“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, March 31, 2011

ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို

စာကြွင်း။ ။ တရုတ်က လူသားဆိုတာကို မကြည့်၊ သူ အကျိုးအမြတ်ရရှိရေးကိုသာမြင်သည်၊ ဗမာ စစ်ခွေးတွေက ဗမာလူမျိုးကို မကြည့် သူ့ အမျိုးကောင်းမွန်အဆင်ပြေရေးကိုသာကြည့်သည်။ ဗမာတွေကျွန်ဖြစ်နေရသည် ဒါကို ငြင်း၍ မရ ဗမာပြည် ၇၅ ရာခိုင်နုန်း ကျွန်ဖြစ်နေသည် ။ ဘယ်နေရာကြည့်ကြည့် တောက်တောက်ပြောင်ပြာင်မရှိ။ ဥပမာပြောရလျင် ရခိုင် ဓါတ်ငွေ့ စတင်ထုတ်လွှတ်ရာ မှ တရူတ်နိုင်ငံ ပြည်မကြီးရောက်သည့် အထိ ပိုက်လုံးတွင်းတွင် တည်ရှိနေသော ဓါတ်ငွေ့ တန်ဖိုးသည် ဗမာတပြည်လုံး အတွက်ကြွယ်ဝသော အစားအသောက်များနှင့်  တနှစ်လုံး ဆွမ်းလောင်းပွဲ ပြုလုပ်နိုင်သည်။ ဒီဆွမ်းပွဲ ဘယ်တော့မှ ဖြစ်မလာ၊ ရောင်းချရရှိသောငွေများသည် သူတို့ ၏ အမျိုးများနှင့် သူတို့ အာဏာကိုကာကွယ်နိုင်သော ဓါတ်ငွေမှတဆင့် လက်နက်အဖြစ်ပြောင်းလဲသွားရန်သာရှိသည်။ ပိုက်လုံးသွားရာဒေသ တလျှောက် ပြည်သူတွေ ဒုက္ခရောက်ဖို့ က ၁၀၀ ရာခိုင်နုန်း။ တရုတ်က ဂုတ်သွေးစုပ်ဖို့ အမြဲချောင်းနေသည် ဗမာအုပ်စုက သူ့ အမျိုးအတွက် မစုပ်ခင်ကတည်း သွေးထုတ်ပြီး တရုတ်ကိုဦးကုန်းချလှူနေသည်။ ပြည်သူတွေစဉ်းစားပေတော့။
Dtm



2011-03-29

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း တည်ဆောက်မဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ Earthrights International-ERI လို့ ခေါ်တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ဒီစီမံကိန်းကြီးကို တရုတ်အစိုးရက အမေရိကန်ဒေါ်လာ သန်း တထောင့် ၄ ရာကျော် အကုန်အကျခံပြီး ၂၀၁၃ ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး စုစုပေါင်း၂,၃၈၀ ကီလိုမီတာ ရှည်လျားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်မဲ့ စီမံကိန်းတလျှောက်မှာ မြေယာ အဓမ္မသိမ်းယူမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီးကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ERI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရရဲ့ ဒီပိုက်လိုင်းစီမံကိန်းကြီးမှာ တနှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်း အတင်အချ ပြုလုပ်နိုင်မဲ့ ရေနက် ဆိပ်ကမ်းတခုနဲ့ ဆီသိုလှောင်ကန်တခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တည်ဆောက်မဲ့ စီမံကိန်းတခုလည်း ပါဝင် ပါတယ်။

တရုတ်အစိုးရဟာ ဒီရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရေနံနဲ့ ဓာတ်ငွေ့တွေကို သယ်ယူဖို့ စီစဉ်ထားပါတယ်။
သံဃာ့တပ်ပေါင်းစုမှ ရဟန်းတော်များ နယ်သာလင် အစိုးရ အရာရှိကြီးများနှင့်ဆွေးနွေး
2011-03-29 RFA

သံဃာ့ တပ်ပေါင်းစု ကိုယ်စားလှယ် ရဟန်းတော်များဖြစ်ကြတဲ့ ဂျာမနီနိုင်ငံ အခြေစိုက် အရှင်သောပါကနဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အရှင် ကောဝိဒ တို့ဟာ ဒီကနေ့ မတ်လ ၂၉ ရက် နံနက် ဆယ်နာရီ က Hague (ဟိတ်) မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နယ်သာလင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ကြီးများနဲ့ မြန်မာ့ အရေးကိစ္စတွေ တနာရီခွဲကြာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အရှင်သောပါကက ခုလို ပြောပြပါတယ်။

“ဦးဇင်းတို့ အဓိက တင်ပြတာကတော့ ဒီ ပင်လုံညီလာခံကို ဝိုင်းပြီးတော့ နိုင်ငံတကာအနေနဲ့ ထောက်ခံပေးဖို့၊ ပင်လုံညီလာခံ အကြောင်း ပြောတဲ့အခါကျတော့ တော်တော်လေး သူတို့ စိတ်ဝင်စားတယ်။ အဲဒါကို သူတို့ အီးယူမှာလည်း ဒီကိစ္စကို အဓိက ပြောမယ်ဆိုပြီးတော့ သူတို့ ပြောတာ ရှိတယ်။ နောက်ပြီးတော့ ဒီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စကိုလည်း ဦးဇင်းက အဲဒါလည်း ပြောတယ်ပေါ့။”

ရွှေဝါရောင်တော်လှန်ရေး အတွင်း ဖမ်းဆီးခံရတဲ့ သံဃာတော်တွေ ပြန်မလွှတ်သေးတဲ့ ကိစ္စ ၊ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် ထားရှိရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နယ်သာလင်နိုင်ငံ အရာရှိကြီးများရဲ့ ပြန်လည် ဆွေးနွေးချက်ကိုလည်း အရှင်ကောဝိဒက အခုလို ရှင်းပြပါတယ်။

“Sanction လို့ ခေါ်တဲ့ စီးပွားရေး ပိတ်ဆို့မှုကိုကျတော့ သူတို့ ဆက်ပြီးတော့ ထားမယ်ဆိုတဲ့အကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုဟာ လိုအပ်နေသေးတယ် ဆိုတဲ့အကြောင်း သူတို့ ပြောတယ်။ ပြောပြနိုင်တဲ့ဖက်က အားလုံးကို အတွင်းအပြင် အားလုံး အတိုက်အခံတွေနဲ့ရော နအဖနဲ့ရော အကုန်လုံး သူတို့ ဒီမိုကရေစီ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံကနေပြီးတော့ သူတို့ တတ်နိုင်သရွေ့ ကြိုးစားပါမယ် ဆိုတဲ့အကြောင်း သူတို့ ပြောတယ်။”
အဲဒီဆွေးနွေးပွဲကို နယ်သာလင်နိုင်ငံဖက်က လူ့အခွင့်အရေးဌာန အကြီးအကဲ Mr. Lionel Veer နဲ့ မူဝါဒ ရေးရာ အကြီးတန်းအရာရှိ Miss Monique Muller van Leenen တို့ တက်ရောက်ခဲ့ပြီး မြန်မာ ရဟန်းတော်များနဲ့အတူ မြန့်မာ့အရေး လှုပ်ရှားသူ နယ်သာလင်နိုင်ငံသူ Miss Elke Kuijper လည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရသစ် ကျမ်းသစ္စာ လိမ်ဆိုမည်

အရပ်ကတို့ ရေ ကြည့်သာရှောင်ပေတော့
ခင်ဦးသာ Tuesday, 29 March 2011 18:01

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။


“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။

ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။

“ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။

မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။

“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။

အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရသစ် ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)၏ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကို
ပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။

“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။

အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။

မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။

“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီပုတ်ထဲက ဒီပဲ

စစ်တပ်ကို အင်အားတောင့်အောင် လုပ်မည်ဟု ဦးသိန်းစိန်ပြော

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၂ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် စစ်တပ်အင်အား တောင့်တင်းအောင် တည်ဆောက်သွားရမှာဖြစ်ကြောင်း အလေးထား ပြောကြားသွားခဲ့သည်။ “ နိုင်ငံတော် ကာကွယ်ရေးကို ပေါ့ပေါ့တန်တန်နဲ့ သဘောထားကြရင် ခေတ်သစ် ကျွန်ပြုခံရခြင်းမျိုးနဲ့ တွေ့ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ပထဝီဝင် အနေအထားရော၊ စီးပွားရေးအရပါ အချက်အချာကျတဲ့ မိမိတို့ နိုင်ငံသည် နယ်ချဲ့လက်သစ်တွေ ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတဲ့ အန္တရာယ်ရှိနေတာကို အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တရပ် ရှိဖို့လိုပါတယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။ ၁၉ နှစ်ကြာ အတိုက်အခံများကို ဖိနှိပ်ကာ အုပ်ချုပ်သွားခဲ့ကာ ဗုဒ္ဓဟူးနေ့တွင် အနားယူသွားသည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ လူယုံတဦးဟု လူသိများသော အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်က နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးတွင် ကြိုတင်ရေးသားလာခဲ့သော မိန့်ခွန်းကို ဖတ်ကြားသွားခဲ့ခြင်း ဖြစ်သည်။ “ နိုင်ငံတော် ကာကွယ်ရေး မတောင့်တင်းရင် သူတပါးရဲ့ အနိုင်ထက်ပြုကျင့်မှုကို ခံကြရမှာ ဖြစ်ပါတယ်။ ကိုယ့်မင်း ကိုယ်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နှစ်ပေါင်း ရာထောင်ချီပြီး နေလာခဲ့ကြတဲ့ လူမျိုးဘဝမှ ကုန်းဘောင်ခေတ် ဇတ်သိမ်းခန်းမှာ နယ်ချဲ့လက်အောက်ကို လွယ်လွယ်ကလေးနဲ့ ကျရောက်ရခြင်ဟာ ခေတ်မီတဲ့ တပ်မတော်တရပ် မရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။ “ လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော်၊ အစွမ်းအစရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့ တပ်မတော်၊ မျိုးချစ်စိတ် ထက်သန်တဲ့ တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းပြီး တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးဟာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော် ကာကွယ်ရေးကို နိုင်ငံသားအားလုံး ဝိုင်းဝန်းပြီး တာဝန်ယူကြရမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပါရှိသည်။ အရှေ့တောင်အာရှ အသင်းဝင်နိုင်ငံများတွင် အမျိုးသားဝင်ငွေ အနည်းဆုံးဖြစ်သော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားသော စစ်အသုံးစရိတ်မှာ နိုင်ငံစုစုပေါင်း အသုံးစရိတ်၏၂၅ ရာခိုင်နှုန်းနီးပါးရှိပြီး မြန်မာကျပ်ငွေ ၁.၈ ထရီလီယံ ဖြစ်သည်။ လက်ရှိ မြန်မာ့တပ်မတော်တွင် စစ်သည်အင်အား ၄ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး အခြေခံ ဥပဒေသစ်အရ စစ်တပ်၏ အသုံးစားရိတ်များကို လွှတ်တော်က စစ်ဆေးခွင့် မပြုဘဲ ကန့်သတ်ထားသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ စစ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးယူခဲ့သော ဦးသိန်းစိန်မှ စစ်အစိုးရကို ချီးမွမ်းစကားဆိုရာတွင် အဘက်ဘက်က ယိုယွင်းပျက်ဆီးနေသည့် နိုင်ငံကို အေးချမ်းသော ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ် ဆက်လက်တည်ဆောက်ရန် အမွေခံကောင်းများ ပေးသွားခဲ့သည်ဟုလည်း ဆိုသည်။ နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောကြားချက်တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဆွေးနွေးရုံနှင့် မပြီးဘဲ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခြေခံကောင်းများ ပြုလုပ်ပေးရန်လိုသည်ဟု ပါရှိသည်။ ထို့အပြင် အတိုက်အခံများကိုလည်း “ ကမ္ဘာ့အလယ်မှာ ကိုယ့်တိုင်းပြည် ဂုဏ်သရေ ကျဆင်းအောင် ပြုမူပြောဆို ခြင်း မပြုလုပ်ကြဖို့၊ ကိုယ့်နိုင်ငံသားတွေကို ထိခိုက်နစ်နာအောင် မပြုလုပ်ကြဖို့ လိုပါတယ်” ဟု သူက ဆိုသည်။ “ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်း ကျစွာနဲ့ ရယူကြမယ်ဆိုရင် သာဓု ခေါ်ကြမှာဖြစ်တဲ့အတွက် ကျနော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း” ပြောဆိုသွားသည်။ သမ္မတက အစိုးရက ဝင်ရောက်စွက်ဖက်မှုရှိသော ဈေးကွက်စီးပွားရေးကို ကျင့်သုံးမည်ဟုလည်း နာရီဝက် ခန့်ကြာသော မိန့်ခွန်းတွင် ပြောကြားသွားသည်။ အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်မှုကို မြှင့်တင်သွားမည်ဟု သဲလွန်စပေး ပြောကြားသွားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါများပြီး ကုန်ဈေးနှုန်း တည်ငြိမ်အောင် လုပ်မည်ဟုလည်း ဆိုသည်။ ထို့အပြင် လာဘ်ပေးလာဘ်ယူမှုကို တားဆီးသွားမည်ဖြစ်ကြောင်း ပြောကြားရာတွင် “ လာဘ်ပေး လာဘ်ယူမှု ဟာ လူတဦးချင်း ထိခိုက်စေရုံ သာမက နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ပြည်သူတွေရဲ့ အကူညီ ကို ရယူပြီး ထိရောက်စွာ တားဆီးသွားပါ့မယ်” ဟု ဆိုသည်။ ကမ္ဘာ့နိုင်ငံများတွင် အကျင့်ပျက် ခြစားမှုများကို တိုင်းတာ၍ အစီရင်ခံစာ ထုတ်ပြန်နေသော ယုံကြည်ရသည့် Transparency International ၏ ၂ဝဝ၉ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နှင့် တန်းတူ ကမ္ဘာပေါ်တွင် ဒုတိယ အဆိုးရွားဆုံး လာဘ်ပေးလာဘ်ယူမှု ထူပြောသည့် နိုင်ငံဖြစ်သည်ဟု ဆိုသည်။ အဆိုးဆုံးနိုင်ငံမှာ ဆိုမာလီ ဖြစ်သည်။ သမ္မတက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အကျယ်တဝံ့ ပြောကြားသွားပြီး စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပြောသွားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

လွှတ်တော်လား..ဇေကမ္ဘာခင်ရွှေ ပါတီပွဲ လား..

ဇေကမ္ဘာဦးခင်ရွှေ အမတ်များကို ဒုတိယအကြိမ်ဧည့်ခံ
ကိုဝိုင်း ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၄ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြည်ထောင်စုလွှတ်တော် အမတ်များအတွက် ဒုတိယအကြိမ်မြောက် ဧည့်ခံပွဲကို အင်္ဂါနေ့ညက ပြုလုပ်ပေးခဲ့သည်။ khinshwe-feb ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ (ဓါတ်ပုံ မဇ္ဈိမ) “ပါတီပေါင်းစုံမှ တိုင်းရင်းသားတွေအတွက် နှုတ်ဆက်ညစာစားပွဲ” ဟု ခေါင်းစည်းတပ်ထားသည့် ဧည့်ခံပွဲကို နေပြည်တော် Mount Pleasant ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွင် <ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အဆိုကျော် ၇ ဦး၏ ဖျော်ဖြေပွဲပါ ထည့်သွင်းပေးခဲ့သည်။ အတိုက်အခံပါတီများမှ အမတ်များအပါအဝင် အမတ်ပေါင်း ၁၀၀ ခန့် ဧည့်ခံပွဲကို တက်ရောက်ခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဦးခင်ရွှေကလုပ်ခဲ့သော ဧည့်ခံပွဲထက် တက်ရောက်သူ ပိုမိုလာခြင်း ဖြစ်သည်။ ဧည့်ခံပွဲတွင် အကောင်းစား ဝီစကီ၊ ဘီယာနှင့် ဝိုင်တို့ပါဝင်ပြီး “စိတ်ကြိုက်” သောက်၍ ရကြောင်း၊ အစားအသောက်ကို “ကိုယ်တိုင်ယူစား” စနစ်ဖြင့် ဆန္ဒရှိရာစားနိုင်သည်ဟု သိရသည်။ လူတယောက်ကို ကျပ် ၃ သောင်းနှုန်းအထိ ကုန်ကျဖွယ်ရှိသည်ဟု အမတ်များက ခန့်မှန်းသည်။ ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း နေ့လည် ၁ နာရီခန့်တွင် ပြည်ထောင်စု လွှတ်တော်ခန်းမ၌ နာယက ဦးခင်အောင်မြင့်က နေ့လည်စာဖြင့် တည်ခင်းခဲ့သေးသည်။ လွှတ်တော်အစည်းအဝေးများ ရပ်နားမည်ဖြစ်သဖြင့် ဌာနေပြန်စရိတ်အဖြစ် အမတ်များကို တဦးလျင် ၃ သိန်း ၄ သောင်းနှင့် ဒေသအလိုက် ခရီးစရိတ်များ ထုတ်ပေးထားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, March 30, 2011

ထမီဲခြုံသော ကဝေ အစိုးရ..မကြာမီ မျက်လှည့်ပွဲကြီးစတော့မည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ပါတဲ့ဗျာ။

အမှန်ကတော့ မဲခိုးထားတဲ့ ဘောင်းဘီချွတ် စစ်သား ။ဝိသမလောဘသမား ပေါင်းစားလိုသူများ ။ကြံဖွတ် လူကြမ်းအဖွဲ့သားတွေ ပြည်သူကို ယာဇ်ပူဇော်ဖို့  ဒါးရေးပြင်နေကြပြီ။

နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်

ဒုတိယသမ္မတများ
- သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း။

ပြည်ထောင်စုဝန်ကြီးများ။

1. ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန) ၊
2. ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး) ၊
3. ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန) ၊
4. ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန) ၊
5. ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ၊
6. ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန) ၊
7. ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) ၊
8. ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန) .
9. ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)
10. ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) ၊
11. ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) ၊
12. ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)၊
13. ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန) ၊
14. ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန) ၊
15. ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီးဌာန) ၊
16. ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) ၊
17. ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန) ၊
18. ဦးကျော်စွာခိုင် (အမှတ်(၁)စက်မှုဝန်ကြီးဌာန) ၊
19. ဦးစိုးသိန်း၊ (အမှတ်(၂)စက်မှုဝန်ကြီးဌာန) ၊
20. ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး) ၊
21. ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန) ၊
22. ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)၊
23. ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊
24. ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန) ၊
25. သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန) ၊
26. ဦးခင်ရီ၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ၊
27. ဦးဇော်မင်း (အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊၊
28. ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊
29. ဦးသိန်းညွန့် (သမ္မတရုံးဝန်ကြီးဌာန) ၊၊
30. ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန) ။

ပြည်ထောင်စုဒု ၀န်ကြီး။
(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယ၀န်ကြီး ကာကွယ်ရေး ၀န်ကြီးဌာန)၊
(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယ၀န်ကြီး ကာကွယ်ရေး ၀န်ကြီးဌာန) ၊
(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယ၀န်ကြီး ပြည်ထဲရေး ၀န်ကြီးဌာန) ၊
(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယ၀န်ကြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန)၊
(၅) ဦးမောင်မြင့် (ဒုတိယ၀န်ကြီး နိုင်ငံခြားရေး ၀န်ကြီးဌာန)၊
(၆) ဒေါက်တာမျိုးမြင့် (ဒုတိယ၀န်ကြီး နိုင်ငံခြားရေး ၀န်ကြီးဌာန) ၊
(၇) ဦးစိုးဝင်း (ဒုတိယ၀န်ကြီး ပြန်ကြားရေး ၀န်ကြီးဌာန)၊
(၈ ) ဦးအုန်းသန်း (ဒုတိယ၀န်ကြီး လယ်ယာစိုက်ပျိုးးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန)၊
(၉) ဦးခင်သော် (ဒုတိယ၀န်ကြီး လယ်ယာစိုက်ပျိုးးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန)၊
(၁ဝ ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန)၊
(၁၁) ဦးစိုးတင့် (ဒုတိယ၀န်ကြီး ဆောက်လုပ်ရေး ၀န်ကြီးဌာန)၊
(၁၂) ဦးကျော်လွင် (ဒုတိယ၀န်ကြီး ဆောက်လုပ်ရေး ၀န်ကြီးဌာန)၊
(၁၃) ဒေါက်တာ ကံဇော် (ဒုတိယ၀န်ကြီး အမျိုးးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန)၊
(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယ၀န်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန)၊
(၁၅) ဦးတင့်လွင် (ဒုတိယ၀န်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန)၊
(၁၆) ဦးဖုန်းဆွေ (ဒုတိယ၀န်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန)၊
(၁၇) ဦးသန်းထွန်း (ဒုတိယ၀န်ကြီး သမဝါယမ ၀န်ကြီးဌာန)၊
(၁၈ ) ဦးမြင့်သိန်း (ဒုတိယ၀န်ကြီး အလုပ်သမား ၀န်ကြီးဌာန)၊
(၁၉) ဦးဝင်းရှိန် (ဒုတိယ၀န်ကြီး ပို့ဆောင်ရေး ၀န်ကြီးဌာန)၊
(၂ဝ ) ဦးဌေးအောင် (ဒုတိယ၀န်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန)၊
(၂၁) ဦးသိန်းအောင် (ဒုတိယ၀န်ကြီး အမှတ်(၁) စက်မှု ၀န်ကြီးဌာန)၊
(၂၂) ဦးမျိုးအောင် (ဒုတိယ၀န်ကြီး အမှတ်(၂) ၀န်ကြီးဌာန)၊
(၂၃) သူရဦးသောင်းလွင် (ဒုတိယ၀န်ကြီး ရထားပို့ဆောင်ရေး ၀န်ကြီးဌာန)၊
(၂၄) ဦးသန့်ရှင်း (ဒုတိယ၀န်ကြီး ရထားပို့ဆောင်ရေး ၀န်ကြီးဌာန)၊
(၂၅) ဦးစိုးအောင် (ဒုတိယ၀န်ကြီး စွမ်းအင် ၀န်ကြီးဌာန)၊
(၂၆) ဦးမြင့်ဇော် (ဒုတိယ၀န်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန)၊
(၂၇) ဦးအောင်သန်းဦး (ဒုတိယ၀န်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန)၊
(၂၈ ) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ၀န်ကြီးဌာန)၊
(၂၉) ဦးဘရွှေ (ဒုတိယ၀န်ကြီး ပညာရေး ၀န်ကြီးဌာန)၊
(၃ဝ ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယ၀န်ကြီး ကျန်းမာရေး ၀န်ကြီးဌာန)၊
(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယ၀န်ကြီး ကျန်းမာရေး ၀န်ကြီးဌာန)၊
(၃၂) ဒေါ်သန္တာခင် (ဒုတိယ၀န်ကြီး ယဉ်ကျေးမှု ၀န်ကြီးဌာန)၊
(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယ၀န်ကြီး သာသနာရေး ၀န်ကြီးဌာန)၊
(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယ၀န်ကြီး သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန)၊
(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယ၀န်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ၀န်ကြီးဌာန)၊
(၃၆) ဦးအေးမြင့်ကြူ (ဒုတိယ၀န်ကြီး အားကစား ၀န်ကြီးဌာန)၊
(၃၇) ဦးဟန်စိန် (ဒုတိယ၀န်ကြီး မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန)၊
(၃၈ ) ဦးချန်မောင် (ဒုတိယ၀န်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန)၊
(၃၉) ဦးခင်မောင်အေး (ဒုတိယ၀န်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန)။

အပြည့်အစုံသတင်းဖတ်ရန်....

ဒို့ ဘိုးဘွားပိုင်မြေ ဘာတွေ ဖြစ်နေပြီလည်း

ရခိုင် ပင်လယ်ပြင်တွင် တရုတ် ငါးဖမ်းလှေများ ကြီးစိုးထားသဖြင့် ဒေသ ငါးလုပ်ငန်းကို ထိခိုက်

ထွန်းထွန်း

ရခိုင်ပြည်နယ် သံတွဲမြို့ပင်လယ်ပြင်တွင် တရုတ်ငါးဖမ်းလှေများ ကြီးစိုးနေသဖြင့် ဒေသခံ ငါးဖမ်းသမားများ အတွက် အထူး အခက်ခဲများ ရောက်ရှိနေကြရကြောင်း သတင်းရရှိသည်။ Fishery-sector-in-Thandwe-Arakan.jpg ငါးဖမ်း စက်လှေပိုင်ရှင် တစ်ဦးက “တရက်တရက်မှာ ငါးရှာနေတဲ့ တရုတ်ငါးဖမ်းလှေက ထောင်ဂဏန်း ကျော်မယ် ထင်ရပါတယ်။ သံတွဲဆိပ် ကမ်း၊ ငပလီဆိပ်ကမ်းတွေမှာ အယင်ကဆို ရခိုင်က ငါးဖမ်းလှေ တွေပဲ ရှိပါတယ်။ ခုတော့ နေရာတကာမှာ တရုတ် ငါးဖမ်းလှေတွေနဲ့ ပြည့်နှက်နေပါတယ်။ ခုဆိုလို့ရှိရင် ရခိုင် ငါးဖမ်းသမား တွေဟာ သစ်ပင်မှာ ညောင်ကြက် သလို တဖြည်းဖြည်း ၀ါးမျိုခံရပြီး ပျောက်လာတယ်။ တရုတ်ကအစိုးရနဲ့ တိုက်ရိုက် ပေါင်းပြီး ငွေအား၊ စက်အား၊ လူအားနဲ့ လုပ်နေတော့ သူတို့ကို ပြိုင်ပြီး ဘယ်သူ ငါးမဖမ်းနိုင်သလို သူတို့ဘဲ နေရာတကာ လက်ဝါးကြီး အုပ်ထားပါတယ်။ ဘယ်သူ တယောက်မှ မပြောလို့ မရဘူး” ဟု ပြောသည်။ ၎င်းပြင်သူက “ရခိုင် ငါးဖမ်းလှေတွေ ကျတော့ အကန့်အသတ်တွေ အများကြီးပဲ။ ဟိုဘက် မသွားရ။ ဒီဘက် မသွားရနဲ့ သက်ဆိုင်ရာက တားမြစ်ပါတယ်။ တရုတ်ငါးဖမ်းလှေတွေကျတော့ သွားချင်တဲ့ ရေပြင်ကို သွားတယ်။ ဖမ်းချင်နေရာက ဖမ်းတယ်။ တကယ်ကို တရုတ်တိုင်းပြည် ကျနေတာပါဘဲ” ဟု ဆက်ပြောသည်။ ယခု ရခိုင်ပင်လယ်ပြင်တွင် တရုတ် သင်္ဘောများ လိုက်ဖမ်းနေသည်မှာ ငါးမန်းများ ဖြစ်ပြီး ၎င်းအပြင် ငသလောက်၊ ငတောက်တူ၊ ငကုန်းညိုနှင့် တခြားငါးများဖြစ်ကြောင်း သိရသည်။ တခြား တဖက်တွင်လည်း တရုတ်စီးပွားရေး သမားများက ငါးအ၀ယ်ဒိုင်များ ဖွင့်လှစ်ကာ ရခိုင်က ထွက်သမျှငါးများကို ၀ယ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ နေကြောင်းသိရသည်။ “ငနီဒူ တပိဿာကိုကျပ် ၁၅၀၀၊ ငဆူခြောက်တပိဿာကို ၁၆၀၀ ရှိရာကနေ ငနီဒူတပိဿကို ၂၀၀၀ ထိပေးဝယ်ပြီး ငဆူခြောက်တပိဿကို ၃၀၀၀ ထိတင်ပြီး ၀ယ်နေတော့ ဒေသခံလူတွေကဈေးကြီး တော့ဝယ်မစားနိုင်ကြဘူးပေါ့နော်။ ကိုယ့်ချောင်းကိုယ့်ဒေသက ထွက်တဲ့ငါးကို ကိုယ်တို့မစားနိုင် ကြဘူးဖြစ်နေပါပြီ“ ဟု ၄င်းက ဆက်ပြောသည်။ ယခု တရုတ် ငါးဖမ်း ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်နေသည့် မြန်မာ့ ငါးဖမ်းကုမ္ပဏီမှာ ပြည်ဖြိုးထွန်း ကုမ္ပဏီဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှာ စစ်အစိုးရနှင့် နီးစပ်သူများ ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။ တခြား လူငယ် ဒေသခံ အလုပ်သမား တစ်ဦးကလည်း “ ခုသံတွဲသားတွေက အလုပ်အကိုင် မရှိကြတော့ တရုတ် ငါးဖမ်းလှေတွေမှာ အငှားလိုက်ကြပါ တယ်။ သူတို့ ဆီကို သွားပြီးတော့ မိန်းမ ယောက်ျား တွေက ငါးခြောက် နေလှမ်းတာတို့၊ ထင်းခြွေ ရေခပ်ပေးရတာတို့ အစစအရာရာပေါ့ဗျာ အခိုင်းခံ ဘ၀နဲ့ သွားလုပ်ကြရပါတယ်။ ရခိုင်တွေက ဆင်းရဲကြတော့ သူတို့ဆီမှာရရာ အလုပ်ကို လုပ်နေရတာ ပေါ့နော်“ ဟု ပြောသည်။ တရုတ်စီးပွားရှင်များ လွမ်းမိုးလာသဖြင့် သံတွဲမြို့မှ ရခိုင်အမျိုးသမီးများမှာ တရုတ် အမျိုးသားများ ထံတွင် အိမ်ဖေါ် အဖြစ် တချို့တ၀က် လုပ်ကိုင် လာကြရသူများလည်း ရှိကြောင်း အဆိုပါ လူငယ်က ပြောသည်။ တရုတ်များ ရခိုင်ပင်လယ်ပြင်တွင် ကြီးစိုးလာ သည်မှာ လွန်ခဲ့သောနှစ် ၂၀၁၀ အောက်တိုဘာလ ကတည်း ဖြစ်ပြီး ယခုအခါ ရခိုင် ကမ်းခြေ တခုလုံးတွင် ခေတ်မှီ စက်ကရိယာများ တပ်ဆင်ထားသော ငါးဖမ်း သင်္ဘောများကို အသုံးပြုပြီး ဒေသအတွင်းက အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းကာ နေ့ည အချိန် မရှိ ငါးများကို ဖမ်းယူနေကြောင်း သိရသည်။ ယခုကဲ့သို့ ဖမ်းဆီးနေသဖြင့် နောက်များမကြာမီ နှစ်တို အတွင်း ရခိုင်ပင်လယ်ပြင်တွင် ငါးများ ရှားပါး လာနိုင်ဖွယ်ရှိကြောင်း ဒေသလူကြီးများက ပြောသည်။ နိရဉ္စရာ သတင်းမှ

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံ အလုပ်သမား လယ်သမားတို့၏ လူ့ အခွင့် အရေး ချိုးဖေါက်ခံနေရမှုများ စစ်တမ်း

၂၈.၁၀.၂၀၁၀ နေ့က မြန်မာဘာသာဖြင့် ဖြန့်ဝေခဲ့သည့် “မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေးချိုးဖေါက်ခံနေရမှု မှတ်တမ်း” ကို ယခု အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ထပ်မံဖြန့်ဝေပါသည်။ သွေးစည်းညီညွတ်စွာဖြင့် မြန်မာနိုင်ငံအလုပ်သမားလယ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေးချိုးဖေါက်ခံနေရမှု မှတ်တမ်းကို မြန်မာနိုင်ငံအလုပ်သမားလယ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်မှ ရေးသားဖြန့်ဝေပါသည်။ သွေးစည်းညီညွတ်စွာဖြင့် မြန်မာနိုင်ငံအလုပ်သမားလယ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

The Critical Review of WFSLB(English Version)

အပြည့်အစုံသတင်းဖတ်ရန်....

*စင်ကာပူသံရုံးအကြောင်းလေးပါ*

ဟဲလို မင်္ဂလာပါ ... ကျနော်လည်း ကိုယ်တွေ့ကြုံခဲ့တဲ့ စင်ကာပူသံရုံးအကြောင်း နည်းနည်းလောက်တော့ ပြောချင်တယ်။ ကျနော် က စင်ကာပူမှာ အချိန်ပြည့် ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်ပါ။ ကျောင်းခဏပိတ်လို့ ရန်ကုန်ကို ခဏပြန်လိုတာနဲ့ ထုံးစံအတိုင်း သံရုံးမှာ ထောက်ခံစာသွားတောင်းတာမှာ ဇာတ်လမ်းစတာပါပဲ။ ကျောင်းသား ဖြစ်ကြောင်း ထောက်ခံစာတောင်းရင် ... ၁။ ကျောင်းမှ ထောက်ခံစာ ၂။ ကျောင်းသားကတ် မိတ္တူ/မူရင်း ၃။ pass port copy နဲ့ သံရုံးက ထုတ်ပေးတဲ့ ဖောင်ရယ် တွဲတင်ရင် အခမဲ့ (အခမဲ့) ဆိုပြီး notice ကပ်ထားတယ်။ ဒါပေမယ့် အ ထက်မှာပါတဲ့ နံပါတ် (၁) အချက် ကျောင်းထောက်ခံစာမှာ ကျောင်းက ကျနော်တို့ကို ပေးနေကျ ပုံစံအတိုင်းပဲ (ကျောင်းသား မောင်တင်ဝင်းသည် ကျောင်းစတက်တဲ့အချိန်မှ ယခုအချိန်အထိ အချိန်ပြည့် ကျောင်းသားဖြစ် ကြောင်း မှန်ကန်ပါသည်) ဆိုပြီး အရင်လူတွေကို ပေးနေကျအတိုင်းပဲ ပေးလိုက်တယ်။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ (မင်းတို့က ဥပမာ - ၃၀ ရက်အထိပဲ ကျောင်းသား၊ ၁ ရက်နေ့ကျရင် ကျောင်းသားမဟုတ်တော့ဘူး၊ အဲဒီတော့ ကျောင်းသားထောက်ခံစာ မပေးနိုင်ဘူး၊ အလုပ်မလုပ်ကြောင်း ထောက်ခံစာပဲ ရမယ်ဆိုပြီး ညစ်ပါလေရော (အလုပ်မလုပ်ကြောင်း ထောက်ခံစာဆိုရင် ၈ ဒေါ်လာ ပေးရ တယ်။ ဒါက နောက်မှ သိတာ)။ အဲဒါနဲ့ စကားတွေ ပြောရတော့တာပေါ့ဗျာ။ ကျောင်းသားကတ်၊ ICA - အင်မီ ဂရေးရှင်းကတ်တွေ ပြလည်း မရနဲ့ပေါ့ဗျာ။ နောက်ဆုံးတော့ ဒီကိစ္စ သူနဲ့ မပြီးတော့ဘူးတဲ့။ သံအမတ်ကြီးဆီ တင်မှ ရမယ်ဆိုပြီး ဖြစ်ရောဗျာ။ ကျနော်တို့လည်း “ကဲ တင်ဆိုလည်း တင်” ဆိုပြီးတော့ ပေးခဲ့တယ်။ ရရင် ဖုန်းဆက်မယ်ဆိုလို့ ဖုန်းနံပါတ်ပါ ပေးခဲ့ရသေးတယ်။ (၂) ရက်လောက်ကြာတော့ ဖုန်းမဆက်တာနဲ့ ကျနော်တို့ သူငယ်ချင်းတွေ တိုင်ပင်တယ်။ ကျောင်းထောက်ခံစာကို အသစ် သွားတောင်းမယ်။ အဲဒီထဲမှာ ကျောင်းရဲ့ duration ကိုလည်း ဖြည့်ခိုင်းမယ် ဆိုပြီး ကျောင်းမှာ သွားတောင်းကြတာပေါ့ဗျာ (ပထမ ထောက်ခံစာမှာ ကျောင်းချိန် duration မပါသွားဘူး။ ဒါကလည်း ရှေ့က နောင်တော်တွေက မလိုဘူး ပြောလို့ မဖြည့်ကြတာ)။ ဒီတခါတော့ ပြည့်စုံစွာ ရခဲ့တယ်။ အဲဒါနဲ့ပဲ သံရုံးကို ချီတက်ပြီး အသစ် ထပ်တင်တာပေါ့ဗျာ။ အဲဒီလို တင်လည်းတင်ရော လျှောက်လွှာလက်ခံတဲ့ အမျိုးကောင်းသမီးလေးက မှတ်မိနေတယ်ဗျာ (အော် တဲ့ duration ထပ်ဖြည့်လာတာပဲ တဲ့)။ တင်ပြီးတော့ ညနေကို ချိန်းလိုက်တယ်။ ညနေ ချိန်းထားတဲ့ အချိန်က ၄း၃၀။ အဲဒါ ၅း၃၀ အထိ မရသေးဘူး။ တအောင့်နေ တော့ ကျနော်တို့ နာမည်ခေါ်တော့ ၀မ်းသာအားရာ သွားယူတာပေါ့။ ယူလည်းယူရော စလုံး (၈) ဒေါ်လာ တောင်းတော့တာပဲဗျာ။ မနက်က တင်လိုက်တဲ့ ဖောင်ကို ဖျောက်ပြီးတော့ ဟို ပထမနေ့က တင်တဲ့ ဖောင်ကို အလုပ်မလုပ်ကြောင်းအနေနဲ့ charge လုပ်လိုက်တာ။ ဒါ ကျနော်တို့ကို သက်သက်ဆော်ထည့်လိုက်တာ။ မနက်က တင်တဲ့ ဖောင်နဲ့ဆိုရင် သူတို့ ပိုက်ဆံမရဘူးလေ။ စာရွက်ကလည်းစုံတယ်၊ ကျောင်းသားလည်း ကျောင်းသားဆိုတော့ ပိုက်ဆံမရဘူးလေ။ ဒါတောင် ပြောလိုက် သေးတယ် (မင်းတို့ကလည်း ၈ ဒေါ်လာကို ကြည့်မနေပါနဲ့ တဲ့လေ)။ သူတောင်းစားကို ပေးရင်တောင် စေတ နာရှိမှ ပေးချင်တာပဲ။ ကိုယ်က မှန်မှန်ကန်ကန် လုပ်ပေမယ့် မလိမ့်တပတ်နဲ့ ယူတာကို ဘယ်သူက ပေးချင်မလဲ၊ စဉ်းစားကြည့်လေ။ နောက်တခုကလည်း အဲဒီသံရုံးမှာ လာပြီးလုပ်တဲ့ လူ (၁၀) ဦး ရှိရင် (၇) ဦးက ပွဲစားတွေ။ နောက်တခုက ပွဲ စားတွေကို ဆက်ဆံတာကျတော့ တမျိုး၊ အမှန်တကယ် လူကိုယ်တိုင်သွားလုပ်တဲ့ သူတွေကိုကျတော့ နည်း မျိုးစုံနဲ့ ညစ်နေတာတော့ ဟို အဆိုတော် ဆိုထားတဲ့ သီချင်းလိုပဲ ... “လွန် လွန်လွန်းတယ် ... ဘယ်လိုလူတွေလဲဟေ့ ... ဖုန်းဆက်လိုက်ရမလား ... ဖုန်းဆက်လိုက်ရမလား ...” ဘယ်ကို ဆက်ရမလဲဟင် ... ။ ။ ပေးပို့သူ - ကိုကို

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူကို ဆက်လက်နှိပ်စက်မည်ဟု အစိုးရသစ်ကျမ်းသစ္စာဆိုမည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည် ခင်ဦးသာ
Tuesday, 29 March 2011 18:01

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ “မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။ ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။ “ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။ မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။ ၀န်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။ “လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။ အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အစိုးရသစ် ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)၏ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကို ပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။ “ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။ အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။ မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။ “တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ယုံရမတဲ့လား ကုလားကြီးနဲ့ အရာကြီး

နအဖမှ အစိုးရသစ်ကို အာဏာလွှဲ မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၄ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် ခေါင်း ဆောင်သော အစိုးရအဖွဲ့ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာ လွှဲပြောင်းပေး လိုက်ကြောင်း နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားက ဗုဒ္ဓဟူးနေ့ နံနက်တွင် ကြေညာသွားသည်။ “ပြည်ထောင်စု အဆင့် အဖွဲ့ဝင်များအား ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပြီး သည့် အချိန်မှစ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာများကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာလိုက်သည်။” ဟု ကြေညာချက်တွင် ပါရှိသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်ဟုလည်း ပါရှိသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ြဲမန်မာနိုင်ငံတောင်ပိုင်း မုန်တိုင်းဝင်နိုင်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၃၂ မိနစ် . မဇ္ဈိမသတင်းဌာန ။ ။ တနသာင်္ရီကမ်းရိုးတန်းကို ဗဟိုပြုသည့် မုန်တိုင်းငယ်တခု အင်္ဂါနေ့ညနေပိုင်းတွင် ဝင်ရောက်နိုင်သဖြင့် တနင်္သာရီ၊ မွန်ကမ်းလွန်ပင်လယ်ပြင်နှင့် ကိုကိုးကျွန်းဒေသများတွင် မုန်တိုင်းအထူးသတိရှိရန် မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးနှိုးဆော်ထားသည်။ ယနေ့မနက် တိုင်းထွာမှုအပေါ် အခြေခံပြီး ထုတ်ပြန်ချက်အရ နောက် ၁၂ နာရီအတွင်း မုန်တိုင်းဝင်နိုင်သည်ဟု ဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း တည်ဆောက်မဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ Earthrights International-ERI လို့ ခေါ်တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။

ဒီစီမံကိန်းကြီးကို တရုတ်အစိုးရက အမေရိကန်ဒေါ်လာ သန်း တထောင့် ၄ ရာကျော် အကုန်အကျခံပြီး ၂၀၁၃ ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး စုစုပေါင်း၂,၃၈၀ ကီလိုမီတာ ရှည်လျားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်မဲ့ စီမံကိန်းတလျှောက်မှာ မြေယာ အဓမ္မသိမ်းယူမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီးကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ERI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ တရုတ်အစိုးရရဲ့ ဒီပိုက်လိုင်းစီမံကိန်းကြီးမှာ တနှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်း အတင်အချ ပြုလုပ်နိုင်မဲ့ ရေနက် ဆိပ်ကမ်းတခုနဲ့ ဆီသိုလှောင်ကန်တခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တည်ဆောက်မဲ့ စီမံကိန်းတခုလည်း ပါဝင် ပါတယ်။ တရုတ်အစိုးရဟာ ဒီရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရေနံနဲ့ ဓာတ်ငွေ့တွေကို သယ်ယူဖို့ စီစဉ်ထားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာမဲ့ မြန်မာပြည်သူတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှစ်တနှစ် ဖြစ်ပါစေ

အာဏာမဲ့ မြန်မာပြည်သူတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှစ်တနှစ် ဖြစ်ပါစေ ခုအချိန်မှာ မြန်မာနိုင်ငံအတွင်းမှာ တချို့တက်ကြွလှုပ်ရှားတဲ့သူတွေက လူထုအုံကြွမှုတွေအတွက် ကြိုးပမ်းနေကြ တာတွေကိုလဲ ကြားသိနေရပါတယ်။ ဒါပေမယ့် စိတ်ခံစားချက် တခုတည်းနဲ့ မလုပ်မိဖို့ လိုပါတယ်။ ဒီနှစ်ဟာ မြန်မာပြည် အပြောင်းအလဲအတွက် တော်တော်အရေးကြီးတဲ့ နှစ်တနှစ်ပါ။ စိတ်ခံစားချက်တခုတည်းနဲ့ မလုပ်မိဖို့ပြောရခြင်း အကြောင်း အရင်း (၂) ချက်ရှိပါတယ်။ ပထမအကြောင်းရင်းက ခုအချိန်မှာ နိုင်ငံတကာအာရုံစိုက်နေတဲ့အရာက အရှေ့အလယ်ပိုင်း နဲ့ အာဖရိကတိုက်က တ ချို့နိုင်ငံတွေပဲ ဖြစ်ပါတယ်။ လစ်ဗျားကို စစ်ရေးအရ ၀င်တိုက်တဲ့အချိန်မှာ တရုတ်ရော၊ ရုရှားပါ မဲမပေးဘဲ နေခဲ့ပါတယ်။ တူနီးရှားက စခဲ့တဲ့ စံပယ်ဖြူတော်လှန်ရေးဟာ တရုတ်မှာလဲ အစပျိုးခဲ့ပါတယ်။ ဒါကြောင့် မြန် မာပြည်မှာ လူထုအုံကြွမှု ဖြစ်လာခဲ့ရင်တောင် သူတို့က စစ်အစိုးရဘက်က ကာကွယ်ပေးမယ့် သဘောရှိနေပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်း ကို ပြန်လည်ပုံဖော်နေရတဲ့ အမေရိကန်၊ ဥရောပတွေရဲ့ အခန်းကဏ္ဍကိုလဲ ထည့်တွက်ထား ဖို့လိုပါတယ်။ ဒါက မြန်မာ ပြည်အရေးမှာ ဆက်စပ်နေတဲ့ နိုင်ငံကြီးတွေနဲ့ ပတ်သက်ပြီးတော့ စဉ်းစားချက်တခုပါ။ ဒုတိယတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တက်လာတဲ့ အစိုးရနဲ့ စကားပြောမယ်ဆိုတဲ့ သဘောထားတခုလဲ ရှိနေပါသေးတယ်။ ဒါကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ ကိုယ့်ဘက်က ကမ်းလှမ်း ထားပေမယ့် သူတို့ဘက်က ဘာတခုမှ မတုန့်ပြန်ရင် ဘာလုပ်မလဲ၊ ဒီအတိုင်းပဲ အချိန်အကန့်အသတ်မရှိ ဆက်ပြီးတော့ ကမ်းလှမ်းနေမှာလား။ ဒါမှမဟုတ် ကမ်းလှမ်းတာကို လက်ခံတယ်၊ ဒါပေမယ့် သူတို့ဘက်က ရေရာသေချာတဲ့ ပြောဆို တုန့်ပြန်မှု ဘာတခုမှ မရှိဘဲ အချိန်ဆွဲကစားနေရင် လိုက်ပြီးတော့ မျောလိုက်နေမှာလား။ ဒါတွေကို ကြိုတင်စဉ်းစားထား ဖို့ လိုပါတယ်။ ဒါကြောင့် တက်လာတဲ့အစိုးရနဲ့ စကားပြောဆွေးနွေးမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် အချိန်အကန့်အသတ် တခုထားဖို့ တော့ လိုပါလိမ့်မယ်။ ဘယ်လောက်ကြာကြာ စောင့်ဆိုင်းမလဲ။ စောင့်ဆိုင်းလို့ ဘာတခုမှ အပြောင်းအလဲ ဖြစ်မလာခဲ့ဘူး ဆိုရင် နောက်ဆုံးဘာလုပ်မလဲဆိုတဲ့ အဖြေကိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခုကတည်းကနေ စဉ်းစားထားဖို့ လိုပါတယ်။ ပါတီရပ်တည်ရေးကိုတော့ပေးမယ် ဒါပေမယ့် စည်းရုံးရေးတွေ မလုပ်ရဘူးဆိုရင်ရော ဘယ်လိုစဉ်းစားမလဲ။ ဒါတွေဟာ သိပ်မကြာတော့တဲ့ အချိန်ကာတခုမှာ ဖြစ်ပေါ်လာမယ့် အရာတွေပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်တွေအနေနဲ့လဲ ဒါတွေကို ကြိုတင်စဉ်းစားသုံးသပ် ပြီးလောက်ပြီလို့ ယူဆမိပါတယ်။ နိုင်ငံတကာအခြေအနေကို ထည့်သွင်းစဉ်းစားတာက မြန်မာပြည်ရဲ့ အပြောင်းအလဲ နိုင်ငံတကာက ပိုမိုအာရုံစိုက်ဖို့နဲ့ အ ပြောင်းအလဲဖြစ်လာခဲ့ရင် ဒေသတွင်းနိုင်ငံတွေက ကြိုဆိုထောက်ခံဖို့ ဖြစ်ပါတယ်။ နောက်တခုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တက်လာမယ့် အစိုးရအပေါ်မှာ စကားပြောချင်တယ်ဆိုတဲ့ စဉ်းစားထားချက်အပေါ်မှာ အလေးနက် စဉ်းစား ပေးကြဖို့ ဖြစ်ပါတယ်။ အချိန်ကာလတခု ကျော်လွန်လာပြီးတဲ့နောက် တိုးတက်လာမယ့် အရိပ်လက္ခာမတွေ့ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူလူထုဘ၀ လွတ်မြောက်ဖို့အတွက် လူထုတိုက်ပွဲဖော်ဆောင်ဖို့ ဆုံး ဖြတ်ရမှာပါ။ မဆုံးဖြတ်ဘူးဆိုရင်လဲ ပြည်သူလူထုက ဆုံးဖြတ်အကောင်အထည်ဖော် တိုက်ပွဲဝင် သွားကြရတော့မှာပါ။ ပြည်သူတိုင်း လိုက်ပါဆောင်ရွက်နိုင်တဲ့ လူထုတိုက်ပွဲနည်းနာမျိုးစုံကို သုံးပြီးတော့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ လူထုအာ ဏာတရပ်ကို ထူထောင်နိုင်ပါမှ အာဏာရှင်တွေကို ရဲရဲရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါအတွက် ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်သားဖို့ လိုအပ်ပါတယ်။ ရရင်ရ မရရင်ချ ဆိုတဲ့ ဗိုလ်ချုပ်နည်းကို လိုအပ်ရင် ပြန်လည် စွဲကိုင်သင့်ပါတယ်။ တနှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်လို့ ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိစကားဟာ မြန်မာပြည်သူတွေအတွက် ခွန်အားတွေ၊ ညီညွတ်မှုတွေ၊ မျှော်လင့်ချက်တွေ ဖြစ်လာခဲ့ရသလို၊ မနက်ဖြန် ဗမာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက် စေရမယ်လို့ ကြွေးကြော်နိုင်ခဲ့မယ်ဆိုရင် အာဏာမဲ့ မြန်မာပြည်သူတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နေ့တနေ့ ဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာက ဖြစ်နိုင်မယ်ဆိုရင်တော့ဆိုတဲ့ ဆန္ဒသာ ဖြစ်ပါလိမ့်တယ်။ ဒါပေမယ့် သတ် မှတ်၊ မျှော်လင့်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာတခုမှာ မြန်မာပြည်အပြောင်းအလဲကို မြန်မာပြည်သားတွေကပဲ ပြောင်းလဲပေးသွားမယ်လို့ ယုံကြည်ပါတယ်။ အဲဒီအချိန်ဟာ အာဏာမဲ့ မြန်မာပြည်သူတွေအတွက် ကြီးကျယ်မြင့်မြတ် တဲ့ နှစ်တနှစ်ဖြစ်နေအုံးမှာပါ။ ကျော်မိုးဝေ မတ်လ (၂၉) ရက်၊
၂၀၁၁။

http://www.naytthit.net/?p=11328

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ( ဒေါ်အောင်ဆန်းစုကြည်)

နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ " အားလုံးဟာ နိုင်ငံရေးပဲ။" ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ။ ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့ လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို သိပ်မခံချင်ဘူး။ ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။ ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ် ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။ ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့ ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။ ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့ မလုပ်နဲ့။ အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။ အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။ ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး။ လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး။ လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။ လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။ ကျွန်မတို့ တိုးတက်ရေးအတွက်၊ ကိုယ့်ရပိုင်ခွင့်တွေကို လိုချင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ကိုယ့်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တွေ ရအောင်လို့ ကျွန်မတို့ လုပ်ပေးရမယ်။

အပြည့်အစုံသတင်းဖတ်ရန်....

အနူလက်နဲ့ ရွေခွက်ကိုင်

မင်းသားဝီလျှံ ၏ မင်္ဂလာပွဲ ကို တက်ရောက်ရန် ဗိုလ်ချုပ်မှုးကြီး မိသားစု ပြင်ဆင်နေ March 29, 2011 FNG ဧပြီလ ၂၉ ရက်နေ့  တွင် ကျင်း မည့် အဲလိဇဘက် ဘုရင် မကြီး ၏ မြေးတော် ဝေလ မင်းသား ၀ီလျှံ နှင့် ၎င်း ၏ ကြင်ယာဘက် ကိတ် မီဒယ်(လ)တန် တို့ ၏ လန်ဒန် ၀တ်မင်စတား အက်ဘီ ဘုရား ကျောင်း ဉ် ကျင်းပမည့် စုလျှား ရစ်ပတ် လက် ထက် မင်္ဂလာ အခမ်း အနား ကို မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ မိသားစု ၀င် တစ်ဦးဦး က လန်ဒန် ရှိ မြန်မာ သံရုံး ၀န်ထမ်း အနေဖြင့် တက်ရောက် မည် ဟု နိုင်ငံခြား ရေး ၀န် ကြီး ဌာ န မှ အမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။ “ပုံမှန် အားဖြင့် ဆိုရင်တော့ Royal Wedding ပေါ့၊ ဘုရင်း အချင်းချင်း၊ တော်ဝင်မျိုးရိုး၊ မင်းမျိုး မတ်နွယ် တွေ ကိုပဲ ဘုရင် မကြီး ရဲ့ အိမ်တော် ကဖိတ် မှာ ပေါ့၊ စပိန် ဘုရင် တို့ ၊ ဂျပန် ဘုရင် တို့  ထိုင်း ဘုရင် တို့ ၊ အခု အစိုးရက နေ သံ ရုံး ကို ဖိတ်တာ ပေါ့ ။ လူဦးရေ အကန့် အသတ် နဲ့  ဖိတ်တာ။ အဲဒါ ကို ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့ သမီး က တက်ချင်တယ် ဆို လို့  လန်ဒန် သံရုံး လည်း ခေါင်းစား နေတယ် ” လို့  ပြောပါတယ်။

ကိတ်မီဒယ်တန် အား ပါပါရာဇီ တို့ က သူမ၏ ယောက္ခမကြီး ဒိုင်ယာနာထက် ပို၍ အာရုံကျနေသည်။ ဝေလ မင်းသား သည့် ၁၉၉၇ ခုနှစ် သြဂုတ် လ ၃၁ ရက်နေ့ က မော်တော်ကား တိမ်းမှောက်မှု ဖြင့် ကွယ်လွန် သွား ခဲ့သည့် ဒိုင် ယာနာ နှင့် ဝေလ မင်း သား ချားလ် တို့ ၏ အကြီး ဆုံးသား ဖြစ်ပြီး ၁၉၈၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ တွင် မွေးဖွား ခဲ့သည်။ ၀ီလျှံ နှင့် ကိတ်မီဒယ်(လ)တန် တို့ သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် စေ့စပ် ခဲ့ကြသည်။ မင်းသား ၀ီလျှံ သည် ဗြိတိသျှ နန်းညွှန့် နန်းလျှာ ကို ဆက်ခံ ရန် အတွက် ဖင်ဖြစ်သူ ထက် ရေပန်းစားနေ သည်။ ဝေလ မင်းသား နှင့် ဒိုင်ယာ နာ တို့  မင်္ဂလာ ဆောင် စဉ်က သတင်းများ ကို မြန်မာ့ ရေဒီယို နှင့် သတင်း စာများ တွင် ဖော်ပြရန် အတွက် သမ္မတ ဦးနေ၀င်း ထံ ခွင့်တောင်း ခံခဲ့ရသည်။ ဦးနေ၀င်းသည် ဝေလမင်းသား ၏ မင်္ဂလာ ဆောင် ကို ဖိတ်ကြား ခြင်း မခံ ရသော် လည်း ထို နှစ် တွင် အင်္ဂလန် နိုင်ငံ ကို သွားရောက် လည်ပတ် ခဲ့ရာ ထိုအချိန်က ၀န်ကြီး ချုပ် ဖြစ်သည့် မာဂရက် စသက်ချာ ၏ လက်ထောက် တစ်ဦး နှင့် တွေ့ ဆုံခဲ့သည်။ မြန်မာ စစ်ခေါင်း ဆောင် ၏ မိသားစု သည် အနောက် နိုင်ငံ မှ တော်ဝင် မိသားစု များ ကို အားကျပြီး ပဒေသရာဇ် ရူး ရူး နေ သူများ ဖြစ်သည်။ဗိုလ်ချုပ်မှုး ကြီး သန်းရွှေသည် ၎င်း ၏ သမီး တစ်ဦး ၏ လက် ထပ်မင်္ဂလာ အခမ်းအနား အား ငွေကြေး မြောက်မြား စွာ အကုန် အကျ ခံပြီး မင်္ဂလာ ဆောင် ခဲ့ရာ စိန် စီသော ည အဖြစ် နာမည် ကြီးသည်။ ၎င်း၏ သားမက် ဖြစ်သူ ဦးတေဇ သည် ချားလ်မင်း သား ဆွစ်ဇာလန် တွင် နှင်း လျှော စီးသည် ကို အား ကျပြီး ပူတာ အို ဉ် နှင်းလျှောစီး ရာ ရဟတ်ယာဉ် ပျက်ကျပြီး ပေါင်ကျိုးခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

သေနတ်မပါတဲ့ (၆၆) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား

၆၅ နှစ်မြောက်နဲ့ (၆၆ )နှစ်မြောက် ဘာတွေကွာတယ်သာကြည့် ခုတော့ ပါလေရာ မင်းသားကြီး က ဘယ်လှိုင်ခေါင်းထဲ ပုန်းနေလေပြီမသိ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, March 29, 2011

အုပ်ချုပ်သူကလဲ တမျိုး အိမ်နီးချင်းနိုင်ငံတွေကလဲ မကောင်းတော့ ပြည်သူတွေ ခမျာ

အပြည့်အစုံသတင်းဖတ်ရန်....

ကိုယ့်အသက်ကိုယ့် ဖက်နဲ့  ထုပ် ထားရတဲ့ ခေတ်မှာ အားကိုးစရာ အစိုးရရယ်လို့  မရှိ

ရှမ်းပြည် ငလျင်ဘေးသင့်သူတွေ ရေနဲ့ နေရေး အခက်တွေ့
By နော်ရှိုး တနင်္လာ, 28 မတ် 2011

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်အားပြင်း မြေငလျင်ဒဏ် သင့်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းက ကျေးရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေတွေ၊ ယာယီနေထိုင်စရာ အထောက်အပံ့တွေ အရေးတကြီး လိုနေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မနေ့ကအထိ နောက်ဆက်တွဲ မြေငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေကြဆဲ ဖြစ်ပါတယ်။ မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၇၅ ယောက်ရှိတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပေမဲ့လည်း တကယ် သေဆုံးသူ အရေအတွက်ဟာ အဲဒီထက် ၂ ဆကျော်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့အနီးမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇ ရှိတဲ့ မြေငလျင်ကြီး နောက်ပိုင်း မနေ့ကအထိ နောက်ဆက်တွဲ မြေငလျင် အနည်းဆုံး ၈ ခု လှုပ်ခဲ့ပြီး အခုချိန်အထိ မြေပြိုနိုင်တဲ့ အန္တရာယ်တွေက များနေသေးတယ်လို့ ကုလသမဂ္ဂနဲ့အတူ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေနဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်တဲ့ နောက်ဆုံးအစီရင်ခံစာက ပြောပါတယ်။ ဒါကြောင့် ဒေသခံ ပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြဆဲ ဖြစ်သလို ပုံမှန်အားဖြင့် ရောင်းဝယ်ဖောက်ကားမှု များတဲ့ တာချီလိတ်မြို့မှာ ဆိုရင်လည်း ဈေးဆိုင်တွေ ပိတ်ထားဆဲ ဖြစ်တယ်လို့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“အရောင်းအ၀ယ် ဘာမှမလုပ်ကြဘူး။ ပိုက်ဆံရှိတဲ့ သူတွေကလည်း ခြံတွေ ဘာတွေထဲမှာ တဲထိုးပြီး သွားနေကြတာပေါ့။ ဆိုင်တို့၊ တိုက်တို့ အကုန်လုံး ပိတ်ပြီး ဆင်းသွားကြတယ်။ လမ်းဘေးတို့၊ လယ်ကွင်းတို့ အဲဒီမှာ တဲတွေထိုးပြီး နေကြရတယ်။ အာဏာပိုင်တွေက ထိုးပေးတာပေါ့၊ တဲတွေဘာတွေ။ တဲဆိုတာ မိုးကာလေး ၁၀ ပေလောက်ကို အပေါ်က မိုးပေးတာပဲ ရှိတယ်။ အောက်ကတော့ ကိုယ့်ဟာကို ဖျာလေးဘာလေးနဲ့ နေရတာပေါ့။ မဖြစ်တဲ့သူတွေပဲ ထွက်ပြီးတော့ ဈေးရောင်းကြတာကိုး။”

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒေသတွေကတော့ လူဦးရေ စုစုပေါင်း ၁၅,၀၀၀ လောက် နေထိုင်ကြတဲ့ တာလေမြို့နဲ့ မိုင်းလင်းကျေးရွာတို့ ဖြစ်ပါတယ်။ အပျက်အစီးတွေကြား အသက်ရှင် ကျန်ရစ်နေနိုင်ဖွယ် ရှိသူတွေ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေထက် ဒေသခံ စေတနာ့ဝန်ထမ်းတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက အဓိကထား ဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာနက ဦးအေးဝင်းက ပြောပါတယ်။

“ဒေသခံတွေ အဲဒီမှာရှိတဲ့ အစိုးရ အဖွဲ့အစည်းတွေက လုပ်တာ။ UN က ယန္တရားတွေက ချက်ချင်း မရှိသေးဘူး။ အဲဒီဒေသမှာရှိတဲ့ ယန္တရားတွေ အင်အားက အဲဒီမှာရှိတယ်။”

မြေငလျင်ကြီးလှုပ်ပြီး ၄ ရက်အကြာ ဒီနေ့အထိ အပျက်အစီးတွေကြားက အသက်ရှင် ကျန်ရစ်နေသေးသူ ဘယ်နှစ်ဦး ပြန်တွေ့ခဲ့သလဲ၊ ဘယ်နှစ်ယောက်လောက် ရှိနိုင်ဦးမလဲ ဆိုတာကိုလည်း ကုလသမဂ္ဂ အပါအ၀င် ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။

မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ ဒါကို သီးခြား အတည်မပြုနိုင်သေးပါဘူး။ အစိုးရနဲ့ ကုလသမဂ္ဂက မနေ့ကအထိ ထုတ်ပြန်တဲ့ တရားဝင် စာရင်းတွေ အရတော့ သေဆုံးသူ ၇၄ ဦးနဲ့ ဒဏ်ရာရသူ ၁၂၅ ဦးလို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ လူနေအိမ်ခြေပေါင်း ၃၀၅ လုံး ရှိသွားပြီဖြစ်ပြီး ခရစ်ယာန် ဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အပါအ၀င် ဘာသာရေး အဆောက်အဦးပေါင်း ၃၀ နဲ့ အစိုးရ အဆောက်အဦး တချို့လည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ တာချီလိတ်၊ တာလေမြို့ တံတားကိုတော့ အခု ယာယီသွားလို့ရအောင် ပြန်ပြုပြင်ထားပြီလို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ပြောပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ်နေတဲ့ ကိစ္စတွေကိုတော့ ကုလသမဂ္ဂ၊ ကြက်ခြေနီ၊ World Vision စတဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ် ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ်နေတာကတော့ သောက်သုံးရေရရှိဖို့ ဖြစ်တယ်လို့ World Vision အဖွဲ့ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ ခရစ်စ် ဟဲရင့်ခ် (Chris Herink) က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“ငလျင်ဒဏ် ခံခဲ့ရတဲ့ ရွာ ၄၀ မှာ ကျနော်တို့ ၀န်ထမ်းတွေကို စေလွှတ်ထားပါတယ်။ ကျနော်တို့ရဲ့ ဆန်းစစ် လေ့လာချက်အရ အဓိက အရေးတကြီး လိုအပ်နေတာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေကို ရနိုင်ဖို့နဲ့ ယာယီနေထိုင်ဖို့အတွက် တာပေါ်လင်တွေပဲ ဖြစ်ပါတယ်။”

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အကူအညီ တောင်းခံချက်အရ မနေ့က အထိတော့ World Vision က ရေသန့်စင်တဲ့ ဆေးပြားတွေကို ငလျင်ဒဏ်သင့် ပြည်သူ ၄၀,၀၀၀ ကြားမှာ ဝေပေးနိုင်ခဲ့သလို ယာယီတဲဆောက်ဖို့ တာပေါ်လင် ၂,၅၀၀ လောက်ကိုပါ ဝေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် လိုအပ်နေသေးတဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို အနီးအနားမြို့တွေမှာ အလွယ်တကူ ၀ယ်ယူလို့ မရတာက လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတခုလို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

“ပို့ဆောင်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ အခက်အခဲတခုက လိုအပ်တဲ့ ပစ္စည်းတချို့ကို အနီးအနားမြို့တွေဖြစ်တဲ့ တာချီလိတ်၊ ကျိုင်းတုံတို့မှာ ၀ယ်လို့မရတာဘဲ ဖြစ်ပါတယ်။ ဥပမာ အစားအသောက်၊ ဆေးဝါးတွေကို အနီးအနားမှာ ၀ယ်လို့ရပေမဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေ၊ နေရေးထိုင်ရေး ပစ္စည်းတွေကို ရန်ကုန်ကနေ ပို့နေရပါတယ်။ လေယာဉ်နဲ့ မဟုတ်ဘဲ ကုန်းလမ်းနဲ့ဆို ၅ ရက်လောက်တောင် ကြာပါတယ်။”

တာချီလိတ်နဲ့ ကျိုင်းတုံ လေဆိပ်တွေကတော့ မပျက်စီးဘဲ အသုံးပြုလို့ ရနေဆဲပဲလို့ ဆိုပါတယ်။ ရေသန့်စင်တဲ့ ဆေးပြားတွေ၊ ယာယီတဲတွေအပြင် World Vision အနေနဲ့ ကလေးအယောက် ၁၀၀ စီဆန့်တဲ့ ကလေးဂေဟာ ၆ ခုကို ဖွင့်ထားပြီး ဖြစ်တယ်လို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

ဒီကလေးဂေဟာတွေကတော့ ငလျင်ဒဏ်သင့် ကလေးသူငယ်တွေအတွက် လုံလုံခြုံခြုံ နေထိုင်နိုင်ပြီး ကစားနိုင်ဖို့နဲ့ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ဖို့၊ ထိတ်လန့်မှုတွေကို ကျော်လွှားနိုင်ဖို့ ကျွမ်းကျင်တဲ့သူတွေနဲ့ ဖေးမပေးသွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသ ကူညီကယ်ဆယ်ရေးတွေအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကမ်းလှမ်းထားသလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ပေးလှူမယ်လို့ ကမ်းလှမ်းထားပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လစ်ဗျားခေါင်းဆောင် ပျာုးတုတ်ခံနေရ

လစ်ဗျားခေါင်းဆောင် ဇာတိမြို့ကို အတိုက်အခံတွေ ထိုးစစ်ဆင်

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 28 မတ် 2011
သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) ကို ပုန်ကန်နေကြသူတွေဘက်က သမ္မတရဲ့ တပ်တွေကို နိုင်ငံ အနောက်ဘက်ဆီကို ပြန်သွားအောင် တွန်းလှန် တိုက်နေကြတာမှာ မစ္စတာ ကဒါဖီရဲ့ မွေးရပ် ဆတ် (Sirte) မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီမှာ အခိုင်အမာ ခြေကုပ်ယူထားတဲ့ အစိုးရတပ်တွေနဲ့ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အလားအလာ များနေပါတယ်။

လစ်ဗျားအစိုးရ တပ်တွေအပေါ် နိုင်ငံတကာရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို အခွင့်ကောင်းယူပြီး လက်နက်ကိုင် ပုန်ကန်နေသူတွေက ထရီပိုလီ (Tripoli) မြို့တော်ဘက်ကို ရှေ့တိုး တိုက်ခိုက်နေတာမှာ နိုင်ငံတကာရဲ့ လေကြောင်းပျံသန်းရေး ထိန်းချုပ်မှု မလုပ်ခင်က အစိုးရတပ်တွေ ထိန်းထားတဲ့ ဒေသ တော်တော်များများကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သမ္မတကို လက်နက်ကိုင် တော်လှန် ပုန်ကန်နေကြသူတွေဟာ လစ်ဗျားကို တရားဝင် ဦးဆောင်ခွင့် ရှိသူတွေ ဖြစ်တယ်လို့ ဒီကနေ့ ကာတာက အသိအမှတ် ပြုလိုက်တဲ့အတွက် ဒါဟာ အာရပ်နိုင်ငံတွေကြားမှာ ပုန်ကန်နေသူတွေကို ပထမဆုံး တရားဝင် လက်ခံလိုက်တာ ဖြစ်ပါတယ်။ လစ်ဗျားအပေါ် အနောက်နိုင်ငံတွေရဲ့ လေကြောင်းက တိုက်ခိုက်မှုမှာလည်း ကာတာက ပါဝင်နေပါတယ်။

ရေနံထုတ်လုပ် တင်ပို့မှုအတွက် အချက်အခြာကျတဲ့ ဘရီဂါ (Brega) နဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) မြို့တွေ အပါအဝင် နေရာတော်တော်များများကို ပုန်ကန်နေသူတွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ ပူးပေါင်းတပ်တွေက ဆတ်မြို့အပေါ် တနင်္ဂနွေနေ့က ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ထရီပိုလီမြို့တော်အပေါ် တနင်္ဂနွေနေ့ နှောင်းပိုင်းက အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ရန်ကုန်မှာ ဖြစ်ပွား

2011-03-28 RFA

ရန်ကုန်တိုင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ အင်အားစုလို့ နံမယ်ပေးထားတဲ့ အဖွဲ့ဝင် လူငယ်တွေဟာ မတ်လ ၂၄ ၊ ၂၅ ရက်နေ့တွေက ရန်ကုန်မြို့က မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ စာရွက် စာတမ်းတွေကို ဖြန့်ဝေ ကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။
တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့် ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း ဝေဖန်ကြသည်။ (Photo: AFP)

ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က တပ်မတော်သားတွေကို ပြည်သူလူထုနဲ့ အတူ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်တာ ဖြစ်ကြောင်း လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တဦးက အခုလို ပြောပြပါတယ်။

“လှုပ်ရှားမှုကို လုပ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ရေးနေ့မှာ တပ်မတော်သားတွေ အနေနဲ့ ပြည်သူလူထုတွေနဲ့အတူ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်း ဆန့်ကျင်ပေးဖို့ပဲ ဖြစ်ပါတယ်။ အခု အရှေ့အလယ်ပိုင်း ဒေသတွေ ဖြစ်နေတဲ့ ဒီမိုကရေစီ တော်လှန်ရေးတွေမှာ အဲဒီ တိုင်းပြည်မှာ ရှိတဲ့ တပ်မတော်သားတွေက ပြည်သူလူထုတွေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အာဏာရှင်စနစ်တွေကို ဆန့်ကျင် လှုပ်ရှား ဆောင်ရွက်ခဲ့တာဟာ တနိုင်ငံပြီး တနိုင်ငံ ကူးစက်ပြီးတော့ အောင်မြင်မှုတွေ ရရှိနေတာကို ကျွန်တော်တို့ တွေ့နေရပြီ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဗမာနိုင်ငံမှာလည်း ဒီ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းသွားဖို့အတွက် ဆောင်ရွက်တဲ့ နေရာမှာ တပ်မတော်သားတွေအနေနဲ့ အတိုက်အခံ အင်အားစုတွေ၊ ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးဖို့အတွက် တိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။”

အဲဒီလို ဖြန့်ဝေ ကျဲချတဲ့စာရွက်တွေမှာ ‘တပ်နဲ့ပြည်သူ လက်တွဲကူပြီး စစ်အာဏာရှင်ကို ဆန့်ကျင်စို့’ ဆိုတဲ့ စာတမ်းပါ ကာလာစတစ်ကာတွေ ကပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ လှုပ်ရှားမှု လုပ်သွားပုံကို အခုလို ဆက်ပြောပြပါတယ်။

“ရန်ကုန်မြို့လယ်ခေါင်မှာ လူစည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ဒီ အနော်ရထာလမ်း တောက်လျှောက်နဲ့ လမ်း ၄၀ ထိပ်၊ ကုန်ဈေးတန်းထိပ်၊ ဖရေဇာ၊ တောက်လျှောက်တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာရွက်စာတမ်းတွေကို ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။ တချို့ အုပ်စုတွေက တိုက်တွေပေါ်ကနေပြီးတော့ ဒီစာရွက်တွေကို ကြဲချခဲ့တယ်၊ တချို့အုပ်စုတွေကနေ ဘတ်စ်ကားတွေပေါ်ကနေပြီးတော့ စာရွက်တွေကို ပလက်ဖောင်းတွေပေါ်မှာ ကြဲချခဲ့တယ်။”
အဲဒီလှုပ်ရှားမှုတွေကို မြန်မြန်သွက်သွက် လုပ်သွားပြီး ရှောင်တိမ်းခဲ့တဲ့အတွက် တစုံတရာ အနှောင့်အယှက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီရေး တက်ကြွသူ ကျောင်းသား လူငယ်တွေအနေနဲ့ နောင်ကိုလည်း လှုပ်ရှားမှုအမျိုးမျိုး ဆက်လုပ်သွားကြမယ်လို့ ပြောပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, March 28, 2011

ဥသျှောင်နဲ့ထိပ်ပြောင် နိုင်ငံရေး ဖဲရိုက်နေလေသတည်း

မြန်မာနိုင်ငံမှာ မကြာခင် အစိုးရသစ် ဖွဲ့စည်းဖွယ်ရှိ By ကျော်ကျော်သိန်း တနင်္လာ, 28 မတ် 2011 လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အဆုံးသတ်မယ့်ရက်နဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတာတွေ၊ အစိုးရသစ် ဖွဲ့စည်းတာတွေ အပြီးသတ် လုပ်ဆောင်မယ့် ရက်တွေကို အတိအကျ မကြေညာပေမဲ့ အစောဆုံး ဒီတပတ်ထဲမှာ အစိုးရ ဖွဲ့စည်းတာ အပြီးသတ်လိမ့်မယ်၊ မကြာခင်မှာ အာဏာလွှဲပြောင်းတာ လုပ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကတော့ အကျယ်အပြန့်ကို ထွက်နေပါတယ်။ အစည်းအဝေး တက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်ရဖို့ရက် နီးလာတာကို ပြတဲ့ အခြေအနေတွေကိုလည်း တွေ့လာကြရတာကြောင့် မကြာခင် ပြီးဆုံးတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ပိုပြီး ခိုင်မာလာပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။ မတ်လ ၂၈ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးတာတွေ၊ အဆိုတင်သွင်းတာတွေ ပုံမှန်အတိုင်းပဲ ရှိခဲ့ပေမဲ့ မတ်လ ၂၉ ရက် အင်္ဂါနေ့ အစီအစဉ်မှာ မေးခွန်းမေးတာ၊ တင်သွင်းထားတဲ့ အဆိုတွေကို ဆွေးနွေးတာမျိုးတွေ မပါတော့တဲ့အတွက် မတ်လ ၃၀ ရက်နေ့ကျရင် လွှတ်တော်မှာ ဘာလုပ်မယ် ဆိုတာကို ခန့်မှန်းရ ခက်သွားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဗွီအိုအေကို ရှင်းပြပါတယ်။ “မနက်ဖြန်ပေးတဲ့ အစီအစဉ်မှာ အဆိုသစ်တွေ တင်မယ်ဆိုရင် ညီလာခံက လက်ခံသင့်၊ လက်မခံသင့်၊ နောက်တနေ့မှာ ဒီအဆိုသစ်နဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်၊ ပြည်ထောင်စုအဆင့်က ဆွေးနွေးမယ်ပေါ့ဗျာ၊ အဲဒီလို ပရိုစီဂျာ သွားနေတာပေါ့။ ဒါပေမဲ့ မနက်ဖြန်မှာ အဆိုသစ် တင်တာတွေ မရှိတော့ဘူး။ သန်ဘက်ခါမှာ ဒီအဆိုသစ်နဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေလည်း မရှိတော့ဘူး။ ပြည်ထောင်စုအဆင့် ဆွေးနွေးတာလည်း မရှိတော့ဘူးပေါ့။ “မနက်ဖြန် အစီအစဉ်ကို ကြည့်ပြီး သန်ဘက်ခါ အစီအစဉ်ကို ခန့်မှန်းလို့ မရဘူးပေါ့။ ပုံမှန်ဆိုရင် မနက်ဖြန် အစီအစဉ်မှာ အဆိုသစ်တင်တာ ရှိရင် သန်ဘက်ခါမှာ အဲဒီအဆိုသစ်ကို ဆွေးနွေးတာ ဖြစ်ရမယ်လေ။ မနက်ဖြန်မှာ အဆိုသစ်တင်တာ မရှိတဲ့အတွက် သန်ဘက်ခါ အစီအစဉ်က ကျနော်တို့ ခန့်မှန်းလို့မရ ဖြစ်သွားပြီပေါ့။” သမ္မတနဲ့ ဒုတိယ သမ္မတတွေ ကျမ်းသစ္စာ ကျိန်ဆိုတာ၊ အတည်ပြုထားတဲ့ ၀န်ကြီးတွေကို ၀န်ကြီးဌာနတွေနဲ့ တွဲဖက် တာဝန်ပေးတာ၊ ဒုတိယ၀န်ကြီးတွေကို ခန့်ထားတာ စတဲ့လုပ်ငန်းတွေ အားလုံးပြီးမှပဲ အခုလက်ရှိ စစ်ကောင်စီကနေ နောက်အစိုးရအဖွဲ့ လက်ထဲ အာဏာလွှဲပြောင်းတာတွေ ပြီးဆုံးမယ်လို့ ဆိုရမှာပါ။ ဒုတိယ၀န်ကြီးတွေ ခန့်ထားပြီးပြီဆိုတဲ့ သတင်းတွေ ထွက်ပေမဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ အပြင်ဘက်မှာ ခန့်မှန်း ပြောဆိုနေတာတွေ ကျယ်ကျယ်ပြန့််ပြန့် ရှိသလို လွှတ်တော်အစည်းအဝေး ကျင်းပနေရာ နေပြည်တော် အ၀န်းအ၀ိုင်းမှာလည်း ကြားနေရတယ်လို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ “၃၀ ရက်နေ့ကို ကျမ်းသစ္စာ ကျိန်ဆိုမယ်။ အခုလက်ရှိလည်း ဒု-၀န်ကြီးတွေက လွှတ်တော်မှာ လေ့လာသူ၊ ဧည့်သည်တော် အနေနဲ့ တက်ရောက်နေတာ ရှိပါတယ်။ ကျနော်တို့ အပေါ်ထပ်မှာ ဧည့်သည်တော်များ ဆိုပြီး ပြောနေကြတာကိုး။ အပေါ်ထပ်က ဧည့်သည်တွေက ဘယ်သူတွေလဲဆိုတော့ အရင်တုန်းကတော့ ဒုတိယ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးကြီးတွေ လာလေ့ရှိတယ်။ ဒီနေ့တော့ အပေါ်ထပ်က ဧည့်သည်တော်တွေက ဒု-၀န်ကြီးတွေဆိုတာ လက်ရှိ ဒု-၀န်ကြီးတွေကို ပြောတာလား၊ နောက် ဒု-၀န်ကြီးကို ပြောတာလား မသိပါဘူး။ သူတို့က ဧည့်သည်အဖြစ် တက်နေတာတော့ အပေါ်မှာ တွေ့ရပါတယ်။” လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အပြန်လမ်းစရိတ်နဲ့ လစာချီးမြှင့်ငွေကို မတ်လ ၂၈ ရက်နေ့မှာပဲ ထုတ်ပေးလိုက်တဲ့အတွက် အစည်းအဝေးတွေ ပြီးတော့မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုပြီး ခိုင်မာသလို ရှိလာပါတယ်။ မတ်လ ၂၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အာဆီယံ ပါလီမန်များ ညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ လွှတ်တော်မရှိတဲ့အတွက် အဲဒီ အာဆီယံ ပါလီမန်များ ညီလာခံမှာ လေ့လာသူ အဖြစ်နဲ့ပဲ တက်ရောက်ခဲ့ရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

တော်လှန်ရေး..ဘာလည်း

တပ်မတော်နဲ့ ပြည်သူ တသားတည်းစည်းလုံးရေး ၂၀၁၁ ခုနှစ် တော်လှန်ရေးနေ့အထိမ်းအမှတ် ဒေါ်အောင် ဆန်းစုကြည်၏ မိန့်ခွန်း ၂၇ မတ် ၂၀၁၁ -
တပ်မတော်တခုဟာ ကိုယ် လုပ်တဲ့ အလုပ်ကို ကျွမ်းကျင်ရမယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို လေးစားရမယ်။ ကိုယ်လုပ်တဲ့ အလုပ် ကို တန်ဖိုးထား ရမယ်၊ ဒီတော့ ပထမဦးဆုံး ကိုယ် လုပ်တဲ့ အလုပ်က ဘာလဲဆိုတာ နား လည်ရ မယ်၊ အဲဒီတော့ တပ်မတော် ကောင်းတခုဆိုလို့ရှိရင်တကယ်တော့ စစ်တိုက်ဖို့ သင်ထားပေမယ့် ဒီ စစ်တိုက်တာ ဘာဖြစ်လို့ တိုက်ရသလဲဆိုတာ နားလည်ရမယ်၊ ပြီးတော့ မျိုးချစ်စိတ်ကို အခြေခံပြီးတော့ တိုက်ရမယ်၊ ကာကွယ်သင့်တဲ့ လူတွေကို ကာကွယ် နိုင်အောင်လို့ တိုက်ရမယ်၊ တခြားလူတွေကို သတ်ချင်လို့။ ဖြတ်ချင်လို့ မဟုတ်ဘူး။ အမုန်းတရားကို အခြေခံပြီးတော့ တိုက်ရမှာ မဟုတ်ဘူး။ မေတ္တာတရားနဲ့ တာဝန်ကို အခြေခံပြီးတော့ တိုက်ရမှာဆိုတာ အဲဒါကို နားလည်ရမှာ ဖြစ်ပါတယ်၊ အဲဒါကြောင့်မို့လို့ ကျမတို့အခုဆိုလို့ရှိရင် Proffessional Army ပေါ့နော် ကိုယ့်ရဲ့ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် ခေတ်မီမီ လုပ်နိုင်တဲ့ တပ်မတော်တခုရဲ့ လိုအပ်ချက်ဟာ ယုံကြည်ချက်နဲ့ မူပဲဖြစ်တယ်၊ မူတခု ရှိရမယ်၊ ငါတို့ ဘာအတွက် တပ်မတော် ဖွဲ့ထားတာလဲ။ ငါတို့တိုင်းပြည်ရဲ့ ကောင်းစားရေးအတွက် ဖွဲ့ထားတာ။ ငါတို့လူမျိုးကို ကာကွယ်ဖို့အတွက် ဖွဲ့ထားတာ အဲဒါကို အခြေခံတခုအနေနဲ့ နားလည်အောင်။ နောက်ပြီးတော့ ယုံကြည်ချက်ရှိရမယ်။ ဒီလို လုပ်သင့်တယ်။ ဒီလို လုပ်မှသာ ဒီတိုင်းပြည်အတွက် ကောင်းနိုင်တယ်။ တပ်မတော်အတွက်လည်း ကောင်း နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိရမှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျမတို့က တပ်မတော်ကို ဒီလိုအဆင့်ကို မြင့်ပြီးတော့ တက်သွားစေချင်တယ် ဆိုတာ တပ်မတော်နဲ့ ပြည်သူကြားမှာ ပိုပြီးတော့ တဦးနဲ့တဦး ယုံကြည်မှုရှိဖို့။ တဦးနဲ့တဦး နားလည်မှုရှိဖို့။ တပ်မတော်ဟာ ငါ့တို့ တပ်မတော်လို့ ပြည်သူတွေက စိတ်ထဲမှာ ထင်နိုင်သလို တပ်မတော်ကလည်း ပြည်သူတွေဟာ ငါ့တို့ ပြည်သူတွေဆိုတဲ့စိတ်ကထားနိုင်ရမယ်၊ ဒါ အပြန်အလှန်ပေါ့ အပြန်အလှန် မေတ္တာထား နိုင်ရမယ်၊ အပြန်အလှန် ယုံကြည်မှု ထားနိုင်ရမယ်၊ ဒီလို တပ်မတော်တခု ဖြစ်ဖို့ ဆိုတာဟာ ကျမတို့မှာ မှန်ကန်တဲ့ နိုင်ငံရေး စနစ်တခုလည်း လိုပါတယ်၊ နိုင်ငံရေးစနစ် တခုလုံးကိုက တပ်မတော်ဟာ ပြည်သူကို အလုပ်အကျွေးပြုဖို့ဆိုတဲ့ ခံယူချက်ပါနေရမယ်၊ တပ်မတော်ကလည်း ပြည်သူကို အလုပ်အကျွေးပြုတယ်ဆိုတာဟာ အင်မတန်မှ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စ။ အင်မတန်မှ တန်ဘိုးရှိတဲ့ ကိစ္စဆိုတာကို စွဲစွဲမြဲမြဲယုံကြည်ရမယ်၊ ဒီလို ကျမတို ရှေ့ကို ဆက်ပြီးတော့ သွားနိုင်မယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ ပြည်သူတွေရော တပ်မတော်သားတွေရော အားလုံးဟာ ဂုဏ်သိက္ခာလည်းရှိမယ်၊ ပိုပြီးတော့လည်း တိုးတက်နိုင်တယ်။ ပိုပြီးတော့လည်း ဖွံ့ဖြိုးနိုင်မယ်၊ နောက်ထပ်တလဲလဲ ကျမသတိပေးလာတဲ့ ကိစ္စက တပ်မတော်သားတွေဟာ ပြည်သူတွေထဲက ပေါက်ဖွားလာတာပါ၊ ဒီတော့ တပ်မတော်နဲ့ ပြည်သူဆိုတာ တကယ်တော့ ခွဲခြားလို့ မရပါဘူး၊ ခွဲခြားပြီးတော့ ကျမတို့ဟာ မြင်လို့ရှိရင် တခုခုတော့ ဖြစ်နေပြီဆိုတာ။ တခုခုတော့ မဖြစ်သင့်တာ ဖြစ်နေပြီဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်၊ ဒါကြောင့် တသွေးတည်း တသားတည်း ဖြစ်အောင်လို့ ဆိုရင် ပြည်သူ သည်သာ တပ်မတော်အတွက် မဟုတ်ဘဲနဲ့ တပ်မတော်ဟာ ပြည်သူအတွက် ဆိုတာကို နံပါတ်တစ် ရှေ့တန်းတင် ရပါမယ်၊ ဒီလို ကျမတို့ လုပ်နိုင်လို့ရှိရင် ကျမတို့နိုင်ငံဟာ မကြာခင်မှာ အင်မတန်မှ တိုးတက်လာနိုင်မယ်လို့ ကျမတို့ယုံကြည်ပါတယ်၊ ဒါကြောင့်မို့လို့ အခု တော်လှန်ရေးနေ့မှာ ဆင်ခြင်စေချင်ပါတယ်၊ တော်လှန်ရေးနေ့ဆိုတာ ဘာဖြစ်လို့ ပေါက်ဖွားလာခဲ့ရတာလဲ၊ ကျမတို့ဟာ ပြည်သူကိုဖိနှိပ်တဲ့ ကျမတို့နိုင်ငံအပေါ် ဖိနှိပ်နေတဲ့ သူတွေကို လက်မခံချင်လို့ တပ်မတော်ရော ပြည်သူရော အားလုံးပေါင်းပြီးတော့ ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့တာပါ၊ အဲဒီတော့ တော်လှန်ရေးနေ့မှာ ကျမတို့ဟာ မတရားမှုတွေကို တော်လှန်တယ်လို့လည်း ပြောလို့ ရပါတယ်၊ ဒါကြောင့်မို့လို့ အခုဆိုလို့ရှိရင် တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ ခေါ်တယ်ဆိုတော့ တပ်မတော်ကြီးဟာ မတရားမှုတွေအားလုံးကို ဆန့်ကျင်ဖို့ဆောင်ရွက်သွားရမယ့် တပ်မတော်တခု ဖြစ်ပါတယ်၊ ပြည်သူ့အကျိုးကို ဆောင်ရွက်သွားမယ့် တပ်မတော်တခုဖြစ်ဖို့လိုပါတယ်၊ ဒီလို ကျမတို့ လုပ်နိုင်ဖို့ဟာ ပြည်သူတွေ အားလုံးမှာလည်း တာဝန်ရှိသလို တပ်မတော်သားအားလုံးမှာလည်း တာဝန်ရှိ တယ်လို့ ကျမပြောချင်ပါတယ်၊ ဒီလို တာဝန်သိသိနဲ့ ဆက်သွားစေချင်ပါတယ်၊ တပ်မတော်ကို ဘာဖြစ်လို့ ဖွဲ့စည်းခဲ့တယ် ဆိုတာလည်း ထပ်တလဲလဲ ပြန်ပြီးတော့ ဆင်ခြင်စေချင်ပါတယ်၊ တပ်မတော်ရဲ့ အနာဂတ်ကို ဘယ်လို ဖြစ်သင့်တယ်ဆိုတာ ထပ်တလဲလဲ ပြန်ပြီးတော့ ဆင်ခြင်စေချင်ပါတယ်၊ ပြည်သူတွေ အားလုံး ယုံကြည် ကိုးစားနိုင်မယ့်။ ချစ်ခင်နိုင်မယ့်။ အားကိုးနိုင်မယ့် တပ်မတော်ကြီး ဖြစ်နိုင်ပါစေလို့ ကျမ ဆုတောင်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

တပ်နဲ့ပြည်သူ

အပြည့်အစုံသတင်းဖတ်ရန်....

ငရုတ်နဲ့ပေါင်းလို့ အထောင်းခံရမဲ့ ကြက်သွန်

မြန်မာနှင့် ဆက်စပ်သည့် FIFA ဥက္ကဌစစ်ဆေးခံရဖွယ်ရှိ မင်းနိုင်သူ Monday, 28 March 2011 17:51 မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာကို ဆွစ်ဇာလန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွား ဖွယ် ရှိနေသည်။ Myanmar-Football-Federation-President-Zaw-Zaw-and-FIFA-President-Sepp-Blatter ပြီးခဲ့သည့် မတ်လ ၁၅ ရက်က မန္တလေးမြို့တွင် တည်ဆောက်ထားသော ဘောလုံးအကယ်ဒမီ ကျောင်းဖွင့်ပွဲ၌ ဦးဇော်ဇော်နှင့် အတူတွေ့ရသည့် မစ္စတာ ဘလတ္တာ (ယာဘက် ပန်းကုံးစွပ် ထားသူ) (ဓာတ်ပုံ - Reuters) မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်သည် ဆွစ်ဇာလန်အပါအ၀င် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူခံထားရ သူဖြစ်နေခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် ဆွစ်ဇာလန်အစိုးရက စဉ်းစားနေခြင်းဖြစ်ကြောင်း ဆွစ်ဇာလန် မဂ္ဂဇင်း Woz တွင် ရေးသား ထားသည်။ ဦးဇော်ဇော်သည် ဘောလုံးကွင်းတည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင်ဖြစ်နေရာ FIFA ၏ မြန်မာဘောလုံးအဖွဲ့သို့ ထောက်ပံ့ငွေများသည် မက်စ်ကုမ္ပဏီထံသို့ တဘက် လှည့် စီးဝင်သွားမည့် အလားအလာလည်း ရှိနေ သဖြင့် ယင်းကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဆွစ်ဇာလန် အစိုးရက စိုင်းပြင်းနေခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်အစိုးရသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ အခြေစိုက် FIFA ၏ ရန်ပုံငွေသုံးစွဲမှုနှင့် စီးပွားရေးပိတ်ဆို့မှုများသည် ကမ္ဘာ့ဘော လုံးလောကသို့ပါ သက်ရောက်နိုင်ခြင်း ရှိမရှိ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဆွစ်ဇာလန်အစိုးရ၏ ကနဦးထုတ်ပြန် ချက်တွင် ဖီဖာနှင့်တွေ့ဆုံကာ ယင်းကိစ္စရပ်များကို မေးမြန်းစုံစမ်းရန်လိုအပ်နေပြီ ဖြစ်ကြောင်း ဖော်ပြထား သည်။ အကယ်၍ FIFA ၏ ထောက်ပံ့ငွေများသည် မက်စ်မြန်မာ ကုမ္ပဏီထံ စီးဝင်နေမှုများ တွေ့ရှိရပါက FIFAမှ တာဝန်ရှိသူများသည်ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ သိန်း ၇ သောင်း ဒဏ်တပ်ခံရ မည်ဖြစ်ကြောင်း သိရသည်။ မြန်မာဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇာဏီအောင်က“ FIFA ဥက္ကဌနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျနော်တို့ မဖတ်ရ သေးတော့ ၊ ဒါနဲ့ ပတ်သက်ပြီး တစုံတခု မပြောနိုင်သေးပါဘူး။ ဒီမှာက လည်း သတင်းဆိုက်တွေဖွင့်ဖို့ မလွယ်ပါဘူး။ FIFA ဥက္ကဌ လာစဉ်တုန်းက ကျနော်တို့ ဥက္ကဌ က နောက် ထပ် တောင်ကြီးမြို့မှာလည်း ဘောလုံးအကယ်ဒမီကျောင်း ထူထောင်ဖို့ FIFAက အကူအညီပေးပါလို့ တောင်းခံ ထားတယ်။ FIFAဥက္ကဌကလည်း သူရှိနေစဉ်မှာ အတတ်နိုင်ဆုံး အကူအညီပေးပါမယ်လို့ ပြောသွား ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့ပြီး မန္တလေးမြို့၌ FIFA ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် ဘောလုံးအကယ် ဒမီ သင်တန်းကျောင်းဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် ဦးဇော်ဇော်၏ စီစဉ်ပေးမှုဖြင့် နေပြည်တော်သို့ သွား ရောက်၍ အစိုးရသစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်ကိုလည်း တွေ့ဆုံခဲ့သည်။ ထို တွေ့ဆုံမှုသည် အရပ်သား အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရန်ကုန် သံတမန်အသိုင်းအ၀န်း တွင် ပြောဆိုနေ ကြောင်း မတ်လ ၁၄ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားခဲ့သည်။ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့တွင် ဒု သမ္မတဖြစ်လာမည့် လက်ရှိအတွင်းရေးမှူး ၁ သီဟသူရ ဦးတင် အောင်မြင့်ဦးနှင့် အလွန်ရင်းနှီးသူစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။ ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)အတွက် ရည်ရွယ်ပြီး နေပြည်တော်၌ တည်ဆောက်နေသည့် ဘောလုံးကွင်း၂ ကွင်း နှင့် အားကစားရွာ တည်ဆောက်ခွင့် ကိုပါ ရထားသူဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး စီးပွားရေး ဇုန်ဖြစ်လာမည်ဟု ပြောဆိုနေသည့် ထားဝယ် ရေနက် ဆိပ် ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။ “FIFAဆီက ရထားတဲ့ငွေတွေနဲ့ ဘောလုံး ကွင်းတည်ဆောက်ရေးတွေကိုတော့ မက်စ်မြန်မာကုမ္ပဏီကပဲ ရယူထားတာ အမှန်ပါပဲ။ ဆတ်ဘလတ္တာလည်း ဥက္ကဌ သက်တမ်းကုန်ခါနီးပါပြီ။ FIFAဥ က္ကဌ နေရာအတွက် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာတာနိုင်ငံသား မိုဟာမက် ဘင်ဟမ်မန်က ယှဉ်ပြိုင်ဖို့ရှိနေတယ်။ ဘင်ဟမ်မန်အတွက်ကတော့ ဒီပြဿနာဟာ လက်နက်ကောင်း တခု ဖြစ်သွားနိုင်ပါတယ်”ဟု အားကစား ဆောင်းပါးရှင်တဦးက သုံးသပ်ပြောဆိုသည်။ FIFAဥက္ကဌ ရာထူး ရွေးပွဲကို ယခုနှစ် ဇွန်လတွင် ကျင်းပသွားမည်ဖြစ်သည်။ မစ္စတာ ဘလတ္တာသည် ယခုအခါ အသက် ၇၅ နှစ် ရှိပြီး FIFAဥက္ကဌအဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်သည်။ FIFAဥက္ကဌ ရာထူး ယှဉ်ပြိုင်မည့်သူ စာရင်းကို ဧပြီ ၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ရာ ယခုအချိန်ထိ အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ မိုဟာမက် ဘင်ဟမ်မန် နှင့် လက်ရှိ ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာတို့ နှစ်ဦးသာ စာရင်း ပေးသွင်းထားသေး ကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/6065---fifa--

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, March 27, 2011

ရန်ကုန်က မြေငတ်နေသူ အာဏာရှင်နဲ့ အပေါင်းအပါတစု အကြောင်း

ရွှေပြည်သာက မြေကွက်တွေကို ကြံ့ခိုင်ရေးပါတီက မြို့တော်ဝန်ကြီးကတော့ ပါတီဝင်တွေ၊ သူနဲ့ နီးစပ်သူတွေကို ချပေး နေပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးတင်မောင်ဦး ရဲ့ တောင်းရမ်းပေးမှုကြောင့် ရွှေပြည်သာကွေ့ အမှတ် (၄) လမ်းမပေါ်က မြေကွက်တွေကို ချပေးနေပြန်ပါတယ်။


ဒါပေမယ့် သူထက်ဦးသူလည်း ရှိပါသေးတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းရဲ့သားက နေစရာမရှိလို့ (၆၀) ပတ်လည် မြေကွက် (၅) ကွက်ကို အကောင်းဆုံးနေရာမှာ လက်ဦးမှုယူထားပါတယ်။ သူ့မြေကွက်ဘေးမှာတော့ ရွှေပြည် သာ မယက ဥက္ကဋ္ဌကြီးမြေကွက်၊ ဆက်တိုက်ဆိုသလိုပဲ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူး၊ ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ကြီး ဦးတင်မောင်ဦးကလည်း အားကျမခံပေါ့၊ နောက်တယောက်ကတော့ သူကအမတ်မဖြစ်ခင် စစ်မှုထမ်း ဟောင်း ဥက္ကဋ္ဌလေ၊ ဒီတော့ စစ်မှုထမ်းဟောင်းက ၅ ကွက်ပေါ့ဗျာ။ ဒါတင်ပဲလားဆိုတော့ ရှိသေးတယ်ဗျ ကြံ့ခိုင်ရေးပါတီ ရဲ့ မြို့နယ်ကော်မတီဝင်ကြီး (၇) ဦးက အစဉ်လိုက်။

သူရရွှေမန်းသားမြေကွက်ပေါ်မှာ လက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး မိသားစုဝမ်းရေးဖြေရှင်းနေရသူ ဆိုင်ရှင်လေးခမျာမှာ တော့ တငိုငိုတရီရီနဲ့ပေါ့။ ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကြီးရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ခံစားနေရရှာပါတယ်။ ကိုယ် စားလှယ်ဖြစ်မှ ဦးတင်မောင်ဦး ခမျာ ရွှေတွင်းတွေ၊ ရော်ဘာခြံတွေ၊ မြေကွက်တွေကို လူကြီးတွေပေးသမျှ ယူနေရရှာပါ တယ်။

နိုင်ငံတော်ပိုင် စီးပွားးရေးလုပ်ငန်းမှန်သမျှ အာဏာရှင်တစု ရရှိပိုင်ဆိုင်ရေးဆိုတဲ့ မူဝါဒနဲ့အညီပေါ့လေ။ ဒါပေမယ့် ပြည်သူ တွေနဲ့ သူတို့ဖြီးသမျှ ခံနေရတဲ့ ကြံ့ဖွံ့ပါတီဝင်တွေကတော့ ပြည်သူ့အကျိုးပြုမယ့် ကိုယ်စားလှယ်ကြီးတွေက ပြည်သူတွေ ကို အကျိုးပြုမှာလား၊ ပြည်သူတွေက သူတို့ကို အကျိုးပြုရမှာလား မကွဲပြားပေမယ့်၊ လက်ရှိနေရာရထားတဲ့ လွှတ်တော် အခွင့်အရေး ကော်မတီဝင်ရာထူးနဲ့ လုပ်ရပ်များကိုက်ညီမှုကို လေးစားနေကြပါတယ်။

မယက ဥက္ကဋ္ဌကြီးခမျာလဲ ၀န်ထမ်းဆိုတော့က နေရာမမြဲလို့ သူ့ခမျာ နေစရာအိမ်မ၀ယ်တာပါ၊ ရွှေပြည်သာရောက်မှ (၅) ရပ်ကွက်မှာအိမ် တလုံးဆောက်ဆဲ၊ တခါ (၅) ရပ်ကွက် သံလမ်းဘေးက မြေကွက်တွေမှာ တကွက်အရယူထားတဲ့ အ ပြင်၊ အခု တကွက်ဆိုတော့ ၀န်ထမ်းတွေအပေါ်ထားရှိတဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာကို လေးစားကြည်ညို မဆုံး ဖြစ်နေရှာပါတယ်။

ဥက္ကဋ္ဌရယ် ကြံ့ဖွံ့အတွင်းရေးမှူးရယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရယ်က သူတို့မြေကွက်တွေကို တကွက်ကို သိန်း ၆၀၀ နဲ့ ရောင်းချဖို့ ဈေးခေါ်ထားပြီး စစ်မှုထမ်းဟောင်းတွေနဲ့ ကြံ့ဖွံ့ အခွင့်အရေးကော်မတီဝင်များက တကွက်ကို သိန်း ၂၅၀ ခေါ်ထားပါတယ်။

ကြံ့ဖွံ့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ယူထားတဲ့မြေကွက်တွေက အမှတ် (၅) ရပ်ကွက် သံ လမ်းဘေးမှာ မြေကွက်ပေ ၁၀၀ x ၈၀၀ လောက်ရှိတယ်။ ပြီးတော့ ရွှေပြည်သာ VIP ရပ်ကွက် အမှတ် (၂)၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီးဘေးက မြက်စိုက်တဲ့နေရာမှာလည်း တကွက်၊ အခုရွှေပြည်သာ အမှတ် (၄) လမ်းမကြီးဘေးမှာ
သူရရွှေမန်းသား မြေကွက်ဘေးမှာ သူက (၁) ကွက်၊ သူ့ မိန်းမနံမည်နဲ့ (၁) ကွက်၊ သူ့ သမီးနာမည်နဲ့ (၁) ကွက်။

စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်ကြီးမိုးဇော်လှိုင် ကလည်း သူရော၊ သူ့မိန်းမရော (၂) ကွက်ရတယ်။ ပြည်သူတွေအတွက် လုပ်မှာပါလို့ အသံကောင်းဟစ်နေတဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ကိုယ်ကျိုးစီးပွားရှာနေတာတွေကို
ပြည်သူတွေနဲ့ သူ့ကို ယုံကြည်နေတဲ့ ကြံ့ဖွံ့ပါတီဝင်လေးတွေသိအောင် ဖြစ်တဲ့နည်းနဲ့ ကူညီပါဦး။ ကိုယ်စားလှယ်ဖြစ်မှ သူ ရတာ ရွှေတွင်းတွေ၊ ရော်ဘာခြံတွေ၊ မြေကွက်တွေ၊ သူအခုနေတာကလည်း ရွှေပြည်သာ VIP ရပ်ကွက်မှာ။ စီးပွားလည်း ပြည့်စုံနေပေမယ့် စစ်တပ်ကလူတွေဟာ ဟောင်းဟောင်းသစ်သစ် ပြည်သူပိုင်တွေကို သူတို့ပိုင်လုပ်တဲ့ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ကို ကမ္ဘာကသိအောင် ဖြန့်ပေးကြပါ။

ပြည်သူတွေကို ခင်းလက်စလမ်းတွေ တန်းလန်းထားပြီး ရစရာရှိတာတွေ လိုက်တောင်းခံ စံစားနေကြတဲ့ ကြံ့ဖွံ့ကိုယ်စား လှယ်ကြီးကို စန္ဒီမြင့်လွင်ရဲ့ သီချင်းထဲကလိုပဲ …

“ရူးနေပါပြီ ကိုအာဖျံကွီး ရဲ့” လို့

ပြည်သူများက ဂုဏ်ပြုနေကြောင်းပါခင်ဗျာ။

ပေးပိုသူ… ရန်ကုန်သားတဦး

အပြည့်အစုံသတင်းဖတ်ရန်....

နျူးကလီးယား ဓါတ်ရောင်ခြည်သင့်ခြင်း၏ဆိုးကျိုးများ

http://www.facebook.com/l/27d73EJh6_2W90DdjoyYAFE89zA/wikimyanmar.co.cc မှ ကူးယူဖော်ပြပါသည်။
ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော်သားတွေဟာ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကျရောက်နေပါတယ်။ ဓာတ်ရောင်ခြည်သင့် ရောဂါ လက္ခဏာတွေကတော့ ဓာတ်ရောင်ခြည်ပမာဏပေါ်မူတည်ပြီး ပြင်းထန်မှုရှိပါတယ်။ အများဆုံး (၆) နာရီကြာမှ စပေါ်တာရှိသလို များရင်တော့ ချက်ချင်းလက္ခဏာပြပါတယ်။

ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်းပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ရောဂါပိုးအမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြားကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ဖြစ်တတ်ပါတယ်။

အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ ။ဒါဟာ မြန်မာနိုင်ငံမှာ နျူပညာမပြည့်စုံသေးတာကြောင့် ဖြစ်ပါတယ်။ဒီလိုဓါတ်ရောင်ခြည်သင့်ခြင်းဟာ မြန်မာပြည်မှမဟုတ်ပါဘူး နိုင်ငံတကာမှာရှိပါတယ် ။ ခေတ်မှီနိုင်ငံများမှာ လူတစ်ယောက်ရဲ့ ဓါတ်ရောင်ခြည်ခံနိုင်ရည်စံနှုန်းတွေကို သတ်မှတ်ချက်ပေးထားပြီး ဒီပမာဏထက်ကျော်လွန်ပါက ၄င်းအလုပ်မှ ခေတ္တအနားယူရပါတယ်။ထိုကဲ့သို့တွက်ထုတ်ခြင်းအား ဒီတက်တာလို့ခေါ်တဲ့ တိုင်းထွာရေးစက်များအကူအညီနဲ့ တွက်ထုတ်ခြင်းဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ခံနိုင်ရည်စံနှုန်းမှာ ၅ဂရိမ် (ရောင်ခြည်စုပ်ယူမှု ယူနစ်) ထက်ကျော်လွန်ပါက အသက်အန္တာရာယ်အတွက် စိုးရိမ်ရပါတယ်။ သို့သော်လည်း ပုရွက်ဆိတ်များမှာ 10 ဂရိမ်ကျော်ကျော်ထိ ခံနိုင်ရည်ရှိတာကိုကြည့်ခြင်းဖြင့် လူနှင့်တိရိစ္ဆာန်ခံနိုင်ရည် ခြားနားချက်ကို သိနိုင်မှာဖြစ်ပါတယ်။

ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ဖို့ဆိုရင် အချိန်ကြာထိတွေ့မှု မပြုဖို့၊ အနီးကပ် မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံး ကိုင်တွယ်ဖို့၊ ခဲသုတ်ထားတဲ့ဝတ်ရုံတွေ ဝတ်ဖို့လိုပါတယ်။ ဒါ့အပြင် ကာကွယ်ခြင်းနည်းလမ်းများမှာ နောက်ထပ်ရှိနေပါသေးတယ်။ ဒါတွေဟာဆိုရင် ဓါတ်သတ္တုများကို လိုအပ်သလိုကိုင်တွယ်ခြင်းနှင့်သက်ဆိုင်ပါတယ်။ ၄င်းသတ္တုများရဲ့ စာရိုက်လက္ခဏာသွင်ပြင်တွေကို လိုက်ပြီးတော့ ကိုင်တွယ်ရမှာပဲဖြစ်ပါတယ် (ဥပမာ အယ်ဖာ ရောင်ခြည်ထုတ်လွှင့်နိုင်တဲ့ သတ္တုကို အသက်ရူလမ်းကြောင်းကို ကာကွယ်နိုင်ဖို့ ဆံပင်ညှပ်ဆိုင်သုံး မျက်နှာဖုံးလောက်ဖြင့် ကာရုံဖြင့် လုံလောက်ပါတယ်) ဓာတ်ရောင်ခြည်သင့်ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

လုံခြုံရေးကောင်စီရဲ့လစ်ဗျား ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

RFA

လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးဂဒါဖီ သြဇာခံ စစ်တပ်တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းမှုဒဏ်ကို ခံနေရတဲ့ လစ်ဗျားပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာတပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်နိုင် ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့တာဟာ သင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ လူထုနဲ့ ‘ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ’ ကဏ္ဍအတွက် အဖြေစကားတွေကို သောကြာနေ့က ကြိုတင်ပြီး ရရှိခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရကို လုံခြုံရေးကောင်စီက အလားတူ အရေးယူနိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကိုတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ အားပေးတဲ့ ဆုံးဖြတ်ချက်မျိုးကို မိမိလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ရရှိမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အတွက် အားပေး ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အားလုံး သဘောပေါက်အောင် စည်းရုံး ပြောဆိုနိုင်ရင် ကောင်းမွန်မှာဖြစ်ကြောင်း၊ အဲဒီလို လိုက်လျောမှုမျိုး ရရှိဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပေမယ့်လည်း ဖြောင်းဖြတိုက်တွန်းတဲ့ နည်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းကြဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

BURMA SOLDIER များများဖတ်လေ များများသိလေ များများမယုံလေ

BURMA SOLDIER - (in Burmese) JOIN THE CLANDESTINE RELEASE INTO BURMA from BURMA SOLDIER on Vimeo.

အပြည့်အစုံသတင်းဖတ်ရန်....

လူငယ်တို့ရဲ့မျှော်လင့်ချက်နဲ့ လက်ရှိတပ်မတော်

လူငယ်တွေဘာကြောင့် စစ်တပ်ထဲဝင်တယ်ဆိုတာနဲ့ ပတ်သက် ပြီး နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျနော်တို့ အခြေခံ စစ်ပညာသင်တန်း ပြီးတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာသည် အုပ်စု (အတိုကောက် “ပည” လို့ ခေါ်ပါတယ်) ဆိုင်ရာ အတန်း (၃) သင်တန်းမတက်ရခင် သက်ဆိုင်ရာတပ်တွေမှာ ခေတ္တတွဲ ဖက်နေရတယ်။ တနေ့မှာတော့ ကျနော်တို့အုပ်စုကို ဒုတပ်မှူး က ဟောခန်းတခုထဲမှာ ခေါ်ပြီးတွေ့တယ်။ အဲဒီ ဗိုလ်မှူးက ခပ် ပျော်ပျော်နေတတ်ပုံရတယ်။ ကျနော်တို့တတွေကို ညီအကိုလို ရင်းရင်းနှီးနှီးပဲ ခေါ်ပြောဆက်ဆံတယ်။


စစ်သည်တွေအားလုံး တစ်ယောက်စီထပြီး ကိုယ့်ကိုယ်ကိုမိတ် ဆက်ရတယ်။ ပြီးတော့ သူကတယောက်ချင်းကို ဘာအားက စားဝါသနာပါ သလဲ။ ဘာဖြစ်လို့ စစ်တပ်ထဲ ၀င်တာလဲလို့မေး တယ်။

အားကစားကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာ ဖြေကြပေမယ့် စစ်တပ်ထဲဝင်တဲ့ ရည်ရွယ်ချက်ကို ပြောတဲ့နေ ရာမှာတော့ အားလုံး တထေရာ တည်းလိုပဲ “ကိုယ့်ဘ၀တိုးတက်မှုကိုဖြစ်စေ လိမ့်မယ်ထင်လို့ဝင်တာ” လို့ ဖြေကြတယ်။

……….

စစ်သည်အားလုံးလိုလိုက ကိုယ်ရေးကိုယ်တာကိစ္စကို ရှေ့တန်းတင်ပြောလိုက်တဲ့အခါ လူ့လောကအတွေ့အကြုံ နည်း နည်းရှိထားသူတွေက စိတ်ပူပန်ကြတယ်။ ကိုယ်ဖြစ်ချင်တာကို တည့်တိုးကြီး ပြောလိုက်တဲ့အခါကျတော့ ဟိုအရာရှိများ စိတ်ဆိုးသွားလေမလားပေါ့။ ၀န်ထမ်းလောက ဆိုတာ “ဂါရ၀” တရားနဲ့သတိထားပြီး ဆက်ဆံရတာမဟုတ်လား။

ဒါပေမယ့် ကျနော်တို့ထင်ထားသလို ဖြစ်မလာဘူး။ ဒုတပ်မှူးက စစ်သည်တွေပြောသမျှကို ပြုံးပြုံးကြီးနဲ့ နားထောင်နေ တယ်။ တခါတခါ ခေါင်းပါညိတ်လိုက်သေးတယ်။ အားလုံးပြောပြီးတော့မှ …

“ရဲဘော်တို့ ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်ဝင်စားတာကောင်းပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘွဲ့မရသေးသူက ဘွဲ့ရအောင်ကြိုးစား။ ဘွဲ့ရပြီးသူက သတ်မှတ်တဲ့အချိန်တစ်ခုစောင့်ပြီး ရင် ဗိုလ်သင်တန်းဖြေကြ။ စစ်တပ်ထဲမှာတော့ ဒီ နည်းကအကောင်းဆုံးပဲ။ ပုံမှန်တဆင့်ပြီးတဆင့်တက် နဲ့ အရာခံဗိုလ်စောစောစီးစီးဖြစ်မယ်ဆိုရင်တော့ အသက် ၆၀ ပြည့် အငြိမ်းစားယူတဲ့အခါ ကော်မရှင် ပြန်တမ်းဝင်ဗိုလ်ကြီးဘ၀နဲ့ ပင်စင်ရမယ်။ ဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ် ချင့်ချိန်ပြီး ကြိုးစားကြ။ လူငယ်ဘ၀မှာ မျှော်လင့်စရာတွေများတယ်။ အသက်ကြီးလာရင်တော့ ရွေးချယ်စရာတွေ နည်းသွားတတ် တယ်။ အဲဒါကိုလည်း ထည့်စဉ်းစားကြအုံး” လို့ အေးအေးဆေးဆေး ပြောပြတယ်။ အဲဒီလို အမြင်ကျယ်တဲ့လူက တပ်ထဲ မှာ ရှားတော့အရှားသား။

အပေါ်ယံကြည့်ရင်တော့ ဒီကောင်တွေကိုယ်ကျိုးကိုရှေ့တန်းတင်ပြီး တပ်ထဲကိုဝင်တာပဲ။ ဘာမျိုးချစ်စိတ်မှ မရှိဘူးလို့ ထင်ကြမယ်။ ကျနော်တို့ သင်တန်းဆင်းအုပ်စုမှာ လူတရာကျော်ရှိတယ်။ ပညာအရည်အချင်းက အားလုံးဆယ်တန်း အောင်ပြီးသားတွေ။ အသက်အရွယ်အားဖြင့်တော့ ၂၃ နှစ် ၂၄ နှစ် အရွယ်က ဆယ်ယောက်လောက်ရှိတယ်။ အဲဒီအထဲ မှာ ဘွဲ့ရပြီးသား သုံးဦးလောက်ပါတယ်။ အဝေးသင်တက္ကသိုလ်တက်နေဆဲ လူတွေပါတယ်။ အချို့ ၀န်ထမ်းဌာနတွေမှာ လုပ်ခဲ့ဖူးသူတွေလည်း ပါတယ်။ ကျန်တဲ့သူတရာလောက်က အသက် နှစ်ဆယ်အောက်တွေချည်းပဲ။ ဆယ်တန်းအောင် ပြီးခါစ အရွယ်တွေ။

လူငယ်တွေရဲ့အတွေးက ရိုးရှင်းပါတယ်။ ကိုယ့်ဘ၀တိုးတက်ကောင်းမွန်ဖို့အတွက် ဖြစ်နိုင်ခြေပေါ်မှာ စဉ်းစားဆုံးဖြတ်ကြ တာပါ။ တချို့တလေကျတော့ စိတ်ကြိုက်ရွေးချယ်မှု တွေရှိနိုင်ပါတယ်။ ကျနော်တို့အထဲမှာ အများစုက တက္ကသိုလ်ဆက် တက်ဖို့ အခြေအနေ မပြည့်စုံကြပါဘူး။ အဲဒီအချိန်က ပြင်ပအလုပ်ဆိုတာလည်း အတော်ရှားသေးတာ။ ပုဂ္ဂလိက ကုမ္ပဏီ တွေ ခေတ်မစားသေးဘူး။ ရေတပ်မှာစစ်မှုထမ်းရင်း ရလာနိုင်တဲ့ အခွင့်အလမ်းတွေအတွက် စိတ်ကူးယဉ်အိပ်မက်ကိုယ်စီ နဲ့ တပ်ထဲကိုဝင်လာကြတာ။ ရေတပ်ကထွက်ပြီး နိုင်ငံခြားသင်္ဘော တက်သွားကြတဲ့ နောင်တော်ကြီးတွေကို အားကျတာ လည်း ပါမှာပေါ့။

ဒါပေမယ့် ကျနော်တို့တတွေ ရည်မှန်းထားတဲ့အတိုင်း ပေါက်မြောက်ခဲ့သလားလို့ မေးရင် အများစုမအောင်မြင်ဘူးလို့ ဖြေ ရမှာပါ။ တပ်ထဲမှာက ကျနော်တို့ထင်ထားသလို ကိုယ်ရည်ကိုယ်သွေး ပြခွင့်မရှိဘူးလေ။ အရည်အချင်းအလိုက် မြှောက် စားတာမျိုး မဟုတ်ဘဲ လက်သင့်ရာစားတော်ခေါ်တဲ့ စနစ်ကြီးစိုးတယ်။ စီမံခန့်ခွဲမှု မညီမျှတာကြောင့် အခွင့်အရေးတွေ လည်း ကွာခြားလာတယ်။ ရုန်းထွက်ဖို့ခက်ခဲတဲ့ အဖြည့်ခံဘ၀မှာ အရက်သောက်ပြီး စိတ်ထွက်ပေါက်ရှာသူတွေ များလာ တယ်။ ဒါတောင် ကျနော်တို့က ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းနော်။ ရွေးချယ်ခွင့်မရှိဘဲ ရောက်လာသူတွေ အဖို့ဆိုရင် ပို ပြီးဆိုးမှာသေချာတယ်။( တခုတော့ရှိတယ် ခုနောက်ပိုင်းတပ်ထဲရောက်လာတဲ့ လူငယ်တွေဟာ ကျနော်တို့တုန်းကထက် ပိုပြီး ပြောရဲဆိုရဲ ရှိလာတာတွေ့ရတယ်။)

ဘာဖြစ်လို့လဲဆိုတော့ တပ်ထဲမှာ ထက်မြက်မှု၊ကြိုးစားမှုနဲ့ ထိုက်တန်မှုကို တိုက်ရိုက်ညီမျှခြင်း ချလို့ မရဘူး။ ဒီအနေအ ထားက အခြေခံသင်တန်းမှာကတည်းက သိသာတယ်။ ကျနော်တို့ထဲက သင်တန်းသားတဦးဟာ စံပြကျောင်းသားဆုကို ဆွတ်ခူးချင်လို့ သင်တန်းကာလတလျှောက်လုံး ပြောစရာမရှိအောင် ကြိုးစားတယ်။ သင်တန်းသားတွေသာမက သင် တန်း ဆရာတချို့ကတောင် သူ့ကိုထင်ကြေးပေးထားကြတာ။ တကယ်ရွေးချယ်တော့ သူမဟုတ်ဘဲ အခြားမသိသာသူ တွေထဲက တယောက်ဖြစ်နေတယ်။ အဆင့်တိုးစာမေးပွဲဖြေဆိုမှုမှာလည်း ဒီအတိုင်းပါပဲ။ တပ်မှာလုပ်ငန်း ဘယ်လောက် ကျွမ်းကျင်ကျွမ်းကျင် သူတို့အဓိကထားမေးတဲ့ ပေါ်လစီဆောင်ပုဒ်တွေ ရွတ်မပြနိုင်ရင် မျှော်လင့်ချက်မရှိဘူး။ ကျနော့ သူငယ်ချင်းတယောက် ဗိုလ်သင်တန်းဖြေဖို့သွားခါနီးမှာ ဌာနချုပ် G1 သြ၀ါဒ ပေးလိုက်ပုံက မှတ်သားစရာ။

“မင်း ဟိုကို ရောက်ရင် သိပ်ပြီး smart ဖြစ်အောင်မနေနဲ့။ ငါတို့တုန်းကအရမ်း smart ဖြစ်သူတွေ ပြုတ်ကျန်ခဲ့တယ်”

တဲ့။ ဟုတ်တယ်..စစ်ခေါင်းဆောင်ကြီးတွေ လိုချင်တဲ့အရည်အချင်းက ထက်မြက်မှု မဟုတ်ဖူး၊ ခိုင်းသမျှအမိန့်နာခံရေးပဲ ဖြစ်ပါတယ်။

ခုဆိုရင် ကျနော်တို့အုပ်စုထဲမှာ ကြည်းတပ် အရာရှိဖြစ်သွားတာ (၅) ဦး၊ ရေတပ်အရာရှိဖြစ်သူက (၄) ဦး ရှိတယ်။ တပ် မှာ မနေနိုင်လို့ ထွက်ပြေးသွားသူတွေရှိတယ်။ ကျန်းမာရေးအကြောင်းပြချက်နဲ့ နှုတ်ထွက်သူတွရှိတယ်။ ဟိုမရောက် ဒီမ ရောက် စခန်းသွား နေသူတွေလည်းရှိတယ်။ ကိုယ့်ဖြစ်နိုင်ခြေနဲ့ကိုယ် လျှောက်လှမ်းနေကြတာဖြစ်သလို တစ်ဖက် က လည်း တူညီတဲ့အခွင့်အရေးကို ဖန်တီးပေးမထားပြန်ဘူး။ အမှန်ကတော့ တူညီတဲ့အခွင့်အရေး ရှိနေတာတောင်မှ အရည် အချင်း မတူညီမှုကြောင့် အားလုံးတပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒါပေမယ့် တန်းတူကြိုးစားခွင့်ရှိပြီး မအောင်မြင်တာဆိုရင် တော့ ကိုယ်ညံ့တာပဲလို့ ဖြေသာတာပေါ့။

ခုနောက်ပိုင်း အချိန်တွေမှာ အဲဒီဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်တော့ လူငယ်တွေ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မကွယ်မ ၀ှက် ပွင့်ပွင့်လင်းလင်းပြောရဲတာ ကောင်းတယ်ဗျ။ အဲဒါကို လူကြီးတွေကလည်း နားလည်ပေးဖို့လိုတယ်။ လူတယောက် တိုးတက်အောင်မြင်တယ်ဆိုရာမှာ သူ့ဘ၀ရဲ့ အနာဂတ်မျှော်လင့်ချက်က မက်လုံးတခုအနေနဲ့ စေ့ဆော်အားပေးနေ တယ်။ သဘာဝလည်းကျတယ်။ ဒါကြောင့် တဦးချင်းဖွံ့ဖြိုးတိုးတက်မှုကို ကြိုဆိုရမယ်။ အားပေးအားမြှောက်ပြုရမယ်။ တဦးချင်းဖွံ့ဖြိုးမှုကို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် သဟာဇာတဖြစ်အောင်၊ ချိတ်ဆက်မိအောင် တည့်မတ်ပေးဖို့ပဲလိုတယ်။ အတ္တကြီးတယ် ကိုယ်ကျိုး ကြည့်တယ်လို့ မမြင်စေချင်ပါဘူး။

အဲလိုမဟုတ်ဘဲ လူငယ်တွေကလည်း လူကြီးတွေရှေ့မှာ အားနာသလိုလို ကြောက်ရွံ့သလိုလိုနဲ့ ကိုယ့်ရင်ထဲရှိရာကို အ မှန်မပြောရဲဘဲ ဖုံးကွယ်ထိန်ဝှက်ထား။ လူကြီးတွေကလည်း လူငယ်တွေပါးစပ်ဖျားက အတ္တထက် ပရကို ဦးစားပေး ပြော ဆိုတာတွေသာကြားချင် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းမျိုးမှာတော့ ရိုးသားမှုတွေ ကွယ်ပျောက်နေပြီး ကြာလာရင် လောက ကို မချင့်မရဲဖြစ်တဲ့ အငုံ့စိတ်တွေကြီးထွားလာတတ်တာ သဘာဝပဲ။ စိတ်မလွတ်လပ်သူတဦးဟာ လူ့အဖွဲ့အစည်းအပေါ် မှာ ဘယ်လိုများ အကောင်းမြင်သဘောနဲ့ ဆက်ဆံနိုင်ပါ့မလဲ။ တပ်မတော်ထဲမှာတော့ မချစ်သော်လည်း အောင့်ကာနမ်း နေရတဲ့ ယဉ်ကျေးမှုနဲ့ စခန်းသွားလို့ ကောင်းနေတုန်း။

ကျနော့သိမြင်မိသလောက် ပြောရရင်တော့ ဒီခေတ်မှာ မျိုးချစ်စိတ်ရှိရမယ်၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးရမယ် စသဖြင့် ယေဘူယျဆန်ဆန် လက်ဆုပ်လက်ကိုင်မရှိတဲ့ စကားလုံးတွေနဲ့ လူငယ်တွေရဲ့ စိတ်ကိုတင်းတင်းကျပ်ကျပ်ချည် နှောင် မထားသင့်တော့ဘူးလို့ ထင်မိတယ်။ တကယ်လက်တွေ့မှာလည်း အဲဒီစကားတွေဟာ လူငယ်တွေအတွက် အားမ ဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကာအကွယ်ယူတဲ့ ခြုံလွှာ တွေလိုဖြစ်နေတတ်တယ်။ လူငယ်တွေရဲ့ပင်ကိုယ်စရိုက်မှာကိုက ပရ စိတ်တွေ ကိန်းအောင်းနေပြီးသားပါ။ အရေးကြီးတာက အတွေးအခေါ်လွတ်လပ်မှုရှိဖို့ကိုပဲ လမ်းဖွင့်ပေးရမှာ။ တိုင်းပြည် မှာ အရေးကြုံတဲ့အခါ စိတ်လွတ်လပ်မှု ရှိသူတွေကသာ ပြဿနာကို ရင်ဆိုင် ဖြေရှင်းတတ်တာမဟုတ်လား။

လက်ရှိတပ်မတော်အတွင်း ကျင့်သုံးနေတဲ့ အမိန့်နာခံရေးဗဟိုပြု အုပ်ချုပ်ရေးစနစ်အောက်မှာ လူငယ်တွေရဲ့ လွတ်လပ်မှု နဲ့ ရွေးချယ်ခွင့်တွေ ပျောက်ဆုံးနေတယ်လို့ထင်မိတယ်။ သူ့စိတ်နဲ့ကိုယ့်ကိုယ် နေသားကျလာတဲ့ ခေါင်းဆောင်ဖြစ်သူ တွေဟာ လူ့အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် ချမှတ်ဆောင်ရွက်ပေးနိုင်ပါ့ မလား။

ကျနော့စေတနာက လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက် ဆွေးနွေး လုပ်ကိုင်တတ်သူ တွေ ဖြစ်လာစေချင်တာပါ။ စကားလုံးတွေနဲ့ ၀န်ပိမနေစေချင်ဘဲ လက်တွေ့ဖြစ်နိုင်ခြေမှာ ရှင်သန်နေစေချင်တာပါ။

လူငယ်တွေအားလုံး လွတ်လွတ်လပ်လပ်တွေးခေါ်ဆောင်ရွက်နိုင်ကြပါစေ။

နေမင်းသူ

အပြည့်အစုံသတင်းဖတ်ရန်....

လမ်းပေါ်ထွက်ရင် စစ်တပ်က မပစ်သတ်ရဆိုတဲ့  ဆုံးဖြတ်ချက်ထွက်ပြီ .............

မတ်လ-၂၅-ရက်နေ့ က ဤဆုံးဖြတ်ချက်ကို ချပေးလိုက်ပြီ။ မလိုက်နာ၍မရ။ စစ်ရာဇ၀တ်မူဆိုသည်မှာ စစ်တပ်က လူတွေကို ပစ်သတ်ခြင်းခေါ်သည်။ ဂျီနီဗာမှာ ကုလသမဂ္ဂလက်အောက်ခံ ဖြစ်သည့် လူ့ အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်ကို ချလိုက်ကြခြင်းဖြစ်သည်။ သည်တော့ တနိုင်ငံလုံးက မျိုးဆက်သစ်လူငယ်တွေ ဘာာလုပ်ကြမည်နည်း ။ ခေါင်းဆောင်မျော်နေကြမည်လား။ အဓိကမှာ မိမိတို့ ကိုယ်တိုင် ခေါင်းဆောင်လုပ်ကြဖို့ ဘဲ ရှိတော့သည်။ ဒီပွဲက နောက်ဆုံးပွဲဖြစ်လာပြီ။ လူသားမျိုးနွယ်များကို ပြစ်မူဆိုင်ရာ ကျူးးလွန်၍မရဟု ဆိုလျင် ဥပဒေစကားက ကြီးကျယ်နေသည်။ သည်တော့ လူတွေက နားမလည်။ ရှင်းရှင်းလင်းလင်း ပြောလျင် စစ်တပ်ကမပစ်သတ်ရ အမိန့် ကို လူ့ အခွင့်အရေးကောင်စီက ချပေးလိုက်ြပီဖြစ်သည်။ အခြေအနေတွေက ကိုယ့်ဖက်ရောက်လာနေကြပြီ။ သည်လိုရောက်နေတာကို သတိထားရတော့မည်။ ကမ္ဘာ့အရှေ့ဖက်ခြမ်းမှာ နိုင်ငံတွေ ပြောင်းလဲလာနေပြီ။ သမတတွေ ထွက်ပြေးနေကြရပြီ။ ယခုလည်း မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂက မျက်နှာလွှဲ၍ မနေတော့။ မီးစိမ်းပြလိုက်ပြီ ။ မျိုးဆက်သစ်လူငယ်တွေက ဒီအချိန်မှာ ခေါင်းဆောင်ပီသစွာ ကယ်တင်ရန်သာလိုသည်။ လူ့ အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအစိုးရက လိုက်နာပါမည်ဟု ကြေညာခြင်း၊ မကြေညာခြင်းမှာ လူထုနှင့်မဆိုင်။ မလိုက်နာလျင် သူတို့  အုပ်စု ကမ္ဘာနှင့် ထိပ်တိုက်တွေ့  သွားမည်။ သူတို့  အုပ်စုဆိုသည်မှာ နအဖစစ်အုပ်စုကို ပြောခြင်းဖြစ်သည်။ မည်သို့ ပင်ဆိုစေကာမူ စစ်အစိုးရသည် ယခုအချိန်တွင် တုံဏှိဘာဝေ နေ၍မရ။ တခုခုတော့ ပေးဆပ်ရတော့မည်။ ယင်းမှာ အာဏာလွှဲပြောင်းပေးရမည့် အခြေအနေကို ပြောခြင်းဖြစ်သည်။ နအဖစစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အာဏာလွှဲပြောင်းပေးရ မည်မှာ ပြည်သူတွေကို ဖြစ်သည်။ လာမည့် မတ်လ-၃၁-ရက်နေ့ တွင် လွှတ်တော်မှ ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဟု သိရသည်။ ဧပြီလ-၁-ရက်နေ့ တွင် ဦးသိန်းစိန်ကို သမတအဖြစ် ခန့့် အပ်လွှဲပြောင်းပေးမည်ဖြစ်သည်။ စင်စစ်အာဏာလွှဲပြောင်းပေးခြင်းမဟုတ်။ ရာထူးလွှဲပြောင်းခြင်းသာဖြစ်သည်။ ဦးသိန်းစိန်မှာ သမတဆိုသော်လည်း အာဏာဆိုတာ မူးလို့ တောင် ရှူပြစရာ တကွက်မျှ ပြစရာမရှိ။ ဒင်းတို့ အနေအထားမှာ ဆုက်လဲစူး စားလဲရှူးနေရပြီ ။ တနေ့ ကမျိုးဆက်သစ်လူငယ်တွေ အသံကိုကြားလိုက်ရသည်။ ယင်းမှာသည်းညည်း မခံနိုင်တော့ကြောင်း ပြောဆိုသံပင်ဖြစ်သည်။ ခုအချိန်မှာ ကိုကျော်ထင် နှင့် မစုစုနွေးတို့ ကို ဂရုစိုက်ကြည့်ရတော့မည်ဖြစ်သည်။ သူတို နှစ်ဦးမှာ -၈၈-မျိုးဆက်ခေါင်ဆောင်တွေမဟုတ်။ သို့ သော် ဖေါက်ထွက်ခဲ့ သောကြောင့် သူတို့ နှစ်ဦးခေါင်းဆောင်နေရာ ရောက်နေသည်။ ယခုလည်းသူတို့ နှစ်ဦးလို ဖေါက်ထွက်ခေါင်းဆောင်မည့် လူငယ်တွေ ရှိနေကြပြီ။ သည်တော့ ယင်းလူငယ်တွေသည် သမိုင်းကပေးသော ပခုံးပြောင်းတာဝန်ကို ဆက်လက်ယူဆောင်ကြတော့မည်ဖြစ်သည်။ မည်သူ့  တိုက်တွန်းချက်များကိုမှ စောင့်ဆိုင်းစရာမလို။ အကြံပေးချက်များကိုလည်း ထိုင်စောင့်စရာမလိုတော့ ။ အကြောင်းမှာ လူထုမှ အုံကြွမူဖြစ်နိုင်လာသည်ဟု ဝေဖန်သံတွေ ထွက်လာနေပြီဖြစ်သည်။ ယင်းသို့  ဝေဖန်သံထွက်ပေါ်နေခြင်းမှာ နိုင်ငံရေးပါတီများမှ လာသောအသံဖြစ်သည်။ သည်တော့ယင်းနိုင်ငံရေးပါတီများသည်ပင် လူထုကို မျော်လင့်စောင့်စားနေကြပြီ။ နိုင်ငံရေးပါတီများသည် လူထုထံမှ ခေါင်းဆောင်ပေါ်ပေါက်လာမည်ကို စောင့်မျှော်နေခြင်းမှာ သဘာဝတော့ ကျလှသည်မဟုတ်။ သို့ သော် မြန်မာနိုင်ငံရေးလောကမှာကား အမှန်စင်စစ် ယင်းသို့ ဖြစ်နေသည်။ ထို့ ကြောင့် ဒီမိုကရေစီအရေးတော်ပုံအတွက် လူထုခေါင်း ဆောင်မှာ လုံးဝမုချ တဖန်ပေါ်ပေါက်လာမည်ဖြစ်နေပြီ။ ဆန္ဒပြသည်နှင့်ပင် လူထုခေါင်းဆောင်ဟု ပြောနိုင်သလား ဆိုသော မေးခွန်းက လည်း ရှိနေသေးသည်။ ရှင်းရှင်းလင်းလင်း ပြောရလျင်တော့ လူထုကိုခေါင်းဆောင်ပြီး စစ်အစိုးရကို ဖြုတ်ချဖို့  စွမ်းဆောင်လာသူဆိုလျင် လူထုခေါင်းဆောင် အဖြစ် အသိအမှတ် ပြုရတော့မည်ဖြစ်သည်။ ယင်းမှာ နိုင်ငံတကာနိုင်ငံရေး ရေစီးကြောင်း သီအိုရီဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ ပြည်သူက ရွေးချယ်ခြင်းသာဖြစ်သည် မဟုတ်လား။ စစ်အစိုးရသည် လူထုလှုပ်ရှားမူများကို အမြဲတမ်းစိုးရိမ်ထိပ်လန့် စွာ ကြည့်နေသည်။ အကယ်၍ လူထုကလမ်းပေါ်ထွက်လာလျင် စစ်အစိုးရက ပထမတွင် အခြေနေများကို စောင့်ကြည့်နေပြတတ်သည်။ သူတို့ ၏ ဦးတည်ချက်များမှာ မည်သို့ ရှိသည်။ မည်မျှ နိုင်ငံတကာဖိအား ပါနိုင်သည်ကအစ တွကိချက်ထားသည်။ သူတို့ ၏ တွက်ချက်မူပြီ်းသည်နှင့် ပွဲကိုကြမ်းတတ်ပြသည်။ လက်နက်အားကိုးနှင့် ပစ်ခတ်ပြလျင် သေဆုံးသူက သေဆုံးသွားရသည်။ လက်နက်မဲ့ ပြည်သူတွေမှာ သေနတ်နှင့် ပစ်ခတ်တော့ မိမိတို့  အသက်ဘေးအန္တရယ်ကို စိုးရိမ်၍ ထွက်ပြေးရတော့သည်။ သည်တော့ သပိတ်တိုက်ပွဲမှာ မျှားဦးကျိုးပြီး လူထုဆန္ဒပြပွဲက အဆုံးသတ်သွားသည်။ မကြာခင် ဆန္ဒပြပွဲကို ဦးဆောင်သူများအား လူဖမ်းပွဲလုပ်တော့သည်။ အုဋ်အရောရောကျောက်အရောရော ဖမ်းဆီးပြီး နှိပ်စက်တော့သည်။ ထောင်ချတော့သည်။ ယင်းသို့ အရေးအခင်းများကို ဖိနှိပ်သော စစ်အစိုးရသည် လမ်းပေါ်ထွက်လာသော အတိုက်အခံလူထုများကို အမြဲတမ်းအနိုင်ရခဲ့ သည်။ ယင်းမှာစစ်အစိုးရ၏ အဓိကရုမ်းနှိမ်နှင်းရေးလက်စွဲဖြစ်သည်။ စစ်အစိုးရ၏ ပုံသဏ္ဍန်ဖြစ်သည်။ ယခုလူ့ အခွင့်အရေးကောင်စီမှ ချမှတ်ပေးလိုက်သော ဆုံးဖြတ်ချက်များမှာ ယင်းဖြစ်စဉ်များကို ကြိုတင်ကာကွယ်ထားသည်။ လူထုကလမ်းပေါ်ထွက်လာလျင် စစ်တပ်မှ မပစ်သတ်ရ ဆိုပြီး တားထားသည်။ ဤသည်မှာ လွပ်လွပ်စွာ ပြည်သူများ၏ ထုတ်ဖေါ်ခွင့်အာဏာကို ပေးထားခြင်းဖြစ်သည်။ သဘောက ပြည်သူလူထုမှာ မိမိတို့ သဘောဆန္ဒအတိုင်း ထုတ်ဖေါ်ခွင့်ရှိသည်။ ယင်းထုတ်ဖေါ်ခွင့်မှာ ပြည်သူလူထုက စစ်အစိုးရကို ဆင်းတော့ဟုလည်း ကြွေးကြော်နိုင်သည်။ အလိုမရှိဟုလည်း အော်ဟစ်နိုင်သည်။ စုရပ်ထားပြီး မိမိတို့ ၏ အတွေးးအခေါ်များကို ထုတ်ဖေါ်နိုင်သည်။ လူစုလူဝေးဖြင့် ထုတ်ဖေါ်နိုင်ခြင်းကို စစ်တပ်မှ မည်သို့ မျှမပစ်သတ်ရ။ ယင်းမှာ ယခုလူ့အခွင့်အရေးကောင်စီမှ ချမှတ်ပေးလိုက်သော စည်းကမ်းကလနားတွေ ဖြစ်သည်။ နိုင်ငံတကာဥပဒေဖြစ်သည်။ ဤဥပဒေကို စစ်အစိုးရသည် လိုက်နာရမည်ဖြစ်သည်။ မလိုက်နာက တောင်စွယ်မှာ နေကွယ်သည်နှင့် ဘ၀နိနဂုံးချုပ်ငြိမ်းသွားရမည့် ကိန်းရောက်သွားနိုင်သည်။ ကောင်းပြီ ။ ကျွန်တော်တို့ မှာ ကိုယ်ဖြစ်စေချင်သော စိတ်ဆန္ဒအတိုင်း ကောက်ချက်ဆွဲ ပြနေပြီး လက်နက်မဲ့  လူငယ်တွေကို လမ်းပေါ် ထွက်ခိုင်းနေသည် ။ တကယ်တမ်း လမ်းပေါ်ထွက်ပြီး မှ ပစ်ခတ်လျင် သေဆုံးကြရတော့မည်ကို တစက်မျှ မစဉ်းစားပေဘူးလားဟု စောဒကတက်နိုင်စရာရှိပါသည်။ ယင်းမှာ အင်မတန်တိကျသော မှန်ကန်သော မေးခွန်းဖြစ်သည်။ ကျွန်တော်တို့ မှာ နိုင်ငံခြားတွင်နေထိုင်ပြီး ပြည်တွင်းမှလူများကို သေတွင်းပို့ ခိုင်းနေသည်ဟု ပြောလျင်လည်း ခံရရုံမှတပါး အခြားပြောစရာမရှိ ။ သို့ သော် ယင်းသို့  လမ်းပေါ်ထွက်ပြီးမှ ပစ်သတ်လျင်ဆိုသောစကားကို ကျွန်တော်တို့  အလေးအနက် စဉ်းစားကြရပါလိမ့်မည်။ ဆွေးနွေးကြရပါလိမ့်မည်။ တိုင်ပင်ကြရပါလိမ့်မည်။ ထို့ကြောင့် ယင်းမေးခွန်းအပေါ်မှာ ကျွန်တော်တို့ က မည်ရွေ့ မည်မျ ဆောင်ရွက်နိုင်ကြမည်နည်းဆိုသော အဖြေကို ရှာကြဖို့ ဘဲ ရှိတော့သည်။ ယင်းအဖြေသည် အဓိကဖြစ်သည်။ သည်တော့ ဘာများလုပ်ကြမှာလဲ ရဲဘော်တို့ ဟု မေးရတော့မည်ဖြစ်သည်။ ပြည်တွင်းက ပုဂ္ဂိုလ်ကြီးတွေက စစ်အစိုးရကို ပြောင်းလဲသွားစေ ချင်သည့် ဆန္ဒဖေါ်ပြနေကြသည်။ လူငယ်တွေကလည်း စုစုဝေးဝေးနှင့် ပြောကြဆိုကြ ၇ှိနေကြပြီ။ ပြည်ပကပုဂ္ဂိုလ်ကြီးများမှာ ဘာတွေများဖြစ်နေကြပြီင်္လဲ မပြောတတ်။ ဖွဲ့ ထားလိုက်သည့်အဖွဲ့ တွေ ၊ နောက်ဆုံးပါလီမန်တွေတောင် ဖွဲ့ စည်းလိုက်ပြီးပြီ ။ ပြီးတော့ ပြည်ပရောက်အစိုးရကလည်း ရှိနေသေးသည်ဆိုတော့ ပြည်တွင်းကလူထုတွေ လမ်းပေါ်ထွက်ပြရင် ပိုးစိုးပက်စက်နှင့် သေကြေမည်လို့ တော့ မထင်ဟု တွေးမိမိသည်။ သို့ သော် ယင်းအတွေးသည် ခဏတာသာ ခံသည်။ တာရှည်တာများ မခံလိုက်ရသော ပုဂ္ဂိုလ်ကြီးများကို တွေးရသည်မှာ မိမိအချိန်ကို မိမိကပင် အပုပ်ခံလိုက်သလို ဖြစ်သွားသည်။ ထားပါလေတော့။ ရှိပါလေတော့။ ဒီမိုးဒီလူ ဒီလှေတွေ နှင့် သူတို့ ကို အဖက်လုပ်ပြီး စကားမပြောလိုတော့။ ပြည်တွင်းက လူငယ်တွေက အကြမ်းမဖက်နိုင်ငံရေးနည်းဖြင့် ဆန္ဒပြကြတော့မည်ဖြစ်သည်။ သူတို့ ဆန္ဒပြကြလျင် စစ်အစိုးရ၏ လူမဆန်စွာ ပစ်သတ်ပြုမူမျိုးကို မခံရအောင် နိုင်ငံတကာအစိုးရများနှင့် ဆွေးနွေးထားရန်လိုပြီ။ လူ့ အခွင့်အရေးပုဂ္ဂိုလ်များနှင့် သေချာစွာ ဆွေးနွေးအဖြေရှာထားရန်လိုပြီ။ သေကြေကုန်ပြီးမှ စစ်အစိုးရမကောင်းကြောင်း ဝေဖန်ပြောမည့် ကာလမဟုတ် ။ ထို့ ကြောင့် ပြည်ပမှာရှိနှင့်ကုန်သော လူကြီးလူကောင်း ပုဂ္ဂိုလ်ကြီးများမှာ ယခုအချိန်တွင် ရှေ့မျက်နှာ နောက်ထား၍ တွေ့ ဆုံဆွေးနွေးရန် လုပ်ကြရတော့မည်။ သို့ မဟုတ်က ယခုအချိန်မှာ ဤပွဲကို လက်လွပ်ခံရတော့မည်ဖြစ်သည်။ ဒီမိုကရေစီတိုက်ပွဲအတွက် တခုနည်းသော နည်းမှာ လူထုညီညွတ်ရေးနည်းနှင့် ဦးတည်ချက်မှန်ကန်ရေးဖြစ်သည်။ ဦးတည်ချက်မှန်ကန်ရေးဆိုသည်မှာ စစ်အစိုးရ ပြုတ်ကျရေးဖြစ်သည်။ ကောင်းပြီ ၊စစ်အစိုးရပြုတ်ကျလျင် ဒီမိုကေ၇ရစီအရပ်သားအစိုးရ ဖွဲ့ ရမည်ကို သိထားနှင့်သည်။ အကြောင်းမှာ နိုင်ငံရေးလုပ်သည်ဆိုမှဖြင့် အာဏာလိုချင်၍ဖြစ်သည်။ နို်ုင်ငံရေးအာဏာ မလိုချင်ဟု ပြောသော နိုင်ငံရေးသမားမှာ လိမ်ညာသောသူသာဖြစ်သည်။ ၁၉၈၈-ခုနှစ်ကာလက ၀န်ကြီးချုပ်ဟောင်းဦးနုက စင်ပြိုင်အစိုးရဖွဲ့ ခဲ့ သည်။ သေသည့်တိုင်အောင် ယင်းစင်ပြိုင်အစိုးရကို မဖျက်ခဲ့  ။ ခုလည်းဘဲ လူထုတွေက ဆန္ဒပြဖို့  လမ်းပေါ်ထွက်လာကြပြီ ဆိုလျင် အရပ်သားအစိုးရဖွဲ့ စည်းရေးကို ဦးတည်ဆန္ဒပြကြရမည် သာဖြစ်သည်။ သို့ မှသာ နိုင်ငံတကာမှ ယင်းအစိုးရအဖွဲ့ ကို ထိတွေ့ ဆက်ဆံလာလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးအခြအနေမှာ ယခုအချိန်တွင် ကမ္ဘာက မေ့လျော့နေသော နိုင်ငံရေးပြသနာ မဟုတ်။ တခုပ်တရ သတိထားနေသော ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် နိုင်ငံတခုဖြစ်ကြောင်း လူတိုင်းသိသည်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှိနေပြန်ရာ စစ်အစိုးရနှင့် ဒီမိုကရေးကို ပိုမိုသိနေကြပြီးဖြစ်သည်။ တခုတော့ရှိသည်။ တောင်အာဖရိကမှ နယ်လဆင်မင်ဒဲလားက သမတဖြစ်နေချိန် လူမဲလူငယ်တဦး လမ်းပေါ်မှာ သေဆုံးသွားရသည်။ ယင်းအခင်းဖြစ်ပွါးရာသို့  နယ်လဆင်မင်ဒဲလား၏ ပထမဇနီးဖြစ်ခဲ့ သူက ချက်ချင်း ရောက်ရှိလာပြီး သမတက ခုထက်ထိမရောက်သေးဘူးလား ဆိုကာ သမတနယ်လဆင်ကို ဝေဖန်သွားသည့်  အကြောင်းအရာကို အမှတ်ရနေမိသည်။ ဆိုလိုသည်မှာ လူုတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေလျင် သူတို့ ၏ အသက်အိုးအိမ် ထိပါးခဲ့ လျင် နိုင်ငံရေးခေါင်းဆောင်များက သူတို့ အတွက် ရင်ဆိုင်ဖြေ၇ှင်းနိုင်ရမည်ဖြစ်သည်။ ပြည်ပမှာဆိုက ယင်ကဲံ့သို့  မဖြစ်ရအောင်ကြိုတင်စီစဉ်ပေးထား၍ရသည်။ သည်တော့ ညီသလားဟေ့လို့  သင်္ကြန်သံချပ်လို အတိုင်အဖေါက်ညီညီ သံချပ်ကလေးထိုးဖို့  လုပ်ကြရတော့မည်။ မစွန်းရင်းကလဲ ရှိ၊ ကဇွန်းရင်းကလဲ ငြိသော ပုဂ္ဂိုလ်တို့ အနေဖြင့် ယခုအချိန်မှာ ဇွဲသတ္တိတွေကို ထုတ်ပြကြပါတော့လို့  ပြောချိန်ရောက် နေပြီ။ အကြောင်းမှာ နအဖစစ်အစိုးရမှာ မပြေးသော် ကန်ရာရှိ ဖြစ်သွားမည်ကို သိလျက်နှင့် လက်ပိုက်ထိုင်နေလို့ ကတော့ နောက်ထပ် နှစ်ပေါင်း အများကြီးကြာမြင့်သွားနိုင်သည်။ အကယ်၍ လမ်းပေါ်ထွက်ပြီး ဆန္ဒပြလျင် မပစ်သတ်ဟု အာမခံပြောရဲသော သူတွေမှာ အနီးကလေးမှာရှိသည်။ ယင်းအနီးကလေးမှာ ရန်သူကိုတိုက်ခိုက်ဖို့  ယခုအချိန်တွင် အရေးကြီးသည်။ အရေးကြီး၍ သွေးစည်းခဲ့ ကြလျင် စစ်အစိုးရမှာ လုံးဝခံနိုင်မည်မဟုတ်။ အကြောင်းမှာ လွပ်လွပ်စွာ ထုတ်ဖေါ်နိုင်ဖို့  အတွက် နိုင်ငံတကာမှ မြန်မာနိုင်ငံသားတွေကို လိုင်စင်ချပေးလိုက်ပြီ။ အခွင့်အရေး မျက်နှာသာပေးလိုက်ပါပြီ။ ကဲ တို့ ခေတ်မှာ ဘာများမလုပ်နိုင်စရာ ၇ှိပါတော့နည်း။ ဒီအချိန် စစ်အစိုးရ မပြုတ်ဘဲ ခံနိုင်ရိုးလား လို့ ပြောရုံမှတပါး ။။။။ ။။။။။ ခိုင်အောင်ကျော် ( နယူးယောက်)

အပြည့်အစုံသတင်းဖတ်ရန်....

ရှင်လျက်နှင့် ပြည်သူ့ မေတ္တာစူးနေသော ငရဲသား

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်တွေရဲ့ စွမ်းပကား ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုပြောကြား

2011-03-26 RFA
ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်း နောက်ဆက်တွဲ အနုမြူ ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု အန္တရာယ်တွေဟာ ကြီးမားလှတာ မှန်ပေမယ့် ဂျပန်နိုင်ငံသားတွေရဲ့ တုန့်ပြန် ရင်ဆိုင်နိုင်တဲ့ စွမ်းပကားက ပိုမို ကြီးမားလှပါတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က ငလျင်ကြီးနှင့် ဆုနာမိ ရေလှိုင်း ဒဏ်များ ခံရပြီးနောက် မီယာဂိ ခရိုင်၊ နာတိုရိမြို့တွင် မတ်လ ၁၂ ရက်က ပျက်စီး ပြိုလဲနေသော အဆောက်အအုံများကြားမှ အဖိုးအိုတဦးကို ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင် စစ်သည်တဦးက ကျောပိုး၍ ဘေးလွတ်ရာသို့ သယ်ဆောင် ပို့ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)

RFA က ထုတ်လွှင့်နေတဲ့ အမေးအဖြေကဏ္ဍ အတွက် ဖြေကြားခဲ့ရာမှာ ဂျပန်နိုင်ငံက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင် ကူညီနေကြတဲ့အတွက် ဝမ်းသာ အားရပါကြောင်းနဲ့ ပြည်တွင်းပြည်ပ NLD အဖွဲ့ဝင်တွေကလည်း တတ်အားသမျှ ပါဝင် ကူညီမှာဖြစ်ကြောင်း၊ ပြည်တွင်း NLD အဖွဲ့ဝင်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ မကူညီနိုင်ပေမယ့် ကရုဏာထား စာနာကြောင်း ပြသတဲ့အနေနဲ့ ဆူနာမီနဲ့ ပတ်သက်တဲ့ ကဗျာတွေ စုပြီး ပို့ဖို့ စီစဉ်နေကြောင်း၊ နိုင်ငံခြားမှာရှိတဲ့ NLD လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေက ငွေကြေးစုဆောင်းပြီး ဂျပန်ကိုပို့ဖို့ စီစဉ်နေတယ်လို့လည်း သိရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါက်တာစိန်ဝင်းနှင့်မျှားသုံးစင်း

Sunday, March 20, 2011
မြန်မာအတိုက်အခံများအတွက် သင်ခန်းစာ
လစ်ဗျားအတိုက်အခံခေါင်းဆောင် CNN သတင်းထောက်မှ တဆင့် ကမ္ဘာ သို့ ပြောကြားချက်

CNN။ ခုခင်ဗျားတို့ အတိုက်အခံတွေ က UN ကိုဘာတွေ တောင်းဆိုချင်လဲ

လစ်ဗျားအတိုက်ခံခေါင်းဆောင်။ ကဒါဖီကို ဖြုတ်ချဖို့ ကျုပ်တို့ ခု လက်နက်ဝယ်ဖို့ ငွေလိုတယ် ဗုံးလိုတယ် အမြောက်ကြီးတွေလိုတယ် လေယဉ်ပျံတွေ လို တယ် တင့်ကားတွေ လို တယ် ကျုပ်တို့ မှာ ခုရှိတာ သေနတ်အသေးတွေပဲ တကယ့်တိုက်ပွဲ မှာဘာမှ လုပ်လို့ မရဖူး။

အဲလို့ ပြတ်သားမှုကြောင့် ခုသူတောင်းတဲ့ အတိုင်း ဗုံးကော အမြောက်ကော လေယဉ်ပျံပါရသွားပြီး
×××××××××-------------------------------

မြန်မာပြည်ပအတိုက်အခံခေါင်းဆောင် NCGUB မှ ၀န်ကြီးချုပ်ဦးစိန်ဝင်းအား SBS မှ ၂၀၀၇ စက်တင်ဘာအရေးအခင်းတွင် မေးကြားမှုအား အောက်ပါအတိုင်းဖြေခဲ့သည်

SBS။ ဒေါက်တာက ခု နိုင်ငံတကာ အစို့းရတွေ အနေနဲ့ နအဖကို ဘာလုပ်စေချင်သလဲ

ဒေါက်တာစိန်ဝင်း။ အဲ ကုလသမ္မဂ္ဂက ခုထက့် ပိုပြီး ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကို လိုချင်တယ်

SBSး ပြင်းထန်တဲ့ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်ကို ဆို တာ ဒေါက်တာ ဘာကို ဆိုလိုတာလဲ

ဒေါက်တာစိန်ဝင်း။ အဲ ကုလသမ္မဂ္ဂက ခုထက့် ပိုပြီး ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ပါ။ အဲ အဲ..... ပိုပြီးပြင်းထန်တဲ့ လုပ်ရပ်ပါ။

SBS ။ ဟုတ်ပါပြီး အဲဒီ ပိုပြီး ပြင်းထန်တဲ့ ဆုံးဖြတ်ချက် တွေ လုပ်ရပ်တွေကဆို ဘာကို ဆိုလိုဒါလဲ နအဖကို ဖြုတ်ချပြီး အသစ်တင်ဖို့ လား စစ်ရေးအရ တိုက်ခိုက်အရေးယူဖို့ ကို ဒေါက်တာ ပြောတာလား ဘာကို ပြောတာလဲ

ဒေါက်တာစိန်ဝင်း။ အဲ ကုလသမ္မဂ္ဂက ခုထက့် ပိုပြီး ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ပါ။ အဲ အဲ..... ပိုပြီးပြင်းထန်တဲ့ လုပ်ဆောင်ချက်ပါ

(မှတ်ချက်။ င်္အဂလိပ်လို သူအတိကျပြောတာက "We want UN to act concrete resolution" SBS asked 3 or 4 times: what' is that concrete resolution, military action or what do you exactly want UN to act? DR. Sein Win said, 3 or 4 times just " Concrete resolution" That's it. and time out, interview finished.

ဒါပဲ ခု ကျုပ်တို့ အဲဒီ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ သန်းေ၇ွ နှင့် သူ့ နောက်တိုး အပေါင်းပါတွေကို သြစတျေးသျှ အစိုးရက ဗီဇာ ပိတ်လိုက်တယ်။ US က စီးပွါးေ၇းပိတ်ဆို့ မှု တစ်နှစ် ထပ်တိုးတယ်။ အတိုက်ခံခေါင်းဆောင်တောင်း တဲ့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကို ပေး လိုက်တယ်။

မှတ်ချက်။ လိုတရ မျှားသုံးစင်း မြန်မာပုံပြင် ကြားဖူးသူများသိမှာပါ။ ဆုမတောင်းတတ်တော့ မျှားလည်းကုန်သွားတယ် ကိုယ့် မွေးရာပါ တန်ဆာပါ ကုန်သွားတယ်။

မိုးဟိန်းRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သတ်သူက သတ်နေသည် ဆန္ဒပြသူတွေက ထပ်တိုးလာသည်

ဒမားစကတ် သို့ သွားရာလမ်း
Sunday, 27 March 2011 00:03 မောက္ခ နိုင်ငံတကာသတင်း


ဆီးယားနိုင်ငံ အရှေ့တောင်ဘက် လယ်ယာလုပ်ငန်း အဓိကထားတဲ့ ဒါရားမြို့ကနေ စလိုက်တဲ့ ဆန္ဒပြမှုက တစ်နိုင်ငံလုံးကို ကူးဆက်သွားမယ့် လူထုအုံကြွမှုကြီး ဖြစ်လာမယ်လို့ ပြောဖို့ အတော်ခက်သည်။

ပြီးခဲ့တဲ့ ရက်တွေမှာ ဒါရားမြို့ ဆန္ဒပြပွဲ စစချင်း လုံခြုံရေးတွေက လူ ၃၇ ယောက်ကို ပစ်သတ်ခဲ့တာကြောင့် ဖြစ်သည်။ ဆန္ဒပြရင် အသေရိုက်နှက်ဖို့နဲ့ ပစ်ချဖို့ အမိန့်က ရဲတွေမှာ ပါပြီးသား ဖြစ်သည်။

ဒါပေမဲ့ ဆီးရီးယား သမ္မတ ဘာရှား အာဆဒ် ပြုတ်ကျရေး၊ လွတ်လပ်ခွင့်ရရှိရေး တောင်းဆို ဆန္ဒပြနေသူတွေက ဆယ်ကျော်သက် လူငယ်တွေ ဖြစ်သည်။ မတရားမှုအတွက် တိုက်ပွဲဝင်တဲ့ လူငယ်တွေမှာ နောက်ပြန်လှည့်စရာ အကြောင်း မရှိ။ ဒါရားမြို့မှာ ရေပေါ်စီ လူငယ်မရှိ။ သတ်သူက သတ်နေသည်။ ဆန္ဒပြသူ အရေအတွက်က ထပ်တိုးလာနေသည်။

စနေနေ့ကတော့ ဒါရားမြို့ လမ်းတွေပေါ်မှာ မြို့လုံးချီ ဆန္ဒပြကြသည်။ ဟိုးမစ်၊ ဟာမာ၊ လာတာကီယာ မြို့တွေကနေ မြောက်ပိုင်း ဒမားစကတ် မြို့အထိမှာပါ ဆန္ဒပြလာသည်။ ရဲကလည်း အလကား မနေ။ ဆနာမီယန် မြို့ကလေးမှာ သမ္မတ ဘာရှား အာဆဒ်ရဲ့ ဖခင် သမ္မတဟောင်း ဟာဖဇ် အာဆဒ် ရဲ့ ရုပ်တုကို လူငယ်တွေ မီးတင်ရှို့လို့၊ ၂၀ ယောက် ပစ်သတ်ခံရသည်။ ဒမားစကတ်တွင် သုံးယောက် ပစ်သတ်ခံရသည်။ ဆက်ပစ်လေ လူအုပ်ကြီးက ညို့လာလေ ဖြစ်သည်။

မြို့တိုင်းထွက် ဆန္ဒပြလိုက်လို့ ၂၄ နာရီတောင် မပြည့်။ အစိုးရက အကြမ်းဖက် ဖြိုခွင်းမှု ဆက်မလုပ်တော့ဖို့ ကတိက၀တ် ပြုလိုက်ရသည်။ အရေးပေါ် ဥပဒေကို ပြန်ရုတ်သိမ်းဖို့၊ နိုင်ငံရေးပါတီသစ်တွေနဲ့အတူ မီဒီယာတွေ ပါဝင်နိုင်မယ့် ဥပဒေ အသစ်ရေးဆွဲဖို့ ကတိပေးစကားပြောလာသည်။

သို့သော် စားပွဲပေါ်က ဥပဒေ အပြောင်းအလဲကို လူထုက လက်မခံ။ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ရှင်းဖို့ တောင်းဆို လာသည်။ သမ္မတ အာဆဒ် တာဝန်ယူရမည်။ ဒီအတွက် နှုတ်ထွက်ပေးရမည်။ Amnesty International အဖွဲ့ကြီးက သေဆုံးသူ ၅၅ ယောက် ရှိပြီး လူ ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ စနေနေ့က ကြေငြာသည်။ ဒါရား နဲ့ ဆနာမီယန် မြို့တွေမှာ သတ်ဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်တွေ ထပ်ထွက်လာတော့ သမ္မတ အာဆဒ်ကို လက်ခံစရာအကြောင်း မရှိဟု တောင်းဆို လာကြသည်။

ပြင်ပနိုင်ငံအချို့ အမြင်မှာတော့ သမ္မတ အာဆဒ် အစိုးရက အရှေ့အလယ်ပိုင်းရဲ့ အခြား သက်ဦးဆံပိုင်တွေနဲ့ မတူဘဲ အကြမ်းဖက်နှိမ်နင်းရေးမှာ တက်ကြွပြီး စီးပွားရေး တိုးတက်အောင် လုပ်တတ်သည်ဟု ယူဆကြသည်။ အာဆဒ် က အနောက်နိုင်ငံများနဲ့ ပလဲနံပသင့်သူလည်း ဖြစ်သည်။ သို့သော် အပြင်ကကြည့်ရုံနဲ့ အတွင်း အဇ္ဈတ္တကို မမိနိုင်။

အခု ဆီးရီးယား တော်လှန်ရေးအတွက် လူငယ်တွေ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ် Syrian Revolution 2011 page on Facebook စာမျက်နှာက တစ်တိုင်းပြည်လုံးရှိ လူ ၂၂ သန်းလုံး ပါလာအောင် လှုံ့ဆော်ပေးနေသည်။ နိုင်ငံသားတွေအတွက် အလုပ်အကိုင်လည်း ရှာမပေးနိုင်၊ လူနေမှုအဆင့်အတန်းလည်း မြှင့်တင်မပေးနိုင်တဲ့ ခြစားနေတဲ့ အစိုးရကို ယခု ရက်ပိုင်း အတွင်း လမ်းတွေပေါ်မှာ ပေါ်ပေါ်တင်တင် ပြောဆို ဝေဖန်ရဲလာကြသည်။

ဆီးရီးယား တော်လှန်ရေးက ထူးခြားသည်။ သေဆုံးသူ အရေအတွက် ပိုများလေလေ လူအုပ်ကြီးက ပိုထူထပ်လာလေ ဖြစ်သည်။ သွေးမြေကျမှု များလေလေ ဆီးရီးယား မြို့တိုင်းက လူတွေ လမ်းတွေပေါ် ပေါက်ကွဲ တက်လာပြီး တောင်းဆို မှုတွေ ပိုများသထက် များလာလေ ဖြစ်သည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လုံခြုံရေးကောင်စီရဲ့ လစ်ဗျား ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

2011-03-26 RFA
လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးဂဒါဖီ သြဇာခံ စစ်တပ်တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းမှုဒဏ်ကို ခံနေရတဲ့ လစ်ဗျားပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာတပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်နိုင် ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့တာဟာ သင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ လူထုနဲ့ ‘ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ’ ကဏ္ဍအတွက် အဖြေစကားတွေကို သောကြာနေ့က ကြိုတင်ပြီး ရရှိခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရကို လုံခြုံရေးကောင်စီက အလားတူ အရေးယူနိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကိုတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ အားပေးတဲ့ ဆုံးဖြတ်ချက်မျိုးကို မိမိလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ရရှိမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အတွက် အားပေး ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အားလုံး သဘောပေါက်အောင် စည်းရုံး ပြောဆိုနိုင်ရင် ကောင်းမွန်မှာဖြစ်ကြောင်း၊ အဲဒီလို လိုက်လျောမှုမျိုး ရရှိဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပေမယ့်လည်း ဖြောင်းဖြတိုက်တွန်းတဲ့ နည်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းကြဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */