“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 31, 2011

အမြတ် သေချာတဲ့ စီးပွာရေးလုပ်ငန်း

eimmet mahotpar
လက်ဘက်ရည်ဆိုင်ထိုင်ရင်း အနားက စားပွဲက ပြောနေသံကို ကြားခဲ့ရတာပါ

ကြားကြားချင်း သောက်လက်စ လက်ဘက်ရည်ပြန်မထွက်သွားအောင် မနည်းမြိုချလိုက်ရတယ်

မှန်လိုက်တာ လေ သွေးထွက်အောင်မှန်တာ

တစ်ယောက်ကစမေးတယ်

အမြတ် သေချာတဲ့ စီးပွာရေးလုပ်ငန်းရှိလား

နောက်တစ်ယောက်က ဂျာနယ်ဖတ်ရင်းဖြေတယ်

သိပ်ရှိတာပေါ့

သေချာလို့လား

သိပ်သေချာတာပေါ့

အကျိုးအကြောင်း ခိုင်လုံအောင်ပြောနိုင်လို့လား

သိပ်ပြောနိုင်တာပေါ့တဲ့

အခု ဒီနှစ် အစိုးရ ဘတ်ဂျတ်မှာ ပညာရေးနဲ့ ကျန်းမာရေး ပေါင်းမှ
ငါးရာခိုင်နှုန်းလားပဲရှိတယ်

ဆင့်ပါးစပ် နှမ်းပက်တာကမှ သာလိမ့်အုန်းမယ်

ဒီတော့ ဆေးအရောင်းဆိုင်ဖွင့် ဆေးခန်းဖွင့် တတ်နိုင်ရင် အထူကု ဆေးခန်းပါဖွင့်

မြတ်ပြီးသားပဲ တဲ့

နောက် ကျူရှင်ဖွင့် စာရေးကိရီယာဆိုင်ဖွင့် ဘော်ဒါဆောင်ဖွင့် တတ်နိုင်ရင်
ပုံနှိပ်စာအုပ်တွေပါ ရိုက်ရောင်းအုန်း

သေချာပေါက်ကိုမြတ်မှာတဲ့ အရပ်ကတို့ရေ . . .

(တစ်ယောက်က ဘာပြန်ပြောတယ်ထင်လဲ

လွယ်လွယ်ကူကူ အရင်းအမြန်ကျေပြီး

အမြဲတမ်း မြတ်တဲ့ ဘီယာဆိုင်ပဲဖွင့်မှာပေါ့တဲ့

သေဟ )Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…

http://komoethee.blogspot.com/2011/08/steve-jobs.htmlပေးပို့သူ အိမ်မက်မဟုတ်ပါ
(ချစ်လှစွာသော သူငယ်ချင်းတယောက်ထံမှ Forward Mail ပါ။ လူတယောက်ရဲ့
ဘဝတက်လမ်းအတွက် အတုယူစရာ မှတ်သားစရာ ဖြစ်တဲ့အတွက်
ပြန်လည်ဝေမျှလိုက်ပါတယ်။ ကျွန်မလည်း ဘဝအတွက်အများကြီး
ကြိုးစားနေဆဲဖြစ်တဲ့ အတွက် ဒီလိုမှတ်သားစရာတွေ

ပညာယူစရာတွေ လိုအပ်ပါတယ်။ လှေကားထစ်တွေအတွက် အားဆေးတခွက်လို့ လည်း ပြောလို့ရပါတယ်။)

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ်
ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation
Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့်
မိန့်ခွန်း

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို
တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း
ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင်
ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ

ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ
ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။
ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။
ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ
ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။

ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို
ကိုယ်ဝန်ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ
တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့
ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို မွေးစားမဲ့

မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ်
စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က
ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။
ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ”

ဆိုပြီး မွေးလိုက်တဲ့အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့
စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ
မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

“ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။
မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့
အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ
မအောင်တာကို

ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ
သဘောတူကြောင်း လက် မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး
ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ
မွေးမိခင်က စိတ်လျော့ပြီး

လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇ နှစ် အကြာမှာတော့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ကျနော်ဟာ အဆင်အခြင် ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး
စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျနော့်ရဲ့ တတ္ကသိုလ်ပညာရေး
အတွက် အခြေခံလူတန်းစား

မိဘများရဲ့ စုငွေတွေအားလုံးကို ကျနော်သုံးမိရက်သား ဖြစ်သွားပါတယ်။
နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျနော်
မထင်တော့ပါဘူး။ အဲဒီအချိန်က ကျနော့်မှာ ဘဝရည် မှန်းချက်ဆိုတာ
မရှိခဲ့ပါဘူး။

တတ္ကသိုလ်ပညာရေးကနေပြီး ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး
အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျနော်ဟာ
မိဘတွေရဲ့ တသက်စာစုငွေကို တက္ကသိုလ် မှာလာပြီး ဖြုံးနေတာပါပဲ။

ဒါနဲ့ကျနော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး
အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့
ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့
ဒီဆုံးဖြတ်ချက် ဟာ ကျနော့်ရဲ့ အကောင်းဆုံး

ဆုံးဖြတ်ချက်တခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ ချက်ချင်းပဲ မတက်ချင်ဘဲ
တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင်စရာကောင်းတဲ့
အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ် ခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျနော့်မှာ နေစရာအခန်း
မရှိတော့ပါဘူး။ ဒီတော့ ကျနော့် သူငယ် ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ
အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တပုလင်း
၅ဆင့်
ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း
ခုနှစ်မိုင်လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်း မှာ
ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။
စူးစမ်းလိုစိတ်နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို

လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ
အဖိုးမဖြတ်နိုင်တဲ့ အတွေ့အ ကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတခု ပေးပါရစေ။
အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ
တနိုင်ငံလုံးမှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တခုလုံးမှာ
ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံး
တွေနဲ့ ချယ်သထားပါတယ်။

ကျောင်းက ထွက်လိုက်ပြီဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့
ကျနော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။
စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေအကြောင်းကို
သင်ယူခဲ့ပါတယ်။

စာလုံးတလုံးနဲ့ တလုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့
လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။
ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊
သိပ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာရပ်က

ကျနော့်ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။

ဒါတွေကို ကျနော့်ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့်
မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh
ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး
သတိရလာခဲ့ ပါတယ်။ ဒီပညာရပ်ကို

အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး
စာလုံးအလှတွေသုံး တဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ
ကျနော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာမှာ အင်မတန်သေ သပ်ပြီး
အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ

ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က
စာလုံးတွေကိုပဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ
မဟုတ်ဘူးလို့တောင် ပြော ကောင်းပြောနိုင်ပါလိမ့်မယ်။ ကျနော်
ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို

တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း
ကို ကျနော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ
ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။

ကျနော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး
ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်
နိုင်ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့
ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါ တယ်။
ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို
တာကို ကျနော်တို့ မမြင်နိုင် ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို
တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ
ဖြစ်ရပ်တွေဆက်စပ်ပြီး

ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ
မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။
ကံ၏အကျိုးဆိုတာ ယုံပါ။ တခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက် ကြောင့် ကျနော်
ဂျောက်ကျခဲ့ရတယ်ဆိုတာ

ဘယ်တော့မှမရှိခဲ့ပါ။ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ
ယုံကြည်ချက်ကြောင့် ပါပဲ။
ကျနော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။
ကျနော် ကံကောင်းခဲ့ပါတယ်။ ကျနော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့
အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ် မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျနော့်
မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က
ကျနော် အသက် ၂၀ ပဲ

ရှိပါသေးတယ်။ ကျနော်တို့ ၂ ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ
၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျနော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း
၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။
ကျနော်တို့ရဲ့

အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တနှစ် လောက်
ကျနော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ ကျနော်အလုပ်က
အထုတ်ခံရပါတယ်။

ကိုယ်တိုင်တည် ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး
အထုတ်ခံရနိုင်ပါ့မလဲ။ အဲ ဇာတ်လမ်းက တော့ဒီလိုပါ။

Apple ကုမ္ပဏီကြီးပွါးလာတဲ့အချိန်မှာ ကျနော်က အင်မတန်တော်တယ်လို့
ထင်ခဲ့တဲ့ လူတယောက်ကို ကျနော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့
အလုပ်ခန့်ခဲ့ကြပါတယ်။ ပထမတနှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့
တဖြေးဖြေးနဲ့ အနာဂါတ်

အလားအလာတွေကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအ
ကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါပဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ
ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့
ဖြစ်သွားပါတယ်။

တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျနော့် ရဲ့ ဘဝ
တခုလုံးကိုပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို
ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျနော့်အတွက် အင်မတန် တုန် လှုပ်စရာ၊ ကြေကွဲစရာ
ဖြစ်ခဲ့ပါတယ်။

လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။
တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်း ကြီးများအပေါ်မှာ ကျနော်
တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့
တာဝန်ကို ပေါ့ လျော့မိတဲ့၊

လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျနော်
David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့
ကျနော့်ကြောင့် ပြဿနာအကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန်
ခဲ့ပါတယ်။

ကျနော့်ကျဆုံးခန်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး
အရှုံးပေး ထွက်ပြေးသွားဖို့ အထိတောင် ကျနော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့
အချက်တချက်ကို ကျနော် တဖြေးဖြေးနဲ့ သတိပြုမိလာပါတယ်။ အဲဒါက တော့
ကျနော်လုပ်ခဲ့တဲ့အလုပ်ကို ကျနော်

ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်
တွေဟာ ကျနော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။
ကျနော့်ကို ကန်ထုတ်တာခံရပေမဲ့ ကျနော်က တော့ ချစ်ခင်စွဲလမ်းလျှက်ပါ။
ဒါကြောင့်လဲ ကျနော် တစ်ကနေ ပြန်စဖို့

ဆုံးဖြတ်ခဲ့ပါတယ်။

Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျနော့်ဘဝတလျှောက်လုံး
ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီ အချိန်ကတော့
ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို
ပေါ့ပေါ့ပါးပါး လူသစ်တခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။

အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကပဲ ကျနော့်ကို အနှောင်အဖွဲ့တွေက
ကင်းလွတ်ခွင့်ပေးပြီး ကျနော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။
နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။
Pixar ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန်
ပြည့်ဝတဲ့ အမျိုးသမီးတယောက်နဲ့ မေတ္တာမျှပြီး ကျနော်အိမ်ထောင်ပြု ခဲ့ပါ
တယ်။ Pixar ကတော့

ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။
ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို
ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျနော့်ရဲ့
NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျနော် Apple

ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျနော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple
ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့
ကျနော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

ကျနော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတခုမှ ဖြစ်လာမှာ မဟုတ်တာ
အတော်သေချာပါတယ်။ အလုပ် ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။
ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တခါတလေ တော့လဲ
ဘဝမှာ

ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို
မစွန့်လွှတ်ပါနဲ့။ ကျနော့်ရဲ့ ဘဝ တလျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့
ခွန်အားပေး နေခဲ့တာဟာ ကျနော့်အလုပ်ကို ကျနော် ချစ်ခင် စွဲလမ်းမှုပဲလို့
ကျနော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ

ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအ ဆိုဟာ မောင်မယ်
တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ
သက်ဆိုင်ပါတယ်။

ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။
ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီ လား၊
မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့
ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး

ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့
အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာ ကြပါ။ ရရာလေးနဲ့
မရောင့်ရဲလိုက်ကြပါနဲ့။

ကျနော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။
ကျနော်အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတခု ဖတ်ခဲ့ရပါတယ်။
မှတ်မိသလောက်ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ်
နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်” တဲ့။
ဒီစာသားက
ကျနော့်စိတ်မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး
မနက်အိပ်ရာထမှာ မှန်ကိုကြည့်ပြီး ကိုယ့်ကို ကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ
ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ
လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ

ဆက်တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တခုခုလုပ်ဖို့
လိုနေပြီလို့ ကျနော် သိလိုက်ပါတယ်။

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး
အထောက်အပံ့ကိရိယာအဖြစ် ကျနော်တွေ့ ရှိခဲ့တာကတော့ သေခြင်းတရားဟာ
လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။

ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ
ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ
သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး
တကယ့်ကို အရေးကြီးတဲ့အရာတွေသာ

ကျန်ရစ်ခဲ့ပါတယ်။

မင်းမှာလက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့
အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်း လမ်းတွေထဲမှာ ကျနော်သိတဲ့
အကောင်းဆုံး နည်းကတော့ မင်းဟာသေရတော့မှာဘဲလို့ သတိချပ်ခြင်းပါ။ မင်းဟာ ဗ
လာထီးထီး ကိုယ်ချည်းဖြစ်သွားပါပြီ။ အဲဒီတော့

ကိုယ့်နှလုံးသားရဲ့ ခေါ်ရာနောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိ တော့ပါ။

လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော့်မှာ ကင်ဆာရောဂါရှိတယ်လို့
တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက် ပါတယ်။ ကျနော့်ရဲ့
သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး
ပေါ်နေပါတယ်။ သရက်ရွက်
ဆိုတာဘာလဲဆိုတာတောင်မှ ကျနော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ
ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေ ချာတယ်လို့ ကျနော့်ကို
ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့
မျှော် လင့်ထားပါလို့ ပြောပါတယ်။

ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျနော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ
ပြောပြ ဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ်အတွင်းမှာ
အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ကျန်ရစ် သူမိသားစု
ဒုက္ခမများရလေအောင် ရှိသမျှ

ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့
နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။

တနေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျနော့်ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့
ညနေမှာတော့ အသားစထုတ်ပြီး ဆေး စစ်ခံခဲ့ရပါတယ်။ ခန္ဓာကိုယ်
အတွင်းပိုင်းကြည့် ကရိယာကို ကျနော့်လည်ချောင်း ထဲကတဆင့်
အစာအိမ်ကိုဖြတ်ပြီး အူ သိမ်ထဲကိုရောက်အောင်

ထည့်ပါတယ်။ ပြီးတော့မှ ကျနော့်ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ
အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျနော်က မေ့ဆေးနဲ့
မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို
အဏုကြည့် မှန်ဘီလူးအောက်မှာ

ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီးအော်ခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့
ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေ လို့ပါ။ ကျနော်
ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျနော် အခုနေကောင်းပါပြီ။
ဒါဟာ ကျနော့်အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။
နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက် ပိုပြီးနီးနီးစပ်စပ်
မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့
အတွက်ကြောင့် ဘွဲ့ရမောင် မယ်တို့ကို သေခြင်း

တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက်
နဲနဲပိုပြီး သေသေချာ ချာ ကျနော် ပြောနိုင်ပါပြီ။
*ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ
အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော် လည်း လူတိုင်းဟာ တနေ့တော့
သေကြရမှာပါ။*

ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။
ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ
မရဏတရား ဖြစ်စရာအကြောင်း ရှိပါ တယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့
အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရား က

ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့
အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ
နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ
မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။

ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျနော်
တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။

ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တခြားသူတွေ
နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း
နေရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အ
တွင်းစိတ်က နှိုးဆော်သံကို

သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။

*ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့
ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။* သူတို့ က မောင်မယ်တို့
အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက
သာမည အချက်တွေပါ။

ကျနော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန်
ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တခု ရှိခဲ့ဘူးပါတယ်။
ဒီစာအုပ်ဟာအဲဒီတုန်းက ကျနော်တို့တွေအတွက်တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက
တအုပ်ပေါ့။

အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့
Menlo Park မှာနေတဲ့ Stewart Brand ဆို သူပါ။ ဒီစာအုပ်ကို သူက
ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို
ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ

ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့
စာအုပ်တအုပ်လုံးက လက်နှိပ် စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid
ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို
စာအုပ် အဖြစ် ဖတ်ရသလိုပါပဲ။ ဒ်ီစာအုပ်ဟာ Google

မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။
စာအုပ်တခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့
ပြည့်နေပါတယ်။

Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth
Catalog” စာအုပ် တော် တော်များများကို
ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တတွေ
နောက်ဆုံးနှုတ်ဆက် ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။

အဲဒီအချိန်မှာ ကျနော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀
နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော
တောဘက်ကကားလမ်းလေးတခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန် ကြိုက်သူများ
ကားကြုံစီးခရီးထွက်ရာမှာ

တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေး
ထားပါတယ်။ “ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။” တဲ့။

ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျနော်
ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ ပါတယ်။ ခုဘွဲ့ရမောင်မယ်
တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ
တောင်းပေးပါ့မယ်။

“ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…”
အားလုံးကိုကျေးဇူးတင်ပါတယ်။

နေ့သစ်မှ ...Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လူလိမ်ကြီး အစိုးရ

ပေးပို့ သူ အိမ်မက်မဟုတ်ပါ ၃၀-၈-၁၁- စစ်တပ်အုပ်ချုပ်တဲ့ ကာလမှာ ဗမာကျပ်ငွေတွေကို အတိုင်းအဆမရှိ ဗရမ်းဗတာရိုက်ထုတ်တယ် ။
ပိုက်ဆံနဲ့ ကုန်ပစ္စည်း မျှခြေ ရှိနေရာက ပိုက်ဆံတွေချည်ွး အဆမတန်ပေါလာတယ် ။
ဒီတော့ လူတွေလက်ထဲမှာရှိတဲ့ ချွေးနဲစာ ပိုက်ဆံတွေ အလိုလို တန်ဖိုးကျကုန်တာပေါ့ ။
ကုန်ဈေးနှုန်း တက်လာတာပေါ့။

ဒါဘယ်သူ့ကြောင့်လဲ . ရှင်းနေတာပဲ ။

ဒါပြည်သူတွေလက်ထဲက တန်ဖိုးမျှယူလိုက်တာပဲ ။
အားမနာတမ်းပြောရရင် ဒါ . ခိုးတာပဲ ။

ဒေါ်လာဈေးတက်တယ်ဆိုတာ ၀ယ်လိုအားများလာတာကို အခြေမခံဘူး ။

ဗမာစက္ကူပိုက်ဆံတွေ နင်းကန်ရိုက်ထုတ်လို့ ဖြစ်လာရတာ ။

ွှလူလိမ်တွေကတော့ ထွက်ပေါက်ကြိုရှာထားပုံရတယ် ။
တယ်လီဖုန်း ၊ ဆိုင်ကယ် ၊ မော်တော်ကား ၊ စားအုံးဆီ ၊ ဓါတ်ဆီ စတာတွေကို
လိုင်စင်အကြောင်းပြပြီး
တမင်ဈေးကြီအောင် ကျပ်တည်းအောင် လုပ်ထားတယ် ။ မီတာခကို မြှင့်တယ် ။
တယ်လီဖုန်းပြောခကို တိုးတယ်။
မီးမလာ အောင် တမင်လုပ်တယ်။
ဒါတွေနဲ့ ပြည်သူတွေကို လူစဉ်မမှီအောင် လုပ်ထားတယ်။

အာဏာလွှဲပေးရမယ်ဆိုတော့မှ လူကြားကောင်းအောင် ဗမာငွေတန်ဖိုးရှိပါတယ်ဆိုတာ
လုပ်ပြမယ်လေ ။
ဆိုင်ကယ်တွေ သွင်းခွင်းပေးပြီး အခွန်မတရားကောက်တယ်။
(တရုပ်ပြည်မှာ တသိန်းခွဲနဲ့ စီးလို့ရတဲ့ဆိုင်ကယ်က ဒီမှာ
ခြောက်သိန်းကျော်ပေးစီးရတယ်)
ဆိုင်ကယ် ဆယ်သန်း တရုပ်ပြည်က သွင်းတယ် ဆိုပါတော့
ဆိုင်ကယ်တစ်စီး အခွန်နှစ်သိန်းရတယ်ဆိုရင် လူတွေလက်ထဲက ဗမာကျပ်ငွေ
သန်းပေါင်းသိန်းနှစ်ဆယ်
(ကုဋေပေါင်းနှစ်သိန်း) ပျောက်သွားပြီ။
လူလိမ်ကြီး အစိုးရက သာသာလေး သယ့်ယူသွားပြီ ။

နောက်ရှိသေးတယ်
ကဒ်ဖုန်း တဲ့
တယ်လီဖုန်းတွေကို ဈေးပေါပေါနဲ့ ပေးလို့ရရဲ့သားနဲ့ ကဒ်ဖုန်းဆိုတာကိုထုတ်လိုက်တယ် ။
(နံဘေးတိုင်ပြည်တွေမှာ ဖုန်းကဒ်တစ်ခုကို အခုငွေဈေးနဲ့ဆို
ကျပ်နှစ်ထောင်လောက်ပဲ ရှိမယ်)
ကဒ်ဖုန်းအားလုံး ငါးသန်းလောက် ရောင်းခဲ့ရတယ်ဆိုပါစို့
အနည်းဆုံး ဒေါ်လာသန်းတစ်ရာ စာ ဗမာငွေတွေ ဈေးကွက်ထဲက ဆွဲထုတ်သွားပြီ
အဲဒီတုန်းကပေါက်ဈေး တစ်ဒေါ်လာ တစ်ထောင့်နှစ်ရာနဲ့ဆို
ကျပ်သန်းပေါင်း တစ်သိန်းနှစ်သောင်း (ကုဋေပေါင်း တစ်သောင်းနှစ်ထောင်) ပေါ့

လွယ်လိုက်တာနော်

အဲ နောင်ပိုင်း နယ်မြေခွဲခြား ငါးသိန်းဖုန်းတဲ့
အခုတော့ ဘယ်ယူသွားသွား ငါးသိန်းတဲ့

အဲဒါဘာလုပ်တာလဲ

လူတွေ အိတ်ကပ်ထဲက ပိုက်ဆံကို ခိုးတာပဲပေါ့

ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင် သမ၀ါယမပိုင်ဆိုတာ အမှန်တော့ လူထုအများ
တိုင်းရင်းသားအားလုံးရဲ့ ပိုင်ဆိုင်မှုပါ
အဲဒါတွေကိုလည်း လူလိမ်ကြီးတွေက လက်ညိုးထိုး ရောင်စားကြပြန်တယ်
(ဗရမ်းဗတာ ထုတ်ခဲ့တဲ့ စက္ကူငွေ တွေကို ပြန်သိမ်းတဲ့နည်းလေ )

ဗမာပြည်ကြီး အခုလို အဓွန့်ရှည်အောင် တည်တန့်အောင် သွေးတွေ ချွေးတွေနဲ့
ကြိုးစားခဲ့တာ အာလုံးရဲ့ ဘိုးဘွားဘီဘင်တွေပါ

မြေပေါ်မြေအောက် သယံဇာတတွေက အားလုံးနဲ့ ဆိုင်ပါတယ်။

သဘာဝဓါတ်ငွေ့ ၊ ရေနံ ၊ ကျောက်သံပတ္တမြား ၊ ကျောက်စိမ်း ၊ ရွှေနဲ့ သတ္တုတွေ ၊
ကျွန်း သစ် ၊ စတာတွေနဲ့ ပင်လယ်ထဲက ငါးတွေပါမကျန်
လူလိမ်တွေ အပိုင်လုပ် ပါမစ်ပေး တဖြဲနှစ်ဖြဲ ပေါင်းစားကြတာ မြင်မကောင်းပါဘူး ။

နောက်ဆုံးတော့ ဗမာကျပ်ငွေတန်ဖိုးတက်တယ်ပေါ့
ဒီလိုဆို ဗမာတွေ ချမ်းသာသွားကြပြီတဲ့လား ပြောကြစမ်းပါအုံး

သူခိုးကြီးတော ဓါးပြတဲ့

အားလုံးဝိုင်းတားနေတဲ့ကြားက ဧရာဝတီကိုပါ မုဒိမ်းကျင့် ရောင်းစား
တိုင်းရင်သားအားလုံးကို ကျွန်ဇာတ်သွင်း
ဒါတွေ အတိအလင်းမြင်နေရပါပြီ

ဒီလောက် စိတ်သဘောထားကောင်းတဲ့ ပြည်သူလူထုကို ဘယ်လောက်အထိများ နှိပ်စက်ချင်ကြသေးလဲ
မင်းတို့ လူတွေမှ ဟုတ်ကြသေးရဲ့လားRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, August 30, 2011

The key

အပြည့်အစုံသတင်းဖတ်ရန်....

ဂီရိဒေသ ပြည်သူများ အသုံးပြုသော ချောင်းကို စစ်တပ်က သိမ်းပြီး သက်သာ ရံပုံငွေရှာ

News Date:8/29/2011နိရဉ္ဖ၇ာ သတင်းဌာန (ပေးပို့ သူ-ဗမာ့သွေး)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ဂီရိဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရသော မစရိုင်းချောင်းကျွန်းတွင် ပြည်သူများ အသက်မွေး ၀မ်းကျောင်းမူ ပြုလုပ်နေသော ချောင်းတချောင်းအား တပ်သက်သာ ရံပုံငွေအတွက် စစ်တပ်က သိမ်းယူသွားသဖြင့် ဒေသခံ ပြည်သူများမှာ အထူး အခက်အခဲ ကျရောက် ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။

မစရိုင်းချောင်းကျွန်းပေါ်ရှိ ချောင်းကြီးဖျား၊ ရွှေညိုမနှင့် ရွာသစ်ကေ ကျေးရွာမှ မိသားစုပေါင်း ၂၅၀ ကျော်၊ လူဦးရေ အားဖြင့် ၁၁၀၀ ကျော်ခန့်မှာ ယခုကဲ့သို့ ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ သူတို့ လုပ်စားနေသောချောင်းကို မောင်ပိုင် စီးသွားသဖြင့် ဘ၀ ၀မ်းကျောင်းရာတွင် အခက်အခဲ ကျရောက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သူတို့ရွာသားများ ကြုံတွေ့နေရသော အခက်အခဲများကို ဒေသခံ ကျောင်းဆရာ တစ်ဦးက ယခုလို ပြောသည်။

" ကျွန်တော်တို့ မစရိုင်းချောင်းကျွန်းဟာ ဂီရိဒဏ်ကို အကြီးကျယ်ဆုံး ခံခဲ့ရတဲ့ ကျောက်ဖြူမြို့နယ်က ဒေသ တစ်ခု ဖြစ်ပါတယ်။ မုန်တိုင်းတုန်းက တာတမံတွေလည်း အများကြီး ကျိုးပျက်သွားတဲ့ အတွက် ဒီနှစ်မှာလည်း စပါး မစိုက်ပျိုးနိုင် ဖြစ်နေပါတယ်။ ဒါကြောင့် ရွာသားတွေဟာ ရေလုပ်ငန်းကို အဓိက မှီခိုပြီး လုပ်ကိုင် စားသောက် နေကြရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ က တပ်ရင်း သက်သာချောင်ချိရေး ရံပုံငွေအတွက် ဆိုပြီး ရွာသားတွေ လုပ်ကိုင် စားသောက်နေတဲ့ ချောင်းရှည်ချောင်းကို သိမ်းပြီး ဘယ်ရွာသားကိုမှ ချောင်းထဲမှာ ငါးရှာ ဟင်းခူးဖို့ ခွင့်မပြုတော့ပါဘူး။ ချောင်းထဲကို လှေနဲ့ ၀င်မိရင်လည်း ရိုက်တာ ပုတ်တာ ဆဲဆို ကြိမ်းမောင်းတာကို ခံကြရပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ စစ်တပ်က အဆိုပါ ချောင်းကို သိမ်းပြီး တပ်ရင်း သက်သာအတွက် အလုပ် လုပ်ကိုင်နေသည်မှာ ဇွန်လကုန်- ဇူလိုင်လ လဆန်းပိုင်းက စပြီး ဖြစ်ကြောင်း သူက ပြောသည်။

" ရက်ကတော့ မမှတ်မိတော့ပါဘူး။ ဇွန်လကုန်ပိုင်းမှာ ပို ဖြစ်ဖို့များပါတယ်။ ခလရ ၃၄ က တပ်ကြပ်ကြီး ဦးသိန်းဟန်က ဦးစီးပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ချောင်းကတော့ မိုင်အားဖြင့် မသိဘူး။ လက်လံအားဖြင့် ၁၄၀၀ ကျော်ရှိပါတယ်။ ကျွန်းပေါ်က ငါးအများဆုံး နေတဲ့ချောင်း ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

စစ်တပ်က ချောင်းကို သိမ်းပြီး တစ်ဦးတည်းပိုင် လုပ်ကိုင်နေသဖြင့် ငါးရှာ ဟင်းခူသူ ကျေးရွာသားများနှင့် ပြဿနာများလည်း မကြာခဏ ဖြစ်ပွားမူများ ရှိသဖြင့် ကျေးရွာသားများက ကျောက်ဖြူ မြို့နယ်နှင့် ခရိုင် တာဝန်ရှိသူများသို့ တိုင်ကြားသော်လည်း စစ်တပ်ကို မည်သူမျှ ကျော်လွန်၍ မရဘဲ ဖြစ်နေကြောင်း တခြား ဒေသခံ တစ်ဦးက ပြောသည်။

" ကျွန်တော်တို့ တိုင်တဲ့ အတွက် ကျောက်ဖြူက ငါးလုပ်ငန်း၊ မြေစာရင်း၊ ဆည်မြောင်းစတဲ့ ဌာနတွေက တာဝန်ရှိသူတွေ လာရောက် စစ်ဆေးပါတယ်။ သူတို့က စစ်တပ် အနေနဲ့ ဒီလို မလုပ်ဖို့ စစ်တပ်နဲ့ ညှိနိုင်းပါတယ်။ ဒါပေမယ့် စစ်တပ်က လက်မခံတဲ့ အတွက် ဖြေရှင်းလို့ မရခဲ့ပါဘူး။ အခု ရွာသားတွေကိုပါ ဒီချောင်းကိစ္စ ပြဿနာ လုပ်ရင် အပြစ်ပေးမယ်လို့ စစ်သားတွေက ကြိမ်းမောင်းထားတဲ့ အတွက် ရွာသားတွေက ဘယ်သူကိုမှ မပြောရဲ မတိုင်ရဲဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

မစရိုင်းချောင်းကျွန်းပေါ်တွင် ရွှေညိုမ၊ ချောင်းကြီးဖျားနှင့် ရွာသစ်ကေ အပါအ၀င် ရွာပေါင်း (၆) ရွာ တည်ရှိပြီး ယမန်နှစ်က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင်း အိမ်များ၊ စာသင်ကျောင်းများ ပျက်စီးသွားပြီး တာတမံများလည်း ပြိုပျက်သွားခဲ့သည်။ ကျိုးပျက်သွားသော တာတမံကို ကျေးရွာသားများမှ Save The Children အန်ဂျီအို နှင့် ပေါင်းကူးလူယ်ငယ်များ အဖွဲ့ (ကျောက်ဖြူ) အကူအညီဖြင့် တာတမံများကို ပြန်လည် ဆည်ဖို့ခဲ့သည်။

သို့သော်လည်း ယခုနှစ် ဇူလိုင်လက မိုးကြီးပြီး ဒီရေလိုင်များ တက်လာသဖြင့် တာတမံများမှာ ပြန်လည် ကျိုးပျက်သွားခဲ့သည်။ သို့အတွက် ရွာသားများမှာ ယခုနှစ်တွင် စပါး မစိုက်ပျိုးနိုင်တော့ဘဲ ကြုံသလို ကျဘမ်း လုပ်ကိုင်ပြီး နေထိုင် စားသောက်နေကြရသည်။

ယခုကဲ့သို့ လေဘေးသင့် ပြည်သူများ အခက်အခဲများနှင့် စားစရာ မရှိ၊ ၀တ်စရာ မရှိ၊ နေစရာ မရှိ ဒုက္ခပင်လယ်ဝေနေချိန်တွင် စစ်တပ်မှ တခါလာပြီး တပ်ရင်း သက်သာ အတွက် သူတို့ လုပ်ကိုင် စားသောက်နေသော ချောင်းကို သိမ်းကာ ငါးရှာခွင့် ပိတ်လိုက်သဖြင့် အဆိုပါ ဒေသများ ပြည်သူများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင် ဖြစ်ပေါ်နေကြရခြင်း ဖြစ်သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန် ဝန်ကြီးချူပ်သစ် ရွေးလိုက်ပြီ

ဘီဘီစီ သတင်းဌာန ။ ။ 29-08-2011
ဂျပန်ဝန်ကြီး ချုပ်သစ် ယိုရှီဟီကို နိုဒါ အနေနဲ့ စိန်ခေါ်မှု တွေ အများကြီး နဲ့ရင်ဆိုင် ရဖို့ ရှိဂျပန် နိုင်ငံမှာ ၅နှစ် ကာလ အတွင်း ၆ ယောက်မြောက် ဝန်ကြီးချုပ် အဖြစ် မစ္စတာ ယိုရှီဟီကို နိုဒါ ကို ရွေးချယ် လိုက်ကြပါပြီ။

သူဟာ နိုင်ငံရေး အရရော စီးပွားရေး အရပါ စိန်ခေါ် မှုတွေ အများကြီး နဲ့ ရင်ဆိုင် ရဖို့ ရှိနေ ပါတယ်။အခု ဝန်ကြီးချုပ် အသစ် အဖြစ် ရွေးချယ် ခံလိုက်ရ တဲ့ ယိုရှီဟီကို နိုဒါ ဟာ လက်ရှိ ဘဏ္ဍာရေး ဝန်ကြီး လည်း ဖြစ်ပါတယ်။သူ့အနေနဲ့ အာဏာရ ဒီမိုကရက် ပါတီ DPJ ကို ပြည်သူ လူထု အတွင်း ယုံကြည်မှု ရအောင် ပြန် တည် ဆောက်ဖို့၊ ပါတီ အတွင်း စည်းလုံး ညီညွတ်ရေး ပြန် တည်ဆောက် ဖို့တွေ အပြင် ငလျင်နဲ့ ဆူနာမီ ဒဏ် ခံရ ပြီး ကတည်း က အကြီး အကျယ် ထိခိုက် နေတဲ့ ဂျပန် စီးပွားရေး ကို နလန်ထူ အောင် ထိန်းကျောင်း ရမယ့် အခက်အခဲ တွေကို ရင်ဆိုင်ရမှာ ပါ။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သူလျှိုလုပ်ပေးသည့် တရုတ် တာဝန်ရှိသူများကိစ္စ ပေါက်ကြား

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 29 သြဂုတ် 2011
တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ သူလျှိုအများအပြားကို အရေးယူရမယ်ဆိုရင် အရှက်ရစရာ ဖြစ်မှာစိုးတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်အတွင်း အပြစ်ပေးတာမျိုးတွေ မလုပ်နိုင်ခဲ့ဘူးလို့ လူသိရှင်ကြား ထွက်ပေါ်လာတဲ့ ဗွီဒီယို မှတ်တမ်းတွေမှာ တရုတ်စစ်ဗိုလ်ချုပ် တယောက်က ပြောဆိုလိုက်ပါတယ်။

အစိုးရ တာဝန်ရှိသူတွေကြား သီးသန့်တွေ့ဆုံမှု ဖြစ်ပုံရတဲ့ ဆွေးနွေးပွဲ တခုအတွင်း ဗိုလ်ချုပ် ဂျင်ယင်နန် (Jin Yinan) ပြောဆိုထားတဲ့ မှတ်တမ်းတွေကိုတော့ ဗွီဒီယိုတွေကို အပြန်အလှန် ဝေမျှ ကြည့်ရှုကြတဲ့ အင်တာနက် စာမျက်နှာ YouTube ပေါ်မှာ ထွက်ပေါ်လာတာပါ။

တရုတ်နိုင်ငံက YouTube စာမျက်နှာတွေပေါ်မှာတော့ ဒီမှတ်တမ်းတွေကို ဖယ်ရှားလိုက်ပေမဲ့ ပြည်ပမှာတော့ ဆက်လက်ကြည့်ရှုလို့ ရနေဆဲလည်း ဖြစ်ပါတယ်။

ဒီအထဲက ဗွီဒီယိုမှတ်တမ်း တကွက်မှာတော့ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်းဖြစ်တဲ့ လီဘင်း (Li Bin) ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးလိုက်တာကို ဗိုလ်ချုပ် ဂျင်က ဆွေးနွေးထားတာ ပါဝင်ပါတယ်။

သံအမတ်ကြီးဟောင်းဟာ တောင်ကိုရီးယား တာဝန်ရှိသူတွေကို လျှို့ဝှက် သတင်းအချက်အလက်တွေ ပေးအပ်တာတွေ ရှိခဲ့ပေမဲ့ ဒီကိစ္စကို ရုံးတင် အရေးယူမယ်ဆိုရင် အရှက်တကွဲ အကျိုးနည်း ဖြစ်မယ့်အကြောင်း သူက ပြောထားတာပါ။

တရုတ်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်မှာ အကြီးအကဲဟောင်း တာဝန်ယူခဲ့သူ ခန်းရီဇင်း (Kang Rixin) ဟာဆိုရင်လည်း တိုင်းပြည်က နျူကလီးယား စွမ်းအင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက် အချက်အလက်တွေကို ရောင်းစားရာမှာ ပတ်သက်မှု ရှိတယ်လို့လည်း ဗွီဒီယိုထဲမှာ ပြောခဲ့ပါတယ်။ နျူကလီးယား အစီအစဉ် အကြီးအကဲဟောင်းဟာလည်း ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ အကျင့်ပျက် ခြစားမှုနဲ့ ထောင်ချခံထားရပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂဒါဖီ ဇနီးနဲ့ သားသမီးတွေ အယ်လ်ဂျီးရီးယားမှာ ခိုလှုံ

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 29 သြဂုတ် 2011 (ပေးပို့ သူ-ဗမာ့သွေး)
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ဇနီးနဲ့ ကလေး ၃ ယောက်ဟာ တနင်္လာနေ့မှာ အယ်လ်ဂျီးရီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။ သူတို့ကို အယ်လ်ဂျီးရီးယား အာဏာပိုင်တွေက လစ်ဗျားကို နောက်ပိုင်းမှာ လွှဲပြောင်းပြီး အပ်နှံပေးဖို့ လစ်ဗျား အတိုက်အခံ သူပုန်တွေက တောင်းဆိုခဲ့ကြပါတယ်။

မစ္စတာ ဂဒါဖီရဲ့ ဇနီးဖြစ်သူ ဆဖီယာ (Safiya)၊ သမီး အီရှာ (Aisha) နဲ့ သား ၂ ယောက်ဖြစ်တဲ့ မိုဟာမက် (Mohammad) နဲ့ ဟန်နီဘောလ် (Hannibal) တို့ဟာ အယ်လ်ဂျီးရီးယားနိုင်ငံကို ကားနဲ့ လာရောက်ခဲ့တယ်လို့ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

မစ္စတာ ဂဒါဖီရဲ့ သားသမီးတွေနဲ့အတူ သားမက်၊ ချွေးမနဲ့ မြေးတွေပါ အတူ လိုက်ပါလာကြတယ်လို့လည်း ပြောပါတယ်။

ဒီလို ရောက်လာကြတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုရော၊ လစ်ဗျား အတိုက်အခံတွေရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (TNC) ကိုပါ အကြောင်းကြားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အာဏာပိုင်တွေက ပြောပါတယ်။

မြောက်အာဖရိက ဒေသက လစ်ဗျားရဲ့ တဦးတည်းသော အိမ်နီးချင်းဖြစ်တဲ့ အယ်လ်ဂျီးရီးယားက လစ်ဗျား အတိုက်အခံ TNC အဖွဲ့ကို အသိအမှတ်မပြုဘဲ မစ္စတာ ဂဒါဖီကို ထောက်ခံနေတဲ့အပြင် ကြေးစား စစ်သားတွေကိုပါ စေလွှတ်ခဲ့တယ်လို့ အတိုက်အခံ သူပုန်တွေဘက်က အရင်တုန်းက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျီးရီးယားက ဒါကို ငြင်းဆိုပါတယ်။

လစ်ဗျားခေါင်းဆောင် မစ္စတာ ဂဒါဖီနဲ့အတူ သူ့ရဲ့သားတွေ အခုထိ ဘယ်မှာရှိနေတယ် ဆိုတာကို ဘယ်သူမှ မသိကြသေးပါဘူး။

သားတယောက်ဖြစ်တဲ့ ခါမစ်စ် (Khamis) ဟာ စနေနေ့ ထရီပိုလီ (Tripoli) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အတိုက်အခံ ထိပ်တန်း အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ အခုထက်ထိ အတိအကျ ဘယ်သူမှ မသိသေးပါဘူး။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံမှာ အင်တာနက် အတန်အသင့် ပွင့်လာ

2011-08-29 RFA (ပေးပို့ သူ-ဗမာ့သွေး)
ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ပြည်တွင်းမှာ အရင်က ပိတ်ဆို့ထားတဲ့ အင်တာနက်စာမျက်နှာ တချို့ကို ပုံမှန် ဖွင့်ကြည့်လို့ ရနေပြီလို့ အင်တာနက် သုံးစွဲသူတွေရဲ့ သတင်းတွေအရ သိရပါတယ်။
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ပိတ်ထားခဲ့တဲ့ YouTube အပါအဝင် blog အင်တာနက် စာမျက်နှာတွေကို တိုက်ရိုက် ဖွင့်ကြည့်လို့ ရနေတယ်လို့ ရန်ကုန်မြို့က အင်တာနက် သုံးစွဲသူတဦးက အာအက်ဖ်အေကို ပြောပါတယ်။

ဆက်လက်ပြီး တားမြစ်ထားတဲ့ အင်တာနက်ဝက်ဘ်ဆိုက်ဒ်တွေ ကြည့်ရှုခွင့် ပေးလာတဲ့နေရာမှာ အသိပညာ ဗဟုသုတနဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုဒ်တွေကို ဖွင့်ပေးဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ရုပ်ရှင်၊ ဒီဇိုင်း၊ ကွန်ပြူတာ စသဖြင့် ဘာသာရပ်မျိုးစုံနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို အင်တာနက်ကတဆင့် လေ့လာနိုင်ကြမှာဖြစ်ကြောင်း စောစောက အင်တာနက် သုံးစွဲသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ကို မြန်မာ့ဆက်သွယ်ရေး MPT နဲ့ ရတနာပုံ တယ်လီပို့ တို့ကသာ ထိန်းချုပ်ထားတာပါ။ အခု အင်တာနက် အတန်အသင့် ပြန်ပွင့်လာတယ် ဆိုရာမှာ ကြည့်လို့ရတဲ့ စာမျက်နှာချင်း တခုနဲ့တခု မတူဘဲ တချို့ကို MPT လိုင်းက ကြည့်လို့ရပြီး တခြား စာမျက်နှာတွေကို ရတနာပုံ တယ်လီပို့လိုင်းကနေ ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် စတင်သုံးစွဲတဲ့ ၂ဝဝဝ ပြည့်နှစ်ကတည်းက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်တာနက်စာမျက်နှာ၊ ပြည်ပ သတင်းမီဒီယာတွေရဲ့ အင်တာနက် စာမျက်နှာတွေကို သွားရောက် ကြည့်ရှုလို့ မရအောင် စစ်အစိုးရက တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့ပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဘတ်ဂျက်စစ်ဆေးရေး ဖွဲ့စည်းဖို့အဆို လွှတ်တော်မှာ ပယ်ချ

2011-08-29 RFA (ပေးပို့ သူ-ဗမာ့သွေး)
နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှု စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆိုတရပ်ကို ဒီမိုကရေစီ အင်အားစု လွှတ်တော်အမတ်တွေက လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပေမယ့် ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
အမတ်အများစုက ကန့်ကွက်ခဲ့ တာကြောင့် ပယ်ချခံရတယ်လို့ သိရပါတယ်။

အဆိုတင်သွင်းတဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ဘတ်ဂျက်လိုငွေ ပြတာ၊ သုံးစွဲတာနဲ့ ပတ်သက်ပြီး အချိန်ကာလ တရပ်အတွင်း ပြန်လည် ဖြည့်တင်းနိုင်အောင် ထိန်းချုပ် စောင့်ကြည့်သွားမယ့် အဖွဲ့တရပ် ဖွဲ့စည်းဖို့ အဆိုတင်ခဲ့ပေမယ့် ဝိုင်းဝန်းကန့်ကွက်တဲ့ဒဏ်ကို ခံလိုက်ရတယ်လို့ အာအက်ဖ်အေကို ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ခွဲဝေ သုံးစွဲနေသလဲ ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေးခွင့် မရဘူးလို့လည်း သိရပါတယ်။

အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ အမတ်တွေ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို အစိုးရသတင်းစာတွေမှာ ဖော်ပြခွင့်မရဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အမတ်တွေက ပြောဆိုနေကြပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တောင်ယာစောင့် ရွာသား ၃ ဦးအား မြန်မာစစ်တပ်ပေါ်တာဆွဲ ချောက်ထဲ၌သတ်ပစ်

တနင်္လာနေ့၊ သြဂုတ်လ 29 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာစစ်တပ်ချောဆွဲသွားစဉ်ကတည်းကပျောက်ဆုံး နေသော ရွာသား ၃ ယောက်အား ၎င်းတို့တပ်ဆုတ် ပြန်ပြီး နောက်ပိုင်း ဆွေမျိုးများ သွားရောက်ရှာဖွေရာ ချောက်ထဲ၌ အရိုးစုများတွေ့ရှိခဲ့ကြောင်း သျှမ်းပြည် အလယ်ပိုင်း မှလာသော သတင်းအရ သိရသည်။

“ကျိန်းလိန်အုပ်စုက ရွာသား ၂ ယောက်နဲ့ ဝမ့်ဝပ်အုပ်စုက ရွာသား ၁ ယောက်ကို ခမရ ၅၁၃ ၊ ခလရ ၂၈၆ နဲ့ ၆၄ တို့ ပူး ပေါင်းစစ်ကြောင်း က ချောဆွဲသွားတာ။ အဲ့ကတည်းကစပြီး ရွာသား ၃ ယောက် ပေါ်မလာ တော့ဘူး။ ဆွေမျိုးတွေလဲ လိုက်မမေးရဲကြဘူး။ ဗမာတွေစခန်းရုပ်ပြန်သွားမှ သွားရှာကြတာ စခန်းနဲ့ ကိုက် ၁၀၀ လောက် အကွာ ချောက်ထဲမှာ သူတို့ ၃ ယောက်ရဲ့ အရိုးစုတွေတွေ့ရတယ်” ဟု ကျေးသီး မြို့ကကုန်သည်တဦးကပြော သည်။


ဂျူလိုင်လ ၁၈ ရက်က ကျေးသီးမြို့နယ် ကျိန်းလိန်အုပ်စု ဝမ့်နမ့်မော်ရွာ မြောက်ဖက် လွယ်ဆုန်းမတ် မိုက်ဟုန်း ဖက် တပ် စခန်းချသော မြန်မာစစ်တပ် ခမရ ၅၁၃ က ကျိန်းလိန်အုပ်စု နမ့်မော်ရွာသား ဆန်လုံ ( အသက် ၄၈ နှစ်) ၊ ဆန်ထွန်း (အသက် ၄၉ နှစ်) နှင့် ဝမ့်ဝပ်အုပ်စု နမ့်တက် ရွာသား လုံးလုံစွန်း (အသက် ၅၄ နှစ်)အား ချောဆွဲ ခေါ်ယူသွားရာသတ်ဖြတ် ၍ ချောက်ထဲသို့တွန်းချထားခြင်းဖြစ်ကြောင်းသေဆုံးသူ တဦး ၏ အသိုင်းအဝိုင်းကဤ ကဲ့သို့ပြောပြသည်။

“ ကျနော်တို့အကို ယာသွားစောင့်ရင်းနဲ့ ချောဆွဲခံရတာ ဂျူလိုင်လကတည်းကဘဲ။ ပြန်မလာတော့ လဲလိုက်မရှာ ရဲကြဘူး။ ဗမာစစ်တပ်တွေက အဲဒီဘက်မှာရှိနေတယ်လေ။ ဒီလ ၂၅ ရက်ကြာသပတေး နေ့တုန်းက သူတို့ စခန်းဖြုတ်တပ်ဆုပ်သွား ပြီးပြီးချင်း ကျနော်တို့ သွားရှာကြတယ်။ ဟိုးချောက် ထဲမှာ အလောင်း ၃ လောင်းရဲ့ အရိုးစုတွေ။ သူတို့စီးထားတဲ့ ဖိနပ် တောင် မကျွတ် မပျက်သေးဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြန်လည်ပြော ပြသည်။

အဆိုပါ လွယ်ဆုန်းမတ်မိုက်ဟုန်း ရှိ မြန်မာတပ်စခန်းမှာ ကျိန်းလိန်အုပ်စု ဝမ့်နမ့်မော်ရွာနှင့် ၂ မိုင်ခန့်အကွာ တွင်ရှိ ပြီး ၎င်း အရိုးစု ၃ ယောက်မှာ လွယ်ဆုန်းမတ်မိုက်ဟုန်း တပ်စခန်း၏ အရှေ့ဖက် ကိုက် ၁၀၀ ခန့်အကွာ ချောက်ထဲ၌တွေ့ရကြောင်း ၎င်းက ပြောသည်။


အဆိုပါ တပ် ၃ တပ်နှင့်ပါတ်သက်၍ ကျိန်းလိန်ဒေသခံတဦးကလည်း “ ဒီ ၃ တပ်ရဲ့ဆိုးမှု မိုက်မှုကတော့ ထိပ်ဆုံး ကဘဲ။ တပတ်ထဲမှာဘဲ ကျနော်တို့ရွာက နွား ၂ ကောင် ပစ်စားတယ်။ ရွာထဲဝင်ပြီဟေ့ ဆိုရင် တွေ့တာ ယူတော့ တာ။ တကယ်ပြော တာ။ မိန်းခလေးတွေရဲ့ ထမီတောင် နဲနဲသစ်သစ်လွင်လွင်ရှိရင် ယူတာ။ ဘာမှ မချန်ဘူး” ဟု ပြော၏။

၎င်းနှင့်ပတ်သက်၍လည်း ရပ်ရွာအကြီးအကဲတဦးက - ပင်လုံအခြေစိုက် ခမရ ၅၁၃ က တာ့ဆမ်ပူး၊ ကုန်းနင်၊ မိုင်းခန်၊ တူယားရွာများ သားများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို လုယက်ဓါးပြတိုက်ယူခြင်း ၊ မိုင်းနောင် ခလရ ၂၈၆ က မိုင်းနောင်မြို့ နယ်ခွဲတွင် ကျေးလက်ရွာသူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ ကျွဲနွားများသတ်စားခြင်း၊ လဲချား ခလရ ၆၄ ကမူ လဲချား ဈေးအတွင်းရွာသားအားထိုးကြိတ် ရိုက်နက်စစ်ဆေးသောကြောင့် အဆိုပါတပ်များအား ရွားသားများက ကြောက်လန့်နေ ကြသည်ဟု ပြောပါသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ထားဝယ်ဆိပ်ကမ်း စီမံကိန်းကြောင့် ရွာ ၅ ရွာ အရင်ဆုံး ပြောင်းရွှေ့ရမည်

တနင်္လာနေ့၊ သြဂုတ်လ 29 ရက် 2011 ခုနှစ် စောခါးစူး သတင်း - ကေအိုင်စီ (ပေးပို့ သူ-ဗမာ့သွေး)
တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက် လုပ်ရေး စီမံကိန်းကြောင့် ထားဝယ်မြို့နယ်တွင်းရှိ နဘူးလယ်ကျေး ရွာအုပ်စုရှိ ရွာ ၅ရွာ ပထမဆုံး အသုတ်အနေနှင့် ပြောင်းရွှေ့ခံရတော့မည်ဟု ထားဝယ်ဒေသခံများက ပြောသည်။

ထားဝယ်ဆိပ်ကမ်း စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသောကြောင့်ဟု ဆိုကာ ပြောင်းရွှေ့ရန် သြဂုတ်လအတွင်း က အစိုးရနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က အဆိုပါ ရွာများသို့ သွားရောက်အသိပေး ခဲ့သည်။ သို့သော် မည်သည့်ရက်လ အတွင်း အပြီးအပိုင် ပြောင်းရွှေ့ရမည်ကိုမူ အချိန်ကန့်သတ်ထားခြင်း မရှိသေးကြောင်း ထားဝယ်ဒေသခံတဦးက ပြော သည်။

“ရွာတွေကို ပေါင်းပြီး တစုတည်းပဲ ပေါင်းထားမယ်။ (နေရာသစ်မှာ) အုတ်ကာ သွပ်မိုး၊ နောက် သစ်သား အိမ်တွေ ဆောက်ပေးမယ်ပေါ့။ သူတို့(ကုမ္ပဏီနှင့် အစိုးရအာဏာပိုင်) က အိမ်နံပါတ်တွေလာတပ်ပေးနေ ပြီ။”ဟု ပြောသည်။

နဘူးလယ်ကျေးရွာ အပါအ၀င် ပရဒတ်၊ ထိန်ကြီး၊ လွဲရှောင်နှင့် မူဒူးကျေးရွာများကိုနဘူးလည်ကျေးရွာ အုပ်စု နယ်မြေ အတွင်းရှိ ဘာဝရွာနှင့် ဘာဝဆိပ်ကမ်းအကြားသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

ထိုဒေသကို သွားရောက်ခဲ့သည့် ဒေသခံ သတင်းထောက်တဦးဖြစ်သူ စောအယ်နာက “အဲဒီရွာသားတွေ ပြောင်းရွှေ့ လိုက်ပြီဆိုရင် သူတို့အတွက် လုပ်ကိုင်စားသောက်ရတာ အခက်အခဲတွေ့မယ်။ဘာဖြစ်လဲ ဆိုတော့ သူတို့ အလုပ်လုပ် ဖို့ မြေကွက်တွေ မရှိတော့ဘူးလေ။”ဟု ပြောသည်။

ထိုဒေသခံများသည် အများအားဖြင့် ဓနိ၊ ထန်း၊ ရာဘာ၊ နာနတ်နှင့် သီဟိုဠ် စသည့်ဥယျာဉ်ခြံလုပ်ငန်းများ ကို အဓိက လုပ်ကိုင်လျှက်ရှိသည့်အပြင် ငါးဖမ်းလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့နယ်တွင် မြန်မာ၊ ကရင်နှင့် မွန် ဒေသခံရွာပေါင်း ၃၀ကျော် ပြောင်းရွှေ့ရဖွယ်ရှိသည်ဟုလည်း စောအယ်နာက ပြောသည်။

ယခုကဲ့သို့ အစောဆုံးအသုတ်အနေနှင့် ရွာ ၅ရွာကို ပြောင်းရွှေ့ရန် အစိုးရနှင့် ကုမ္ပဏီတို့ကစီစဉ်နေသော် လည်း ဒေသ ခံများ၏ ဆုံးရှုံးမှုများအား လျော်ကြေးပေးရေးနှင့် မည်သည့်လျော်ကြေးပမာဏ ပေးမည်ကို မသိရသေးပေ။

ထားဝယ်ရေနက်ဆိပ်ကမ်းကို ဘန်ကောက်အခြေစိုက် Italial-Thai Development က ထိုင်းဘတ်ငွေ ၄၀၀ ဘီလျံ ကျော် ရင်းနှီးမြုပ်နှံထားပြီး စီမံကိန်းနေရာကို ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာရောက်လေ့လာ ခဲ့သည်။ ၂၀၀၈ခုနှစ်၊ မေလတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရတို့ကနားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။

ထားဝယ်ဆိပ်ကမ်း စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သင်္ဘောတည်ဆောက်ရေး၊ စက်မှုဇုံနယ်မြေများ တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံ ချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိ စက်ရုံ၊ လျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ကန်ချနဘူရီ(ထိုင်းနိုင်ငံ) အဝေးပြေးကားလမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်း၊ ကားလမ်းနှင့်ရထား လမ်းတစ်လျှောက် ရေနံပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြစ်ဆုံအရေး လက်မှတ်ထိုး တောင်းဆိုကြမည်

လင်းသန့် Monday, 29 August 2011 16:37 (ပေးပို့ သူ-ဗမာ့သွေး)
ကချင်ပြည်နယ် မေခ၊ မလိခမြစ် ပေါင်းဆုံသည့်ဒေသ၌ မြစ်ဆုံဆည် စီမံကိန်းကြီး ဆောက်လုပ်နေခြင်းသည် အလွန်အန္တရာယ် များသည့်အတွက် အမြန် ဆုံး ရပ်တန့်ရန် တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း “ဧရာဝတီကို ထာဝရ ရှင်သန်စေ လို သူများ” က ပြောသည်။

တရုတ်အစိုးရပိုင် China Power Investment ကော်ပိုရေးရှင်းနှင့် မြန်မာအစိုးရ ပူးတွဲ အကောင်အထည်ဖော်နေသော ထိုစီမံကိန်း ရပ်တန့်ရေးကို လိုလားသူ အများအပြားက လက်မှတ်ထိုး ထောက်ခံနေကြသည်ဟု ဆိုသည်။

“ကျနော်တို့ က သမ္မတဦးသိန်းစိန်ဆီကို စာကတော့ တင်ပြီးသွားပါပြီ။ အဲဒီနောက်ဆက်တွဲ လက်မှတ်ထိုးထားတာတွေက ရန်ကုန်တခွင်မှာတောင် ထောင်ချီ ရှိလာပါပြီ။ အခု နယ်တွေ ဖြန့်ထားတာတွေ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ခက် နေတာတွေကြောင့် မရောက်သေးတာတွေလည်း ရှိပါတယ်။ အခု လက်မှတ်ရေးထိုးမှုက အရှိန် အတော်ရနေပါပြီ” ဟု ဦးဆောင် လှုပ်ရှားနေသူ တဦး ဖြစ်သည့် ကိုမြတ်သူက ဧရာဝတီကို ပြောသည်။

ဒေသအသီးသီးမှ စုဆောင်းရရှိသည့် လက်မှတ်များကို စာတိုက်ကြီးမှ တဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ တရားဝင် ပို့မည်ဟု ဆိုသည်။

ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန် နိုင်ငံတ၀န်းလုံး လက်မှတ်ထိုး ပူးပေါင်း တောင်းဆိုသည့် အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။

မြစ်ဆုံဆည် စီမံကိန်း ဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းတွင် လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးထွန်းမြင့်နိုင်၏ အေရှဝေါလ် ကုမ္ပဏီက ပါဝင် လုပ်ဆောင်နေကြောင်း သိရသည်။

စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ပြီး အစီရင်ခံစာ တစောင် ပြုစုခဲ့သည်။ မကြာသေးမီကမှ ထိုအစီရင်ခံစာ ပြင်ပသို့ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ငလျင်ကြောပေါ်တွင် တည်ရှိသည့် မြစ်ဆုံဆည်ကြီးသည် ရေထုကြီးမားပြီး သဘာဝ ဖောက်ပြန်မှု တခုခု ဖြစ်ပေါ်ပါက မြစ်ကြီးနားမြို့ အပါအ၀င် အနီးရှိမြို့ဒေသများ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစား ရနိုင်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားကြောင်း သိရသည်။

သို့သော် မြန်မာနှင့် တရုတ်အစိုးရတို့က အစီရင်ခံစာပါ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည့် အချက်အများ အပါ အ၀င် အရေးကြီးသည့် ဆိုးကျိုးများကို လျစ်လျူရှုပြီး ဆက်လက် ဆောက်လုပ်နေကြောင်း၊ ဧရာဝတီမြစ် ပျက်စီး ပျောက်ကွယ်မသွားရေးသည် အားလုံးအတွက် အရေးကြီးကြောင်း ကိုမြတ်သူက ပြောသည်။

“မြစ်ဆုံအလှက ကချင်ပြည်နယ်ရဲ့ သင်္ကေတဖြစ်တယ်။ ယဉ်ကျေးမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေးဆိုင်ရာ တွေ စတဲ့ အများကြီး ဆက်စပ်နေတဲ့ ကိစ္စ ဖြစ်တယ်။ ကချင်ပြည်နယ်ဒေသတင် မကဘူး။ ဆည်ဆောက်လိုက်တော့ မြစ်ရေက ထိန်းသလိုဖြစ်သွားရင် မြစ်ရေ နည်းသွားမယ်။ ပင်လယ်ဆားငန်ရေ တိုးဝင်လာမယ်။ ဧရာဝတီမြစ်ရိုးတလျှောက် မှီတင်း လုပ်ကိုင်စားသောက်သူ အားလုံး ထိခိုက်သွားမယ့် အရေးလည်း ဖြစ်နေတယ်၊ ဒါက အမျိုးသားရေး တာဝန်တရပ် ဖြစ်လာတယ်” ဟု သူက ဆက်လက် ရှင်းပြသည်။

ရုပ်ရှင်သရုပ်ဆောင်ကျော်သူ အပါအ၀င် ထင်ရှားသည့် အနုပညာရှင်များကလည်း စုပေါင်း လက်မှတ်ရေးထိုးမှုတွင် ပါဝင် လုပ်ဆောင်နေကြသည်။

သတင်းစာဆရာ လူထုစိန်ဝင်း၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ကဲ့သို့ ထင်ရှားသူများက ဧရာဝတီ မြစ်နှင့် မြစ်ဆုံရေကာတာတို့ကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲများအရေးကို စိုးရိမ်ပူပန်ကြောင်း လူသိရှင်ကြား ပြောဆိုကြသဖြင့် အများပြည်သူက ပို၍ စိတ်ဝင်စားလာသည်။

“ဒီလှုပ်ရှားမှုက တခြားသော နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မတူပါဘူးခင်ဗျ။ နိုင်ငံရေး လှုပ်ရှားမှုတွေက နိုင်ငံရေး သီးသန့်အနေနဲ့ လုပ်တာလို့ ထင်မြင်ယူဆကြတဲ့ လူတွေရှိကြတာပဲလေ။ ဒီလှုပ်ရှား မှုက ဧရာဝတီမြစ်ကြီး မတိမ်ကော မပပျောက်အောင် ပင်မအရင်းခံ မိမိရဲ့နိုင်ငံနဲ့ ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးကြတဲ့ အနုပညာရှင်တွေသာ မကပါဘူး။ အားလုံးကလည်း ထောက်ခံ လက်မှတ် ရေးထိုးပေးကြပါတယ်ခင်ဗျ” ဟု Hip Hop အဆိုတော် ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။

မကြာသေးမီက မြန်မာအစိုးရပိုင် သတင်းစာများတွင် ဧရာဝတီမြစ်ဆုံဆည် ကိစ္စနှင့် ပတ်သက်၍ ကာကွယ် ရေးသားလာကြသည်။ စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားလာမည်ဟု ဆိုပြီး စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်မည်ဟု ဆိုသည်။

“အစိုးရက ဖွံ့ဖြိုးရေးအတွက်၊ အလုပ်အကိုင် အခွင့်အလမ်း စတာတွေအတွက်လို့ ပြောပေမယ့် ကျနော်တို့ကတော့ ပြည်သူတွေဘက်က စိုးရိမ်ပူပန်တဲ့ အကြောင်း ကို လက်မှတ်ထိုး တင်ပြတဲ့အပိုင်းကို လုပ်နေတာပါ။ ဒီရဲ့ ဆိုးကျိုးတွေ ကို ပညာရှင်တွေက ထောက်ပြထားတာတွေနဲ့ ပတ်သက်ပြီး မသိသေးသူတွေကိုလည်း သိအောင်၊ သိပြီးသားသူတွေကလည်း ပူးပေါင်း ပါဝင်ဖို့ လိုတယ်” ဟု ကိုမြတ်သူက ပြောသည်။

ဧရာဝတီတွင် စုစုပေါင်း ဆည် ၈ ခု တည်ဆောက်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများက ၂၀၀၇ ခုနှစ် ကတည်းက သဘောတူခဲ့ကြသည်။ ထို ဆည် ၈ ခု မှ ရေအားလျှပ်စစ် ထုတ်ယူကာ တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

မြစ်ဆုံဆည်ကြီးသည် အဆိုပါ ဆည် ၈ ခုထဲတွင် အကြီးဆုံးဖြစ်ပြီး တည်ဆောက် ပြီးစီးသွားလျှင် ဧရာဝတီမြစ်ကြီး၏ မူလ အစ ပြောင်းလဲသွားမည်ဟု လက်မှတ်ရေးထိုးသူ တဦးက ဧရာဝတီကို ပြောသည်။

“မေခ မလိခ မြစ်ဆုံဆိုတာ ပျောက်ကွယ်သွားပြီး မြစ်ဆုံဆည်ကြီးကနေ ဧရာဝတီက မြစ်ဖျားခံတယ် ဆိုတာ ဖြစ်လာမယ်။ ဒါကလည်း တရုတ်ဘက်ကို ဖြစ်ထွန်းမှု လျှပ်စစ်ဓာတ်အားတွေ ရောင်းမှာ ဆိုတော့ တရုတ်အစိုးရပိုင် ဖြစ်သွားမယ့်သဘောပေါ့၊ ဧရာဝတီရဲ့ မြန်မာ့ယဉ်ကျေးမှုကို တရုတ်အစိုးရ လက်ထဲ ၀ ကွက်အပ်လိုက်သလို ဖြစ်နေတာ” ဟု လက်မှတ်ရေးထိုးမှုတွင် ပါဝင်သည့် အမည်မဖော်လိုသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။

မြစ်ဆုံဆည်စီမံကိန်းကြီး အမြန်ဆုံး ရပ်တန့်ရေးအတွက် လက်ရှိ အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်ပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း လက်မှတ်ထိုးလှုပ်ရှားမှု ဦးဆောင်သူများက ပြောသည်။

မကြာသေးမီကာလ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ကြီး အန္တရာယ် နှင့် ရင်ဆိုင်နေရသည့်အတွက် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားလွှာတစောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဧရာဝတီမြစ်တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ ကြောင့်ဖြစ် သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ယခုအခါ ကချင်ပြည်နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျပ်ငွေဈေးချရန် တရားမဝင်ကားများ ဒေါ်လာဖြင့်ဒဏ်တပ်မည်

ဧရာဝတီ Monday, 29 August 2011 16:54 (ပေးပို့ သူ-ဗမာ့သွေး)
ပြည်တွင်းသို့ တရားမ၀င် တင်သွင်းလာသော ဂျပန်လုပ် Super Custom ယာဉ်များကို အမေရိကန် ဒေါ်လာဖြင့် ဒဏ်ကြေး ရိုက်၍ ဒေါ်လာဈေး ပြန်လည်မြင့်တက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမှတ် ၁ နှင့် ၂ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တရားဝင် ပြောဆိုလိုက်သည်။


နေပြည်တော်တွင် သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးစိုးသိန်းက ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းသို့ တရားမ၀င် တင်သွင်းလာသည့် Super Custom ခေါ် Hi – Ace ကားများကို ပြည်တွင်းစက်မှုဇုန်ထုတ် ကားများအဖြစ် လိုင်စင်ဝင်သောအခါ ဒဏ်ရိုက်သည့်အနေဖြင့် ယခင်က မြန်မာကျပ်ငွေဖြင့် အခွန်ဆောင်စေ ခဲ့ကြောင်း၊ သို့ရာတွင် ယခုအခါ ကျပ်ငွေအစား ဒေါ်လာဖြင့် ပြောင်းလဲဒဏ်ရိုက်၍ အမေရိကန် ဒေါ်လာ တန်ဖိုး မြှင့်သွားမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ဆိုသည်။

ဂျပန်လုပ် Super Custom ကားများကို စက်မှုဇုန်ထုတ် ကားအဖြစ် ပြောင်းလဲရန် လိုင်စင်ဝင်သည့်အချိန်တွင် ဒဏ်ရိုက်သည့် အနေဖြင့် ယခင်က ကားတစီးလျှင် ကျပ်သိန်း ၁၀၀ ဒဏ်ဆောင်ရကြောင်း၊ ယခုအခါ တစီးလျှင် ဒေါ်လာ ၁၃၀၀၀ ဆောင်ရမည် ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ သတင်းထောက် တဦးက ပြောသည်။

“အံစာတုံးပုံစံ ကားတွေကို တစီး ဒေါ်လာ ၂ သောင်း ဆောင်ခိုင်းတယ်။ စက်တင်ဘာလ ၁၅ ရက်အထိ နှစ်ပတ်အတွင်း ဆောင်ရမှာပါ။ စုစုပေါင်း ကားစီးရေ ၈၀၀ နီးပါးရှိတယ်။ အဲဒီလို ဒေါ်လာနဲ့ ဆောင်ခိုင်းတာက ဒေါ်လာတန်ဖိုးပြန်တက်ပြီး ပို့ကုန် စီးပွားရေး ပြန်ကောင်းလာစေချင်လို့ ဆိုပြီး ၀န်ကြီးက ပြောတယ်” ဟု ၎င်းက ဆိုသည်။

ကားထုတ်လုပ်ရေး ကုမ္ပဏီများက Super Custom ကား အများစုကို နယ်စပ်၊ ဆိပ်ကမ်းများမှတဆင့် အကောက်အခွန် ဦးစီးဌာန အပါအ၀င် အာဏာပိုင်များကို ကျပ် သိန်းထောင်သောင်းချီ လာဘ်ပေးကာ တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ၀ယ်ယူသူ ပြည်သူများ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရ၏ ဒဏ်ငွေရိုက်ခြင်း အစီအစဉ်သည် Super Custom ကား ၀ယ်ယူထားသူ ပြည်သူများကို အထိနာစေမည် ဖြစ်ကြောင်း ရန်ကုန်ရှိ ကားပွဲစားများက ပြောကြသည်။

“ကားထုတ်လုပ်ရေး ကုမ္ပဏီတွေက လာဘ်ထိုးပြီး သွင်းခဲ့ကြတာ။ အခု သူတို့လက်ထဲမှာ ကားတွေမရှိတော့ဘူး။ တစီးကို ကျပ်သိန်း ၃၀၀ လောက်နဲ့ ရောင်းပြီးသွားပြီ။ ၀ယ်စီးတဲ့သူတွေ လက်ထဲမှာ ကားတွေက ရောက်နေပြီ။ အခုလို ကားတစီးကို ဒေါ်လာ သောင်းချီ ဒဏ်ရိုက်မယ်ဆိုရင် ကားဝယ်စီးမိတဲ့သူတွေ အတော်ဒုက္ခ ရောက်ပြီ။ တကယ်လို့ ဒဏ်ကြေး မဆောင်နိုင်ရင်လည်း ကားက လိုင်စင်မဲ့ကားဖြစ်သွားပြီ” ဟု ဟံသာဝတီ ကားပွဲစားတဦးက ရှင်းပြသည်။

တရားမ၀င် ခိုးသွင်းလာသည့် ဂျပန်လုပ် Super Custom ကားများကို ဒေါ်လာသောင်းချီ ဒဏ်ရိုက်သော်လည်း ကားများ ခိုးသွင်းသည့် ကုမ္ပဏီများ၊ လာဘ်ငွေယူ ခွင့်ပြုခဲ့သည့် အာဏာပိုင်များကို တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိပေ။

Super Custom ကားများကို ဒေါ်လာသောင်းချီ ဒဏ်ဆောင်ပြီးမှသာ လိုင်စင်ထုတ်ပေးမည်ဟု ဆိုသော်လည်း ယနေ့ အမေရိကန် ဒေါ်လာ အရောင်းအ၀ယ် ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ထိုးတက်ခြင်း မရှိသေးပေ။

“ဒေါ်လာဈေး တအားထိုးတက်တာ မျိုးတော့မရှိဘူး။ တအိအိတော့ တက်သွားလိမ့်မယ် ထင်တယ်။ ၀ယ်အား များလာရင်တော့ ဈေး သေချာပေါက် တက်မှာပါ” ဟု ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။

ယနေ့ ဒေါ်လာဈေးကွက်၌ အမေရိကန် တဒေါ်လာ ၇၂၀ နှင့် ၇၃၀ ကြားတွင် အရောင်းအ၀ယ်ရှိနေသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်နှစ်တာ ကာလအတွင်း စက်မှု ၂ ၀န်ကြီးဌာနက ပြည်တွင်းထုတ် ကားစီးရေ ၉၈၈၈၄ စီးထုတ်လုပ်ခွင့် ပြုခဲ့ပြီး ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကားစီးရေ ၉၅၇၇ စီး ထုတ်လုပ်ခွင့် ပြုထားကြောင်း အမှတ် ၂စက်မှုဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တရပ်တွင် ဖော်ပြခဲ့သည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သဘာဝပတ်ဝန်းကျင်အပေါ် များစွာ သက်ရောက်စေမည့် စီမံကိန်းကြီးများတွင် အကျိုးအမြတ်ကို မည်သူ ရရှိမည်၊ လူမှုစီးပွားရေးကို မည်သို့ ပြန်လည် နေရာချထားမည် ဆိုသည်မှ

သဘာဝပတ်ဝန်းကျင်အပေါ် များစွာ သက်ရောက်စေမည့် စီမံကိန်းကြီးများ ပြုလုပ်ရာတွင် ယင်းမှ အကျိုးအမြတ်ကို မည်သူ ရရှိမည်၊ လူမှုစီးပွားရေးကို မည်သို့ ပြန်လည်နေရာချ ထားမည် ဆိုသည်မှာ အဓိက အချက် ဖြစ်နေကြောင်း သိရှိရသည်။

''အရင်းအမြစ်တွေကို အသုံးချပြီး ရလာတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ရမလား၊ ဘယ်သူရမလဲ ဆိုတာက အရေးကြီးပါ တယ်။ ပြီးတော့ အဲဒီဒေသ၀န်းကျင်က လူထုကို ပြန်လည်နေရာချထားဖို့၊ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်အခြေကျ ဖို့၊ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲနိုင်ဖို့က အရေးကြီးပါတယ်''ဟု ဆည်တည်ဆောက်ရေး လုပ်ငန်းများ ကို လေ့လာ ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုမှ ပညာရှင်က ဆိုပါသည်။

ကမ္ဘာတစ်ဝန်း ယခုအခါတွင် မြစ်အနည်းငယ်သာ မူလ အနေအထား သဘာဝအတိုင်း ပင်လယ်အတွင်းသို့ စီးဝင်ခွင့် ရရှိကြပြီး သဘာဝအတိုင်း စီးဝင်ခွင့် မရရှိတော့သည့် မြစ်များတွင် လူများ ဖန်တီး တည်ဆောက်ထားသည့် ဆည်များ ရှိနေကြသည်။

''ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာတောင် အငြင်းပွားမှုတွေ ရှိနေပါတယ်။ မြစ်တွေရဲ့ စီးဆင်းပုံနဲ့ လူထု အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေက ကန့်ကွက်တယ်။ နောက်ပိုင်း ကမ္ဘောဒီး ယား၊ မြန်မာတို့လို နိုင်ငံတွေမှာ စီမံကိန်းတွေလုပ်ဖို့ အပြောင်းအလဲလုပ် ရွေးချယ်လာကြပါတယ်''ဟု ၎င်းက ပြောပါသည်။

သဘာ၀၀န်းကျင်ကို သက်ရောက်စေမည့် စီမံကိန်းများ လုပ်ဆောင်ရာတွင် ကောင်းကျိုးဆိုးကျိုးကို ကြိုတင် လေ့လာ ဆန်းစစ် သည့် Environmental Impact Assessment (EIA) ပြုလုပ်ခြင်းများ နိုင်ငံများစွာတွင် လုပ်ဆောင်ခဲ့ကြသည်။

အကယ်၍ ဆိုးကျိုးများ ပေါ်ပေါက်နိုင်သည် ဆိုပါက အစိုးရအနေဖြင့် မပြုလုပ်မီ ပြင်ဆင် စဉ်းစားမှုများ ပြုလုပ်ရန်လည်း EIA က ပြဆိုခဲ့သည်။

''လာအိုမှာ ထိုင်းက ဆည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကမ်းလှမ်းတယ်။ လာအို အစိုးရက စီမံကိန်း လက်မခံခင် လေ့လာ ဆန်းစစ် တဲ့အခါ ငါးလုပ်ငန်းကို ထိခိုက်စေမယ် ဆိုတာ၊ မြစ်စီးဆင်းပုံကို ထိခိုက်စေမယ်ဆိုတာ တွေ့ရှိတယ်။ အစိုးရက ငါးလုပ်ငန်း က ပြည်သူတွေ အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာကို နားလည်တယ်။ နောက်ဆုံးတော့ ဒီဆည်ကို ဆောက် လုပ် ဖို့ ရပ်ဆိုင်းထားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်''ဟု ဆက်လက် ပြောပြသည်။

''ဧရာဝတီမြစ်ဆုံမှာ ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းကြီးနဲ့ ပတ်သက်လို့တော့ အင်တာနက်ကတစ်ဆင့် သိရှိထားခဲ့တာတွေ ရှိတယ်။ မေးခွန်းတွေလည်း အများကြီး ရှိနေကြတာ တွေ့ရတယ်။ လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုဦးမယ်လို့ မြင်ပါတယ်။ EIA လုပ်ခဲ့တယ် ဆိုပေမယ့် ကချင်ပြည်နယ်တွင်းနဲ့ ပတ်သက်လို့ လူထုကို၊ သဘာ၀၀န်းကျင်ကို ဘယ်လောက် သက်ရောက်စေ မယ်ဆိုတာ မပါဘူး ထင်ပါတယ်။ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘယ်လို သက်ရောက်နိုင်တယ် ဆိုတာ လည်း ထပ်ပြီး လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်''ဟု ၎င်းက သုံးသပ်ပြသည်။
Via eleven media group

အပြည့်အစုံသတင်းဖတ်ရန်....

အပြောကတော့ ရွှေမန်း..

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အဆိုပြုချက်များ

by The Voice Weekly on Tuesday, August 30, 2011 at 5:37pm

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် ကျင်းပလျှက်ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (ဩဂုတ်လ ၂၆ ရက်နေ့)တွင် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်၏ "အထွေထွေလွတ်ငြိမ်းချမ်း သာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား ဤလွှတ်တော်က မေတ္တာရပ်ခံရန် အဆို" နှင့်ပတ်သက်သည့် ဆွေးနွေးချက်များ၊ ထောက်ခံ အတည်ပြုချက်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ကြီးကြပ်၊ ထိန်းသိမ်း အတည်ပြုချက် ရယူပုံများကို အရင်းအတိုင်း မချွင်းမချန် စုစည်းဖော်ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ။ ဦးသိန်းအောင်၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဦးသိန်းအောင် (သံဖြူဇရပ် မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော်များ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးသိန်းအောင် ဖြစ်ပါတယ်။ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့်အဆိုကို ကျွန်တော့ရှေ့မှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဆွေးနွေးသွားတာ ကျွန်တော့်ဆန္ဒနဲ့ အလားတူဖြစ်သောကြောင့် ကျွန်တော် လည်းပဲ အချိန်မဖြုန်းဘဲ ဦးသိန်းညွန့်ရဲ့ " အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား ဤလွှတ်တော်က မေတ္တာရပ်ခံရန်အဆို " ကို ကျွန်တော့်အနေနဲ့ ထောက်ခံပါကြောင်းနှင့် နိဂုံး ချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (ဩဘာသံများ)

ဥက္ကဋ္ဌ။ ။ ဒီအဆိုကဲ့သို့အဓိပ္ပာယ်သက်ရောက်တဲ့ပန်ကြားချက်များလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကျွန်တော့်ထံ ရောက်ရှိခဲ့ပါတယ်။ ဒီနေရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတူ တပ်မတော်သား ကိုယ်စားလှယ်များကလည်း သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ သဘော ကို တင်ပြခွင့်ပြုပါ ဆိုပြီးတော့ ကျွန်တော့်ကို သီးခြားတင်ပြတဲ့အတွက် အစီအစဉ်မှာ မပါသော်လည်း ကျွန်တော် ခွင့်ပြုပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦး တင်ပြဖို့ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ဌေးနိုင် (တပ်မတော်သား) ။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင် ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သား များဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်နေတဲ့သူများ ဖြစ်ပါတယ်။ တချို့သော စစ်သည်များ ဟာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် နယ်ဘက်နဲ့ စစ်ဘက် တရားရုံးများမှာ စစ်ဆေးခံရပြီး အကျဉ်းထောင်များတွင် အကျဉ်းကျနေသူများလည်း ရှိပါတယ်။ ၁၆ - ၅ - ၂ဝ၁၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်အ မှတ် ၂၈/၁၁ ဖြင့် ပြစ်ဒဏ်ခံရသူ ၁၄၇၅၈ ဦး လွတ်မြောက်ခဲ့ပြီး၊ သေဒဏ် ၆၅ရ ဦးဟာလည်း သေဒဏ်မှ လွတ်မြောက် ပြီးတော့ ထောင်ဒဏ်အဖြစ် ပြောင်းလဲကျခံခဲ့ရတာ တွေ့ပါတယ်။ အဲဒီထဲမှာလည်း ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် စစ်သည်များ လည်း ပါဝင်ခဲ့တာ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အရင်ကလို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သည့်နည်း တူ ထိုက်သင့်သော အချိန်အခါတွင် ထပ်မံပြီး အမိန့်များ ဆက်လက် ထုတ်ပြန်ပေးနိုင်ဖို့အတွက် ကျွန်တော့် အနေနဲ့ လေးစားစွာဖြင့် တင်ပြလိုပါတယ်။ (ဩဘာသံများ)

ဗိုလ်မှူးကြီး တင်ဆန်း (တပ်မတော်သား)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ပြန်တမ်းဝင်အမှတ် ကြည်း - ၁၈၈၄၁ ဗိုလ်မှူးကြီး တင်ဆန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးနှင့် စပ်လျဉ်းပြီးတော့ ဆွေးနွေးတင်ပြရရင် အကြောင်းအမျိုး မျိုးကြောင့် အကျဉ်းကျခံ နေရ သူများထဲမှာ တစ်ချိန်က ကျွန်တော်တို့နဲ့အတူ လက်တွဲပြီးတော့ အသက်ကို ပဓာနမထားဘဲ တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့သူ တပ်မတော်သား ရဲဘော်ရဲဘက်များလည်း ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ တာဝန်ထမ်းဆောင်စဉ် ကာလမှာ မွန်မြတ်တဲ့ စေတနာဖြင့် တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကို ရင်းပြီးတော့ စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၎င်းတို့ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုများ အပေါ် ငဲ့ညှာသောအားဖြင့် ယခင်ကလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ထုတ်ပြန်ပေးခဲ့သည့် နည်းတူ ထိုက်သင့်သည့် အချိန်အခါတွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေး ကို ထောက်ခံတင်ပြ အပ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။ (ဩဘာသံများ)

ဥက္ကဋ္ဌ။ ။ အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးက ရှင်းလင်းဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကျန်းမာရွှင်လန်း ကြပါစေလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ် ချုပ်ကြီး ကိုကို ဖြစ်ပါတယ်။ ယခု ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ စပ်လျဉ်းတဲ့၊ တင်သွင်းတဲ့ အဆိုအပေါ်ကို ဆွေးနွေးကြ တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များကို နားလည် သဘောပေါက်ပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် တစ်ဦးဖြစ်ပါတယ်။ ယခုအဆိုနဲ့ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်မယ့် အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတကြီးထံကို အမြန်ဆုံး တင်ပြပေးသွားမှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (ဩဘာသံများ)

ဥက္ကဋ္ဌ။ ။ ဒီအဆိုနဲ့ ပတ်သက်၍ မဲခွဲရန် မလိုတဲ့အဆို ဖြစ်ပါတယ်။ ခုနက ကျွန်တော် တင်ပြခဲ့သလို တော်တော်များများသော လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ထုတ်ပေး ဖို့အဆို မဟုတ်ဘဲနဲ့ တင်ပြချက်များလည်း များစွာ ရရှိထားပြီး ဖြစ်ပါတယ်။ အခု ဆွေးနွေးတဲ့အခါမှာလည်း အားလုံးကြား သိပြီး ဖြစ်တဲ့အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်များကို ဆက်လက်ထုတ်ပေးဖို့ တင်ပြကြတဲ့သူ များစွာလည်း ရှိနေပြီးဖြစ်ပါတယ်။ ယမန်နေ့က ဦးသိန်းညွန့် တင်ပြချက်ထဲမှာ ကျွန်တော့်ကို နာမည်ပြောပြီးတော့ တင်ပြသွားတာ ရှိပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင်လည်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်က အမျိုး သား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဝင် ဖြစ်သလို ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အဲဒီနည်းတူပဲ ကျွန်တော် ဟာ ပြည်သူရဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့် အပါအဝင် ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ မပြောမီကပင် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီဝင် တစ်ယောက်အနေနဲ့ကော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို အချိန်အခါပေါ် ကြည့်ပြီးတော့ ဆက်လက် ထုတ်ပြန်ပေး ဖို့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုလည်း တင်ပြထားပါတယ်။ သမ္မတကြီးကိုလည်း သီးခြားတင်ပြ ထား တာ ရှိပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကလည်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို သင့်မြတ်သော အချိန်တွင် ဆက်လက် ထုတ်ပြန်ပေးရန် တင်ပြကြတာကို တွေ့ရှိရပါတယ်။ ကိုယ်စားလှယ်များရဲ့ တင်ပြချက်ဟာ ပြည်သူများရဲ့ဆန္ဒ ဖြစ်တာကြောင့် ဒီတင်ပြချက်ဟာ မဲခွဲဆုံးဖြတ်ရန် မလိုသော်လည်း လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ရဲ့ဆန္ဒ ရယူပါမယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို သင့်မြတ်သောအချိန်တွင် ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါကြောင်း တင်ပြချက်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က သဘောတူပါသလား ခင်ဗျား။
[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်မှ သဘောတူပါသည်။]

ဥက္ကဋ္ဌ။ ။ လွှတ်တော်က သဘောတူတဲ့အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို သင့်မြတ်သော အချိန်တွင် ဆက်လက် ထုတ်ပြန်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား မေတ္တာရပ်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များကို အတည်ပြုကြောင်း ကြေညာပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ် တဲ့ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက မိမိတို့ လွှတ်တော်ရဲ့ဆန္ဒ မည်ကဲ့သို့ ရှိပါကြောင်း သမ္မတကြီး အား အမြန်ဆုံး တင်ပြပေးဖို့နဲ့ လွှတ်တော်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ပြည်ထဲရေးဝန်ကြီးအား ကူညီ ဆောင်ရွက်ပေး ဖို့ မေတ္တာရပ်ခံကြောင်း ထပ်လောင်း ပြောချင်ပါတယ်။

ဒီနေ့ ဆွေးနွေးမှုများနဲ့ ဆက်စပ်ပြီး ပြောရရင် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေနဲ့ ဒီတစ်ကြိမ်လုပ်တဲ့ ဒုတိယ အကြိမ် အစည်းအဝေးတွေမှာ ဆွေးနွေးမှုများဟာအင်မတန်မှ ကောင်းပါတယ်။ သို့ရာတွင် ကျွန်တော်တို့ သတိပြုရမယ့်ကိစ္စလေးတွေတော့ ရှိပါတယ်။ ဒီနေ့ဆိုလို့ရှိရင် မလိုအပ်တဲ့ အကြောင်းအရာ၊ မလိုအပ်တဲ့ စကားလုံးများ ပြောကြားခြင်းအားဖြင့် တစ်ဦးပေါ် တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများ ပျက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက် ဆွေးနွေး မယ့် ဆွေးနွေး မှုများမှာ အဓိကကျတဲ့ အနှစ်သာရရှိတဲ့ စကားများကို အခြေခံ ဆွေးနွေးကြပါ။ မလိုအပ်တဲ့ အကြောင်းအရာတွေ မလိုအပ်တဲ့ စကားအသုံးအနှုန်းတွေ ဒီမှာ ဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ မကြာခဏ ပြောနေကြတဲ့ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေကင်းပြီး၊ အများအကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် လုပ်ကြရအောင်ဆိုတဲ့ ကျွန်တော်တို့ ရဲ့ ကောင်းမွန်လှတဲ့ စေတနာတွေ၊ ရည်ရွယ်ချက်တွေ မပျက်စီး စေလိုပါဘူး။
ဒါကို လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အလေးအနက်ထား ချင့်ချိန်ပြောဆိုသွားဖို့ လိုပါတယ်။ လွှတ်တော်တစ်ရပ် ကျင်းပတဲ့နေရာ မှာ မလိုအပ်တဲ့ ကြန့်ကြာမှု၊ နှောင့်နှေးမှုများ ပြုခြင်းအားဖြင့် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်များလည်း ထိခိုက်ပါ တယ်။ ဒီလို စုံညီလွှတ်တော် အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ဆိုတဲ့ နေရာမှာ ကိုယ်စားလှယ်များရဲ့ အချိန်တွေ၊ လုပ်အားတွေ အများကြီး ထည့်ရသလို နိုင်ငံတော်ဘက်က ကျခံသုံးစွဲရတဲ့ ငွေကြေးတွေ၊ ပစ္စည်းတွေ များစွာ ရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကျင်းပရတဲ့ အချိန်မှာ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဖြစ်သွားဖို့ လိုပါတယ်။ ပြန်တွက်ကြည့်ပါ၊ တစ်ရက်တစ်ရက်ကို ကုန်ကျမယ့် စရိတ်တွေဟာ နိုင်ငံတော်ငွေတွေပါ။ အစိုးရငွေ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ အစိုးရလည်း တခြားစီပါ။ ဒီထက်ပြောမယ်ဆိုရင် ပြည်သူ့ငွေတွေပါ။ ပြည်သူ့ငွေတွေကို ကျွန်တော်တို့ ဖြုန်းတီးရာ မရောက်အောင် ခုန လွှတ်တော် ကျင်းပတဲ့အခါမှာလည်း လိုတဲ့စကားပြော၊ မလိုအပ်တဲ့စကားတွေ မပြောနဲ့ ၊ အကြောင်းအရာ အားဖြင့်ကော၊ စကားလုံးအားဖြင့်ကော အကြောင်းအရာအတွက် ငြင်းခုံရတာတွေ၊ ပြဿနာတွေ ရှိသလိုပဲ ဒီစကားလုံး တစ်လုံးအ တွက် ငြင်းခုံပြောဆိုရ ပြီးတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ၊ ခင်မင်မှုတွေ၊ လေးစားမှုတွေ ပျက်ယွင်းသွား မယ် ဆိုလို့ရှိရင် ခင်ဗျားတို့၊ ကျွန်တော်တို့ လိုချင်တယ်ဆိုတဲ့ လွှတ်တော်ကြီး ခိုင်မာတောင့်တင်းဖို့၊ အရည်အချင်း ရှိဖို့၊ ခိုင်မြဲဖို့ဆို တဲ့ နေရာမှာ သွားပြီးတော့ လျော့ပါးသွားနိုင်ပါတယ်။ လွှတ်တော် မရှိဘူးဆိုရင်၊ လွှတ်တော် မခိုင်မာဘူးဆိုရင် ပြည်သူ့ အာဏာ စိုးပိုင် မှု မရှိဘူးဆိုတဲ့ဟာကို အားလုံးသော လွှတ်တော်ကိုယ်စားလှယ်များက နားလည်ဖို့ လိုပါတယ်။ အဲဒီအတိုင်းပဲကျွန်တော်တို့တွေ ကို ပြည်သူတွေက ယုံကြည်လို့ အပ်နှင်းထားတဲ့ အခွင့်အရေးတွေ အလွဲသုံးစား မလုပ်မိဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်က ပြည်သူ့အတွက်၊ နိုင်ငံတော်အတွက်၊ အများပြည်သူအတွက်၊ ပြည်ထောင်စုအတွက် ဒီကိစ္စမှတစ်ပါး လွှတ်တော်ကိုယ်စားလှယ်တွေ အခြား ဒီလွှတ်တော်အတွင်းမှာ လုပ်စရာအကြောင်း မရှိဘူးဆိုတာကိုလည်း ဒီကနေ့ ထပ်လောင်းပြီးတော့ တင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ရှေ့ဆက်သွားတဲ့ ခရီးမှာ ခုန ကျွန်တော်ပြောခဲ့တဲ့ မလိုလားအပ်တဲ့ အကြောင်းအရာများနဲ့ မလိုလားအပ်သော စကားအသုံးအနှုန်းများကို လွှတ်တော်အတွင်း သယ်ဆောင်လာခြင်းအားဖြင့် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု၊ ဒီထက် ပြောရမယ်ဆိုရင် စည်းလုံးညီညွတ်မှုပျက်ပြားစေတဲ့ဟာတွေမဖြစ်ဖို့အားလုံးသတိရှိ ဆောင်ရွက်သွား ဖို့ လိုကြောင်း တင်ပြလိုပါတယ်။ ယခု ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားပါမယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ၂ဝ၁၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ တနင်္လာနေ့ ၁ဝ နာရီအချိန်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ကြောင်း ကြေညာပါတယ် ။ (ဩဘာသံများ)

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြန်လည် ထွက်ခွာပါပြီ ခင်ဗျား။

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဧည့်သည့်တော်များ အားလုံး ထွက်ခွာနိုင်ကြပါပြီ ခင်ဗျား။

အပြည့်အစုံသတင်းဖတ်ရန်....

အမှန်တရား များနဲ့  The Lady လာပြီ

The Lady ရုပ်ရှင်ကား ပြသတော့မည်
2011-08-29 RFA

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ကို နိုင်ငံတကာ Rome ရုပ်ရှင်ပြပွဲမှာ မကြာခင် ပြသတော့မယ်လို့ သိရပါတယ်။

Rome ရုပ်ရှင်ပြပွဲကို လာမယ့် အောက်တိုဘာလ၂၇ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြသမှာ ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘဝ အပြင် သူ့ရဲ့ မြန်မာနိုင်ငံဒီမိုကရေစီရေး ကြိုးပမ်းမှု ကို ဖော် ကျူးထားတဲ့ ဒီရုပ်ရှင်ဇာတ် လမ်းမှာ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင် ထားပြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson က ရိုက်ကူး တင်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို မိမိအနေနဲ့ အလွန် ပဲ အလေးထားမိကြောင်းနဲ့ ဒီရုပ်ရှင်ဇာတ်ကား က တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်မယ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို ကမ္ဘာက ပိုမို သိရှိနားလည်လာမယ်ဆိုရင် ကျေနပ်ပါပြီလို့ Michelle Yeoh က ပြောပါတယ်။

Michelle Yeoh ဟာ ဒီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တာကြောင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ ကြိုးစား စဉ်မှာ မြန်မာအစိုးရရဲ့ ပိတ်ပင်တားမြစ်ခြင်း ခံခဲ့ရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ငါပြောသလိုလုပ်...ငါခိုးတာတွေ လာစစ်မနေနဲ့ 

ဘတ်ဂျက်စစ်ဆေးရေး ဖွဲ့စည်းဖို့အဆို လွှတ်တော်မှာ ပယ်ချ

2011-08-29 RFA
နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှု စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆိုတရပ်ကို ဒီမိုကရေစီအင်အားစုလွှတ်တော် အမတ်တွေ က လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပေမယ့် ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အများစုက ကန့်ကွက်ခဲ့ တာကြောင့် ပယ်ချခံရတယ်လို့ သိရပါတယ်။

အဆိုတင်သွင်းတဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကဘတ်ဂျက်လိုငွေ ပြတာ၊ သုံးစွဲတာနဲ့ ပတ်သက်ပြီး အချိန်ကာလ တရပ်အတွင်း ပြန်လည် ဖြည့်တင်းနိုင်အောင် ထိန်းချုပ် စောင့်ကြည့်သွားမယ့် အဖွဲ့တရပ် ဖွဲ့စည်းဖို့ အဆိုတင်ခဲ့ပေမယ့် ဝိုင်းဝန်းကန့်ကွက်တဲ့ဒဏ်ကို ခံလိုက်ရတယ်လို့ အာအက်ဖ်အေကို ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ခွဲဝေ သုံးစွဲနေသလဲ ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေးခွင့် မရဘူးလို့လည်း သိရပါတယ်။

အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ အမတ်တွေ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်လို့ အသေး စိတ်ကို အစိုးရသတင်းစာတွေမှာ ဖော်ပြခွင့်မရဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အမတ်တွေ က ပြောဆိုနေကြပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ်ကားတွေ ရောင်းကောင်းအောင်လို့ ..

ကျပ်ငွေဈေးချရန် တရားမဝင်ကားများ ဒေါ်လာဖြင့်ဒဏ်တပ်မည်

ဧရာဝတီ Monday, 29 August 2011 16:54

ပြည်တွင်းသို့ တရားမ၀င် တင်သွင်းလာသော ဂျပန်လုပ် Super Custom ယာဉ်များကို အမေရိကန် ဒေါ်လာဖြင့် ဒဏ်ကြေး ရိုက်၍ ဒေါ်လာဈေး ပြန်လည်မြင့်တက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမှတ် ၁ နှင့် ၂ စက်မှုဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တရားဝင် ပြောဆိုလိုက်သည်။

နေပြည်တော်တွင် သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးစိုးသိန်းက ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းသို့ တရားမ၀င် တင်သွင်းလာသည့် Super Custom ခေါ် Hi – Ace ကားများကို ပြည်တွင်းစက်မှုဇုန်ထုတ် ကားများ အဖြစ် လိုင်စင်ဝင်သောအခါ ဒဏ်ရိုက်သည့်အနေဖြင့် ယခင်က မြန်မာကျပ်ငွေဖြင့် အခွန်ဆောင်စေ ခဲ့ကြောင်း၊ သို့ရာတွင် ယခုအခါ ကျပ်ငွေအစား ဒေါ်လာဖြင့် ပြောင်းလဲဒဏ်ရိုက်၍ အမေရိကန် ဒေါ်လာ တန်ဖိုး မြှင့်သွားမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ဆိုသည်။
ဂျပန်လုပ် Super Custom ကားများကို စက်မှုဇုန်ထုတ် ကားအဖြစ် ပြောင်းလဲရန် လိုင်စင်ဝင်သည့်အချိန်တွင် ဒဏ်ရိုက်သည့် အနေဖြင့် ယခင်က ကားတစီးလျှင် ကျပ်သိန်း ၁၀၀ ဒဏ်ဆောင်ရကြောင်း၊ ယခုအခါ တစီးလျှင် ဒေါ်လာ ၁၃၀၀၀ ဆောင်ရ မည် ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ သတင်းထောက်တဦးက ပြောသည်။

“အံစာတုံးပုံစံကားတွေကိုတစီး ဒေါ်လာ၂ သောင်း ဆောင်ခိုင်းတယ်။ စက်တင်ဘာလ၁၅ရက်အထိ နှစ်ပတ်အတွင်း ဆောင်ရမှာပါ။ စုစုပေါင်း ကားစီးရေ ၈၀၀ နီးပါးရှိတယ်။ အဲဒီလို ဒေါ်လာနဲ့ ဆောင်ခိုင်းတာက ဒေါ်လာတန်ဖိုးပြန်တက်ပြီး ပို့ကုန် စီးပွားရေး ပြန်ကောင်းလာစေချင်လို့ ဆိုပြီး ၀န်ကြီးက ပြောတယ်” ဟု ၎င်းက ဆိုသည်။

ကားထုတ်လုပ်ရေး ကုမ္ပဏီများက Super Custom ကား အများစုကို နယ်စပ်၊ ဆိပ်ကမ်းများမှတဆင့် အကောက်အခွန် ဦးစီး ဌာန အပါအ၀င် အာဏာပိုင်များကို ကျပ် သိန်းထောင်သောင်းချီ လာဘ်ပေးကာ တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ၀ယ်ယူ သူ ပြည်သူများ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရ၏ ဒဏ်ငွေရိုက်ခြင်း အစီအစဉ်သည် Super Custom ကား ၀ယ်ယူထားသူ ပြည်သူများကို အထိနာစေမည် ဖြစ်ကြောင်း ရန်ကုန်ရှိ ကားပွဲစားများက ပြောကြသည်။

“ကားထုတ်လုပ်ရေး ကုမ္ပဏီတွေက လာဘ်ထိုးပြီး သွင်းခဲ့ကြတာ။ အခု သူတို့လက်ထဲမှာ ကားတွေမရှိတော့ဘူး။ တစီးကို ကျပ်သိန်း ၃၀၀ လောက်နဲ့ ရောင်းပြီးသွားပြီ။ ၀ယ်စီးတဲ့သူတွေ လက်ထဲမှာ ကားတွေက ရောက်နေပြီ။ အခုလို ကားတစီး ကို ဒေါ်လာ သောင်းချီ ဒဏ်ရိုက်မယ်ဆိုရင် ကားဝယ်စီးမိတဲ့သူတွေ အတော်ဒုက္ခ ရောက်ပြီ။ တကယ်လို့ ဒဏ်ကြေး မဆောင်နိုင်ရင် လည်း ကားက လိုင်စင်မဲ့ကားဖြစ်သွားပြီ” ဟု ဟံသာဝတီ ကားပွဲစားတဦးက ရှင်းပြသည်။

တရားမ၀င် ခိုးသွင်းလာသည့် ဂျပန်လုပ် Super Custom ကားများကို ဒေါ်လာသောင်းချီ ဒဏ်ရိုက်သော်လည်း ကားများ ခိုးသွင်းသည့် ကုမ္ပဏီများ၊ လာဘ်ငွေယူ ခွင့်ပြုခဲ့သည့် အာဏာပိုင်များကို တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိပေ။

Super Custom ကားများကို ဒေါ်လာသောင်းချီ ဒဏ်ဆောင်ပြီးမှသာ လိုင်စင်ထုတ်ပေးမည်ဟု ဆိုသော်လည်း ယနေ့ အမေရိ ကန် ဒေါ်လာ အရောင်းအ၀ယ် ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ထိုးတက်ခြင်း မရှိသေးပေ။

“ဒေါ်လာဈေး တအားထိုးတက်တာ မျိုးတော့မရှိဘူး။ တအိအိတော့တက်သွားလိမ့်မယ်ထင်တယ်။ 0ယ်အားများလာရင်တော့ ဈေး သေချာပေါက် တက်မှာပါ” ဟု ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။

ယနေ့ ဒေါ်လာဈေးကွက်၌ အမေရိကန် တဒေါ်လာ ၇၂၀ နှင့် ၇၃၀ ကြားတွင် အရောင်းအ၀ယ်ရှိနေသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်နှစ်တာ ကာလအတွင်း စက်မှု ၂ ၀န်ကြီးဌာနက ပြည်တွင်းထုတ် ကားစီးရေ ၉၈၈၈၄ စီးထုတ်လုပ်ခွင့် ပြုခဲ့ပြီး ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကားစီးရေ ၉၅၇၇ စီး ထုတ်လုပ်ခွင့် ပြုထားကြောင်း အမှတ် ၂စက်မှုဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တရပ်တွင် ဖော်ပြခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

တကယ့် တရားဝင် မြန်မာ့ ပင်လယ်ဒမြ

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

မောင်ရမ္မာ News Date:8/29/2011နိရဉ္ဖရာသတင်းဌာန

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံငါးဖမ်းသမား များ ထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရသည်။

မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာတွင် တပ်စွဲထားသော ရေတပ်စခန်းမှ အဆိုပါ စခန်း၏ ရေတပ် သင်္ဘောများ လှည့်လည် သွားလာနေသော ရေပြင်တွင် လာရောက် ငါးဖမ်းသော လှေများမှ ထိုကဲ့သို့ ဆက်ကြေးများ ကောက်ခံနေခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ရဲကျွန်းနဲ့တိုက်ကျွန်း အကြား ပင်လယ်ပြင်မှာ ငါးဖမ်းဖို့အတွက် မာန်အောင် မျှော်တော်ဦး ရေတပ် စခန်းကို အရင် လတွေကဆိုရင် တစ်လကို ကျပ်ငွေ ၁၀၀၀၀ စီ ပေးသွင်းရပါ တယ်။ အခုလမှာဆိုရင် တစ်လကို ကျပ်ငွေ ၁၅၀၀၀ ပေးသွင်းရပါတယ်။ သူတို့တောင်းတဲ့ငွေကို မပေးဘူးဆို ရင် ပင်လယ်ပြင်မှာ လိုက်ဖမ်းဆီးမယ်လို့ ပြောပါတယ်" ဟု အဆိုပါ ဒေသတွင် ငါးဖမ်းနေသော ရမ်းဗြဲ မြို့နယ် ကျောက်နီမော်မှ ငါးဖမ်းစက်လှေ ပိုင်ရှင် တဦးက ပြောသည်။

ငါးဖမ်းစက်လှေ တစီးအနေဖြင့် တစ်လကို ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ခွဲထိ ပေးသွင်းရန်ကို မျှော်တော်ဦး ရေတပ် စခန်းမှ ဗိုလ်မှူး အောင်ငွေ မှ အမိန့်ထုတ်ထားသည်ဟု မျှော်တော်ဦး ရွာသား တဦးက ပြောသည်။

" ကျွန်တော်တို့မာန်အောင်ကျွန်းက ငါးဖမ်းသမားတွေကို မျှော်တော်ဦး ရေတပ် စခန်းမှူး အောင်ငွေက ခင်ဗျားတို့ ရမ်းဗြဲ- မာန်အောင် ရေလက်ကြားထဲမှာ ငါးဖမ်းမယ်ဆိုရင် တစ်လကို တစ်သောင်းခွဲ ပေးရမယ်။ မပေးဘူးဆိုရင် ဘယ်သူမှ ငါးမဖမ်းရဘူး။ ငွေမပေးပဲ ဖမ်းတဲ့ ငါးဖမ်းသမား တွေကို တွေ့ရင် လူကိုလည်းဖမ်း၊ လှေကိုလည်း သိမ်းယူမယ်ဆိုပြီးတော့ အဲသလို အမိန့် ထုတ်ထား ပါတယ်" ဟု ပြောသည်။

ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြား ပင်လယ်ပြင်တွင် ငါးပေါများသဖြင့် ရခိုင်ပြည်နယ် အနှံ့အပြားက လာရောက် ငါးဖမ်းကြ သည်ဟု သိရသည်။ ထိုအထဲတွင် ရမ်းဗြဲမြို့နယ်မှ ကျောက်နီမော်၊ ဦးက၊ အောင်လှပြင် ကျေးရွာနှင့် မာန်အောင် မြို့နယ်မှ ခအုံးမော်၊ ကုန်တန်း၊ ဇရပ်ကုန်းခင်၊ ပြားကြီး၊ မျှော်တော်ဦး၊ သစ်ပုံကျေးရွာများ ဖြစ်ကြသည်။

ယခုလို ဒေသခံ ငါးဖမ်းသမားများမှ ကောက်ခံနေသော ငွေများမှာ နိုင်ငံတော် အခွန်ဘဏ္ဍာ အတွက် မဟုတ်ဘဲ သူတို့၏ ကိုယ်ကျိုး အတွက် ဖြစ်ကြောင်း ကျောက်နီမော် ငါးဖမ်း စက်လှေပိုင်ရှင်က ပြောသည်။

" ကျွန်တော်တို့က စက်လှေ အတွက်ရော ငါးဖမ်းခွင့် အတွက်ပါ ငါးလုပ်ငန်း ဦးစီးဌာနကို ကျွန်တော်တို့က အခွန် ဆောင်ထားပြီးပါပြီ။ အခု ရေတပ်က ကောက်ခံတာက သူတို့ ကိုယ်ကျိုး အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ အကြောင်းအမျိုးမျိုးပြပါဘဲ။ ခင်ဗျားတို့ ငါးဖမ်းလှေတွေ ပြဿနာ မပေါ်ရအောင် စောင့်ရှောက်ဖို့ စက်သုံးဆီးတွေ ၀ယ်ဖို့လိုတယ်။ ဘာညာနဲ့ ပြောပြီး ယူနေတာ ဖြစ်ပါတယ်။"
ယခုကဲ့သို့ ရခိုင် ငါဖမ်းစက်လှေများမှ ရေတပ် တခုသာ မဟုတ်ဘဲ နီးစပ်ရာ ရဲစခန်းများမှလည်း ငွေကောက်နေကြောင်း သိရသည်။

မာန်အောင်မြိ့နယ် တောင်ပိုင်းတွင် ရှိသော ဇီးတော၊ ကျူ၊ မကွေး၊ ကအိ၊ ကမား ကျေးရွာများရှိ ငါးဖမ်းသမား များထံမှလည်း ရဲမိသား စု ရံပုံငွေဟုဆိုကာ ကမားရဲစခန်းမှ ငါးဖမ်းဘုတ်တစီးကို တစ်လလျှင် ကျပ်ငွေ ၁၂၀၀၀၊ ငါးဖမ်းလှေတစီးကို ကျပ်ငွေ ၅၀၀၀ စီကောက် ခံနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် ငါးဖမ်းစက်လှေများမှ ငွေလက်ခံ ရရှိကြောင်း ငွေရ ပြေစာ မပေးဘဲ လိုင်စင်ကြေးဟုဆို ကာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းစက်လှေ တစ်စီးကို ကျပ်ငွေ ၂၅၀၀၀ ကောက်ယူ နေသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူများ ဆင်းရဲ မွဲတည်နေကြရခြင်း၏ အဓိက အကြောင်း အရင်းမှာ ရခိုင်ပြည်နယ်တွင် တပ်စွဲ ထားသော စစ်တပ်၊ ရေတပ်နှင့် ရဲတပ်ဖွဲ့များ တရားမ၀င် အကောက်များကို အကြောင်း အမျိုးမျိုးပြပြီး ကောက်ယူနေခြင်း ကြောင့် ဖြစ်သည်ဟု သိရသည်။

လက်ရှိ တိုင်းပြည် အာဏာကို ရယူထားသော သမ္မတ ဦးသိန်းစိန် အစိုးရသစ် အနေဖြင့် ရခိုင်ပြည်နယ်၏ ဆင်းရဲ မွဲတည်မူကို လျှော့ချ လိုလျှင် လက်နက်ကိုင်တပ်ဖွဲ့များ၏ မတရားသဖြင့် အနိုင်ကျင့်ပြီး အခွန်အကောက် ကောက်ခံနေမူကို အမြန်ဆုံး ရပ်တန့်လိုကြောင်း ရခိုင်ပြည်သူများက ထင်မြင် ယူဆ ပြောဆိုလျှက် ရှိကြောင်း သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Someone is hiding

ကဒါဖီ ထရစ်ပိုလီ နားမှာ ရှိနေနိုင်ဆဲBBC News ။ ။ 27-08-2011 Via Burmatwe
ကဒါဖီရဲ့ မြေအောက် ကတုတ်ကျင်း တခုလစ်ဗျား နိုင်ငံ မှာတော့ သူပုန် ခေါင်း ဆောင် တွေက ဗိုလ်မှူးကြီး ကဒါဖီ ဟာ ထရီပိုလီ မြို့တော် ရဲ့ အနီး တဝိုက် မှာ ပုန်းအောင်း နေဆဲပဲ လို့ သူတို့ ယုံကြည် ထားကြောင်း ပြောပါတယ်။

လစ်ဗျား ခေါင်းဆောင် ဟောင်း ဘယ်မှာ ရှိနေ နိုင် သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အတိုက် အခံ တွေရဲ့ ပထမဆုံး ထင်မြင်ချက် ကို ပြောခွင့် ရသူက ဘီဘီစီကို ပြောကြား ခဲ့ရာ မှာတော့ ဗိုလ်မှူးကြီး ကဒါဖီဟာ သူ့ကို ထောက်ခံ သူတွေ အခု ထက်ထိ အပြင်း အထန် ခုခံ နေကြဆဲ ဖြစ်တဲ့ သူ့ရဲ့ မွေးရပ် ဖြစ်တဲ့ ဆာ့တ် မြို့မှာ တော့ ရှိနေ မယ်လို့ မထင်ကြောင်း ပြော ပါတယ် ။

ပြောခွင့် ရသူက ဆက်လက် ပြောကြား ရာမှာ တော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဇနီး၊ သမီးနဲ့ တခြား အရေးပါတဲ့ မဟာမိတ် တွေ ဟာ သံချပ်ကာ ကားတွေနဲ့ အယ်လ် ဂျီးရီးယား ဘက်ကို ထွက်ပြေး သွား ခဲ့ပြီး ဖြစ်ကောင်း ဖြစ်နိုင်တယ် လို့ လဲ ပြောပါတယ်။အယ်လ် ဂျီးရီးယား အစိုးရ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ငြင်းဆို ထားပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အာဇာနည်နေ့ အခမ်းအနားသွားသူ ထောင်တနှစ်ခွဲကျ

ဧရာဝတီ Friday, 26 August 2011 15:02 သတင်းတိုများ Via Burmatwe
မိထ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ သွားရောက်ခဲ့သည့် NLD ပါတီဝင် ဦးအောင်လှမြင့်သည် ခရီးသွားလာခွင့် ကန့်သက်ချက်ဖောက်ဖျက်မှုဖြင့် ယနေ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံရကြောင်း သိရသည်။

တပ်ကုန်းမြို့တွင် နေထိုင်သူ အိန္ဒိယနွယ်ဖွား ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်သည် ဧည့်နိုင်ငံသားဖြစ်သောကြောင့် ခရီးသွားလာခွင့် ကန့်သတ်ခံထားရသူဖြစ်သည်။ ၂၀၀၉ ခုနှစ်ကလည်း ရမည်းသင်းမြို့နယ် NLD အစည်းအဝေးတခုမှ အပြန်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံခဲ့ရသေးသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Under democracy government

မြောက်ဦးကို အာဏာပိုင်များက လက်စားချေပြီ
News Date:8/27/2011 နိရဉ္ဖရာ သတင်းဌာန
ရှေးဟောင်း ဘုရားကို နေပြည်တော်သို့ မယူဆောင်ရန် တားမြစ်ခဲ့သည့် ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးကို ယခုအခါ သက်ဆိုင်ရာ အာဏာပိုင်များက မီးပေးချိန်ကို လျှော့ချပြီး လက်စားချေနေပြီ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
လွန်ခဲ့သော ရက်အနည်းက စပြီး လျှပ်စစ် မီးပေးချိန်ကို နာရီပေါင်းများစွာ လျှော့ချခဲ့ပြီး ၎င်းပြင် သုံးရက် တကြိမ်ကျစီ ပေးဝေသွားတော့မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" အရင်ကနေ ဆိုရင် နေ့ဘက်မှာ နံနက် ၈ နာရီကနေ ညနေ ၃ နာရီ မီးရပါတယ်။ ညဥ့်ဘက် ပိုင်းမှာ ဆိုရင် ညနေ ၇ နာရီက နေပြီး ၁၂ နာရီ မီးရပါတယ်။ အခုလို မီးပေးနေရာကနေ အခု ညနေ ၇ နာရီကနေပြီး ၁၀ နာရီထိဘဲ မီးပေးပါတော့တယ်။ အဲသလို မီးပေးတဲ့ အခါမှာလည်း သုံးရက် တကြိမ် ပေးမယ်။ ပီးရင် တရက်နားမယ်။ နောက်ထပ် သုံးရက်ပေးမယ်။ အဲသလို လုပ်ထားပါတယ်" ဟု ပြောသည်။

ထိုကဲ့သို့ မီးပေးချိန်ကို လျှော့ချလိုက်ခြင်းမှာ မြောက်ဦး မီးပေးဝေရေးကို တာဝန်ယူထားသော ထူးလင်း ကုမ္ပဏီက အမြတ်မရှိဘဲ အရှုံးပေါ်၍ ဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

" မီးခုလို ပေးနေတာက ကြာပါပြီ။ ပီးရင် သူတို့က အစိုးရဆီကလည်း ဆီခွဲတန်းတွေ ရတယ်။ တယူနစ်ကိုလည်း ကျပ် ၅၀၀ ထိယူပါတယ်။ ရှုံးတယ်ဆိုတာက အကြောင်းပြတာ သက်သက်ပါဘဲ။ ကျွန်တော်တို့ မြို့သူ မြို့သား အများစုကတော့ အာဏာပိုင်တွေ တောင်းတဲ့ ရှေးဟောင်းဘုရားကို နေပြည်တော်ကို ထည့်မပေးတဲ့ အတွက် သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး သက်သက် ညစ်တာလို့ဘဲ ထင်မြင်ယူဆနေကြပါတယ်" ဟု သူက ပြောသည်။

မြောက်ဦး ဒေသခံများက ထူးလင်း ကုမ္ပဏီအား အရှုံးပေါ်လျှင် နောက်ကုမ္ပဏီ တစ်ခုသို့ လုပ်ငန်းကို လွဲပြောင်း ရန် တောင်းဆိုသော်လည်း အဆိုပါ ကုမ္ပဏီမှ ၀န်ကြီး နောက်ခံ ရှိသည်ဟု ဆိုကာ မြောက်ဦး ဒေသခံများကို အရေး မစိုက်ဘဲ ရှိနေကြောင်း သူက ဆက်ပြောသည်။

" အခု မြောက်ဦးမြို့မှာ မီးလင်းရေး ကော်မီတီကို ဖွဲ့စည်းထားပါတယ်။ အဲဒီမီးလင်းရေး ကော်မီတီက နောက်ကုမ္ပဏီ တစ်ခုကို သွင်းမယ်ဆိုတော့ ထူးလင်းက အရေးမစိုက်ဘဲ သူတို့နောက်မှာ ၀န်ကြီး ရှိတယ် ဆိုပြီး ပမာမခန့်လုပ်နေပါတယ်။ ၀န်ကြီးက ရှိနေတော့ သူတို့က လုပ်ချင်သလို လုပ်တဲ့ သဘောမျိုး ဖြစ်နေပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ မီးပေးချိန်ကို လျှော့ချလိုက်သဖြင့် မြောက်ဦးမြို့ခံများ အထူး အခက်အခဲ ဖြစ်သွားခဲ့ရပြီး ကျောင်းသူ ကျောင်းသားများကိုလည်း အများကြီးထိခိုက်သွားကြောင်း သိရသည်။ မီးပေးချိန် လျှော့ချလိုက်သဖြင့် ရေနံဆီနှင့် ဖယောင်းတိုင် ဈေးမှာလည်း မြင့်တက်သွားပြီး မြို့လူထုကို ထိခိုက်မူများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

မြောက်ဦးမြို့တွင် လွန်ခဲ့သော မေလ ၃၀ ရက်နေ့က လောကမဉ္စူ စေတီတော်မှ ရရှိသော ရှေးဟောင်း ရွှေဘုရား ဆင်းထုတော်နှင့် တခြား ရှေးဟောင်းဌာပနာများကို နိုင်ငံတော် အစိုးရမှ နေပြည်တော်သို့ ပင့်ဆောင်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း မြို့သူ မြို့သားများ၏ ကန့်ကွက် ဆန့်ကျင်မူကြောင်း အောင်မြင်မူ မရရှိခဲ့ကြောင်း သိရသည်။

သို့အတွက် အာဏာပိုင်များက အထူး မကျေမနပ် ဖြစ်ခဲ့ကြပြီး အခုအခါ တန်ပြန် လက်စားချေသည့် အနေဖြင့် မြောက်ဦးမြို့တွင် မီးပေးချိန်ကို တစ်နေ့ ၃ နာရီထိ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရေကာတာတည်ဆောက်မှု ရပ်တန့်ရေး စုပေါင်း လက်မှတ်ထိုးနေကြ

2011-08-27 RFA via -Burmatwe
မြစ်ဆုံရေကာတာ တည်ဆောက်မှုနဲ့ ဧရာဝတီမြစ် ပျက်စီးမယ့် စီမံကိန်းတွေ ကို ရပ်တန့်ပေးဖို့ တောင်းဆိုမှုတွေကို ဒီကနေ့ မန္တလေး၊ ဟင်္သာတ အပါအဝင် ဧရာဝတီ မြစ်ကြောင်းတလျှောက်က မြို့ကြီးတွေမှာ စတင် ပြုလုပ်နေကြောင်း သတင်း ရရှိပါတယ်။

ဟင်္သတမြို့မှာ လူငယ်တွေ စုစည်းပြီး “ဧရာဝတီကို ထာဝရ ရှင်သန်စေသူများ” ဆိုပြီး စုပေါင်း လက်မှတ်ရေးထိုးနေကြောင်း လူငယ်တွေက ပြောပါတယ်။

ဧရာဝတီမြစ်ဖျားမှာ ရေကာတာ တည်ဆောက်ခြင်းဖြင့် ဧရာဝတီမြစ် ပျက်စီးပြီး မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ့်အရေးကို ကာကွယ်ဖို့အတွက် အခုလို လူငယ်တွေ စုစည်း လုပ်ဆောင်ရတာဖြစ်ကြောင်း ဟင်္သာတ ဒေသခံလူငယ်က ပြောပြပါတယ်။

မေခ၊ မလိခနဲ့ ဧရာဝတီမြစ်ဆုံမှာ တရုတ်နဲ့ မြန်မာကုမ္ပဏီတွေ ပူးပေါင်းပြီး ရေကာတာ ၇ ခု တည်ဆောက်မှာ ဖြစ်ပါတယ်။ ရတဲ့လျှပ်စစ် ၉၉ ရာခိုင်နှုန်းကို တရုတ်ပြည်ကို ရောင်းမှာဖြစ်ပါတယ်။

တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး မလုပ်ဆောင်သင့်ကြောင်း၊ ဒါကြောင့် ကန့်ကွက်ရတာဖြစ်ကြောင်း၊ ဟင်္သာတ လူငယ်တွေက ပြောပါတယ်။

ဧရာဝတီမြစ်ဖျားမှာ အခုလို ရေကာတာတွေ တည်ဆောက်မယ့်အရေးကို မန္တလေးမြို့ခံတွေကလည်း ကန့်ကွက်ကြောင်းနဲ့ ဆည်တည်ဆောက်ခြင်းကြောင့် မြန်မာပြည်မှာ ထိခိုက် ဆုံးရှုံးနိုင်တာတွေနဲ့ ပတ်သက်ပြီး စတင် ပညာပေး ဖြန့်ဝေနေပြီဖြစ်ကြောင်း မန္တလေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

အခုလို ဧရာဝတီမြစ် ထာဝရ ရှင်သန်ရေးနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး ကန့်ကွက်လှုပ်ရှားမှုကို ဧရာဝတီ မြစ်ကမ်းပေါ်က မြို့တမြို့ ဖြစ်တဲ့ ရေနံချောင်းမြို့မှာလည်း စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မှု ကန့်ကွက် လက်မှတ်ရေးထိုးတာတွေကို ရေနံချောင်းမှာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ရေနံချောင်းမြို့ခံကလည်း ပြောဆိုခဲ့ပါတယ်

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, August 29, 2011

တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ကံကြမ္မာ

by Hlaing Bwa on Sunday, August 28, 2011 at 5:44pm

တရုတ်ပြည်ရဲ့ တဟုန်ထိုးစီးပွါးရေး တိုးတက်လာမူကြောင့် ဖြစ်လာရတဲ့ စွမ်းအင်လိုအပ်ချက်ဟာ တရုတ်ပြည်ထဲက မြစ်တွေပျက်စီးခဲ့ရုံနဲ့ မပြီးပဲ မြန်မာပြည်ကိုမွေးဖွားသန့် စဉ်ပေးခဲ့တဲ့ တခုတည်းသော မြန်မာ အမျိုးသားပိုင် အမိဧရာဝတီကို သတ်ဖြတ်ဖို့  ကြိုးစင်ဆောက်နေတဲ့ အဆင့်အထိရောက်လာခဲ့ပါပြီ။ ကျွန်တော့် အနေနဲ့ သည်ဓါတ်ပုံ သတင်းဆောင်းပါးမှာ ပြည်ထောင်စု၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ မြန်မာတမျိုးသားလုံးကို တင်ပြချင်တဲ့ အခြေခံအချက်ကတော့ တရုတ်တွေဟာသူတို့ ကိုယ်ပိုင်မြစ်တွေကို ဘယ်လိုသတ်ဖြတ်ခဲ့ကြပြီလဲ၊ သူတို့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုဖျက်ဆီးခဲ့ကြပြီလဲ ဆိုတာကို - ဘာအကျိုးကျေးဇူးတစုံတရာ မယ်မယ်ရရ မရှိ မြန်မာတမျိုးသား လုံးအတွက် အဘက်ဘက်က ဘာအာမှခံချက်မှမရှိတဲ့ ဧရာဝတီကို လည်မျို ညှစ်နေတဲ့ တရုတ်အကျိုးစီးပွါးသက်သက်အတွက် သ္ခင်အားရ ကျွန်ဒဏ်ဝ လုပ်နေတဲ့ မျိုးဖျက် သစ္စာဖေါက် လောက်ကောင် ပုဆိန်ရိုးတစုကြောင့် ဖြစ်လာရတဲ့ မြစ်ဆုံရေအား လျှပ်စစ်ထုတ် ရေကာတာ တွေ ကြောင့်ဖြစ် လာမဲ့ အကျိုးဆက်တွေ ကို နှိုင်ယှဉ်တွေးဆပြီး - သည်သေမင်းတမန် စီမံကိန်းကို အမျိုးသားရေး အသွင် သဏ္ဍာန်နဲ့  ရပ် တန့် နိုင်စေရန် ရည်ရွယ် တင်ပြလိုက်ပါတယ်၊ (မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ဘွဲ့လွန် တရုတ်တွင် သင်ယူနိုင်ရန် ညှိနှိုင်းနေ By Popular News ဆိုတဲ့ သိန်းစိန်အစိုးရရဲ့ ဆင်သေကို ဆိတ်ရေ နဲ့ ဖုံးဖို့ ကြိုးစားနေတဲ့ သွေးရှူးသွေးတန်းလုပ်ရပ်တွေ ကို နားမယောင်ကြပဲ အရှိ အဖြစ် ကိုလက်တွေ့ ကျကျ ပကတိအတိုင်းမြင်နိုင်အောင် တင်ပြလိုက်ရပါတယ်) ................. လှိုင်ဘွား/ ၈၈
တရုတ်နိုင်ငံ အရှေ့ ချမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့ အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံ လိုက်သေနေသောငါးများ (August 17, 20011)
"တရုတ်ကွန်မြူနစ်ပါတီဟာဘယ်တော့မှအမှားကိုဝန်မခံဘူး" (ဟန်စ်ချန် - အာရှရေစွမ်းအင် Three Gorges Dam: China's Dilemma)
ကမ္ဘာ့ အကြီးဆုံး Three Gorges Dam ကို ယန်စီမြစ်လည်ကနေဖြတ်ပြီးဆောက်ခဲ့ပါတယ်၊ စီးပွါးရေးသမား တွေနဲ့ နိုင်ငံရေးသမားတွေ သူတို့ နဲ့ အဆွယ်အပွါးတွေ အားလုံးအကျိုးရှိသွားခဲ့ပါတယ်၊ ဒါပေမဲ့ သဘာဝပတ်ဝန်း ကျင် နဲ့  ဂေဟဗေဒစံနစ်တွေ အားလုံးပျက်စီးခဲ့ပြီး တရုတ်တမျိုးသားလုံး အတွက် သမိုင်းဝင် ယန်ဇီမြစ်ကြီး ဘ၀ပျက်သွားခဲ့တာကို မျက်စိမှိတ်လစ်လျူရှူခဲ့ကြပါတယ်၊ အာရှတိုက်ရဲ့အရှည် ဆုံးသော ယန်ဇီမြစ်ကြီးဟာ လျှပ်စစ် ဓါတ်အား 18,200 မီဂါဝှပ်ထုတ်ပေးတဲ့ Three Gorges Dam ရဲ့ ၀ါးမြိုဖျက်ဆီးခြင်းကို အဖတ်ဆယ် မရအောင် ခံလိုက်ရပါပြီ။
တရုတ်နိုင်ငံ အရှေ့ ချမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့ အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံလိုက်သေနေသောငါးများ (August 17, 20011)
သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီး ဖေါက်ခဲ့တဲ့ Three Gorges Dam ကြောင့်ဖြစ်လာရတဲ့ ယန်ဇီမြစ်ပြင်ရဲ့ တစိတ်တဒေသပါပဲ၊

(ယန်ဇီမြစ်ဆိုတာ တိဘက်ကုန်းပြင်မြင့်မှာမြစ်ဖျားခံခဲ့ပြီး တရုတ်ပြည်သူ သန်းပေါင်းလေးရာ ကို ရေချိုဖြည့် တင်း ပေးနေခဲ့တဲ့ မြစ်တစင်းပါပဲ)
သည်ဓါတ်ပုံတွေဟာ တရုတ်အာဏာပိုင်တွေရဲ့ သဘာ၀၀န်းကျင်နဲ့  ဂေဟဗေဒစံနစ်ကို ဘယ်လောက် အလေးထားနေ သလဲဆိုတဲ့ သက်သေခံပြယုဂ်တွေပါပဲ၊
တရုတ်နိုင်ငံ အရှေ့ ချမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့ အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံလိုက် သေနေသောငါးများ (August 17, 20011) သည် ဖုဟေးမြစ်ထဲကငါးတွေ အကြီးအသေး တကောင်မျှမကျန်အောင် သေကြေခဲ့ရခြင်းဟာ မြစ်ကိုဖြတ်ကူးတဲ့ တံတားတစင်းကို ဆောက်ခြင်း ကြောင့်ဖြစ် လာရခြင်းပါ။ ဒါကိုကြည့်တာနဲ့ တရုတ်နည်းပညာဟာ ဘယ်လောက်အဆင့်အတန်းရှိရှိ ဂုဏ်သိက္ခာရှိသလဲ ဆိုတာ မြက်ဝါးထင်ထင်တွေ့ မြင်နိုင်ကြမှာပါ၊
နန်ချင်းမြို့ ဘေးမှာတင် ပုပ်ပွနေတဲ့ ငါးအသေကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဖုဟေမြစ်ရဲ့ ဖြစ်ပျက်နေပုံပါပဲ၊ (August 17, 20011) ဘာစက်မူမှ မယ်မယ်ရရ မတိုးတက်ပဲ သဘာဝပန်းဝန်းကျင်ကိုပဲ မှီခိုအားထား အသက်ရှင်နေရတဲ့ (ဧရာဝတီနဲ့  မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာကိုမှီခိုနေရတဲ့) မြန်မာ့လူဦးရေရဲ့ ၇၀% ရာနှုံးရဲ့ အနာဂတ်ဘ၀တွေကို သည်မြင်ကွင်းတွေ အပေါ်ကနေ ပြက်ပြက်ထင်ထင် မြင်နိုင်ကြမှာပါ၊
သိပ်မကြာခင်ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အခုမြင်နေရတဲ့ တရုတ်ပြည်က မြစ်တွေထဲက ငါးတွေလို ပိုးလိုးပက်လက်သေသူသေ ဖုတ်လှိုက်
ဖုတ်လှိုက်နဲ့ သေဖို့ ကို စောင့်သူစောင့် ဘ၀ရောက်ကြရ တော့ မယ်ဆိုတာ သိစေချင်ပါတယ်၊
ကျုပ်တို့ လူမျိုးတွေ သည်ငါးတွေလို သေအတူယှဉ်မခွာ အတူသေကြတော့မလား၊
သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီးဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဆိုပြီး တရုတ်ကွန်မြူနစ်ပါတီက ဟိတ်ဟန်ထုတ်နေခဲ့တဲ့ Three Gorges Dam ကြောင့် July 27, 2011 နေ့ ကဖြစ်ပွါးခဲ့တဲ့ ရေကြီးမူတစိတ်တဒေသရဲ့ ဓါတ်ပုံပါ။ တစက္ကန့် ကို ရေကုဗမီတာ 70,000 ကျော် နှုန်းနဲ့  ထိမ်းမနိုင်သိမ်းမရ ဒလဟောထွက်လာတဲ့ ရေတွေကို တရုတ်ကွန်မြူနစ်ပါတီက အာဏာပိုင်တွေမတားဆီးနိုင်ခဲ့ပါဘူး၊ ဧရာဝတီကို တရုတ်လက်ထဲထိုးအပ်ခဲ့တဲ့ မောင်အေး နဲ့ သိန်းစိန်တို့  မြေကြီးလက်ခတ်မလွဲ ဖြစ်လာမဲ့ သည်ဆိုးကျိုး တွေအ တွက် တိုင်းပြည်နဲ့ လူမျိုးကို ဘာအာမခံချက်မှမပေးနိုင်ပါဘူး။ သူတို့ အာမခံချက်ပေးခဲ့တာကတော့ တရုတ်တွေ ကို ဧရာဝတီ ထိုးအပ်ပါတယ်ဆိုတဲ့ စာချုပ်မှာလက်မှတ်ထိုးခဲ့တာပါပဲ၊
တိုင်းပြည်ကိုချစ်တဲ့ တရုတ်အများစုကြီးကတော့ သည်ဆည်ကြီးကို ယံဇီကိုသတ်ခဲ့တဲ့ ငရဲခန်းကြီးလို့ တွင်တွင် ခေါ် နေကြပါတော့တယ်။
ယန်ဇီကိုသတ်ဖြတ်ခဲ့တဲ့ Three Gorges Dam ကြောင့် 2010 မှာ လူ 1,200 ရေသင်္ဂျုင်းမှာ မြုတ်ခဲ့ ရပြီး ဒေါ်လာသန်း ပေါင်း 22 ဘီလီယံဆုံးရှုံးခဲ့ရပါတယ်၊
ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာလူသန်း (၃၀၀) ဟာ ညစ်ညမ်း တဲ့ရေတွေ ကိုသောက်သုံးနေကြရ ပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့် ရှင်းတဲ့ရေသောက်သုံး - သုံးစွဲရမူ ကြောင့်ဖြစ်ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ 2011 မှာ သည်အရည်အတွက်ဟာ ၂၀% ထပ်တိုး လာပြီ လို့ ခန့် မှန်းကြပါတယ်၊
မျိုးဖျက် ပုဆိန်ရိုး သေစ္စာဖေါက်လောက်ကောင် တစုကြောင့် ကျွန်တော်တို့ ရဲ့နောင်လာနောက်သားတွေ ကနေ့ တရုတ်ပြည်ပြ့ည်ရဲ့ လူနည်စုကောင်းစားပြီး လူသန်းပေါင်းများစွာ ဘ၀ပျက်နေရတဲ့အဖြစ်မျိုးကို မကြုံရ အောင် အချိန်မနှောင်းခင် အမျိုးသားရေးအမြင်ဖြင့် တိုက်ပွဲဝင်ကြဖို့ အလျှင်အမြန်ဝိုင်းဝန်းကြရန်လိုအပ်နေပါပြီ။ (သိပ်မကြာခင်ဖြစ်လာမဲ့ အထက်ကလိုအနိဌာရုံတွေအတွက် သိန်းစိန် နဲ့ မောင်အေး တင်သာမက သူတို့ အဖေတရုတ်တွေလည်း ဘာအာမခံချက်မှမပေးနိုင်ပါဘူး။ တရုတ်တွေ သူတို့ မြစ်တွေဖျက်ဆီးလို့ အားလုံးရစ ရာမရှိတော့ချိန်မှာ နောက်ဖေးအိမ်က စမ်းချောင်းထဲမှာ အညစ်အကြေးစွန့် ဖို့ လုပ်တဲ့ဖြစ့်ရပ်နဲ့ မခြားပါဘူး)
အမျိုး ဘာသာ သာသနာ ကိုဖျက်ရုံတင်မက ပုဆိန်ရိုးတွေ သူခိုးကိုဓါးကိုကမ်းခဲ့ပါပြီ၊
မြန်မာတမျိုးသားလုံးရဲ့ သည်သေမင်းတမန် စီမံကိန်းကြီးကတော့ ဖဲကြိုးဖြတ်ဖွင့်ခဲ့ပါပြီ။
(ဖတ်ရှူတဲ့အတွက် အဖိနှိပ်ခံ မြန်မာတမျိုးသားလုံးရဲ့ကိုယ်စား သင့်ကိုကျေးဇူးတင်ပါတယ်)
ဧရာဝတီ ကမ္ဘာတည်သ၍စီးပါစေ။
မြန်မာပြည်သည်ဧရာဝတီစီးသ၍တည်ပါစေ။ (ဧရာဝတီပျက်တဲ့နေ့ ဟာ မြန်မာပြည်အသက်ထွက်တဲ့နေ့ ပါပဲ)
အမှားတခုကိုကျူးလွန်ရန်အတွက် ဘယ်အမှန်တရားနှင့်မျှသက်သေပြ၍မရ

လေးစားစွားဖြင့်
လှိုင်ဘွား / 88 (August 27, 2011)
References:
China's Big Dam Problem - http://www.foreignpolicy.com/articles/2011/03/08/chinas_big_dam_problem; Bridge construction leads to massive fish deaths - http://www.chinadaily.com.cn/photo/2011-08/18/content_13144428_3.htm; Bridge construction leads to massive fish deaths- http://www.china.org.cn/environment/2011-08/19/content_23241861_2.htm; Ecological disaster in Chinese rivers - http://www.speroforum.com/a/7543/Ecological-disaster-in-Chinese-rivers; China Earthquake a Dam-Induced Disaster? - http://www.internationalrivers.org/node/3827

အပြည့်အစုံသတင်းဖတ်ရန်....

ဟန်းဖုန်းအသုံးပြု၍လုပ်ကိုင်သည့် ပြည့်တန်ဆာ လုပ်ငန်းကို ဖော်ထုတ်

မင်းသုနောင်
အတွဲ ၂၇ ၊ အမှတ် ၅၃၀

တာမွေမြို့နယ် ဗျိုင်းကွက်နေ အမျိုးသား တစ်ဦးသည် ပြည့်တန်ဆာလုပ်ကိုင်သည့် အမျိုးသမီးများအား နေအိမ်၌ ထားရှိပြီး ပြည့် တန်ဆာလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း တာမွေ ရဲစခန်း မှ ဒုရဲအုပ်နှင့်အဖွဲ့ က သတင်း အရ ဩဂုတ် လ ၇ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် ကြိုတင် မှတ်သားထားသည့် ငွေကျပ် ၅,၀၀၀ တန် လေးရွက်အား သက်သေတစ်ဦးကို ပေးအပ်၍ ၎င်းအမျိုးသားကိုင်သည့် လက်ကိုင်ဖုန်းကိုဆက်သွယ်စေခဲ့သည်။

သက်သေဖြစ်သူမှ ၎င်းထံ ဆက်သွယ်ခဲ့ရာ အငှားယာဉ်ဖြင့် ပြည့်တန်ဆာ လုပ်ကိုင်သူ အမျိုးသမီးနှင့် မေတ္တာညွန့် ရပ်ကွက်ရှိ အုံလွင် လမ်းသို့ ရောက်ရှိလာခဲ့သည်။

သက်သေဖြစ်သူက ကြိုတင်မှတ် သားထားသည့် ငွေကျပ် ၂၀,၀၀၀ ကို ပေးအပ်ကာ ပြည့်တန်ဆာ လုပ်ကိုင်သည့် အမျိုးသမီးက လက်ခံ၍ အုံလွင် လမ်းအတိုင်း လမ်းလျှောက်လာစဉ် အမှုလိုက် ဒုရဲအုပ်နှင့်အဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် ပြည့်တန်ဆာ အမျိုးသမီးအား မေးမြန်းရာတွင် ငွေကျပ် ၂၀,၀၀၀ အနက် ၆,၀၀၀ ရရှိကြောင်း ဆိုသည်။

ပြည့်တန်ဆာခေါင်း လုပ်ကိုင်သည့် သန့်ဇော်လင်းဆိုသူ၏ နေအိမ်အား ၀င်ရှောက်ရှာဖွေရာ ၎င်းအား လက်ကိုင်ဖုန်းနှင့်အတူ ပြည့်တန် ဆာလုပ်ကိုင်ရန် ရောက်ရှိနေသည့် အမျိုးသမီး ခြောက်ဦးအား ဖမ်းဆီးရမိခဲ့သည်။

တာမွေမြို့နယ်ရဲစခန်းက (ပ) ၄၅၂/၁၁၊ ပြည့်တန်ဆာအက်ဥပဒေပုဒ်မ ၃(ခ)/ ၅(၁)/၈(၁)/ ၇(၁)(က)အရ အမှုဖွင့် အရေးယူ ထားသည်။
မြန်မာတိုင်း(မ်)

အပြည့်အစုံသတင်းဖတ်ရန်....

"fierce battle Myitkyina"ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinhydro Bureau မှ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်

( "fierce battle Myitkyina"ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinhydro Bureau မှ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်" ဒေါင်းလုပ်လုပ်ချင်ရင်--> http://www.mediafire.com/?az0bto356d5db5e )

မျှဝေသူ ကိုမျိုး

ကျွန်တော်တို့ ရဲ့ အပျိုမကို တရုတ်က ခြေတော်တင်နေပါပေါ့
The Irrawaddy River flows from north to south through the center of Burma. Since 2005, Burma's military junta in partnership with the China Power Investment Corporation have been preparing plans to build a 3,600 - 6,000 megawatt Irrawaddy Myitsone dam on the river. China Gezhouba is the main dam builder. Located a mile below the confluence of the Mali and N'Mai Rivers in Kachin State, the source of the Irrawaddy River, the Irrawaddy Myitsone Dam is the largest of seven dams now proposed for these three rivers.

If built, the Irrawaddy Myitsone dam would create a reservoir the size of New York City and displace 10,000 people, mostly from the Kachin ethnic group. The dam will also submerge historical churches, temples, and cultural heritage sites that are central to Kachin identity and history.

The dam site is located within the Mizoram-Manipur-Kachin rainforest region, which is recognized as one of the world's top biodiversity hotspots and a global conservation priority. If built, the Irrawaddy Myitsone Dam would inundate approximately 766 square kilometers of this pristine rainforest and cause irreversible damage to its river systems. The dam would also disrupt transportation of nutrients to the Irrawaddy's delta, which provides nearly 60 percent of Burma's rice.

Local communities oppose the dam not just because of its environmental impacts, displacement, and threats to cultural sites, but also because the dam is located less than 100 kilometers from a major fault line, posing a risk to basin inhabitants should an earthquake weaken the dam structure or cause landslides in the reservoir. If the Irrawaddy Myitsone Dam were to break during an earthquake, it would endanger the lives of hundred of thousands of people by flooding Kachin State's largest city, Myikyina.
(For more detail please visit : http://www.internationalrivers.org/en/southeast-asia/burma/myitsone-dam )

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနဲ့  ဗုဒ္ဓဘာသာ ဆိုတဲ့ ဗွီဒီယို ဖိုင် download လိုချင်ပါက

မြန်မာနဲ့  ဗုဒ္ဓဘာသာ ဆိုတဲ့ ဗွီဒီယို ဖိုင် download က ဒီမှုာပါ
http://www.fileswap.com/dl/Df8VYcBU/CIA_Archives

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, August 28, 2011

ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဆိုတာ ဘယ်သူလည်း။



BGသွေးအကူအညီပေးရေးအဖွဲ့နဲ့အတူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့သူ့ရဲ့လေးစားဂုဏ်ယူဖွယ်ကောင်းတဲ့ လူမှုရေး လုပ်ဆောင်ချက်များ အား video ဖိုင်တိုလေးများ တစုတည်းပေါင်းဖော်ပြပေးလိုက်ပါတယ်..

နယူးဒေလီ(မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ ကွင်တားနား မြန်မာနိုင်ငံမှ ထွက်ခွာအပြီးနောက်ရက်တွင်ပင် သွေးလှူဒါန်းရေး ပါဝင်လှုပ်ရှားနေသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ်ဥပဒေဖြင့် အင်းစိန်ထောင် အထူးတရားရုံးက သောကြာနေ့တွင် ထောင်ဒဏ် ၁ဝ နှစ် အမိန့် ချမှတ်လိုက်သည်။

ရုံးတင်စစ်ဆေးမှု ၄ လနီးပါးအကြာတွင် စီရင်ချက်ချလိုက်ခြင်းဖြစ်ပြီး မိသားစုဝင်များပင် တက်ရောက် နာကြားခွင့် မရှိသော ၁ နာရီခန့်ကြာ တံခါးပိတ်တရားခွင်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် တရားသူကြီး ဦးခင်မောင်ကဦးနေမျိုးဇင်၏ အီးမေးလ်များ အတွင်း တပ်မတော်ကို သိက္ခာချထားသည့် ဆောင်းပါးကို တွေ့ရှိသဖြင့်ပြစ်မှုကျူးလွန်ကြောင်း ဖတ်ကြားသွားသည်ဟု တရားခွင်မှပြန်လာသူ တရားခံ၏ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

ထောင်တွင်းချော်လဲရာက ခါးရိုးအက်နေ၍ လက်တွန်းလှည်းဖြင့် တရားခွင်လာရသူ ဦးနေမျိုးဇင်က "တိုင်းပြည် အတွက် သစ္စာရှိရှိနဲ့ လုပ်ဆောင်ခဲ့တဲ့ လူငယ်တယောက်ကို ထောင် ၁ဝ နှစ်ချမှတ်ပြီး ထောင်ထဲမှာ အချိန်ကုန်ခိုင်း လိုက်တာဟာ လုံးဝ မတရားမျှတမှု မရှိဘူး။ အယူခံလည်းမဝင်ဘူး" ဟု တရားသူကြီးကို ပြန်လည် ပြောဆိုကြောင်း ဦးလှမျိုးမြင့်က ပြန်ပြောပြသည်။

ဦးနေမျိုးဇင်၏ ရှေ့နေများကမူ အမှုကို အယူခံဝင်ရန် ဆန္ဒရှိပြီး ဥပဒေလမ်းကြောင်းဆုံးသည် အထိဆောင်ရွက်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ရှေ့နေများဖြစ်သော ဦးလှမျိုးမြင့်နှင့်ဒေါ်ခင်ဌေးကြွယ် တို့က သူ၏အမှုတွင် လိုက်ပါကူညီပေးနေသည်။

“ဒီစာရွက်စာတမ်းတွေဟာ သူ့ဆီကရပါတယ်။ ရေးပါတယ်ဆိုတဲ့အကြောင်း ထင်ရှားအောင်မပြနိုင်ဘူး၊ စာရွက်စာတမ်းနဲ့ ကွန်ပျူတာတွေ သိမ်းတုန်းကလည်း ဥပဒေကျင့်ထုံးတွေနဲ့ မညီကြောင်းကို ကျနော်တို့ ရုံးတော်မှာ တင်ပြထားခဲ့ပါတယ်”ဟု ဦးလှမျိုးမြင့်က ပြောသည်။အီးမေးလ်ပါ ဆောင်းပါးတွင် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အလုပ်မှုဆောင် ဦးဝင်းတင်တို့က ပြည်ပမီဒီယာများတွင် တပ်မတော်နှင့်ပတ်သက်၍ ပြောဆိုထားမှုများ ထည့်သွင်းရေးသားထားပြီး ယနေ့ခေတ် စစ်သားများ၏ စိတ်ဓာတ်ပျက်ပြားနေမှုအကြောင်းများ ပါဝင်သည်ဟုဆိုသည်။ ယင်းဆောင်းပါးပါ အသေးစိတ် အကြောင်းအရာများကို မသိနိုင်သေးပါ။

ဦးနေမျိုးဇင်သည် တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်၌ တပ်မှ နှုတ်ထွက်ခဲ့ သူဖြစ်ကာနိုင်ငံရေးပါတီဝင် မဟုတ်ဘဲ လူမှုရေး လုပ်ငန်းများတွင် ကူညီလေ့ရှိသူ ဦးနေမျိုးဇင်မှာ ခါးဒဏ်ရာကြောင့် အင်းစိန်ထောင်မှနေ ၍ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးကုဆေးရုံသို့ ယခင် တပတ်မှစ၍ သွားရောက် ကုသနေရသည်။

အဖမ်းမခံရခင်က အင်တာနက်ဆိုင် ပိုင်ရှင် တဦးလည်းဖြစ်သူ ဦးနေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့က တောင်ဒဂုံနေအိမ်တွင် အထူးရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ၊ ၂ ပတ်အကြာတွင်နေအိမ်ရှိ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်း တို့ကိုလည်း ထပ်မံသိမ်းယူခဲ့သည်။ ယင်းနောက် အထူးရဲတပ်ဖွဲ့ ဒုရဲမှူး ဦးသန်းစိုးက တရားလိုပြု၍ အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးစဉ်ကပင် ဖမ်းဝရမ်း မပါခြင်း၊ ရက်သတ္တပတ် ၃ ပတ်ကျော်အထိ တရားရုံးမတင်ဘဲ ဖမ်းဆီးထားခဲ့သဖြင့်၂ဝဝ၈ အခြေခံ ဥပဒေပါ နိုင်ငံသား ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အာရှ လူ့အခွင့်အရေးကော်မရှင် AHRCက ဧပြီလ နောက်ဆုံးပတ် က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့များ တွေ့ဆုံမှုများ ပြုလုပ်ချိန်မှာပင် ဦးနေမျိုးဇင်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းသည် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို သံသယ ဖြစ်စေကြောင်း တောင်ဒဂုံ BGသွေးကူညီရေး အဖွဲ့က ရှုမြင်သည်။

"အပေါ်က လုပ်သမျှကို အောက်က ဖျက်ဆီး နေသလိုပါပဲ” ဟု တောင်ဒဂုံ သွေးကူညီရေး BG အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုညီညီက ဆိုသည်။

သဘောကွဲလွဲသူများကို ထောင်ချရာတွင် အသုံးပြုလေ့ရှိသည့် အီလက်ထရောနစ် ဥပဒေကို ၂ဝဝ၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အီလက်ထရောနစ် ဆက်သွယ်ရေး ကိရိယာများကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြားစေမှု၊နိုင်ငံတော် လျှို့ဝှက်ချက် ပြင်ပပေါက်ကြားစေမှု စသည့် ကိစ္စများနှင့် အကျုံးဝင်ပြီး အနည်းဆုံး ၇ နှစ်မှ ၁၅ နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
http://www.dawnmanhon.com/2011/08/blog-post_27.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */