်တို့ Update လုပ်နေတယ်။ ကျနော်တို့ဆီမှာ မပြည့်စုံတာ တွေလည်း ရှိပါတယ်။ တချို့ဟာတွေက ဖမ်းတာကို သိတယ်။ ဒါပေမယ့် အဲဒီလူရဲ့ နောက်ဆက်တွဲကို ကျနော်တို့ မရတဲ့အခါမှာ လွတ်သွားသလား မလွတ်သွား ဘူးလားကို စုံစမ်းလို့  မရလို့ တချို့ဟာတွေ ကျနော်တို့ စာရင်းထဲမှာ ရှိနေနိုင်ပါတယ်” ဟု ဦးဘိုကြည်က ပြောသည်။



အစိုးရမှ AAPP-B ၏ စာရင်းကို ပြန်လည်စိစစ်ရာ နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ AAPP-B စာရင်းထက်လျော့နည်းနေသည်ကို တွေ့ရကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က အမေရိကန် နိုင်ငံ သို့ ရောက်ရှိနေစဉ် RFA အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားမှုနှင့် ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းချက်ကို ဦးဘိုကြည်က ဆိုခြင်း ဖြစ်သည်။



သမ္မတအကြံပေး ဦးကိုကိုလှိုင်က RFA မြန်မာပိုင်းကို ပြောကြားရာတွင် “ထိုင်းနယ်စပ်ရဲ့ ဟိုဘက်မှာရှိနေတဲ့ AAPP-B အဖွဲ့တို့ ဘာတို့က ပြုစုထားတဲ့ စာရင်းပေါ့။ တာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်စီစစ်တဲ့ အခါကျတော့ သူတို့ပြောတဲ့ စာရင်းအတိုင်းလောက်တော့ မရှိတော့ဘူး။ တချို့အတိုင်းအတာ ရှိတယ်ပေါ့နော်။

ကျနော် အရေအတွက်တော့ မသိဘူး”ဟု ပါရှိသည်။



“အဲဒီထဲမှာတောင်မှ တချို့သော ပုဂ္ဂိုလ်များသည် အကြမ်းဖက်တဲ့ ဗုံးဖောက်ခွဲမှုတွေ မူးယစ်ဆေးဝါးအမှု လူသတ်မှုစတဲ့ အမှုကြီးတွေနဲ့ ဆက်စပ်နေတဲ့ လူတွေလည်း ဒီစာရင်းထဲ မှာပါနေတယ်။ ရာနဲ့ချီပြီးမှ ပါနေတယ်လို့ ပြောပါတယ်” ဟုလည်း ဆိုသည်။



၂ဝ၁၁ ခု သြဂုတ်လကုန်အထိ နိုင်ငံရေး အကျဉ်းသား ၁၉၉၈ ဦးရှိသည်ဟု AAPP-B က ထုတ်ပြန်ထားသည်။



“နိုင်ငံရေး အကျဉ်းသားတွေကို ချုပ်နှောင်တဲ့ အခါမှာ ရဲဘက်စခန်းတွေကို ပို့နေတာတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ လက်လှမ်းမီဖို့ တချို့နေရာတွေမှာ အချိန်တော်တော်လေး ယူရတာ ရှိတယ်။ လက်လှမ်း မမီတာတွေလည်း ရှိတယ်” ဟု ဦးဘိုကြည်က မဇ္ဈိမကို ပြောသည်။



AAPP-B က အစိုးရ သတင်းစာရှင်းလင်းပွဲများ၊ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ၊ ဌာနဆိုင်ရာများမှ ယခုအရေအတွက်ကို ရထားခြင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ရာ၌ အစိုးရနှင့် မတူညီကြောင်း ပြောသည်။



“မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရှိတယ်။ တိုင်းရင်းသား ပြဿနာတွေ ရှိတယ်။ ကျနော်တို့က နိုင်ငံရေး အကျဉ်းသားဆိုပြီး သတ်မှတ်တဲ့ အခါမှာ လက်နက်ကိုင် တိုက်ခိုက်ပြီးတော့ အဖမ်းခံရတဲ့လူတွေ၊ မတရားအသင်း အဖွဲ့အစည်း

တွေကို ထောက်ခံလို့ ထောက်ပံ့လို့ ဆိုပြီး အဖမ်းခံရသူတွေလည်း ပါမှာပါ” ဟု ဦးဘိုကြည်က ဆိုသည်။



၂ဝဝ၉ ခု စက်တင်ဘာတွင် ပခုက္ကူမြို့၌ သံဃာတော်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး အပြန်လမ်းတွင် ဆိုင်ကယ်လိုင်စင် မရှိဟုဆိုကာ သွင်းကုန် ထွက်ကုန် အက်ဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့ဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ပြီး ကသာထောင်တွင် ထိန်းသိမ်းခံနေရသော ဒီဗီဘီ သတင်းထောက် မလှလှဝင်း၏ အမှုကိုလည်း ဥပမာပေး ဆက်လက် ပြောဆိုသည်။



"ကျနော်တို့က သူတို့ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကိုကြည့်ပြီးတော့ ရာဇဝတ် ပုဒ်မတွေနဲ့ပဲ တရားစွဲခံရခံရ ဒီလူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။



မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားဟူသော အသုံးအနှုန်းကို လက်မခံဘဲ အကျဉ်းသားဟူ၍သာ ရောထွေး အသုံးပြုဆဲဖြစ်သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းကမူ အထောက်အထား မခိုင်လုံဘဲ ညှင်းပမ်း နှိပ်စက်ပြီး ဖြောင့်ချက်ယူ ဖမ်းဆီးခံထားရသူများ ရှိသည်ဟု လွိုင်ကော်ထောင်တွင် ထောင်ဒဏ် တသက် ကျခံနေရသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင် ဦးမြင့်အေးအား ဥပမာပေး ပြောဆိုသည်။



“သူတို့က ဖောက်ခွဲတပ်တိုင်း ကျနော်တို့က ဖောက်ခွဲလို့ သွားပြောလို့ မရဘူးလေ။ ကျနော်တို့က ထောက်ပံ့ကြေးပေးမြဲပေးနေတာပဲ” ဟု သူက ပြောသည်။



လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများ လုပ်ဆောင်လာသူ ဦးမြင့်အေးကို ရန်ကုန်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ရုံးတခုကို ဗုံးဖေါက်ခွဲခဲ့မှုဖြင့် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ၌ ပြစ်ဒဏ် ချမှတ်ခဲ့သည်။



အစိုးရမှ အတိုက်အခံ အများအပြားကို ထောင်သွင်းချလေ့ရှိသော နိုင်ငံရေး ပြစ်မှုများအနက် နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှု၊ လူငါးဦးထက်ပို၍ စုရုံးဆန္ဒပြမှု၊ မတရားအသင်း ဖွဲ့စည်းမှု၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ ၁၉၅ဝ ခုနှစ် အရေးပေါ် စီမံချက် ဥပဒေ၊ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့ ပါဝင်လေ့ရှိသည်ဟု ရန်ကုန်မြို့နေ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။



ယင်းအပြင် သဘောကွဲလွဲသူများကို ရာဇဝတ်ပြစ်မှုများတပ်၍လည်း အမှုဆင်ဖမ်းဆီးထောင်ချမှုများ ရှိသည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။



သမ္မတ ဦးသိန်းစိန်က မေလအတွင်း၌ အကန့်အသတ်ဖြင့် ပြစ်ဒဏ် လျှော့ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာထောင်အသီးသီးမှ အကျဉ်းသား ၁၄,၆၀၀ ဦးကျော် လွတ်လာသော်လည်း နိုင်ငံရေး အကျဉ်းသား အနည်းစုသာ ပါဝင်သည်။ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသား အရေအတွက် အတိအကျကိုမူ မရနိုင်ဘဲဖြစ်နေပြီး

အယောက် ၃၀ မှသည် ၇၀ အထိရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။



စက်တင်ဘာ ၂၇ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားရာ မကြာမီ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် တခု ကြေညာဦးမည်ဟု ထည့်သွင်းပြောဆိုသွားသည်။



နိုင်ငံရေး အကျဉ်းသား ၁,၉၉၈ ဦးအနက် ထောင်ဒဏ် ၆၅ နှစ်ကျော်ကျနေသည့် ၈၈ ကျောင်းသား ခေါင်းဆောင် ၃၇ ဦး၊ SSA-N (ရှမ်းပြည် မြောက်ပိုင်းတပ်မတော်) ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင် (ထောင်ဒဏ် ၁ဝ၆ နှစ်)၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး (ထောင်ဒဏ် ၉၃) နှစ်တို့လည်း ရှိနေကြောင်း AAPP-B ကထုတ်ပြန် ထားသည်။





Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရန်ကုန်ရေဘေးကြောင့် မြွေပူရာကင်းမှောင့်

ခိုင်သွယ် Thursday, 29 September 2011 17:24
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့က ရန်ကုန်မြို့တွင်း မြို့နယ်အများစုတွင် ရေကြီးရေလျှံခဲ့ပြီး နေအိမ်များအတွင်း ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မျောပါလာသောကြောင့် လူအများ သတိထားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဥက္ကာလာပ မြို့နယ်များရှိ လူနေရပ်ကွက် တချို့တွင် ရေကြီး ရေလျှံခဲ့ပြီး ကျောင်းတချို့ ပိတ်လိုက်ရကြောင်း၊ နေအိမ်များထဲသို့ ရေနှင့်အတူ မြွေများ၊ ကင်းများ စသည့် အဆိပ်ရှိ

သတ္တ၀ါများ ၀င်လာသောကြောင့် နေအိမ်ထဲများထဲတွင် သဲအိတ်များခင်းပြီး သတိဖြင့် သွားလာ နေထိုင်နေရကြောင်း အရှေ့ဒဂုံမြို့နယ် ရပ်ကွက် ၁၀၈ တွင် နေထိုင်သူ ဦးဖုန်းမြင့်က ပြောသည်။

“ဘေးအိမ်က အဘွားနဲ့ ကလေးတွေကို ကုတင်ပေါ်မှာပဲ တနေကုန် ထိုင်ခိုင်းထားရတယ်။ မီးဖိုဆောင်ရော၊ အိပ်ခန်းတွေထဲပါ ရေ၀င်တော့ လူတွေ နေစရာမရှိဘူး။ ဆိုးတာက ရေနဲ့အတူ မြွှေတို့ ကင်းတို့ပါလာတာပဲ” ဟု သူက ဆိုသည်။



ဒဂုံမြို့သစ်တောင်ပိုင်း ၁၉ ရပ်ကွက်၊ အမှတ် ၅၀၂ နံ့သာမြိုင်လမ်းတွင် နေထိုင်သော မီးသတ်တပ်ဖွဲ့ဝင် မောင်ဝေယံဇော် ဆိုသူမှာ ရေမြောင်းများအား ရှင်းလင်းရင်း ရေစီးဖြင့် မျောပါသွားခဲ့ကြောင်း၊ ၎င်းကို ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင် တဦးက ကယ်တင်လိုက်သောကြောင့် အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ကြောင်း ကြားသိရသည်။



“မိုးရွာပြီးရေလျှံတော့ ကျနော်တို့ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေက ရေမြောင်းတွေထဲက အမှိုက်တွေကို လိုက်ဆယ်ပေးရင်း မြောင်းထဲ ကျသွားတာပါ။ ကယ်ဆယ်တဲ့သူ ရှိလို့ အသက်မသေဆုံးရတာ” ဟု တာဝန်ခံ မီးသတ်ရဲဘော်က ဆိုသည်။

မိုးစရွာသည်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ဒဂုံ မြို့နယ်အတွင်းရှိ လူနေရပ်ကွက်များ၊ လမ်းများ အားလုံး နီးပါးမှာ ရေမြုပ်ပြီး နေအိမ်များအတွင်းသို့ ရေ၀င်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။



ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း စသည့်ဒေသများသည် ငမိုးရိပ်ချောင်းနှင့် နီးသော်လည်း ရေထုတ်မြောင်းများ ပိတ်နေသောကြောင့် ရေစီးဆင်းနိုင်ခြင်းမရှိဘဲ လူနေရပ်ကွက်များအတွင်းသို့ ရေများ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။



“အဓိကကတော့ ရေထုတ်မြောင်းတွေ ပိတ်ပြီး မိုးရွာတဲ့အချိန် ရေတွေက လမ်းတွေမှာလျှံတက်လာတာ။ အိမ်ဝန်းတွေထဲ ရေတွေဝပ်ပြီး ခြင်တွေကလည်း ပေါတော့ ကလေးတွေလည်း ခဏခဏ ဖျားကြတယ်” ဟု ဒေသခံ တဦးဖြစ်သူ ကိုသားထွေးက ပြောပြသည်။



ရန်ကုန်မြို့လယ်တွင်လည်း မိုးရွာသွန်းချိန် အနည်းငယ်ကြာမြင့်ရုံဖြင့် လမ်းများရေလျှံခြင်း၊ နေအိမ်များအတွင်း ရေ၀င်ခြင်း ဖြစ်ပေါ်နေသောကြောင့် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လူအများက မျှော်လင့်နေကြသည်ဟု သူက ဆိုသည်။



“မနေ့က မိုးရွာတော့ ရေတွေက ဒူးခေါင်းလောက်အထိ ၀င်လာတယ်။ တနေကုန်ပဲ ရေတွေ တက်တက်လာတာ။ ရေတွေ ခပ်ထုတ်နေရတော့ ရုံးမတက်နိုင်ဘဲ ခွင့်ယူလိုက်ရတယ်” ဟု ကိုသားထွေးက ဆက်ပြောသည်။



တချို့အိမ်များမှာ လမ်းများ၊ ရေမြောင်းများထက် အမြင့်တွင် ဆောက်လုပ်ထားကြသော်လည်း မိုးရွာသည့်အခါ မိုးရေများမှာ ရေမြောင်းများနှင့် အပြည့်ဖြစ်လာပြီး လမ်းများမှတဆင့် နေအိမ်ထဲအထိ စီးဝင်လာသည်ကို တွေ့မြင်ရသည်။

“လမ်းပေါ်မှာ ရေတွေက ဒူးလောက်ရောက်ပြီဆိုရင် ကျနော်တို့ အိမ်ထဲ ရေ၀င်ပြီ” ဟု ကိုသားထွေးက ဆိုသည်။

၎င်းအိမ်ရှေ့တွင် ရေမြောင်းရှိနေသောကြောင့် ရေမြုပ်သည့်အချိန်တွင် ရေမြောင်းနေရာကို မှတ်သားကာ သတိဖြင့် သွားလာနေရကြောင်း၊ မိုးရွာသည့်အခါ ရေမြောင်းတွင်းသို့ မကြာခဏ ပြုတ်ကျကြသူများ ရှိကြောင်း သူကပြောပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ရေထုတ်မြောင်းများအား ပြန်လည်ပြင်ဆင်ခြင်း၊ အမှိုက်များ ရှင်းလင်း ဖယ်ရှားခြင်းတို့ကို မိုးတွင်းမတိုင်မီ ကတည်းက ပြုလုပ်ပေးထားသင့်သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုနေကြသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မီးမလာသဖြင့် ဒေသခံ ၃၀၀ ကျော် လျှပ်စစ်ဌာနကို သွားရောက် တောင်းဆို

Published on September 29, 2011 by နော်နိုရင်း DVB News(ပေးပို့ သူ-ဗမာ့သွေး)
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အမှတ်၂ ယုဇနရပ်ကွက်က ပြည်သူတွေ ၃၀၀ ကျော်ဟာ လျှပ်စစ်မီးမလာတာ ၁၅ ရက်လောက်ရှိတဲ့အတွက် မနေ့ စက်တင်ဘာလ ၂၈ ရက်ညပိုင်းက လျှပ်စစ်ရုံးဆီ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

မြောက်ဥက္ကလာ ယုဇနရပ်က ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းက လူတွေဟာ မီးမလာတာကြောင့် လျှပ်စစ်ရုံးကို မီးမလာတဲ့ကြောင်း ဖုန်းဆက် အကူအညီ တောင်းခံခဲ့ပေမယ့် လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် ချီတက်ပြီး တောင်းဆိုခဲ့တာလို့ ပါဝင်ခဲ့တဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မီးကို ၁၅ မိနစ်လာတယ် မီးအားနည်းတယ်။ ပျက်သွားတယ်။ အဲဒါက အကြိမ်ပေါင်းများစွာ ဖြစ်နေတော့ ယုဇနမှာရှိတဲ့ လူတွေ တော်တော်များများ မိသားစုကနေ အီးပီစီရုံးကို အကျိုး အကြောင်း လှမ်းဖုန်းဆက်ပြီး ပြောကြတယ်။ လက်ခံဖုန်းစကားပြောတဲ့သူက စီစဉ်ဆောင်ရွက်နေတာပဲ မလာတဲ့အတွက်ကြောင့် မတတ်နိုင်ဘူးလို့ ပြောတယ်။

ဖုန်းဖိုးသာကုန်တယ် ဘာမှလည်း ထူးခြား မလာဘူး ဆိုပြီးတော့ ယုဇနအပိုင်မှာ ရှိတဲ့ မိသားစုတွေက အီးပီစီရုံးက လူကြီးတွေကို တိုက်ရိုက်သွားပြီး ပြောဆိုဆောင်ရွက်မယ်ဆိုပြီး မနေ့ညက ၇ နာရီခွဲမှာ အီးပီစီဌာနက ၀န်ကြီးနဲ့ သွားပြီး ဆွေးနွေး ကြပါတယ်။ အီးပီစီဌာနကလူကြီးကလည်း သူလည်း မသိရှိတဲ့အကြောင်းနဲ့ မနက်ဖြန်မှာ (ဒီနေ့ပေါ့) လာပြီးတော့ စစ်ဆေးပေးပါ့မယ်လို့ အကြောင်းပြန်ပါတယ်။”



ရပ်ကွက်လျှပ်စစ်ဝန်ထမ်းတွေဟာ ရပ်ကွက်တွင်း လုပ်ငန်းရှင်တချို့ ဆီကနေ ငွေယူပြီး လုပ်တဲ့အတွက် မီးရတာ မညီမျှတာတွေ မီးအားနည်းတာတွေ ဖြစ်ရတာလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

“လုပ်ငန်းရှင်တွေ ဖြစ်တဲ့ သူတွေက ရပ်ကွက်မှာ တာဝန်ကျတဲ့ အီးပီစီက ၀န်ထမ်းတွေကို ပေးပြီး သူတို့ လိုင်းတွေ မီးမပျက်ရေး ဆောင်ရွက်တော့ ကျန်တဲ့အများစု မိသားစုတွေက မီးလည်းပျက်တယ် မီးလာတော့လည်း အားနည်းနေတဲ့ဒဏ်က နိစ္စဓူဝ ခံနေရတော့ မိသားစုတွေ အယောက် သုံးလေးရာလောက် စုပြီး တောင်းဆိုတဲ့အခါကျမှ ညက ကိုးနာရီခွဲက တောက်လျှောက် ခုထက်ထိ လာတယ်ပေါ့။”

မနေ့ညက သွားရောက် တောင်းဆိုတဲ့အတွက် ညပိုင်းနဲ့ ဒီနေ့မနက်မှာ မီးလင်းလာတယ်လို့လည်း ပြောပါတယ်။ လူရာနဲ့ချီပြီး လျှပ်စစ်ဌာနကို ချီတက် တောင်းဆိုပေမယ့် ဖမ်းဆီးအရေးယူခံရတာတွေ မရှိဘူးလို့ လည်း ပြောပြသွားပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင် Thursday, 29 September 2011 18:50(ပေးပို့ သူ-ဗမာ့သွေး)
လက်နက်မှောင်ခို ရောင်းဝယ်မှုကြောင့် ချမ်းသာလာခြင်း မဟုတ်ကြောင်း မြန်မာပြည်၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် FORBES ASIA မဂ္ဂဇင်းနှင့် တွေဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။
လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်နေသည့် ဦးတေဇက Forbes မဂ္ဂဇင်း သတင်းထောက် Simon Montlake ကို ကြယ်ငါးပွင့် အဆင့်ရှိ မရီနာဘေးလ် ဟိုတယ်တွင် လက်ခံတွေဆုံကာ အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇက အနောက်နိုင်ငံ အစိုးရများ ပြောဆိုနေသကဲ့သို့ လက်နက်ကုန်သည်တဦး မဟုတ်ကြောင်း၊ လူအများက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်အဖြစ် ပြောဆိုနေမှုသည်လည်း ကောလာဟလများသာ ဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။



“လက်နက်ကုန်သည်မဟုတ်ဘူး။ ဟယ်လီကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။



ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။



ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။



ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။



“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။



၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။



၁၉၉၄ - ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။



၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။



ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။



စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။



“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။



Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။



ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။



ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။



မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။



သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။



လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့်အ၀ပေးထားကြောင်း၊ ပထမဆုံး မြန်မာအမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာစစ်ပြေးဒုက္ခသည်များ မ ၀င်နိုင်ရန် တရုတ်ရဲများ နယ်စပ် စောင့်ကြပ်

သတင်း Published on Thursday, 29 September 2011 10:34 Written by KNG(ပေးပို့ သူ-ဗမာ့သွေး)
ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံထဲ မ ၀င်နိုင်ရန် တရုတ်ရဲများက နယ်စပ်တစ်လျှောက် စောင့်ကြပ်နေသည်ဟု ဒုက္ခသည်များ ပြောသည်။
သံလွင်မြစ်အနောက်ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် ဖောင်းဆိုင်၊ မုန်ကိုး၊ ၀မ်ဒင်၊ ပန်ဆိုင်း၊ မူဆယ်၊ နောင်းတောင်နှင့် နမ့်ခမ်းမြို့အထိ တရားဝင် ၀င်/ထွက်ပေါက်များအပြင် တရားမ၀င် ခိုးပေါက်များကိုပါ တရုတ်ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိသည်ဟု ၎င်းဒေသခံများ ပြောသည်။



ယခင်က နယ်စပ်တစ်လျှောက်နေထိုင်သူများသည် ၎င်းတို့၏ အသေးစား စီးပွားရောင်းဝယ်ရေးအတွက် နိုင်ငံကူးလက်မှတ်မလိုဘဲ နယ်စပ်ဖြတ်ကျော် သွားလာနေကြသော်လည်း ယခုအခါ ထိုသို့ဖြတ်သန်း၍ မရတော့ကြောင်း ဆက်ဆိုသည်။



တရားဝင် နယ်စပ် ၀င်/ထွက်ပေါက်ရှိသည့် မူဆယ်နှင့် မုန်းကိုမြို့များမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူများကိုသာ ၀င်/ထွက်ခွင့်ပြုနေသည်ဟု ၎င်းဒေသခံများက ပြောသည်။



စက်တင်ဘာ ၂၄ ရက်မှစ၍ မြန်မာအစိုးရတပ်က မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ စစ်အခြေစိုက်စခန်းများအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာချိန်တွင် စစ်ဘေးလွတ်ရာဒေသများနှင့် တရုတ်နယ်စပ်ဖက်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာခြင်းဖြစ်သည်။

တပ်မဟာ ၄ ဒေသမှ ပြည်သူ ၂၀၀၀၀ ကျော် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးနိုင်သည်ဟု ၎င်းတပ်မဟာ ၄ မှ KIA အရာရှိတစ်ဦးပြောသည်။



လတ်တလော မြန်မာအစိုးရထိန်းချုပ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ လာရှိုး၊ ကွတ်ခိုင်၊ နမ်ဖတ်ကာ၊ နမ်အွမ်၊ မူဆယ်၊ ကြူကုတ်၊ မုန်ကိုး၊ ဖောင်းဆိုင် မြို့များတွင် စစ်ပြေးဒုက္ခသည် ရာနှင့်ချီ ရောက်ရှိနေကြကာ ၎င်းတို့အား ကချင်ခရစ်ယာန်ဘုရားကျောင်းများက စားဝတ်နေရေး စီစဉ်ပေးနေကြသည်ဟု ယင်းဘုရားကျောင်းများမှ သိရသည်။



တရုတ်နယ်စပ် ပန်ဆိုင်းနှင့် မုန်ကိုးမြို့တွင် မြန်မာပြည်သူ့ရဲတပ်ဖွဲ့ဝင်များက စစ်ပြေးဒုက္ခသည်များကို တရုတ်ဘက်သို့ဝင်ရောက်ခြင်းမရှိရန် တားမြစ်ကာ ယင်းဒေသရှိ ကချင်ခရစ်ယာန် ဘုရားကျောင်းများတွင်သာ နေထိုင်ကြရန် ညွှန်ကြားသည်ဟု ၎င်းဒေသရောက် စစ်ပြေးဒုက္ခသည်များက ပြောသည်။



ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ် မုန်ကိုးမြို့၌ စစ်ပြေးဒုက္ခသည်များအား ကိုင်တွယ်စည်းကြပ်ရာတွင် တရုတ်နှင့် မြန်မာအစိုးရ အာဏာပိုင်များက အတူတကွ ပူးပေါင်းဆောင်ရွက်နေကြသည်ကိုတွေ့ရသည်ဟု တရုတ်နယ်စပ်အာဏာပိုင်များနှင့် နီးစပ်သူများကဆိုသည်။



ထို့အတူ စက်တင်ဘာလ (၂၇) ရက်က မုန်ကိုးနှင့် မျက်နှာချင်းဆိုင်မန်ဟိုင်းမြို့ ဟိုတယ်တစ်ခုတွင် တည်းခိုနေသော သံသယရှိဖွယ် မြန်မာနိုင်ငံသား ၃ ဦးအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆက်ဆိုသည်။



ရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲဖြစ်လာချိန် KIO က တရုတ်အာဏာပိုင်များထံ လူသားချင်းစာနာမှုဖြင့် စစ်ပြေးဒုက္ခသည်များကို လက်ခံပေးရန် တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိဟု KIO အရာရှိများပြောသည်။



ဆက်လက်၍ စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်ဒေသသို့ ထပ်မံရောက်ရှိလာနေကြသည်ဟု နယ်စပ်တွင်နေထိုင်သူများက ဆိုသည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

KIA တပ်ရင်း (၈)နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာစစ်သား ၁၅၀ ကျ

သတင်း Published on Thursday, 29 September 2011 10:34 Written by KNG(ပေးပို့ သူ-ဗမာ့သွေး)
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်ရင်း (၈) အား ၆ ရက်ကြာ ထိုးစစ်ဆင်လာချိန် မြန်မာအစိုးရတပ်သား အနည်းဆုံး ၁၅၀ ကျဆုံးသည်ဟု မျက်မြင်များ ပြောသည်။

ယင်းအရေအတွက်မှာ မန်တုံမြို့နယ်ရှိ KIA တပ်ရင်း (၈) ဒေသအား စက်တင်ဘာ (၂၄) ရက် မှ စ ၍ မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာချိန် ပေါ်တာအဖြစ် မြန်မာအစိုးရတပ်က ခေါ်ဆောင်ခဲ့သော ပြည်သူများ ပြောဆိုချက်အရ သိရခြင်းဖြစ်သည်။

ကျဆုံးမြန်မာအစိုးရတပ်သားများသည် မိတ္ထီလာအခြေစိုက် တပ်မ (၉၉)မှ ဖြစ်သည်ဟု ထွက်ပြေးလာသည့် ပေါ်တာများနှင့် KIA အရာရှိများပြောသည်။



ယခုတိုက်ပွဲတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များအပြင် ရှမ်းပြည်ပြင်ပမှ တပ်မ(၉၉) နှင့် ရွာထောင် တပ်မ(၃၃)နှင့် KIA တပ်ရင်း (၈) ကြားဖြစ်ပွားခြင်းဖြစ်သည် ဟု KIA အရာရှိများပြောသည်။



KIA တပ်သား ၅ ဦး ယခု သီတင်းပတ်အစောပိုင်းက ကျဆုံးသွားသည်ဟု KIA အရာရှိများ အတည်ပြုပြောဆိုသည်။

ယခုအခါ လွယ်ကန်အခြေစိုက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၅ ခု အနက် ၃ ခု (တပ်းရင်း (၂)၊ တပ်ရင်း (၉)၊ တပ်ရင်း (၂၉)) အခြေစိုက်စခန်းများအား မြန်မာအစိုးရတပ်က ၀င်ရောက်သိမ်းပိုက်ထားသည်ဟု သိရသည်။



ထို့အပြင် ရာဂဏန်းရှိ တပ်မ (၉၉)၊ မကွေးအခြေစိုက် တပ်မ (၈၈)နှင့် အခြားတပ်ကူများ ထပ်မံရောက်ရှိလာကာ လွယ်ကန်မှ တောင်ဘက်ရှိ KIA တပ်ရင်း (၁၇) အခြေစိုက်စခန်းအနီး နေရာ ယူထားကြသည်ဟု မျက်မြင်သက်သေများက ဆိုသည်။



ယခုချိန်တွင် ထောင်ဂဏန်းရှိ စစ်ပြေးဒုက္ခသည်များ စစ်ဖြစ်ပွားရာဒေသမှ ထွက်ပြေးလာကြပြီး အများစုမှာ တောတောင်ထဲ ပုန်းအောင်းနေကြကာ နေရာထိုင်ခင်း၊ အစားအစာနှင့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒုက္ခသည်များနင့် နီးစပ်သူများက ဆိုသည်။



၆ ရက်ကြာ နှစ်ဖက် ပြင်းပြင်းထန်ထန် စစ်ဖြစ်ပွားနေစဉ် မိမိ နေရပ်ရွာ ကျေးရွားများကို စွန့်ခွာသော စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း KIA တပ်မဟာ ၄ အရာရှိများ ပြောသည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရက ၀အဖွဲ့ကို ရိက္ခာ ပြန်ပေး

2011-09-29 RFA(ပေးပို့ သူ-ဗမာ့သွေး)
အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောနေတဲ့ UWSA ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန်အိတ်တထောင် ထောက်ပံ့တယ်လို့ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေက ရှမ်းပြည်နယ် အစိုးရနဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံပြီး ယာယီ သဘောတူညီချက် လေးချက်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အခုလို လက်မှတ် ရေးထိုးခဲ့ပြီးတဲ့နောက် အောက်တိုဘာလ အတွက် အစိုးရက UWSA ကို ရိက္ခာ ထောက်ပံ့ရေး အစီအစဉ် အရ ဆန်အိတ် တထောင် လားရှိုးမြို့မှာ ထုတ်ပေးလိုက်တာပါ။ ဒီထောက်ပံ့မှုဟာ အရင်က ထောက်ပံ့တဲ့ ပုံစံဖြစ်တယ်လို့ UWSA အရာရှိ တဦးက ပြောပါတယ်။



"လားရှိုးကထုတ်ပြီး ရှေ့တန်းတပ်တွေကို ပြန်ဖြန့်ပေးတာပေါ့။ အဲဒီမှာ ကျနော်တို့ရဲ့ ၃၁၈ တပ်မဟာတို့၊ ၄၁၈ တပ်မတို့ တန့်ယန်းနဲ့ နီးတဲ့တပ်တွေက အဲဒီ ဆန်တွေ စားကြတယ်လေ။ ဆန်က မကောင်းတော့ ဆန်ကို လားရှိုးမှာ ရောင်း၊ ပြီးတော့ ရောင်းရတဲ့ငွေကို ဘဏ္ဍာရေး ဌာနကို လာအပ်တယ်။ ဘဏ္ဍာဌာနက တရုတ်ပြည်က ဆန်ကို ၀ယ်ပြီးတော့ တပ်တွေကို ပြန်ထောက်ပံ့တယ်။



" အရင် ငြိမ်းချမ်းရေး ယူပြီးတဲ့ အချိန်က စပြီး UWSA ကို အစိုးရက လစဉ် ဆန်အိတ်လေးထောင်၊ လောင်စာဆီ ပီပါ ၃၀၀ နှင့် ရဲလစာ မြန်မာကျပ်ငွေ ၁၀သိန်း ထုတ်ပေးနေရာမှာ ၂၀၀၉ ခုနှစ် က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး UWSA က လက်မခံတဲ့ အတွက် ထောက်ပံ့တာတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။



ဒီအတောအတွင်း UWSA ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ အစိုးရနဲ့ ဒုတိယ အကြိမ် ငြိမ်းချမ်းရေး စကားပြောဆိုဖို့ ဒီကနေ့ လားရှိုးမြို့ကို ထွက်ခွာသွားတယ်လို့ သတင်းရရှိပါတယ်။ ဆွေးနွေးပွဲကို အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပဖို့်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အစိုးရနဲ့ စစ်ဖြစ်နေတဲ့ KIO ကိုယ်စားလှယ် အဖွဲ့ UWSA ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ လာရောက် ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေ ရရှိသလို ဆွေးနွေးပွဲ အောင်မြင်မှု မရရှိဘူးဆိုတဲ့ အတည်ပြုလို့ မရတဲ့ သတင်းတွေ ရရှိပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၃ ကြိမ်မြောက် တွေ့မည်

By ဒေါ်ခင်စိုးဝင်း ကြာသပတေး, 29 စက်တင်ဘာ 2011(ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ မနက်ဖြန် စက်တင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အတည်ပြု ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန်လှည့်လို့ မရတဲ့ အခြေအနေ ရောက်တဲ့အထိ ဒီ့ထက်မက အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းနေချိန်မှာပဲ အခုလို တွေ့ဆုံကြမှာပါ။



မနက်ဖြန် တွေ့ဆုံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်ရောက် ၀ိုင်းတော်သူဒေါ်ခင်စိုးဝင်းက NLD ကို ဆက်သွယ် မေးမြန်းရာမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို အတည်ပြုပါတယ်။



“ဟုတ်ပါတယ်၊ မနက်ဖြန် နေ့ခင်း ခါတိုင်းလိုပဲ စိမ်းလဲ့ကန်သာမှာပါ။ နေ့ခင်း ၁ နာရီပါ။ သူတို့ ၂ ဦးတည်းပါ။ ဒါက အရင်ဟာတွေရဲ့ အဆက်ပေါ့နော။ ရှေ့ကဟာ ဘာလဲဆိုတာလည်း ကျနော်တို့ မပြောနိုင်ဘူးလေ။ ဒီဟာရဲ့ နောက်ဆက်တွဲပေါ့။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကြားမှာ ပြောဆိုနေကြတဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းတို့ NLD က လူကြီးတွေ အနေနဲ့ ဘယ်လို ခန့်မှန်းလို့ ရပါသလဲ။



“အပြုသဘော ဆောင်တယ်လို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်။ သူတို့ ဆွေးနွေးချက်တွေ အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြီးပါပြီ။ ဒါပေမဲ့ အသေးစိတ်တော့ ကျနော်တို့ မသိပါဘူး။ အသေးစိတ် ဆိုတာကလည်း လုပ်ငန်းပေါ့။ လုပ်ငန်းတွေ ဘယ်လိုစကြမလဲ၊ ဘာလုပ်ကြမလဲဆိုတာ ကျနော်တို့လည်း စောင့်မျှော်နေရတဲ့ အဆင့်မှာပါ။”



NLD အနေနဲ့ တရားဝင် ရပ်တည်နိုင်ဖို့ အတွက်ကို မှတ်ပုံပြန်တင်တော့မယ့် အလားအလာတွေ တွေ့နေရတယ်၊ မှတ်ပုံပြန်တင်တော့မယ့် အခြေအနေ တွေ့နေရတယ်ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာများ ပြောသံကြားပါလဲ။

“ကျနော်တို့ကတော့ NLD ပါတီ မှတ်ပုံတင်ဖို့ ကိစ္စဟာ လက်တွေ့ကျကျ စဉ်းစားမယ်။ ဟိုတုန်းက အချိန်အခါနဲ့ အခုအချိန်အခါ အပြောင်းအလဲတွေ ရှိတယ်။ ကျနော်တို့ မှတ်ပုံတင်ဖို့နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ကျနော်တို့လည်း လက်ခံနိုင်တယ်ဆိုရင် ကျနော်တို့ ဒီဟာကို စဉ်းစားမယ်။ ကြိုတင်ပြီးတော့ ဆုံးဖြတ်ထားတာတော့ မရှိဘူး။ ဒါကို စဉ်းစား သုံးသပ်မယ် ဆိုတာကိုပဲ အဲဒီလို နားလည်မှုနဲ့ ရှိနေတာပါ။”



မနက်ဖြန်ကျရင်တော့ သတင်းထုတ်ပြန်ချက်တွေ ဘာတွေ လုပ်ဦးမှာပေါ့နော်၊ သူတို့ ထုံးစံအတိုင်း။

“ဟုတ်ကဲ့ လုပ်ပါလိမ့်မယ်၊ သူတို့ Joint ထွက်ပါလိမ့်မယ်။”



မနေ့တုန်းက ဦးဉာဏ်ဝင်းလည်း NLD CEC တယောက် အနေနဲ့ ပိုလန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့လိုက်ရမယ်လို့ ယူဆပါတယ်။ ပိုလန်နိုင်ငံမှာလည်း ဒီမိုကရေစီရေး အတွက်ကို အတော်လေး လှုပ်ရှား ရုန်းကန်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြခဲ့တယ်လို့ ကြားရပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးဟာလည်း သိပ်ကို အရေးကြီးတယ်လို့ ပြောသွားတယ်လို့ ကြားရပါတယ်။



“နောက်အရေးကြီးတာတခု သူပြောတယ်၊ ဒီမိုကရေစီ Reformation အတွက် ရတဲ့နေရာမှာ ရာခိုင်နှုန်း နည်းပါစေ၊ ဒီလိုကနေစမှ ဖြစ်မယ်ဆိုတာမျိုး သူ့ရဲ့ ယူဆချက်ကို သူပြောသွားတာ။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ပထမတကြိမ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ဒုတိယတကြိမ် တွေ့ဆုံခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်ရေးတွေနဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး လူထုအကျိုးအတွက် အမြင်မတူတာတွေ ဘေးဖယ်ထားပြီးတော့ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ပြောဆိုထားဖူးပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အိန္ဒိယ၏ ရင်းနှီးမြုပ်နှံမှု့ တိုးချဲ့ရေး လမ်းရှာရန် မြန်မာဝန်ကြီး တိုက်တွန်း

ကိုပေါက် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်(ပေးပို့ သူ-ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုများ အလွန်နိမ့်ပါးနေသေးသည့် အတွက် ‘နည်းလမ်းသစ်များ ရှာဖွေချဲ့ထွင်’ ကြရန် မြန်မာ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်း လိုက်သည်။

အင်္ဂါနေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ လေးကြိမ်မြောက် ကုန်သွယ်ရေး ကော်မရှင် အစည်းအဝေးတွင် မြန်မာ ဝန်ကြီးက အိန္ဒိယ စက်မှုအသင်းချုပ်ကြီး CII က ရန်ကုန်မြို့တွင် နိုဝင်္ဘာလ ၉ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပရန် စီစဉ်နေသည့် အိန္ဒိယ စီးပွားပြပွဲအား ရည်ရွယ်၍ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။



အဆိုပါပြပွဲတွင် လယ်ယာ စိုက်ပျိုးရေး၊ အစားအစာ ထုတ်လုပ်ရေး၊ ဆေးဝါး၊ ပညာရေးနှင့် သတ္တုတူးဖော်ရေး အပြင် နည်းပညာ၊ သစ်တော၊ စွမ်းအင် စသည့်ကဏ္ဍများစွာ ပါဝင်မည် ဖြစ်သည်။



လာမည့် ၂ဝ၁၅ တွင် အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်းသုံးထောင်ဖြင့် နှစ်ဆ တိုးမြှင့်နိုင်ရန် အတွက် ရည်ရွယ်ပြီး နယ်စပ် ကုန်သွယ်ရေး တိုးချဲ့မှု အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စများဆွေးနွေးခဲ့ကြသည်။



အဆိုပါ အစည်းအဝေးသို့ အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး Sri Anand Sharma လည်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဝင်းမောင်လည်း တက်ရောက်ခဲ့သည်။



“အိန္ဒိယအနေဖြင့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု နည်းပညာနှင့် အရင်းအနှီးများ ကြွယ်ဝလှသဖြင့် မြန်မာနိုင်ငံအတွင်း သတင်းနှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း” ဦးဝင်းမြင့်က အကြံပြုထားသည်။



CII ကလည်း ကျန်းမာရေး စောင့်ရှောက်မှု၊ နည်းပညာ၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း စသည်တို့တွင် ပူးပေါင်း ဆောင်ရွက်ပါက နှစ်နိုင်ငံကြား နားလည်မှု ပိုမိုကောင်းမွန်လာစေပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုး ဖြစ်ထွန်းစေမည်ဟု ပြောသည်။



ယခုနှစ် ဇူလိုင်လအတွင်းကလည်း မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ် ဖြစ်သည့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယက ဒေါ်လာ ၆ သန်း ကူညီထားသည်။



အိန္ဒိယ အရှေ့မြောက်ပြည်နယ်များကို မြန်မာစစ်တွေ ဆိပ်ကမ်းမှ တဆင့် ပြင်ပကမ္ဘာကြီးအား ဆက်သွယ်ပေးမည့် ကုလားတန်ပရောဂျက်ကို ၂ဝ၁၃ မှာ အပြီးသတ်ရန် ဆွေးနွေးခဲ့ကြသည်။



မီဇိုရမ်ပြည်နယ် (ဇောကထား)နှင့် ချင်းပြည်နယ် (ရိ)တို့အကြားရှိ ဒုတိယ နယ်စပ်ကုန်သွယ်ရေးအား လာရောက် ဖွင့်လှစ်ပေးရန် ဦးဝင်းမြင့်အား Mr Sharma က ဖိတ်ကြားခဲ့သည်။



လက်ရှိ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁၅ဝဝ ဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံ၏ ပဉ္စမ အကြီးဆုံး ကုန်သွယ်ဖက်

နိုင်ငံ ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။



UMFCCI ဖေဖော်ဝါရီလထုတ် ကိန်းဂဏန်းများအရ အခြားအိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံက ၉.၆ ဘီလီယံနှင့် ထိုင်းနိုင်ငံက ၉.၅ ဘီလီယံ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံထားကြသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့(ပေးပို့ သူ-ဗမာ့သွေး)
မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဧရာဝတီကိုဖျက်ဆီးတော့မယ့် အစိုးရ


SummaryRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အယ်လ်ဂျီးရီးယား နယ်စပ်မှာ ဂဒါဖီ ပုန်းအောင်းနေ

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 28 စက်တင်ဘာ 2011(ပေးပို့ သူ - ဗမာ့သွေး)
လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ဟာ နိုင်ငံရဲ့ အနောက်ပိုင်း အယ်လ်ဂျီးရီးယားနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ဂါဒါမစ်စ် (Ghadamis) မြို့မှာ ပုန်းအောင်း နေနိုင်ဖွယ် ရှိတယ်လို့ လစ်ဗျား ယာယီအုပ်ချုပ်ရေးအဖွဲ့ရဲ့ တပ်ဖွဲ့က ယုံကြည်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မစ္စတာ ဂဒါဖီကို တော်ရက်ဂ်စ် (Tuaregs) တိုင်းရင်းသား လူမျိုးစုတွေက အကာအကွယ် ပေးထားတယ်လို့ ယုံကြည်ရကြောင်းလည်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

တချိန်တုန်းက နိုင်ငံမြောက်ပိုင်း နိုင်ဂျာမှာ လှုပ်ရှားတဲ့ တော်ရက်ဂ်စ် သူပုန်တွေကို ဂဒါဖီက ထောက်ခံမှု ပေးခဲ့ဖူးပါတယ်။ နောက်ပြီး ရာနဲ့ချီတဲ့ တော်ရက်ဂ်စ် သူပုန်ဟောင်းတွေဟာ ဂဒါဖီအတွက် တိုက်ခိုက်ပေးနေကြတာလည်း ဖြစ်ပါတယ်။

အရင်တုန်းကတော့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (NTC) က ထရီပိုလီ (Tripoli) မြို့တော် အရှေ့တောင်ပိုင်းမှာရှိတဲ့ ဘန်နီ ၀ါလစ် (Bani Walid) မြို့မှာ ပုန်းခိုနေတယ်လို့ ပြောခဲ့သလို တချို့သတင်းတွေကလည်း နိုင်ငံတောင်ပိုင်းမှာ ပုန်းခိုနေတယ်ဆိုပြီး ပြောဆိုခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက ဂဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေ ထရီပိုလီမြို့ကို သိမ်းပိုက်လိုက်ချိန် ကတည်းက သူ့ကို မတွေ့ကြရတော့တာ ဖြစ်ပါတယ်။

NTC တပ်ဖွဲ့တွေက ဂဒါဖီရဲ့ ဇာတိမြို့ ဆာ့တ် (Sirte) ကို ၀ိုင်းဝန်းပြီး အပြင်းအထန် တိုက်ခိုက်နေရာမှာ ဂဒါဖီကို သစ္စာခံသူတွေရဲ့ လက်ကျန် ခြေကုတ်စခန်းတွေထဲက တခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

NTC တပ်ဖွဲ့တွေက မြို့ရဲ့ ဆိပ်ကမ်းကို သိမ်းပိုက်နိုင်လိုက်ပြီလို့ ကြေညာပါတယ်။ ဒါပေမဲ့ ဂဒါဖီအပေါ် သစ္စာခံသူတွေဟာ မြို့ရဲ့ နေရာ တော်တော်များများကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ဆာ့တ်နဲ့ ဘန်နီဝါလစ်မြို့မှာ နေထိုင်သူ ပြည်သူ ၂၀၀,၀၀၀ လောက်ဟာ ဂဒါဖီ ထောက်ခံတဲ့ တပ်ဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) က ပြောဆိုလိုက်ပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

2011-09-27 RFA(ပေးပို့ သူ - ဗမာ့သွေး)
သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် မကြာခင်မှာ ထုတ်ပြန်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားသွားပါတယ်။
အဲဒီ လွှတ်ဖို့ ရှိတယ်ဆိုတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါ-မပါ ဆိုတာတော့ ထည့်ပြောမသွားပါဘူး။ ဦးသိန်းစိန် အာဏာရလာပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းလောက်ကို လွှတ်ပေးနိုင်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါရှိတဲ့ ပြဌာန်းချက်တွေနဲ့အညီ သမ္မတ အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို မကြာခင် ကာလအတွင်း သင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။

ဒါ့အပြင် သူက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း သဘောတူညီချက်တွေ ရရှိခဲ့တယ်၊ မကြာသေးခင်ကဘဲ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။ အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေနဲ့ ပတ်သက်လို့တော့ ဦးဝဏ္ဏမောင်လွင်က မြန်မာ အစိုးရ အနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဘ၀ တိုးတက် ကောင်းမွန်လာဖို့ ဆောင်ရွက်နေချိန်မှာ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေဟာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေတယ်လို့ အထွေထွေညီလာခံမှာ ပြောဆိုသွားပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နောက်ပြန်မဆုတ်တဲ့ အပြောင်းအလဲများ ဖြစ်စေဖို့ ဘန်ကီမွန်း တိုက်တွန်း

2011-09-27 RFA(ပေးပို့ သူ - ဗမာ့သွေး)
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ အစည်းအဝေးကို မနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းပြောပါတယ်။
ဒ့ါအပြင် ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့အညီ ရင်ဘောင်တန်း လိုက်နိုင်အောင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ကတိကိုလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်မှု အတွက် အခွင့်အရေးတွေ ရှိနေတယ် ဆိုပေမယ့် အားလုံး ပါဝင်ပြီး နောက်ပြန်မဆုတ်တဲ့ အသွင်ကူးပြောင်းမှု ဖြစ်ဖို့ အစိုးရဘက်က ကြိုးစား ဆောင်ရွက်ပေးဖို့ အတွင်းရေးမှုးချုပ်က မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တကယ်ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ အထွေထွေ ညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်နေတဲ့ အဝေးရောက် ညွန့်ပေါင်း အစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးမှုအပေါ် နိုင်ငံတကာက မျှော်လင့်မှု ထားရှိပေမဲ့ တချိန်ထဲမှာ တိကျတဲ့ ရလာဒ်တွေ ထွက်ရှိဖို့နဲ့ နောက်ကြောင်း ပြန်မဆုတ်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးတည်သွားဖို့ ရလာဒ်ကောင်းတွေကို မြင်ချင်တဲ့ကြောင်း ပြောသွားတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းလဲမှု ဖြစ်နေတယ် ဆိုတဲ့အချက်ကို သူအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက သဘောတူ လက်ခံကြတယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောပါတယ်။ ဒါအပြင် နိုင်ငံရေး လှုပ်ရှားသူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး အကောင်အထည် ဖေါ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။ ညီလာခံမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီးက မြန်မာအစိုးရသစ် အနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ထုတ်ပြန်ဖို့ စဉ်းစားနေတယ်လို့ ပြောသွားတဲ့ အချက်ကိုလည်း သူရဲ့ ထုတ်ပြန်ချက်မှာ ကိုးကား ဖေါ်ပြထားပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး 2015 နှစ်မှာ နှစ်ဆတိုးဖို့ သဘောတူ

2011-09-27 RFA(ပေးပို့ သူ - ဗမာ့သွေး)
မြန်မာနဲ့ အိန္ဒိယတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး မှာ အမေရိကန် ဒေါ်လာ ၃ ဘီလျံဖိုး အထိ နှစ်ဆတိုးအောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ မနေ့က သဘောတူညီခဲ့ကြ ပါတယ်။
အဲဒီလို ကုန်သွယ်ရေး သဘောတူညီမှု ရရှိခဲ့တာကို အိန္ဒိယနိုင်ငံ New Delhi မြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်ရေး ကော်မရှင်ရဲ့ စတုတ္ထအကြိမ်မြောက် စည်းဝေးပွဲမှာ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Anand Sharma က ထုတ်ဖေါ် ပြောကြားသွားတာပါ။

လာမယ့် ၂၀၁၅ ခုနှစ်ကို နောက်ဆုံးထားပြီး ဈေးကွက်တွေ တိုးချဲ့သွားမှာ ဖြစ်သလို ကုန်သွယ်ရေး အဟန့်အတား ဖြစ်စေမဲ့ အခွန်ကောက်ခံမှုတွေကိုပါ လျော့ချပေးသွားဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်နိင်ငံအနေနဲ့ စည်းကြပ်ခွန် ကင်းလွတ်ခွင့် ဦးစားပေး စီမံကိန်းမျိုးကို အားပေးတာတွေ၊ အိန္ဒိယ နဲ့ ASEAN နိုင်ငံတွေနဲ့ ဘက်စုံ ကုန်သွယ်ရေး လုပ်ဆောင်နိုင်မဲ့ ကိစ္စတွေကိုပါ လုပ်ကိုင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်။

ဒီလို ကုန်သွယ်ရေးကဏ္ဍကို ကြိုးပမ်းဆောင်ရွက်ပြီး အိန္ဒိယ နိုင်ငံဟာ မြန်မာရဲ့ အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်လာနိုင်တယ်လို့လည်း ၀န်ကြီး Sharmaက ပြောပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ဦးဆောင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယကို မြန်မာက တင်ပို့တဲ့ စုစုပေါင်း ပို့ကုန်ပစ္စည်းရဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ လယ်ယာနဲ့ သစ်တောထွက် ပစ္စည်းတွေ ဖြစ်ပါတယ်။ အိန္ဒိယက မြန်မာဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေ အနက် ၄၅ ရာခိုင်နှုန်းကတော့ ကျွဲသားနဲ့ ဆေးဝါးပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော

2011-09-28 RFA(ပေးပို့ သူ - ဗမာ့သွေး)
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။
" မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်ပြောင်းလဲတဲ့ အခြေခံ အဆင့်မျိုးဆိုတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ရှေ့လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကျနော်တင်သွင်းမှာပါ။ အဲဒီအချိန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်လာဖို့ ထိရောက်တဲ့ အရေးယူမှု လုပ်ပေးရမယ့် အခွင့်အရေး တရပ်ပါပဲ" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထပ်ပြီးပေးဖို့ သမ္မတက စဉ်းစားနေတယ် ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။ ရှေ့လမှာ တင်သွင်းမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာဟာ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေမှာ အသုံးဝင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒ့ါအပြင် ပြုပြင်ပြောင်းလဲရေး လက်တွေ့လုပ်ဖို့ မြန်မာ အာဏာပိုင်တွေ အတွက်လည်း အစီရင်ခံစာဟာ အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက သူ့ကို ၂၀၀၈ ခုနှစ်မှာ တာဝန် ပေးအပ်ခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို လေးကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း

By ဦးအောင်လွင်ဦး ဗုဒ္ဓဟူး, 28 စက်တင်ဘာ 2011
မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့် ရစေဖို့ နိုင်ငံတကာ အသိုင်းအ၀န်းက လိုလားနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေး အင်အားစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ တရားဝင် မှတ်ပုံတင်နိုင်ရေးကို မျှော်လင့်နေပါတယ်။ အစိုးရသစ် တက်လာချိန်ကစလို့ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ကတိပေးထားတဲ့အတိုင်း အစိုးရသစ် အကောင်အထည်ဖော်တဲ့ နေရာမှာ တချိန်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လို ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေကို ဘေးဖယ်မထားဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လိုလားနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တရပ်အဖြစ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပါဝင်တာတွေ မလုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဆုံးဖြတ်ထားပေမဲ့ တိုင်းပြည်မှာ ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးပါတီ တခုအဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံဖို့ လိုမယ်လို့ နိုင်ငံတကာ အသိုင်းအ၀န်းက မြင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မာ့ခ် ဂရန့်တ် (Mark Grant) က ဆိုရင်လည်း နိုင်ငံရေးပါတီ တခုအဖြစ် အစိုးရက အသိအမှတ် ပြုမထားတဲ့ NLD ပါတီကို မှတ်ပုံတင်ခွင့် ပေးတာလို အစိုးရဘက်က ဆောင်ရွက်တာတွေ မြင်ချင်တဲ့အကြောင်း ကုလသမဂ္ဂ ရုံးချုပ်မှာ အင်္ဂါနေ့နှောင်းပိုင်း ပြုလုပ်တဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း ဒီလိုအခြေအနေတွေ ပေါ်ပေါက်လာဖို့ ပါတီအနေနဲ့ မျှော်လင့်နေတဲ့အကြောင်း ပြောပါတယ်။

“NLD ပါတီ မှတ်ပုံတင်နိုင်မယ့် အခြေအနေတရပ် ဖြစ်ဖို့ လိုနေတယ်လို့ ကျနော်တို့ တွက်ထားပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ အချက်တွေကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါကြောင့် အဲဒီဆွေးနွေးပွဲရဲ့ သူတို့ မျှော်မှန်းထားတာတွေ ဖြစ်ပေါ်လာဖို့ စောင့်မျှော်နေတာ အခု နည်းနည်း နောက်ကျလာပြီဆိုတဲ့ သဘောတော့ တွေ့တယ်။ ဒါကြောင့် တကယ်လို့ NLD ပါတီ အနေနဲ့ကတော့ မှတ်ပုံတင်နိုင်မယ့် အခြေအနေတခု ပေါ်ပေါက်လာရင်တော့ ကျနော်တို့ ဒီဟာကို စဉ်းစား ဆုံးဖြတ်မှာပါ။ ကြိုတင် ဆုံးဖြတ်ထားတာတော့ မရှိပါဘူး။”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး NLD ပါတီက ပြောဆိုခဲ့သလို မှတ်ပုံမတင်ဘဲ နေခဲ့တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေက သဘောထားနေကြတာပါ။ ဒါပေမဲ့လည်း အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့လထဲ သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီရဲ့ အဓိက ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို ဖြစ်ထွန်းမှုတွေ ရှိလာတဲ့အတွက် အခြေအနေတွေ ပြောင်းလဲလာလေမလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်းပြောရာမှာလည်း မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားသလို ရှေ့လျှောက် ဆက်လုပ်သွားမှာလည်း ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားတာပါ။ ဒီအတွက်လည်း မကြာခင်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ မနုဿဗေဒ ပညာရပ်အတွက် မြန်မာနိုင်ငံမှာ လေ့လာခဲ့ဖူးသူ ပါမောက္ခ မိုနစ်ခ် စကစ်ဒ်မိုး (Monique Skidmore) တို့လို အကဲခတ်တွေက မြင်ပါတယ်။

“မြန်မာအစိုးရက သိပ်စကားပြောလေ့ရှိတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာလည်း ဒီလိုပြောတတ်တာ မဟုတ်ပါဘူး။ ဒီလို မှတ်ချက်ပေး ပြောဆိုတာတွေဟာ ထူးခြားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း အပြောင်းအလဲတွေ ဖြစ်နိုင်တယ် ဆိုတာကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားလူအများအပြားလို သူလည်း ယုံကြည်တဲ့အကြောင်း မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ တွေ့ဆုံအပြီးမှာပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဒီလို တိုးတက်မှုတွေ ထွက်ပေါ်နိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့လည်း တချိန်တည်းမှာ အစိုးရအနေနဲ့ အားလုံးပါဝင်ခွင့်ရှိပြီး နောက်ပြန်ဆုတ်လို့ မရတဲ့ အသွင်ကူးပြောင်းမှုတွေကို ဆောင်ကြဉ်းပေးမယ့် ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ရလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က တိုက်တွန်းထားတာပါ။

ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ NLD ပါတီ အနေနဲ့လည်း အတွင်းရေးမှူးချုပ်နဲ့ တသဘောတည်း ရှိတဲ့အကြောင်း ပြောပါတယ်။

“မစ္စတာ ဘန်ကီမွန်း ပြောတဲ့ဟာကို ကျနော်တို့လည်း သဘောတူပါတယ်။ အခုဟာက ပြည်သူ့လွှတ်တော်နဲ့ အစိုးရသစ်တွေ ဖြစ်ပြီးတဲ့အခါမှာ သမ္မတရဲ့ အဖွင့်မိန့်ခွန်းရော၊ ပြီးတော့ ပြောကြားချက်တွေအရ ဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်။ အခု လုပ်တော့ လုပ်နေတယ်၊ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်လာသေးဘူး။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းတာကို ကျနော်တို့လည်း ကြိုဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေများ အဖွဲ့နဲ့ ဆွေးနွေးအပြီး မြန်မာနိုင်ငံက အခြေအနေတွေအပေါ် သံတမန်တွေရဲ့ အားမရတဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းမှုတွေ ရှိနေတာကို လက်ခံကြပေမဲ့ ဆွေးနွေးပွဲအတွင်းမှာ ပါဝင်ကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ဒီထက်ပိုပြီး တိုးတက်မှုတွေကို မြင်တွေ့ချင်တဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

KIO နယ်မြေတွင်း အစိုးရတပ်များ တိုးမြှင့်ချ၊ တိုက်ပွဲဆက်ဖြစ်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၆ မိနစ်
ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်အတွင်းရှိ ရဲဘက်စခန်းတခုကို KIO ကချင်လွတ်မြောက်ရေးအဖွဲ့မှ ဖွင့်ပေးလိုက်ပြီးနောက် KIO တပ်မဟာ ၄ ထိန်းချုပ်နယ်မြေသို့ အစိုးရမှ တပ်အင်အား ၂,၀၀၀ ခန့် တိုးမြှင့်ချထားလိုက်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ယခုလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းမှ ရွှေပြည်သစ် ရဲဘက်အကျဉ်းစခန်းတခုကို KIO တပ်ဖွဲ့များ ဖွင့်ပေးလိုက်သည့်နောက် အစိုးရတပ်အင်အား ၂,၀၀၀ ကျော်သည် ရှမ်းပြည်နယ် ကုတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ ပန်တုံမြို့နယ်အတွင်း ရောက်ရှိလာကာ တိုက်ပွဲများ ယခုထိ ဖြစ်ပွားနေဆဲဖြစ်သည်။

“သူတို့ဘက်က လူအင်အား၊ လက်နက်ကြီးတွေ တိုးလာတဲ့ အခါကျတော့ စစ်ပွဲက ရပ်သွားမယ်လို့ မမျှော်လင့်တော့ဘူး။ စစ်ပွဲကတော့ ဆက်ဖြစ်မဲ့ အခြေအနေပါ”ဟု ဗိုလ်မှူးကြီး ဇော်ရော်က ဆိုသည်။

ရှမ်းပြည်နယ် သိန္နီမြို့ အခြေစိုက် အစိုးရတပ်မှ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန-စကခ ၁၆ လက်အောက်ခံတပ်ရင်း အများစုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အင်အားများ တိုးချဲ့တိုက်ခိုက်လာသဖြင့် KIO ၏ တပ်မဟာ ၄ ဗဟိုဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ရှောင်တိမ်းနေရသည်။ တပ်ရင်း ၂ နှင့် တပ်ရင်း ၉ တို့မှာလည်း နေရာပြောင်းကာ ပြောက်ကျားစနစ်ဖြင့် ခုခံနေရသည်ဟု ဗိုလ်မှူးကြီးဇော်ရော်က ဆိုသည်။

တိုက်ပွဲများအတွင်း KIO ဘက်မှ ဗိုလ်အဆင့် တဦး အပါအဝင် တပ်သား ငါး ဦး ကျဆုံးခဲ့ပြီး အစိုးရတပ်ဘက်မှ ယနေ့ထိဆိုလျှင်၂၀၀ ခန့် ကျဆုံးမှု ရှိနေပြီဟု သိရသည်။ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

ဆက်စပ်သတင်းတရပ်မှာ မူဆယ်မြို့နယ် မန်ဂျေကျေးရွာ အနီး ရွာသစ်ကုန်းရွာမှ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် မရိစ်ကော့ အမည်ရှိ ကချင်အမျိုးသမီး တဦးကို အစိုးရတပ်ဖွဲ့များက တပ်စခန်းအတွင်း ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအစည်းရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“သူကို ကျောင်းဆရာမတဦးက အာမခံပြီးတော့ ခေါ်ထားတယ်။ ညညအိပ်ရင် လန့်လန့်နိုးပြီး ငိုတာတို့ ဖြစ်တယ်လို့ ပြောတယ်၊ ရှမ်းပြည်မှာလည်း ပလောင်အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ကြားနေရတယ်။ ဖြစ်တယ်ဆိုလို့ ဘယ်ကိုရောက်သွားတယ်ဆိုတာလိုက် စုံစမ်းနေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်အတွင်းမှ ပန်ဆိုင်းကျေးရွာအနီး စစ်ပြေးဒုက္ခသည် ၂၀၀ ခန့်က ယင်းတို့၏ ဆွေးမျိုးများနေအိမ်တွင် နေထိုင်နေသော်လည်း သက်ဆိုင်ရာ ရဲများက ဧည့်စားရင်း စစ်ဆေးခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု တရုတ်မြန်မာနယ်စပ်မှ စစ်ပြေးဒုက္ခသည်များကို ကူညီနေသူလည်း ဖြစ်သူ ဒေါ်မိုင်းဂျာက ဆက်ပြောသည်။

ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် KIO တို့သည် အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ပဏာမ တွေ့ဆုံခဲ့သော်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခဲ့ဘဲ ယနေ့ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်းရန် အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရှမ်းပြည် ဌာနချုပ်မှ KIA ဆုတ်ခွာ

သန်းထိုက်ဦး Wednesday, 28 September 2011 16:48(ပေးပို့ သူ - ဗမာ့သွေး)
အစိုးရတပ်များ၏ ထိုးစစ်ကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏ အမှတ် ၄ တပ်မဟာ ဌာနချုပ် နှင့် စခန်း တချို့မှ ယခု ရက်ပိုင်းအတွင်း ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

အစိုးရတပ်၏ ၁၂၀၊ ၁၀၅ မမ အမြောက်များနှင့် ၅ ရက်ကြာ ပစ်ခတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုနေရာသည် စစ်ရေးအရ ဗျူဟာ မကျကြောင်း၊ အစိုးရတပ်က ယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

“အစိုးရတပ်က တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေတယ်၊ တပ်ရင်းပေါင်း ၂၀ ကျော်သွားပြီး အားလုံး ပေါင်းလိုက်ရင် အင်အား ၂၀၀၀ နီးပါးလောက် ရှိမယ်၊ ကျနော်တို့က ပြောက်ကျားစနစ်နဲ့ ပြန်လည် ခုခံ တိုက်ခိုက်နေတယ်” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

အစိုးရတပ်များကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းများမှာ KIA တပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIA ဘက်မှ ရှမ်း ပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။

“ကျနော်တို့ ဖယ်ပေးလိုက်ရတဲ့ နေရာဝန်းကျင်နဲ့ တခြားနေရာတွေပါ တန်ပြန်ပြောက်ကျားစနစ်နဲ့ ပြန်တိုက်နေတယ်” ဟု ဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။

ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင် ကားလမ်းမ၏ အနောက်ဘက်ရှိ KIA တပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံး စာရင်းများကိုမူ မသိရှိရသေးပေ။ တိုက်ပွဲများကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားများက တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။ စစ်ပြေးဒုက္ခသည် အများစုမှာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။

ထိုဒေသမှ တိုက်ပွဲများ ရက်အတန်ကြာလာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက သတင်းထုတ် ခြင်း မရှိသေးပေ။

စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချဟု အကြောင်းပြ၍ ထွက်ခွာရန် ပြောဆိုခဲ့ကြပြီးနောက် နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ရာ ဒေသများ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ဘာသာရေး အဆောက်အအုံများ၊ ဆွေမျိုးများထံတွင် ဒုက္ခသည်များ ခိုလှုံနေကြဆဲ ဖြစ်သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 26, 2011

ရန်ကုန်က ဆန္ဒပြပွဲ

မြန်မာနိုင်ငံတွင် ယနေ့  သံဃာ့အရေးအခင်း ၄ နှစ်ပြည့်နေ့ အဖြစ် ကျင်းပနေပြီး ဆန္ဒပြနေသည်ဟု သိရှိရ သည်။ ဆန္ဒပြသူများ မှာ မိုးသည်းထန်စွာရွာနေသည့်ခြားမှ အ၀ါရောင်အကျီ င်္တွေဆင်တူဝတ်၍ ဆူလေဘုရားကို ချီတက်လာနေကြပြီလို့ သတင်းရရှိပါတယ်။ မြို့တော်ခန်းမရှေ့မှာတော့ ရဲတွေ အမြောက်အများ တင်ကျပ်စွာ ချထားပါတယ်လို့  သိရသည်။ ရန်ကုန်မြို့မှ လူအများ အနေဖြင့် ထိုသတင်း မှန်မှန် အတည်ပြုပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ ။
ကျနော်တို့ တိုင်းပြည်ရဲ့ နောက်ဆုံးနေ့ရက်များ မရောက်ခင် ကြိုတင်တားဆီးပေးဖို့ အတွက် မြန်မာနိုင်ငံသားအာလုံး
ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျာ ။

မြန်မာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, September 20, 2011

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ မွန်မြတ်သော ဒါန

အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ....

ဒီကနေ့ (19th Sept ) မှာ ကျရောက်တဲ့ အဆိုတော် သံသာဝင်း နဲ့ အနဂ္ဂရဲ့ တူလေး အခရာ တို့ရဲ့ မွေးနေ့မှာ ကုသိုလ် ကောင်းမူ ပြုတဲ့ အနေဖြင့် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) မှ ကလေးငယ်များ အားလုံးကို ဗလာ စာအုပ်နှင့် စာရေး ကရိယာများ၊ အဟာရ မုန့်နှင့် အအေး တို့ကို ကလေး တစ်ဦးချင်းစီအား ကိုယ်တိုင် ကိုယ်ကျ ကြင်နာစွာ လာရောက် ကျွေးမွေး လှူဒါန်း ခဲ့ကြပါတယ်။ အမေ့အိမ် ပညာဒါနကျောင်း ရံပုံငွေ အဖြစ် အလှူငွေကျပ်( ၁၀၀,၀၀၀ ) တစ်သိန်းကိုလည်း ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

နိုင်ငံကျော် အနုပညာရှင် နှစ်ဦးတို့ရဲ့ ဖြူစင်တဲ့ စေတနာနဲ့ ကျွေးမွေး လှူဒါန်းမှုဟာ ကလေးငယ်များ အတွက် ခန္ဒာကိုယ် အဟာရသာမက စိတ်ဓါတ် အင်အားတွေကိုပါ မြှင့်တင်ပေးရာ ရောက်စေတာမို့ အမေ့အိမ် ပညာရေး ကော်မတီမှ ၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ပါသည်။

ပကာဿန မပါ ဖြူစင် မွန်မြတ်သော ဒါနမို့ အားလုံး သာဓု ခေါ်နိုင်ရန် မျှဝေ လိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ် ပညာရေး ကော်မတီ

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, September 14, 2011

အငြိမ်းစားယူသွားတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အရှိန်အဝါနဲ့ စစ်ကိုင်းတိုင်းမှာ ကိုယ်ကျိုးစီးပွားရှာနေ

2011-09-12 RFA(ပေးပို့ သူ - ဗမာ့သွေး)
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက် ရာထူးကရော၊ နိုင်ငံ ဒုတိယ အကြီးအကဲ ရာထူးကပါ တရားဝင် အနားယူ သွားခဲ့တာ အခုဆိုရင် ၆ လလောက် ရှိသွားခဲ့ပြီဖြစ်ပေမယ့် သူ့ဇာတိ မွေးရပ်မြေ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ သူ့ရဲ့ အရှိန်အဝါကို သုံးပြီး အနိုင်ကျင့် ကိုယ်ကျိုးစီးပွား ရှာနေသူတွေ ဆက်ရှိ နေဆဲပဲလို့ မြို့ခံတွေက ပြောပါတယ်။

အထူးသဖြင့် မြို့မိမြို့ဘ စာရင်းဝင် ဦးစိုးမြင့်ဆိုသူက ဦးမောင်အေးရဲ့အစ်ကိုရင်း ဖြစ်သူ ဦးကျော်ညွန့်နဲ့ ပူးပေါင်းပြီး မြို့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကြောင်း အမျိုးမျိုးပြပြီး ကိုယ်ကျိုးအတွက် ငွေကြေး ကောက်ခံတာတွေ ဆက်လက် လုပ်ဆောင်နေတဲ့အတွက် မြို့သူမြို့သားတွေက မခံမရပ်နိုင် ဖြစ်နေကြ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဦးကျော်ညွန့်ဟာ အဂတိ လိုက်စားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကျူးလွန်မှု မရှိခဲ့ပေမယ့် တပည်ဖြစ်သူ ဦးစိုးမြင့်ရဲ့ ကျူးလွန်မှုတွေကိုတော့ နောက်ကွယ်ကနေ အကာအကွယ် ပေးထားတယ်လို့ ဆိုပါတယ်။ မြို့သူမြို့သားတွေအနေနဲ့ မြို့မှာ ငွေကြေး အဓမ္မ ကောက်ခံနေတာတွေ ရပ်တံ့ပြီး အများပြည်သူ လိုလားတဲ့ မြို့မိမြို့ဘတွေ ရွေးချယ် တင်မြောက် လိုကြပေမယ့် လောလောဆယ် ဖြစ်နိုင်ချေ အလားအလာ မရှိဘူးလို့ ပြောပါတယ်။

အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ အကို ဦးကျော်ညွန့် ကတော့ ပေါ်ပေါက်နေတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျည်ပွေ့ အတက်ထွက် တယ်ပြောရင် ယုံမယ်

ပြည်ပရောက် အတိုက်အခံတွေ ပြန်လာနိုင်ပြီလို့ သမ္မတ အကြံပေးပြောဆို
2011-09-13 RFA
ပြည်ပရောက် နိုင်ငံရေး အမြင်ကွဲပြားသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို စိုးရိမ်စိတ်မရှိဘဲ ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေး အဖွဲ့ခေါင်းဆောင် ရဲမှူးကြီးဟောင်း ဦးစစ်အေးက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။
“ပြန်လာလို့ ရတယ်ဆိုတာက ကိုယ့်ရေးကိုယ်တာနဲ့ သက်ဆိုင်တဲ့ ပြဿနာရှိရင်တော့ ရှင်းပေါ့။ ကျန်တဲ့ဟာတွေကတော့ ကျနော်တို့ ရှင်းပေးလို့ ရလို့သာ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။ အရင်ကလည်း ကျနော်တို့ နိုင်ငံမှာ ဒါမျိုးတွေ လုပ်ခဲ့ဖူးတာပဲ။ ဘယ်တုန်းကမှ အရေးယူတယ်ဆိုတာမှ မရှိခဲ့တာဘဲ။ နိုင်ငံရေးလှုပ်ရှားတယ်ဆိုတာကတော့ အခုဟာက ဒီမိုကရက်တစ် အစိုးရဖြစ်ပြီပဲ ဒါ့ကြောင့်လဲ အားလုံးကို ဖြေရှင်းပြီး ခေါ်လိုက်တာပေါ့

နိုင်ငံ့ အကြီးအကဲ တယောက်က သဘောထား ကြီးကြီးနဲ့ အမြင်မတူဘဲ နိုင်ငံရေးလုပ်တာ ပြောတာဆိုတာ ရှိမှာပေါ့။ ဒါတွေကို သဘောထား ကြီးကြီးနဲ့ ဆုံးဖြတ်ပြီး လက်ခံမယ်လို့ ပြောတဲ့ ကိစ္စပဲ” ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီအတွင်းရေးမှူး ဦးအောင်ထူးကတော့ အစိုးရအနေနဲ့ အမှန်တကယ် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ပြည်တွင်း ပြည်ပ မခွဲခြားဘဲ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးအရ သနပ်ခါးလိမ်း ချင်လို့လား။ ဒါမှ မဟုတ် ဥပဒေ စိုးမိုးရေး အခြေခံကို တည်ဆောက် ချင်တာလား။ ကျနော်တို့ကတော့ ဥပဒေ စိုးမိုးရေး အခြေခံကနေ သုံးသပ် အကြံပေးချင်တယ်။ ဒီအတိုင်း ပြန်သွားရင်တော့ သမ္မတ ဦးသိန်းစိန် လက်ထဲမှာ လူထုတွေဟာ အချိန်မရွေး ပြန်ဖမ်းလို့ရတဲ့ အနေအထားကို ရောက်သွား နိုင်တယ်” ဒါ့ပြင် ပြည်ပကနေ ပြန်သွားတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အချိန်မရွေး ပြန်လည် ဖမ်းဆီးခံရနိုင် တာကြောင့် နိုင်ငံသား အားလုံးအတွက် တရားဥပဒေ စိုးမိုးရေးကို အာမခံချက် ရှိအောင် ဖိနှိပ်မှု ယန္တရားတွေ၊ ဥပဒေတွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အကြီးအကဲ ဦးအောင်ထူးက ပြောပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

၃ လအတွင်း အကျဉ်းသား ၂ သောင်းနီးပါး လွှတ်ပြီးကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဆို

(မှတ်ချက် - သူခိုး ဂျပိုးများသာ-Dtm)- (ပေးပို့ သူ - ဗမာ့သွေး)
2011-09-13 RFA
မြန်မာ အစိုးရသစ် အနေနဲ့ အခုနှစ် မေလက ကြေညာခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျဉ်းသား ၂ သောင်း နီးပါးကို လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ လူ့အခွင့်အရေး ကောင်စီရဲ့ ၁၈ ကြိမ်မြောက် ညီလာခံမှာ တင်ပြစဉ် အခုလို ပြောကြားလိုက် တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ၂၀၁၁ မေလ ၁၆ ရက်နေ့မှာ ပထမဆုံး အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး သေဒဏ် ကျနေသူတွေကို တသက်တကျွန်း၊ တခြား အကျဉ်းသား တွေကို တနှစ် ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့တဲ့ အတွက် မေလကနေ ဇူလိုင်လကုန် အထိ အကျဉ်းသား ၂ သောင်းနီးပါး ထောင်တွေနဲ့ အလုပ်ကြမ်း စခန်းတွေကနေ လွတ်လာခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင် ပြောခဲ့ပါတယ်။

အကျဉ်းသား ၂ သောင်း နီးပါး လွှတ်ခဲ့ပြီး ဖြစ်တယ်လို့ အခုလို မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြား ပေမယ့် အများ ဝေဖန်ထောက်ပြတဲ့ နိုင်ငံရေး အကျဉ်းသား ပြဿနာကို အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိတာဟာ မရိုးမသား ပြောကြားချက်သာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဝေဖန်လိုက်ပါတယ်။

“ဒီနိုင်ငံခြားရေး ဝန်ကြီးအနေနဲ့က အမှန်ကို အမှန်အတိုင်း လက်ခံဖို့ လိုတယ်ပေါ့။သူတို့ လွှတ်ပေးခဲ့တာက သူခိုး ဂျပိုး ရာဇဝတ်သားတွေ ဖြစ်တယ်။ အဲဒီ ၂ သောင်းကျော်မှာ နိုင်ငံရေး အကျဉ်းသားက ၅၀ ကျော်ပဲရှိတယ်။ ဒါဟာ နိုင်ငံတကာကို မဟုတ်မမှန် ဝါဒ ဖြန့်ချိတဲ့ သဘောတွေပါ။ ဒီလိုမျိုး လုပ်နေသရွေ့အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ တော်တော် ခက်ခဲတဲ့ ကိစ္စ ဖြစ်ပါလိမ့်မယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရကို ယုံကြည်ဖို့ ပိုပြီး ခက်ခဲလာပါလိမ့်မယ်”

ဂျီနီဗာ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင်က အဓမ္မ လုပ်အားပေးမှု ပပျောက်ရေး လုပ်ဆောင် နေမှုတွေနဲ့ လူ့အခွင့်အရေး ကောင်စီ ၄ နှစ်တကြိမ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သုံးသပ်မှု UPR လုပ်ငန်းစဉ်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကြံပြု တိုက်တွန်းချက်တွေ အပေါ် အကောင်ထည် ဖော်ခဲ့ တာတွေကိုလည်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကြီး ICRC အနေနဲ့ အကျဉ်းထောင်တွေထဲ ပြန်လည် ဝင်ရောက်ခွင့် ရနေပြီး အကျဉ်းထောင် အတွင်း ရေနဲ့ သန့်ရှင်းရေး တိုးတက်အောင် လုပ်ကိုင် ခွင့်ပြု ထားတယ် လို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောကြား ခဲ့ပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် အဖွဲ့တွင် ဝင်နိုင်ရေး အဆို အတည်ပြု

မျိုးသန့် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၇ မိနစ်(ပေးပို့ သူ - ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ဆည်ကြီးများ တည်ဆောက်ရေး စီမံကိန်းတွင် "အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် ICOLD ၏ အကြံပြုချက်များ ရယူရန်နှင့် ဆည်ကြီးများဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရေးအဆို ဗဟိုအစိုးရကို တိုက်တွန်းကြောင်း" အဆိုကို အင်္ဂါနေ့ အထက်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက် သည်။

မြန်မာ ဆောက်လုပ်ရေး တတ်သိပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသ ပညာရှင်များနှင့် ငလျင် ပညာရှင်များ စုပေါင်းထားသည့် MCOLD (Myanmar Commission on Large Dams) အဖွဲ့ ဖွဲ့စည်းရေး ဖြစ်သည်။

လျှပ်စစ်ဒုဝန်ကြီး ဦးမျိုးမြင့်၏ အဆိုကို အမတ် ၄ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး၊ အစိုးရသစ်၏ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်သော်မှလည်း ထောက်ခံကြောင်း ဖြည့်စွက်ဆွေးနွေး သွားခဲ့သည်။

ဦးခင်သော်မှ ICOLD (International Commission on Large Dams) သို့ စစ်အစိုးရ လက်ထက်တွင် ဝင်ခွင့်ရရန် ကြိုးစားခဲ့သေးပြီး အခက်အခဲများရှိနေခြင်းကြောင့် ဝင်ခွင့်မရခဲ့ကြောင်း လွှတ်တော်ဆွေးနွေးပွဲတွင် ပြောသွားသည်ဟု အမတ်များက ပြောသည်။ သို့သော် ICOLD သို့ ဝင်ခွင့်ရရန် ကြိုးပမ်းသည့် ခုနှစ်နှင့် မည်သည့် အခက်အခဲကြောင့် ဝင်ခွင့်မရသည်ကို ပြောသွားခြင်းမရှိဟု သိရသည်။

ကြံ့ခိုင်ရေး လွှတ်တော်အမတ် ဦးမျိုးမြင့်၏ အဆိုကို ထောက်ခံသူများဖြစ်သည့် ချင်းပြည်နယ် ချင်းအမျိုးသား တိုးတက်ရေးပါတီ မဲဆန္ဒနယ် ၄ မှ ဦးစတီဗင်သာဘိတ်၊ ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီ မဲဆန္ဒနယ် ၂ မှ ဦးစိုင်းကျော်ဇောသန်း၊ ကြံ့ခိုင်ရေးပါတီမှ အမတ်များဖြစ်သည့် မကွေး မဲဆန္ဒနယ် ၆ မှ ဦးစိုးမြင့်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် ၈ မှ ဦးရှုမောင်တို့မှ ICOLD ၏ နည်းပညာနှင့် အကြံပေးချက်များ အကူအညီ ရယူကာ ဆည်များ ဆောက်လုပ်နိုင်ရန် အကြံပြု ဆွေးနွေးသွားသည်။

အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီး ဖြစ်သော်လည်း ဗဟိုအစိုးရက မည်သည့် အချိန်တွင် အကောင်အထည် ဖေါ်မည်၊ မည်သို့ ဖွဲ့စည်းမည်ကို အမတ်များအနေဖြင့် မသိရှိနိုင်သေးဘဲ ဖြစ်နေသည်။

ICOLD သည် ပြင်သစ်နိုင်ငံတွင် အခြေစိုက်သည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ရှိကာ၊ နိုင်ငံတကာမှ ဆည်ဆောက်လုပ်ရေး တတ်သိ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသပညာရှင်များနှင့် ဖွဲ့စည်းထားသည်။

ICOLD ကို ၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ဆည်တည်ဆောက်မှုများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရန် အကြံပေးခြင်း၊ ဆည်ကြံ့ခိုင်မှုရှိရန်အကြံပေးခြင်းနှင့် စီးပွားရေးဆိုင်ရာ အကျိုးရလဒ်များ တွက်ချက်ပေးခြင်းတို့ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ယင်း၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အပြောင်းအလဲကြီးမားဟု ဦးကိုကိုလှိုင်ပြော

ညီသစ် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်(ပေးပို့ သူ - ဗမာ့သွေး)
ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ရှိနိုင်ငံရေး၏ ဖြစ်ပေါ်ပြောင်းလဲမှုသည် ကြီးမားသည့် အပြောင်းအလဲ တခု ဖြစ်ခြင်းကြောင့် မြန်လွန်းသော အခြေအနေကို လိုက်မီအောင် ကြိုးစားနေရသည်ဟု သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဦးကိုကိုလှိုင်က ပြောသည်။

"အရင်က တိုးတိုးပြောရင်တောင် နောက်လှည့်ကြည့်ပြီးမှ ပြောရတဲ့စကားတွေ အခုလွှတ်တော်ထဲမှာ ကျယ်ကျယ်ပြောလာကြပြီ။ ဒါဟာ သိသာတဲ့ အပြောင်းအလဲတွေပဲ။ ဒီအပြောင်းအလဲတွေဟာ တမဟုတ်ချင်း ပြောင်းပြန် လှန်လိုက်သလိုပါပဲ။" ဟု ဦးကိုကိုလှိုင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည် actor's invention ဟုခေါ်သည့် ဇာတ်ဆောင်၏ တီထွင်ဖန်တီးမှု တခုဖြစ်လာကြောင်း နိုင်ငံရေးသမားဟောင်း စာရေးဆရာ မောင်စူးစမ်းကလည်း ပြောသည်။

ယင်းတို့နှစ်ဦး စက်တင်ဘာ ၁ဝ ရက်နေ့က ယနေ့ခေတ်မြန်မာ့နိုင်ငံရေးနှင့် ပတ်သတ်သည့် ဟောပြောပွဲ တခုကို လျှပ်တပြက်ဂျာနယ်က တာဝန်ယူစီစဉ်ပြီး Orchid ဟိုတယ်တွင် ပြုလုပ်ရာတွင် ပြောဆိုသွားကြခြင်း ဖြစ်သည်။

ဖန်တီးခြင်းနှင့် ထိုးထွင်းကြံစည်ဆောင်ရွက်မှုသည် ယနေ့ခေတ် နိုင်ငံရေးတွင် အဓိကကျသည့် အခန်းကဏ္ဍဖြစ်လာကြောင်း မောင်စူးစမ်းက ဆွေးနွေးခဲ့သည်။

အသက် ၈၅နှစ်ခန့် ရှိပြီဖြစ်သည့် မောင်စူးစမ်းသည် ယခင်က အပတ်စဉ်ထုတ် ဂျာနယ်များတွင် နိုင်ငံရေး ဆောင်းပါးများ ရေးသားခဲ့သော်လည်း သူ့ကလောင်ကို အသက်အရွယ် ကြီးလာခြင်းကြောင့် အနားယူလိုပြီ ဖြစ်ကြောင်း ပြောခဲ့ပြီး စာရေးသားခြင်းကို ခေတ္တရပ်နားခဲ့သေးသည်။

"ကျနော့်အမြင် နိုင်ငံရေးဆိုတာ ရိုးရိုးလေးပါပဲ။ ပြည်သူတွေကို ကောင်းစားအောင် လုပ်တာ နိုင်ငံရေးပါပဲ။" ဟု ဦးကိုကိုလှိုင်က ပြောသည်။

ထို့ပြင် လက်ရှိ စီးပွားရေးဆိုင်ရာ အချက်အလက်များကိုလည်း အသေးစိတ် ရှင်းပြပြောဆိုခဲ့သည်။ နိုင်ငံ့စီးပွားရေး တက်စေရန် ဦးစားပေးအဆင့်များကို ခွဲခြားခဲ့ရာ အဓိကသည် ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်ခဲ့ရခြင်းကို လေ့လာခဲ့ရသဖြင့် ထိုအချက်နှင့် သက်ဆိုင်သည့် စည်းဝေးပွဲများ ပြုလုပ်ခဲ့ပြီး နောက်တဆင့် အနေဖြင့် မက်ခရို အီကော်နောမီနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ နိုင်ငံတကာရောက် ပညာရှင်များအပြင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သဖြင့် ပိုမိုတိုးတက်လာခဲ့ပြီး နောင်တွင် ယခုထက်ပိုမိုသည့် တိုးတက်မှုကို မြင်တွေ့ရလာနိုင်သည်ဟု သူက ခန့်မှန်းပြောဆိုသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာဗိုလ်ချုပ်များ လာဘ်စားပုံ ဝီကီလိခ်တွင်ပါရှိ

ကိုဝိုင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်(ပေးပို့ သူ - ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ အာဏာသိမ်း နဝတ စစ်အစိုးရ လက်ထက် ထိပ်တန်း ဗိုလ်ချုပ်တချို့ လာဘ်စားခဲ့ပုံများကို ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် လျို့ဝှက်ကြေးနန်း တစောင် ဝီကီလိခ်စာ မျက်နှာမှ ပေါက်ကြားလာသည်။

ငါးဖမ်းသင်္ဘော အစင်း ၁ဝဝ ကျော်ဖြင့် မြန်မာ့ရေပိုင်နက်တွင် လုပ်ကိုင်ခွင့်ရနေသည့် ထိုင်းလုပ်ငန်းရှင်ကြီး တဦးကမြန်မာနိုင်ငံကို အပတ်စဉ်သွားတိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေအား လာဘ်ထိုးရပုံကို ရန်ကုန်အမေရိကန် သံရုံးသို့ ပြောပြခဲ့သည်။

ထို့အပြင် လာဘ်စားသူများထဲတွင် နဝတ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦး၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ ဇနီးတို့လည်းပါခဲ့သော်လည်း နောင်တွင် အာဏာရှင်ဖြစ်လာသော ဗိုလ်ချုပ်ကြီးသန်းရွှေမှာ အနေအထိုင် ရိုးအေးကြောင်း ၂ဝ၁၁ ခု သြဂုတ်လ ၃ဝ ရက်စွဲဖြင့် ပေါက်ကြားလာသည့် ကြေးနန်းစာက ဖော်ပြနေသည်။

"မြန်မာပြည်ကို အပတ်စဉ်သွားတိုင်း ငွေသားနဲ့ချည်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ လောက် ကုန်တယ်။ အဲဒီထဲ က ၁၅ ရာခိုင်နှုန်းလောက် (ဒေါ်လာ ၇,၅၀၀) က ဗိုလ်ချုပ်ကြီးတွေကို ချန်ထားရတာ (ကျန်တဲ့ငွေတွေကတော့ ငါးဖမ်းခွင့် ရဖို့အတွက် မြန်မာအစိုးရဆီ ရောက်ကုန်တယ်)" ဟု သံရုံးက သိရှိရသည်ကို ၁၉၉၂ ခု မေလ ၄ ရက်စွဲဖြင့် ဝါရှင်တန် အမေရိကန် နိုင်ငံခြားရေးရုံးသို့ ပေးပို့သည့် ကြေးနန်း၌ ပါရှိသည်။

၁၉၈၈ ခုနှစ် နဝတ ကောင်စီတွင် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူး အဖွဲ့ (၂) ကစထမှူး ရာထူးဖြင့် အဖွဲ့ဝင်အဖြစ် ပါခဲ့ပြီးနောက်ပိုင်း မွေး/ရေနှင့် သစ်တောဝန်ကြီး ဗိုလ်ချုပ် ချစ်ဆွေဖြစ်သည်ဟု ထိုင်းလုပ်ငန်းရှင်က ဆိုသည်။ ဗိုလ်ချုပ်ချစ်ဆွေသည် ၁၉၉၀ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပြီး ၁၉၉၇ တွင် အနားယူခဲ့ရသည်။

"ထိုင်းတွေကပဲ သင်ပေးလို့" (မွေး/ရေ) ဝန်ကြီးသည် အတိုင်းအတာတခုအထိ ငြင်းသာအောင် လာဘ်ဘယ်လို ယူရသည် ဆိုသည်ကို ကောင်းစွာတတ်မြောက်ခဲ့သည်ဟု ဆိုသည်။ "ချစ်ဆွေဟာ ထိုင်းစီးပွားရေး သမားတွေနဲ့ တယောက်ချင်းတွေ့ဖို့ ငြင်းလေ့ရှိပြီး သူ့သားနဲ့ သာ အလုပ်လုပ်စေတယ်" ဟုဆိုသည်။

ဗိုလ်ချုပ်ချစ်ဆွေ၏ သားက ထိုင်းလုပ်ငန်းရှင်တွေပြန်ရင် လိုက်ပို့လေ့ရှိပြီး အကောက်ခွန်ဌာနက သူပါလို့ စစ်ဆေးမှု မလုပ်ဘူးဟု ဆိုသည်။

"မကြာခင်ကပဲ ချစ်ဆွေရဲ့သားဟာ လေဆိပ်ကို ထိုင်းလုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ မိနစ် ၂၀ လောက်ပဲ ကြိုတင် အသိပေးပြီး အကောက်ခွန်ဂိတ်တွေကို ဖြတ်သွားခဲ့သေးတယ်" ဟု သံရုံးက သီးးသန့် မှတ်ချက်ပြုထားသည်။

တခြားသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်များနှင့်လည်း ဆက်ဆံရသည့် အကြောင်း ထိုင်းစီးပွားရေးသမားက ပြောဆိုခြင်းကို မှတ်တမ်းတင်ထားရာတွင် စစ်ဦးစီး ဗိုလ်ချုပ်တင်ဦး၏ လာဘ်စားမှုလည်း ပါသည်။

ဗိုလ်ချုပ်တင်ဦးကား "အထပ်ထပ်ညှိရတယ်"ဟု နာမည်ကြီးပုံကို ဆိုသည်။ ဗိုလ်ချုပ်တင်ဦး၏ သားက လာဘ်ရထားသော မာစီဒီးဘင့်ဇ်ကား တစီအား မြို့ထဲတွင် လှည့်ပတ်မောင်းရာက စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်တင်ဦးကို မျက်လုံး ဒေါက်ထောက်ကြည့်လာပြီး ဗိုလ်ချုပ်တင်ဦးနေအိမ်ကို စစ်ဆေးတာ လုပ်သည်ဟု ဆိုသည်။

"စစ်ထောက်လှမ်းရေးချုပ် ခင်ညွန့်က အဲဒီကားကို အစိုးရထံအပ်နှံဖို့ တင်ဦးကို ဖိအားပေးခဲ့တယ်" ဟု သံရုံးက မှတ်ချက်ပြု ဖော်ပြထားသေးသည်။

၁၉၉၇ ခု၌ ပါဆယ်ဗုံး လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒုဗိုလ်ချုပ်ကြီး တင်ဦးသည် ၂၀၀၁ ခု ဖေဖော်ဝါရီလက ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ် ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။

"ထိုင်းစီးပွားရေးသမားကြီးများထဲတွင် တန်ဖိုးကြီး ကျောက်မျက်များကို မက်မောသည့် ခင်ညွန့်၏ ဇနီး၊ နဝတ ဥက္ကဋ္ဌအသစ် သန်းရွှေ၏ သားတို့နှင့် ညှိနှိုင်းဆောင်ရွက်ဖူးကြသူများ ရှိသည်"ဟု ရန်ကုန်မြို့ အမေရိကန် သံရုံးက သိရှိရချက်ကို ကြေးနန်းစာအတွင်း ရေးသားထားသည်။

၂ဝဝ၃ ခုတွင် နအဖ ဝန်ကြီးချုပ် ဖြစ်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ ၂ဝဝ၄အောက်တိုဘာတွင် လာဘ်စားမှု၊ အမိန့်မနာခံမှု စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားကာ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ဖြင့် နေအိမ်အကျယ်ချုပ် ချခံရသည်။

၁၉၉၂ ခု ဧပြီ ၂၃ တွင် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ နဝတ ဒုဥက္ကဋ္ဌ မှ ဥက္ကဋ္ဌ ရာထူးတက်သွားခြင်းကိုလည်း "ဒီတာဝန်ကို သူဘာသာသူ တခြား မတရားတဲ့နည်းနဲ့ ယူလိုက်တာလား" သို့မဟုတ် "အခြားဗိုလ်ချုပ်တွေကို လာဘ်စားခွင့်ပြုထားပြီး သူက ဒီရာထူးကို ရယူတာလား" ဟု ထိုင်းငှား လုပ်ငန်းရှင်က သံသယ ရှိခဲ့သည်။

ထိုစဉ်က "ဗိုလ်ချုပ်ကြီးသန်းရွှေမှာ မြန်မာ အဆင့်အတန်းအရပင် ရိုးရိုးစင်းစင်း နေတတ်သူဖြစ်ပြီး လေအေးပေးစက်လို အနောက်တိုင်း ဇိမ်ခံ အသုံးအဆောင်တွေ အသုံးနည်းတယ်" ဟု ရန်ကုန်မြို့ အမေရိကန် သံအရာရှိက တဆင့် သိရှိရချက်ကို ကြေးနန်းအတွင်း ပြန်လည် ရေးသားထားသည်။

စစ်ခေါင်းဆောင်အဖြစ် ၁၉ နှစ် ကျော်အာဏာကိုဆုပ်ကိုင်ပြီးနောက် အသက် ၇၈ နှစ်အရွယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရာထူးမှနှုတ်ထွက်ကာ လက်ရှိ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်တွင် နေထိုင်လျက် ရှိသည်။ သို့သော်လည်း စစ်ဘက် အရေးအရာများကိုမူ ဆက်လက် စွက်ဖက်ကြိုးကိုင်လျက် ရှိသည်ဟု လေ့လာသူအများက ယုံကြည်ကြသည်။

၂ဝဝ၆ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးတဦးဖြစ်သော မသန္တာရွှေ၏ လက်ထပ်မင်္ဂလာဆောင် အခမ်းအနားတွင် အမေရိကန် ဒေါ်လာ သန်း ၅ဝ ခန့် အကုန်အကျခံ အသုံးပြုခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နမ်ဆန်ယန် မြန်မာစစ်စခန်းအား KIA မီးရှို့ ဖျက်ဆီး

အင်္ဂါနေ့၊ စက်တင်ဘာလ 13 ရက် 2011 ခုနှစ် ကချင်သတင်းဌာန(ပေးပို့ သူ - ဗမာ့သွေး)
ကချင်ပြည်နယ်တောင်ပိုင်း မြစ်ကြီးနားလိုင်ဇာလမ်း ပိုင်းတစ်နေရာ နမ်ဆန်ယန် (Namsan Yang) ကျေးရွာရှိ မြန်မာအစိုးရတပ်စခန်း ၃ ခုအနက် တစ်ခုအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က တနင်္လာနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်သည် ဟု KIA အရာရှိများအတည်ပြုပြောသည်။

၎င်းကျေးရွာရှိ လဇိန်ကောင် (Lazing Kawng) ပေါ်မှ မြန်မာစစ်တပ်၏ အဓိက တပ်စခန်း အဆောက်အအုံ ၃ ခုသည် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် KIA ၏ ရှို့မီးကြောင့် လုံးဝ ပြာကျသွားသည်ဟုကျေးရွာ သားတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

ယင်းစခန်းသည် မြစ်ကြီးနား-လိုင်ဇာလမ်းဘေးတွင်တည်ရှိကာ ဖြတ်သန်းသွားလာသူများ အားရပ်တန့် ကာ ၎င်းတို့သယ်ယူလာသည့်ကုန်ပစ္စည်းများအတွက် ပိုက်ဆံကောက်ခံသည့်အပြင်ခရီးသွား များအား ယင်းစခန်းထဲ ခေါ်သွင်းပြီး မေးမြန်း စစ်ဆေးလေ့ရှိသည်ဟု ထပ်ဆိုသည်။

ယခုအဖြစ်အပျက် မတိုင်ခင် ၅ ရက်အလိုတွင် ၎င်းတပ်စခန်းမှမြန်မာစစ်သားများမှာ ရွာထဲ အခြားစခန်း၂ ခုသို့ ရွှေ့ပြောင်းသွားသည့်အတွက်ကြောင့် မီးရှို့မှုတွင် တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဟု ရွာသားများ ပြောသည်။

ဇွန် ၉ ရက်မှစတင်ကာ မြန်မာအစိုးရစစ်တပ်က ဆန်ဂန် KIA စစ်စခန်းကို ထိုးစစ်ဆင်လာပြီးနောက်ပိုင်း နမ်ဆန်ယန်ကျေးရွာသည် စစ်ပွဲဖြစ်ရာ ဒေသထဲ ပါဝင်လာသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ထိုင်း-မြန်မာနယ်စပ် ရေကြီး၊ ကုန်သွယ်ရေး ရပ်ဆိုင်း

ဧရာဝတီ Tuesday, 13 September 2011 17:06(ပေးပို့ သူ - ဗမာ့သွေး)
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာ နယ်ခြား သောင်ရင်းမြစ်ရေ မြင့်တက်လာပြီး မဲဆောက်နှင့် မြဝတီရှိ ရပ်ကွက်များ ရေမြုပ်ကာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်။



မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမှ မြို့ခံတဦးက “ဒီနှစ်မိုးတွင်းမှာ ရေကြီးတာ လေးခါရှိပြီ။ အခုရေကြီးတာ အဆိုးဆုံးပဲ။ အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ ၂၊ ၅ ရပ်ကွက်တွေ ရေမြုပ်တာ အိမ်ခြေရာနဲ့ချီပြီး ရှိတယ်။ ၂ ရက်ရှိပြီ၊ ကိုယ့်ဖာသာပဲ ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့နေရတယ်။ ဘယ်က အကူအညီမှ မလာသေးဘူး” ဟု ပြောသည်။

မြဝတီ မြို့လယ်တွင်လည်း ရေကြီးနေပြီး မီးသတ်ရုံးရှေ့တွင် ဆိုင်ကယ်၊ ကားများ သွားလာ၍ မရကြောင်း၊ မိုးထပ်ရွာလျှင် ဆက်လက် ဒုက္ခရောက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုင်းဘက်အခြမ်း မဲဆောက်မြို့တွင် သောင်းရင်းမြစ်ရေ ကြီးမှုကြောင့် ကမ်းနားပိုင်းရပ်ကွက်များ ရေမြုပ်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလည်း ရပ်ထားရကြောင်းနှင့် ချစ်ကြည်ရေး တံတားအနီးရှိ ဈေးရုံကြီးကိုလည်း ပိတ်ထားရသည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း ထိုင်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မြန်မာအလုပ်သမား ခေါင်းဆောင် ကိုနိုင်က “နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားတဲ့အတွက် နှစ်ဖက်နယ်စပ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဟာ အလုပ်တွေ ရပ်နားထားရတယ်” ဟု ဆိုသည်။

ယခုနှစ် ဇွန်လကလည်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ်သွား ဒေါနတောင်ကျော် ကားလမ်းတွင် မြေပြိုမှုများ ဖြစ်ပြီး လမ်းပိတ်ဆို့နေ၍ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားခဲ့ဖူးသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအောက်ရှိ ၂ ဧကခန့် ကျယ်ဝန်းသော မြန်မာပိုင် ရေလယ်ကျွန်းမှာ ရေနစ်မြုပ်သွားပြီး ကျွန်းကို မှီခို၍ ထိုင်းဘက်သို့ မြန်မာကုန်ပစ္စည်း ရောင်းချနေသည့် မြန်မာ ၂၀၀ ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားကြကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နှစ် ဇူလိုင်လမှစ၍ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာဘက်က ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာရှိ လှေဆိပ် ၂၀ ကျော်ကို ပိတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့သည်။

သို့သော် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်သွယ်ကြရာ လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖို့ခန့်ကို မဲဆာက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ထားဝယ်ဆိပ်ကမ်းအရေး လွှတ်တော်တွင် ဆွေးနွေး

ခင်ဦးသာ Tuesday, 13 September 2011 17:32ပေးပို့ သူ - ဗမာ့သွေး
တနသာင်္ရီတိုင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ထိုဒေသရှိ ရှေးဟောင်းနယ်မြေများ မထိခိုက်စေရေးနှင့် ပတ်သက်သော အဆိုကို အမျိုးသား လွှတ်တော်က အတည်ပြုပေး လိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ရေးထားသည်။


ထိုအဆိုကို ကိုယ်စားလှယ် ၆ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း၊ ယဉ်ကျေးမှု နယ်မြေများ မထိခိုက်စေရေး အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနက ဆောင်ရွက်ထားသည်ဟု အမျိုးသားစီးမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်းက ပြောဆိုကြောင်း သတင်းစာက ဆိုသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ရှေးဟောင်းသုတေသန အဖွဲ့က ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၏ ထားဝယ်ဒေသ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဖြစ်ပြီး မောင်သန်းဆွေ (ထားဝယ်) အမည်ဖြင့် ဆောင်းပါးများ ရေးလေ့ရှိသူ ဖြစ်သည်။

လွှတ်တော်တွင် ဦးသန်းဆွေက ထိုသို့ အဆိုပြုခြင်းသည် သူ နှင့် အစိုးရတို့ နာမည်ကောင်း ရရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံတချို့က ယူဆနေကြသည်။

“တကယ်တော့ စီမံကိန်းထဲမှာပါတဲ့ ရှေးဟောင်းဘုရားတွေ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ အများအပြားဟာ ဖျက်ဆီးခံထားရပြီးပြီ၊ ဒီနယ်မြေကို ယဉ်ကျေးမှုနယ်မြေ ဆိုပြီးတော့လည်း အစိုးရက ကြေညာထားပြီးသားဖြစ်လို့ သူက မတင်ရင်လည်း ဘာမှ မဖြစ်ဘူး” ဟု ထားဝယ် ဒေသခံ သတင်းသမားတဦးက ပြောသည်။

ရှေးဟောင်းနယ်မြေ သာဂရမြို့ဟောင်း မပျက်စီးသော်လည်း စီမံကိန်း၏ ဗဟိုကျသည့် နဘုလယ်ကျေးရွာ အုပ်စုအတွင်းမှ ထားဝယ် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ၊ သာသနိက အဆောက်အအုံများ ပျက်စီးပြီး၊ မုတ္တီးမြို့ဟောင်း၊ မြို့ရိုးတို့လည်း ပျက်စီးသွားကြောင်း ထားဝယ်ဒေသခံများက ဆိုသည်။

“နဘုလယ်ဒေသဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေတော်ရာရှိတဲ့ နေရာလို့ ယုံကြည် ကိုးကွယ်ထားတဲ့ သာသနာ့ အဆောက် အအုံတွေ ရှိပြီးတော့ သာသနာ့နယ်မြေဒေသလည်း ဖြစ်တယ်” ဟု ထားဝယ်မြို့ခံ တဦးက ဆိုသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် လယ်မြေ သိမ်းယူခံရခြင်း၊ ကျေးရွာများပြောင်းရွှေ့ရခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်း စသည့် ဒေသခံများက လက်ရှိ ကြုံတွေ့ ခံစားနေရသည့် အခြေ အနေများကို စနစ်တကျလေ့လာ၍ အစိုးရက မည်သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကို ဦးသန်းဆွေက မေးခွန်း ထုတ်သင့်သည်ဟု ထားဝယ်ဒေသခံဖြစ်သူ ကိုတိတ်နိုင်က ပြောသည်။

“ထိုင်းနိုင်ငံက ကုမ္ပဏီတချို့ဆိုရင် သူ့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်၊ ပြည်သူတွေရဲ့ပညာရေး၊ စီးပွားရေးတွေ ထိခိုက်မှာ စိုးလို့ ဆိုပြီး ထားဝယ်ဒေသမှာ လာပြီးတော့ စက်ရုံ တည်ဆောက်နေတယ်၊ ဒီလို ကိစ္စမျိုးတွေကို ဒေသခံတွေ မထိခိုက်ရအောင် အစိုးရက ဘယ်လိုမျိုး ဆောင်ရွက်ပေးမလဲ ဆိုတဲ့ ကိစ္စတွေကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသင့်တယ်လို့ ထင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ဆိုသည်။

ထားဝယ်ဒေသမှ လွှတ်တော်ကိုယ်စားလှယ် အများစုသည် ကြံ့ဖွံ့ပါတီမှဖြစ်ပြီး ဒေသအတွက် အရေးပါသော မေးခွန်းများ၊ အဆိုများကို လွှတ်တော်အစည်းအဝေးများ၌ တင်ပြဆွေးနွေးမှု မရှိဟု ထားဝယ်ဒေသခံများ ထုတ်ဝေသည့် ဗထူးစာစောင်တွင် ဝေဖန်ရေးသားလျက်ရှိသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြစ်ဆုံဆည် တည်ဆောက်ရေးသုံး ပစ္စည်းများ KIO ပိတ်ထားဆို

ဆိုင်းအောင် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၅၅ မိနစ်ပေးပို့ သူ-ဗမာ့သွေး
ချင်းမိုင်(မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံဘက်မှ မြစ်ဆုံရေကာတာ တည်ဆောက်လုပ်ငန်းများသုံး ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းလာခြင်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တပ်ရင်းများမှ ပိတ်ထားကြောင်း KIO ပြောခွင့်ရှိသူ ဦးလနန် ကပြောသည်။

ကချင်ပြည်နယ် အရှေ့ဘက် ဝိုင်းမော်၊ ကန်ပိုင်တီ လမ်းကြောင်းမှတဆင့် တရုတ်ပြည်က တင်သွင်းလာသော ဘိလပ်မြေနှင့် သံထည်ပစ္စည်းများကို KIO ဒေသခံ တပ်ရင်းများ ထိန်းချုပ်သည့် တပ်ရင်း (၃) လဖိုင် ဂိတ်က တင်သွင်းခွင့် ပိတ်ထားခြင်းကြောင့် မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟုလည်း ဦးလနန်က မဇ္ဈိမကို ပြောသည်။

“စစ်ဖြစ်တဲ့ နောက်ပိုင်းမှာ မြစ်ဆုံအတွက် သယ်လာတဲ့ ပစ္စည်းတွေကို တင်းသွင့်ခွင့် မပေးပါဘူး။ ဒါကြောင့် သူတို့ စီမံကိန်းမှာ ပစ္စည်းပြတ်လပ်လို့ လောလောဆယ် စီမံကိန်ကြီး ရပ်တန့် ထားရတယ်လို့ သိရတယ်” ဟုဆိုသည်။ KIO နှင့် အစိုးရတပ်တို့အကြား ဇွန်လ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။


သို့သော် မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့်ရခြင်းနှင့် ပတ်သက်၍ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် စီမံကိန်းကို ခေတ္တရပ်နားထားပြီး၊ ပွင့်လင်းရာသီ ရောက်သည်နှင့် လုပ်ငန်းများ ပြန်လည် စတင်မည်ဖြစ်ကြောင်း ယခုလ ၁ဝ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မြစ်ဆုံဆည် စီမံကိန်းကို ပြည်တွင်းပြည်ပ ကန့်ကွက်မှုများရှိနေပြီး၊ စာရေးဆရာ ကိုတာ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ဦးဇော်မြင့် တို့မှလည်း ယခုလ ၁ဝ ရက်နေ့တွင် ဧရာဝတီမြစ် ထိန်းသိမ်းရေး ဟောပြောပွဲပြုလုပ်ကာ မြစ်ဆုံဆည် ဆောက်လုပ်ရန် မသင့်ကြောင်း ဟောပြောပွဲတွင် ပြောကြားခဲ့ကြသည်။

သို့သော် ဦးဇော်မင်းက မြစ်ဆုံဆည် တည်ဆောက်မှုသည် အမျိုးသား အကျိုးစီးပွားအတွက်ဆိုကာ ကမ္ဘာ့ ကုလသမဂ္ဂမှပင် ဝင်ရောက် စွက်ဖက်ခွင့်မရှိကြောင်း နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားသည်။

ကျင်းပဆဲ လွှတ်တော်များ၏ ဒုတိယပုံမှန် အစည်းအဝေးများတွင် နိုင်ငံတော် စီမံကိန်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သည့် စီမံကိန်းများအတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူသင့်ကြောင်းလည်း အမတ်များက ဆွေးနွေး ကြသည်။

ဦးလနန်က သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်၏ မြစ်ဆုံဆည်ဆောက်မှုသည် လူထုဆန္ဒနှင့် ဆန့်ကျင်နေပြီး၊ KIO အနေဖြင့် ယင်းရေအားလျှပ်စစ် စီမံကိန်းကို အစဉ်တစိုက်ကန့်ကွက် သွားမည် ဖြစ်ကာ မြန်မာနိုင်ငံသား အားလုံးလည်း ပါဝင်ကန့်ကွက်ရန်လိုကြောင်း မဇ္ဈိမကိုပြောခဲ့သည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်မှုဖွင့်ပွဲ စတင်ခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ ကချင်ပြည်နယ်
မြစ်ကြီးနားမြို့နှင့် ၂၇ မိုင်အကွာတွင် တည်ရှိပြီး စီမံကိန်းကို အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ် China power Investment Corporation –CPI တို့ အကျိုးတူ ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 12, 2011

လူမိုက်တို့ သွားရာလမ်း

ပေးပို့ သူ-ဗမာ့သွေး
မြတ်ဗုဒ္ဓ မပေါ်ထွန်းမှီ အချိန်ကာလ အိန္ဒိယနိုင်ငံ တောင်ပိုင်း အလယ်ဗဟိုအနားတွင် အင်မတန်မှ ကြီးမားသော ရေအိုင်ကြီး တခုတည်ရှိပါသည် ။ ထိုရေအိုင်ကြီးမှာ ရေများ လျှံကျ၍ စီးဆင်းရာက ဂေါဓါဝဒီ မြစ်ကြီးသည် ဖြစ်ထွန်းကာ စီးဆင်းလျှက် ရှိသည် ။ ထိုဂေါဓါဝဒီ မြစ်ကြီး စီးဆင်းရာ မြစ်ကမ်းခြေ တစ်လျှောက်တွင် တိုင်းပြည်မြို့ရွာများ တည်ဆောက်ကာ မင်း အသီးသီးတို့ စိုးစံနေကြလေသည် ။

ထို ဂေါဓါဝဒီ ရေအိုင်ကြီး အနားတွင် ဈာန် အဘိဥာဉ် နှင့် ပြည့်စုံသော သရဘင်္ဂ ရသေ့ကြီး တစ်ပါး သည် လက်ထောက် ရသေ့ ( ၇ ) ပါး နှင့် အတူ ရသေ့ပေါင်း သောင်းနှင့် ချီ၍ သီတင်းသုံးနေထိုင်ကြလေသည် ။ အင်မတန်မှာ များပြားသည့် ရသေ့ အရေအတွေကြောင့် ခေါင်းဆောင် သရဘင်္ဂရ သေ့ကြီးက သူ့တပည့် (၇ ) ယောက်ကိုခေါ်၍ ယခုနေရာသည် လူပေါင်းများစွာ အတူတကွ နေထိုင်၍ မသင့်တော်သောကြောင့် သင့်တင့်မျှတသော နေရာရှာ၍ သီတင်းသုံးနေထိုင်ရန် ညွှန်ကြားသော အခါ တပည့် (၇)ပါးသည် သူ့တို့ နောက်လိုက်နောက်ပါ အသီးအသီးနှင့် ထိုရေအိုင်ကြီး အနားမှ ထွက်ခွာသွားကြလေသည် ။



ထိုတပည့်များထဲမှ ရသေ့တပါး ဖြစ်သော ကိသ၀စ္ဆ ရသေ့ကြီးသည် ဒါန္တကီမင်းကြီး အုပ်ချုပ်ရာ ကုပ္မ၀တီ တိုင်းပြည်တွင်းက မင်းဥယျာဉ်ထဲတွင် သီတင်းသုံးနေသည် ။ ကိသ၀ိစ္ဆရသေ့ကြီးသည် အလွန်ရှည်လျားသော ဆံပင်ကို ထုံး၍ ခေါင်းတွင် ထုံးထားသည့် အပြင် ခန္ဓာကိုယ်၌ အမွှေးအမျှင်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့် ပြင်ပ အမြင်၌ မတင့်တယ်သော်လည်း သမထ အရာ၌ ပြီးပြည့်စုံကာ ဈာန် အဘိဥာဉ်ရ သူတော်ကောင်း ရသေ့ကြီးဖြစ်သည် ။



ထို ဒါန္တကီမင်းကြီးသည် အလွန်လှပသည့် အမျိုးသမီး တဦးကို ပြည်တန်ဆာ အဖြစ် သတ်မှတ်၍ ရာထူးပေးကာ ပျော်ပါးလေ့ရှိသည် ။ ထိုမိန်းမသည် အလွန်လှပသောကြောင့် ပျော်ပါးလိုသူ အင်မတန်များပြား လှ၍ ၀င်ငွေ အလွန်ကောင်းလေသည် ။ ထိုအချိန်တွင် ဘုရင်ကြီးသည် ၀င်ငွေနည်းပါး၍ စိတ်ညစ်နေသောကြောင့် အရက်သေစာတို့ကို သောက်စားမူးယစ် နေတုန်း ပြည်တန်ဆာမ၏ ၀င်ငွေသည် သူ့ထက် ၀င်ငွေပိုမိုကောင်းသည်ကို သိသော အခါ ထိုမိန်းမကို ပြည်တန်ဆာ ရာထူးမှ ဖြုတ်ပြစ်လိုက်လေသည် ။



နောက်တနေ့မနက်ခင်းတွင် ရာထူးပြုတ်၍ စိတ်ပျက်နေသော ထိုမိန်းမသည် အိပ်ယာ ထထခြင်း မင်းဥယျာဉ်ထဲသို့ ရောက်လာသော အခါ တရားကျင့်ကြံနေသည့် ကိသ၀ိစ္ဆရသေ့ကြီးကို တွေ့မြင်လေသည် ။ ထိုအချိန်တွင် ထိုမိန်းမစိတ်၌ စိတ်ပြေလက်ပျောက်ထွက်လာမိသည် ဤမျှ ကျက်သရေ ယုတ်သော ပုဂ္ဂိုလ်ကို တွေ့ရလေခြင်း ဆိုကာ ထင်မှတ်ကာ စိတ်ပျက်သွားလေသည် ။ မျက်နှာသစ် သွားမတိုက်ရသေးသော ထိုမိန်းမသည် ထိုနေရာ၌ ခံတွင်းကို သန့်ရှင်း၍ ထွက်လာသော အညစ်အကြေး ၊ တံတွေးတို့ဖြင့် ရသေ့ကြီး မျက်နှာကို ထွေးရုံသာ မက တံပူများကို ဆံထုံးပေါ်သို့ ပစ်တင်သွားလေသည် ။



(၇ ) ရက်မျှ ကြသော အခါ ရှင်ဘုရင်ကြီးသည် ထိုမိန်းမကို သတိရ၍ တမ်းတမိသော ကြောင့်ပြည်တန်ဆာမ ရာထူး ပြန်ခန့်လေသည် ။ ထိုအချိန်တွင် တိုက်ဆိုင်စွာပင် နန်းတော် အတွင်း၌ ၀န်ကြီး တပါးကို ရှင်ဘုရင်က အမျက်တော် ရှ၍ ရာထူးမှ ဖြုတ်ပြစ်လိုက်ပြန်လေသည် ။ ထိုအခါ ထိုဝန်ကြီးသည် ပြည်တန်ဆာမကို ချဉ်းကပ်၍ သင်ရာထူးပြန်ရအောင် ဘယ်လို လုပ်သလည်း ဟု မေးမြန်းသော အခါ

ထိုမိန်းမက ဒါလေးများအလွယ်လေး အမတ်ကြီး ။ မင်းဥယျာဉ်ထဲကို သွား ၊ အဲဒီထဲက ကိသ၀ိစ္ဆဆိုတဲ့ ရသေ့ကြီးရဲ့ မျက်နှာကို တံတွေးဖြင့် နာနာထွေး သင့်ရာထူး ပြန်ရလိမ့်မယ် ဟု ပြောဆို အကြံပေးသည် ။ ထို ဥာဏ်နည်းပါးသည့် အမတ်သည် မိန်းမယုတ် အကြံအတိုင်း လုပ်ဆောင်ခဲ့ ပြီးနောက် (၇ ) ရက်မျှ ကြာသောအခါ ဘုရင်က စိတ်ပြေ၍ ထိုအမတ်ကို ရာထူးပြန်လည် ပေးအပ်ပြန်လေသည် ။



ထိုအချိန်တွင် တိုင်းပြည် နယ်စပ်၌ သူပုန်ထ၍ ရှင်ဘုရင်က စစ်ချီတက်ရန် ပြင်ဆင် နေချိန်တွင် ထိုဥာဏ်နည်းပါးသော အမတ်သည် ဘုရင့်ထံ ချဉ်းကပ်ကာ အရှင်မင်းကြီး သင်စစ်ပွဲမှာ အောင်နိုင်လိုပါသလားလို့ မေးသော အခါ ဘုရင်က ဘယ်လို နည်းလမ်းများ လုပ်ဆောင်သင့်သလည်းဟု မေးမြန်းလေသည် ။ အမတ်ကြီးက သိပ်မခက်ပါဘူး အရှင်မင်းကြီး ဥယျာဉ်ထဲကို သွား အဲဒီထဲက

ရသေ့ကြီးကို တံတွေးနဲ့ ထွေးကာ ယတြာ ချေလိုက်ရင် အရှင်မင်းကြီး စစ်ပွဲမှာ အောင်ပွဲရတော်မူပါလိမ့်မယ်ဟု လျှောက်သော အခါ ပညာမရှိသည့် ရှင်ဘုရင်တွေ စစ်ထွက်ခါနီး၌ ရသေ့ကြီးကို တံတွေးဖြင့် ထွေးခဲ့လေသည် ။



ရှင်ဘုရင်က သူတော်ကောင်းကို စော်ကားသော အခါ နောက်လိုက်နောက်ပါ မှူးမတ်များ ၊ စစ်သည်များက သူတော်ကောင်းကို စော်ကားသည့် ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးကို ယတြာချေသည်ဟု ဆိုကာ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြလေသည် ။



အကြောင်းတိုက်ဆိုင်မှု၏ အထွဋ်အထိပ် အဖြစ် ထိုရှင်ဘုရင်ကြီးသည် ရန်သူတပ်ကြီးကို အောင်မြင်စွာ တိုက်ထုတ်နိုင်၍ အောင်ပွဲခံသည့် အခါ ဘာမှ မသိနားမလည်သော ပြည်သူလူထုကြီးကပါ ရှင်ဘုရင်ကြီးက မှားယွင်းသော လုပ်ရပ်များကို ၀ိုင်းဝန်း ထောက်ခံ အားပေးကာ တတိုင်းပြည်လုံး ပျော်ရွှင်နေကြသည် ။



သူတော်ကောင်းကို စော်ကားသည့် လုပ်ရပ်များကို မြင်ရသည့် အခါ ထိုတိုင်းပြည်ကို စောင့်ရှောက်သည့် နတ်အပါင်း တို့သည် လွန်စွာမှ ပင် အမျက် ဒေါသထွက်ကြလေသည် ကို ဈာန် အဘိဥာဉ်ရ ဆရာ သရဘင်္ဂ ရသေ့ကြီးက သိရှိသော အခါ တားဆီး နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လိုသော်လည်း သူတော်ကောင်းကို သူယုတ်မာလို့ သတ်မှတ်၍ အောင်ပွဲခံကာ ပျော်မြူးနေသည့် ရှင်ဘုရင် နှင့် အဖွဲ့သားများ သည် အမှန်ကို လက်ခံနိုင်မည် မဟုတ်၍ စိတ်လျှော့လိုက်လေသည် ။



ထို့နောက် သူ့တပည့်များကို လွှတ်၍ ကိသ၀ိစ္ဆရသေ့ကြီးနှင့် နောက်လိုက်နောက်ပါ ရသေ့များကို ထိုတိုင်းပြည်မှ ထွက်ခွာပြီး ရေအိုင်ကြီး အနားသို့ ပြန်လည် သီတင်းသုံးရန် လျှောက်ထားလိုက်လေသည် ။ သူတော်ကေကာင်း ကိသ၀ိစ္ဆ ရသေ့ကြီးနှင့် တပည့်အပေါင်း ထိုတိုင်းပြည်မှ ထွက်ခွါသွားသည်နှင့် တပြိုင်နက်ထဲ သူယုတ်မာတို့ စံပျော်ရာ ထိုတိုင်းပြည်ကြီးကို အမျက်ဒေါသထွက်နေသော နတ်တို့သည် စတင်ဒုက္ခပေးလေသည် ။



ပထမဦးစွာ မိုးကြီး သည်းထန်စွာ ရွာသွန်းလိုက်လေသည် ။ ထိုအခါ တတိုင်းပြည်လုံး အမှိုက်သရိုက်များ ကင်းစင်သွား၍ လူအားလုံးက နတ်များကပါ ကောင်းချီးပေးသည်ဟု ထင်မှတ်ကြလေသည် ။ ထို့နောက် သဲဖြူမိုး ရွာချ၍ တတိုင်းပြည်လုံး ချိုင့်ခွက်မရှိ ပကတိ တပြေးညီ ဖြစ်သွားသော အခါ သူတို့သည် ယုံကြည်မှုသည် ပိုမိုခိုင်မာကြလေသည် ။ ထို့နောက် ပန်းမိုးများရွာချ၍ တနိုင်ငံလုံး ပန်းခင်းသောလမ်းကို လျှောက်လှမ်းကြရသည့် အခါ ပြည်သူလူထုကား ရှင်ဘုရင်ကြီး၏ လုပ်ရပ်သည် မှန်ကန်ပေစွ ။ ဘုန်းတန်ခိုး ကြီးမားလှပစွ ၊ နတ်တို့ကတောင် ချီးကြူးဂုဏ်ပြုကြသည်ဟု ကြွေးကြော်မည်တမ်းကြလေသည် ။



ထို့နောက် ရွှေမိုး ၊ ငွေမိုးများ ၊ ထို့နောက် လက်ဝတ်တန်ဆာမိုး များ ရွာ ၊ ထို့နောက် ကျောက်သံပတ္တမြားမိုးများ ရွှာချကာ အိမ်ထဲရှိ လူမှန်သမျှ လမ်းပေါ်ကို ရောက်လာအောင် နတ်တို့သည် ဆွဲဆောင်ကြလေသည် ။ လူမိုက်တို့သည် သူတို့ မိုက်မဲတွေ အကျိုးမပေးသေးသော အခါ သူတို့၏ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးသည် ပျားသကာလို ချိုမြနေပါသည် ဟု ထင်မှတ်ထားကာ ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံကြလေသည် ။



တနိုင်ငံလုံးက လူအများ လမ်းမပေါ်သို့ ထွက်လာသည့် အခါ နတ်များက လက်နက်မိုးများ ရွာချ၍ ခန္ဓာကိုယ်ကို လက်နက်တို့ ထိမှန်ခြင်းကြောင့် တတိုင်းပြည်လုံး သွေးများ ဖုန်းလွမ်းကာ ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်တို့နှင့် မသေမရှင် ဖြစ်ကာ ဒုက္ခဆိုးကြီးကို ခံစားကြရလေသည် ။ ထို့နောက် ထိုမသေမရှင် ဖြစ်နေသော လူအများပေါ်သို့ ကျောက်ခဲမိုးကြီး ရွာချကာ စိစိညက်ညက် ကျေအောင် သုတ်သင်ကြပြန်သည် ။ ထို့နောက် မီးကျီးခဲမိုးရွာချကာ လူသေ အလောင်းတို့၏ ခန္ဓာကိုယ်အား မီးလောင်ကျွမ်းစေပြန်သည် ။ထို့နောက် သဲမိုး ရွာသွန်း၍ တနိုင်ငံလုံး သဲများ ဖုံးလွှမ်းကာ ထိုတိုင်းပြည်ကြီး ပျက်စီးသွားလေသည် ။



ပညာဥာဏ် နည်းပါးသော လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဟု ထင်တတ်ကြသည့် အပြင် ထိုမှားယွင်းမှုများ အမှန်ထင်၍ အင်မတန်မှ တန်ဖိုးထားကြကာ သူတပါးအားလည်းလုပ်ဆောင်ရန် တိုက်တွန်းပြောဆိုလေ့ရှိပါသည့် အပြင် ထိုနည်းလမ်းများသည် မှားယွင်းနေသည်ဟု ပဲ့ပြင်ဆုံးမလျှင် လက်မခံချင်ကြဘဲ ရန်ရှာတတ်လေ့ရှိပါသည် ။



ကျွန်ူပ်တို့တိုင်းပြည်ကြီးတွင်လည်း အုပ်ချုပ်သူ အစိုးရသည် ပညာ ဥာဏ်နည်းပါးသည့် အပြင် သဘောထား သေးသိမ်ကာ အင်မတန်မှ ယုတ်မာရိုင်းစိုင်းသော အပြုအမူများ ဖြစ်သည့်

မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ပြန့်ပွားအောင် ဆောင်ရွက်နေကြသော သံဃာတော်များကို အသေသတ်ခြင်း ၊ ရိုက်နှက်ခြင်း ၊ ထောင်သွင်း အကျဉ်းချခြင်း

ရဟန်းရှင်လူ ပြည်သူလူထုအား ရက်ရက်စက်စက် အကြမ်း ဖက် နှိမ်နှင်းခြင်း

ပညာရေး စနစ်ကြီး တခုလုံး ဆုတ်ယုတ် ပျက်သုဉ်းအောင်ဆောင်ရွက်၍ ပြည်သူလူထု အား အသိဥာဏ် အဆိပ်ခတ်ခြင်း

တတိုင်းပြည်လုံး ဒုက္ခလွှမ်းအောင် အာဏာလက်နက်ကို ကိုင်စွဲ၍ တိုင်းပြည်ဘဏ္ဍာများအား စိတ်ကြိုက် သုံးဖြုန်းပြစ်ခြင်း

အစ ရှိသည့် ယုတ်မာသည့် လုပ်ရပ်ပေါင်းများစွာကို အတိတ်ကံ ကုသိုလ်ကံ အားကိုးဖြင့် မိုက်မဲစွာ လုပ်ဆောင်နေကြသော်လည်း သူတို့ လုပ်ဆောင်သမျှ အကျိုးပေးချိန် မကျသေးချိန် အထိ ပျားရည် ချိုမြနေကြတုန်းပင်ဖြစ်ပါသည် ။



သို့သော် သူတို့ လုပ်ဆောင်ခဲ့တဲ့ ပြစ်မှုပေါင်းများစွာ အကျိုးပေးချိန်ကြသည့်အခါတွင်မူ လွန်စွာမှပင် ဆိုးဝါးသည့် ဒုက္ခများကို ခံစားကြရမည်မှာ အမှန်ပင်ဖြစ်ပါသည် ။

သူ တို့တွေသည် အင်မတန်မှ ယုတ်မာရိုင်းစိုင်းကာ ကောက်ကျစ်သော လုပ်ဆောင်ချက်များကို ကြိမ်ဖန်များစွာ ကျူးလွန်သော်လည်း ချမ်းသာသုခ ခံစားနေရသည်ကို မြင်ရသော ပြည်သူလူထုကြီးသည် သူတို့လုပ်ရပ်အမှန်ဟု ထင်ကာ အကုသိုလ်အလုပ်များကို ပျော်ပျော်ကြီး ဆင်နွှဲကာ လုပ်ဆောင်နေသော ကျနော်တို့ တိုင်းပြည်ကြီးသည် ကုပ္မ၀တီ တိုင်းပြည်ကြီးလို နတ်များက ဒဏ်ခံခြင်း ခံရသလို မထင်ရှားသော်လည်း တစတစ နှင့် စားဝတ်နေရေး လွန်စွာ ကြပ်တည်း ကျဉ်းမြောင်းလာသည့် အပြင် ဒုက္ခမျိုးစုံကို ခါးသီးစွာ ခံစားနေရပါသည် ။





ထို့ကြောင့် ထိုသို့သော လူယုတ်မာများ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလျှင် နောင်အခါတွင် ယခုထက် ပိုမိုဆိုးဝါးသည့် ဒုက္ခများကို ခံစားရပါအုံးမည် ။ ယခုပုံ အတိုင်း ဆက်လက် သွားရင် မကြာခင် အချိန်ကာလတွင် မြန်မာနိုင်ငံဆိုသည် ကမ္ဘာမြေပုံပေါ်က ပျောက်ကွယ်တော့မည်မှာ အမှန်ပင် ဖြစ်ပါသည် ။



ထိုအာဏာရူး စစ်ဘီးလူးများ နှင့် လူယုတ်မာ အပေါင်းတို့ ခေါင်းဆောင် နေရာ ယူထားသမျှ တော့ သူတို့ရဲ့ နည်းလမ်းမှားကြီးကြောင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်သလိုဘဲ ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ဘဲ ဆက်လက် ပြိုကျ ပျက်စီးနေမည်မှာ အသေအချာပင် ဖြစ်ပါသည် ။



မြန်မာနိုင်ငံသားတို့ အနေဖြင့် တိုင်းပြည်ကို တကယ်ချစ်ကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်စေလိုသည်မှာ အမှန်ပါဟု ခံယူထားကြလျှင် မတရားမှု့ မှန်သမျှကို လက်မခံနိုင်ကြောင်း ပွင့်လင်းစွာ ပြောကြား၍ ဆန့်ကျင်ကြပါ ။ ထိုသို့မဟုတ်ဘဲ ယာယီကို ထာဝရ အမှတ်နှင့် လူယုတ်မာတို့ လုပ်ဆောင် သမျှ အားကျကာ ထောက်ခံ ၊ အနေအစားချောင်သည်ဟု ယူဆကာ သူတို့ အကြိုက် လုပ်ပြနေကြလျှင် တော့ မကြာခင်မှာ စာရိတ္တ မဏ္ဍိုင် ကြီး ယိမ်းယိုင်သော တိုင်းပြည်ကြီး မှ လူအများသည် ဆိုးရွားယုတ်မာမှု အပေါင်း သရဖူ ဆောင်းကာ တိုင်းပြည်ကြီး တခုလုံး ပြိုကျ ပျက်စီးသွားတော့မည် အနေအထားသို့ ဦးတည်ချီတက်နေကြောင်း တိုင်းပြည်အကျိုး မျှော်ကိုး၍ နိုးဆော် တိုက်တွန်းလိုက်ရပါသည်…..။





(တောင်းပန်ချက်။ ။ တရားခွေကို နားထောင်ရင်းက ပြန်လည်ရေးသားခြင်း ဖြစ်၍ စာလုံးပေါင်း မှားခဲ့ပါလျှင် သီးခံဖတ်ရှုကာ ပြင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ )







ခင်မင်လေးစားလျှက်

ဗမာ့သွေးRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အီးယူမှ ကူညီလျင် ပညာရေးနှင့် ကျန်းမာရေး ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ပြော

by Yangon PressInternational on Sunday,စက်တင်ဘာ ၁၀၊ ၂၀၁၁ (YPI)ပေးပို့ သူ-ဗမာ့သွေး
ယနေ့နံနက် ၉နာရီတွင် အီးယူ အဖွဲ့မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကော်မရှင်နာက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များအား အကူအညီပေးဖို့ ရည်ညွှန်း ပြောဆိုခဲ့သည်။



တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် “ “အလိုအပ်ဆုံး အသိုင်းအ၀ိုင်းတွေကို ဘယ်လိုကူညီရမလဲမေးတယ်။ ဒါကတော့ သူတို့မူ အရလဲဖြစ်တယ်။ ဘယ်လိုကူညီရင် ကောင်းမလဲဆိုတာ အန်တီကတော့ ဗမာပြည်အတွက် အရေးကြီးဆုံးကတော့ ခါတိုင်း ပြောနေကြလိုပါပဲ ကျန်းမာရေးနဲ့ ပညာရေးပဲ ပြောတာပေါ့” ဟုပြောကြားခဲ့သည်။



အခြားသော ဆွေးနွေးချက်များနှင့် ပတ်သက်သည့်ကိစ္စများအား အီးယူဘက်မှ သတင်းထုတ်ပြန်လိမ့်မည် ဖြစ်သည်ဟု သိရသည်။



နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ တက်ရောက်ရန် ရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းရာ သူ့အနေဖြင့် တက်ရောက်ဖို့ အစီအစဉ် မရှိသေးသလို ဖိတ်စာလည်း မရရှိသေးကြောင်း ဖြေကြားသည်။



နောက်ဆုံးတွင် အီးယူနှင့် ပတ်သက်ပြီး အီးယူနှင့်မိတ်ဆွေသဘောမျိုး ဆက်ဆံရေးရှိသည့်ပြင် ယင်းဆက်ဆံရေးမှလည်း မြန်မာနိုင်ငံအတွက် အကျိုးရှိသည်ဟု ၎င်းက ဖြေကြားသည်။



မြန်မာ အစိုးရမှ ပညာရှင်သဖွယ် ဖိတ်ခေါ်ကမ်းလှမ်းနေခြင်းအပေါ်သတင်းထောက်တစ်ဦးက နိုင်ငံရေးသမားလား ပညာရှင်လားဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ နိုင်ငံရေးသမားပါ”ဟု ဖြေကြားခဲ့သည်။



လာမည့် တနင်္လာနေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရအထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆံရန်ရှိသည် ဟုသတင်းထုတ်ပြန်ချက်များအရ သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */