“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 30, 2011

ဗိုလ်ချုပ်ဒေါသထွက်သောနေ့

(ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။တပ်အင်အားသုံးထောင်ကျော်ရှိသောမြန်မာ့လွပ်လပ်ရေးတပ်မတော်အား ဂျပန်အာဏာပိုင်တို့ကလက်တစ်ဆုပ်စာခန့်ရှိသော မြန်မာ့လွပ်လပ်ရေးတပ်မတော်ကိုပြန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေးတပ်မတော်ကိုဦးစီးရန် ဗိုလ်ချုပ်အောင်ဆန်းအားဗိုလ်မှုးကြီး (ကာနယ်) အဆင့်သို့လျှော့ချလိုက်သည့်အချိန်မှစပြီး အရာရှိ၊အရာခံ၊အကြပ်၊တပ်သားအားလုံး စိတ်ထိခိုက်ကာစိတ်ဓာတ်ကျနေကြသည် ။

သေဖော်သေဖက်ရောင်းရင်းရဲဖော်အချင်းချင်း ရုတ်တရက်ကွဲကွာခဲ့ရခြင်း၊ ဖက်ဆစ်ဂျပန်တပ်များ၏အခါအခွင့်သင့်တိုင်းစော်ကားခံရဖြင်း တို့ကြောင့်ရဲဘော်ရဲဘက်များစိတ်ဓာတ်ကျဆင်းနေခြင်း
လဲပါဝင်သည်။
ပျဉ်းမနားစခန်းတွင်ပြောင်းရွှေ့စုစည်းရောက်ရှိနေသော ဘီဒီအေတပ်ရင်းသုံးရင်းသည်အမြဲတမ်းစစ်တပ်အနေဖြင့်နေရသော်လည်း
စစ်ဝတ်စုံ (ယူနီဖောင်း) များညံ့ဖျင်းခြင်းနှင့်ပြည့်ပြည့်စုံစုံမရှိခြင်းက ချွတ်ယွင်းချက်တစ်ခုဖြစ်နေလေသည်။ရဲဘော်အားလုံးကပင်မြန်မာ့

ကာကွယ်ရေးတပ်မတော်အတွင်းဂုဏ်သိက္ခာနှင့်ထိုက်သင့်သော စစ်ဝတ်စုံရာထူးတံဆပ်များကို မျှော်လင့်တောင့်တနေကြသည်။

စစ်ဌာနချုပ်မှလည်းစစ်ဝတ်စုံများရရှိရေးအတွက် အစွမ်းကုန်ကြိုးစားလျှက်ရှိသည်။ ပျဉ်းမနားဘီဒီအေတပ်ရင်းမှရဲဘော်သုံးကျိပ်ဝင်

ဗိုလ်တာရာသည် တပ်ရင်းမှုးဗိုလ်တေယျ၏တာဝန်ပေးချက်အရလူသူလက်နက်စာရင်းများမှားယွင်းနေသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ဌာနချုပ်ရှိစစ်ဆေးရေးချုပ်၏ရုံးအုပ်နှင့်တွေ့ရန် အရာခံဗိုလ်ဗဟန်နှင့်အတူမြင်းကိုယ်စီစီးလျှက် စစ်ဌာနချုပ်သို့ရောက်လာကြသည်။



သူတို့ရောက်ရှိလာသောအချိန်သည်ရုံးဆင်းနေချိန်ဖြစ်ပြီး အချို့သောတာဝန်ခံအရာရှိများ ရုံးဆင်းသွားကြသည်။စာရေးများ၊ရုံးစောင့်တာဝန်ခံရဲဘော်များနှင့်ကင်းမှုးများသာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။သူတို့တွေ့လိုသော ရုံးအုပ်မှာအပြင်ခဏထွက်သွားသဖြင့်ပြန်အလာကိုစောင့်ရင်း ဗိုလ်ချုပ်ထိုင်ရာရုံးခန်းသို့ လျှောက်ကြည့်ရာဗိုလ်ချုပ်ကိုမတွေ့သဖြင့် ရုံးဆင်းသွားပြီဟုထင်ကာဗိုလ်ချုပ်၏ရုံးခန်းနှင့်ကပ်လျှက်ရှိသော ကိုယ်ရံတော် ဗိုလ်ကြီး၏အခန်းထဲဝင်ပြီးထိုင်စောင့်နေကြသည်။



ရုံးဆင်းချိန်ကျမှပင်ပစ္စည်း (စစ်ဝတ်စုံ)သေတ္တာအပြည့်တင်ထားသော ထရပ်ကားကြီးများရောက်လာသဖြင့် စစ်ဌာနချုပ်ရဲဘော်များ၏အကူအညီဖြင့်ကားပေါ်မှပစ္စည်းများကိုသယ်ချနေကြသည်။နာရီဝက်ခန့်

အကြာဗိုလ်ချုပ်သည်ရုံးခန်းအတွင်းသို့ဘယ်အချိန်က ၀င်ရောက်ပြီးအလုပ်လုပ်နေသည်ကိုမသိလိုက်သောသူတို့နှစ်ယောက်က ဗိုလ်ချုပ်ကိုလှမ်းမြင်လိုက်သည်။


ဗိုလ်ချုပ်သည်ဘယ်ကိုမှမကြည့်ဘဲစားပွဲပေါ်တွင် စာရွက်တွေတထွေကြီးခင်းကာ စာကုန်းရေးနေသည်ကိုတွေ့လိုက်ကြသည်။ဗိုလ်ချုပ်အောင်ဆန်း၏အ၀တ်အစားမှာ ဗိုလ်ချုပ်နှင့်ထိုက်သင့်သောစစ်ဝတ်စုံမဟုတ်ပေ။ အစိမ်းရင့်ရောင်ရှပ်လက်တိုကိုဝတ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့်စစ်ဖိနပ်တစ်ရံကိုစီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။

စားပွဲထောင့်တစ်နေရာတွင်မြန်မာ့လွပ်လပ်ရေးတပ်မတော်ခေတ်တစ်လျှောက်လုံးဆောင်းလာသည့် ဂျပန်အရာရှိများ

ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကိုတွေ့ရသည်။အခန်းထောင့်တွင်ဂျပန်ဓားရှည်တစ်လက်ကိုထောင်ထားသည်။ ဗိုလ်ချုပ်၏

ဆံပင်မှာဆီနှင့် ကင်းဝေးနေပြီးဖြီး လိမ်းခြင်းမပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ဗိုလ်ချုပ်၏စစ်ဝတ်စုံမှာလည်းရာသီဥတုဓာတ်ကြောင့် အဖြူရောင်

ရောနှောကာဟောင်းနွမ်းနေလေပြီ။ ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့်သူတို့နှစ်ဦးလည်းအနှောက်အယှက်မပေးလိုသဖြင့်

ပြောလက်စ စကားကိုဆက်မပြောတော့ပေ။





သို့သော် အပြင်တွင်ပစ္စည်းသေတ္တာများသယ်ချနေသော ရုံးတာဝန်ခံ၊ပစ္စည်းထိန်းဌာနအရာရှိများ၊အကြပ်တပ်သားများ

သည် စည်းလွတ်ဝါးလွတ်ပြောချင်ရာစကားများကိုကျယ်ကျယ်လောင်လောင်ပြောနေကြသည်။ သူတို့လူစုသည်ဗိုလ်ချုပ်ရုံးပြန်တက်

ပြီးသူ့အခန်းအတွင်းအလုပ်လုပ်နေသည်ကိုလုံးဝသိပုံမရပေ။သတိပြုမိပုံလဲမရပေ။





"ဒီလောက်ကြမ်းတဲ့အ၀တ်တွေဝတ်ရတာကျောယားလိုက်ပါဘီကွာ။အိမ်မှာတုန်းကတစ်ခါမှတောင်စိတ်မကူးခဲ့တဲ့

ယူနီဖောင်းတွေ ၊ လက်တောင်မသုတ်ခဲ့တဲ့အ၀တ်ကြမ်းတွေကွာ"

ရဲဘော်တစ်ယောက်ကကျယ်ကျယ်လောင်လောင်နှင့်ရယ်မောကာပြောလိုက်သည်။ဗိုလ်ချုပ်သည်စာရေးနေရာမှရုတ်တရက် ရပ်လိုက်ပြီးမျက်တောင်မခတ်တမ်းတစ်ဖက်ခန်းမှစစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကိုနားစိုက်ထောင်နေသည်။


" ချီးမှပဲ တို့မျှော်လင့်ခဲ့သလိုစမတ်ကျကျမဟုတ်ဘဲ လူရယ်စရာအ၀တ်ကြမ်း ၊ ဖျင်ကြမ်းကြီးတွေနဲ့လာတိုးနေပြီ။

ကောင်းတယ်ကွာ သိပ်ကောင်း ။ ကူလီဝတ်တဲ့အ၀တ်မျိုးတွေကွ" တစ်ယောက်က၀င်ပြီးပြောလိုက်သည်။

ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက်တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံး ကလည်းအရောင်တွေဝင်းဝင်းတောက်ဒေါသထွက်နေသည်။



"ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့စစ်ဝတ်စုံဝတ်ပြီးမြို့ထဲသွားရင် ဂျပန်တပ်ကခိုင်းတဲ့ ဟေးတိုးတပ်သားတွေထင်ပြီး ဂျပန်

တပ်ကတန်းခိုင်းမှာသေချာတယ်။မင်းတို့သာကြည့်ပြောပြပေတော့။ဘယ်လိုအ၀တ်အစားတွေမှန်းမသိပါဘူးကွာ။

တစ်ဖက်ခန်းမှအသံများကလဲ မလျှော့တမ်းဟာသစွက်ကာပြက်လုံးထုတ်လိုက်ပြန်သေးသည်။

ဗိုလ်ချုပ်သည်တွေဝေပြီးမျက်လုံး စုံမှိတ်ကာစဉ်းစားနေသည်။ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလှမ်းပြီး



"ဟေ့တာရာ.....ဟိုဘက်ကစကားပြောနေတဲ့အကောင်တွေအားလုံးငါ့ဆီအမြန်ဆုံးခေါ်ခဲ့စမ်း၊သွားစမ်း။မြန်မြန်ကွ" အော်ငေါက်

ကာဗိုလ်တာရာအားလှမ်းပြီးအမိန့်ပေးသည်။ပါးစပ်သရမ်းနေကြသောရဲဘော်များသည် သူတို့ခေါင်းမီးလောင်တော့မည့်အခြေအနေကို

လုံးဝမရိပ်မိဘဲစစ်ဝတ်စုံများ၏ အခြေအနေကိုဝေဖန်ရင်းပြက်လုံးထုတ်နေကြသည်။



ဗိုလ်တာရာလဲတစ်ချိုးထဲသွားရောက်ကာ အခန်းတွင်းသေတ္တာကြီးများကိုဖွင့်ကာဝတ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့်ဗိုလ်၊အကြပ်တပ်သား အားလုံးကိုဗိုလ်ချုပ်၏ အမိန့်အရ ဗိုလ်ချုပ်၏အခန်းထဲသို့တစုတစ်ရုံးတည်းခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်းစစ်ထုံးစံအတိုင်းဗိုလ်ချုပ်ကိုအလေးပြုကာ အမိန့်အတိုင်းခေါ်ဆောင်လာပြီဖြစ်ကြောင်းသတင်းပို့ကာ အလေးပြုနေစဉ်ပင်



"မင်းတို့ဘာကောင်တွေတုန်းကွ ၊ ဟေ့ငါမေးနေတာမကြားဘူးလား"

စူးစူးဝါးဝါးမေးမြန်းလိုက်သည်။ဗိုလ်ချုပ်၏အသံသည် စစ်ဌာနချုပ်တစ်ခုလုံးလွှမ်းမိုးသွားသည်။



သူတို့သည်ကြောင်နေကြပြီးမှင်သက်မိသူများပမာ တစ်စုံတစ်ရာကိုမပြောဝံ့ကြပေ။သတိအနေ ဖြင့်ငြိမ်သက်စွာရပ်နေကြသည်။


"ပြောကြစမ်း၊မင်းတို့ဘာကောင်တွေတုန်း။ငါမေးနေတာမင်းတို့မကြားဘူးလား။ခုတင်က မင်းတို့ရယ်လားမောလားနဲ့ပြောနေကြ

တာတွေလေ" ဗိုလ်ချုပ်သည်နောက်တစ်ကြိမ်စူးစူးဝါးဝါးအော်ဟစ်ကာမေးလိုက်ပြန်သည်။အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေ

နှင့်အနည်းငယ်တုန်လှုပ်နေကြသည်။





"ကျွန်တော်တို့စစ်ဝတ်စုံတွေညံ့တာနဲ့ဝေဖန်မိပါတယ်ဗိုလ်ချုပ်" ဗိုလ်ချုပ်ကိုဗိုလ်အဆင့်ရှိသူတစ်ဦးကအရဲစွန့်ပြီးဖြေကြားလိုက်သည်။

"ဘာကွ။စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ်။လက်တောင်မသုတ်ချင်ဘူးဟုတ်လား ငါအကုန်ကြားတယ်မင်းတို့ဝေဖန်နေတာတွေ"

ဗိုလ်ချုပ်သည်ကျယ်လောင်စွာပြောလိုက်ပြီး ကုလားထိုင်မှဗြုန်းခနဲထလိုက်ပြီးတန်းစီထားသူများရှေ့သို့ တက်လာရင်း......


"မင်းတို့ငါအုပ်ချုပ်နေတဲ့ထပ်ထဲကအခုထွက်၊အလကားကောင်တွေ မင်းတို့ကိုငါနဲနဲမှအထင်မကြီးတော့ဘူး၊နွားတွေ တို့ရဲဘော်တွေ

ယိုးဒယားကဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရဘယ်စစ်ဝတ်စုံတွေဝတ်ပြီးတိုက်ပွဲဝင်ခဲ့ကြသလဲ ဟင်

ပြောစမ်း" စိတ်ပါလက်ပါလက်သီးလက်မောင်းတန်းပြီးမေးလိုက်သည်။



"မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေးစစ်ဝတ်စုံလေးနဲ့ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ဟေ့တိုင်းပြည်နဲ့လူထုအတွက်ဆိုရင်

စစ်ဝတ်စုံမရှိလို့ခါးတောင်းကြိုက်ပြီးပဲတိုက်ရတော့ရောဘာဖြစ်လဲ။စစ်တိုက်နိုင်ဖို့သာအဓိကကွအခုတော့မင်းတို့ကကြီးကြီးကျယ်ကျယ်

စကားတွေပြောလို့"



ဗိုလ်ချုပ်က ခဏရပ်ပြီးဆက်ပြောပြန်သည်။



"အခုတော့တိုက်ပွဲမှကျဆုံးခဲ့တဲ့ရဲဘော်ရဲဘက်အချင်းချင်းတောင် မင်းတို့ပြောပုံသဘောထားတွေက သစ္စာဖောက်နေတဲ့

အကောင်တွေ၊မင်းတို့ကို ငါ့တပ်ထဲကထုတ်ပစ်မယ်၊ထုတ်ရမယ်" ကြိမ်းဝါးလိုက်ပြန်သည်။



အကြိမ်းခံရသူဗိုလ်၊အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ဒူးချင်းရိုက်ခတ်သူခတ် အတော်စိတ်ထိခိုက်နေကြသည်။ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်တစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကိုခေါင်းငဲ့ကာ စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လိုက်လုပ်နေကာ

ဗိုလ်ချုပ်သည်



"ဘာလဲကွမင်းတို့က ဂျပန်တွေကားစီးပြီးအ၀တ်ကောင်းတွေဝတ်နေတာကိုအားကျလို့လား။အေးမင်းတို့မှတ်

ထား။ငါတို့တပ်မတော်ဟာပြည်သူလူထုရဲ့သားသမီးတွေဆိုတာကြည့်လိုက်စမ်း။တို့ပြည်သူလူထုတွေဟာစစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်

က ငပုတွေကတွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘ၀မှာ မင်းတို့လိုအကောင်တွေက ဇိမ်ခံချင်ကြတယ်။



ကားသစ် ကြီးတွေစီးချင်ကြတယ်။ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက်အခွင့်အရေးပိုလိုချင်ကြတယ်။လူထုက၀တ်စရာ အင်္ကျီ ပုဆိုးမရှိတဲ့အချိန် မှာ မင်းတို့လိုအလိုက်ကန်းဆိုးမသိတဲ့အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေဝတ်ချင်ကြတယ် မှတ်ထားအခုလိုစိတ်မျိုး အမြင် မျိုးတွေရှိနေသမျှငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။မင်းတို့ပြည်သူလူထု အတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝအဓိပါယ်မရှိတော့ဘူး"

ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။





"မင်းတို့နားလည်လား။စဉ်းစားမိလား မင်းတို့ ကိုယ်မင်းတို့ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေဆိုပြီးတစ်ကယ်စစ်တိုက်ရတဲ့အခါမှာ

စစ်ပညာကောင်းကောင်းတက်နေပြီလား။ဘာတစ်ခုမှမတတ်သေးဘူး။ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးဘ၀င်မြင့်နေတဲ့ကောင်စားတွေ။

မင်းတို့ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့စိတ်တွေထားကြ။ငပုတွေက မင်းတို့ကိုဆော်ဖို့အသင့်ရှိနေတယ်ဆိုတာမင်းတို့မြင်ရဲ့လား။

ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့မင်းတို့ကို ငါ့တပ်ထဲကထုတ်ရမယ်"



ဆက်လက်ပြီးဒေါနဲ့မောနဲ့ကြိမ်းလိုက်ပြန်သည်။



"မှားပါပြီဗိုလ်ချုပ်၊နောင်တရပါပြီဗိုလ်ချုပ်" အရာရှိနှစ်ဦးက ကတုန်ကယင်ဖြစ်တာငိုယိုသံများဖြင့်တောင်းပန်တိုးလျှိုလိုက်ကြ

သည်။"



" ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။မင်းတို့နဲ့ဘာခြားလို့လဲ။မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ"။ ဗိုလ်ချုပ်သည်

သူ၏ဟောင်းနွမ်းနေသောဝတ်စုံကိုလက်ဖြင့်ပုတ်ပြီးပြလိုက်သည်။



"ကျွန်တော်တို့မှားပါပြီဗိုလ်ချုပ်။တောင်းပန်ပါတယ်။ကျွန်တော်တို့အမှားကိုဝန်ချတောင်းပန်ပါရစေ။" မျက်ရည်ဖြိုင်ဖြိုင်ကျ

လျှက်အသနားခံလိုက်ကြပြန်သည်။ဗိုလ်ချုပ်သည်သိမ်းကြုံးပြီးဒေါသထွက်နေသော မျက်လုံးအစုံဖြင့်တောင်းပန်နေသူများကို

ဝင့်ကြည့်လိုက်ပြီး



"မှတ်ထား၊ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင်တစ်ကောင်မှမရှိရဘူး၊မပါစေရဘူး။လူထုငတ်ရင်အားလုံးငတ်မယ်

လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ငါတို့တွေတည်ထောင်ခဲ့တဲ့တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့

အရေးကြီးတယ်။ အခုတော့မင်းတို့ကောင်တွေကွာ။ငါလိုက်ပြီးကန်လိုက်ရရင်ကွာ။"

ကြိမ်းဝါးလိုက်ပြန်သည်။


သူ့ရှေ့တွင်ရပ်နေကြသူများမှာ သူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကိုခံယူကြမည့်ရဲဘော်များ

ဖြစ်နေကြသည်။အခိုက်အတန့်အတွင်း အပြောမှား၊အဆိုမှားခဲ့ရာ ယခုအခါ ဗိုလ်ချုပ်၏ဆုံးမသြ၀ါဒများကြောင့်အမြင်မှန်ရခဲ့သည်။

"သွားကြစမ်း၊မြန်မြန်ထွက်သွား၊အကောင်ရှုပ်တွေ ကြာကြာနေရင်မင်းတို့ကိုငါ ဆော်ထည့်မိလိမ့်မယ်။"





ဗိုလ်ချုပ်က ကြိမ်းဝါးကာရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ပါးစပ်သရမ်းမိသူများလည်းအရေးတကြီးဗိုလ်ချုပ်ကို အလေး

ပြုကာ သုတ်သီးသုတ်ပြာနှင့် ကြောက်ကြောက်ရွံ့ရွံ့မျက်နှာငယ်လေးများဖြင့် ထွက်ခွာသွားကြလေတော့သတည်း...။





မူရင်းဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော်



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်တစ်ပိုင်းတစ်စ စာအုပ်မှ



ကို thweni ( Facebook ) ဆီမှ ထပ်မံ ကူးယူဖော်ပြပါသည် ။


http://www.facebook.com/note.php?note_id=235158586501796


ဒီဆောင်းပါးလေးနဲ့ ပက်သက်ပြီး မိတ်ဆွေတို့ ရင်ထဲက ပြောချင်တာများ ရှိခဲ့ရင် ဒီလင့်လေးကို နှိပ်ကာ အများသိအောင် ရင် ဖွင့်ပြနိုင်ပါတယ် ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်က မြန်မာ့ ဒီမိုကရေစီရေး ဆက်ကူညီမည်

လင်းသန့် Wednesday, 29 June 2011 18:50 (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး အတွက် ဂျပန်နိုင်ငံက ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပါလီမန် ဆိုင်ရာ ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စ မခိကို ခိခုတနှင့် ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သို့ ယနေ့ လာရောက်တွေ့ဆုံစဉ် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်များနှင့် မစ္စ မခိကို ခိခုတ တို့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ နေ့ လယ် ၁ နာရီခန့်က ၄၅ မိနစ်ကျော်ကြာ တွေ့ဆုံခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့တယ်။ ကျနော်တို့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်”ဟု NLD လူငယ် ခေါင်းဆောင်တဦးဖြစ်သူ ကိုရာဇာ က ဧရာဝတီကို ပြောသည်။

ဂျပန် ဒု နိုင်ငံခြားဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သို့ လာရောက်တွေ့ဆုံချိန်သည် ယနေ့ထုတ် အစိုးရ သတင်း စာတွင် ပါရှိသည့် NLD လုပ်ဆောင်နေသော လုပ်ငန်းများကို ရပ်တန့်ရန် သတိပေးထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ “ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်ဆိုသည့်အပေါ် “မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက်လာလျှင် မြောက်မြားလှစွာသော ယခင့်ယခင် သာဓကများနည်းတူ ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာမှာကို ကျနော်တို့စိုးရိမ် မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားချိန်လည်းဖြစ်သည်။

“ဂျပန် ဒု ၀န်ကြီးနဲ့ အဖွဲ့ လာသွားပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာ သတင်းထောက်တွေကိုလည်း ဂျပန်ဝန်ကြီးက ဘာမှ မပြောသွားဘူး၊ ဒီနေ့က အောက်မြန်မာနိုင်ငံ လူငယ်တွေနဲ့ ဆွေးနွေးပွဲလည်း လုပ်နေတယ်။ နောက်လူငယ် ဆွေးနွေးပွဲမှာလည်း လူငယ်တယောက်က ပါတီ ဆက်လက်ရပ်တည်ရေး မေးတယ်။ ဒီနေ့ သတင်းစာထဲမှာ ပြည်ထဲရေး ၀န်ကြီးက စာပို့ ထားတာကို အန်တီက စာပို့သူဆီကို ပြန်စာ အကြောင်းကြားဖို့ တာဝန်ရှိတယ်။ ဒီ မတိုင်ခင်မှာတော့ အသေးစိပ် မပြောလို သေးဘူးလို့ အန်တီက ပြန်ဖြေလိုက်တယ်”ဟု ကိုရာဇာ က ဆက်လက် ပြောပြသည်။

ယနေ့ညနေ ၅ နာရီတွင် ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီးသည်၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့မှ ကိုယ်စား လှယ်များနှင့် ရန်ကုန်ရှိ ဂျပန်သံရုံးတွင် တွေ့ဆုံကြမည်ဖြစ်သည်။

“ဆွေးနွေးဖြစ်မှာတွေ ကတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အကောင်းဘက် ဖြစ်ပေါ်တိုးတက် မှုတွေဖြစ်ဖို့ ဂျပန်က အကူအညီပေးမှုဆိုင်တာတွေလည်း ဆွေးနွေးဖြစ်ကြမယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကိုပြောသည်။

ဂျပန်ပါလီမန်သို့ သွားရောက်လေ့လာရန် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၀ ဦး၊ NDF ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) အပါအ၀င် တိုင်းရင်းသား ၅ ပါတီတို့မှ အသက် ၃၅ နှစ် အောက် နိုင်ငံရေးပါတီကိုယ်စားလှယ်၂ ဦးစီနှင့် စုစုပေါင်း ဂျပန်ပါလီမန်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်၂၀ တို့ကိစ္စလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီး မစ္စ မခိကို ခိခုတ သည် နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ ဦးနန္ဒကျော်စွာ နှင့် လည်း ယမန်နေ့က တွေ့ဆုံခဲ့သေးသည်။

ထို့အပြင် နေပြည်တော် နယ်စပ်ရေးရာ ၀န်ကြီးဌာန တွင်ကျင်းပသော ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် သို့ ထောက်ပံ့ကူညီသည့် စားနပ်ရိက္ခာများ လွှဲပြောင်းပွဲသို့လည်း မစ္စ မခိကို ခိခုတ တက်ရောက်ပြီး နယ်စပ်နှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုး ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့်လည်း တွေ့ဆုံခဲ့သည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

NLD လုပ်ငန်းများရပ်ရန် အစိုးရ သတိပေး

သန်းထိုက်ဦး Wednesday, 29 June 2011 14:10 (ပေးပို့ သူ-ဗမာ့သွေး)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေးပါတီ အဖြစ် တရားဝင် ရပ်တည်နိုင်ခြင်း မရှိသောကြောင့် လက်ရှိ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းကြားထားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။



NLD ဌာနချုပ်ရုံး အပါအ၀င် နယ်ရုံးများ ဆက်လက် ဖွင့်လှစ်ထားခြင်း၊ နိုင်ငံရေး ပါတီအနေဖြင့် ကြေညာချက် ထုတ်ပြန်ခြင်း၊ စာအုပ်စာစောင်များနှင့် ဗီဒီယိုခွေများ ထုတ်ဝေခြင်း၊ နိုင်ငံခြား အဖွဲ့ အစည်းများနှင့် တွေ့ဆုံခြင်း၊ အစည်းအဝေး အခမ်း အနားများ ပြုလုပ်နေခြင်း တို့သည် ဥပဒေအား တမင် ဆန့်ကျင်နေခြင်းဖြစ်ကြောင်း စာတွင် ဖော်ပြထားသည်။

လူမှုရေးလုပ်ငန်းများ လုပ်ဆောင်လိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

အကြောင်းကြားစာကို NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးပို့ထားသည်ဟု သိရသည်။

ထိုသို့ အကြောင်းကြားစာ ပေးပို့ခြင်းမှာ အစိုးရက NLD ကို ဖိအားပေးလို၍ ဖြစ်ကြောင်း၊ လူစုလူဝေး ပြုလုပ်ပါက အစိုးရက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လာ နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဦးအောင်သိန်းက သုံးသပ်သည်။

နယ်ခရီးထွက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံမည်၊ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီးနောက်ပိုင်း အစိုးရက ထိုအကြောင်းကြားစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ပြီးခဲ့သည့်နှစ်က ရက်ပေါင်း ၆၀ အချိန်ပေးခဲ့သော်လည်း NLD က မှတ်ပုံတင်ခဲ့ခြင်း မရှိကြောင်း စာထဲတွင် ဖော်ပြထားသည်ဟု ဆိုသည်။

NLD က ၂၀၁၀ ရွေးကောက်ပွဲသည် တရား မျှတမှု မရှိနိုင်သည့် အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟု ဆိုကာ ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၄ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က NLD ကို နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်သည်။

သို့သော်လည်း NLD က ဖွင့်ခွင့်ရသည့် ရုံးများတွင် ပုံမှန် အလုပ်များ ဆက်လက် လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်းသည် တရားမ၀င်ဟု ဆိုကာ ဥပဒေကြောင်းအရ တရားရုံး အဆင့်ဆင့်ကို လျှောက်ထားသော်လည်း ပ လပ် ခံရသည်။

ယခုနှစ် ဧပြီ ၅ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ခု သို့ ပေးပို့သည့် ရွေးကောက်ပွဲ ကော်မရှင်၏ စာတွင် တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် သတိပေးထားသည်။

ထိုစာသည် NLD ပါတီနှင့် ဆက်သွယ်ခြင်း မပြုရန် တားမြစ်သည့် စာဖြစ်သည်ဟု အများက ယူဆကြသည်။

ထိုစာနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “NLD ပါတီက အခုချိန်ထိ အစိုးရက ဖျက်သိမ်းတာကို တရားဝင် မကြေညာသေးဘူးလေ။ ဒီတော့ ကျနော်တို့က သူတို့နဲ့ ပြောဆိုတာတွေ ဆက်လုပ်မှာပါ” ဟု ဧရာဝတီကို ပြောပြခဲ့သည်။

ယနေ့နေ့လယ်က NLD ရုံးချုပ်၌ လူငယ်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီနှင့် ၎င်း၏ ရဲဘော်ရက်ဘက်များကို ဘယ်သောအခါမှ စွန့်ခွာမည် မဟုတ်ကြောင်း၊ အစိုးရ၏ သတိပေးချက် နှင့် ပတ်သက်၍ လာမည့် ၁ ရက်၊ ၂ ရက်အတွင်း အကြောင်းပြန်ကာ တဆက်တည်း ပြည်သူလူထုကိုပါ အသိပေးမည်ဖြစ်ကြောင်း ပြောသွားသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဗုံးခွဲမှုများအတွက် ရှမ်းအမည်နှင့် လူ ၃ ဦးကို အစိုးရ စွပ်စွဲ

ရန်ပိုင် Wednesday, 29 June 2011 14:37
နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ရှမ်းအမည်နှင့် လူ ၃ ဦးကို ထုတ်ဖော်ပြီး ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။


ဖောက်ခွဲမှု ပြုလုပ်သူများမှာ အသက် ၂၅ နှစ် အရွယ်ခန့်ရှိကြသည့် စိုင်းဆမ်၊ စိုင်းအိုက်နှင့် စိုင်းကျော်မြင့်ဦးတို့ဖြစ်ပြီ ဗုံးများကို ဖောက်ခွဲရန် နေအိမ်များ ကြိုတင်ငှားရမ်းခြင်း၊ လိုင်စင်မဲ့ကား ၀ယ်ယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာတွင် ရေးသားထားပြီး ၎င်းတို့ သုံးဦး၏ ပုံပန်းသဏ္ဍန်များကို ဖော်ပြကာ ဗုံးဖောက်ခွဲခဲ့သည့် တရားခံများ ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက “တရားရုံး အမိန့်မချခင် တရားခံလို့တော့ ဥပဒေမှာ သုံးခွင့်မရှိဘူး။ သံသယရှိ သူလို့ပဲ သုံးရမယ်” ဟု ဆိုသည်။

ယခု သတင်းစာတွင် သုံးနှုန်းထားသည့် တရားခံဆိုသည့် အသုံးအနှုန်းမှာ အဆိုပါ ၃ ဦး၏ မိသားစုများကို စော်ကားသကဲ့သို့ သက်ရောက်ကြောင်း ၎င်းကပြောသည်။

စွပ်စွဲခြင်းခံရသည့် စိုင်းအိုက်နှင့် စိုင်းဆမ်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့ကတည်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ရှိ ဗုံးကွဲသည့် ဒေါ်သန်းမြင့်၏ နေအိမ်ကို ၆ လစာပေး၍ ငှားရမ်းခဲ့သည့်အပြင် မေလ ၅ ရက်နေ့၌ ပြင်ဦးလွင်ရှိ ဒေါ်စောစန္ဒာ၏ အိမ်ကိုလည်း ၆ လစာပေး ငှားရမ်းခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ ဈေးချိုတော် ဟိုတယ်ရှေ့ ဗုံးဖောက်ခွဲရာတွင် သုံးသည့် လိုင်စင်မဲ့ကားကို ငွေကျပ် သိန်း ၆၀ ဖြင့် ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်တို့ထံမှ ၀ယ်ယူခဲ့ပြီး ပြည်သူများ ထိခိုက်သေကျေစေရန် ရည်ရွယ်ချက်ဖြင့် ကားဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း၊
တရားခံများ ဖမ်းဆီးရမိရေးအတွက် မင်္သကာသူများ တွေ့ရှိပါက အမြန်ဆက်သွယ် သတင်းပို့ ရန်လည်းရေးသားထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူသေဆုံးခြင်းမရှိပေ။

ယခုတလော မြန်မာနိုင်ငံတွင် ဗုံးများ မကြာခဏ ပေါက်ကွဲနေရာ မည်သည့်အဖွဲ့အစည်းကမှ မိမိတို့ လက်ချက်ဖြစ်သည်ဟု ၀န်ခံပြောကြားခြင်းမရှိသော်လည်း အစိုးရကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲရေးသားသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လက ဖြစ်ပွားခဲ့သည့် ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် အမြန်ရထားပေါ်၌ ဗုံးပေါက်ကွဲမှုနှင့် မြို့မဈေးတွင် ဗုံးပေါက်ကွဲမှုတွင် KNU ၏ လက်ချက်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကိုမူ မည်သူပြုလုပ်သည်ဟု ဖော်ပြခြင်းမရှိပေ။

၂၀၀၅ ခုနှစ် မေလက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ကုန်သွယ်ရေး ဗဟိုဌာန၊ ဒဂုံစင်တာနှင့် ၈ မိုင်လမ်းဆုံရှိ Juntion 8 ကုန်တိုက်များတွင် ဖြစ်ပွားခဲ့သည့် ဗုံးဆက်တိုက် ပေါက်ကွဲမှုများတွင်လည်း တရားခံအား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရေးမြို့တွင် ကားနှစ်စီး မီးရှို့ပြီး လူ ၆ ဦး ပြန်ပေးဆွဲ

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၈ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ခရီးသည်တင် မှန်လုံကားနှစ်စီးအား မီးတင်ရှို့ကာ ကားသမား ၆ ဦးကို သေနတ်သမားများက
ပြန်ပေးဆွဲသွားမှု မွန်ပြည်နယ် ရေး-သံဖြူဇရပ် အဝေးပြေးလမ်း၌ ဗုဒ္ဓဟူးမနက် ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထားဝယ်မြို့နှင့် မော်လမြိုင်၊ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရာဇာမင်းနှင့် ရွှေလီရတနာ ခရီးသည်တင် ကားများကို
ရေးမြို့မြောက်ဘက် မိုင် ၃ဝ ကျော်အကွာရှိ သာယာအေးရွာအနီးတွင် မီးရှို့ကာ ယာဉ်မောင်းနှင့် နောက်လိုက် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ဦးပဉ္ဇင်းတို့ ကြောက်လို့ ကြည့်တောင် မကြည့်ရဲဘူး။ ကားအစီး ၂ဝ လောက် ရပ်ခိုင်းပြီး၊ ခရီးသည် အားလုံး ကားပေါ်က ဆင်းခိုင်းတယ်။ နောက်တော့ ကားနှစ်စီးကို မီးရှို့လိုက်တာပဲ။ တခြားကားတွေနဲ့ ခရီးသည်တွေကိုတော့ ဘာမှ မလုပ်ဘူး” ဟု သံဃာတော်တပါးကို မဇ္ဈိမကို မိန့်ဆိုသည်။ လက်နက်ကိုင်အင်အား ၂ဝ ခန့် ပါဝင်ပြီး အများစုမှာ လက်နက်ငယ်များ ကိုင်ဆောင်ကာ အချို့မှာ လက်နက်ကြီးများဟု ပြောသည်။

သံဖြူဇရပ်မြို့နယ် သက္ကော့ရွာသား တဦးကလည်း "ကျနော်သွားကြည့်တဲ့အချိန်မှာ ကားတွေ အားလုံးပျက်စီးသွားပြီ။ ဘာမှ သုံးလို့ မရတော့ဘူး။ ရဲတွေ စစ်သားတွေလည်း အဲဒီမှာ စစ်ဆေးတာတွေ လုပ်နေတယ်" ဟု ပြောသည်။

ဗုဒ္ဓဟူးနေ့လည် ၁၂ နာရီခွဲတွင် ယခုအခင်းဖြစ်ပွားသောနေရာမှ ၁၅ မိုင်အကွာရှိ သံဖြူဇရပ်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့သေးသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း အောင်သာယာရပ်ကွက်မှ မျက်မြင်တဦးက ပြောသည်။

“ဘယ်သူ့ လက်ချက်လဲတော့ မပြောသေးဘူး။ အားလုံးက ကားမီးရှို့ခံရတဲ့ဘက်ကို စုသွားကြတယ်ဆိုတော့ မြို့ထဲမှာ စစ်ဆေးမေးမြန်းတာတို့ မရှိသေးဘူး” ဟု သူက ပြောသည်။

၂ဝ၁၁ မေ ၂၂ ရက်နေ့ကလည်း ခရီးသည်တင် မှန်လုံယာဉ် ၅ စီးအား ရေး-သံဖြူဇရပ်လမ်းပိုင်း ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား လက်နက်ကိုင် လူတစုက ယာဉ်များအား ပစ်ခတ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးကို ဖမ်းဆီးသွားခဲ့သေးသည်။

မေ ၂၄ ရက်ထုတ် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက ကရင်အမျိုးသား အစည်းအရုံး လက်ချက်ဟု
ရေးသားခဲ့သည်။သို့သော် KNU က အထက်ပါ လုပ်ရပ်အားလုံး မိမိတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်သာမက ကျိုက်မရောနှင့် မြို့နယ်အချို့၌ လက်နက်များအား ဇွန်လကုန်
နောက်ဆုံးထားကာ အပ်နှံကြရန် ဒေသအာဏာပိုင်များက ညွှန်ကြားထားသည်။

၎င်းမြို့နယ်များအတွင်းရှိ ရွာအချို့တွင် လက်နက်အပ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ MPDF ၊ ဟောင်သရော ကရင် ငြိမ်းချမ်းရေးအဖွဲ့ KPF ၊ နယ်ခြားစောင့်တပ် လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့ဝင်အချို့နှင့် NMSP ပါတီဝင်အချို့ လက်နက်ကိုင်လှုပ်ရှားနေသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်စု သင်္ကန်းကပ်လှူပုံ မျက်နှာဖုံး တင်ခွင့်မရ

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၀ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်ထုတ် ဓမ္မရိပ် မဂ္ဂဇင်းတွင် ဒေါ်အောင်ဆန်းစုကြည်က သံဃာတပါးအား သင်္ဃန်းကပ်သည့်ပုံ ဖော်ပြသည်ကို စာပေစိစစ်ရေးက ခွင့်မပြုခဲ့ကြောင်း ယင်းမဂ္ဂဇင်း အယ်ဒီတာထံမှ သိရသည်။

ဇူလိုင်လအတွက် မဂ္ဂဇင်းအဖုံးတင်ရာ ဒေါ်အောင်ဆန်းစုကြည်က ကိုရင်လေးတပါးအား သင်္ဃန်းကပ်နေသည့် ဓာတ်ပုံဖြစ်နေသဖြင့် ခွင့်မပြုသောကြောင့် သာမန်ပန်းတပွင့်ပုံနှင့် အစားထိုးဖော်ပြခဲ့ရခြင်း ဖြစ်သည်။

“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ပုံလေးနဲ့ တင်လိုက်တာကို အဖုံးလဲခိုင်းတာပါပဲ၊ အဲဒါကို ခွင့်မပြုဘူးပေါ့၊ ပိတ်တယ်ပဲ ပြောလို့ရတာပေါ့။ အဲဒါနဲ့ ကျနော်တို့အဖုံး လဲပေးလိုက်ရတယ်။ ရိုးရိုးပန်းပုံလောက်ပဲ ပြောင်းပြီး ထုတ်လိုက်ပါတယ်။ ” ဟု ဓမ္မရိပ်မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုမိုးထွန်းက မဇ္ဈိမကို ပြောသည်။

ဘာသာရေးမဂ္ဂဇင်းများမှာ စာပေစိစစ်ရေးသို့ တင်ပြပြီးမှသာ ထုတ်ဝေခွင့်ရသည့် အမျိုးအစား၌ ပါဝင်သည်။ စာပေစိစစ်ရေး အပြင် သာသနာရေး ဦးစီးဌာနသို့ပါ တင်ပြရလေ့ရှိသည်။

ဓမ္မရိပ်မဂ္ဂဇင်းမှာ ဘာသာရေးမဂ္ဂဇင်းဖြစ်ပြီး ဘာသာရေး၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် နိုင်ငံတကာ သတင်း၊ သုတ၊ ရသ၊ ခေတ်ပြိုင်ကဗျာနှင့် ဓမ္မရသဆိုင်ရာ ကာတွန်းကဏ္ဍများ ပါဝင်သည်။

မဂ္ဂဇင်းကို ၂ဝဝ၆ ခုနှစ်ကတည်းက စတင်ထုတ်ဝေလာခဲ့ပြီး ၂ဝဝ၇ ခုနှစ်က တကြိမ် နားခဲ့ရသည်။ ထို့နောက် ၂ဝဝ၉ ခုနှစ်မှစ၍ ပြန်ထုတ်ခဲ့ကာ ယခုထိ ဆက်ထုတ်လာခဲ့သည်။ ယခုကဲ့သို့ မျက်နှာဖုံးခွင့်မပြုခြင်းအပြင် ယခင်ကလည်း စာသားများအပြင် ကဗျာနှင့် ဆောင်းပါးသရုပ်ဖော် ပုံများတွင်လည်း ဆင်ဆာဖြတ်တောက်မှု ကြုံခဲ့ရဖူးသည်။

“ကဗျာ သရုပ်ဖော်ဆွဲတဲ့အခါမှာ ညောင်ရွက် ကလေးပေါ်မှာ သွပ်ဆူးကြိုးပေါ့။ ဘဝမှာ အရွယ်တွေ မြင့်လာတာနဲ့အမျှ ကျနော့်ဘဝမှာ ခက်ခဲရင်ဆိုင်ရတာကို သရုပ်ဖော်နဲ့ ပြောလိုက်တာ။ အဲဒါ အဲဒီ သွပ်ဆူးကြိုးလေး ဖယ်ခိုင်းတာမျိုးလည်း ကျနော်တို့ ကြုံရတာပါပဲ။ ဖြုတ်ခိုင်းတာမျိုးပေါ့” ဟု ကိုမိုးထွန်းက ပြောသည်။

ရန်ကုန်ထုတ် ဂျာနယ်တိုက်များအပြောအရ ဆင်ဆာဘုတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ သတင်းနှင့် ဓာတ်ပုံများ ဖော်ပြခွင့် ပြုထားသော်လည်း မျက်နှာဖုံးတွင်မူ ဖော်ပြခွင့် ကန့်သတ်ထားသည်ဟု ဆိုသည်။ အတွင်းတွင်
ဖော်ပြလျှင်လည်း ပုံအရွယ်အစားကို ၃ x ၅ လက်မအရွယ်ထက် ပိုမကြီးရန် ကန့်သတ်ထားသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်စု နယ်ခရီးမထွက်ခင် သတိပေးခံရ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၅၀ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယ်သို့ ခရီးထွက်ရန် တလပင် မလိုတော့ချိန်၌ အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ရေးနှင့် ပတ်သက်ပြီး အသိပေးမှု လုပ်လိုက်သည်။

ဗုဒ္ဒဟူးနေ့ထုတ် အစိုးအာဘော် မြန်မာ့အလင်း သတင်းစာတွင် ပြည်ထဲရေးဝန်ကြီး ဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လိပ်မူ၍ စာရေးသားပေးပို့ရာ၌ တရားဥပဒေနှင့် အညီ လိုက်နာပါဟူ၍ မှာကြားထားသည်။



ဒေါ်အောင်ဆန်းစုကြည် နေအိမ် အထိန်းသိမ်းခံမှ လွတ်မြောက်လာသော နိုဝင်ဘာ ၂ဝ၁ဝ ပြည့်နှစ်
နောက်ပိုင်း ပထမဆုံး ဖြစ်လာမည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ပြင်သို့ ခရီးထွက်လိုသော
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ သတိပေးချက် ထွက်လာခြင်းလည်း ဖြစ်သည်။ ဒီခရီးစဉ်က သူ၏ လွတ်လပ်မှုကို စမ်းသပ်မည့် အရေးပါသော ကိစ္စတခုလည်း
ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနက NLD သည် ၂ဝ၁ဝ ပြည့်နှစ်
ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခြင်း မပြုသဖြင့်
နိုင်ငံရေးပါတီ မဟုတ်တော့ကြောင်း ပြောဆိုထားသည်။

အစိုးရ၏ သဘောထားကို ထင်ဟပ်စေသောစာတွင် NLD က ဆက်လက်၍ ပါတီရုံးခန်းများ ဖွင့်ခြင်းနှင့် ပါတီကိစ္စရပ်များ ဆောင်ရွက်ခြင်းကို အလေးပေး ဖော်ပြထားသည်။

“ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လိုက်နာမှု မရှိဘဲ ဌာနချုပ်ရုံး၊ တိုင်းရုံး၊ နယ်ရုံးများ ဆက်လက် ဖွင့်လှစ်ထားရှိခြင်း၊ အချို့ရုံးများတွင် ဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ အလံများ လွှင့်ထူထားခြင်း၊ ထို့အပြင် နိုင်ငံရေးပါတီအနေဖြင့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ စာအုပ်စာစောင်များနှင့် ဗီဒီယိုခွေများ ထုတ်ဝေခြင်း၊ နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးများနှင့် အခမ်းအနားများ
ပြုလုပ်ခြင်းတို့အား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း” ဟူ၍ သတင်းစာက ရေးသားထားသည်။

ယခုနှစ်အစောပိုင်းက ပြောင်းလဲလိုက်ခဲ့သော ပါလီမန်စနစ်ကို NLD ၏ လှုပ်ရှားမှုများက ဆန့်ကျင်နေသည်ဟုလည်း အစိုးရက ထပ်မံ စောဒက တက်ထားပြန်သည်။

“ ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ် မြတ်နိုးစွာ လက်ခံ ကျင့်သုံးလိုပါလျှင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်မည့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူနှင့် ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေနိုင်မည့် အဆိုပါ လုပ်ဆောင်ချက်များကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားပါကြောင်း” ဟု ပါရှိသည်။

စစ်တပ်က ကြိုးကိုင်ထားသော ပါလီမန်လုပ်ငန်းစဉ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ထွန်းအောင် အဓိကကျသော ခြေလှမ်းဟု အစိုးရက မြင်နေချိန်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ၂ဝဝ၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲတို့မှာ လွတ်လပ်ပြီး တရားမျှတခြင်း မရှိသော စစ်မှန်သည့် ရွေးကောက်ပွဲ မဟုတ်ဟုဆိုကာ ပါလီမန် လုပ်ငန်းစဉ်ကို NLD က အသိအမှတ် မပြုဘဲ ထားသည်။

အစိုးရ၏ လမ်းပြမြေပုံအတိုင်း ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ဆုံးဖြတ်ပြီးနောက် လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် NLD က ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း လူမှုရေး ကိစ္စရပ်များကို အသင်းအဖွဲ့လိုက် လုပ်ဆောင်လိုပါက လူမှုရေးအသင်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် လိုင်စင်လျှောက်သင့်ကြောင်း အစိုးရက ပြောဆိုထားသည်။

၂ဝဝ၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်အတွင်း အစိုးရ အထောက်အပံ့
ပေးထားသော လူမိုက်များက စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် တိုက်ခိုက်မှု ပြုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ပင် သီသီကလေး လွတ်မြောက်ခဲ့ကာ လူပေါင်းများစွာ သေကြေ သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်လည်း ထိန်းသိမ်းခံရပြီး နေအိမ် အကျယ်ချုပ် ကျသွားပြန်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး တပတ်အကြာတွင်မှ လွတ်မြောက်လာခဲ့သည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တောင်ငူတွင် အင်အားပြင်း ဗုံးပေါက်ကွဲ

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၈ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း တောင်ငူမြို့၌ အင်အားပြင်းထန်သည့် ဗုံးတလုံး ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင်
ပေါက်ကွဲခဲ့သော်လည်း တဦးတယောက်မျှ ထိခိုက်ဒဏ်ရာရမှု မရှိဟု မြို့နယ်အာဏာပိုင်များက ပြောဆိုသည်။

ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့ ၂ဝ ရပ်ကွက် မိတ္တဗလလမ်းနှင့် မင်းကြီးညိုလမ်းဒေါင့်ရှိ မြက်ခင်းပြင်ပေါ်တွင် မွန်းလွဲ ၁ နာရီခန့်၌ ပေါက်ကွဲခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့၊ အမှတ် ၁ ရဲစခန်းနှင့် မြို့နယ်စည်ပင်က ဆိုသည်။

“ဗုံးကတော့ ချိန်ကိုက်ဗုံးလို့ ယူဆရပါတယ်။ ပြင်းအားကတော့ တော့်တော့ကို ပြင်းပုံရတယ်။ ‘ဗုန်း’ ဆို တမြို့လုံးကို ဟီးသွားတာပဲ။ သတင်းရပြီးသွားကြည့်တော့ မြက်ခင်းပဲ စုတ်ပြတ်သွားတာ အဲဒီနားမှာ အဆောက်အအုံကလည်း ကပ်လျက်မရှိဘူးလေ” ဟု ဗုံးကွဲသည့် နေရာသို့ ကြည့်ရှုခဲ့သည့် မြို့နယ် စည်ပင်သာယာဌာနမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

တောင်ငူခရိုင် ရဲမှူးအပါအဝင် အမှတ် ၁ ရဲစခန်း တာဝန်ကျရဲများက ဗုံးပေါက်ကွဲခဲ့သည့်နေရာသို့ သွားရောက်ကာ လမ်းများ ပိတ်ထားလိုက်ပြီး ဗုံးထပ်မံရှိမရှိ စစ်ဆေးနေပြီး မြို့အဝင်အထွက်လမ်းများ၌ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးနေသည်။

လွန်ခဲ့သည့် တပတ်ခန့်ကပင် တောင်ငူမြို့ပေါ်၌ ဧည့်စာရင်း စစ်ဆေးခြင်း အပါအဝင် လမ်းမကြီးများပေါ် ဖြတ်သန်း သွားလာနေသည့် ယာဉ်များကို ရှောင်တခင် စစ်ဆေးခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ အား တနင်္ဂနွေ ည ၈ နာရီမှ နောက်မနက် ၅ နာရီကျော်အထိ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့များက လောင်ချာများဖြင့် ပစ်ခတ်ခဲ့သေးသည်။

ည ၈ နာရီကျော်မှ မနက် ၅ နာရီကျော်ထိ တောင်ငူမြို့ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ သောက်ရေခပ်ချောင်းပေါ်၌ တည်ရှိသော ဆောက်လက်စ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို လောင်ချာများဖြင့် ပစ်ခတ်ခဲ့သေးသည်။

သောက်ရေခပ် စက်ရုံ၌ အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများနှင့် စီမံကိန်းရှိ မြန်မာ ၁ဝဝဝ ကျော်လည်း ၁၉ ရက်နေ့တွင် တောင်ငူမြို့ထဲသို့ ပြောင်းရွှေ့ခဲ့ကြသည်။

ယင်းပစ်ခတ်မှုကို မည်သည့် လက်နက်ကိုင် အဖွဲ့ကမှ ၎င်းတို့ လုပ်ရပ်အဖြစ် ထုတ်မပြောသော်လည်း တောင်ငူမြို့ပေါ် အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးကမူ ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ချက်ဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။

ဇွန် ၂၄ ရက်တွင် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များ၌ ဗုံးများ ဆက်တိုက်ပေါက်ခဲ့ရာ လူ ၃ ဦး ဒဏ်ရာရခဲ့သည်။ ယင်းပေါက်ကွဲမှုကို လုပ်ဆောင်သည်ဆိုကာ ရဲက လူ ၃ ဦးကို ရှာဖွေနေသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြောက်ကိုရီးယား တက္ကသိုလ်ကျောင်းများပိတ်၊ ကျောင်းသားများကို လုပ်ငန်းခွင်သို့စေလွှတ်

Wednesday, 29 June 2011 10:48 webmaster
မြောက်ကိုရီးယားသည် တက္ကသိုလ် ကျောင်းများ အားလုံးကို ၁၀ လ ပိတ်ထားလိုက်ပြီး တက္ကသိုလ် ကျောင်းသူ ကျောင်းသားများကို စက်ရုံ အလုပ်ရုံများ၊ လယ်ယာ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေး

လုပ်ငန်းခွင်များသို့ စေလွှတ်လိုက်သည်။ နိုင်ငံ့ စီးပွားရေးကို ပြန်လည်ထူထောင်ရန်ဖြစ်သည်ဟု မီဒီယာကဆို၏။




အစိုးရက ပြည်သူလူထုအား ရှင်းပြရာတွင် နိုင်ငံတည်ထောင်ခဲ့သူ ကင်အီဆွန်း နှစ် ၁၀၀ ပြည့်သော ၂၀၁၂ ခုနှစ်တွင် “ကြီးကျယ်မြင့်မြတ်ပြီး၊ သာယာဝပြော၍ အင်အား တောင့်တင်းသော နိုင်ငံဖြစ်စေရန်” ရည်မှန်းချက် ထားရှိကြောင်း ပါရှိခဲ့သည်။



တနင်္လာနေ့က တက္ကသိုလ် ကျောင်းအားလုံးကို နောင်နှစ် ဧပြီလအထိ ပိတ်ထားရန် ညွှန်ကြားထားသည်။ လာမည့်လအတွင်း ဘွဲ့ယူမည့်သူများနှင့် နိုင်ငံခြားသား ကျောင်းသားများကိုမူ ချွင်းချက်ထားရှိသည်။



အဓိက မြို့ကြီးများရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ရန် တက္ကသိုလ် ကျောင်းသားများကို စေလွှတ်မည်ဖြစ်သည်။ တိုင်ဖွန်းမုန်တိုင်း ဒဏ်ခံခဲ့ရသော စိုက်ပျိုးရေး ဒေသများတွင်လည်း ပြည်လည် ထူထောင်ရန်လည်း စေလွှတ်မည်ဖြစ်သည်။



ဤဆုံးဖြတ်ချက် နောက်ကွယ်တွင် အခြားသော ရည်မှန်းချက်များလည်း ရှိနေနိုင်သေးသည်ဟု ဂျပန် လေ့လာသူတစ်ဦးက ပြောပြခဲ့သည်။



“ခေါင်းဆောင်ပိုင်းက အာဖရိကမှာ - စံပယ်ဖူး တော်လှန်ရေး- ကို မြင်တွေ့ လို်က်ကြတယ်လေ။ အဲဒီလိုမျိုး မြောက်ကိုရီးယားမှာ ဖြစ်လာမှာကို သိပ် စိုးရိမ်နေကြတာ။ တက္ကသိုလ်ကျောင်းတွေကနေ စတင်နိုင်တယ် ဆိုပြီး ကြောက်လန့် နေကြသေးတယ်။” တိုကျို၊ ၀ါဆဒါတက္ကသိုလ်က မြောက်ကိုရီးယား ကျွမ်းကျင်သူ တိုရှီမစ်ဆူ ရှီဂါမူရာက ရှင်းပြခဲ့သည်။



မကြာသေးမီလများက မြောက်ကိုရီးယားသည် အဓိကရုဏ်း နှိမ်နှင်းရေး ကိရိယာ ပစ္စည်းများကို တရုတ်ပြည်က ၀ယ်ယူခဲ့ကြောင်းသူက ပြောပြခဲ့သည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပါလီမန်က အတည်ပြုတဲ့ ခြိုခြံရေး လူငယ်တွေ ဆန့်ကျင်

ဘီဘီစီ ။ ။ 29-06-2011 (ပေးပို့ သူ-ဗမာ့သွေး)
ဂရိနိုင်ငံမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ အစိုးရ အသုံးစရိတ် ခြိုးခြံ ချွေတာရေး အစီအစဉ်ကို ပါလီမန်က ထောက်ခံ အတည်ပြုပေး လိုက်တာ ကြောင့် ဥရောပ သမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

ဒါဟာ အလွန်ဆိုးဝါးတဲ့ အနေအထားဆီ ဦးတည် ရာကနေ ခြေလှမ်းတလှမ်း ပြန်ဆုတ်ခွာနိုင်ခဲ့တာဘဲလို့ ဥရောပ သမဂ္ဂက ပြောပါတယ်။
ဒါပေမယ့် အေသင်မြို့ကလမ်းတွေပေါ်မှာတော့ ဒီခြိုးခြံ ချွေတာရေး အစီအစဉ် အပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ ရာထောင်ချီတဲ့ လူငယ်တွေနဲ့ ရဲတွေက အဓိကရုန်း ဖြစ်ခဲ့ပါတယ်။

ဂရိနိုင်ငံ ဒေဝါလီ မခံရအောင် ငွေကြေး ထောက်ပံ့မှုကို လိုချင်ရင် ဒီစရိတ် ဖြတ်တောက်ရေး အစီအစဉ် လုပ်ရမယ် ဆိုတဲ့ နိုင်ငံတကာက မြီရှင်တွေရဲ့ တောင်းဆိုမှုကြောင့် ဆောင်ရွက်ရတာပါ။

ကြာသပတေးနေ့မှာတော့ ဒီခြိုးခြံ ချွေတာရေး အစီအစဉ်ကို တိတိကျကျ ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတဲ့အပေါ် နောက်ထပ် ဥပဒေကြမ်း တစောင်ကို အမတ်တွေက အတည်ပြုဖို့ လိုသေးကြောင်း သိရပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဗြိတိန် အလုပ်သမားသပိတ်ကြောင့် လေယာဉ်ခရီး နှောင့်နှေးမည်

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 29 ဇွန် 2011 (ပေးပို့ သူ-ဗမာ့သွေး)
ဗြိတိန်နိုင်ငံတ၀န်း အစိုးရ ၀န်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဆန္ဒပြဖို့ စီစဉ်နေတာကြောင့် ခရီးသွားတွေ နှောင့်နှေးနိုင်တယ်လို့ ဗြိတိန် လေဆိပ်တွေက ဒီနေ့ သတိပေးနေရပါတယ်။

ဟိသရိုး (Heathrow)၊ စတန်းစတပ်ဒ် (Stansted)၊ အဲဒင်ဘာ့ဂ် (Edinburgh)၊ ဂလပ်စ်ကို (Glasgow)၊ အဘာဒင်း (Aberdeen) နဲ့ ဆောက်သမ်တန် (Southampton) လေဆိပ်တွေမှာ ခရီးစဉ်တွေ နောက်ကျဖို့ ရှိတယ်လို့ ဒီနေ့ သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

အစိုးရ ၀န်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၇၀၀,၀၀၀ နီးပါးဟာ အငြိမ်းစားလစာငွေ အငြင်းပွားမှု ပြဿနာကြောင့် အလုပ်မလုပ်ဘဲ သပိတ်မှောက်ကြမှာ ဖြစ်ပါတယ်။

အလုပ်သမား သမဂ္ဂကြီး ၄ ခုကနေ ဇွန်လ ၃၀ ရက်နေ့ ကြာသပတေးနေ့မှာ သပိတ်မှောက်ဖို့အတွက် ဆော်သြပြီး မဲခွဲခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က အလုပ်သမားတွေ သပိတ်မမှောက်ဖို့အတွက် မနေ့က မေတ္တာရပ်ခံ ဆွဲဆောင်ခဲ့ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လူငယ်တွေ အရည်အချင်းပြည့်ဝဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2011-06-29 RFA (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်မြန်မာပြည် လူငယ်တွေနဲ့ ရန်ကုန် အန်အယ်လ်ဒီ ရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးရာမှာ တိုင်းပြည်ရဲ့အနာဂတ်ဟာ လူငယ်တွေ အပေါ်မှာ မူတည်တာ မှန်ပေမယ့် အဲဒီလူငယ်တွေ အနေနဲ့ အရည်အချင်း ပြည့်ဝဖို့ လိုအပ်ကြောင်း ပြောဆိုသွားပါတယ်။


"တိုင်းပြည်ရဲ့အနာဂတ် ဘယ်လောက်ကောင်းတယ် ဘယ်လောက်ဆိုးတယ်ဆိုတာ လူငယ်တွေရဲ့ အရည်အချင်းပေါ်မှာပဲ တည်တယ်။ ဒီလူငယ်တွေက လူကြီးဖြစ်သွားလို့ ရှိရင် ဒီလူငယ်တွေပဲ တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင် ရမှာပဲ။ လုပ်ချင်လုပ်ချင် မလုပ်ချင်လုပ်ချင် ဒီလူငယ်တွေရဲ့ ပခုံးပေါ်မှာ ကျလာမှာပဲ။

အဲဒီတော့ ဒီလူငယ်တွေက အရည်အချင်း မပြည့်စုံလို့ ရှိရင် တိုင်းပြည်ရဲ့ အနာဂါတ်က လှမှာ မဟုတ်ဘူး။ ဒီလူငယ်တွေက စိတ်ဓာတ် ကလည်း မှန်တယ်၊ အရည်အချင်း ကလည်း ရှိတယ်၊ ဇွဲလည်း ကောင်းတယ်၊ သတ္တိလည်း ရှိတယ်၊

လုပ်ရည် ကိုင်ရည် ကလည်း ပြည့်စုံတယ် ဆိုရင် ကျမတို့ တိုင်းပြည် အနာဂါတ်က လှမှာပေါ့။" ဒါ့ပြင် လူငယ်တွေအနေနဲ့ တာဝန်သိစိတ် ရှိဖို့လိုကြောင်း၊ တိုင်းပြည် အကျိုး ဆောင်ရွက်သူတွေကို တိုင်းပြည်က မေ့လျော့မှာ မဟုတ်ကြောင်းနဲ့ ဗဟုသုတ တိုးပွားအောင် ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း စသဖြင့်လည်း ပြောဆိုသွားခဲ့ပါတယ်။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မွန်ပြည်သစ်ပါတီ လက်နက်ချဖို့ မရှိ

2011-06-29 RFA (ပေးပို့ သူ-ဗမာ့သွေး)
မွန်ပြည်နယ်အတွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အားလုံး ဇွန်လ ၃၀ ရက်၊ မနက်ဖြန် နောက်ဆုံး ထားပြီး လက်နက်ချကြဖို့ မြန်မာအစိုးရက ကြေညာထားတယ်လို့ သိရပါတယ်။ ဒီကြေညာချက်ကို ကျိုက်မရော၊ သံဖြူဇရပ်၊ မုဒုံစတဲ့ မြို့တွေက အစိုးရ ရုံးတွေမှာ အခု ရက်ပိုင်း အတွင်း ကပ်ထားတာ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မွန်ပြည်သစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ဟံသာကတော့ မိမိတို့အဖွဲ့ အနေနဲ့ လက်နက်ချဖို့ အကြောင်း မရှိဘူးလို့ ပြောဆိုပါတယ်။ "ကျနော်တို့နဲ့တော့ ဘာမှ မဆိုင်ဘူးလေ။ ကျနော်တို့က လက်နက်အပ်ဖို့ အကြောင်းကို လုံးဝ ဆွေးနွေးဖို့ လက်မခံတာ။ နဂိုကတည်းက ငြင်းထားပီးသားပဲ ကျနော်တို့ မူအရလေ။"

မွန်ပြည်နယ် အတွင်းက အဲဒီမြို့တွေ အနီးမှာ မွန်ပြည်သစ်ပါတီ တပ်တွေ အပြင်၊ တခြား မွန်တပ်ဖွဲ့ နှစ်ဖွဲ့နဲ့ ဒီကေဘီအေ၊ ဟောင်သရော စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်လို့ နိုင်ဟံသာက ပြောပါတယ်။ ဒီအတောအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ မိမိတို့နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း မွန်ပြည်သစ် ပါတီက ပြောပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရမှာ ဆွေးနွေးလိုစိတ် မရှိကြောင်း ကရင်နဲ့ မွန်ခေါင်းဆောင်တွေ ပြောဆို

2011-06-29 RFA (ပေးပို့ သူ-ဗမာ့သွေး)
NLD ပါတီဟာ တရားမ၀င် ပါတီဖြစ်တာကြောင့် လက်ရှိ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးကြေညာချက် ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကြား ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအပေါ် စိုးရိမ်ထိတ်လန့်ရာ ရောက်နေတယ်လို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေက သုံးသပ်ကြပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်တွင်း NLD လွှတ်တော်အမတ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား KNU ကရင်အမျိုးသား အစည်းအရုံးကရော NMSP မွန်ပြည်သစ်ပါတီ တို့ကပါ သုံးသပ်ကြတာ ဖြစ်ပါတယ်။ အပစ်ခတ်ရပ် ငြိမ်းချမ်းရေးယူစဉ်က နိုင်ငံရေး ပြဿနာတွေကို ရွေးကောက်ပွဲ အရ တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးပါလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ယ္ခင် စစ်အစိုးရ လက်ထက်က ပြောခဲ့ပေမယ့် လတ်တလော ကချင်၊ရှမ်း၊ ကရင် ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေရဲ့ ထိုးစစ်ကို ကြည့်ရင် လက်ရှိ အစိုးရဟာ နိုင်ငံရေး အရ ဆွေးနွေးလိုစိတ် မရှိဘူး ဆိုတာကို ပြသနေကြောင်း KNU နဲ့ NMSP ပါတီတို့က သုံးသပ်ပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာကို နိုင်ငံတကာ ပူးပေါင်း တွန်းအားပေးဖို့ အမေရိကန် အထူးသံ ကြိုးပမ်းမည်

By ဗွီအိုအေ (မြန်မာဌာန) (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် တွန်းအားပေးဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရအောင် ကြိုးပမ်းနေတယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူက ပြောလိုက်ပါတယ်။

မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက အဓိကကျသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတဲ့အတွက် အားနည်းနေရတဲ့ အကြောင်းလည်း အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ပြောလိုက်တာပါ။

ဥရောပသမဂ္ဂ (EU)၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အပါအ၀င် နိုင်ငံတကာက မိတ်ဘက် နိုင်ငံတွေနဲ့ မူဝါဒတရပ်ကို ညှိနှိုင်း ချမှတ်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အတည်ပြုဖို့ အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲ တခုအတွင်း အာရှမူဝါဒရေးရာ ကျွမ်းကျင်သူ မစ္စတာ မစ်ချဲလ်က ထွက်ဆိုသွားတာပါ။

အထူးကိုယ်စားလှယ်အဖြစ် တရားဝင် ခန့်အပ်ပြီးတဲ့ အခါကျရင်တော့ သူ့အနေနဲ့ မြန်မာအစိုးရနဲ့ ရိုးရိုးသားသား ဆွေးနွေးပြောဆိုပြီး မြန်မာနိုင်ငံက ဖြစ်ထွန်းမှုတွေအပေါ် တုံ့ပြန် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။

အပြန်အလှန် လေးစားမှုတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင် ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ပြင်ဆင်ထားကြောင်းလည်း မစ္စတာ ဒဲရက်ခ် မစ်ချဲလ်က ပြောသွားခဲ့ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

NLD ကို မြန်မာအစိုးရ သတိပေး (ပေးပို့ သူ-ဗမာ့သွေး)

By ဦးကျော်ထင် ဗုဒ္ဓဟူး, 29 ဇွန် 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့တာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်ဖို့ မြန်မာအစိုးရသစ်က သတိပေးလိုက်ပါတယ်။ ဒီလို သတိပေးချက်နဲ့ ပတ်သက်ပြီးတော့ NLD က သူတို့ပါတီဟာ တရားဥပဒေနဲ့အညီ ရပ်တည်နေတဲ့ပါတီ ဖြစ်တဲ့အတွက် ဒီသတိပေးချက်ကို ထုတ်ပြန်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံလိုတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ထဲရေးဝန်ကြီးရဲ့ NLD အပေါ် သဘောထားကို ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ လိပ်မူပြီး မနေ့က ပေးပို့လိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြလာတာပါ။ တပြိုင်နက်တည်း ဖော်ပြတဲ့ အစိုးရအာဘော် ဆောင်းပါးမှာတော့ တရားဝင်ပါတီ အနေနဲ့ ရပ်တည်ချင်ရင် တည်ဆဲဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လိုတယ်လို့ ပါရှိပါတယ်။

NLD ဟာ စစ်အစိုးရဟောင်း ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ခဲ့တာကြောင့် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်သွားပြီလို့လည်း အကြောင်းကြားစာက ဆိုပါတယ်။

ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံ လိပ်မူပြီး ဒီကနေ့ ပေးပို့တဲ့ NLD ရဲ့ အကြောင်းပြန်စာမှာ NLD ဟာ စစ်အစိုးရဟောင်းတွေ ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ တရားဝင်ပါတီတခု အနေနဲ့ ရပ်တည်နေကြောင်း ပါရှိပါတယ်။

NLD ပြောခွင့်ရသူ ဦးအုံးကြိုင်က ဒီကနေ့ ပေးပို့တဲ့စာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်၊ ဥပဒေပြဋ္ဌာန်းချက်တွေကို တဘက်နဲ့တဘက် အမြင်ပေါ့ဗျာ၊ သူ့အမြင်၊ ကိုယ့်အမြင် ကွဲလွဲနေတယ် ဆိုရင်လည်း ဒီဟာကို အခြေခံပြီးတော့ တရားဥပဒေ စိုးမိုးရေးအတွက် ညှိနှိုင်းလိုပါတယ်၊ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံထားပါတယ်။”

၂၀၁၀ နိုဝင်ဘာလမှာ NLD ဘက်က သီးခြားသက်သာခွင့် အက်ဥပဒေအရ ပါတီဖျက်သိမ်းတာ တရားမ၀င်ကြောင်း တရားရုံးချုပ်သို့ လျှောက်လဲခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပါတီ ဆက်လက် ရပ်တည်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားထားတာကိုလည်း ဆက်လက် လုပ်ကိုင်ဆဲလို့ ဦးအုံးကြိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ တရားဝင် ဆက်လက် ရပ်တည်ခွင့်ဟာ တရားဥပဒေနဲ့ ညီတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ် ဆိုတာကလည်း ကျနော်တို့ Proof လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပို့ထားတာကလည်း စီစဉ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။”

၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က NLD အပေါ် အခုလို အကြောင်းကြားလာတာဟာ အမျိုးသား ရင်ကြားစေ့ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။

“အခုဆို စာနဲ့ပေနဲ့ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားလာတယ် ဆိုတော့ လက်ရှိ နိုင်ငံရေးအရ ဆိုရင်လည်း NLD အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မယ်ဆိုတော့ ရှေ့ဆက်ပြီး တိုင်းပြည်အတွက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒါဟာ မကောင်းတဲ့ လက္ခဏာ တခုပဲလို့ ကျနော်မြင်ပါတယ်။”

အရင်စစ်အစိုးရဟောင်းဟာ NLD ပါတီဝင်တွေကို နှုတ်ထွက်အောင် နည်းမျိုးစုံနဲ့ အနှောင့်အယှက် ပေးတာတွေ၊ ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့ပါတယ်။ အစိုးရဟောင်းဟာ ၁၉၉၇-၉၈ လောက်ကစပြီး တပြည်လုံး အတိုင်းအတာနဲ့ NLD ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့ပါတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်း အပြီးမှာ NLD ဗဟိုနဲ့ တိုင်းရုံးတွေမှအပ နယ်ရုံးတွေရဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကမှ နယ်မြို့တချို့မှာ ဆိုင်းဘုတ်ပြန်တင်လာပါတယ်။

အခုလို NLD ကို သတိပေးလာတာဟာ နောက်လထဲမှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်လှည့်ခရီးစဉ် မတိုင်ခင် ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်စုကို နိုင်ငံရေး လုပ်ခွင့်ပေးဖို့ အမေရိကန် တောင်းဆို

By ဗွီအိုအေ (မြန်မာဌာန) ။ ။ ဗုဒ္ဓဟူး, 29 ဇွန် 2011ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လှုပ်ရှားမှုတွေ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးဖို့ အမေရိကန် ပြည်ထောင်စုက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရရဲ့ သတိပေးချက် ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ နိုင်ငံရေး လုပ်ငန်းတွေမှာ အပြည့်အ၀ ပါဝင်ခွင့်တွေ သေချာပေါက် ရရှိစေရေး ခွင့်ပြုပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ရှိနေဆဲ ဖြစ်သလို သူနဲ့ မြန်မာလူထု လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေမှာသာ တာဝန်ရှိတဲ့ အကြောင်းလည်း သတိပေးလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်ထဲမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို မ၀င်ဖို့ ဆုံးဖြတ်ပြီး မှတ်ပုံမတင်ဘဲ နေခဲ့တဲ့ NLD ပါတီ အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပြီး ဥပဒေကို ချိုးဖောက်နေတယ်လို့ မြန်မာအစိုးရ ပြည်ထဲရေး ၀န်ကြီးဌာနက သတိပေးစာတစောင် ပေးပို့ခဲ့တဲ့နောက် အမေရိကန်ရဲ့ တုံ့ပြန်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

NLD ပါတီကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ဆွေးနွေးလိုကြောင်း အကြောင်းပြန်ထားတာပါ။

အစိုးရပိုင် သတင်းစာတွေမှာလည်း နိုင်ငံရေးစည်းရုံး လှုပ်ရှားမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ပြင်ပကို ခရီးထွက်မယ့် အစီအစဉ်ဟာ အဓိကရုဏ်းတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေမယ်ဆိုပြီး သတိပေးတဲ့ ဆောင်းပါးကိုလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲ မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ကတော့ အစိုးရရဲ့ သတိပေးချက်ဟာ နိုင်ငံရေး တိုးတက်မှုအတွက် နောက်ပြန်ဆွဲနေတဲ့ ခြေလှမ်းတရပ် အဖြစ်နဲ့ ပြောဆိုလိုက်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, June 29, 2011

စီးပွားရေးသမား ၄၂ ဦးကို ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ရန် USCB တိုက်တွန်း

လင်းသန့် Tuesday, 28 June 2011 15:33(ပေးပို့ သူ-ဗမာ့သွေး)
မြန်မာအစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် နောက်ထပ် ၄၂ ဦးကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ပစ်မှတ်ထား အရေးယူရန် မြန်မာ့အရေး လှုပ်ရှားနေသော U.S Campaign for Burma(USCB) အဖွဲ့ က အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး မစ္စတာ တင်မ် ဂိသ်နာ Mr. Tim Geithner ထံ စာပေးပို့ တိုက်တွန်းလိုက်သည်။



USCB ၏ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးထံပေးပို့သည့် စာတွင်ပါရှိသော ပစ်မှတ်ထား ပိတ်ဆို့ရေးအတွက် နောက်တိုး စာရင်းတွင် ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်း(ကမ္ဘောဇ ဘဏ်နှင့် Myanmar Billion Group)၊ ရွှေသံလွင် ကုမ္ပဏီမှ ဦးကျော်ဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သား ဦးထွန်းနိုင်ရွှေ နှင့် မြေး နေရွှေသွေးအောင်၊ ရုပ်ရှင် သရုပ်ဆောင် လွင်မိုး၊ ယခင်စက်မှု ၁ ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ သား ဦးပြည်အောင်နှင့် ဦးနေအောင်၊ ယခု အောက်လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၏သား ဦးတိုးနိုင်မန်း စသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ မိသားစုဝင်များလည်း ပါဝင်သည်။

“သူတို့တွေက တိုင်းပြည်အင်အားရှိအောင်ဆိုပြီး ဂျက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ တင့်ကားတွေ၊ ဒုံးကျည် တွေ စတဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်နိုင်ဖို့ အစိုးရကိုအကူအညီပေးနေကြတဲ့ လက်နက်ကုန်သည်တွေ အဖြစ်လည်းလုပ် နေကြတယ်။ ဒီ လက်နက်တွေက တိုင်းပြည်ကို ဖိနိပ်တဲ့ ယန္တရားတွေလည်း ဖြစ်တယ်”ဟု အမေရိကန် အခြေစိုက် USCB ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဧရာဝတီ သို့ ပြောသည်။

၎င်းက ဆက်လက်၍“သူတို့က ဗိုလ်ချုပ်ကြီးတွေ အတွက် နိုင်ငံတကာကိုသွားတဲ့ ခရီးစဉ်တွေနဲ့ အဆင့်မြင့်အိမ်ရာတို့၊ စိန် တို့၊ အဖိုးတန်ကားနဲ့ ရွှေချောင်း တို့လို အဖိုးတန်ပစ္စည်းတွေကို အဓိက ထောက်ပံ့နေတဲ့သူတွေလည်း ဖြစ်တယ်”ဟုလည်း ဆိုသည်။

ထို့အပြင် မီဒီယာလုပ်ငန်းရှင်များဖြစ်ကြသည့် မြန်မာတိုင်းမ် သတင်းစာနှင့် ပြည်မြန်မာ ဂျာနယ်မှ ဒေါက်တာ တင်ထွန်း ဦး၊ ဒေါက်တာ နေ၀င်းမောင် (Living Color မဂ္ဂဇင်း, The Voice ဂျာနယ်)၊ ဦးမြတ်ခိုင်(လျှပ်တပြက် ဂျာနယ်)၊ ဦးစင်ရော် မောင်မောင်(Envoy ဂျာနယ်)စသည်တို့ကိုလည်း ပစ်မှတ်ထား အရေးယူရန်အတွက် USCB ၏ အဆိုပါ စာရင်းတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီး ရက်ပေါင်း ၁၀၀ ကျော်ရှိလာသည့်တိုင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော် ယခု အထိ လွတ်မြောက်လာခြင်းမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေပြီး လတ်တလောဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများရှိ စစ်ပွဲများအကြောင်းလည်း ထောက်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရက်တစ် အတိုက်အခံတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဆီကို ဖော်ဆောင်နေပါတယ်ဆိုတဲ့ ဘာခြေတလှမ်းမှ မရှိသေးဘူး”ဟု ဦးအောင်ဒင်က ပြောသည်။

ယခင် အမေရိကန် သမ္မတဟောင်း ဂျော့ ဒဘလျူ ဘုရှ် လက်ထက်ကလည်း မြန်မာစစ်အစိုးရအတွက် ကျောထောက် နောက်ခံ ပြုနေသော စီးပွား ရေးလုပ်ငန်းရှင်များ ဖြစ်ကြသည် ဦးတေဇ နှင့် ဇေကမ္ဘာ ဦးခင်ရွှေ စသည်တို့ကိုလည်း အမေရိ ကန် က စီးပွားရေးဒဏ်ခတ် အရေးယူခြင်း ရှိခဲ့သည်။

ဘဏ္ဍာရေး ဒဏ်ခတ်အရေးယူမှုသည် အစိုးရကို နိုင်ငံရေးနှင့် ၀ါဒဖြန့် အကူအညီပေးနေကြသည့် အဆိုပါ အခွင့်ထူးခံ စီးပွားရေးသမားများကိုပါ အရေးယူသင့်ကြောင်း၊ နှစ်ပေါင်းများစွာကတည်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံ တကာမှ ဝေဖန်မှုများကို “မီဒီယာကို မီဒီယာနှင့် တိုက်”ဟု ပြောဆိုခဲ့သည့်အတွက် ၄င်းသည်အဓိက သော့ချက်ကျသူ ဖြစ်ကြောင်း၊ တချို့သောအစိုးရနှင့် နီးစပ်သည့် အခွင့်ထူးခံများကို မီဒီယာများ တည်ထောင်စေပြီး မြန်မာအတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစုများကို သတင်းမီဒီယာမှ အစိုးရ အလိုကျ ၀ါဒဖြန့်ရေးသား မှုများကိုလုပ်ဆောင်နေသည့်အတွက် အရေးယူသင့်သော သူများအဖြစ် USCB က ထောက်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ရေး၂၀၀၈ ခုနှစ် JADE Act ဥပဒေ အရ အဆိုပါ စာရင်း ပါ ပုဂ္ဂိုလ်များကို အရေးယူပေးရန် တိုက်တွန်းခြင်းဖြစ်သည်ဟု သိရသည်။

JADE Act (2008) သည် မြန်မာအစိုးရ ကို စီးပွားရေး၊ နိုင်ငံရေး ကူညီထောက်ပံ့နေသော ယခုနှင့် ယခင် အစိုးရ ခေါင်း ဆောင်များ၊ ၄င်းတို့၏ မိသားစုဝင်များကို လူ့အခွင့်အရေးချိုးဖောက်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ထားသည့် ဥပဒေဖြစ်ပြီး သမ္မတ ဘုရှ်လက်ထက်က ဥပဒေအဖြစ် ပြဌာန်းခဲ့ခြင်းဖြစ်၍ နှစ်စဉ် ပြန်လည်သုံးသပ်ကာ သက်တမ်း တိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ယခုနောက်ဆုံး ပြန်လည်လွတ်မြောက်လာပြီးနောက်၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မြန်မာနိုင်ငံအပေါ် အရေးယူသည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်ထားသည့် စာတမ်းတစောင် ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါစာတမ်း၌ နိုင်ငံတကာမှ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ် အရေးယူထားခြင်းများသည် မြန်မာနိုင်ငံသားများအား ထိခိုက်နစ်နာခြင်း ရှိမရှိ ပြန်လည် သုံးသပ်ထားသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျောက်ကြီးမြို့နယ်မှ ဒေသခံ ရွာသား ၃၀၀နီးပါးကို စစ်တပ်က နေ့စဉ် လုပ်အားခိုင်းစေ

ဇွန်လ ၂၇။ စောသိန်းမြင့် (ကေအိုင်စီ)(ပေးပို့ သူ-ဗမာ့သွေး)
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံရွာသား ၂၀၀ကျော်သည် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အချိန်ထိ အစိုးရတပ်များ၏ လုပ် အားပေး ခိုင်းစေမှုကို နေ့စဉ် ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျောက်ကြီးမြို့ အနောက်ဘက် (၆)မိုင်အကွာအဝေးရှိ ၀က်လာတော၊ ပတ္တလား၊ အေးနယ်၊ သာလဲ စသည့် ကျေးရွာအုပ်စု များမှ ဒေသခံရွာသူရွာသား ၂၉၀ဦးကို ဘုရားကုန်းရှိ အစိုးရတပ် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ (၃၄၅)တပ်ရင်းက ဇွန်လ ၁၉ရက်နေ့မှ ယနေ့အထိ နေ့စဉ် လုပ်အားခိုင်းစေနေကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

ဒေသခံတဦးက “၀က်လာတောကျေးရွာအုပ်စုက အယောက် ၇၀၊ ပတ္တလားကျေးရွာအုပ်စုက ၁၅၀၊ အေးနယ်က ၁၀၀၊ သာလဲ က အယောက် ၇၀။ ဒီလ ၁၉ရက်ကနေစပြီးတော့ ဒီကနေ့အထိ ဘုရားကုန်းက ခမရ(၃၄၅) တပ်ရင်းအတွက် တပ်စခန်း ဆောက်၊ မြက်ခုတ်၊ သစ်ခုတ်၊ ၀ါးခုတ် နေ့တိုင်းပဲ သွားလုပ်ပေးနေရတယ်။ တစ်ရက်ပြီးတစ်ရက် မပြီးတတ်တဲ့အခါကျတော့ ရွာ သားတွေလည်း မခံနိုင်တော့ဘူး။”ဟု ဆိုသည်။

လုပ်အားပေး ခိုင်းစေခံရသူ ဒေသခံ ရွာသူရွာသားများမှာ တပ်စခန်းဆောက်၊ လမ်းရှင်းလင်းရေးအတွက် လိုအပ်သည့် ပစ္စည်း များအပြင် စားသောက်ရန် ထမင်းထုပ်ကိုလည်း မိမိတို့ဖာသာ ယူဆောင်သွားရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် မနက် ၈နာရီအချိန်မှစ၍ ညနေမိုးချုပ်သည့်အထိ သွားရောက် လုပ်ကိုင်ပေးရပြီး စခန်းတွင် ခံတုတ်ကျင်း ဆောက် လုပ်ရန်အတွက် ၀က်လာတော၊ နို့ဝေါ်၊ ပတ္တလား၊ သူးကဘီး၊ အေးနယ် စသည့်ကျေးရွာအုပ်စုများမှ ဆန်အိတ်အလွတ် အလုံး ၂,၀၀၀ ရှာဖွေပေးရသည်ဟု သိရသည်။


ယခုလို အစိုးရစစ်တပ်၏ နေ့စဉ် လုပ်အားခိုင်းစေမှုကို ဒေသခံများမှာ ဆက်လက် လုပ်ဆောင်နိုင်စွမ်း မရှိတော့သည့်အဆုံး ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထံသို့ လာရောက်တင်ပြကြသည်ဟု ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒိုနဲ ထူးဗျိုင်းက ပြောသည်။

“အဲဒီဒေသမှာရှိတဲ့ ရွာသားတွေအားလုံးက လယ်၊ ကိုင်း၊ ကျဘမ်းအလုပ်တွေ လုပ်ကြတာ များတယ်။ အခု နေ့တိုင်း လုပ်အား ပေးသွားရတဲ့အခါကျတော့ သူတို့ စားဝတ်နေရေးအတွက် အများကြီးနစ်နာတယ်။ ဒီလို စေခိုင်းမှုတွေကို မခံနိုင်တော့လို့ ကျနော်တို့ဆီကို လာရောက် ပြောဆိုတင်ပြတာတွေ လုပ်လာကြတယ်။”ဟု ကေအိုင်စီကို ပြောသည်။

လုပ်အားခိုင်းစေခံရသည့် ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စုများသည် အစိုးရစစ်တပ်များ၏ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်ပြီး ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသွားလာနေသည့် နယ် မြေတစ်ခုဖြစ်သည်။

ထိုဒေသသည် ယခင်ကလည်း စစ်တပ်၏ အလားတူ လုပ်အားခိုင်းစေမှု မကြာခဏ ကြုံခဲ့ရပြီး ရွာသူရွာသားများအနေဖြင့် အစိုး ရအာဏာပိုင်များကို တိုင်ကြားမှု ရှိခဲ့ဘူးသော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။

mmaryRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အပစ်ရပ်အဖွဲ့များ လက်နက်အပ်ရန် နောက်ဆုံးအချိန် သတ်မှတ်

ခင်ဦးသာ Tuesday, 28 June 2011 17:39(ပေးပို့ သူ-ဗမာ့သွေး)
မွန်ပြည်နယ်အတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တပ်ဖွဲ့ဝင်များအား ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ လက်နက်များကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လာရောက်အပ်နှံရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။



အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ အမိန့်ဖြင့် ထုတ်ပြန်ကာ မွန်ပြည်နယ်၏ မြို့နယ်များ၌ ယခုလဆန်းပိုင်းမှ စတင်၍ လုပ်ဆောင်နေကြောင်း၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များ၏ အစိုးရရုံးများ၌ ဇွန်လ ၂၆ ရက်ခန့်မှစ၍ ကြေညာထားကြောင်း မုဒုံ ဒေသခံနှင့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ဝင်ဟောင်းဖြစ်သူ နိုင်မွန်ချမ်းက ပြောသည်။

“ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့ဆိုတာ ရည်ညွှန်းမထားဘူး။ လက်နက်တွေ မအပ်ရင် ဘယ်လို အရေးယူမယ်ဆိုတာလည်း ရေးမထားဘူး” ဟု ၎င်းက ဆိုသည်။

ထိုသို့ လုပ်ဆောင်လာခြင်းသည် တိုင်းရင်းသား ဒေသများ၌ ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် အခြေခံကာ မွန်လက်နက် ကိုင်တပ်ဖွဲ့များက တိုက်ခိုက်လာမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော် မွန်ပြည်သစ် ပါတီဝင်ဟောင်း များအနေဖြင့် လက်နက်ရှိသော်လည်း ပြန်အပ်လိမ့်မည်ဟု မထင်ကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ မွန်နိုင်ငံရေး သမားတဦးက ဧရာဝတီ ကိုပြောသည်။

“တချို့ကိစ္စတွေက စွပ်စွဲသလိုမျိုးဖြစ်နေတယ်။ လက်နက်ဆောင်ထားရင်လည်း ဘယ်သူက ငါ့မှာလက်နက်ရှိတယ် ပြောမှာလဲ။ စစ်ပွဲတွေ စတိုက်ရင်လည်းပဲ အစိုးရတပ်ကပဲ စတိုက်တာပါ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့ဝင်ဟောင်းတို့သည် မြို့ပေါ်နှင့်ကျေးရွာ တချို့၌ နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်နှင့် ထိစပ်နေသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသတ၀ိုက်၌ ယခုလအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်၍ အတ္ထရံမြစ်ကြောင်း တလျှောက်ရှိ ကြာအင်းဆိပ်ကြီးမှ မော်လမြိုင်သွားသည့် ရေလမ်းကြောင်းကို KNU ၏ လက်အောက်ခံ တပ်တချို့က ပိတ်ဆို့ထားကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ ကုန်သည်တဦးက ဆိုသည်။

“တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတော့ မြစ်ကြောင်းထဲက ရေလမ်းကြောင်းတချို့ ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ။ ရေလမ်းက လုံးဝ သွားလို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။

ကြာအင်းဆိပ်ကြီး ဒေသတ၀ိုက်တွင် ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံ တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

KNU အတွင်းရေးမှူး ၁ ဗိုလ်မှူး ဖဒိုစောလှငွေကမူ သံလွင်မြစ်ကြောင်းတလျှောက် ရေလမ်းကြောင်းအား KNU က ပိတ်ဆို့ထားခြင်းသည် မဟုတ်မှန်ဟု ပြောသည်။

“KNU ဌာနချုပ်နဲ့ဘာမှ မပတ်သက်ပါဘူး။ တကယ်ပိတ်ထားတယ် ဆိုရင်လည်း အဲဒီဒေသမှာ အခြေပြုထားတဲ့ တပ်တချို့က စစ်ရေးအရ ခဏ ပိတ်ထားတာလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး ဒေသများ၌ KNU အနေဖြင့် လှုပ်ရှားမှု မရှိဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသ၌ မကြာသေးခင်က တိုက်ပွဲတချို့ဖြစ်ပြီး နောက်ပိုင်း အစိုးရ၏ တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခုသည် ၎င်းဒေသအတွင်း စစ်ရေးအရ ၀င်ရောက်လှုပ်ရှားနေကြောင်း သိရသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မန္တလေးတွင် တရုတ်ဆန့်ကျင်ရေး ကြီးထွားလာ

ဟိန်းသူ Tuesday, 28 June 2011 19:12
ယမန်နေ့က ဖြစ်ပွားသော မန္တလေး ကျောက်ဝိုင်း ရန်ပွဲကြောင့် တရုတ်နိုင်ငံသား စီးပွားရေး သမားတို့အပေါ် မကျေမနပ်မှု ပိုမို ကြီးထွားနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဝိုင်းသို့ ယနေ့ ရောက်လာသော ဒေသခံ ကုန်သည်များက အရောင်းအ၀ယ် စကား မပြောဖြစ်ကြဘဲ ယမန်နေ့က ဖြစ်ခဲ့သည့် ရန်ပွဲ အကြောင်းသာ ပြောဆိုနေကြသည်ဟု မန္တလေးမှ ကျောက်ကုန်သည် ဦးအောင်ကျော်က ပြောသည်။

“တရုတ်တွေကို မကျေလည်တာကတော့ ကြာနေပြီ။ မနေ့က သူတို့လုပ်တဲ့ပုံစံက စော်ကားသလိုဖြစ်တာ ဆိုတော့ ပေါက်ကွဲကုန်ကြတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျနော်တို့ ပြဿနာတွေ ထပ်ဖြစ်လာနိုင်တယ်” ဟု ဦးအောင်ကျော်က ပြောသည်။

ယမန်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းတွင် အချင်းများရာမှ တရုတ်နိုင်ငံသား ကုန်သည် ၅ ဦးက ကိုမော်ကြီးဆိုသူ မြန်မာ ကျောက်ကုန်သည် တဦးကို ၀ိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုရန်ပွဲကို ရဲ လုံခြုံရေး ၁၀၀ ၀န်းကျင် သွားရောက် ထိန်းသိမ်းကာ ထို ၆ ဦးကို ဖမ်းဆီးသွားပြီး ကျောက်ဝိုင်း ပိတ်လိုက်ရသည်။ ကျောက်ဝိုင်းတခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ယနေ့ ကျောက်ဝိုင်း ပြန်ဖွင့်သော်လည်း အရောင်းအ၀ယ် အေးနေကြောင်း၊ တရုတ်ပြည်မှ ကုန်သည်များ လာရောက်မှု မရှိသလောက် နည်းသွားကြောင်း သိရသည်။

အရောင်းအ၀ယ် ဖြစ်ရေးအတွက် လက်ကြီးသမားများ ဖြစ်သော တရုတ်ပြည်မှ ကုန်သည်များကို အားကိုးရကြောင်း၊ သို့သော်လည်း ဆက်ဆံရေး အဆင်မပြေကြောင်း အမည်မဖော်လိုသူ ကျောက်ပွဲစားတဦးက ရှင်းပြသည်။

“တရုတ်တွေက ဈေးနှိမ်တာတို့၊ နှိမ်ပြီး ဆက်ဆံတာတို့ တွေ လုပ်နေတာတွေကို မခံချင်တာ။ ပစ္စည်းပေးရင် ရိုင်းရိုင်း စိုင်းစိုင်း ပြန်ပစ်ပေးတာတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့ကိုပဲ အားကိုးနေရတဲ့ ပုံစံမျိုးကို မဖြစ်ချင်တာ” ဟု ထိုကျောက်ပွဲစားက ပြောသည်။

ယမန်နေ့က ရန်ပွဲနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသင့်သည်ဟု မန္တလေးသား စာရေးဆရာ ကျော်ရင်မြင့်က ပြောသည်။

“ကိုယ်ထိ လက်ရောက် လုပ်တယ် ဆိုတာ ဘယ်သူက ဘယ်သူ့ကိုပဲ လုပ်လုပ် မကောင်းပါဘူး။ ကျုးလွန်တဲ့ ပြစ်မှုကို အရေးယူဖို့ လိုအပ်ပါတယ်။ အရေးယူ မခံရရင် ဆက်ပြီး ကျူးလွန်နေမှာပါပဲ။ စော်ကားလို့ ရရင် ဆက်ပြီး စော်ကားနေမှာပါပဲ” ဟု ဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

ဖမ်းဆီးထားသူများအား မည်သို့အရေးယူထားကြောင်း မဟာအောင်မြေ အမှတ် ၇၊ အမှတ် ၉ ရဲစခန်းတို့ကို ဆက်သွယ် စုံစမ်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထို တရုတ် ကုန်သည်များ လွတ်မြောက်ရေး ဆောင်ရွက်နေသည်ဟု ဆိုသော မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးကို ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

မန္တလေး၊ မဟာအောင်မြေ ကျောက်ဝိုင်းတွင် ယခင်က အာရှ နှင့် အနောက်နိုင်ငံတချို့မှ ကုန်သည်တို့ လာရောက်မှု များပြားသော်လည်း ယခုတွင်မူ တရုတ်နိုင်ငံမှ ကုန်သည်များသာ တွေ့နေရသည်ဟု ကျောက်ကုန်သည်တို့က ပြောသည်။

ယခုအခါ မန္တလေး ကျောက်ဝိုင်း ရန်ပွဲအကြောင်း သတင်းများ၊ ဓာတ်ပုံများမှာ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည်ကို တွေ့ရသည်။

ဧရာဝတီတွင်လည်း ထိုရန်ပွဲသတင်း ဖော်ပြခဲ့ရာ စာဖတ်သူ အများအပြားက တရုတ်ကုန်သည်တို့ကို မကျေနပ်ကြောင်း မှတ်ချက်ပေးထားကြသည်။

ထိုရန်ပွဲကြောင့် လူမျိုးရေး အဓိကရုဏ်း မဖြစ်သင့်ကြောင်း Bo အမည်ရှိ စာဖတ်သူက မှတ်ချက်ပေးထားသည်။

“စီးပွားရေးသမား အချင်းချင်း ဖြစ်တဲ့ ပြဿနာ ဆိုတော့ လူမျိုးရေးဘက်ကို ဦးတည် မသွားသင့်ပါဘူး။ -- လိုအပ်နေတာက တရုတ် ဆန့်ကျင်ရေး မဟုတ်ပါ” ဟု သူက ဆိုသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း အုပ်ချုပ်သည့် ၁၉၆၇ ခုနှစ်က ရန်ကုန်နှင့် မြို့ကြီးတချို့တွင် တရုတ် - မြန်မာ အဓိကရုဏ်း ဖြစ်ပွားပြီး တရုတ်လူမျိုးပိုင် ကျောင်း၊ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်နှင့် မြန်မာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှု တိုးမြင့်ခဲ့ပြီး ပြည်မကြီးမှ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှု များပြားလာခဲ့သည်။

လူဦးရေ သန်း ၆၀ ခန့် ရှိသည့် မြန်မာနိုင်ငံတွင် တရုတ်နွယ်ဖွား ၂ သန်းခန့် နေထိုင်လျက်ရှိသည်ဟု သိရသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပညာရေးဝန်ထမ်းများကို စားအုန်းဆီ မယူမနေရ ရောင်းချ

Monday, 27 June 2011 03:58 မောက္ခပြည်တွင်းသတင်း
ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာဦးစီးဌာန ဝန်ထမ်းများကို တစ်ဦးလျှင် စားအုန်းဆီ ၃ ပိသာနှုန်းဖြင့် မ၀ယ်မနေရ ရောင်းချပေးနေကြောင်း ၎င်း ဝန်ထမ်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ကမာရွတ် အ.ထ.က. ၂ မှ ပညာရေးဝန်ထမ်းတစ်ဦးက “စားအုန်းဆီ တစ်လကို ၃ ပိသာ မယူမနေရ ယူရမယ်လို့ ပြောတယ်။ လကုန်တာနဲ့ လစာ ထဲက ၆၃၀၀ ကျပ် ဖြတ်ပြီးသားပဲ လစာက ၅သောင်းကျော်လေးရယ်၊ ဟိုဖြတ်ဒီဖြတ်နဲ့ ဘာသွားစားမလဲ ပြီးတော့ပေးတဲ့ဆီက အခဲကြီးတွေ စားလိုရတဲ့ဆီဆိုလို့ ဘယ်သူအာမခံမလဲ ”ဟု ပြောကြားသည်။



စားအုန်းဆီတင်သွင်းခွင့်ကို ပြီးခဲ့သည့်လမှ စတင်ပြီး ကုမ္ပဏီ ၁၆ ခုသို့ တင်သွင်းခွင့်ပေးခဲ့ရာ ဈေးနှုန်းများ ကမောက်ကမ ဖြစ်ပေါ်ခဲ့ကြောင်း၊ တင်သွင်းသမျှ၏ ၂၀ ရာခိုင်နှုန်းကို သတ်မှတ်ဈေးဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် ဖြန့်ဖြူးပေးရပြီး ကျန်ပမာဏကို လွတ်လပ်စွာ ရောင်းချခွင့်ရှိကြောင်း၊ ဈေးကွက်ကို ဈေးကွက်က ပြန်ထိန်းပေးရမည်ဟု ဆိုသော်လည်း တစ်ဦးတည်း လက်ဝါးကြီးအုပ်ခွင့် မရရှိသည့်အပေါ် မကျေနပ်သူများလည်းရှိရာ ၎င်းတို့က စားအုန်းဆီအဓိက ဖြန့်ဖြူးရာ ဦးပိုင်မှ ပိုင်ဆိုင်သော သိုလှောင်ကန်များတွင် သိုလှောင်ခွင့်အပေါ် တစ်ဖက်လှည့်ဖြင့် အမြတ်ထုတ်နေခြင်း မသမာသောနည်းလမ်းများကို အသုံးပြုနေခြင်းများရှိနေကြောင်း၊ သိုလှောင်ကန်မှ ထုတ်ယူသော အချို့ဆီပေပါများ များစွာလျော့နေသည့် အကြောင်းများလည်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြလျက် ရှိသည်။



ယခုကဲ့သို့ ပညာရေးဝန်ထမ်းများကို မယူမနေရစနစ်ဖြင့်ရောင်းချခြင်းမှာ ၎င်းတို့အတွက်သက်သာချောင်ချိမှုထက် အကျင့်ပျက်မှုနှင့် လူမှုစီးပွားဆိုင်ရာ ပြဿနာများ ပိုမိုတိုးပွားလာဖွယ်ရှိကြောင်း သတင်းဆန်းစစ်သူအချို့က သုံးသပ်ပြောဆိုသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရက ကချင်နဲ့ ဆွေးနွေးဖို့ ဖွဲ့စည်း

011-06-28 RFA(ပေးပို့ သူ-ဗမာ့သွေး)
အစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများ ရပ်ဆိုင်းရေး အတွက် စေ့စပ် ဆွေးနွေးဖို့ မနေ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်က အဖွဲ့ဝင် ငါးဦးပါ အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
ဒီအဖွဲ့ကို ပြည်သူ့ကိုယ်စား ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ကြားဝင် စေ့စပ်ရေးအဖွဲ့လို့ အမည်ပေး ထားပါတယ်။ အဖွဲ့မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် တဦးဖြစ်တဲ့ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ ဥက္ကဌ ဦးဆင်ဝါးနော်က အခုလိုပြောပါတယ်။

"ကချင်အတိုင်ပင်ခံက တယောက်ဖြစ်တဲ့ ကျနော် ဦးဆင်ဝါးနော် ပါတယ်။ အမျိုးသားလွှတ်တော်က ဦးချက်ထိန်နန်၊ နယ်ခြား ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး တာဝန်ခံ အစိုးရအဖွဲ့ထဲက ဗိုလ်မှူးကြီး သန်းအောင်၊ စရန က ဗိုလ်မှူး နိုင်လင်း၊ နပခ တိုင်းအဆင့်က ဗိုလ်မှူးကြီး ထွန်းထွန်းအုန်း၊ ကျနော်တို့ ၅ ယောက်ကို ကချင်ပြည်နယ် ၀န်ကြီးချုပ်က ခေါ်ပြီး ဖွဲ့လိုက်တာပါ။

" ဒီအဖွဲ့ဟာ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်နဲ့ ညိုနှိုင်းပြီး လုပ်ငန်းများကို အကောင်အထည် ဖေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး KIO ကတော့ သူတို့ထံ တရားဝင် ဆက်သွယ် အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။ KIO အဖွဲ့ တွဲဘက် အတွင်းရေးမှူး ဦးလနန်းက အခုလိုပြောပါတယ်။

"သူတို့ ဘာရည်ရွယ်ပြီး ဖွဲ့တယ်ဆိုတာ ကျနော်တို့ ကောင်းကောင်း မသိသေးဘူး။ ဒါပေမဲ့ သူက အပစ်အခတ် ရပ်ဆိုင်းရေး အဆင့်ကို လုပ်ဖို့အတွက် ဆိုရင်တော့ ကျနော်တို့ သိမှာပါ။ သူတို့ ဘာရည်ရွယ်ချက်ရှိတယ် ဘာတွေ ပြောမယ်ဆိုတာကို အရင် နားထောင်ရမှာပါ။ သိပြီးတော့မှ ကျနော်တို့ ဘာလုပ်မယ်ဆိုတာကို တဆင့် တက်မှာပါ။

" ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့က ပထမဆုံး အကြိမ်အဖြစ် ဦးသိန်းဇော်က ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ဥက္ကဌ ဦးဆင်ဝါးနော် အပါအ၀င် အတိုင်ပင်ခံ အဖွဲ့ဝင်လေးဦးကို KIO အဖွဲ့ထံ စေလွတ်ခဲ့ တာဖြစ်ပြီး၊ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကိုယ်တိုင် KIO ကို အဆက်အသွယ် လုပ်ခဲ့ပါတယ်။ KIO အဖွဲ့က အပစ်အခတ် မရပ်ခင် ခိုင်မာတဲ့ အာမခံချက် တောင်းခံထားတဲ့ စာပေးပို့ထားပြီး အစိုးရဘက်က ပြန်ကြားချက် တစုံတရာ မပေးသေးဘူးလို့ သိရပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂရိနိုင်ငံမှာ အထွေထွေသပိတ်မှောက်

ဘီဘီစီ ။ ။ 28-06-2011(ပေးပို့ သူ-ဗမာ့သွေး)
ဂရိ နိုင်ငံမှာ နှစ်ရက်တာ အထွေထွေ သပိတ် မှောက်တဲ့ အတွက် နိုင်ငံ တွင်းက အစိုးရ ရုံးတွေနဲ့ လုပ်ငန်း အများစုဟာ ရပ်တန့် သွားခဲ့ ပါတယ်။သပိတ် မှောက်ကြ သူတွေဟာ ဗုဒ္ဓဟူး နေ့မှာ အစိုးရက နောက်ထပ် ခြိုးခြံ ခြွတောရေး အစီအမံ တွေကို ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်မဲ့ အရေးကို ဆန့်ကျင် ကန့်ကွက် နေကြ တာပါ။


သင်္ဘောဆိပ်တွေ၊ ရထား ဘူတာရုံတွေ၊ ကားဂိတ်တွေ၊ လေဆိပ်တွေ နဲ့ ဘဏ်တွေ ကို ပိတ်ထားပါတယ်။ဆေးရုံ တွေမှာလည်း ကျန်းမာရေး ဝန်ထမ်း အနည်းငယ်ပဲ ရှိပါတယ်။အေသင် မြို့လယ်က လူငယ်တွေရဲ့ ဆန္ဒပြမှု တွေကို ဖြိုခွဲဖို့ အတွက် ရဲ တွေက မျက်ရည်ယိုဗုံး သုံးခဲ့ ပါတယ်။


ပါလီမန် ရှေ့မှာလည်း လူ ထောင်နဲ့ ချီပြီး စုရုံး ဆန္ဒပြ နေကြ ပါတယ်။ဂရိဝန်ကြီးချုပ် ဂျော့ခ်ျ ပါပန်ဒွေး ကတော့ တကယ်လို့ အစိုးရ ဘက်က ခြိုးခြံ ခြွတောရေး အစီအမံ လုပ်ဖို့ အရေး နိမ့်ခဲ့ရင် တိုင်းပြည်ဟာ ရက်ပိုင်း အတွင်း ဘဏ္ဍာငွေ ပြတ်တောက်မှု ကြုံရမယ်လို့ သတိပေး ပြောခဲ့ ပါတယ်။ဂရိအစိုးရ ကနောက်ထပ် ချေးငွေတွေ ထပ်ပြီး ရရှိနိုင်ရေး အတွက် လိုအပ်တဲ့ ချွေတာရေး ဆောင်ရွက်မှုတွေ လုပ်ပါမယ်လို့ မြီရှင်တွေကို ကတိ ပေးထားပြီး သားပါ။


Greeceဂရိ အစိုးရဟာ မကြာသေးခင် ကမှ အယုံအကြည် မရှိ အဆိုကို နိုင်ခဲ့တာပါအဲဒီထဲမှာ ပါတဲ့ အစိုးရ အသုံး စားရိတ်တွေ လျှော့ချ ဖြတ်တောက်ရေး၊ အခွန် တိုးကောက်ရေး နဲ့၊ နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း ရောင်းချရေး အစီအစဉ် တွေကို ပါလီမန်က အတည်ပြု ပေးဖို့ အတွက် အခု တင်ပြ ထားပါတယ်။ဂရိ နိုင်ငံက လိုအပ်နေတဲ့ ယူရိုငွေ သန်းပေါင်း ၁၂၀ဝ၀ ကို အရစ်ကျ စံနစ်နဲ့ ထုတ်ချေး ပေးဖို့ အတွက် ဒီအစီအစဉ် တွေကို ဆောင်ရွက်မှ ဖြစ်မယ်လို့ မြီရှင်တွေ ဘက်က သတိ ပေးထား ပါတယ်။


ဒီချေးငွေ တွေကို မရဘူး ဆိုရင် ဂရိနိုင်ငံဟာ ဇူလိုင်နဲ့ သြဂုတ် လတွေမှာ သူ့နိုင်ငံက ပေးစရာ ရှိတဲ့ ကြွေးတွေကို ဆပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီ လို ဖြစ်လာရင် တခြား နိုင်ငံ တွေကိုပါ ဂယက် ရိုက်လာ မှာမို့၊ မြီရှင်တွေ ဘက်က သူတို့ ခြိမ်းခြောက် နေတဲ့ အတိုင်း ငွေထုတ် မချေးဘူး ဆိုတာ ဖြစ်နိုင် ပါ့မလား ဆိုတာလည်း မရှင်းလင်း လှပါဘူး ။


ရရှည် မှာတော့ ဂရိနိုင်ငံဟာ ခုထက်ပိုပြီး အကူအညီတွေ လိုအပ် တယ်လို့ ဥရောပနဲ့ IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့တွေက ယူဆ ကြပါတယ်။ဂရိရဲ့ လိုနေတဲ့ ငွေတချို့ ကို ဥရောပက ထုတ်ချေး ပေးမှာ ဖြစ်ပေမယ့်ကြွေးဟာင်း ကိုဆပ်ပြီးမှ ကြွေးသစ်ကို ချပေးဖို့ ဥရောပ ဘဏ်တွေက ဂရိအစိုးရနဲ့ ဆွေးနွေး နေပါတယ်။ဆွေးနွေးမှုမှာ တိုးတက်မှုတွေ ရှိပေမယ့် တကယ် အလုပ် ဖြစ်မယ့် သဘော တူညီချက် ရနိုင်မှာလား ဆိုတာတော့ မသေချာဘူးလို့ ဘီဘီစီစီးပွားရေး ဆိုင်ရာ သတင်းထောက် က ဆိုပါတယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်လာ ၁၂၀ ဘီလီယံ ဗုန်းပြီး ပြည်ပထွက်ပြေးသွားတဲ့ တရုတ် အရာရှိများ

Tuesday, 28 June 2011 02:14 မောက္ခ နိုင်ငံတကာသတင်း(ပေးပို့ သူ-ဗမာ့သွေး)
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ် ပြည်သူ့ဘဏ်က လဘ်စားပြီး နိုင်ငံရပ်ခြားကို အထုတ်ပိုက် ထွက်ပြေး တိမ်းရှောင်သွားတဲ့ တရုတ်အစိုးရ အရာရှိများရဲ့ အမည်စာရင်းအစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန် ကြေငြာခဲ့သည်။

အစီရင်ခံစာအရ ကွန်မြူနစ်ပါတီ လူကြီးမင်းများ၊ အစိုးရ အရာရှိများ၊ လုံခြုံရေး အရာရှိများ၊ တရားရေး ၀န်ထမ်းများနှင့် နိုင်ငံပိုင်လုပ်ငန်း မန်နေဂျာများ စုစုပေါင်း ၁၈,၀၀၀ ကျော် မှာ ပြည်သူ့ ဘဏ္ဍာငွေများကို ယောက္ခမပိုင်ပစ္စည်းသဖွယ် ဗုန်းပြီးနောက် နိုင်ငံရပ်ခြား တိုင်းပြည်များတွင် ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဖော်ပြထားသည်။



ထိုအရာရှိများမှာ ၁၉၉၀ ခုနှစ်ကတည်းက စတင် ပြည်ပထွက်သွားခြင်းဖြစ်ပြီး၊ ၄င်းတို့ကြောင့် နိုင်ငံပိုင်ငွေ ဒေါ်လာ ၁၂၀ ဘီလီယံ ပျောက်ဆုံးလျက်ရှိကြောင်း တရုတ်ဘဏ်က ကြေငြာခဲ့သည်။ ထိုငွေပမာဏမှာ ၁၉၇၈ မှ ၁၉၉၈ ခုနှစ်အထိ တရုတ် ပညာရေး အသုံးစရိတ်နှင့် ညီမျှပြီး၊ ပျမ်းမျှ တစ်ဦးကို ဒေါ်လာ ၇ သန်းကျော် သမသွားကြောင်း ဖော်ပြထားသည်။



မနှစ်က ဖမ်းဆီးထားတဲ့ မီးရထား ၀န်ကြီးဌာန လက်ထောက် အင်ဂျင်နီယာချုပ် Zhang Shuguang ဆိုရင် လာအိုတွင် ဇီမ်ခံအိမ်တွေ ဆောက်လုပ်ထားသည်။ အမေရိကနှင့် ဆွစ်ဇာလန်ဘဏ်တွင် ဒေါ်လာ ၂.၈ ဘီလီယံ အပ်နှံထားသည်။ ၄င်းမှာ တရုတ် အရာရှိများရဲ့ အကတိလိုက်စားမှု ပြယုဂ်တစ်ခု ဖြစ်သည်။ ပြည်ပထွက်မပြေးသေးတဲ့ အလတ်တန်း အရာရှိများစွာကိုလည်း ဖမ်းဆီးသုတ်သင်ဖိှု့ရှိနေသည်။



နိုင်ငံတကာမီဒီယာများရဲ့ အဆက်မပြတ် ဝေဖန်မှုများကြောင့် အရှက်ရနေတဲ့ တရုတ်အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ ကြိုးစားသည့်အနေဖြင့် ခိုးယူထွက်ပြေးသွားသော အရာရှိများစာရင်းနှင့် နိုင်ငံရပ်ခြားဘဏ်များတွင် ၄င်းတို့အပ်နှံထားသော ငွေကြေးပမာဏကို ယခု တရားဝင် ထုတ်ပြန်ဖော်ပြခဲ့သည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အာရပ်ကမ္ဘာနဲ့ မြန်မာ ဒေါ်အောင်ဆန်းစုကြည် နှိုင်းယှဉ်ပြောကြား

2011-06-28 RFA(ပေးပို့ သူ-ဗမာ့သွေး)
ဒီမိုကရေစီရေး လှုပ်ရှားမှု အရေးမှာ အာရပ် နိုင်ငံတွေ နဲ့ မြန်မာ နိုင်ငံကြား တူညီတာတွေ ရှိသလို ကွဲပြား ခြားနားချက်တွေလည်း ရှိနေကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဗြိတိန် နိုင်ငံ ဘီဘီစီ လိုင်းအမှတ် (၄) က ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ Reith Lectures ခေါ် ဟောပြောချက် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ခြင်း ဆိုင်ရာ အကြောင်းးနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အကြောင်း ဟောပြောခဲ့ပါတယ်။ "လွတ်လပ်မှု ဆိုတာကို ကျမတို့ ဘယ်လိုနားလည်သလဲဆိုတာ ကြိုးစားပြီးတော့ ရှင်းပြတာပါ။

နောက်ပြီးတော့လည်း လူတွေရဲ့ လွတ်လပ်ချင်တဲ့ စိတ်ဓါတ် ဆိုတာဟာ လူမျိုးတမျိုးနဲ့သာလျှင် မဆိုင်ဘူး။ နိုင်ငံ တနိုင်ငံနဲ့သာလျှင် မဆိုင်ဘူး။ လူမျိုးတွေ အားလုံးနဲ့ ဆိုင်တယ်။ တကမ္ဘာလုံးနဲ့ ဆိုင်တယ်။ အဲဒီဥစ္စာတွေကို ကျမ ရှင်းပြ ပါတယ်။ နောက်ပြီးတော့ အခု အရှေ့ အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ ဘယ်လို ကျမတို့နဲ့ ဆက်နွယ်နေသလဲ။

အရှေ့ အလယ်ပိုင်းက တော်လှန်ရေးတွေဟာ ဘယ်လို ကျမတို့နဲ့ ၈၈ တော်လှန်ရေးနဲ့ ဘယ်လိုနေရာတွေမှာ တူသလဲ။ ဘယ်လိုနေရာတွေမှာ မတူဘူးလဲ အဲဒါတွေကို ရှင်းပြတာပါ။

" အာရပ် ကမ္ဘာတခုလုံး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲတွေ ပျံနှံ့သွားအောင် စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက ဖြစ်ရပ် နဲ့ ၁၉၈၈ မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှု စတင်ရာ ဖြစ်ရပ် နှစ်ခုလုံးဟာ အရေးမကြီးတဲ့ သာမန် ဖြစ်ရပ်ကလေးတွေကနေ နိုင်ငံလုံး ဆိုင်ရာ အဆင့်ထိ ကူးပြောင်းသွားခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ တူနီးရှားမှာ သမ္မတ ပြုတ်ကျသွားခဲ့ပြီး၊ မြောက်အာဖရိက တခွင်လုံး ဒီမိုကရေစီ လှိုင်းကြီး ကူးစက် ပျံနှံ့သွားခဲ့ပေမဲ့ မြန်မာ နိုင်ငံမှာ ကတော့ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှု ဟာ အခြေမှုန်းခံခဲ့ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

တူနီးရှား နဲ့ မြန်မာ ကွာခြားချက်က တူနီးရှားမှာ စစ်တပ်က သူ့ပြည်သူကို ပစ်ခတ် သတ်ဖြတ်တာမျိုး မလုပ်ခဲ့ ပါဘူး၊ ဒါ့ပြင် နောက်တစ်ချက်က တူနီးရှား တော်လှန်ရေးဟာ ခေတ်မီ ဆက်သွယ်ရေး နည်းပညာ တော်လှန်ရေးရဲ့ အကျိုး ကျေးဇူးကို ခံစားခွင့် ရရှိခဲ့တာပါ။ ဒါဟာ ရေရှည်မှာ သိပ်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆူဒန်သမ္မတ ဘရှား တရုတ်ပြည်ရောက်

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 28 ဇွန် 2011(ပေးပို့ သူ-ဗမာ့သွေး)
ဆူဒန်သမ္မတ အိုမာ အယ်လ် ဘရှား (Omar al-Bashir) ဟာ အခု တရုတ်ပြည်မှာ ရောက်နေပါတယ်။ ဒီခရီးစဉ်က အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် စီစဉ်ထားတာထက် တရက်နောက်ကျပြီးမှ ရောက်လာခဲ့တာလို့ ဆူဒန် အရာရှိတွေက ပြောပါတယ်။

ဒီကနေ့မနက် စောစောပိုင်းကပဲ ဆူဒန်သမ္မတဟာ တရုတ်ပြည်ကို ရောက်လာခဲ့ပြီး မနက်ဖြန်ကျရင် တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။ အရင်အစီအစဉ် အတိုင်းဆိုရင် တနင်္လာနေ့ ညနေပိုင်းမှာ သမ္မတ ၂ ဦး တွေ့ဆုံကြဖို့ ရှိတာပါ။

သူ့ရဲ့ခရီးစဉ်ကို ကြာသပတေးနေ့အထိ စီစဉ်ထားတာ အချိန်ထပ်တိုးမယ် မတိုးဘူး ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆူဒန်သမ္မတရဲ့ တရုတ်ပြည် ခရီးစဉ်ဟာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ခရီးစဉ်ပါ။ ဆူဒန်ပြည်တွင်းစစ်မှာ တာဝန်ရှိတဲ့လူအဖြစ် နိုင်ငံတကာ တရားရုံး (ICC) ကနေ အလိုရှိနေတဲ့ ဆူဒန်သမ္မတကို တရုတ်ပြည်က ဖိတ်ခေါ်ခဲ့တာကြောင့် လူ့အခွင့်အရေး အုပ်စုတွေက အပြစ်တင် ဝေဖန်နေကြပါတယ်။

ဆူဒန်သမ္မတ အိုမာ အယ်လ် ဘရှားက တရုတ်ပြည်ကို တနင်္လာနေ့မှာ ရောက်လာဖို့ ရှိတာကို တာ့ခ်မင်နစ္စတန်နိုင်ငံ အာဏာပိုင်တွေက လေယာဉ်လမ်းကြောင်းကို ပြောင်းခိုင်းခဲ့တယ်လို့ ဆူဒန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

အရင်စီစဉ်ထားတဲ့အတိုင်း မဟုတ်ဘဲ လေယာဉ်ပျံသန်းခွင့် အစီအစဉ် ပြောင်းရွှေ့ခဲ့ရတာဟာ အမေရိကန်ရဲ့ ဖိအားပေးတာကြောင့်လို့ ဆူဒန်နိုင်ငံပိုင် ဆူနား သတင်းမှာ ဖော်ပြပါတယ်။

ဆူဒန် အမျိုးသား ကွန်ဂရက်စ် သဘာပတိ ကွက်ဘီ အယ်လ် မဟာ့ဒ်ဒီ (Qutbi al Mahdi) ပြောတာကတော့ ဆူဒန်သမ္မတရဲ့ ခရီးစဉ်ကို ဖျက်သိမ်းဖို့ အမေရိကန်က တရုတ်ကို ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်ဘက်ကတော့ ဘာမှ မှတ်ချက်ပေး တုံ့ပြန်တာ မရှိပါဘူး။



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေဆဲ

By နူးပန် ။ ။ အင်္ဂါ, 28 ဇွန် 2011
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောခဲ့သလို ပဋိပက္ခတွေ ပြေလည်မှု ရရှိသွားခြင်း မရှိဘဲနဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပြောခဲ့တာဟာ မမှန်ဘူး၊ အစိုးရတပ်တွေရဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်တာတွေဟာ ပုံမှန်ထက် ပိုအရှိန်မြင့်နေတယ်လို့ KIO က ပြောပါတယ်။ အခြေအနေ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

အခုချိန်ထိ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ အစိုးရတပ်တွေ ရှေ့တန်း စစ်မျက်နှာပြင်တွေမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ KIO ဗဟိုကော်မတီဝင် တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

“တင်းမာမှုတော့ လျော့သွားတာမျိုး မရှိဘဲနဲ့ ပိုပြီးတော့တောင်မှ တင်းမာလာတဲ့ အခြေအနေ တဖြည်းဖြည်း မြင့်လာတယ်လို့ ပြောလို့ရတယ်။ ပြောမယ်ဆိုရင်တော့ ကချင်ပြည်နယ် ဒေသ အနှံ့အပြားမှာ တင်းမာနေပါတယ်။ မနေ့ ညနေ ၃ နာရီလောက်မှာ ကချင်ပြည်နယ် ကာမိုင်းဘက်မှာ တိုက်ပွဲငယ်တခု ဖြစ်ပွားသေးတယ်။”

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ခဲ့တဲ့ ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ မိုးကောင်းအခြေစိုက် ခလရ ၇၄ နဲ့ KIA တပ်ရင်း ၁၂ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာတော့ KIA ဘက်က အထိအခိုက် မရှိဘူးလို့ပြောပြီး မြန်မာစစ်တပ်ဘက်က အနည်းဆုံး ၃ ယောက်ကျတာ တွေ့ရတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

ဆက်လက်ပြီးလည်း ကချင်ပြည်နယ် နေရာအနှံ့ အစိုးရတပ်တွေ စစ်အင်အား တိုးချဲ့မှုတွေကိုသာ မြင်တွေ့နေရပြီး အရင်က တပ် မချခဲ့တဲ့ မြို့အနီးတ၀ိုက်မှာ စစ်တပ်နေရာယူလာတာ တွေ့ရတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ ဆယ်မိုင်အထက် ခရစ်ယန် လက်ဝါးကပ်တိုင်တောင်အနီး စစ်သားတွေကို တွေ့မြင်ရတဲ့အတွက် ဒေသခံတွေ စိုးရိမ် ကြောက်လန့်နေတယ်လို့ ဆယ်မိုင်အထက် ဒေသခံ အမျိုးသမီးက အခုလို ပြောပါတယ်။

“ဟိုးတနေ့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က လက်ဝါးကပ်တိုင်ရှိတဲ့ တောင်ဘက်ကို ကား ၂ စင်း အပြည့်နဲ့ ဗမာစစ်တပ် ချထားတယ်လို့ သတင်းရတယ်။ ကားလမ်းပေါ်က ဖြတ်သွားလိုက်တယ်၊ ကားသွားလိုက်တာပဲ တွေ့လိုက်တယ်။ အဲဒါ တောင်ပေါ်ဘက်မှာရှိတဲ့ လူကြီးတွေက ပြောတယ်။ အဲဒီဘက်မှာ ကား ၂ စင်းနဲ့ ချထားကြတယ်လို့ ပြောတယ်။”

မြစ်ကြီးနားမြို့ အနီးတ၀ိုက် ဒေသခံတွေအတွက် အခုလို စစ်တပ်တွေ ချဉ်းကပ်လာရင် KIO နယ်မြေနဲ့ ဝေးပြီး ဒေသခံတွေအတွက် ရှောင်ပြေးဖို့လည်း မလွယ်ကူတဲ့ အတွက်ကြောင့် စိုးရိမ်ပူပန်နေတယ်လို့ ဆက်ပြောပါတယ်။

“အဒေါ်တို့ စိုးရိမ်တာကတော့ အခု အဒေါ်တို့ရပ်ကွက် သိပ်မဝေးတဲ့ ဆယ်မိုင်ကျော်ကျော်လောက် မြို့ထဲမှာပေါ့၊ အဲဒီမှာ ရပ်ကွက်ထဲမှာ ၀င်တဲ့ ဒုက္ခသည်တွေ၊ အဒေါ်တို့က စစ်ဖြစ်မှာလည်း စိုးရိမ်တယ်၊ ပေါ်တာဆွဲမှာလည်း စိုးရိမ်တာပေါ့။ ဘယ်ဘက်ကို ပြေးရမလဲ မသိဘူး။ ဟိုဘက်ဆိုရင်လည်း တောင်၊ အရှေ့ဘက်ကို ဆိုရင်လည်း မြစ်ဆိပ်ဆိုတော့ တောင်ဘက်မှာလည်း အစိုးရစစ်တပ်တွေ ချထားတယ်လေ။”

အခုလို အစိုးရတပ်တွေ ကချင်ပြည်နယ် ဒေသအနှံ့ စစ်ရေးအင်အားတွေ အရှိန်မြင့်လာနေဆဲကြောင့် နှစ်ဘက် တင်းမာနေချိန်မှာ အစိုးရလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ရန်ကုန်လွှတ်တော်အမတ်တွေနဲ့ သောကြာနေ့က တွေ့ဆုံပွဲမှာ ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ရဲ့ ကြားဝင် ညှိနှိုင်းမှုကြောင့် ပဋိပက္ခတွေ တည်ငြိမ်သွားပြီ ဆိုတာဟာ လက်တွေ့မကျဘူးလို့ ဗဟိုကော်မတီဝင် တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ ကချင်ဒေသဟာ အားလုံး တည်ငြိမ်သွားပြီဆိုတဲ့ ဒီပြောဆိုမှုဟာ ဘာကိုရည်ရွယ်ပြီး ပြောတယ်ဆိုတာ တပ်အပ်တော့ ပြောလို့မရဘူး။ ဒါ လုံးဝမဖြစ်နိုင်တာ၊ ပြောဆိုမှုနဲ့ တကယ် ရှေ့တန်းမှာဖြစ်တဲ့ ဖြစ်စဉ်က တခြားစီပဲ ဖြစ်နေပါတယ်ခင်ဗျ။”

ကချင်ပြည်နယ်တ၀ိုက် အောက်မြန်မာပြည်က ပို့ထားတဲ့ တပ်တွေကို ရုပ်ခြင်းမရှိတဲ့အပြင် နေ့စဉ်ရက်ဆက် ရှေ့တန်းမှာ တပ်တိုးတိုးလာနေပြီး ဒေသခံတွေကို ပေါ်တာဆွဲတာနဲ့ KIA အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ ရှိနေတယ်လို့ ပြောပါတယ်။

အခုလို နှစ်ဘက် တင်းမာနေတဲ့ အခြေအနေမှာ KIO ဘက်ကလည်း လမ်းတံတားတွေကို အဟန့်အတားဖြစ်အောင် ဗုံးဖောက်ခွဲမှုတွေ လုပ်နေချိန် တဘက်မှာလည်း မြစ်ကြီးနားမြို့အပြင် နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် မြို့တွင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒါပေမဲ့ KIO ကတော့ ဒါဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး လူစည်ကားတဲ့ နေရာတွေနဲ့ ပြည်သူလူထုတွေကို အန္တရာယ် ဖြစ်စေမယ့် နေရာတွေမှာ ဖောက်ခွဲမှု မလုပ်ဘူးလို့ ပြောပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံအနာဂတ်၊ လူငယ်အခန်းကဏ္ဍ ဒေါ်စု ဆွေးနွေး

y ဒေါ်ခင်မျိုးသက် ။ ။ အင်္ဂါ, 28 ဇွန် 2011(ပေးပို့ သူ-ဗမာ့သွေး)
ဒီနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်မြန်မာပြည် NLD လူငယ်အဖွဲ့တွေ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ နိုင်ငံ့အာဏာ လွှဲယူလေ့ရှိတဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့ လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာလာစေဖို့အတွက် အားကြီးတဲ့၊ အများစုဖြစ်တဲ့ ဗမာလူမျိုးစုတွေက လူနည်းစု တိုင်းရင်းသားတွေအပေါ် မေတ္တာပိုထားပြီး ပိုပြီး တာဝန်ယူဖို့ လိုအပ်တယ်လို့ ဒီနေ့ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထက်မြန်မာနိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အသက် ၃၅ နှစ်အောက်ကို လူငယ်လို့ ယေဘုယျ သတ်မှတ်ပြီး လူငယ်တွေနဲ့ တွေ့ဆုံပွဲ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်၊ လူကြီးလို့ သတ်မှတ်တဲ့အခါ အသက်နဲ့ဆိုင်သလား၊ အတွေးအခေါ်နဲ့ ဆိုင်သလားဆိုတဲ့ အယူအဆတွေအပြင် လူငယ်တွေ နောင်မှာ နိုင်ငံ့အနာဂတ်အတွက် ဘယ်လို အကောင်းဆုံး ပံ့ပိုးနိုင်မယ် ဆိုတာကို ဦးဆောင်ပြီး ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကာလကြာရှည်စွာ ကြိုးပမ်းခဲ့တာမို့ စိတ်မရှည်ဘဲ အကြမ်းဖက်တဲ့နည်းကို သုံးချင်စိတ် ပေါက်လာတဲ့ လူငယ်တွေအတွက် အကြမ်းဖက်မှုနဲ့ နိုင်ငံ့အာဏာ လွှဲယူလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့အတွက် လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် NLD လူငယ်အဖွဲ့ဝင်များ တွေ့ဆုံပွဲ ကျင်းပနေစဉ်။ ဇွန် ၂၈၊ ၂၀၁၁။


“အကြမ်းဖက်မှုကို ကျမ လက်မခံဘူးဆိုတာ နိုင်ငံရေး သဘောတရားအရ လက်မခံတာပါ။ ကျမတို့နိုင်ငံမှာ နိုင်ငံရေး ယဉ်ကျေးမှု ပြောင်းဖို့လိုလို့၊ အကြမ်းဖက်တဲ့နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ၊ အကြမ်းဖက်တဲ့နည်းနဲ့ နိုင်ငံရဲ့ အာဏာကို လွှဲယူတာ၊ ဒီဟာတွေက အစဉ်အလာ ဖြစ်နေပြီ၊ ဒီနိုင်ငံမှာ။ ဒီအစဉ်အလာကို ကျမတို့က ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျမ အကြမ်းမဖက်တဲ့ လမ်းကြောင်းကို သွားတာပါ။”

အကြမ်းဖက်လာလို့ အမြဲမှားတယ်လို့ ပြောလို့မရပေမဲ့ မှန်တဲ့ဘက်က ရပ်ပြီး ခုခံတိုက်ခိုက်တဲ့ အခါမှာ လက်နက်ကိုင်ပြီး လုပ်ရင်တော့ အကြမ်းဖက်တာမို့ ရေရှည်မှာ အကျိုးရှိမရှိ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူငယ်တွေအတွက် လူကြီးတွေက နေရာဖယ်ပေးဖို့ ပြောဆိုမှုတွေအတွက် မြန်မာနိုင်ငံ သမိုင်းမှာ နေရာယူတာနဲ့ ပတ်သက်ပြီး ဒုက္ခရောက်ပေါင်း များပြီမို့ လူကြီးတွေဆီကနေ နေရာကို ယူတာထက် တာဝန်တွေကို လွှဲယူတဲ့ အနေမျိုးနဲ့ စဉ်းစားသင့်ပါတယ်လို့လည်း အကြံပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရေးကြီးတာက ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားစေဖို့ဖြစ်ပြီး အများစုဖြစ်တဲ့ မြန်မာတွေက တခြား လူနည်းစု တိုင်းရင်းသားတွေထက် ပိုပြီး မေတ္တာထားဖို့ လိုသလို ပိုပြီး တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

“ပိုပြီးတော့ အားရှိတဲ့လူက ပိုပြီးတော့ တာဝန်ရှိတယ်။ ဒီတာဝန်ကို သိရမယ်။ ပိုပြီးတော့ ဆင်ဆင်ခြင်ခြင်နဲ့ ကရုဏာနဲ့ စေတနာနဲ့ မေတ္တာနဲ့ နေနိုင်ရမယ်။ ဒါဟာ အားကြီးတဲ့ လူများရဲ့ ပထမတာဝန်လို့ ကျမ မြင်တယ်။ ကျမတို့နိုင်ငံမှာ ဒီလိုသာ ခေတ်အဆက်ဆက်က လုပ်ခဲ့တယ်ဆိုရင် အခု တိုင်းရင်းသား သွေးစည်းညီညွတ်ရေးဆိုတာ လုပ်နေဖို့ လိုမှာမဟုတ်ဘူး။ ရှိပြီးသား ဖြစ်နေမှာပဲ။ တိုင်းရင်းသားတွေ အပေါ်မှာ စေတနာနဲ့ နွေးထွေးမှု ရှိတယ်ဆိုတာ ကျမသိတယ်။

“ဒီ စေတနာနဲ့ နွေးထွေးမှုတွေကို ပိုပြီးတော့ ကြီးထွားလာအောင် ကျမတို့ဘက်မှာ၊ လူများစုဖြစ်တဲ့ ဗမာတွေဘက်မှာ တာဝန်ရှိတယ်ဆိုတာ အဲဒါတော့ စွဲစွဲမြဲမြဲ အားလုံးစိတ်ထဲမှာ ထားစေချင်တယ်။ ဒါမှ ကျမတို့ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာကို ခိုင်မာအောင် လုပ်နိုင်မယ်။ ဒါမှ ကျမတို့ ညီညွတ်တဲ့ ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွေနဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပြီး ကိုလိုနီခေတ်ဟာ အခုခေတ်ထက် ပညာရေးစနစ် ကောင်းမွန်သလို လွတ်လပ်မှုရှိပြီး ပြင်ပဗဟုသုတ ပိုပြီး ရရှိနိုင်ပေမဲ့ အခု မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကအစ အစစ ချို့တဲ့နေတာကို ကြုံနေရတာမို့ တနိုင်တပိုင် ကိုယ့်အားကိုယ်ကိုးပြီး မျိုးဆက်သစ် လူငယ်တွေ ဖြစ်လာဖို့ မွေးမြူကြဖို့လည်း အကြံပေးခဲ့ပါတယ်။

လူငယ်တွေအနေနဲ့ လောကကြီးထဲ ကျင်လည်တဲ့အခါ အနိုင်နဲ့အရှုံးကို ဘယ်လိုလက်ခံရမယ် ဆိုတာကို ပြိုင်ပွဲတွေကနေ သင်ပေးတာမို့ ပြိုင်ပွဲတွေကို ၀င်ပြီးနွှဲတဲ့ အလေ့အကျင့်တွေ လုပ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

“ပြိုင်ပွဲဝင်တဲ့အခါမှာ အရေးကြီးဆုံး ကိစ္စတခုက နိုင်တတ်ရမယ်၊ ရှုံးတတ်ရမယ်။ နိုင်တတ်တယ်ဆိုတာ ကိုယ်နိုင်တဲ့အခါကျရင် ကိုယ်က စိတ်ဓာတ်နှိမ့်ချပြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ အနိုင်ယူတတ်ရမယ်။ ရှုံးတဲ့အခါကျရင် ကိုယ်ကနေ သဘောထားကြီးကြီးနဲ့ အိနြေ္ဒရှိရှိနဲ့ ကိုယ်ရှုံးတာကို လက်ခံနိုင်ရမယ်။ အရှုံးအနိုင်ကို မှန်မှန်ကန်ကန် လက်မခံနိုင်လို့ရှိရင် ဒီမိုကရေစီ ဘယ်တော့မှ မရနိုင်ဘူး။ ကျမတို့ ၁၉၉၀ ခုနှစ်တုန်းက အရှုံးကို မှန်မှန်ကန်ကန် လက်မခံနိုင်လို့ ကျမတို့ ဒီအခြေ ရောက်နေတာပဲ။”

အကြောက်တရားကို အရှုံးမပေးကြဖို့လည်း လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။

“ကြောက်တယ်ဆိုရင်လည်း ဒါ ရှက်စရာ မဟုတ်ပါဘူး။ ဒီအကြောက်တရားကို အရှုံးပေးရင်တော့ ရှက်စရာ ဖြစ်လာတယ်။ အကြောက်တရားကိုတော့ အရှုံးမပေးပါနဲ့။ နောက်ပြီးတော့ အရှုံးပေးမိရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ထပ်ပြီးတော့ ကြိုးစားပါ။ တခါ အရှုံးပေးမိလို့လည်း ပြီးသွားတာ မဟုတ်ဘူး၊ နှစ်ခါ အရှုံးပေးမိလို့လည်း ပြီးသွားတာ မဟုတ်ဘူး။

“ထပ်တလဲလဲ ထပ်တလဲလဲ၊ ၀ီရိယဆိုတာ ထပ်တလဲလဲ ထပ်တလဲလဲ၊ ကျမလည်း ခဏခဏ ပြောဖူးပါတယ်၊ အဆင့်အမြင့်ဆုံး ၀ီရိယဆိုတာ ရှုံးနိမ့်တဲ့ အခါမှာတောင်မှ လက်မလျှော့ဘဲနဲ့ ပြန်စပြီးတော့ ကြိုးစားတာ။ အဲဒီတော့ ကိုယ့်ကိုယ်ကို၊ ကိုယ့်အတွင်းစိတ်နဲ့ကိုယ် ရုန်းကန်တဲ့ နေရာမှာလည်း ဒီလိုပဲ ဖြစ်ရမယ်။ ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ အထူးသဖြင့် လူငယ်တွေက အဲဒီအခွင့်အရေးရှိတယ်။”

အထူးသဖြင့် ဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့တွေကြား တယောက်နဲ့တယောက် အားဖြည့်ပေးဖို့အတွက် ပညာသင်ပေးတာ၊ သွေးလှူတာတို့လို သူ့ကဏ္ဍအလိုက် ကွန်ရက်ကလေးတွေဖွဲ့ပြီး အဆက်အသွယ်ထား ညီညွတ်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။

“ကျမတို့ ကွန်ရက်ဖွဲ့တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့တွေ ကြားထဲမှာ ဆက်သွယ်မှု ရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးကိုတဦး အပြန်အလှန် အားပေးနိုင်ဖို့။ ဥပမာဆိုရင် တချို့ လူငယ်တွေ ပြောသွားတဲ့ အထဲမှာ ချို့တဲ့တဲ့ ကလေးတွေကို စာသင်တဲ့အခါမှာ အခက်အခဲတွေရှိတယ်၊ ဆရာတွေ မလုံလောက်ဘူး၊ တယောက်တည်းနဲ့ လုပ်ဖို့ကလည်း အင်မတန်မှ ခက်ခဲပါတယ် ဆိုပြီး ရှင်းပြသွားတာတွေ ရှိတယ်။ အဲဒီတော့ အဲဒါတွေက ကွန်ရက်ရဲ့ သဘောထားကို နားလည်လို့ရှိရင် ဒီလို ပြဿနာလေးတွေက အတိုင်းအတာ တခုအထိ ဖြေရှင်းနိုင်မယ်။”

လူငယ်တွေအနေနဲ့ အခုချိန်ဟာ တာဝန်တွေ ပိုပြီးယူရမယ့်အချိန် ရောက်လာပြီဖြစ်ပြီး ကိုယ့်ဘက်က ပေးဆပ်နိုင်တာကို ပေးဖို့၊ ဒီလို ပေးဆပ်နိုင်တာကို စဉ်းစားတဲ့အခါမှာ အရေးအကြီးဆုံးက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကိုယ်တိုင် ဂဃနဏ သိထားဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်မြန်မာနိုင်ငံ တခွင်က လူငယ်တွေနဲ့ ဆက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။




Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, June 28, 2011

မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး

မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး သို့မဟုတ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
မဆလခေတ် အာဏာရှင်အစိုးရ အတုန်လှုပ်ဆုံးလူငယ်တစ်ဦးကိုပြပါဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကိုပြရမည်သာ။ အသက် ၂၅ နှစ်သာရှိသေးသော လူငယ်အား အချိန်တိုတိုအတွင်း လက်ဦးမှုယူကြိုးပေးသတ် ပစ်ခြင်းမှာ သူ၏ သတ္တိ၊ သူ့ထက်မြက်မှု၊ သူ့ဦးဆောင်နိုင်မှုများကို၊ ကြောက်ရွံ့လွန်ခြင်းကြောင့်မှ တပါးအခြားအကြောင်းမရှိနိင်။

ကိုတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်- ၁၉၇၆ ခုနှစ်အတွင်းဆက်တိုက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာရှင် ဦးနေဝင်း အစိုးရကို အရှက်ရသွားစေတဲ့ ကုလသမဂ္ဂ~အတွင်းရေးမှူးချူပ် ဟောင်း ဦးသန့် ဈာပန အရေးအခင်းကို အဓိကဦးဆောင် သူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့) အရေးအခင်းကာလ သူ့ဦးဆောင်မှု၊ သတ္တိရှိမှုကို ကျနော် အမြဲမြင်ယောင်နေမိ ပါတယ်။ အဲဒီနေ့ဟာ မဆလ အစိုးရက ကျောင်းသားများကို သွေးတိုးစမ်းတဲ့နေ့ လည်းဖြစ်တယ်။

အလုပ်သမားအရေး အခင်းနှစ်ပတ်လည်နေ့။

၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကို ထိုနှစ်မတိုင်မီဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သေဆုံးကြရရှာတဲ့ အလုပ်သမားများနဲ့ ကျောင်း သားများကို လေးစားတဲ့၊ အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းမတက်ကြဖို့ မတ်လ အစောပိုင်းကတည်းက ဆော်သြထား ကြပါတယ်။ အဲဒီနေ့မှကိုရွေးပြီး ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက မနက်ပိုင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့၊ နေ့ခင်းပိုင်းမှာ သဘာဝသိပ္ပံတက္ကသိုလ်က ကျောင်းသားများနဲ့ တွေ့ဆုံဆွေးပွဲစီစဉ်လိုက်ပါတယ်။

အဲဒီနေ့က ရန်ကုန်တက္ကသိုလ်ပင်မ(RASU) နဲ့ စီးပွားရေးတက္ကသိုလ်မှာတော့ စာသင်ခန်းများမှာ စာသင်သားတွေကင်း မဲ့ ကာ ဟောင်းလောင်းဖြစ်နေပါတယ်။ စာသင်ဆောင်အပြင်ဘက် ကော်ရီတာများ၊ လမ်းဘေးအုတ်ခုံများ နှင့် ကဲန်တင်းများ မှာတော့ ကျောင်းသားအစုအဖွဲ့လေးတွေနဲ့ စည်ကားနေကြပါတယ်။ တချို့ကတော့ မနှစ်ကအရေးအခင်းကိစ္စကို စမြုံ့ပြန် နေကြသလို တချို့က နောက်နာရီပိုင်းအတွင်း ဖြစ်ရှိလာနိုင်ဘွယ် ရာတွေကို နားစွင့်နေကြပါတယ်။ သည်လိုနှင့် ၁၁ နာရီခွဲခန့်မှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲ၌ ပညာရေးဝန်ကြီး ပြဿနာ တက်နေကြောင်း တီးတိုးသတင်း တခုကြားရပါတယ်။ ၁၂ နာရီခန့်မှာ ကျနော် သမိုင်းအဆောင်ကို ပြန်လာတော့ ကျောင်းသားအများအပြားဟာ သမိုင်းအားကစားရုံထိပ်ဘက်ကနေ၊ သဘာဝသိပ္ပံတက္ကသိုလ်ဘက်ဆီကို သွားနေကြတာမြင်လို့ ကျနော်တို့လည်း လိုက်သွားကြပါတယ်။……. ကျောင်းသားများက ပညာရေးဝန်ကြီး လာရောက်ဆွေးနွေးမည့်စာသင်ဆောင်ခန်းမ နှင့်မဆန့်လောက် အောင်များပြားလွန်းနေပါတယ်။ အချိန် တန်သော်လည်းဝန်ကြီးကမလာ၊ ခန်းမပြင်ပ နေပူကျဲကျဲအောက်တွင်လည်း ကျောင်းသားများ ဇွဲရှိရှိဖြင့် ဝန်ကြီးအလာကို စောင့်ဆိုင်းခဲ့ကြပါတယ်။ တချိန်ထဲမှာ သမိုင်းအားကစားရုံထဲသို့ရွေ့ပေးဖို့ ကျောင်းသားတချို့က တောင်းဆိုကြပါတယ်။ ကျောင်းသားအများအပြားလာရောက်ကြခြင်းမှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲတွင် ဝန်ကြီးပြဿနာတက်ခဲ့သည် ဆိုသော သ တင်းစကားကြောင့် စိတ်ဝင်စား၍ လာကြခြင်းဖြစ်ပုံ ရပါတယ်။( ကျနော်တို့လည်း ထိုနည်းလည်းကောင်းပါ)

ဆရာ-ဆရာမများက သမိုင်းအားကစားရုံကိုရွှေ့ဖို့ခွင့်ပြုလိုက်တဲ့အခါမှာတော့၊ ကျောင်းသားအုပ်ကြီးမှာ ထိုခန်းမမှ သမိုင်း အားကစား ရုံဆီသို့ချီတက်ကြပါတော့တယ်။ အမြင်ရှိတဲ့၊ အတွေ့အကြုံရှိပုံရတဲ့ ကျောင်းသားတစ်စုက အဲဒီမှာ တပ်ဆင်ထားတဲ့ အမ်လီဖာယာများ၊ စကားပြောမိုက်ခွက်များ၊ ဆောင်းဘောက်များကို၊ ဖြုတ်ပြီးသမိုင်းအား ကစားရုံ ဆီသို့ သယ်ဆောင်လာကြ ပါတယ်။ ဗျတ်တစ်ပေ၊ အရှည်လေးပေခန့်ရှိတဲ့ ဆောင်းဘောက်ကို တိုက်ပုံအနက်ဝတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်လုံး ကိုယ်ထည် ရှိတဲ့ကျောင်းသားတစ်ယောက်က၊ နေပူကျဲကျဲထဲမှာတက်ကြွစွာဘဲ ကျနော့ရှေ့ကနေ ထမ်းသွားနေသည်ကို သတိပြုမိလိုက် ပါတယ်။

တက်ကြွသူများက အမ်လီဖာယာများ၊ စကားပြောခွက်များကိုသမိုင်းအားကစားရုံထဲမှာတပ်ဆင်ကြတယ်။ စပီကာ အသံထွက် သည်နှင့် လက်ခုပ်သံများလည်း ဆူဆူညံညံထွက်လာပါတော့တယ်။ တပြိုင်နက်တည်းမှာ ဝန်ကြီး ရုတ်တရက်နေ မကောင်း ဖြစ်လာလို့ ဒီဆွေးနွေးပွဲသို့မလာရောက်နိုင်တော့ကြောင်း ကျောင်းသားတစ်ဦးက ကျေညာပါတယ်။ တကယ်တော့ စက်မှု တက္ကသိုလ်မှာဆွေးနွေးစဉ်၊ ပြသနာတက်လို့ ဒါမျိုးကို သမိုင်းရှိ သဘာဝသိပ္ပံ တက္ကသိုလ်ကျောင်းသား များနှင့် ဆွေးနွေး လျှင် လည်း မလွဲမသွေ ကြုံရဘွယ်ရှိကြောင်း ခန့်မှန်းမိသောဝန်ကြီးက ခေါင်းကိုက်သွားပုံရ၏၊ ဒါကြောင့်အိမ် ပြန်ပြေးသွား တယ်လို့ ခန့်မှန်းကြပါတယ်။

ဝန်ကြီးမလာတော့ဘူးဆိုတဲ့သတင်းကြောင့် ကျောင်းသားများ မကြေမလည်ဖြစ်ပါတော့တယ်၊ ပွဲကြမ်းပါတော့တယ်။ ကျနော် သတိထားမိတဲ့ ဆောင်းဘောက်သယ်လာသူ (ကိုတင်မောင်ဦး) က “ဒါ ….ဝန်ကြီးက ကျောင်းသားတွေကို လိမ်တာဘဲ”။ “ဝန်ကြီးကတိမတည်ဘူး” “စက်မှုတက္ကသိုလ် မှာပြဿနာ တက်လို့… ဒီဘက်က…. ဆွေးနွေးပွဲအစီအစဉ်ဖျက်တာ အဓိပ္ပါယ် မရှိပါဘူး”….. စသည့်ဖြင့်စတင်ပါတော့သည်။ ကျောင်းသားတွေရဲ့အခက်အခဲကို လစ်လျူရှုထားတဲ့ အစိုးရကို အပြစ်တင်သံ၊ အော်ဟစ်သံများဆူညံလာပါတယ်။ “ငိုချင်လျှက်၊ လက်တို့”ဆိုတာမျိုးပါ။ ဒီလိုနဲ့ သမိုင်းအားကစားရုံ ထဲမှာကျောင်းသား လှုပ်ရှားမှု ဟောပြောပွဲစပါတော့တယ်။ ကြွရောက်လာကြတဲ့ ကျောင်းသားထုကလည်း ဟောပြောပွဲကို အင်တိုက်အားတိုက် အားပေးကြပါတယ်။ ဒီလိုနဲ့ဝန်ကြီးနဲ့ ဆွေးနွေးပွဲအစီအစဉ်မှသည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အရေးအခင်းဘက်သို့ လှည့်ပြောင်း သွားပါတော့တယ်။

ညနေလေးနာရီ ထိုးလောက်မှာတော့ အားကစားရုံတွင်းမှာ ပရိဿအတော်လေးနည်းသွားပါတယ်။ ရန်ကုန်မြို့တွင်းနေ (ဒေး)ကျောင်းသားအချို့လည်းပြန်သွားကြလေတယ်။ အဆောင်နေ ကျောင်းသားများကလည်း ညနေစာပြန်စားကြတယ်။ ကျနော်တို့က ညနေစာစားပြီးနောက် သမိုင်း အားကစားရုံဆီသို့ ပြန်လာကြတယ်။ ညနေ ၆ နာရီထိုး လောက်ရှိမယ်ထင်ပါ တယ်။

မြင်ကွင်းက လွန်ခဲ့တဲ့ တနာရီခွဲလောက်ကနဲ့ မတူပါ။ မိုက်ခွက်နဲ့ ဆောင်းဘောက်များကို အားကစားရုံရှေ့ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ပေါ်မှာဆင်ထားတာကိုတွေ့ရတယ်။ လူကလဲ ကျိုးတိုကျဲတဲနဲ့ပါ။ ကျနော်တို့အပါအဝင် လူနှစ်ဆယ်သာသာ ခန့်သာရှိတယ်။ ခေါင်းဆောင်လုပ်သူ လေး၊ ငါးယောက်ခန့်က တယောက်တလှည့် ဇွဲကောင်းကောင်းနဲ့ ဟောပြောကြနေပါ တယ်။ ထိုအထဲမှ တစ်ယောက်မှာ နေ့ခင်းက ဆောင်းဘောက်သယ်လာသူ ဖြစ်ကြောင်း ကျနော်မှတ်မိနေပါတယ်။ သူက အလုပ်သမားအရေး အခင်းနှင့် ဦးသန့် ဈာပန အရေးအခင်းတုံးက အစိုးရရဲ့ မတရားသည့် လုပ်ရပ်များကို စိတ်ဝင်တစား ဟောပြောနေပါတယ်။ ကျနော်တို့က အားပေးပံ့ပိုးသည့် အခန်းကသာ ပါဝင်သူများဖြစ်သည့်အလျှောက် သူတို့ဟောပြော နေတာတွေကို ဝိုင်းထောက် ခံပေးတယ်၊ လက်ခုပ်တီးပေးတယ်။ သည်လိုနှင့် အော်သံဆူသံ လက်ခုပ်သံတွေကြောင့် တဖြည်းဖြည်းနှင့် လူ ၅၀- ၁၀၀- ၁၅၀- ၂၀၀ ခန့်ရှိလာပါတယ်။

လူများလာစဉ်မှာတော့ကိုတင်မောင်ဦး က “ရဲဘော် ကျောင်းသားအပေါင်းတို့ ကျနော်တို့ သမိုင်းဝိုင်းတစ်ပတ် ပတ်ပြီးအင်အား ပြဖို့ အစီအစဉ်ရှိတယ် သဘောတူ ကြပါသလား” လို့မေးတယ်။ တချို့ကျောင်းသားတွေက သဘောမတူကြောင်းပြောတယ်။ ထိုခေါင်းဆောင်က ဘာကြောင့် သွားသင့်ကြောင်း ရှင်းလင်းပြောကြားနေစဉ်။ ကျောင်းသားတချို့က “သွားသင့်ပါတယ်ဗျို့”လို့ လှမ်းအော်တယ်၊ ကျနော်တို့တွေကလက်ခုပ်ဝိုင်းတီးပေးတယ်။ သို့နှင့် သွားသင့်ကြောင်း ထောက်ခံသည့်အသံက တဖြည်း ဖြည်းများလာတယ်။ ဒါကြောင့် ၅ ယောက်တစ်တန်း တန်းစီ၍ မေခဆောင် နောက်ဘက် အပေါက်ကထွက်ကြတယ်။ ကျနော် တို့က ဆဌမအတန်းတွင်စီတယ်။ မေခ ဆောင်နဲ့လူနေရပ်ကွက် အကြားကာထားသော(ကျောင်းသားနှင့်အလုပ်သမား သွေး စည်းမှုကိုစည်းခြားခြင်းလို့မြင်တဲ့) အုတ်တံတိုင်းကိုတွန်းဖြိုကြတယ်။ (ထိုအုတ်တံတိုင်းမှာ ဦးသန့်အရေးအခင်းပြီးမှ ကာခြင်း ဖြစ်ပြီး လူတစ်ယောက်ဝင်စာ သံ တံခါးပေါက် တစ်ပေါက်ဖေါက်ထားပေးပါတယ်)။ ကျောင်းသားများ မေခအဆောင် နောက်ရှိ(လှိုင် ရတနာမွန်)လမ်း အတိုင်း အင်းစိန်လမ်းမသို့ဆင်းလာကြတယ်။

တဖန် အင်းစိန်လမ်းအတိုင်း သမိုင်းချည်စက်ကို တစ်ပတ်ပတ်ရန်ချီတက်လာကြတယ်။ ထုံးစံအတိုင်း“သပိတ်.. သပိတ်….မှောက်မှောက်။ မီးဒုတ်….မီးဒုတ်.. ရှို့…ရှို့” ဟူသည့် ကြွေးကြော်သံများ။ “အင်းစိန်ထောင်ကြီး…ထပ်ချဲ့..ထပ်ချဲ့” … “ရေကြည်အိုင်လည်း ထပ်ချဲ့…ထပ်ချဲ့”…. “အမေကမွေး….ထောင်ကကြွေး” “အရေးတော်ပုံ…..အောင်ရမည်” စသည့် ကြွေးကြော်သံများကြွေးကြော်ကြတယ်။ သမိုင်းချည်စက်ရှေ့ရောက်တဲ့အခါမှာတော့၊ အချို့က စက်ရုံထဲဝင်ရန်တောင်းဆို တယ်၊ ကိုတင်မောင်ဦးနှင့်အချို့က မဝင်ဖို့ပြောပါတယ်။ လာရင်းမှာချည်စက်ရုံထဲဝင်ရန် ရည်ရွယ်ချက်မပါပါ။ မိမိတို့ ဆန္ဒပြ နေကြောင်း၊ မနှစ်က ဤချည်စက်ရုံဝန်းကျင်မှာ ရက်စက်စွာ အသတ်ခံခဲ့ရသော အလုပ်သမားများ၊ ကျောင်းသားများ အား လေးစားဂုဏ်ပြု သောအားဖြင့် ဆန္ဒပြနေကြကြောင်း၊ အလုပ်သမားတို့ကို အသိပေးရန်လာခြင်းသာဖြစ်ကြောင်း ခေါင်းဆောင် တစ်ဦး(ကိုတင်မောင်ဦး)ကရှင်းပြပါတယ်။ သို့သော်အများတောင်းဆိုမှုကြောင့် ချည်စက်ဝိုင်း ထဲသို့ဝင်ဖြစ်ခဲ့ကြတယ်။ ချည်စက် ဝိုင်းတွင်း ဒုတိယတံခါးပေါက်နားရောက်တဲ့အခါ (စက်ရုံတွင်းသို့မရောက်သေး) အလုပ်သမားများ နောက်ဖေး ပေါက်ကနေ အိမ်ပြန်ကြဖို့ အပြေးအလွားလုပ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုတင်မောင်ဦးနဲ့ ဦးဆောင်သူများက ၂မိနစ်၊ ၃ မိနစ်ခန့် တိုင်ပင်ကြပြီး ပါးနပ်စွာ နောက်ပြန်လှည့်ဖို့တိုက်တွန်းပါတယ်။ ချည်စက်ရုံအတွင်းဝင်လို့ အဖျက်အဆီးများ ဖြစ်လာခဲ့ပါက ခေါင်းဆောင်များ ၎င်းတို့ရည်ရွယ်ချက် လွဲသွား နိုင်တယ်၊ ဒါကြောင့်ပြန်လှည့်ခိုင်းခြင်းဖြစ်ပါတယ်။

သမိုင်းချည်စက်မှထွက်ကာ စက်မှုတက္ကသိုလ်ဘက်သို့ချီတက်ကြပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းအား ဗဟိုသပိတ်စခန်း ဖွင့်ရန် စက်မှုကျောင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးသည်လို့ဆိုတယ်။ စက်မှုကျောင်းသားများက သဘောမတူကြောင်း သိရတယ်။ ဒါကြောင့် RASU main ဘက်သို့ပြန်လည်ချီတက်လာကြတယ်။ ဒါပေမဲ့ကျောင်းဝိုင်းထဲသို့ မဝင်သေးဘဲ မြေနီကုန်း ဘက်သို့ပတ်သွားပြန်တယ်။ ည ၁၂ နာရီလောက်မှ ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ရောက်လာတယ်။ ဘွဲ့နှင်းသဘင်ခန်းမ အစောင့် ထံမှ သော့တောင်းတယ်။ တော်တော်နှင့်မရ၊ အစောင့်ကလည်း သော့ပေးလိုက်ရမလားလို့ အထက်အရာရှိထံသို့ခွင့်ပြုချက် တောင်းနေတယ်လို့ဆိုတယ်။ စိတ်မရှည်သော အချို့ ကျောင်းသားများက ဘွဲ့နှင်းသဘင်ခန်းမရဲ့လက်ျာဘက် ဘာဂျာတံခါးကို ဆွဲဖျက်လိုက် တော့မှအစောင့်က သော့လာပေးတယ်။ သို့နှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးအား သပိတ်စခန်းအဖြစ်ဖွင့်လှစ် လိုက်ပါတော့တယ်။ ကျောင်းသား ငါးရာကျော်ခန့်ရှိမယ်ထင်ပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ ဘွဲ့အပ်နှင်းရာစင်မြင့်ပေါ်မှနေ ကိုတင်မောင်ဦးက စတင်ဟောပြောလေတယ်။ နေ့ခင်း ၁၂ နာရီကျော်လောက်ကတည်းက သပိတ်ကိစ္စ တောက်လျှောက် လှုပ်ရှား ဆောင်ရွက်လာတဲ့ ကိုတင်မောင်ဦးသည်၊ ည ၁ နာရီနီးပါးရှိလာပြီဖြစ်သော်လည်း ပင်ပန်းနေပုံ လုံးဝမပေါ်ပါ။ ကျနော်တို့မှာမူ ကြွေးကြော်သံအော်ရင်း အသံလည်းဝင်ကုန်ကြတယ်။၊ ဖလက်လည်းပြနေပြီဖြစ်လို့၊ သူ ဟောပြောနေတာ ကိုလည်း အာရုံလည်း မစိုက်နိုင်တော့ပါ၊ ကျနော်နှင့် ကိုကိုလေး ကုလားထိုင်ပေါ်မှာ အိပ်ပျော်သွားကြတယ်။

နံနက်သုံးနာရီ ထိုးခါနီးလောက်မှာ၊ တစ်စုံတစ်ယောက်က ကျနော်တို့ကိုလာနှိုးတယ်။ အိပ်မှုံစဖွားနဲ့ မျက်လုံးပွတ်ကြည့် လိုက်သည့်အခါ ကျောင်းသားခေါင်းဆောင် (ကိုတင်မောင်ဦး) ဖြစ်နေတာတွေ့ရတယ်။ ခန်းမတခုလုံးမှာ ကျောင်းသား ၁၅ ယောက်လောက်သာရှိတော့တယ်။ ကိုတင်မောင်ဦးက “မိတ်ဆွေတို့ ဒီမှာနေရင် ထောက်လှမ်းရေးက အချိန်မရွေး လာကုတ်သွားနိုင်တယ်၊ သူတို့လာကုတ်သွားရင် ဘယ်သူမှသိလိုက် မှာမဟုတ်ဘူး။ အဆောင်တစ်ခုခုမှာ သွားနေကြရင်တော့ လုံခြုံမယ်ထင်ထယ်၊ ထ..ထ… သွားကြစို့” လို့ပြောတယ်။ ဘယ်သူဘယ်ဝါတွေဆိုသည်(အမည်)ကိုတော့ ကျနော်မသိ၊ ကျနော်တို့အားလုံး (ကိုတင်မောင်ဦး) နောက်ကို လိုက်သွားတယ်။

ပဲခူးဆောင်ရောက်တော့ အောက်ထပ်မှာ၊ တချို့က လဘက်ရည်ဖျော်တိုက်တယ်။ ခနအတွင်းမှာဘဲ မမျှော်လင့်ဘဲ ကျနော် ကိုခင်မောင်ဖြူနှင့်တွေ့ လိုက်ရတယ်။ လဘက်ရည်သောက်ရင်း ကိုခင်မောင်ဖြူက ကျနော့အား ကိုတင်မောင်ဦးနှင့်မိတ်ဆက် ပေးပါတယ်။ ကိုတင်မောင်ဦးနှင့် စကားတစ်ခွန်းနှစ်ခွန်းသာပြောဖြစ်တယ်။ အထူးသဖြင့် သူက အခုအရေးအခင်းကြီးကို အောင်မြင်အောင် တက်ညီလက်ညီလုပ်ဖို့လိုကြောင်းပြောပြီး၊ တစ်နေရာကိုသွား လိုက်တယ်။ {ကိုခင်မောင်ဖြူ ဆို သူမှာ ကျနော်နှင့်တစ်မြို့ (တောင်ကြီး)တည်းသား၊ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်။ ကျနော်ကပထမနှစ်။ ၁၉၇၈ ခုနှစ်လောက်က သူ့အား ထောက်လှမ်းရေးကလိုက်ဖမ်း၍ ဗကပထံ တောခိုသွား ပါတယ်။ စာရေးဆရာ နိုင်ဝင်းဆွေထံမှ လည်းကောင်း၊ ၁၉၉၁ ခုနှစ် လောက်တွင် ဗကပ ဗဟိုမှ မာနယ်ပလောသို့ ဆင်းလာ သော စောဗမိုးထံမှလည်းကောင်း ကိုခင်မောင်ဖြူ (ကိုဇော်ထွန်း)မှာ တိုက်ပွဲတွင် ကျဆုံးသွားကြောင်း စိတ်မကောင်း စွာသိရှိလိုက်ရ ပါတယ်။} ကျနော် နှင့်ကိုကိုလေးမှာလည်း လဘက်ရည်သောက်ပြီးသည်နှင့် အပေါ်ထပ်သို့တက်ကာသူများအခန်းရှေ့တွင်လိုက်ကြတယ်။ မနက် စောစောမှ ကိုယ့် အဆောင်ကို ပြန်လာခဲ့ကြတယ်။

၁၀ နာရီကျော်လောက်မှာ ကျောင်းကိုပြန်လာပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဟောပြောပွဲနှင့်စည်ကားနေတယ်။ ကို တင်မောင်ဦး အားကြိုးမာန်တက် ဟောပြောနေတာလည်းတွေ့ရတယ်။ နေ့ခင်း ပိုင်းမှာ မြို့ထဲ မဟာဗန္မွုလပန်းခြံအထိ ချီတက် ကြတယ်။ ကိုတင်မောင်ဦးနှင့် ကျောင်းသားခေါင်းများတင်ပြနေတာက အစိုးရအနေနဲ့၊ မနှစ်က အရေးအခင်းမှာ သေဆုံးသွားသူ များရဲ့စာရင်းများထုတ်ပြန်ပေးဖို့၊ ဖမ်းဆီးခံထားရသူများ စာရင်းထုတ်ပြန်ပေးပြီး ပြန်လွတ်ပေးဖို့၊ ကုန်ပစ္စည်းရှားပါးလာမှု၊ ကုန်ဈေးနှုန်းတက်နေမှုများ ကိုဖြေရှင်းပေးဖို့၊ စာအုပ်စာပေများ မလုံလောက်မှု၊ ကျောင်းသားများကြုံတွေ့နေရတဲ့ အခက် အခဲများကို ဖြေရှင်းပေးဖို့တောင်းဆိုနေတာဖြစ်တယ်။ ကျောင်းသားသမဂဖွဲ့စည်းပေးရေးဟာလည်း အဓိကတောင်းဆိုချက် တစ်ခုဖြစ်တယ်။ အစိုးရ အနေနဲ့က ဒီတောင်း ဆိုချက်တွေကို ဖြေရှင်းပေးဖို့စိတ်ကူးလုံးဝ မရှိပါ။ အရေးအခင်းဖြစ်ရင် ကျောင်းတွေကိုပိတ်၊ အဆောင်တွေကိုပိတ်၊ ကျောင်းသားထုကို လူစုခွဲ၊ ခေါင်းဆောင်တွေကိုဖမ်းဆီး၊ ထောင်ချလုပ်ဖို့သာ စိတ်ထက်သန်ဖြစ်တယ်။ ကျောင်းတွေပိတ်လိုက်ပြီဆိုရင် အရေးအခင်းမှာ လိုက်ပါအားပေးနေကြတဲ့ အဆောင်နေ ကျောင်းသားအများစုက မပြန်မဖြစ် အိမ်ပြန် ကြရတော့တယ်။ ကျောင်းသား ခေါင်းဆောင်များလည်း ရှောင်တိမ်းသူရှောင်ကြ၊အဖမ်းခံရသူခံကြရပါတယ်။

ဆလိုင်းတင်မောင်ဦး အဖမ်းခံရခြင်း။

၁၉၇၆ နှစ် နှစ်စပိုင်းတွင် ကျောင်းများပြန်ဖွင့်ပါတယ်။ ဖေဖေါ်ဝါရီလကုန်ခန့်တွင် သခင်ကိုယ်တော်မှိုင်းရာပြည့် ချီတက်ပွဲ ကျင်းပရန်ရှိကြောင်း တီးတိုးသတင်းကြားလာရတယ်။ ကိုတင်မောင်ဦး ရှောင်တိမ်းနေရာမှပြန်ရောက်နေကြောင်း၊ မှိုင်းရာပြည့် အတွက် စီစဉ်နေကြကြောင်းလည်းကြားရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူရှိရာသို့ လမ်းကြောင်း ၂သွယ် ဖြင့် ချီတက်မည့် စာနှစ်မျက်နှာပါ လက်ကမ်းစာစောင်ကို ၂၁ ရက်နေ့ မနက် အဆောင်ကျောင်းသားများလက်ဝယ် အရောက်ပို့ ကြ ပါတယ်။

မတ်လ ၂၂ ၇က်နေ့ညနေ ပိုင်းတွင် ကိုတင်မောင်ဦး အဖမ်းခံလိုက်ရကြောင်း၊ သတင်းစကားကြားကြရတယ်။ ဖြစ်နိုင်ချေ မရှိဟုလည်းတွက်ကြတယ်။ ည ၈ နာရီသတင်းကျေညာသည့်အခါမှ ကိုတင်မောင်ဦး အမှန်ပင် အဖမ်းခံလိုက်ရကြောင်း သေချာသွားပြီဖြစ်တယ်။ တချို့က မှိုင်းရာပြည့်မဖြစ်တော့ဘူးလို့၊ ထင်ကြတယ်။ ဒါပေမဲ့ ဖြစ်ခဲ့ပါတယ်။ ကိုတင်အေးကြူ၊ ကိုသန်းလင်း၊ ကိုဝင်းမြင့် နှင့် ၉ တန်းကျောင်းသူ မလှမြိုင် (ကိုတင်မောင်ဦးညီမ) အပါအဝင် အခြားခေါင်းဆောင်များ၏ တက် တက်ကြွကြွ ဦးဆောင်မှုကြောင့်၊ ဖြစ်ခဲ့ပါတယ်။ ထိုချီတက်ပွဲကနေ အစိုးရဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုအဖြစ် ဦး တည်သွားခဲ့ပါတယ်။ အစိုးရက ၎င်းတို့၏သုံးနေကြနည်းဗျူဟာအတိုင်း ကျောင်းများပိတ်၊ အဆောင်ပိတ်ပြီး ကျောင်းသားများ အားအတင်း အိမ်ပြန်ခိုင်းတယ်။ လူစုခွဲလိုက်ပြန်ပါတယ်။

မြန့်မာ့အနာဂတ်ကြယ်တစ်ပွင့်ကြွေလွင့်သွားခြင်း။

ပြည်တွင်းမှာမဆလတပါတီအာဏာရှင်စနစ်အရှိန်အဝါတက်နေချိန်၊အဲဒီစနစ်ကိုဆန့်ကျင်လိုတဲ့ နိုင်ငံရေးခေါင်းဆောင်များ ပြားပြား ဝပ်နေရချိန်၊ ဆလိုင်းတင်မောင်ဦး ဟာ အသက်အားဖြင့် ၂၅ နှစ်ခန့်သာရှိသေးပေမဲ့၊ မဆလ စနစ်ရဲ့ မှားယွင်းနေမှု၊ မတရားမှုများကို သတ္တိရှိရှိ ဆန့်ကျင်ရဲတယ်၊ ကျောင်းသားထု၊ အလုပ်သမားထုကို စည်းရုံးဦးဆောင်နိုင်စွမ်းရှိတယ် ဆိုတာ မဆလ အစိုးရ က မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့အတွက်၊ ဒီကျောင်းသားလူငယ်သည် ၎င်းတို့၏(မဆလ တစ်ပါတီ) စနစ်အား အန္တရာယ်အပေးနိုင်ဆုံးသူ၊ ၎င်းတို့၏ကုလားထိုင်ကို အပြီးအပိုင်ရိုက်ချိုးမဲ့သူ (အကြောက်ရဆုံးသူ) အဖြစ်သဘောပိုက်ထား ပုံရတယ်။ ဒါ့ကြောင့်လည်း ဆလိုင်းတင်မောင်ဦးကို မတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး၊ အင်းစိန်ထောင်မှာ အကျဉ်းနည်း စစ်ဆေးကာ၊ သုံးလခန့် အတွင်းမှာဘဲ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အားမာန် အပြည့်နဲ့ထွန်းလင်းမဲ့ ကြယ် တစ်ပွင့်၊ အာဏာရှင်လက်ချက်နဲ့ ကြွေလွင့်ခဲ့ရလေပြီ။

ကိုတင်မောင်ဦးအား ကြိုးပေးကွပ်မျက်ရန် ခေါ်ထုတ်သွားစဉ်၊ “ရဲဘော်တို့ ငါတော့သွားပြီ မင်းတို့ဆက်တိုက်ကြ” လို့ရဲဝန့်စွာ အော်ပြောသွားခဲ့ကြောင်း၊ ၇၄ ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်တိတ်(ABSDF) က ကျနော့်ကို ပြောပြ ခဲ့ဖူးပါတယ်။ သူ့ရဲ့ရဲစွမ်းသတ္တိ ရှိမှုနဲ့ မဟုတ်မခံစိတ်၊ မတရားမှုကို ဆန့်ကျင်တဲ့စိတ်ဓါတ် အကြောင်းကို သူ့ရဲ့သူငယ်ချင်း ဖြစ်သူ ကိုအောင်ထူး က ပြောပြဖူးပါတယ်။ အဲဒါတွေကြားရတော့ သူ့ကို ကျနော် နဂိုလေးစားနေတာထက် ပိုပြီးလေးစားမိပါ တယ်၊ ပို၍နှမျော တသ သူကြုံး မရ ဖြစ်မိပါတယ်။

သူရဲကောင်း သေရိုးထုံးစံမရှိ
အာဏာရှင် ဦးနေဝင်း အစိုးရအနေနဲ့ ကျောင်းသားခေါင်းဆောင် (ခေါင်ကို) ကိုဖြိုလိုက်ရင်၊ အားလုံးငြိမ်သွားပြီး ၎င်းတို့ရဲ့ (မှားယွင်းတဲ့) စနစ်ကြီး ရေရှည်တည်တံ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံရပေမဲ့ ၁၉၈၈ မှာတော့ ကျောင်းသားများ ဦးဆောင်ကာ ဦးနေဝင်းရဲ့ မဆလ စနစ်ကြီးကို၊ ရာသက်ပန် ဖြိုဖျက်ပစ်လိုက်ကြတာကို ဦးနေဝင်း မျက်ဝါးထင်ထင် တွေ့မြင်သွားရပါတယ်။ ကျောင်းသားမျိုးဆက်များက ဆလိုင်းတင်မောင်ဦးမှာခဲ့သလိုဆက်တိုက်ကြခြင်းဖြစ်တယ်။ ကမ္ဘာတည်သ၍ ကျောင်းသားနဲ့ ကျောင်းဆိုတာရှိနေမှာပါဘဲ။ ကျောင်းရှိနေသမျှ၊ ကျောင်သားသမိုင်းရှိနေသမျှ၊ သတ္တိပြောင်မြောက်သော၊ လေးစားထိုက် သော၊ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးတစ်ယောက်၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အာဇာနည် သူရဲ ကောင်းအဖြစ်၊ ရာသက်ပန် အမည်တွင်ကျန် ရှင်သန်လျှက်ရှိနေမည်သာ။

၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အမှတ်တရနေ့
ဆလိုင်းတင်မောင်ဦး နှင့် တကွ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတွင် အသက်ပေးလှူသွားကြသူများအား အလေးပြုလျှက်
(ဝင်းမောင်)

၂၆ ရက်၊ ဇွန်လ၊ ၂၀၁၁။

အပြည့်အစုံသတင်းဖတ်ရန်....

မင်းဘယ်ပြေးမလဲ မိရွှေဖဲ (ပုံ ငရဲမင်း)

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဆေးကုသမှု ခံယူရန် စင်္ကာပူ သို့ ထွက်ခွာမည်
by politics on June 20, 2011

စံနဒီ၊ ၊ယခုနှစ် မတ်လ ၃၀ ရက်နေ့  က မြန်မာ နိုင်ငံ ၏ စစ်ဘက် အုပ်ချုပ် ရေး အကြီး အကဲ ရာထူးနေရာမှ တရားဝင် စွန့် ခွာ လိုက်သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၎င်း ၏ကျန်းမာရေးအတွက်စင်္ကာပူနိုင်ငံတွင်သွားရောက် ဆေးကုသ ခံ မည် ဟု FNG မှ သတင်း ရရှိသည်။

၎င်း၏ မိသားစု ၀င်များ နှင့် ရင်း နှီး သူများ ထံ မှ ကြား သိရသည့် သတင်း အရ ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ သည် ကျန်းမာရေး ပိုမို ချို့ ယွင်း လာပြီး လမ်းပင် ကောင်း စွာမလျှောက် နိုင် တော့ ဟု သိရသည်။ ရာထူး မှ စွန့် လွှတ် ပြီး နောက် သမ္မတ ဦးသိန်းစိန် ၊ ဒုသမ္မတ ဦးသီဟ သူရ တင်အောင်မြင့်ဦး နှင့် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင် လွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီး မင်းအောင် လှိုင် တို့ ကို သာလျှင် ပုံမှန် တွေ့ ဆုံ မှု ပြုလုပ်တော့ သည် ဟု သိရသည်။

ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ၎င်း ၏ ကျန်းမာရေး အရာ အဆောတလျှင် ဆေးကုသခံ ရန် လိုအပ် သော်လည်း မည်သည့် နေ့ ရက် တွင် သွားရောက် ဆေးကုသခံ ယူမည် ဆို သည်ကို မူ FNG မှ ထပ် မံ စုံစမ်း လျှက် ရှိသည်။

ယခင်က လည်း ဗိုလ်ချုပ် မှုးကြီး သန်းရွှေ သည် စင်္ကာပူ နိုင်ငံ ဉ် နှစ်ကြိမ် ထက် မနည်း ဆေး ကု သမှု ခံယူ ခဲ့ ဖူးသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အာဏာရှိ စဉ် က ပြည်ပ ခရီးထွက် ခွာရာဉ် ၎င်း ၏ လက်အောက် မှ အရေး ပါ သည် စစ်ဗိုလ်ချုပ်များ ၏ မိသားစု ၀င်များ ကို ခေါ် ဆောင် သွားလေ့ရှိ သော် လည်း ယခု တစ်ကြိမ် တွင် မူ သူ၏ လက်ထောက် အရာရှိ များ အပြင် ၊ သူ ၏ မိသားစု ၀င် များ သာ လိုက်ပါဖွယ်ရှိသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ပြည်တွင်း ပြည်သူ အုံကြွမှု များ ပေါ်ပေါက် လာနိုင် သည် ကို ခန့် မှန်း တွက် ချက် မိ၍ ကချင် ၊ ကရင် ၊ ရှမ်း စ သည့် တိုင်းရင်း သားများ နှင့် ပြည်တွင်း စစ်မီး ပြန်မွှေး ၍ အတိုက် အခံ အတွင်း သဘောထား ကွဲ ရန် နှင့် အာရုံ လွှဲ ရန် ရည်ရွယ် လုပ်ဆောင် နေ ပုံ ရသည် ဟု မြန်မာ စစ်တပ် မှ အရာ ရှိ ဟောင်း တစ်ဦး က သုံး သပ် သည်။

လက်ရှိ KIA အား ထိုးစစ်ဆင် နေခြင်းသည် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ ခွင့် ပြုမှု ကြောင့် ပင် ဖြစ်သည် ဟု တပ်တွင်း သတင်း များ အရ သိရသည်။

ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် နိုင်ငံ၏ အာဏာကို ၁၀၀ % ချုပ်ကိုင်ထားဆဲပင် ဖြစ်သည်ု နေ ပြည်တော် ပြန်ကြား ရေး ဌာန မှ အရာ ရှိ တစ်ဦး က FNG သို့ ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ နိုင်ငံတွင်း တရုတ် မုန်းတီးမှု မြင့် တက်လာ


by politics on June 1, 2011

စစ်အစိုးရသမ္မတ ဖြစ်သူဦးသိန်းစိန်တရုတ် နိုင်ငံတွင်းချစ်ကြည်ရေးခရီးသွားရောက်လည်ပတ် ပြီးသည့် နောက် မြန်မာ နိုင်ငံတွင်း၌ တရုတ် မုန်းတီး မှု များ ပိုမို ပြင်းထန် လာသည် ဟု ရန်ကုန်မြို့ မှ တရုတ် လူမျိုး စာပုံ နှိပ် တိုက် ပိုင် ရှင် တစ်ဦး က Freedom News Group သို့ ပြောသည်။

သမ္မတ ဦးသိန်းစိန် ၏ တရုတ် ပြည် ခရီးစဉ် အတွင်း ဉ် နိုင်ငံတွင်း တရုတ် စစ်တပ် များ ချထား ရေး များ ပါဝင် သည့် အချက် ကို ဦးသိန်းစိန် က သဘောတူ ခဲ့ခြင်း ကြောင့် ဟု သတင်း ထွက် ပေါ်နေခြင်း ကြောင့် ယခု ကဲ့သို့ ဖြစ်နေရသည် ဟု သိရှိရသည်။

မန္တလေး နှင့် ရန်ကုန် ရှိတရုတ်လူမျိုးစီးပွားရေးသမားများမှာလည်း၎င်းတို့ ၏ပိုင်ဆိုင်မှုများကို ပြည်မကြီးသို့  ရွှေ့ ပြောင်း နေသည် ဟု သတင်း ထွက် ပေါ်ခြင်း ကြောင့် တရုတ် အစိုး ရ နှင့်တရုတ် ပြည်သူများကိုဆန့် ကျင်စိတ်များ ဖြစ်ပေါ်နေ ခြင်း ဖြစ်သည် ဟု တရုတ် လူမျိုး စာပုံ နှိပ်စက် ပိုင်ရှင် တစ်ဦးက ပြောသည်။

မန္တလေး မြို့ နေ မြန်မာ မိသား စု များ မှာ လည်း တရုတ် က မြန်မာ နိုင်ငံရေး ကို လိုသည် ထက် ပို၍ ၀င်ရောက် စွက်ဖက် နေပြီး တရုတ် အစိုးရက ကြံ့ဖွံ့ အစိုးရ ကိုကျောထောက် နောက် ခံပေး နေခြင်း ကြောင့် ဟု သိရသည်။

မြန်မာ သမ္မတ ဦးသိန်းစိန် ၏ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း တရုတ် နိုင်ငံ ၏ မြန်မာ နိုင်ငံတွင်း အကြီးစားရင်းမြုပ် နှံ မှုများ ဉ် တရုတ် တပ် များ ချထားရေး ကို သဘော တူ ခဲ့ခြင်းကြာင့် တရုတ် နိုင်ငံ ၏ ချေးငွေ ဒေါ်လာ သန်း ၇၀၀ ကို ထပ်မံ ရရှိ ခဲ့ခြင်း ဖြစ်သည် ဟု တတိယ နိုင်ငံရေး အင်အား စု ၀င် များ က သုံးသပ်ကြသည်။

တရုတ် အစိုးရသည် မြန်မာ စစ်အစိုးရ ၏ အင်တာနက် ပိတ်ပင်တာဆီး ရေး မူများ တွင်နည်းပညာပိုင်း အရ တက် ကြွစွာ အကူအညီပေး နေသည် ကို လည်း မြန်မာ လူငယ်များ က မနှစ် မြို့ ဘဲ နည်းမျိုး စုံ ပင် ဆန့် ကျင် သွား ရန် ပင် စီစဉ်နေသည်။

မြန်မာ စစ်အစိုးရ ၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် သည် တရုတ် အစိုးရ နှင့် စစ်ရေး ပူးပေါင်းဆောင် ရွက် မှု ကို သဘော တူထားပြီး တရုတ် ရင်းနှီးမြုပ်နှံမှု များ ရှိသည့် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး များ တွင် တရုတ် အစိုးရ၏ ရေတပ် သဘောင်္များ လာရောက် တပ် ဆွဲထားသည်။

မြန်မာ လူမျိုး တို့  တရုတ် မုန်း တီးမှုသည် အချိန် ကြာလာသည် နှင့် အမျှ ပဋိပက္ခ အသွင် ဆောင် လာ နိုင်သည် ဟု တရုတ် လူမျိုး ရွှေ ကုန် သည် တစ်ဦး က ပြောသည်။ မြန်မာ နိုင်ငံ ၏ စီးပွားရေး ရင်း နှီးမြုပ် နှံမှု ၃၅ ရာ ခိုင်နှုန်း ခန့် ကို တရုတ် လူမျိုးများ က ချုပ်ကိုင် ထားသည်။

မိန်းမ ရှား ပါးသည့် တရုတ် ကုန်းတွင်း ပိုင်းဒေသများ အတွက် မြန်မာ မိန်းကလေး များ ကို စီးပွား ရေး လုပ်ငန်း သခု သဖွယ် သတို့ သမီး ရှာ ဖွေရေး ဟု အမည် တပ်ထား သည် ခေတ် သစ် လူ မှောင် ခို လုပ်ငန်း တစ်ခု ကို စစ်အစိုး ရ က ခွင့် ပြုထား ခြင်းကြောင့် လည်း ရှမ်းပြည် နှင့် မန္တလေး မှ ဒေသခံ အချို့ က မကျေပ် နပ်ကြ ဟု သတင်းရရှိသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘယ်မလဲဟဲ့ မျိုးချစ်စိတ်..ဘာများလဲတဲ့ ၀ံသာနူ ရက္ခိတတရား ဘယ်မလဲဟဲ့ သမိန်ဘရမ်း


ကျောက်ဝိုင်းပြဿနာနောက် လူမျိုးရေး မုန်းတီးမှုလား.
by Mizzima မဇ္ဈိမ on Monday, June 27, 2011 at 9:29pm

သဲသဲ| အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်း၌ ဇွန်လ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ် တနင်္ဂလာနေ့တွင် တရုတ်လူမျိုး ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည်များအကြား အချင်းများ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့တာကြောင့် ယင်းကျောက်ဝိုင်းကို ပိတ်ပစ်ခဲ့ရသည်။
ယခုအရေးကိစ္စသည် မြန်မာနိုင်ငံ၏ စီးပွားရေး အလှမ်းကျယ်နေသည့် နိုင်ငံခြားသား တရုတ်အမျိုးသားများအပေါ် လူမျိုးရေး မုန်းတီးမှုလားဟူသော မေးခွန်းထုတ်စရာ ဖြစ်သည်။

မန္တလေးမြို့ရှိ လူသိထင်ရှား ပုဂ္ဂိုလ်များ၏ ပြောဆိုချက်များနှင့် တရုတ်-မြန်မာအရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇော၏ သုံးသပ်ချက်အမြင်များကို မဇ္ဈိမသတင်းထောက် သဲသဲက စုစည်းတင်ပြထားသည်။

ဦးညီပုလေး (စာရေးဆရာ)

“ကျနော့်အနေနဲ့က လူမျိုးရေး မမုန်းတီးပါဘူး။ ဒီလိုမျိုးဖြစ်စေတဲ့ အကြောင်းတွေကို စူးစမ်းပြီး ဆင်ခြင်ဖို့ပါပဲ။ဒီလိုစီးပွားရေးအခြေ အနေ ဖြစ်အောင်၊ တရုတ်ကိုလိုနီဖြစ်အောင် ဘယ်သူက လုပ်တာလဲဆိုတာ စဉ်းစားဖို့ပါ။ ဖြစ်ဖို့များတာက စီးပွားရေးလောကသူတို့ ရဲ့အတွင်းစည်းထဲမှာ၊ကုန်သည်လောကမှာဒီလူတွေရဲ့ဆက်ဆံရေးကသူတို့ပြုသမျှ နုရတဲ့အနေအထားတွေမှာ ငွေရှိတဲ့သူက မောက်မာမှုတွေ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ သူတို့ စီးပွားရေး လောကသားချင်းက ဒါတွေ ပိုသိမှာပါ”

ဦးထွန်းဦး (ထွန်းဦးစာပေ)

“ဘေးလူတွေ အုံနဲ့ကျင်းနဲ့ ဝင်လာတယ်ဆိုတာ လူတွေက ခံစားချက်တွေ ရှိကြတာပေါ့လေ။ အရင်တုန်းက ကာရာအိုကေတို့ ဘာတို့မှာ ရိုက်တာနှက်တာ။ သူတို့က ပိုက်ဆံရှိတယ် ကားကောင်းစီးတယ်။ လုပ်ပြီး ထွက်သွားတာလေ။ သူတို့ကားနဲ့ တိုက်သွားလည်း ကိစ္စမရှိဘူး။ တကယ်လိုက်တော့လည်း သူတို့က ဟိုဘက်ပြေးတာလေ။ မြို့ခံလည်း မဟုတ်ဘဲ အဝေးက ရောက်လာတာတွေများတော့ အဲလိုလည်း ရှိတာပေါ့လေ”

“နယ်စပ်ကနေ ပြည်တွင်းကို မှတ်ပုံတင်အတုတွေနဲ့ ဝင်လာ၊ စီးပွားရေးလုပ်။ နယ်ခြားကနေ ဒီဘက်အထိ ဝင်လာပြီး ကုန်ကြမ်း တောက်လျှောက် ဝင်ဝယ်တဲ့ သူတွေက ဒေသခံစကား မတတ်တာတို့၊ ရိုင်းတာတို့၊ အုပ်စုဖွဲ့တာတို့၊ စီးပွားရေးအခံလေးတွေ မကြိုက်တာလေးတွေ ပါကောင်းပါလိမ့်မယ်”

“ကျောက်ဆစ်တန်းဆိုရင် ကျောက်ဆစ်ရုပ်တုလုပ်တာတောင် သူတို့ပဲ။ မတ္တရာ စကျင်တောင် အဲဒီအထိကို လိုက်ဝယ်တာ။ စကျင်ရွာမှာ အိမ်ဝယ်ပြီးတော့ ကျောက်တုံးတွေကို တရုတ်ပုံကြမ်းထုပြီး သယ်တာလေ။ သူတို့ဘယ်လောက်ထိ ဈေးကွက်ရှိလဲ စဉ်းစားကြည့်။ ဖရဲသီးစိုက်တာဆိုလည်း စိုက်ခင်းပါဝယ်၊ သရက်ခြံတွေလည်း ဝယ်။ မန္တလေးသားစစ်စစ် ပြဇာတ်ထဲက လူရွှင်တော် ချစ်စရာပြောတာလေး ကြည့်ရလား။ အကိုကြီးက တိုက်ဝါး၊ ညီအလတ်က အိမ်ဝါး၊ ညီအငယ်ဆုံးက ခြံဝါး … ဝါးမျိုးနွယ်တွေ ဆိုတာလေ”

မန္တလေးမြို့ခံ သတင်းဆရာတဦး
“ဒီကနေ့ပဲ ကျောက်ဝိုင်းမှာ ပြောနေတဲ့ စကားတခုရှိတယ်။ တချိန်တုန်းက မြန်မာ အရောင်းအဝယ်သမား တယောက်က တရုတ်ကို လက်သီးနဲ့ ထိုးတာ ၆ လ ထောင်ကျတယ်လို့ ပြောတယ်။ မနက်ကကျတော့ ဒီတရုတ် ၅ ယောက် ထင်တယ်၊ သူတို့ကို ရဲတွေက အကာအကွယ်ပေးပြီး လုံခြုံရာကို ဒိုင်းတွေနဲ့ ကာပြီး စောင့်ရှောက် ခေါ်သွားတာ တွေ့ရတယ်။ အဲဒီလို favor ပေးခံရတာချင်းက ကွာတယ်လေ။ အဲဒါမျိုးတွေလည်း သဘောမကျနိုင်ကြဘူးပေါ့။ တကယ်လို့သာ မြန်မာတယောက်က တရုတ်တယောက်ကို မနက်ကလို ကိုယ်ထိလက်ရောက် ဆက်ဆံရင် သေချာတယ်၊ အဲဒီမြန်မာကုန်သည်ကို ရဲက လာပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီး ဖမ်းခေါ်သွားမှာလေ။ အဲဒီလို ဆက်ဆံခံရမှု ကွာခြားချက်ကိုလည်း သဘောမကျနိုင်ဘူး ထင်တယ်”

ဒေါက်တာလှကျော်ဇော (တရုတ်-မြန်မာအရေး လေ့လာသူ)

“ဗမာပြည်အစိုးရကိုယ်တိုင်က ဥပဒေနဲ့အညီ အုပ်ချုပ်တာမှ မဟုတ်တာ။ လက်သင့်ရာ စားတော်ခေါ်နေတာ။ တရုတ်တွေအနေနဲ့ကလည်း သူတို့ ပေးနိုင်ကမ်းနိုင်၊ လာဘ်ထိုးနိုင်တော့ အခွင့်အရေးတွေ ရလာတယ်၊ ဒါကို အခွင့်အရေး မခံစားရတဲ့ ပြည်သူလူထုက မကျေမနပ်ဖြစ်လာတော့တာ အခြေခံပါ”

“တရုတ်ပြည်ကနေ နိုင်ငံခြားတွေကိုသွားရင် … ဗမာပြည်မွေး တရုတ်လူမျိုးကို ပြောတာမဟုတ်ဘူးနော်။ တရုတ်ပြည်သား စစ်စစ်တွေကို ပြောတာ။ အခုက သူတို့က တကမ္ဘာလုံးကို ထွက်နေတာနော်။ အာဖရိကတို့၊ လက်တင်အမေရိကတို့ အကုန်လုံးထွက်နေတာ။ အဲဒီအခါမှာ တရုတ်အစိုးရက သေသေချာချာ မှာလွှတ်တာ ရှိပါတယ်။ အဲဒီဒေသနိုင်ငံရဲ့ လူမျိုး၊ တိုင်းပြည်ရဲ့ ဥပဒေကို သေချာလိုက်နာဖို့၊ အဲဒီက လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေးစားပြီး လူထုနဲ့ ချစ်ချစ်ခင်ခင်နေဖို့ သေချာ မှာလွှတ်တာရှိတယ်”

“ဒါပေမဲ့ စီးပွားရေးသမားကတော့ စီးပွားရေးအမြင်ပဲ ရှိတာဆိုတော့ ပြဿနာတွေ ခဏခဏ ဖြစ်တာပဲ။ အီတလီမှာ တရုတ်ဖိနပ်ဆိုင်တွေ မီးရှို့ပစ်တာ၊ ရုရှားမှာ တရုတ်ဈေးတန်းကြီး မီးရှို့ခံရတာတို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်က ကုန်သွယ်ရေး လုပ်တတ်ကိုင်တတ်ရှိတော့၊ ကြီးပွားလာတော့ ဒေသခံတွေ မခံမရပ်နိုင်ဖြစ်လာတာ။ ကုန်သည်လုပ်တဲ့သူက အမြတ်ရရင် မတရားတာရော၊ တရားတာရော လုပ်တာတွေ ရှိပါလိမ့်မယ်။ အဲဒီအခါမှာ အမျိုးသားရေးအဖြစ်နဲ့ ပေါက်ကွဲပြီး ပြဿနာဖြစ်တာတွေ ကြုံတွေ့ရတာပဲ”

“တရုတ်ဆန့်ကျင်ရေးကတော့ လူတော်တော်များများမှာ ရှိမယ်ထင်တယ်။ မန္တလေးမြို့မှာ တကယ့် အချက်အခြာ
နေရာတွေ အားလုံးက တရုတ်တွေ ဝယ်ထားပြီး တကယ်နေလာတဲ့ သူတွေက မြို့ပြင် ရောက်ကုန်တာမျိုး အထိဆိုတော့ တစုံတရာ လူမျိုးရေးအရ ခံပြင်းမုန်းတီးမှုတွေ ဖြစ်နိုင်ပါတယ်”

“အမျိုးသားရေးပဲဖြစ်ဖြစ်၊ လူမျိုးရေးပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့သူ လူတန်းစားပါ ပါပြီး မြောက်ထိုးပင့်ကော် လုပ်တာ။ ဒါက အစိုးရပေါ်မှာ မူတည်တယ်။ အစိုးရက ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ရင် ပြဿနာမကြီးပေမယ့် အစိုးရကိုယ်တိုင်ကိုက လူတွေရဲ့ ဒေါသကို တမင်သက်သက်၊ ဥပမာ - ဟိုတုန်းက ဦးနေဝင်းလက်ထက် လူတွေက ဆန်မလောက်တာကို ဒေါသဖြစ်တာကို တရုတ်-ဗမာအရေးအခင်းနဲ့ လွှဲပေးလိုက်တယ်”

“အခု ဗမာပြည်မှာလည်း ကျပ်တည်းနေတာတွေက သူ့အတွက် အခက်အခဲရှိနေတယ်ဆိုတော့ လွှဲပေးတာမျိုး ဖြစ်တတ်တယ်။ လူတွေရဲ့သူ့အပေါ် ပုံလာမယ့် ဒေါသကို အမျိုးသားရေးနဲ့ လွှဲပေးတတ်တယ်။ ဗမာပြည်သူတွေရဲ့ အဓိက တရားခံဟာ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပြီး အစိုးရ ထောင်ချောက်ထဲ ပြည်သူတွေ မဝင်ဘူးလို့တော့ ထင်တယ်”

“အခုအခြေအနေက အရင်တုန်းကနဲ့ မတူဘူးလေ ဦးသိန်းစိန် အစိုးရ တရုတ်ကို အားကိုးနေတဲ့ အနေအထား ဖြစ်တော့ တရုတ်အစိုးရ စိတ်ဆိုးအောင်တော့ လုပ်မယ်မထင်ဘူး။ မှတ်မိလား ကိုးကန့်ကို ဗမာစစ်တပ်က ဝင်တိုက်တုန်းက တရုတ်က သူ့လူတွေသေတော့ ချက်ချင်းဝင်ပြောတော့ ကမန်းကတန်း ရပ်လိုက်ရတာပဲ။ ဒါ့ကြောင့် အစိုးရကလည်း ဒီကိစ္စကို နိုင်နိုင်နင်းနင်း ကိုင်တွယ်လိမ့်မယ်လို့ ထင်တယ်”

“ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သူ ဗမာပြည်က ခေါင်းဆောင်တွေကို ပြောခဲ့တာပဲ။ သူတို့ တရုတ်နွယ်ဖွားတွေ ဗမာပြည်တွင်းရဲ့ ဥပဒေကို လေးစားလိုက်နာပြီး လုပ်ကိုင်စားသောက်နေသူ အားလုံးကို၊ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးပါလို့ ပြောခဲ့တာပဲ။ အစောကြီးကတည်းက သူတို့သိတယ်။ ကြားလည်း ကြားနေတာပဲ။ ဗမာပြည်သူတွေထဲမှာ တရုတ်နဲ့ ပတ်သတ်ပြီး စိတ်ထိခိုက်ခံစားနေကြတယ်။ ခံစားချက်တွေ ရှိတယ်ဆိုတာ သူတို့သိတယ်။ ဒါ့ကြောင့် အစောကြီးကတည်းကနေ ဗမာအစိုးရကို တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့ မှာထားတာပါ”

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */