“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, February 28, 2011

အီဂျစ်မှ မူဘာရပ် ခရီးသွားလာရေး အခက်အခဲ ကြုံနေရလေပြီ။

Hosni Mubarak is reported to be in ill health
28 February 2011 Last updated at 12:28 GMT

Hosni Mubarak: Egypt's former leader given travel ban
Hosni Mubarak - 18 May 2008 Hosni Mubarak is reported to be in ill health
Continue reading the main story
Egypt's Revolution

Egypt's public prosecutor has issued a travel ban on ousted President Hosni Mubarak and his family.

The order also freezes their money and assets, a spokesman for the prosecutor's office said.

Mr Mubarak stepped down on 11 February, after almost 30 years in power, in the wake of mounting public protests.

He is believed to be living in his villa in Sharm el-Sheikh but in poor health, and has not been seen or heard of publicly since stepping down.

Mr Mubarak handed power to the military, which appointed an interim government to write a new constitution and hold elections.

The prosecutor's office said the travel ban and asset freeze was issued while complaints - which were not specified - against the Mubarak family were being investigated, Reuters news agency reported.

The order applies to Mr Mubarak, his wife Suzanne, their two sons Ala and Gamal and their wives.
Fortune denied

Egypt has already requested a number of governments to freeze the overseas assets of the Mubarak family.

Protesters and anti-corruption campaigners have been pressing for an investigation into the Mubarak family's assets, put at anywhere from $1bn to $70bn (£616m-£43bn).

However, Mr Mubarak's legal representative has denied reports that the former president amassed a fortune while in office.

Three of Mr Mubarak's former officials have been charged with corruption-related offences: former ministers of interior Habib al-Adly, tourism Zuhair Garana, and housing Ahmed al-Maghrabi.

Justice officials said on Sunday that Mr Adly would face trial on money laundering charges from 5 March.
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လွှတ်တော်နော် လွှတ်တော်..ဝေလာဝေး ဒီမိုကရေစီ။

နအဖ ခေတ်က မညီမညာနဲ့ ရိပ်တာ ခု ညီညီညာညာနဲ့ ရိပ်မှာ။


ပြည်သူ့ ထံမှ ရိပ်ရန် စီစဉ်နေကြပုံ။

အပြည့်အစုံသတင်းဖတ်ရန်....

အဖေ့ လခ တလလုံးနေမှ ၄၅၀ ... ၁၉၈၅တုန်းက ခု တနေ့ တသောင်းတဲ့  အဲ..

လွှတ်တော်တက် အမတ်
ကိုဝိုင်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တနေ့ ၁ဝ မိနစ်မှ မိနစ် ၂ဝ သာ ကျင်းပသည့် နေပြည်တော် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသည့် အမတ်များကို စားစရိတ်နှင့် နေစရိတ်တို့အတွက် အစိုးရမှ ကြိုတင်ငွေ တနေ့တသောင်း ထုတ်ပေးသည်။

အမတ်တဦးအတွက် စားစရိတ် ကျပ် ၅,ဝဝဝ၊ တည်းခိုစရိတ် ၂,ဝဝဝ၊ ယာဉ်စီးခအပါအဝင် အထွေထွေ အသုံးစရိတ် ၃,ဝဝဝ ကျပ် ဖြစ်သည်။

ယင်းတို့၏ နေ့စဉ် နေထိုင်မှုပုံစံနှင့် အခြေအနေများကို သိရှိနိုင်ရန် ပြည်သူ့လွှတ်တော်အမတ်နှင့် အမျိုးသားလွှတ်တော်အမတ် တဦးစီကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းမှ မေးမြန်းတင်ပြထားသည်။
....................................................................

လွှတ်တော် အဆောက်အဦးတွေက သီးသန့်စီလား။

ပြည်သူ့လွှတ်တော် အဆောက်အဦးနဲ့ ပြည်ထောင်စုလွှတ်တော်က တွဲလျက်အဆောင်ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ပြီးတာနဲ့ နေ့လည်ထမင်းစားဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ထဲကနေ လမ်းလျှောက်ပြီး ဖြတ်ထွက်သွားတာနဲ့ ပြည်သူ့လွှတ်တော် ထမင်းစားဆောင်ကို ရောက်တယ်။

အမျိုးသားလွှတ်တော်က သူ့စားသောက်ခန်းနဲ့ သူ့ဟာနဲ့သူ
senate

(Photo :: MRTV)
သတ်သတ်ရှိတယ်။ အဲဒီ အဆောင် သတ်သတ်ရဲ့ ဘယ်၊ညာ မှာ ဒုသမ္မတနှစ်ယောက်ရဲ့ အိမ်တော်တွေ။ ကျောဘက်ထဲမှာ ရေးရာ အစည်းဝေးဆောင် အလုံး ၂ဝ ရှိတယ်။ လွှတ်တော်ဝန်းကျင်မှာ အဆောက်အဦး ၃၁ လုံးရှိတယ်။ သမ္မတအိမ်တော်ရောပေါ့ဗျာ။

လွှတ်တော်တခုလုံးကို ဝင်းခတ်ထားတယ်။ ဝင်ပေါက်က နှစ်ခုပဲ။ ဝင်းခတ်ထားတာ ရေကျုံး၊ ကုန်းကျုံးတောင် ရှိသေးတယ်။ ပြီးတော့ ကွင်းပြင်ကျယ်တွေလည်း အများကြီးရှိတယ်။ ညဘက်ဆို လင်းနေတာပဲ။ ဝင်းကတော့ နှစ်ထပ် သုံးထပ်ရှိတယ်။ ပထမဆုံးရက်မှာကတည်းက ကိုယ်မဆိုင်တဲ့နေရာ မသွားပါနဲ့လို့ နာယက,က ပြောထားတာရှိတော့ ကျန်တဲ့နေရာတွေတော့ မရောက်ဘူးဗျ။

ကျနော်တို့ သွားရင်လည်း စာသောက်ခန်း၊ လဘက်ရည်ဆိုင်၊ အိမ်သာပေါ့။ လဘက်ရည်ဆိုင် ကလည်း ထမင်းစားသောက်ခန်းတွေရဲ့ ကြားထဲမှာပဲ ချထားပေးတယ်။ သူ့အခန်း,အခန်းတွေ ထဲမှာပဲပေါ့။ ပြည်ထောင်စုလွှတ်တော်မှာ လဘက်ရည် သောက်တဲ့နေရာ ၂ ခန်းရှိတယ်။ အမျိုးသားလွှတ်တော်မှာကျတော့ တခန်းပဲ။

အဆောင်ကနေ လွှတ်တော်ကို အသွား၊ အပြန် လုပ်ရတဲ့ အဆင့်ဆင့်ပုံစံလေး သိချင်ပါတယ်။

ကျနော်တို့က စည်ပင်ဧည့်ရိပ်သာမှာနေတာကိုး။ လွှတ်တော်ကိုရောက်ဖို့ လေအေးပေးစက်တပ် ကားတွေကို မိနစ် ၂ဝ လောက် စီးရတယ်။ ဝင်ပေါက်မှာဆို ချောင်းလေးတခုရှိတယ်။ သံတခါးက အပြင်မှာတခု အထဲမှာတခု။ အပြင်က ဘတ်စ်ကို အပြင်မှာရပ်ပေါ့ဗျာ။ ပြီးရင် တဖါလုံလောက် လမ်းလျှောက်။ ပြီးရင် အတွင်းပေါက်ကြီး။ အဲဒီမှာလည်းတထပ်။ အဲဒီကနေ မိနီဘတ်စ် အသေးလေးတွေနဲ့ သက်ဆိုင်ရာ လွှတ်တော်နေရာ ရောက်သွားတာပေါ့။

အစည်းအဝေးပြီးရင် ထမင်းစား။ ထမင်းစားပြီးရင် ပြည်ထောင်စုလွှတ်တော်ကို ပြန်လာခဲ့ရတယ်။ အဲဒီကျမှ ကားပြန်စီးရတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ လှေခါးအဆင်းမှာ ကားတွေရပ်ထား ပြီးတော့မှ အပြင်ဂိတ်ဝအထိ အတွင်းကကားတွေက လိုက်ပို့ပေးတယ်။ အပြင်ဂိတ်ဝရောက်ရင် ကျနော်တို့တည်းခိုတဲ့ စည်ပင်တည်းခိုဆောင်ကို လိုက်ပို့ပေးတဲ့ ဘတ်စ်ကားကြီး ၄ စီးနဲ့ ကိုယ့်ကား နဲ့ကိုယ် တက်စီးပြီး ပြန်ခဲ့ရတယ်။

လွှတ်တော်ထဲမဝင်ခင် စစ်ဆေးတဲ့ ပုံစံကကော ဘယ်လိုရှိပါသလဲ။

အစိုးရက ဖွဲ့ပေးထားတဲ့ လွှတ်တော်ဝန်ထမ်းတွေကနေ ကျနော်တို့ဝင်လာပြီဆိုရင် မိုင်းရှာကိရိယာ တွေနဲ့ ရှာတယ်။ လွှတ်တော်စိစစ်ရေးကဒ်ပြား ကိုယ့်နံပတ်ကို ကိုယ်ပြောပြရတယ်။ ကဒ်ပြားမပါတဲ့ သူကို ဝင်ခွင့်မပေးဘူး။

ဆရာတို့ တည်းခိုနေတဲ့ တည်းခိုရိပ်သာ အခြေအနေနဲ့ အဆောင်ပုံစံ အနေအထားက ဘယ်လိုရှိလဲ ခင်ဗျာ့။

လောလောဆယ်တော့ ကင်းခြေများတကောင် ရထားတယ်။ တထွာကျော်တယ်။ နီညိုညို တုတ်တုတ်ကြီး။ အထူက လက်မထက်တောင် နည်းနည်းကြီးချင်သေးတယ်။ အကုန်လုံး လန့်နေတယ်။ အဆောင်ရှေ့က ကားသမားတွေ ဝိုင်းရိုက်ပြီးတော့ အခုနေလှန်းထားတယ်။

ကိုယ့်ပါတီနဲ့ ကိုယ့်အဆောင် သီးသန့်။ တပါတီမှာ ၂ ယောက်လောက်ပဲပါတယ် ဆိုရင်တော့ တခြားပါတီနဲ့ စုလိုက်တဲ့သဘောလည်းရှိပါတယ်။ တသီးပုဂ္ဂလတို့ ဘာတို့ဆို ရောထားလိုက်တယ်။ အဆောင်တွေက တလုံးစီ၊ နံပတ် ၁ ကနေ ၂၉ အထိ။ တလုံးကို အခန်း ၈ခန်း။ တထပ်တိုက်ပု လေးတွေ လုပ်ထားတယ်။ ရှေ့မှာ ကော်ရစ်တာတခုရှိတယ်။ သစ်သားတံခါးတပ်ထားတယ်။ ပြူတင်းပေါက်တွေအားလုံးက မှန်တွေကာထားပြီး တရုတ်ကပ်မဟုတ်တဲ့အတွက် ပြူတင်းပေါက်ကို ဖွင့်မှ လေဝင်ပေါက်ရှိမယ်။ အခန်းထဲမှာ မျက်နှာကျက်ပန်ကာ တလုံးရှိတယ်။ မီးချောင်းက ၂ ချောင်းရှိတယ်။ အခန်းရဲ့ ဖွဲ့စည်းပုံက ပေ ၂ဝ X ၂၅ ပေ။ ရေချိုးခန်းနဲ့ အိမ်သာနဲ့ တွဲလျက်ဖြစ်တယ်။ ရေချိုးခန်းက ၉ ပေပတ်လည်လောက်ရှိမယ်။ ရေချိုးခန်းထဲမှာ မျက်နှာသစ်ဖို့ ရေစင် တခုရှိတယ်။ မှန် တချပ်ရှိတယ်။ ရေထည့်ပြီးတော့ ချိုးဖို့အတွက် ၂ ပေလောက်ရှည်ပြီး အချင်းက တပေခွဲလောက်ရှိတဲ့ ပလတ်စတစ်ပုံး တပုံးရှိတယ်။ ရေပန်းရှိတယ်။ သုံးလို့မရဘူး။ နောက်ပြီး ရေတွေက တခါတလေ နီနေလို့ မျက်နှာသစ်လို့မရဘူး။ သောက်ရေနဲ့ မျက်နှာသစ်ရတယ်။

သောက်ရေက ၂ဝ လီတာ တပုံးကို ၈ဝဝ ပေးရပါတယ်။ ရန်ကုန်မှာ ၄ဝဝ ပေးရတယ်။ ကားနဲ့ လာဖြည့်တဲ့ရေဆိုရင် ၃၅ဝ ပေးရပါတယ်။ ဒါပေမယ့် ကားက ဒီအထဲထိ လာလို့မရဘူး။ အဆောင် ဝင်းထဲမှာ ဖွင့်ထားတဲ့ စည်ပင်အရာရှိတွေပိုင်တဲ့ ဆိုင်တွေကပဲ ပြန်ဝယ်ရပါတယ်။

အားလပ်ရက်တွေနဲ့ အစည်းအဝေး ပြီးချိန်တွေမှာကော အပန်းဖြေနားနေဖို့ ဘာတွေ စီစဉ်ထားပေးလဲ။

ရေဒီယိုတောင်မှ ကိုယ့်ဖာသာကိုယ်ရှိနေလို့ မရှိရင် ကျနော်တို့ ဘာသတင်းမှ၊ ကမ္ဘာကြီးနဲ့ ပြတ်နေမယ်။ သူတို့ရဲ့ ရုံးခန်းတွေမှာတော့ တီဗီရှိတယ်။ သွားကြည့်လို့တော့ရတယ်။ ဒါပေမယ့် ကိုယ့်အခန်းနဲ့ကိုယ်ပဲ နေကြတဲ့အတွက် သွားမကြည့်ကြဘူး။

လစာချီးမြှင့်ငွေထဲမှာ ပြည်ထောင်စုအဆင့်တဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တဲ့၊ စာအုပ်ထဲမှာပဲ ရှိတယ်။ ငါတို့အဆင့် ပျောက်နေပြီလို့ ကိုယ့်ကိုယ်ပဲ ခံစားလိုက်ရတယ်။

ဆရာတို့အတွက် လုံခြုံရေးကော ဘာတွေဆောင်ရွက်ထားပေးလဲ။

လုံခြုံရေးလို့ ပြောမယ်ဆိုရင်တော့ လုံခြုံရေးက ဘာကို လုံခြုံတာလည်း။ သူတို့က ကျနော်တို့ကို နေ့ညမပြတ်နဲ့ လျှောက်ပြီးတော့ ကြည့်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အပေါက်မှာတော့ ရဲတွေစောင့်နေတယ်။ အဲဒီရဲတွေသည် ကျနော်တို့ အဝင်အထွက်မှာ ကျနော်တို့ကိုပဲ စစ်ဆေးရေး လုပ်နေတယ်။ အိပ်ဆောင်တွေကို ညရေးညတာ လုံခြုံရေးလိုက်ပတ်ကြည့်တာ မရှိဘူး။ ဝတ်စုံဝတ်ထားတယ်။ လက်နက်တော့မပါဘူး။ ရဲနက်ပြာမျိုးတွေပေါ့။ အဆောင်နံပတ် ၁၃ က သူတို့ရဲ့အဆောင်။ သူတို့ဆိုင်ကယ်တွေတော့ ရှေ့မှာ ၄-၅ စီးတော့တွေ့တယ်။ ဂိတ်မှာတော့ ၃-၄ ယောက် အမြဲတမ်းစောင့်တယ်။ မီဒီယာတွေလည်း လာလို့မရပါဘူး။ ဧည့်သည်ဆိုရင် စာရင်းပေးရတယ်။ ရုံးခန်းထဲမှာ ငုတ်တုတ်ထိုင်စောင့်ရတယ်။ အဲဒီမှာ စကားပြောပြီးပြန် အဲဒီလိုမျိုးပေါ့။ ကျနော်တို့နေတဲ့ အဆောင်တွေကို ဝင်းခတ်ထားပြီး အဝင်အထွက် တပေါက်တည်းပါ။

အမတ်အချင်းချင်းကော စည်းဝေးတိုင်ပင်ခွင့်တို့ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့် ရပါသလား။

အခမ်းအနားလုပ်မယ်။ စကားစုပြောချင်တယ်ဆိုရင် သူတို့ကို တရက်ကြိုပြောပါ။ သူတို့ ခန်းမ စီစဉ် ပေးမယ်ဆိုတော့ ဘယ်သူမှသွားပြီး အဲဒီမှာမလုပ်ဘူး။ ပြောတာကနည်းနည်း။ သူတို့မှတ်တာက များများဖြစ်နေမှာစိုးလို့။ ကိုယ့်ဟာကို အလျဉ်းသင့်သလိုပဲ လမ်းလျှောက်ရင်း စကားပြောရင် ပြောမယ်။ လဘက်ရည်ဆိုင်မှာ ပြောချင်ပြောမယ်။ အခန်းတခန်းမှာ ၄-၅ ယောက် စုပြောချင် ပြောမယ်။ အဆောင်မှာတော့ ပထမတော့ ပြောတာပေါ့ဗျာ ည ၁ဝ နာရီ ထက် နောက်မကျနဲ့ပေါ့ဗျာ။ ခုကျတော့လည်း ၁၂ နာရီ၊ ၁ နာရီ ရောက်နေတာပဲ။ ဘာမှတော့ မပြောသေးပါဘူး။

နေ့စဉ်စားသောက်ရတဲ့ ပုံစံကော သိပါရစေခင်ဗျာ့။

ကြိုက်သလိုတော့ စားလို့ရတယ်ပေါ့ဗျာ။ ဒါပေမယ့် သူတို့ လွှတ်တော်မှာ ဘူဖေး ကျွေးတဲ့ဟာကျ၊ တရက် နှစ်ရက်ဆို ကျနော်တို့ မမြိန်တော့ဘူးဗျ။ ဆီးချိုသမားတွေလည်း စားလို့ရအောင်ဆိုတော့ အငန်တွေအစပ်တွေ စားချင်တော့ မပါဘူးလေ။ အပြင်မှာကျတော့ ငါးပိ၊ တို့စရာတွေ စားလို့ရတာပေါ့ဗျာ။ ကျနော်ကတော့ နှစ်ကြိမ်ပဲစားပါတယ်။ ၁၂ နာရီတကြိမ်၊ ညနေ တကြိမ်၊ မနက်ပိုင်းကျတော့ အသီးလေးတခုခုနဲ့ ပြီးသွားတာပါပဲ။ တနပ်ကို ၂,၀၀၀ ပေးပေါ့။ လက်မှတ်ဝယ် ပေါ့။ အဲဒီလက်မှတ်ပြလိုက်ရင် အခန်းထဲဝင်။ ကြိုက်တာစားပေါ့။ ကျနော်တို့ကို စားဖို့ဆိုပြီး တနေ့ ၅,ဝဝဝ ပေးထားတယ်လေ။ ဟင်းက တော်တော်များများ ပါ,ပါတယ်။ ဟင်းအလေးဆိုရင် ၄ မျိုး လောက်ပါတယ်။ အကြော်၊အသုပ် ၃ မျိုးဆိုတော့ ၇ မျိုးလောက်ပေါ့။ အချိုပွဲဆို တနေ့နဲ့တနေ့ မတူအောင်တော့ လုပ်ထားပေးတယ်။ အသီးအနှံဆိုလည်း ၃ မျိုးလောက်ပါတယ်။ ဝက်သားတော့ နေ့တိုင်းပါတယ်။ ကြက်သားကတော့ ဒီမှာ ကြက်ငှက်တုတ်ကွေးဖြစ်တော့ မတွေ့တာကြာပြီ။ ဒီနေ့မနက်ပဲ ကြက်သားဟင်းတွေ့တယ်။ ဒါပေမယ့် ပြည်ထောင်စုနေ့က ကြက်သားဒန်ပေါက် ကျွေးတယ်။ ဗိုလ်ချုပ်မှူးကြီး ကျွေးသွားတာလေ။

မနက်ပိုင်းကတော့ ကျနော်တို့နေတဲ့ အဆောင်နေရာမှာ ကြိုက်တာဝယ်စားပဲ။ စည်ပင်မိသားစုတွေ ဖွင့်ထားတဲ့ ဆိုင်တွေပေါ့။ နန်းကြီးသုပ်၊ ခေါက်ဆွဲ၊ ထမင်းသုပ် ဘာညာ အစုံရတယ်။ ကရင်ဆိုင် ဆိုရင် တာလဘော့၊ ကချင်ဆိုင်ဆိုရင် ခေါင်ရည် သောက်လို့ရတာပေါ့ဗျာ။ ဗိုလ်ကြီးအဆင့်လောက် ထောင်ထားတာ ဖြစ်မယ်ထင်တယ်။

အဆောင်မှာတော့ စားဖိုဆောင် မရှိဘူး။ ကျနော်တို့ရဲ့ မြောက်ဘက်ခြမ်းက အပြင်လူတွေ တည်းလို့ရတဲ့ အဆောင်တွေပေါ့။ သတင်းထောက်တွေ၊ မိသားစုတွေပေါ့။

အဝတ်တွေလျှော်ဖို့ကော ဘယ်လိုစီစဉ်ပေးလဲ၊ ကွန်ပျူတာကော သုံးလို့ရလား။

ဒိုဘီအပ်လို့ရတယ်။ ပင်မအဆောင်မှာလေ။ ကျနော်တို့ check out လုပ်တဲ့ အဆောင်သပ်သပ်ဆိုတာ ရှိတယ်။ စည်ပင်ရိပ်သာမှာပဲ။ အဲဒီမှာ ကွန်ပြူတာတွေ ထားထားတယ်။ အင်တာနက် တော့မရှိဘူး။ အဲဒီမှာ ဒိုဘီအပ်ချင်လည်း အပ်။ စကားပြောချင်လည်း ပြောပေါ့။ လျှောက်လည်ချင်ရင် ကားစီစဉ်ပေးပါပြောလည်း သူလုပ်ပေးတာပဲ။ မိတ္တူကူးချင်လည်း ကူးလို့ရတယ်။ ဒိုဘီက အင်္ကျီတထည် ၂ဝဝ၊ ပုဆိုးလည်း ၂ဝဝ ပဲ။ မနက်ကမှ ရေက နည်းနည်းပြန်နီသွားတယ်။

ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ကော အတူတူနေရတာလား။

ပြည်ခိုင်ဖြိုးတွေက ကျနော်တို့ဆီမှာ မရှိဘူး။ လယ်ဝေးမှာလို့ ပြောတယ်။ ခေါင်တယ်ပြောတယ်။ ကျနော်တို့နေတာက အဆောင် ၁ ကနေ ၂၉ အထိလုံး ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်မပါ ကျန်တဲ့ အမတ်တွေပဲပေါ့။ ပြည်ခိုင်ဖြိုးတွေကျတော့ အဆင်မပြေဘူးလို့ ပြောတယ်။ သူတို့ အပြင်မှ မထွက်ရတာ။ စားသောက်ဆိုင်ထဲမှာ ထမင်းကြော်ဆို မုန်းလောက်အောင်ပဲ ဖြစ်နေတယ်လို့ ပြောတယ်။ စစ်တပ်အမတ်တွေကတော့ Mount Pleasant ဟိုတယ်နားလောက်မှာရှိတဲ့ တောင်ခြေမှာလို့ ထင်တာပဲ။

အဆောင်တခုနဲ့ တခု ကူးလို့ရလားခင်ဗျာ့

ကျနော်တို့ဆီမှာ ရပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တိုးတက်နေသော မြန်မာပြည်။



အော် ဒီပုံကြည့်ပြီး ဘက်ပေါင်းစုံကနေ သံဝေဂရမိပါတယ်။ ပုံကိုကြည့်ရတာ နေပြည်တော် သန်းရွှေ နေတဲ့ နေရာကို ကောင်းမွန်အောင် ခိုင်းသမျှ လုပ်ပြီး အဆင်ပြေရာ ကျောက် သဲ တင်ကားနဲ့  အိမ်လို့  ကဗျည်း ထိုးလောက်ရာ တဲကို ကလေးငယ်တွေ ညစာ မစာလောင်ရေးအတွက် ဇောတဗြတ် အတင်း ကုတ်ကပ်တက် နေကြပုံများ စိတ် တကယ် မချမ်းမွေ့ ဖွယ်ရာပါ။ကံကြောင့် မွဲတေရတဲ့ သူတောင်းစားတွေ များစွာတွေ့ ဖူးပေမယ့် ၊ ကံကြောင့်မဟုတ်ဘဲ မတရားအုပ်ချုပ်တဲ့  လူတန်းစားတွေကြောင့် ကံပါလျက်နဲ့ ကျွန်ဖြစ်နေကြရတဲ့အပေါ် များစွာကြေကွဲ မိပါတယ်။ မေးခွန်းတခုက အာဏာရှင်တွေကိုယ်တိုင် ငွေများစွာသုံးစွဲနိုင်တဲ့ အပေါ် ဗမာပြည်တကယ်ဘဲ ခေတ်မှီတိုးတက်တဲ့ နိုင်ငံဖြစ်နေပြီလားလို့  မေးခွန်းထုတ်ပါတယ်။
(မှတ်ချက်= လူလိုပြောလျက် လူစကား နားမလည်သော လူဟန်ဆောင် နေသူများအား နားလည်အောင် လူထောင်ပေါင်းများစွာ ရှင်းပြသော်လည်း နားမလည်တာ အခက်ဆုံးပါ။
အဲ့ဒါကို ညီမျှချင်း ချလိုက်တဲ့အခါ တိရိစ္ဆာန် ဟုခေါ်ပါသည်)

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ တပ်မတော်သားရဲ့ဂုဏ်ကြက်သရေ..

ကျန်စစ်သား ဘုရင့်နောင် အလောင်းဘုရားလက်ထက်မှသည် အောင်ဆန်းအစတည်ခဲ့သော မြန်မာ့တပ်မတော် .
သူတပါးကျွန်သဘောက် ဒူးမထောက်ရေး..အသက်ပေးခဲ့တဲ့တပ်မတော်...
ရင်မြေကတုတ် အမိမြေ ပြည်သူတွေအတွက် ရပ်ခဲ့တဲ့ မြန်မာ့တပ်မတော်
အခုထိ အိပ်ပျော်နေတုန်းဘဲလား..အခုထိ ရုးချင်ယောင်ဆောင်နေဆဲလား.

လစ်ဗျားစစ်တပ်ကတော့ ပြည်သူ့ စစိတပ်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပြီ။..

မြန်မာ့ တပ်မတော်သားရဲ့ ရပ်တည်မှု ဆိုတာ ဘယ်အရာလည်း...
မြန်မာ၏ သွေးအရောင်ဘာအရောင်လည်း..
တပ်မတော်သားတွေ ပြည်သူတွေနဲ့  လက်တွဲဖို့ အချိန်တန်ပြီ။

ရဲဘော်..သေသော် ငရဲမလား..
ပြည်သူကိုသာ..ကာကွယ်ရန် အသင့်ဖြစ်ပါစေတော့။ အာဏာရှင်ကို ဖြုတ်ချပါလော့။

အပြည့်အစုံသတင်းဖတ်ရန်....

inside Job!! ကူညီမည်။ keep in touch!!

အာဏာရှင် ခံကတုပ် ဖြစ်သည့် နေပြည်တော် ကို တပ် နှင့် ပြည်သူ တို့ ၏ အင်အား ဖြင့် ၀ိုင်းပတ် ပိတ် ဆို့ နိုင်ပုံ

HOT မြန်မာ နိုင်ငံ တွင် လူထု အုံကြွမှုများ ဖြစ်လာ ပါက ဥပမာ ရန်ကုန် စသည့် မြို့ များ မှပြည်သူ နှင့် တပ်မတော်သား များ ပူးပေါင်းပြီး နေပြည်တော် သို့ ချီတက် သိမ်းပိုက် နိုင် ပုံ အဆင့်ဆင့်ကို လက်ရှိ မြန်မာ စစ်ဗိုလ်ချုပ် တစ်ဦး က မြန်မာ ၀ီကီလိခ် သို့  ပေးပို့ ထားသည် ကို မြန်မာ ၀ီကီလိခ် အင်တာနက် စာမျက်နှာ က မကြာခင် ဖော်ပြ မည် ဟု သတင်းရရှိသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ပွဲကြည့်သူတွေက စောင့်ကြည့်နေပြီ။ ပွဲကမဲ့သူတွေ အသင့်ပြင်တော့

Summaryဂူဂဲလ် ဂြိုလ် တု မြန်မာ နိုင်ငံ ၏ ဝေဟင် ပိုင် နက် အထက် တွင် ရောက်ရှိ
by Thant Syn on Sunday, February 27, 2011 at 10:24pm

ဂျက်ဖရီ၊ ၊မြန်မာ နိုင်ငံ တွင် ပြည်သူ လူထု ၏ ဒီမိုကရေစီ နှင့် လွတ်လပ်မှု အတွက်လူထု အုံကြွ မှုများဖြစ်လာပါက အင်တာနက် ဆက်သွယ်မှု များ ပြတ်လပ် မှု မရှိရန်အတွက် အမေရိကန် အခြေစိုက်ဂူဂဲလ် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီ မှာ ဂြိုလ် တု

တစ်လုံးသည် အင်ဒို နီး ရှား နိုင်ငံ၏ကောင်းကင်ယံ မှာ မြန်မာ နိုင်ငံ တောင်ဘက် သို့ ရွှေ့ ထားပြီး ဖြစ်သည် ဟု FNG မှ သတင်း ရရှိသည်။မြန်မာ စစ်အစိုးရ က ၂၀၀၇ ခုနှစ် စက်တာဘာလ ရွှေဝါရောက် တော်လှန်ရေး ကာလအတွင်း က လို အင်တာနက် ဆက်သွယ်မှု များ ဖြတ်တောက် ခဲ့ပါက တွစ်တာ လူမှု မီဒီယာသို့  တယ်လီဖုန်း ဖြင့် ဆက်သွယ် နိုင်သည့် နည်း လမ်း တစ်ခု နှင့် IP Proxies များဖြင့် မြန်နှုန်း သိပ်မမြင့် သော အင်တာနက် ကို ကြည့် ရှု နိုင်ရန် စီစဉ် ထားသည် ဟု သိရသည်။











ဂူဂဲလ် အင်တာနက် ကုမ္ပဏီ သည် လတ်တလောတွင် လူထု အုံကြွမှု ဖြစ်ရာ ဉ် အင်တာနက် ဖြတ်တောက် ခံထားရသည့် လစ်ဗျား နိုင်ငံ ကို ကူညီထားသည်။အီဂျစ် နိုင်ငံတွင် လူထု အုံကြွမှု များ အတွင်း ဆန္ဒပြသူများ ကို ကူညီပေး ခဲ့သည့် ကိုင်ရိုမြို့ ကောင်း ကင်ယံ မှ ဂြိုလ် တု ကို ထရီပိုလီ မြို့ ပေါ်သို့ ရွှေ့ ယူထားခြင်း ဖြစ်သည်။လစ်ဗျား နိုင်ငံ အရှေ့ ဘက်ခြမ်း ရှိ ဘန်ဂါဇီ မြို့ မှာ တွင် ကဒါဖီ က အင်တာနက် ဖြတ်တောက်လိုက်သော် လည်း ဂူဂဲလ် ဂြိုလ်တု က အလျှင် အမြန် ကူညီ နိုင် ၍ ကဒါဖီ လက်အောက်မှာ ဘန်ဂါ ဇီ မြို့ မှာ စောစီးစွာ လွတ်မြောက် ခဲ့သည်။

မြန်မာ နိုင်ငံတွင် အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်သွားပါက ဂူဂဲလ် ကမည်ကဲ့သို့ အသုံးပြုရမည် ကို သတင်းထုတ်ပြန်မည် ဖြစ်သည်။ယခင် က မြန်မာ နိုင်ငံ ၏ အကာသ တွင် ဂူဂဲလ် ဓာတ်ပုံ ရိုက်ကူး ရေး ဂြိုလ် တုများရောက်ရှိ ခဲ့ဖူးပြီး ၊ ယခု ဂြိုလ် တု သည် ဂူဂဲလ် ၏ ဆက်သွယ်ရေး နည်းပညာ ဂြိုလ်တု ဖြစ်သည်။



http://freedomnewsgroup.com/2011/02/28/google-satellit/

အပြည့်အစုံသတင်းဖတ်ရန်....

ကဒါဖီမိသားစု ပိုင်ဆိုင်မှု အတော်များများကို ဗြိတိန် ထိန်းချုပ်ပြီ

ဖောင့် မတူလို့  ဘီဘီစီ ကို ဘဲ သွားဖတ်ကြပါ ဒီကိုသာနှိတ်

အပြည့်အစုံသတင်းဖတ်ရန်....

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ တိုင်း နှင့် ပြည်နယ်များမှ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင် လမ်းရှိ ဌာနချုပ်ရုံးတွင် ကျင်းပနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

၂၅.၂.၂၀၁၁ RFA ညပိုင်း လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် အမေးအဖြေကဏ္ဍ

(စ)

မေးသူ။ ။ ဆလိုင်းထွန်းသန်း

မေးခွန်း။ ။ ကျွန်တော်ကတော့ ဆလိုင်းထွန်းသန်းပါ။ နိုင်ငံတော်အစိုးရက အတင်းပို့လိုက်လို့ အမေရိ ကန်ကြီးဖြစ်နေတဲ့ ဆလိုင်းထွန်းသန်းပေါ့။ နက်ဖြန်သဘက်ဆိုလို့ရှိရင်လည်း ကျွန်တော် (၈၄) နှစ်ထဲရောက် တော့မှာပါ။ ဒေါ်အောင် ဆန်းစုကြည်တို့က အခုဆိုလို့ရှိရင် လူငယ်တွေနဲ့လည်း စည်းရုံးပြီးတော့ စကားပြော နေတယ်။ ပြီးလို့ရှိရင် လူမှုရေးလည်းလုပ်မယ်လို့ ပြောတယ်။ ကျွန်တော်သိပ်ဝမ်းသာတယ်။ ဒါဟာ ဖြစ်လည်းဖြစ်သင့်ပါတယ်။ ကျွန်တော်က ဒီကိုမလာခင် ဘာလုပ်သလဲဆိုလို့ရှိရင် ငဖဲမြို့ နယ်ထဲမှာ ပေလေး ထောင် လောက်မြင့်တဲ့ တောင်ပေါ်မှာ တောင်ပေါ်ဒေသ ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးဆိုပြီးတော့ ကျွန်တော်လုပ် ခဲ့ပါ တယ်။ ဤကဲ့သို့သောလုပ်ငန်း၊ ဒါမှမဟုတ်ရင်အလားတူလုပ်ငန်းတွေ၊ ဒီတောင်သူလယ်သမားတွေဟာ ခုထက်ထိ အတော်လေးကိုဒုက္ခ ရောက်နေတဲ့ အတွက်ကြောင့်အဲဒါမျိုးလုပ်ငန်းများ လုပ်ဖို့အစီအစဉ်ရှိသလားလို့ ကျွန်တော်အဲဒါလေး သိချင်ပါတယ်။ တကယ်လို့များရှိရင် လည်းပဲ ကျွန်တော်ကတော့ နှုတ်အားဖြင့်ဖြစ်စေ၊ ကူညီစေချင်လို့ရှိရင် ကျွန်တော်ကူညီပါ့မယ်လို့၊ အဲဒါလေး ကျွန်တော်ပြောချင်တာပါ။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ဆရာကြီးထောင်တွင်း အတွေ့အကြုံအကြောင်းတွေနဲ့၊ နိုင်ငံခြားရောက်ပြီး ပြောဆိုတာတွေကို ရေဒီယိုအသံလွှင့် ဌာနတွေမှတဆင့် မကြာခဏကြားခဲ့ရလို့ ယခုလိုဆရာနဲ့ တိုက်ရိုက် ဆက်သွယ်တာကို အများကြီးကိုဝမ်းသာပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားတွေနဲ့ ကျေးလက်တောရွာနေ ပြည်သူတွေကို တတ်နိုင် သမျှကူညီဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ ဆရာ့ အနေနဲ့ နှစ်ပေါင်းများစွာစုဆောင်းရရှိခဲ့တဲ့ ဗဟု သုတ တွေကို ကျွန်မတို့လုပ်ငန်းတွေ အထောက်အကူဖြစ်ဖို့ ဝေငှချင်ပေးမယ် ဆိုလို့ရှိရင် အင်မတန်မှ ကျေးဇူး တင် မှာပါ။ ကျွန်မတို့လိုတဲ့ အကူအညီတွေနဲ့ ပတ်သတ်လို့ ဆရာ့ကို ဆက်သွယ်ပါ့မယ်။

မေးသူ။ ။ စောလားဘွယ်

မေးခွန်း။ ။ ခုတက်လာတဲ့ စစ်အစိုးရတွေက ခုပြည်သူလူထုကို မပြောဘဲနဲ့၊ အခု သူတို့ရှိခိုးကန်တော့တဲ့ ဘုန်းကြီးတောင်မှသူတို့ဆဲပြီး၊ ရိုက်တက်နင်း သတ်ဖြတ်တာတို့။ ဒါကြောင့်မို့ ဒီကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်ထောင်စုတိုင်းရင်းသားတွေ ဒီမိုကရေစီ လူ့အခွင့်အရေးကို ဘယ်နည်းဘယ်လမ်းနဲ့ လုပ်ရမလဲဆိုတာ အဲဒီလိုမျိုး ကျွန်တော်သိစေချင်တယ်နော်။

ဖြေ။ ။ ကျွန်မတို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ကြိုးပမ်းတဲ့ နေရာမှာ အကြမ်းမဖက်ဘဲ လုပ်မယ်လို့ သန္နိဌာန်ချထားပါတယ်။ ဒါက အကြမ်းမဖက်တဲ့လမ်းက လွယ်ကူလို့မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ကို အကြမ်းဖက်တဲ့နည်း၊ လက်နက်နည်းနဲ့ လုပ်မှဖြစ်မယ်ဆိုတဲ့အမြင်ကို ပြောင်းလဲချင်လို့ပါ။ ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံရေးအဖြေရှာတဲ့ အစဉ် အလာကို ဒီတိုင်းပြည်မှာ ခိုင်မာသွားစေချင်လို့ပါ။ ဒီလိုအစဉ်အလာ ခိုင်မာသွားမယ်ဆိုလို့ရှိရင် အုပ်ချုပ်တဲ့သူတွေဘက်ကပဲဖြစ်ဖြစ်၊ ပြည်သူတွေဘက်ကပဲဖြစ်ဖြစ်၊ ဘယ်လိုမကျေနပ်မှုတွေပဲရှိရှိ သွေးထွက်သံယိုမှု မပါဘဲပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။

မေးသူ။ ။ ပဒို စောအောင်မော်အေး

မေးခွန်း။ ။ အခုတက်လာတဲ့ အစိုးရကတော့ ကျွန်တော်တို့ KNU ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် တစိုက် မတ်မတ် နဲ့ သူတို့လုပ်နေတယ်လေနော်။ လုပ်နေတယ်ဆိုတော့ ကျွန်တော်တို့ KNU ကတော့ အမြစ် မပြတ်နိုင်ဘူးပေါ့။ အမြစ်မပြတ် နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ကတော့ ဆက်နေမှာပဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော် တို့ KNU ချေမှုန်းရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို သဘောထားသလဲပေါ့နော်။ စစ်ရေးနဲ့ ချေမှုန်းမယ်ဆိုရင်တော့ ဒါတော့ အမြစ်မပြတ်နိုင်ဘူးပေါ့နော်။ နိုင်ငံရေးနည်းကို နိုင်ငံရေး နဲ့ဖြေရှင်းမယ်ဆိုရင် ပြေလည်သွားနိုင်မယ်ဆိုတာကို ကျွန်တော်တို့ယုံကြည်တဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ဘယ်လိုသ ဘောထားမလဲအဲဒီအပေါ်မှာ။

ဖြေ။ ။ စောစောက ဗိုလ်မှူးချုပ်စောလားဘွယ်ကို ကျွန်မဖြေခဲ့တဲ့အတိုင်းပဲ။ နိုင်ငံရေးအပြောင်းအလဲတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြစ်မြောက်စေမယ်ဆိုတာက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းခြင်းနည်းကို အယုံအကြည် ရှိတယ်လို့ ပြောတာနဲ့အတူတူပါပဲ။ ကိုယ့်တိုင်းရင်းသားအချင်းချင်းကို အမြစ်ဖြတ်မယ်၊ ချေမှုန်း မယ်ဆိုတဲ့ စိတ်ဓာတ်တွေအစား နားလည်မှု ယူမယ်။ ခင်မင်မှု ရရှိအောင်လုပ်မယ်။ ယုံကြည်မှု၊ ညီညွတ်မှုတည်တံ့အောင် နည်းအမျိုးမျိုးနဲ့လုပ်ယူမယ်ဆိုတဲ့ နှလုံးသားစစ်ဆင်ရေးကို သာ ကျွန်မတို့ အလေး ပေးပြီးလုပ်သွားချင်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသားများအားလုံးအကြား စစ်မှန်ခိုင်မာတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို အမြန်ဆုံး ထူထောင်နိုင်ပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်။

မေးသူ။ ။ ကိုသံကွန်း

မေးခွန်း။ ။ အန်တီစုခင်ဗျား။ ကျွန်တော့နာမည်သံကွန်းပါ။ ကျွန်တော်မြစ်ကြီးနားက၊ ကချင်တိုင်း ရင်းသားတစ်ယောက်ပါ။ကျွန်တော်ကတော့နိုင်ငံရေးကို တခြားတော့၊ အထူးတော့စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ကျွန်တော်သိချင်တာက တော့ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ဥပမာ ကျွန်တော်တို့ ကချင် ပြည်နယ်မှာ ကျွန်တော်တို့ကချင်တိုင်းရင်းသားစာပေကို တ ရားဝင်ရုံးသုံးဘာသာအဖြစ် ကျွန်တော်တို့အဲဒါကို အကယ်၍ပြဌာန်းပြီး ကျွန်တော်တို့အဲဒါကို အသုံးပြုချင်တယ်ဆိုရင် ကျွန်တော်တို့အဲဒီ ကိစ္စအတွက်ကို ဒေါ်စုတို့ ဘယ်လိုသဘောထားမလဲ။ လက်ခံနိုင်ပါ့မလားဆိုတာကို သိချင်ပါတယ်ခင်ဗျား။

ဖြေ။ ။ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ဘာသာစကားကို ထိန်းသိမ်းချင်တာဟာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ရုံးသုံးဘာသာစကားအဆင့် မရောက်ခင်ကျောင်းတွေမှာ သင်ကြားဖို့ ပထမကြိုးစားရမယ်လို့ ထင်ပါတယ်။ ကိုသံကွန်းက နိုင်ငံရေးစိတ်မ၀င်စားဘူးလို့ ပြောတယ်နော်။ ဒီလိုတိုင်းရင်းသားအခွင့်အရေးများနဲ့ ဆိုင်နေတဲ့ ဘာသာစကားလွတ်လပ်စွာ သုံးစွဲပိုင်ခွင့် ဆို တာ နိုင်ငံရေးပါပဲ။ ဒါ့ကြောင့် ဘယ်နိုင်ငံသူနိုင်ငံသားမှ နိုင်ငံရေးနဲ့ မကင်းနိုင်ပါဘူးလို့ အန်တီ ခဏ၊ခဏ ပြောတာပါ။

မေးသူ။ ။ ကိုညီထွဋ်

မေးခွန်း။ ။ ကျွန်တော်က ၀ တိုင်းရင်းသားတစ်ယောက်ပါ။ ကျွန်တော်သိချင်တာက အကယ်၍သာ NLD ပါတီက သမ္မတ လောင်းသာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် ဘယ်လို အင်္ဂါရပ်တွေ၊ ဘယ်လို ပြဌာန်းချက်တွေ၊ ဘယ်လို အကောင်အထည်ဖေါ်နိုင်မယ့်စွမ်းရည်ရှိမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသအဖြစ်ပေးနိုင်မလဲ။ ဘယ်လိုရပ် တည်ပေးနိုင်မလဲ။ ကျွန်တော်အဲဒါလေးတခု၊ မေးခွန်းလေး တခု သိချင်ပါတယ်ခင်ဗျား။

ဖြေ။ ။ သမ္မတဖြစ်လို့ဆိုပြီး ပြည်ထောင်စုအတွက် အင်မတန်အရေးပါတဲ့ ကိစ္စတွေကို တဦးတယောက်တည်း သဘောနဲ့ ဆုံးဖြတ်တာမျိုး အန်တီလုံးဝ မလိုလားပါဘူး။ အခုကိုညီထွန်းပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပတ်သတ်တဲ့မူတွေ ဆိုတာ တိုင်းရင်းသားတွေအချင်းချင်းကြား ဆွေးနွေးပြီးမှ သဘောတူညီမှု ယူရမယ့် ကိစ္စမျိုးပါ။ ဒီလိုဆွေးနွေးပြီးရရှိတဲ့ ယုံကြည်မှု ခင်မင်မှု တွေနဲ့သာ အများလက်ခံနှစ်သက်တဲ့ နိုင်ငံကိုထူထောင်နိုင်မှာပါ။ ဒါ့ကြောင့် စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ် ပေါ်ပေါက်ရေး အတွက် (၂၁) ရာစုပင်လုံကို အန်တီတို့ ဦးတည်နေတာဖြစ်ပါတယ်။

မေးသူ။ ။ ကိုဂေါ်ဇီလာ

မေးခွန်း။ ။ အမေစုကို ကျွန်တော်မေးခွန်းလေး (၂)ခုလောက်တော့ ကျွန်တော်မေးချင်ပါတယ်။ နံပါတ်(၁) မေး ချင်တာကတော့၊ ကျွန်တော်တို့ ဗမာပြည်သူပြည်သားတွေ အားလုံးဟာ ဘာဖြစ်လို့အကြောက် တရား တွေ ရင်ထဲမှာလွှမ်းမိုး နေကြတာလဲ။ အဲဒီအကြောက်တရားတွေကို ကျွန်တော်တို့ အနုပညာသမားတွေနဲ့ အမေစု တို့ လို နိုင်ငံခေါင်းဆောင်တွေ ဒါမှမဟုတ် တတ်သိပညာရှင်တွေက ပူးပေါင်းပြီးတော့ အကြောက်တရား ကို ရင်ထဲ ကနေ ဘယ်လိုဖယ်ရှားရမလဲ ဆိုတာလေးကိုလည်း ကျွန်တော်တို့ ဆွေး နွေးချင်ပါ တယ်။ နောက် နံပါတ်(၂) အချက်က မြန်မာပြည်သူလူထု အများစုက အဖွဲ့အစည်းရဲ့ ပုံသဏ္ဍာန်ကို မရင်းနှီး ကြတာလား၊ ဒါမှမ ဟုတ်လို့ရှိရင်လည်း ကိုယ့်မင်းကိုယ့်ချင်းဆိုတဲ့ စကားကိုပဲ ရင်ဝယ်ပိုက်ကြတာလားတော့ မသိဘူးပေါ့။ ညီ ညွတ်မှုက အင်မတန်အားနဲတာ ကိုတွေ့ရပါတယ်။ ညီညွတ်မှုမရှိတဲ့ တိုက်ပွဲတွေဟာ အောင်မြင် မှုမရှိ ဘူးဆိုတာကိုလည်း ကျွန်တော်တို့က ပြည်သူလူထုကို ဘယ်လိုချပြရ မလဲ။ အဲဒီကိစ္စ လေးကိုလည်း ကျွန်တော်တို့အနုပညာတွေနဲ့ အမေတို့လို နိုင်ငံခေါင်းဆောင်တွေ စုပေါင်းပြီးတော့ ပြည်သူလူထုရင်ထဲ ရောက်အောင် ဘယ်လိုပို့ဆောင်ရင်ကောင်းမလဲ ဆိုတာလေးကို ကျွန်တော်မေးချင်ပါတယ် အမေစုခင်ဗျား။

ဖြေ။ ။ ဂေါ်ဇီလာကြီးလို ကြီးထွားသန်မာမှု မရှိလို့ လူတွေက ကြောက်နေကြတာလားပဲနော်။ တကယ်တော့ ကိုဂေါ်ဇီလာမေးတဲ့ မေးခွန်းနှစ်ခုဟာ ဆက်နွယ်နေပါတယ်။ အကြောက်တရားဆိုတာ စိတ်လုံခြုံမှုမရှိတာကနေ ပေါက်ဖွားလာတာ လို့ထင်မိပါတယ်။ ညီညွတ်မှု နဲပါးတယ်ဆိုတာကလည်း အချင်းချင်းကြားသံသယတွေများလို့ ဖြစ်ပါလိမ့်မယ်။ ဒီလို လိုအပ်တာထက်ပိုတဲ့ သံသယတွေ ဆိုတာဟာလည်း စိတ်လုံခြုံမှုနဲလို့ပဲလို့ ထင်မိပါတယ်။ အမေတို့ပြည်သူတွေ စိတ်လုံခြုံမှုအားကောင်းလာဖို့ဆိုတာဟာ ကလေး တွေ ပြုစုပျိုးထောင်မှုကနေပြီး ဖြစ်ရမှာပါ။ ကြောက်ရွံ့စိတ်တွေ၊ သံသယစိတ်တွေ ၀င်ပြီးဖြစ်နေတဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို ဆင်ခြင် တုံတရားနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရမှာပါ။ ဒီနေရာမှာ ပတ်ဝန်းကျင်ရဲ့ ကူညီအားတွေကလည်း အများကြီး အရေးကြီးပါတယ်။ ကိုဂေါ် ဇီလာတို့လို ဟာသလက်နက်၊ အနုပညာလက်နက်တွေသုံးပြီး ပြည်သူတွေကို ပညာပေးတာ အင်မတန်ထိရောက်တယ်လို့ အမေထင်ပါတယ်။ အမေတို့ရဲ့ နိုင်ငံရေးအတွေးအမြင်တွေကို အများနားလည်လက်ခံနိုင်အောင် သားတို့အနုပညာရှင်တွေက လုပ်ပေးနိုင်စွမ်းရှိပါ တယ်။ သားတို့ရဲ့ ဟာသပြက်လုံးလေးတွေဟာ အမေတို့အတွက် စည်းရုံးရေး အထောက်အကူပစ္စည်းတွေပါပဲ။

မေးသူ။ ။ မစုဇင်

မေးခွန်း။ ။ အမေစု ကျွန်မကတော့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက် ဖြစ်ပါတယ်။ ကျွန်မတို့ဒီထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား နှစ်သန်းကျော်ရှိပါတယ်။ အဲဒီအတွက် အမေစုလွတ်လာတဲ့အချိန်မှာ ကျွန်မတို့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေကို အမြန်ဆုံး ပြန်ခေါ်ဖို့ ပြောခဲ့ တာကြားတော့ ကျွန်မအရမ်းဝမ်းသာပါတယ်။ အိမ်ကိုလည်း အမြန်ဆုံး ပြန်ချင်ခဲ့ပါတယ်။ ကျွန်မတို့ ဒီထိုင်း နိုင်ငံ ရောက်တာ (၁၀) နှစ်လောက်ရှိပါပြီ တခါမှ ဒီလိုပြောတာကို မကြားခဲ့ဘူး။ အဲဒီအတွက် အမေစုအ နေနဲ့ ကျွန်မ တို့ ဒီထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာပြည်သား နှစ်သန်းကျော်ကို ပြန်ခေါ်ဖို့အတွက် ဘယ်လိုများ ဆောင်ရွက်ပေးနိုင်မလဲလို့ သမီးအနေနဲ့ သိချင်ပါတယ်။ အမေစု တိုင်းပြည်အတွက် ဒီထက်မက ကျန်းကျန်းမာမာနဲ့ ဆောင်ရွက် နိုင်ပါစေလို့ သမီးဆုတောင်းပါတယ် အမေစုရှင့်။

ဖြေ။ ။ သမီးစုဇင်က အမေပြောတဲ့ စကားအချို့ကို နားလည်မှု လွဲသွားတယ်လို့ ထင်ပါတယ်။ အမေ့အနေနဲ့ ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ပြီးခေါ်နိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ မလုပ်ပေးနိုင်သေးတာကို လုပ်ပေးမယ်ဆို ပြီး သမီးတို့ကို လွဲမှားတဲ့မျှော်လင့်ချက်တွေလည်း မပေးချင်ပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေအဖြစ် တိုင်းပြည်က ထွက်ခွာသွားခဲ့ရတဲ့သူတွေ အမြန်ဆုံး ပြန်လာနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာစေချင်တယ်လို့ အမေမကြာခဏပြောခဲ့ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုတာ လူ့အခွင့်အ ရေးတွေကို အာမခံမယ့် အုပ်ချုပ်မှုစနစ်တွေကို လိုပါတယ်။ ဒါအတွက်လည်း အမေတို့ အစဉ်တစိုက်ကြိုးပမ်းနေပါတယ်။ ဒီကြားထဲမှာ ပြည်ပ ရောက်ဒုက္ခသည်တွေရဲ့ ဘ၀တွေ သက်သာစေဖို့ အမေ တို့ အဖွဲ့အစည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြီး တတ်နိုင်သမျှလုပ်နေပါတယ်။ သမီးစိတ် ဓာတ်မကျပါနဲ့။ သမီးတို့ရဲ့ အခက်အခဲသောကတွေကို မေ့မေ့လျော့လျော့မနေဘဲ အစဉ်တစိုက် ကူညီမစဖို့ နည်းတွေ ရှာနေတဲ့သူတွေ အများအပြားရှိတယ်ဆိုတာ သမီးနှလုံးသားထဲမှာ ထည့်ထားစေချင်ပါတယ်။

(ဆုံး)

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်သည်)http://allburmamonksalliance.com/

အပြည့်အစုံသတင်းဖတ်ရန်....

အမ်အိုင်ဂျီ - ၂၉ နဲ့ အကျိုးနည်းတော့မည်

MIG29 မှာပါဝင်တဲ့  လူသတ် လက်နက် ကြီးငယ်တွေ။

ဆောင်းပါးရှင်- ဂါမဏိ

၂၀၀၁ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တုန်းက ယိုးဒယား - ဗမာ စစ်ပွဲအတွင်း ယိုးဒယားလေတပ်ရဲ့ (အမေရိကန်ုလုပ်) အက်ဖ် - ၁၆ တိုက်လေယာဉ်တွေရဲ့ အရသာကို ခပ်စပ်စပ်ကလေး မြည်းလိုက်ရလို့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကုန်ပြီး အက်ဖ် - ၁၆ ကို ယှဉ်နိုင်မယ့် စစ်လေယာဉ်ကို အသည်းအသန် လိုက်ရှာဝယ်ခဲ့ပါတယ်။ ဒါနဲ့ဘဲ ၂၀၀၈ ခုနှစ်မှာ ရုရှားနိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ အဟောင်းတွေကို ပွဲစားကြီးတေဇ အကျိုးနဲ့ ၂၂ စီး စတင်ရောက်ရှိလာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နောက်ထပ်အစီး ၂၀ ဝယ်ခဲ့ရာ ၁၀ စီး ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ခက်တာက လေယာဉ်တွေမှာ လက်နက်အစုံ ပစ္စည်းအစုံ ပါမလာတာတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ရေဒါဖျက်စက် radar-jamming device မပါလာတာ တဝက်ကျော် ရှိနေလို့ ထပ်ဝယ်တပ်ရပါတယ်။

အမ်အိုင်ဂျီ -၂၉ ကို ရုရှားနိုင်ငံ (ယခင်က ဆိုဗီယက်ပြည်ထောင်စု) မှာ ၁၉၇၇ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ကော်မရှင် ရခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် လေယာဉ်သက်တမ်း နှစ် ၃၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ ရုရှားနိုင်ငံကလည်း အမ်အိုင်ဂျီ -၂၉ ကို မွမ်းမံထိန်းသိမ်းတာ အဆင့်မြှင့်တာတွေ မလုပ်တော့ဘဲ အက်စ်ယူ -၂၇ နဲ့ အမ်အိုင်ဂျီ - ၃၁ တို့ကိုဘဲ အလေးပေး အဆင့်မြှင့်တာတွေ လုပ်နေပါတော့တယ်။

၂၀၀၈ ခုနှစ်ထဲမှာ ရုရှားလေတပ်က အမ်အိုင်ဂျီ -၂၉ ၊ ၂ စီး ပျက်ကျခဲ့ပြီးနောက် အမ်အိုင်ဂျီ -၂၉ တွေကို ပျံသန်းခွင့် ပိတ်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမ်အိုင်ဂျီ -၂၉ အားလုံးကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး အစီး ၁၀၀ လောက်ကိုဘဲ ပျံသန်းခွင့် ပေးခဲ့ပါတယ်။ အဓိက ပြဿနာက အမ်အိုင်ဂျီ -၂၉ တွေဟာ စတင်ထုတ်လုပ်ကတည်းက အမြီးပိုင်းမှာ သံချေးကိုက် လှိုက်စားပြီး အက်ကွဲမယ့် အလားအလာရှိခဲ့တာ ဖြစ်ပါတယ်။ အခု မြန်မာပြည်ကိုရောင်းတဲ့ လေယာဉ်တွေမှာ ဒီချို့ယွင်းချက်ကို ပြုပြင်ပြီး မပြီး ဆိုတာကတော့ စီးကြည့်လို့ ပျက်ကျမှ သိနိုင်ပါတယ်။

အရှေ့ဂျာမဏီမှာ ကွန်မြူနစ်စနစ် ပြိုကွဲသွားပြီး အနောက်ဂျာမဏီနဲ့ ပြန်ပေါင်းသွားတဲ့အခါ အရှေ့ဂျာမဏီ၊ ဂျာမန် လေတပ်မှာရှိတဲ့ အမ်အိုင်ဂျီ -၂၉ တွေကို အမေရိကန် သိပ္ပံပညာရှင်တွေ ၁၉၉၁ ခုနှစ်မှာ လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိတာက အမ်အိုင်ဂျီ-၂၉ ဟာ တာတို လေယာဉ် စီးချင်းထိုးရာမှာ အမေရိကန်ထုတ် အက်ဖ် - ၁၅ ထက်သာတယ်၊ အမြန်နှုန်းနိမ့်မှာ ထိန်းသိမ်းကိုင်တွယ်ရ ပိုကောင်းတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အဓိက အားကောင်းချက်က လေယာဉ်မှူး ဦးထုပ်မှာ တပ်ဆင်ထားတဲ့ လက်နက်ဆိုက် (ပစ်မှတ်ချိန်ခွက်) Helmet Mounted Weapons Sight (HMS) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆိုက်ဟာ မျက်စိမြင်ကွင်းထဲရှိသမျှ ပစ်မှတ်တွေကို (၄၅ ဒီဂရီ စောင်းတာတောင်) မလွဲစတမ်း ချိတ်နိုင်စွမ်းရှိပါတယ်။ အမေရိကန်လေယာဉ်တွေကတော့ ရှေ့တည့်တည့် မှန်ပြူတင်း မြင်ကွင်းကျဉ်းကျဉ်းလေးထဲက ပစ်မှတ်တွေကိုဘဲ ချိတ်နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်ကျမှ အမေရိကန်က HMS စနစ်ကို တီထွင် တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗမာပြည်ကိုရောင်းတဲ့ အမ်အိုင်ဂျီ -၂၉ အားလုံးမှာ ဒီဆိုက် ပါမပါ မသေချာပါ။ အီလက်ထရွန်းနစ် ပစ္စည်းတွေ ပါမလာတာ အတော်များတယ်လို့ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်လာတဲ့ မော်လ်ဒိုးဗားနိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ (၁၄) စီးကို အမေရိကန်က ဝယ်ခဲ့ပါတယ်။ ဒီလေယာဉ်တွေမှာ ရေဒါဖျက်စက် တပ်ဆင်ထားပြီး နျူကလီးယားလက်နက် တင်ဆောင်နိုင်ပါတယ်။ အမေရိကန်ဟာ ဒီလေယာဉ်တွေကို တစ်စစီဖြုတ်ပြီး အားကောင်းချက် အားနည်းချက် လျှို့ဝှက်ချက် အားလုံးကို အိတ်သွန်ဖာမှောက် လေ့လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် နောင်မှာ အမ်အိုင်ဂျီ -၂၉ စစ်လေယာဉ်တွေကို တန်ပြန်ချေမှုန်းဖို့ နည်းလမ်းတွေ ဗျူဟာတွေချမှတ်၊ လက်နက် ပစ္စည်းကိရိယာတွေ တီထွင် တပ်ဆင်နိုင်ခဲ့ပါတယ်။


ဒီကနေ့ထိ စစ်ပွဲတွေမှာ အမ်အိုင်ဂျီ -၂၉ ရဲ့ စွမ်းဆောင်ရည်သမိုင်းကို ကြည့်လိုက်ရင် အားရစရာ မရှိပါဘူး။

- ၁၉၈၀ ကနေ ၁၉၈၈ ခုအထိ ဖြစ်ခဲ့တဲ့ အီရန် - အီရတ်စစ်ပွဲမှာ အဆင့်အမြင့်ဆုံး စစ်လေယာဉ်အဖြစ် အီရတ်က မီးရတ်ဂ်ျ -၂၀၀၀ နဲ့ အမ်အိုင်ဂျီ -၂၉ တွေ သုံးခဲ့ပြီး အီရန်က အက်ဖ် - ၁၄ တွေနဲ့ တိုက်ခဲ့ပါတယ်။ အီရန်က အဆင့်နိမ့်တဲ့ အက်ဖ် - ၄၊ အက်ဖ် - ၅ တွေကိုလဲ သုံးခဲ့ပြီး အီရတ်ကတော့ အမ်အိုင်ဂျီ -၂၁၊ အမ်အိုင်ဂျီ -၂၃၊ အက်စ်ယူ -၂၀၊ အက်စ်ယူ - ၂၂၊ မီရတ်ဂ်ျ အက်ဖ် - ၁ တွေကိုလဲ သုံးခဲ့ပါတယ်။ အီရတ်ဘက်က အမ်အိုင်ဂျီ - ၂၉ (၄) စီး ထိခဲ့ပေမဲ့ လေယာဉ် စီးချင်းထိုးရာမှာကျတာ မဟုတ်ဘဲ ကွင်းမှာတင် ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။ တခြား စစ်လေယာဉ်တွေတော့ နှစ်ဖက်စလုံးမှာ အတော်များများ ထိခဲ့ကြပါတယ်။

- အဲဒီ အီရန် - အီရတ် စစ်ပွဲအတွင်း ရဟတ်ယာဉ် စစ်ပွဲမှာတော့ အီရန်ရဲ့ (အမေရိကန်လုပ်) အေအိပ်ခ်ျ - ၁ ဆူပါကော်ဘရာ ရဟတ်ယာဉ်တွေနဲ့ အီရတ်ရဲ့ (ရုရှားလုပ်) အမ်အိုင် - ၂၅ (ဗမာပြည်ကို ရောင်းပေးတဲ့ အမ်အိုင် - ၂၄ နဲ့အတူတူ) လေကြောင်းတိုက်ပွဲမှာ ၁၉၈၀ စက်တင်ဘာလတွင် အမ်အိုင် - ၂၅ (၂ ) စီး၊ ၁၉၈၁ ဧပြီလမှာ အမ်အိုင် - ၂၅ ( ၂ ) စီး ပျက်ကျသွားပါတယ်။

- ၁၉၉၁ အီရတ် - အမေရိကန် ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန် အက်ဖ် - ၁၅ တိုက်လေယာဉ်တွေက အီရတ် အမ်အိုင်ဂျီ - ၂၉ (၂ ) စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

- ၁၉၉၆ အောက်တိုဘာလမှာ ဂရိနိုင်ငံနဲ့ တူရကီနိုင်ငံ ပဋိပက္ခဖြစ်ရာမှာ ဂရိလေတပ်မှ (ပြင်သစ်လုပ်) မီးရတ်ဂ်ျ ၂၀၀၀ တိုက်လေယာဉ်က တူရကီလေတပ်ရဲ့ အက်ဖ် - ၁၆ ကို ပစ်ချနိုင်ခဲ့ပါတယ်။

- ၁၉၉၉ ကိုဆိုဗိုစစ်ပွဲမှာ နေတိုးအဖွဲ့ဝင် ဒိန်းမတ်လေတပ်မှ အက်ဖ် - ၁၆ က ယူဂိုဆလားဗီးယားလေတပ်ရဲ့ အမ်အိုင်ဂျီ -၂၉ တစ်စီးကို ပစ်ချခဲ့သလို အမေရိကန်လေတပ်က အက်ဖ် - ၁၆ တစ်စီးကလည်း အမ်အိုင်ဂျီ - ၂၉ တစ်စီးကို ပစ်ချနိုင်ခဲ့ပါတယ်။ အမေရိကန်လေတပ်က အက်ဖ် - ၁၅ လေယာဉ်တွေကလဲ အမ်အိုင်ဂျီ - ၂၉ (၄) စီးကို ပစ်ချခဲ့ပါတယ်။ ဒါကြောင့် ကိုဆိုဗိုစစ်ပွဲအတွင်း စုစုပေါင်း အမ်အိုင်ဂျီ - ၂၉ (၆) စီး လေယာဉ်ချင်း ပစ်ချတာ ခံခဲ့ရပါတယ်။

- ၁၉၉၉ ခု ဖေဖော်ဝါရီလအတွင်းက အီသီယိုးပီးယား - အီရီထရီးယားစစ်ပွဲမှာ အီသီယိုးပီးယားနိုင်ငံက (ရုရှား လုပ်) အက်စ်ယူ - ၂၇ တိုက်လေယာဉ်တွေက အီရီထရီးယားလေတပ်ရဲ့ (ရုရှားလုပ်) အမ်အိုင်ဂျီ - ၂၉ တိုက် လေယာဉ် (၄) စီးကို ပစ်ချခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတစ်ခုကတော့ အက်စ်ယူ - ၂၇ တွေကို ရုရှားလူမျိုး ကြေးစားစစ်သားတွေက မောင်းပြီး အမ်အိုင်ဂျီ - ၂၉ တွေကိုတော့ ယူကရိန်းလူမျိုး ကြေးစားစစ်သားတွေက မောင်းတယ်လို့လဲ ဆိုပါတယ်။

- ၂၀၀၁ ခု စက်တင်ဘာလမှာ ဆီးရီးယားလေတပ် အမ်အိုင်ဂျီ - ၂၉ (၂ စီး) ကို အဇ္ဇရေးလေတပ် အက်ဖ် - ၁၅ (၂ ) စီးက လက်ဘနွန်နိုင်ငံ ကမ်းခြေပေါ်မှာ ပစ်ချခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အနည်းဆုံး အက်ဖ် - ၁၆ အစီး (၆၀) ရှိပြီး ဘင်္ဂလားဒေ့ရှ် လေတပ်မှာတော့ အမ်အိုင်ဂျီ - ၂၉ ဘဲ အကောင်းဆုံး ရှိပါတယ်။ ထိုင်းကြည်းတပ်မှာ အေအိပ်ခ်ျ - ၁ ရဟတ်ယာဉ် (၁၀) စီးလောက်ရှိပြီး အေအိပ်ခ်ျ - ၁ ထက် ပိုအဆင့်မြင့်တဲ့ အပါချီ အေအိပ်ခ်ျ - ၆၄ ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ ရှိနေပါတယ်။

လေကြောင်းစစ်ဆင်ရေးကို အသက်မွေးဝမ်းကျောင်း ပညာအဖြစ် လေ့လာတတ်မြောက်ထားတဲ့ ဝါရင့် မြန်မာ့တပ်မတော် (လေ) တပ်မှူးကြီးတွေ၊ လေယာဉ်မှူးကြီးတွေဟာ လေတပ် ခေတ်မှီတိုးတက်ရေး၊ အမေရိကန် အက်ဖ် - ၁၆ တွေကို ပုခုံးချင်းယှဉ် ချေမှုန်းနိုင်ရေးအတွက် အမ်အိုင်ဂျီ - ၂၉ တွေ မဝယ်ဘဲ အက်စ်ယူ - ၂၇ သို့မဟုတ် မီးရတ်ဂ်ျ -၂၀၀၀ တွေကို ဝယ်စေချင်ကြပါတယ်။

ဒါပေမဲ့ လေယာဉ်အကြောင်း၊ လေကြောင်းတိုက်ပွဲအကြောင်း နကန်းတစ်လုံးမှ မသိတဲ့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ဟာ မျက်မျက်ကလေးစားရတဲ့ လက်နက်ပွဲစားက မျက်မျက်ကလေးကျွေး ရိုက်စားသွားတာကို ကျေကျေနပ်နပ် ခံယူအားပေးပြီး ပစ္စည်းမစုံ ဂိုဒေါင်အောင်း အမ်အိုင်ဂျီ - ၂၉ အဟောင်းတွေကို ဝယ်ချလိုက်တာ ဖြစ်ပါတယ်။

တခြားဝယ်ထားတဲ့ ခေတ်မှီလက်နက်တွေနဲ့ ပတ်သက်လို့ ပြောရရင် နအဖတပ်ချုပ်ကြီးတို့ အားထားနေတဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေဟာ ၁၉၈၈ ခု အင်ဂိုလာစစ်ပွဲတုံးက တောင်အာဖရိကတပ်တွေ သုံးခဲ့ရာမှာ ထိရောက်ခဲ့ပြီး ကျူးဘား - အင်ဂိုလာတပ်တွေကို ဟန့်တားနိုင်ခဲ့ပေမဲ့ တွဲဖက်ရမယ့် လေကြောင်းအသာစီးရမှု မရှိခဲ့လို့ တောင်အာဖရိက ထိုးစစ် တန့်သွားခဲ့ရပြီး အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ရပါတယ်။

အီရန် - အီရတ်စစ်ပွဲမှာလဲ အီရတ်တွေရဲ့ ၁၅၅ မမ တွေကြောင့် အီရန်တပ် ထိုးစစ်ရပ် နောက်ဆုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ လေကြောင်း အသာစီးမရှိတော့ အီရတ်မြေပြင်တပ်တွေ အီရန်နိုင်ငံထဲ ဝင်မသိမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပင်လယ်ကွေ့ စစ်ပွဲမှာ အီရတ် ဟောင်ဝစ်ဇာအမြောက်တွေဟာ အမေရိကန်ရဲ့ လေကြောင်း စိုးမိုးမှုအောက်မှာ ထိရောက်မှု ကျဆင်းပြီး နောက်ဆုံးမှာတော့ အမေရိကန်အထူးတပ် (ကွန်မန်ဒို) တွေရဲ့လက်ထဲ ကျဆင်းခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၁၅၅ မမ ဟောင်ဝစ်ဇာ အနည်းဆုံး အလက် ၃၂၀ ကျော် ရှိနေပါတယ်။

ဒါကြောင့် တပ်မတော်တိုးတက်ဖို့၊ နိုင်ငံကို တကယ်ကာကွယ်နိုင်ဖို့ဆိုရင် အမြင်ကျယ်ကျယ်နဲ့ တစ်ခုလုံး လွှမ်းခြုံတဲ့ စစ်ရေးအမြင်ရှိဖို့ လိုပါတယ်။ စစ်ရေးမှာ ကြည်း - ရေ - လေ လွှမ်းခြုံဖို့သာမက စစ်ရေးနဲ့ နိုင်ငံရေး - စီးပွားရေး -ပညာရေး တဆက်တစပ်တည်း မြှင့်တင်နိုင်မှ ၂၁ ရာစု ကမ္ဘာကြီးမှာ ခန့်ခန့်ညားညား ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရှင်နှင့် သင်္ခါရ

ဘယ်လောက်လုံခြုံအောင်ဘဲ လုပ်လုပ် အချိန်တန်တဲ့အခါ..အာဏာရှင် ဇာတ်သိမ်းသည် ပျော်ရွှင်နိဂုံးမရှိ။။

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ် အခြေအနေ။

တရုတ်မှာ ဆန္ဒမပြနိုင်ရေး လုံခြုံရေး တိုးချ
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011
အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာလည်း ဆန္ဒပြကြဖို့ ပြည်ပ အင်တာနက် ၀က်ဘ်ဆိုက်တွေက တိုက်တွန်းနေတာကြောင့် တရုတ်အစိုးရက ရဲတပ်ဖွဲ့ဝင်တွေကို မြို့တော်တော်များများမှာ တနင်္ဂနွေနေ့က ချထားလိုက်ပါတယ်။

ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ အရပ်ဝတ်နဲ့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေကို တိုးမြှင့် ချထားပြီး ဈေးဝယ်သူတွေ အနေနဲ့လည်း လူအုပ်စုလိုက် မစုဝေးနိုင်အောင် လူတွေကို အတင်း ရွှေ့သွားခိုင်းနေပါတယ်။

တချို့ နိုင်ငံခြား သတင်းထောက်တွေကိုလည်း ကိုယ်ထိလက်ရောက် စော်ကားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက်နဲ့ တခြား သတင်းထောက် တချို့ကတော့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး သူတို့ရဲ့ မှတ်စုတွေ၊ အသံဖမ်းစက်တွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို ဆန္ဒပြကြဖို့ ဘယ်သူတွေက တိုက်တွန်း လှုံ့ဆော်နေတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

တူနီးရှားနိုင်ငံမှာ အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာ စံပယ်တော်လှန်ရေး ပြုလုပ်ကြဖို့ တိုက်တွန်း လှုံ့ဆော်နေတဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ တိုက်ရိုက် စာရေးသား ပေးပို့တဲ့ နည်းစံတွေကို တရုတ်အစိုးရက လိုက်လံပိတ်ပင် တားဆီးနေပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂုဏ်ယူပါတယ် လစ် ဗျားပြည်သူ တို့ 

လစ်ဗျား အရှေ့ဘက်ခြမ်း အတိုက်အခံများ အမျိုးသားကောင်စီ ဖွဲ့စည်း

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံ တပ်တွေနဲ့ ရက်ပေါင်းအတော်ကြာ တိုက်ခိုက်ခဲ့တဲ့နောက်မှာ လစ်ဗျား အရှေ့ပိုင်းဒေသက မြို့ကြီးတွေမှာ နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပြီလို့ အစိုးရ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောကြားပါတယ်။

နိုင်ငံတော်ကောင်စီ ပြောခွင့်ရ ဟားဖစ်ဇ် ဂိုဂါ (Hafiz Ghoga) က ဒီကောင်စီဟာ ကြားဖြတ်အစိုးရတရပ် မဟုတ်ဘဲ တော်လှန်ရေးအတွက်သာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားပါတယ်။

တချိန်တည်းမှာပဲ လစ်ဗျား အနောက်ပိုင်း ထရီပိုလီမြို့တော်နဲ့ မိုင် ၃၀ လောက်ပဲကွာတဲ့ ဇာဝီယာမြို့ကို အတိုက်အခံတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကဒါဖီလိုလားတဲ့ တပ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံသွားဖို့လည်း ပြင်ဆင်နေတယ်လို့ အတိုက်အခံ ဆန္ဒပြသူတွေက ပြောပါတယ်။

ကဒါဖီကတော့ အတိုက်အခံတွေဟာ လက်တဆုပ်စာပဲ ရှိပြီး သူ့တပ်တွေက ၀ိုင်းထားတယ်လို့ တနင်္ဂနွေနေ့မှာပဲ ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လစ်ဗျားကို အရေးယူ ဒဏ်ခတ်တာတွေ အတွက်လည်း ရှုတ်ချခဲ့ပါတယ်။

လစ်ဗျားမှာ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတုန်းမှာပဲ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ နှုတ်ထွက်ပေးဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တိုးလာခဲ့ပါတယ်။

ကဒါဖီအစိုးရကို လက်နက်ရောင်းဝယ်မှု ပိတ်ပင်တာ အပါအ၀င် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တညီတညွတ်တည်း မဲပေးပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လစ်ဗျားအစိုးရရဲ့ ပြည်သူကို ချေမှုန်းမှုမှာ လူမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်မှု ရှိမရှိ စုံစမ်းစစ်ဆေးနိုင်အောင် စစ်ရာဇ၀တ်ခုံရုံး တင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ လစ်ဗျားပြည်သူတွေရဲ့ မစ္စတာ ကဒါဖီကို ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေအတွက် အကူအညီတွေ ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဘဘကြီး အိပ်မရတော့ဘူး..

လစ်ဗျားခေါင်းဆောင် ကဒါဖီကို လုံခြုံရေး ကောင်စီမှ ကန့်ကွက်သူမရှိ အရေးယူဖို့ ယနေ့ဆုံးဖြတ်ပြီ


FNG၊ ၊လစ်ဗျားနိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန် ယနေ့ ၁၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ ကန့်ကွက်မဲ မရှိ ဆုံးဖြတ်ချက်ချသည်။ကုလ လုံခြုံရေးကောင်စီမှချမှတ်သည့် အရေးယူပိတ်ဆို့ မှုများတွင် လစ်ဗျားအာဏာရှင်ကဒါဖီနှင့်မိသားစုများ အပါ အ၀င် လစ်ဗျားအစိုးရ အဖွဲ့ဝင်များ ခရီးသွားလာခွင့် ၊လက်နက်ရောင်းချမှု ထိန်းချုပ်ခွင့်နှင့် ၎င်းတို့၏ ပိုင်ဆိုင် မှုများကိုပါထိန်းချုပ်သည့်ဥပဒေများပါရှိသည်။ယခုလစ်ဗျားခေါင်းဆောင်ကဒါဖီကို ဝေဖန်သူအဖြစ် အတိုက်ခံ ဘက်ကိုပြောင်းလဲ ထောက်ခံခဲ့တဲ့ ယခင်လစ်ဗျား နိုင်ငံ ဆိုင်ရာကုလ သမဂ္ဂကြီး အဖြစ်တာဝန်ထမ်းဆောင် ခဲ့သူ အီဘရဟာင် ဒမ်ဘာရှိ ကတော့ “ဒါဟာပြည်သူတွေကို စိတ်ဓာတ် ရေးရာအရ အထောက်အပံ့ဖြစ်စေ တယ်” ဟု ဆိုသည်။





လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တွင် အခြေစိုက်၍ဆန္ဒပြသူများကိုချေမှုန်းနေသည့် လစ်ဗျားခေါင်းဆောင် ကဒါဖီ သည် ထရီပိုလီမြို့ ၏ အရှေ့ဘက်မိုင် ၃၀ လောက်တွင် ရှိသည့်ဇ၀ီယာ မြို့ တွင် သူ့ ငှားထားသည့် ကြေးစား တပ်များဖြင့် ချေမှုန်းလျက်ရှိသည်။အမေရိကန် သမ္မတ အိုဘာမားက လစ်ဗျားခေါင်းဆောင် ကဒါဖီ နိုင်ငံမှ ထွက်ခွာပေးရန်တိုက်တွန်းထားသည်။





လစ်ဗျားနိုင်ငံတွင်အတိုက်အခံများကဒုတိယအကြီးဆုံးမြို့ဖြစ်သည့်နိုင်ငံ၏နေရာအတော်များများကို သိမ်းပိုက် ထားပြီးဖြစ်သည်။လုံခြုံရေး ကောင်စီ၏ အရေးယူပိတ်ဆို့ မှုတွင် လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ သားသမီး ငါးဦး၊ သူ၏ထိပ်တန်းအဖွဲ့ဝင် ၁၀ ဦးတို့ပါဝင်ကာထိုသူများကို လူသားမျိုးနွယ်အား မျိုးဖြုတ်သတ်ဖြတ်မှု အတွက် နိုင်ငံတကာ စစ်ခုံရုံးတွင်ပါတင်နိုင်ရန် ကြိုးစား နေလျှက်ရှိသည်။





လစ်ဗျားနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံတကာတွင် ရေနံဈေးနှုန်းများ တဖြည်းဖြည်း မြင့် တက်လျှက်ရှိသည်။လစ်ဗျားခေါင်းဆောင် ကဒါဖီသည် နိုင်ငံတကာအကြမ်းဖက်လုပ်ငန်းများကို ဗွေဆော် ဦးလုပ်ပြီး အစိုးရကိုယ်တိုင်အကြမ်းဖက်မှုအားပေးသည့် ကမ္ဘာ့ ပထမ ဦးဆုံး နိုင်ငံဖြစ်သည်။လုံခြုံရေး ကောင် စီသည် လူမျိုးတုံးသတ်ဖြတ်မှုများအတွက်လည်း ကဒါဖီ ကို အပြစ်ပေးရန်စီစဉ်နေသည် ။







ကဒါဖီက ယမန်နေ့ ကပြောကြားသည့် မိန့် ခွန်းတွင် လူထူ ဆက်သွယ်ရေး မီဒီယာများ သည်လူထု ကို လိမ်ညာသည်ဟုဆိုခဲ့သည်။ Freedom News Group ကိုင်ရို News Room မှ သတင်းများနှင့် The Huffington Post အွန်လိုင်း သတင်းစာမှ သတင်းများကို အခြေခံကာ ဖော်ပြခြင်းဖြစ်ပါသည်။



Latest ဇ၀ီယာနှင့် မူဆာရာမြို့ များကျ ၊ ထရီပိုလီမြို့ ၏ မိုင် ၃၀ အကွာကို အတိုက်အခံ နှင့် နယ်တပ်များရောက်ရှိ



သတင်း- http://freedomnewsgroup.com/2011/02/27/gadaffi/

မူရင်း : http://www.huffingtonpost.com/

အပြည့်အစုံသတင်းဖတ်ရန်....

လူမဆန်တဲ့  ခွေးစစ်တပ် ရဲ့ ကလေးလူငယ်များ အပေါ် ယုတ်မာမှု။

အပြည့်အစုံသတင်းဖတ်ရန်....

သိန်းစိန် နဲ့  သန်းရွှေ ဗုံးလိုက်ဖောက်နေသည် (သတိ)



အင်းစိန်ဗုံး ၈ ဦး ဒဏ်ရာရ
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၆ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ ညတွင် ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျ အိမ်ယာဝင်းရှိ ကွမ်းယာဆိုင်တဆိုင်ရှေ့တွင် ည ၇ နာရီကျော်၌ ပေါက်ကွဲခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူများတွင် ၃ နှစ်အရွယ် မငြိမ်းငြိမ်းထွန်းနှင့် ၁၃ နှစ်အရွယ် မောင်ဇော်မင်းထိုက် ပါဝင်သည်။

ကျန်ဒဏ်ရာရသူများမှာ ကိုဇော်မင်းထွန်း၊ မကေသီမျိုးကျော်၊ မဝင်းပပကျော်၊ မောင်တင့်လွင်ဦး၊ မောင်ထွန်းထွန်း၊ မသင်းသင်းတို့ဖြစ်ပြီး အင်းစိန်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

ဗုံးသယ်ဆောင်လာသူဟု ရဲက စွပ်စွဲထားသူမှာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းထွန်းဖြစ်ပြီး ကွမ်းယာဝယ်နေစဉ် ပေါက်ကွဲခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသော ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိရကြောင်း ရဲက ပြောသည်။

ကိုဇော်မင်းထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရသဖြင့် စိုးရိမ်ဖွယ်အနေအထားဖြစ်ကြောင်း အင်းစိန်မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ

နိဒါန်း
(၂၀၁၁) ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသော နှစ်တနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်ကာလသည်လည်း နအဖ စစ်အုပ်စုက ကျင်းပသော (၂၀၁၀) အတုအယောင် ရွေးကောက်ပွဲ ရလဒ်အဖြစ် စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရ ပေါ်ထွက်လာစေရန် လွှတ်တော်ခေါ်ယူနေဆဲ ကာလဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် နအဖစစ်ဝါဒီစနစ်ကို ထောက်ခံ အားပေးနေကြသည့် ပညာရှင်ဆိုသူများကလဲ (၂၀၁၁) သည် တော်လှန်ရေး အင်အားစုများ အတွက် လမ်းဆုံးဖြစ်တော့ မယောင် အသံလွှင့်နေကြပါသည်။



လက်တွေ့တွင်ကား (၂၀၁၁) သည် တော်လှန်ရေးအင်အားစုများအတွက် လမ်းဆုံတခုသာ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် တရားဝင်တက်လာသည့် အစိုးရဖြစ်ဖြစ်၊ လက်နက်အင်အားသုံး၍ တရားမ၀င် တက်လာသည့် အာဏာသိမ်း စစ်အုပ်စုဖြစ်ဖြစ် ပြည်သူ့အာဏာကို ဖယ်ရှား၍ မရပါ။ အာဏာသည် ပြည်သူ့ထံမှသာ သက်ဆင်းပါသည်။ သေနတ်ပြောင်းဝမှ ဆင်းသက်သည် မဟုတ်။ သေနတ်ချိန်၍ ကျင်းပသည့် အာဏာရှင်ရွေးကောက်ပွဲမှ ဆင်းသက်သည် မဟုတ်။ သို့ဖြစ်၍ ပြည်သူ့အာဏာကို ပြည်သူဆီမှ ဆင်းသက်ရန် ကြိုးပမ်းသော တော်လှန်ရေးသမားများအတွက် လမ်းဆုံးဖြစ်လာမည် မဟုတ်။လမ်းဆုံးဖြစ်လာမည် မဟုတ်သော်လဲ လမ်းဆုံမှသည် ပန်းတိုင်သို့ ရောက်အောင်ကား ရှေ့ဆက် ချီတက်ကြရပေမည်။



ယင်းသို့ ချီတက်ကြရာတွင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အဆင့်များကို စနစ်တကျ အကောင်အထည်ဖော်ကြရန် လိုအပ်လှသည်ဖြစ်ရာ မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပြည်ပရောက် မြန်မာများမှ ပါဝင်ဆောင်ရွက်နိုင်သည့် စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေး လုပ်ငန်းစဉ်များ၊ ထောက်ပံ့ရေးနှင့် သတင်းရယူရေး လုပ်ငန်းတာဝန်များ၊ ကွန်ယက်ချိတ်ဆက် လှုပ်ရှားရေးနှင့် နိုင်ငံခြားဆက်ဆံရေး လုပ်ငန်းတာဝန် စသည်များကို တော်လှန်ရေးအောင်မြင်မှု သော့ချက် ခြောက်ချက်ပေါ်တွင် အခြေပြု၍ ဤစာတမ်းအား ရေးသားပါသည်။







(၁) လူထုထောက်ခံမှု ရယူခြင်း



(၁.၁) ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်း

ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်းတွင် လူဦးရေ သိန်းချီ ပါဝင်၍၊ လူ့အဖွဲ့အစည်း၏ ဖြစ်တည်မှုသဏ္ဍာန်တွင် ဒေါင်လိုက်စုဖွဲ့မှုနှင့် အလျားလိုက် စုဖွဲ့မှု သဏ္ဍာန် နှစ်မျိုး ကွဲပြားခြားနားသည်။ ဒေါင်လိုက်စုဖွဲ့မှုတွင် လူမျိုးစုနှင့် ဘာသာရေး ကွဲပြားမှုများ ပါဝင်ပြီး၊ အလျားလိုက်စုဖွဲ့မှုတွင် လူတန်းစားအလွှာ ကွဲပြားမှုများ ပါဝင်သည်။

ဒေါင်လိုက်စုဖွဲ့မှုဆိုင်ရာ ကွဲပြားမှုသဏ္ဍာန်အရ



(၁) လူမျိုးစု အဖွဲ့အစည်းများဖြစ်သော ကရင်အဖွဲ့၊ ချင်းအဖွဲ့၊ မွန်အဖွဲ့၊ ရှမ်းအဖွဲ့၊ ကချင်အဖွဲ့၊ ကယန်းအဖွဲ့၊ ရခိုင်အဖွဲ့ စသည့် အစုအဖွဲ့များ နှင့်

(၂) ဘာသာရေး အဖွဲ့အစည်းများဖြစ်သော ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန်အဖွဲ့၊ မွတ်စလင် အဖွဲ့ စသည့် အစုအဖွဲ့များသည် နယ်မြေဒေသနှင့် လူဦးရေပေါ်တွင် မူတည်၍ တည်ရှိနေပြီး၊ အဖွဲ့အစည်းများအကြား ဆက်သွယ်မှုများနှင့် လူမှုရေး၊ ဘာသာရေးကဏ္ဍ ပူးပေါင်းလှုပ်ရှားမှုများ ရှိနေသည်။



အလျားလိုက်စုဖွဲ့မှုဆိုင်ရာ ကွဲပြားမှုသဏ္ဍာန်အရ

(၁) နိုင်ငံရေးခိုလှုံခွင့် ရရှိပြီး နိုင်ငံရေးရာတွင် စိတ်ပါဝင်စားသော အစုအဖွဲ့များ

(၂) နိုင်ငံရေး ခိုလှုံခွင့် ရရှိပြီး နိုင်ငံရေးရာများတွင် ပါဝင်မှုမရှိသော အစုအဖွဲ့များ

(၃) ပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်းပေါ်မူတည်၍ အခြေစိုက် နေထိုင်သူများ ပါဝင်သော အစုအဖွဲ့များ

(၄) ကျောင်းသား အစုအဖွဲ့များ

စသည့် အစုအဖွဲ့များသည် နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး ကဏ္ဍအသီးသီးတွင် ပူးပေါင်းချိတ်ဆက်ပါဝင်မှုများ

ရှိနေသည်။



(၁.၂) လက်ရှိနိုင်ငံရေး လှုပ်ရှားမှုများ



ပြည်ပရောက်မြန်မာများ၏ လက်ရှိနိုင်ငံရေး လှုပ်ရှားမှုများသည် နိုင်ငံရေးတက်ကြွလှုပ်ရှားမှု (Political activism) အကောင်အထည်ဖော်မှုများတွင် အခြေခံသည်။ နိုင်ငံရေးအဖွဲ့အစည်း ရာပေါင်းများစွာမှာ နိုင်ငံ အနှံ့အပြားတွင် ပျံ့နှံ့နေပြီး၊ တက်ကြွလှုပ်ရှားသူ အရေအတွက် ထောင်နှင့်ချီ၍ ရှိသည်။ ယင်း တက်ကြွလှုပ်ရှားသူများမှ နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးလှုပ်ရှားမှုများကို ပြုလုပ်ကြသည်။ လှုပ်ရှားမှုများ ပြုလုပ်ရာတွင်



(၁) ဆန္ဒပြပွဲများ ပြုလုပ်ခြင်း

(၂) အထိမ်းအမှတ်နေ့များတွင် အခမ်းအနားများ ပြုလုပ်ခြင်း

(၃) သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံခြားရေးဌာနများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ သို့ ကင်ပိန်းများ ပြုလုပ်ခြင်း

(၄) အစည်းအဝေးများ၊ ကွန်ဖရင့်များနှင့် ဖိုရမ်များ ကျင်းပခြင်း

စသည်တို့ ပါဝင်သည်။



(၁.၃) လူထုထောက်ခံမှု အခြေအနေ သုံးသပ်ချက်



လူထုထောက်ခံမှုအပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများကို တက်ကြွစွာ ပြုလုပ်နေသူများအား လူ့အဖွဲ့အစည်းမှ တိုက်ရိုက် ထောက်ခံမှုနှင့် သွယ်ဝိုက်ထောက်ခံမှု အခြေအနေ နှစ်ပိုင်းရှိရာ တိုက်ရိုက်ထောက်ခံမှုသဏ္ဍာန်ဖြစ်သော သတင်းအချက်အလက်များ ပေးပို့မှု၊ တော်လှန်ရေးသမားများနှင့် ဆက်သွယ်မှု ကဏ္ဍများတွင် အားနည်းချက်များ ရှိနေသကဲ့သို့၊ သွယ်ဝိုက်ထောက်ခံမှု သဏ္ဍာန်ဖြစ်သော အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆန်ခြင်းများတွင်လဲ အားနည်းချက်များ ရှိနေသည်။



အဓိက အားနည်းချက် အရှိဆုံးကဏ္ဍမှာ တော်လှန်ရေးသမားများနှင့် လူ့အဖွဲ့အစည်းကြားမှ ကွင်းဆက်ပြတ်မှု များပင်ဖြစ်သည်။ တော်လှန်ရေးသမားများသည် လူထုနှင့် တသားတည်းမရှိပဲ မိမိကိုယ်ကို တော်လှန်ရေးသမား ဖြစ်ရခြင်းကို ဂုဏ်ဖော်ကြွားဝါနေခြင်း၊ လူထု၏ အမြင်နှင့် တန်ဖိုးထားမှုများကို မဖော်ထုတ်ပဲ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်း မရှိသေးသူများကို စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လူတဦးချင်းစီ၏ နိုင်ငံရေး ရေချိန်နှင့် အသိကို တိုင်းတာခြင်း မပြုပဲ နိုင်ငံရေးအဖွဲ့အစည်း အတွင်းသို့ ၀င်ရန် အတင်းအကြပ် သိမ်းသွင်းခြင်း၊ အစည်းအဝေးများကို မဟာဗျူဟာ အစည်းအဝေး၊ လုပ်ငန်းဖော်ဆောင်ရေး အစည်းအဝေး စသည်ဖြင့် ကဏ္ဍခွဲခြား ပြုလုပ်ခြင်း မရှိပဲ ရောနှော ပြုလုပ်ခြင်းများကြောင့် မဟာဗျူဟာရေး၊ မူဝါဒရေးရာ အစည်းအဝေးများ၏ သဘောသဘာဝအရ ငြင်းခုံဝေဖန် ဆွေးနွေးမှုများဖြင့် လူသစ်များ၏ အတွေးအမြင်ကို ရှုပ်ထွေးစေခြင်း၊ အတွေ့အကြုံနှင့် ရာထူးအဆင့်အတန်းအပေါ် မာန်တက်၍ ပမာမခန့် ပြောဆိုပြုမူခြင်းများ ရှိနေခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများမှာ လူထုသို့ empowerment လုပ်ခြင်းဖြင့် လက်တွဲခေါ်ယူခြင်း မရှိပဲ နိုင်ငံရေးတက်ကြွသူများအကြားတွင်ပင် ပြန်၍ လည်ပတ်နေခြင်း စသည့် အားနည်းချက်များနှင့် လူထုနှင့် ကွင်းဆက်ပြတ်မှုများ ဖြစ်ပွားလျက်ရှိသည်။



(၁.၄) လူထုထောက်ခံမှုရယူခြင်း



မည်သည့် တော်လှန်ရေးမဆို လူထုနှင့် ကွင်းဆက်ပြတ်သည်နှင့် အောင်မြင်မှု နှောင့်နှေးမည်မှာ သေချာလှပေသည်။ ပြည်ပနိုင်ငံတွင် အခြေစိုက်နေသော လူထု၏ အင်အားကို ထည့်သွင်း မတွက်ချက်၍ မရပါ။ ပြည်ပတွင် အခြေစိုက်ထားသော သိန်းနှင့်ချီနေသည့် မြန်မာလူအဖွဲ့အစည်းသည် ပြည်တွင်းတွင် နေထိုင်နေသော သန်းနှင့် ချီသည့် မြန်မာလူ့အဖွဲ့အစည်းနှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိနေသူများ ဖြစ်သည်။ ပြည်ပအခြေစိုက် မြန်မာလူ့အဖွဲ့အစည်း၏ အတွေးအမြင်၊ သုံးသပ်ချက်နှင့် သဘောထားများသည် ပြည်တွင်းလူ့အဖွဲ့အစည်းသို့ တစုံတရာသော အတိုင်းအတာတခုအထိ သက်ရောက်မှု ရှိနိုင်ပေသည်။ သို့ဖြစ်ရာ ပြည်ပရောက် မြန်မာလူ့အဖွဲ့အစည်း၏ အင်အားကို တော်လှန်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ပါက ပြည်တွင်း နိုင်ငံရေး လုပ်ငန်းဆောင်တာများတွင် တိုးတက်မှုများ ရရှိလာမည်မှာ မလွဲဧကန်ဖြစ်သည်။ သို့ဆိုလျှင် ထောက်ခံမှုကို မည်သို့ ရယူမည်နည်း။



(၁) Charismatic attraction



ပြည်ပအခြေစိုက် မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းများတွင် အရည်အချင်းရှိသော မျိုးဆက်ဟောင်းခါင်းဆောင်များနှင့် မျိုးဆက်သစ်ခေါင်းဆောင်များ ပါဝင်မှုရှိနေသည်။ ယင်းခေါင်းဆောင်များ၏ ကိုယ်ရည်ကိုယ်သွေး၊ အသိပညာ၊ အတတ်ပညာ များကို အသုံးပြုပြီး လူ့အဖွဲ့အစည်းတွင် အများလက်ခံနိုင်မည့် ခေါင်းဆောင်များကို မွေးထုတ်ရန် လိုအပ်သည်။ လူ့အဖွဲ့အစည်း အတွင်းရှိ လူမျိုးစု အစုအဖွဲ့များ၊ ဘာသာရေးအစုအဖွဲ့များ၊ လူထု လူတန်းစား အလွှာများသို့ ထိုးဖောက်ဝင်ရောက်ရန် လိုအပ်သည်။ လူထုအား လှေကားချ စည်းရုံးရန် လိုအပ်သည်။ နိုင်ငံရေးခေါင်းဆောင်အနေဖြင့် အသာစီးယူ၍ သွားရောက်ဟောပြောဆရာလုပ်ခြင်း မဟုတ်ပဲ တသားတည်းဆက်ဆံရေး လုပ်နိုင်သည့် ခေါင်းဆောင်များမှသာ

ဤနည်းလမ်းကို အကောင်အထည်ဖော်သင့်သည်။ “မင်းဘာလဲ၊ ငါဘာလဲ” လုပ်တတ်သည့် ခေါင်းဆောင်များမှ ဤတာဝန်ကို မယူသင့်ပါ။



(၂) Esoteric appeals



ပြည်ပနိုင်ငံများတွင် ပညာတတ် လူ့အလွှာ တရပ် သီးခြားရပ်တည်နေလျက်ရှိကြသည်။ ယင်းတို့သည် လူအများနှင့် ရောနှောနေထိုင်ခြင်း မရှိပဲ မိမိတို့၏ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လက်တွေ့အသုံးချနေသူများ ဖြစ်သည်။ ပညာတတ်လူတန်းစားတို့၏ ဖြစ်လေ့ဖြစ်ထရှိသော အားနည်းချက် ဥာဉ်တခုမှာ တော်ရုံတန်ရုံနှင့် တဘက်သားကို အထင်မကြီးတတ်ခြင်း ဖြစ်သည်။ တခါတရံတွင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မပြည့်သူဖြစ်ပါက တဘက်သားကို အထင်သေးတတ်သည်။



သို့ရာတွင် အဆိုပါ ပညာတတ်တို့သည် အယူအဆ၊ အတွေးအခေါ်၊ ရပ်တည်ချက် တို့နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းနှင့် တိတိကျကျ ပြောဆိုစည်းရုံးနိုင်သူများနှင့် တွေ့ဆုံရပါက အမှန်တရားကို ပညာဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီး တော်လှန်ရေး၏ အမာခံအင်အားစုများ အထိ ဖြစ်လာတတ်ပေသည်။ ဘဏ္ဍာရေးအရ ကူညီပံ့ပိုးပေးသည့် တက်ကြွစွာ ထောက်ခံသူများလည်း ဖြစ်လာတတ်ပေသည်။ ယင်းတို့ကို စည်းရုံးမည့် ခေါင်းဆောင်များသည် အပြန်အလှန်လေးစားမှုနှင့် တန်ဖိုးထားမှုကို အကောင်အထည် ဖော်နိုင်သူ ဖြစ်ရမည်။



အခြေအနေ၊ အချိန်အခါနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်တတ်သူ ဖြစ်ရန် လိုအပ်သည်။ တဦးချင်းစီအလိုက်၊ လိုက်လျောညီထွေရှိမည့် တာဝန်များကို ခွဲဝေ ပေးနိုင်သူ ဖြစ်ရမည်။ ထိုသူများကို လူအင်အား များလာစေရန် ရည်ရွယ်ချက် တခုတည်းနှင့် အဖွဲ့အစည်းများအတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းမှုများကို ရှောင်ကြဉ် သင့်သည်။ နိုင်ငံတကာ အစည်းအဝေးပေါင်းများစွာကို တက်ဖူး၊ လုပ်ဖူးနေသူ တယောက်ကို အရေမရ၊ အဖတ်မရ ဆွေးနွေးငြင်းခုံနေကြမည့် အစည်းအဝေး တခုသို့ ခေါ်သွားမိပါက တကြိမ်တည်းနှင့် လှည့်ပြေးသွားပေလိမ့်မည်။ ထိုသူတို့၏ တော်လှန်ရေးအပေါ် အမြင်နှင့် နှုတ်ထွက်စကားတို့သည် လူအများအပေါ်တွင် သက်ရောက်မှုများစွာ ရှိနိုင်သည်ဖြစ်ရာ Esoteric appeals ကို လုပ်ငန်းစဉ်တရပ်အနေဖြင့် သီးခြား အကောင်အထည်ဖော်ရန် လိုအပ်သည်။



(၃) Exoteric appeals



ဤလုပ်ငန်းစဉ်မှာ လူထုထဲတွင် အမှန်တကယ် ခံစားနေရသော အခြေအနေကို ဖော်ထုတ်၍ လူထုနှင့် တော်လှန်ရေး နီးကပ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်းဖြစ်ရာ အရေးကြီးသည့် လုပ်ငန်းစဉ်တရပ်ဖြစ်သည်။ ပြည်ပရောက် မြန်မာ့ လူ့အဖွဲ့အစည်းတွင် ရေပေါ်ဆီ လူတန်းစား လက်တဆုပ်စာမှ လွဲလျှင် လူအများစုမှာ စစ်အာဏာရှင်စနစ်ဆိုး၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ယုတ်လျော့မှုများကြောင့် ပြည်တွင်းတွင် မနေနိုင်ပဲ ပြည်ပသို့ ထွက်ခွာလာကြသူများ ဖြစ်သည်။ စိတ်ထဲတွင် အာဏာရှင်စနစ်၏ ဆိုးကျိုးများကိုကား အနည်းနှင့်အများ သိနေကြပြီး ဖြစ်သည်။ သို့ရာတွင် ထိုသူများသည် အဘယ်ကြောင့် တော်လှန်ရေးသမားများ၊ တော်လှန်ရေးကို ထောက်ခံသူများ မဖြစ်လာသေးသနည်း။



တော်လှန်ရေး သမားများ၏ ၀ါဒဖြန့်ချိရေးနှင့် စည်းရုံးရေးယန္တရားများ အားနည်းနေမှုကြောင့် ဖြစ်နိုင်သကဲ့သို့၊ တက်ကြွလွန်သူများ၏ အတင်းအကြပ် စည်းရုံးမှုများကြောင့်လဲ ဖြစ်နိုင်ပေသည်။ စည်းရုံးရေးပထမ အဆင့်တွင် စနစ်၏ ဆိုးကျိုးများကို မီးမောင်းထိုးပြခြင်းများ ပြုလုပ်ရသည် ဖြစ်လေရာ ပြည်ပအခြေစိုက် မြန်မာလူ့အဖွဲ့အစည်းအတွင်း စနစ်၏ ဆိုးကျိုးများကို လူအများက သိရှိလက်ခံလာစေရေးကို ဦးတည် လုပ်ဆောင်သင့်ပေသည်။ ယင်းမှတဆင့် ထောက်ခံသူဖြစ်လာစေရန် ဒုတိယအဆင့်ကို တက်ရောက်စည်းရုံးရပေမည်။ ထောက်ခံသူမှ တက်ကြွလှုပ်ရှားသူ ဖြစ်လာစေရန်မူ စည်းကျော်နိုင်မည့် အခြေအနေနှင့် အချိန်အခါကို ချိန်ကိုက်ဖော်ဆောင်ပေးရန် လိုအပ်ပါသည်။



လူတယောက်အနေဖြင့် ကြီးပြင်းအရွယ်ရောက်နေသည့် အချိန်တခုတွင် ကြီးမားသော လူထုတိုက်ပွဲများ၊ နိုင်ငံရေး လှုပ်ရှားမှုများကို မကြုံရပါက (သို့မဟုတ်) တော်လှန်ရေးမိသားစု အသိုင်းအ၀ိုင်းနှင့် မနီးစပ်သူ ဖြစ်ပါက ကောက်ခါငင်ခါ တော်လှန်ရေးသမား တယောက်ဖြစ်လာနိုင်ချေ အလွန်ရှားပါးပါသည်။ လူထုလှုပ်ရှားမှု အခြေပြု ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တွင် လူထုတိုက်ပွဲများ စဉ်ဆက်မပြတ်ဖော်ဆောင်မှု လိုအပ်ချက်ကို ထည့်သွင်းဖော်ပြထားချက်မှာ အဆိုပါ

လူထုတိုက်ပွဲများသည် အဆုံးသတ်အောင်ပွဲကို မဆောင်ကျဉ်းနိုင်စေကာမူ တော်လှန်ရေးမျိုးဆက်များကို မွေးဖွားပေးနိုင်စေ၍

ဖြစ်ပါသည်။ သို့ဖြစ်ရာ စည်းကျော်ရမည့် အခြေအနေ၊ အခင်းအကျင်း မရှိသေး၍ ငြိမ်နေသူများကို ကြောက်ရွံ့သူများဟူ၍

သုံးသပ်၊ စွပ်စွဲမှုများ မပြုမိစေရန် လိုအပ်ပါသည်။ လူ့အဖွဲ့အစည်း၏ သဘောသဘာဝ၊ အမြင်နှင့် တန်ဖိုးများကို လေ့လာပြီးမှသာ Exoteric appeals လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သင့်သည်။



(၄) လှုပ်ရှားမှုများ အကောင်အထည်ဖော်ခြင်း



လူအများ ပြုလုပ်နိုင်မည့် လှုပ်ရှားမှုများကို အကောင်အထည်ဖော်ဆောင်ပေးရန် လိုအပ်သည်။ လှုပ်ရှားမှုသဏ္ဍာန်များမှာလဲ အမျိုးအစား အမျိုးမျိုး ရှိရန် လိုအပ်သည်။ လူတယောက်၏ လှုပ်ရှားနိုင်မှု အခြေအနေကို မကန့်သတ်ရ။ တော်လှန်ရေးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရာ၌ ပြည်ပတော်လှန်ရေးသမားအများစုသည် မိမိက ခေါင်းဆောင်လုပ်ပြီး တိုက်ပွဲခေါ်ခြင်းများကို အလွန်အားသန်ကြသည်။ ဖော်ဆောင်ထားသည့် လှုပ်ရှားမှုတွင် လာရောက်ပူးပေါင်းရန်ကိုသာ လှုံ့ဆော်ခြင်း၊ ဆွဲခေါ်ခြင်းများ လုပ်လေ့ရှိကြသည်။ မိမိ၏ လှုပ်ရှားမှုကိုသာ ဗဟိုပြု စဉ်းစားလေ့ရှိရာ မပါဝင်လာသူများကို အပြစ်တင်လေ့ရှိကြသည်။ သို့ရာတွင် အောင်ပွဲ၏ အသက်သွေးကြောမှာ လူထုဖြစ်ရာ လူထုဗဟိုပြု စဉ်းစားမှုကိုလဲ သီးခြား ပြုလုပ်သင့်ပေသည်။ ယင်းသို့ မလုပ်လျှင် လူထုနှင့် တော်လှန်ရေး ကွင်းဆက်ပြတ်၍ တော်လှန်ရေး ခါးဆက်ပြတ်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။



ပြည်ပတွင် လက်ရှိအကောင်အထည်ဖော်နေသော လှုပ်ရှားမှုများတွင် အခြေအနေအမျိုးမျိုးကြောင့် မပါဝင်နိုင်သူများကို မည်သည့် လုပ်ငန်းတာဝန်များ ပေးအပ်မည်နည်း။ ထိုသူတို့ ပါဝင်နိုင်သည့် မည်သို့သော လှုပ်ရှားမှုများကိုပါ တွဲဖက် အကောင်အထည်ဖော်မည်နည်း။ ယင်းအချက်မှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူအများ ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အခြေခံကျသော မေးခွန်းများပင်ဖြစ်သည်။



(၅) Demonstration of potency



တော်လှန်ရေးသမားများတွင် တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖန်တီးနိုင်သော အရည်အချင်းနှင့် အလားအလာများ ရှိသည်ကိုလည်း လူထုကို ပြသရန် လိုအပ်ပေသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် “အာဏာရှင်ကိုလဲ မကြိုက်ဘူး။ ဒါပေမယ့် တော်လှန်ရေးသမားဆိုတဲ့ လူတွေကိုလဲ အယုံအကြည်မရှိဘူး” ဆိုသော အတွေးအခေါ် တရပ် ပြန့်နှံ့သွားမှုသည် တော်လှန်ရေးတရပ်အတွက် မည်မျှ အန္တရာယ်ကြီးမားသည်ကို တော်လှန်ရေးသမားတိုင်း သတိပြုရန် လိုအပ်သည်။ လူထုနှင့် တော်လှန်ရေး တသားတည်းဖြစ်ရန် ကြိုးပမ်းနေချိန်တွင် လူထုကြီးမှ တော်လှန်ရေးသမားများကို အကဲဖြတ် လေ့လာနေသည်ကို စွဲမြဲစွာ မှတ်သားထားရန် လိုအပ်သည်။ မိမိ၏ အရည်အချင်းနှင့် အရည်အသွေးကို တောက်ပြောင်နေစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ လူအများအထင်လွဲစေမည့်၊ အထင်သေးစေမည့် လုပ်ငန်းဆောင်တာများကို ရှောင်ကြဉ်ခြင်း တို့ကို လူထုထောက်ခံမှု ရယူရေး နည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။





(၂) ပတ်ဝန်းကျင်အနေအထား

(၂.၁) Physical aspect



ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်း၏ ကိုးဆယ်ရာခိုင်နှုန်းခန့်သည် အီးမေးလ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်ကို အသုံးပြုနိုင်ကြသည်။ ဆက်သွယ်ရေး စနစ်များ ကောင်းမွန်သည်။ ပြည်ပမှ မြန်မာနိုင်ငံသို့ ခေါ်ဆိုသော ဖုန်းများ၊ မြန်မာပြည်သို့ ပေးပို့သော အီးမေးလ်နှင့် စာများမှာ နေ့စဉ် ထောင်နှင့်ချီ၍ ရှိနိုင်သည်။



(၂.၂) Human Dimension



စီးပွားရေး အခြေအနေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါ် မူတည်၍ ကွဲပြားခြားနားမှုများ ရှိသည်။ မြန်မာပြည်တွင်းမှ သိန်းနှင့်

ချီသော လူဦးရေ၏ စားဝတ်နေရေးကို ထောက်ပံ့ပေးနေသော အလုပ်သမားအင်အားစု တခုအဖြစ် ယူဆ၍ ရသည်။ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင် များစွာလည်း ပါဝင်သည်။ မြန်မာ့ပညာရေး အဆင့်မြင့်မြင့် ရှင်သန်ရပ်တည်နိုင်ရေးကို ပေါင်းကူးပေးမည့် ကျောင်းသားအင်အားစုများလဲ ပါဝင်သည်။ ဤ အလုပ်သမား၊ ကျောင်းသား အင်အားစုကြီးသည် တည်ငြိမ်နေသော အင်အားစုကြီး မဟုတ်။ ရွေ့လျားနေသော အင်အားစုကြီး

ဖြစ်သည်။ အ၀င်အထွက်၊ အသွားအပြန်များ ရှိနေသည်။



(၂.၃) တော်လှန်ရေး အခွင့်အလမ်းများ



တော်လှန်ရေးတခု၏ အရေးကြီး လုပ်ငန်းဆောင်တာများဖြစ်သော မြေအောက်လှုပ်ရှား ချိတ်ဆက်ရေး၊ ပြန်ကြားရေးနှင့် သတင်းဖြန့်ဖြူးရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ တည်ဆောက်စည်းရုံးရေး၊ ဆက်သားတာဝန် စသည်များကို ဤအင်အားစုကြီးပေါ်တွင် မူတည်ဖော်ဆောင်နိုင်သည့် အခြေအနေများ ရှိသည်။



(၃) အဖွဲ့အစည်း

(၃.၁) လက်ရှိအဖွဲ့အစည်းများ အခြေအနေ

ပြည်ပမှ မြန်မာ့အရေး လှုပ်ရှားမှု စစ်မျက်နှာတွင် အဖွဲ့အစည်း ရာပေါင်းများစွာ ပါဝင်နေသည်။ အဆိုပါအဖွဲ့အစည်းများသည် နိုင်ငံအလိုက် ဖွဲ့စည်းထားသော တပ်ပေါင်းစုများတွင် ထပ်မံ ပါဝင်နေကြပြီး၊ တကမ္ဘာလုံးကို ကိုယ်စားပြုချိတ်ဆက်နေသော ကွန်ယက် အဖွဲ့များနှင့် ဖိုရမ်အဖွဲ့များလည်း ရှိသည်။ အဖွဲ့အစည်းများ၏ ပင်မလှုပ်ရှားမှုများမှာ ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ အခမ်းအနားများ ကျင်းပခြင်း၊ သက်ဆိုင်ရာ နိုင်ငံအစိုးရများအား ကင်ပိန်းများ ပြုလုပ်ခြင်း တို့ဖြစ်သည်။



(၃.၂) အားနည်းချက်များ



များပြားလှသော အဖွဲ့အစည်းများအကြားတွင် ခေါင်းဆောင်ပိုင်း အားပြိုင်မှုများ ရှိနေသည်။ တပ်ပေါင်းစု ချိတ်ဆက်ကွန်ယက်

လှုပ်ရှားမှုပေါ်တွင် အခြေမခံပဲ အဖွဲ့များ ပေါင်းစည်းလိုက်၊ တဖွဲ့ထပ်ပေါ်လာလိုက်၊ ကော်မတီများ ဖွဲ့စည်းပြီး သက်ဝင်လှုပ်ရှားမှုများ လျော့နည်းလိုက်၊ ခေါင်းဆောင်နေရာနှင့် တာဝန်ယူမှုပေါ် မူတည်၍ သဘောထား ကွဲလဲပြီး ပြိုကွဲလိုက်၊ အသစ်ပေါ်လာလိုက် စသည်များဖြင့် နှစ်ပေါင်းများစွာ သံသရာ လည်နေသည်။



အဖွဲ့အစည်းရေးရာကဏ္ဍတွင် scope နှင့် structure နှစ်မျိုးရှိရာ structure ထဲတွင် ပါဝင်မည့် ခေါင်းဆောင်နေရာများကို ဦးစားပေးမှု လွန်ကဲသွားခြင်းကြောင့်၊ scope တွင် အားနည်းသွားသည်။ လူအများ စုပေါင်းပြုလုပ်ခြင်းမှ ထွက်ပေါ်လာသည့် synergy ကို ထုတ်ဖော်နိုင်ခြင်း မရှိ ဖြစ်လာသည်။ တည်ဆောက်စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေး လုပ်ငန်းများကို အကောင်အထည် မဖော်နိုင်ခြင်းကြောင့် လူ့အဖွဲ့အစည်းနှင့် ကင်းကွာလာသည်။ လူတဦးတယောက်က “နိုင်ငံရေး လုပ်ချင်တယ်၊ ဘာလုပ်ရမလဲ” ဟု မေးလာချိန်တွင် ဆန္ဒပြပွဲနှင့် အခမ်းအနားများ လာခိုင်းရုံမှ လွဲ၍ ဘာတာဝန်ပေးရမည် မသိဖြစ်နေတတ်ကြသည်။



အဖွဲ့အစည်းအများစုတွင် လက်ဆင့်ကမ်း ပညာပေးမှု မရှိသလောက် နည်းပါးသည်။ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များ အကြား ပေါင်းကူးတံတားများ မရှိ။ လက်ဆင့်ကမ်းခေါင်းဆောင်မှုစနစ်ကို နေရာလုမှုဟု တလွဲတွေးထင်နေသူများ ရှိသည်။ တော်လှန်ရေး၏ လည်ပတ်မှု ယန္တရားကို အသက်ဆက်စေမည့် လေ့ကျင့်ပညာပေးရေးနှင့် ကေဒါကောင်းတယောက် ဖြစ်စေရန် ပြုစုပျိုးထောင်ပေးရေး စီမံချက်ကို အကောင်အထည်ဖော်မှု အလွန်နည်းသည်။ ဆွေးနွေးလိုက်၊ ဆုံးဖြတ်လိုက်၊ ပြန်ဆွေးနွေးလိုက်၊ ဆုံးဖြတ်လိုက်ဖြင့် အကောင်အထည်ဖော်မှုအဆင့်သို့ လုံးဝမတက်တော့သည့် မူများ ထွက်ပေါ်လျက်ရှိသည်။



(၃.၃) လိုအပ်ချက်များအား ဖြည့်ဆည်း ခြင်း



အဖွဲ့အစည်းအတွင်းတွင် ပါဝင်လာသူများ၏ တဦးချင်း ကိုယ်ရေးမှတ်တမ်းများကို လေ့လာဆန်းစစ်ပြီး မည်သို့သော လုပ်ငန်းတာဝန်များနှင့် သင့်လျော်မည်ကို ခေါင်းဆောင်များ မှ ဆုံးဖြတ် တာဝန်ပေးခြင်း ပြုလုပ်ခြင်းဖြင့် လူနှင့် တာဝန် သတ်သတ်မှတ်မှတ် ဖြစ်လာစေနိုင်သည်။



စုပေါင်းခေါင်းဆောင်မှုနှင့် အလှည့်ကျခေါင်းဆောင်မှုစနစ်များ ကျင့်သုံးခြင်းဖြင့် ထိရောက်မှု မရှိသော ခေါင်းဆောင်မှုကို အစားထိုးနိုင်သည်။ ရာထူးနှင့် တာဝန်ယူမှုကို ပြန်လည်ဆန်းစစ် ဝေဖန်ချက် ပြုခြင်း၊ စီမံချက်များ၏ ထိရောက်မှုကို ပြန်လည်ဆန်းစစ်ခြင်း တို့ဖြင့် အရည်အသွေး ထိန်းချုပ်မှု လုပ်နိုင်သည်။



အစည်းအဝေးတိုင်းတွင် ယခင်အစည်းအဝေးများက ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များကို မည်မျှအထိ အကောင်အထည်ဖော် ပြီးစီးခဲ့သနည်း၊ မည်သူက တာဝန်ယူခဲ့ပြီး မည်မျှအတိုင်းအတာအထိ တာဝန်ယူပြီးမြောက်ခဲ့သနည်း ဆိုသည်ကို ပြန်လည်ဆန်းစစ်ပြီး မှသာ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ချမှတ်သင့်သည်။ လုပ်ငန်းစဉ်တခု ချမှတ်ပြီးပါက အလုပ်အဖွဲ့တခုကို ထိုလုပ်ငန်းစဉ်နှင့် တွဲဖက်၍ ချမှတ်သင့်သည်။ ထိုအလုပ်အဖွဲ့၏ လုပ်ငန်းဆောင်တာများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်၍ တိုးတက်မှုမရှိပါက အစားထိုးသင့်သည်။



နိုင်ငံရေးအစည်းအဝေးများကို အလုပ်အဖွဲ့အစည်းအဝေးများနှင့် လေ့လာဆွေးနွေးရေး အစည်းအဝေးများ အနေဖြင့် သီးခြားခွဲကျင်းပသင့်သည်။ နိုင်ငံရေး ရေချိန် မတူသည့်လူများကို လုပ်ငန်းစဉ်ချမှတ်ရေး အစည်းအဝေးများသို့ ခေါ်ဆောင်သွားပါက အစည်းအဝေးများတွင် ကြန့်ကြာမှုများ ဖြစ်ခြင်း၊ အရေမရ အဖတ်မရ ငြင်းခုံနေရခြင်းများဖြင့်သာ အချိန်ကုန်လိမ့်မည်ဖြစ်ရာ မည်သည့်နေ့တွင်၊ မည်မျှ လူအင်အားဖြင့် မည်သို့သော အစည်းအဝေးကို လုပ်လိုက်သည်ဟူ၍ မီဒီယာများပေါ်တွင် ကြွားဝါရန် မဟုတ်ပဲ ထိရောက်စွာ အမှန်တကယ် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်မျာ ချမှတ်ရသော အစည်းအဝေးဖြစ်ပါက သီးခြားခွဲ ကျင်းပသင့်သည်။



သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံရေးသင်တန်းများ၊ ခေါင်းဆောင်သင်တန်းများ၊ စီမံခန့်ခွဲရေးသင်တန်းများနှင့် capacity building သင်တန်းများ ဖွင့်လှစ်၍ တော်လှန်ရေး ခါးဆက်မပြတ်စေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။



(၄) ကွင်းဆက်ပြတ်မှု



(၄.၁) ကွင်းဆက်ပြတ်မှုများ

ပြည်ပ အခြေစိုက် နိုင်ငံရေး လှုပ်ရှားမှုများတွင် ကွင်းဆက်ပြတ်မှု သဏ္ဍာန်သုံးမျိုး ဖြစ်ပွားတတ်သည်။



(၁) ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ အကြားမှ ကွင်းဆက်ပြတ်မှု



ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ အကြားမှ ကွင်းဆက်ပြတ်မှုသည် စဉ်ဆက်မပြတ် လှုပ်ရှားမှုများကို ပြတ်တောင်းပြတ်တောင်း

လှုပ်ရှားမှုအဖြစ်သို့ ကျဆင်းသွားစေနိုင်သည်။ ခေါင်းဆောင်မှုဆိုသည်မှာ အခမ်းအနားများ၊ လှုပ်ရှားမှုများ ရှိမှ ခေါင်းဆောင်ရောက် လာခြင်းကို ဆိုလိုသည်မဟုတ်။ အတူတကွ နီးနီးစပ်စပ် နေထိုင်နေခြင်းကို ဆိုလိုသည်မဟုတ်။ ရုံးခန်း တခန်းတွင် ထိုင်နေပြီး တကမ္ဘာလုံးမှ စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် စီးပွားရေး ခေါင်းဆောင်များ၊ ကွန်ပျူတာ

တလုံးရှေ့တွင် ထိုင်နေပြီး မိုင်ပေါင်းများစွာ ဝေးကွာနေသော နေရာမှ ဖြစ်ရပ်များကို အပ်ကျတာကအစ သိရှိဆုံးဖြတ် ပေးနေရသော နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ ယနေ့ကမ္ဘာတွင် များစွာရှိသည်။ အရေးကြီးသည်က ဆက်သွယ်ရေး စနစ်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။ အဖွဲ့ဝင်တယောက်၏ ဆက်သွယ်မှုတွင် အကြောင်းအရာ၊ အချက်အလက် အရေးကြီးမှုပေါ်တွင် အခြေခံ၍ လိုအပ်သော ဆုံးဖြတ်ချက်များကို ခေါင်းဆောင်များမှ ဆုံးဖြတ်ချက် ပေးကြရမည်ဖြစ်သည်။



(၂) တော်လှန်ရေးအဖွဲ့အစည်းများအကြားမှ ကွင်းဆက်ပြတ်မှု



တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင် ကွင်းဆက်ပြတ်လျှင် လှုပ်ရှားမှုများ ဟန်ချက် မညီပဲ ဖြစ်တတ်သည်။ ယင်းထက် ပိုဆိုးပါက လှုပ်ရှားမှုများ ထပ်နေခြင်းဖြစ်သည်။ လှုပ်ရှားမှုအတွက် အရေးပါသော ငွေအင်အား၊ လူအင်အားများကို အလဟဿ ဖြုန်းပစ်လိုက်သကဲ့သို့ ဖြစ်တတ်သည်။ ရေတွင်းတူးရာတွင် မည်မျှပင် အားစိုက်စိုက်၊ ရေကြောမရှိသည့် နေရာတွင်သာ ထပ်တလဲလဲ ၀ိုင်းတူးနေပါက တွင်းကြီးသာ ပိုနက်သွားမည်။ ရေတော့ ထွက်လာမည် မဟုတ်။ ကွင်းဆက်ပြတ်မှု မရှိမှသာ ချိတ်ဆက်လှုပ်ရှားမှု ပြုနိုင်ပြီး၊ အင်အားကို စနစ်တကျ သုံးနိုင်မည်ဖြစ်သည်။



(၃) တော်လှန်ရေးသမားများနှင့် လူ့အဖွဲ့အစည်းအကြားမှ ကွင်းဆက်ပြတ်မှု



ဤသည်မှာ တော်လှန်ရေးကို ရှေ့တိုးမရအောင် နိုင်ငံရေး အကျပ်ဆိုက်မှု ဖြစ်စေနိုင်သော အဓိက အချက်ဖြစ်သည်။ အလွန်အရေးကြီးရုံမက အန္တရာယ် အလွန်ကြီးမားသည့် ကွင်းဆက်ပြတ်မှု ပြဿနာဖြစ်သည်။



(၄.၂) ကွင်းဆက်လိုအပ်ချက်များအား ဖြည့်ဆည်းခြင်း



သက်ဆိုင်ရာ အဖွဲ့အစည်း၊ သက်ဆိုင်ရာ တပ်ပေါင်းစု၊ သက်ဆိုင်ရာ ဖိုရမ်များ အလိုက် ခေါင်းဆောင်များနှင့် ဆက်သွယ်ရေး စနစ်၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်သုံးသပ်၍၊ ကွက်လပ်များ ရှိပါက ဖြည့်ဆည်းရန် လိုအပ်သည်။



အဖွဲ့အစည်းများအကြားတွင် ကွင်းဆက်မပြတ်စေရန် တပ်ပေါင်းစုသဏ္ဍာန် ချိတ်ဆက်လှုပ်ရှားမှုနှင့် စုပေါင်းခေါင်းဆောင်မှု လိုအပ်သည်။ တပ်ပေါင်းစုတွင် စုပေါင်းခေါင်းဆောင်မှု သဏ္ဍာန်မပါလျှင် အလုပ်များ ရှေ့ဆက်မတိုးပဲ ခေါင်းဆောင်စောင့်ခြင်း၊

မျှော်ခြင်းများဖြင့် အချိန်ကုန်မည် ဖြစ်သည်။ ပြည်တွင်း လူထုတိုက်ပွဲဖော်ဆောင်ရေး ဆိုသည်ကို အကြိမ်များစွာ ရေရွတ်ပြီး၊ ထိုလူထုတိုက်ပွဲဖော်ဆောင်ရေးကို တွန်းအားပေးရန် အနီးတွင် ရှိနေသည့် လူ့အဖွဲ့အစည်း အင်အားကို မေ့မကျန်ခဲ့စေရန် သတိပြုသင့်သည်။ ထို လူ့အဖွဲ့အစည်း၏ အင်အားသည် ပြည်တွင်း လှုပ်ရှားမှုများကို တစုံတရာ သက်ရောက်မှုရှိနေသော အင်အားဖြစ်ကြောင်းကို အမှန်အတိုင်း သိမြင်ရန် လိုအပ်သည်။



(၅) ပြည်ပထောက်ခံမှု

(၅.၁) ထောက်ခံမှုလေးရပ်

ပြည်ပထောက်ခံမှုဆိုရာတွင် စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက် စခန်း ပံ့ပိုးပေးမှု (Sanctuary Support) များ ပါဝင်သည်ဖြစ်ရာ မိမိတို့ လုပ်နေသည့် လုပ်ငန်းဆောင်တာများက မည်သည့် ထောက်ခံမှုကို ဦးတည်ဆောင်ရွက်နေသနည်း ဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်။ Moral support ဆိုရာတွင် နိုင်ငံခြားအစိုးရ(သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းများမှ တော်လှန်ရေးကို ထောက်ခံမှုအား စတိတ်မင့်များနှင့် ကြေငြာချက်များ တရားဝင် ထုတ်ပြန်ကြေငြာခြင်း ဖြစ်သည်။



Political support ဆိုရာတွင် နိုင်ငံရပ်ခြား အစိုးရများမှ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတကာ ရည်မှန်းချက်များကို ပြည့်မှီလာအောင် အကူအညီ ပေးခြင်းဖြစ်သည်။ Material support ဆိုရာတွင် တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးခြင်းကို ဆိုလိုပြီး၊ Sanctuaries ဆိုသည်မှာ တော်လှန်ရေးသမားများအား လေ့ကျင့်သင်ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုများအတွက် လိုအပ်သည့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းကို ဆိုလိုသည်။



(၅.၂) သုံးသပ်ချက်



ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုမှ အဖွဲ့အစည်းအားလုံးနီးပါးသည် သက်ဆိုင်ရာ နိုင်ငံ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့၏ ထောက်ခံမှုများ ရရှိစေရန် တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်လျက်ရှိကြသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့မှ ၄င်းတို့၏ နိုင်ငံခြားရေး မူဝါဒများနှင့်အညီ ထောက်ခံနိုင်မှု မည်မျှအဆင့်အထိရှိသည်၊ မည်မျှအဆင့်အထိ ထောက်ခံပေးထားပြီဆိုသည်ကို သုံးသပ်ဆန်းစစ်ဖို့ လိုသည်။



၅၀ သာ တတ်နိုင်သူထံမှ ၁၀၀ တိုးတောင်းလဲ ထူးမည် မဟုတ်။ တောင်းဆိုနေရင်း အချိန်သာ ကုန်သွားမည်။ ၅၀ တတ်နိုင်ပြီး ၁၀ ပဲ ထုတ်ပေးထားလျှင်ကား တောင်းဆိုခြင်းသည် အကျိုး ရှိနိုင်ပေသည်။ ထုတ်ပေးနိုင်သမျှ အကုန်ထုတ်ပေးထားပြီး၊ မုန့်သွားဝယ်စားခိုင်းသည်ကို မုန့်စားဖို့ အားမထုတ်ပဲ ၁၀၀ ရအောင် တောင်းနေလျှင်တော့ မပေးနိုင်သည့်သူက စိတ်ရှုပ်လာပြီး ပေးထားသော ၅၀ ကိုပါ ပြန်သိမ်းသွားသည့် အခြေအနေဆိုက်လိမ့်မည်။





(၆) အာဏာရှင်တို့၏ ခြေလှမ်းများ



(၆.၁) စိန်ခေါ်မှုများ



စစ်ပွဲတခုတွင် တိုက်စစ်ကိုသာ အာရုံစိုက်ပါက အရှုံးနှင့် ရင်ဆိုင်ရတတ်သည်။ ရန်သူ့ ခြေလှမ်းများ မိမိတို့ ထိန်းချုပ်ရာ နယ်မြေများအတွင်းသို့ မည်မျှအထိ ၀င်ရောက်နေသည်ကို သတိပြုကြည့်မိရန် လိုအပ်သည်။ လူအများက ရန်သူ့သတင်းပေးများကို ကြောက်လေ့ရှိကြသည်။ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုသဏ္ဍာန်တွင်မူ မြေအောက် လှုပ်ရှားမှုနှင့် ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် လူများမှ အပ ကျန်အဖွဲ့အစည်းများ၏ သတင်းအချက်အလက်နှင့် လှုပ်ရှားမှုများမှာ လူအများ မသိမှာ စိုး၍ မီဒီယာများ၊ အင်တာနက်များပေါ်သို့ ဓာတ်ပုံများ၊ သတင်းများ တွန်းတင်နေရသည့် အခြေအနေဖြစ်နေသည်။ ဆန္ဒပြပွဲ အချိန်၊ နေရာဆိုသည်ကလဲ မည်သည့်နေ့ရက်တွင် မည်သည့် အချိန်မျိုး၌ မည်သည့်နေရာမျိုးတွင် ဆန္ဒပြပွဲရှိနိုင်သည်ကို မသိသိအောင် ကြေငြာနေကြရသည်။ အခမ်းအနား ဆိုသည်မှာလဲ ထိုနည်း၎င်း။ ဓာတ်ပုံများ အင်တာနက်ပေါ် မပါလာခြင်းများ၊ လှုပ်ရှားမှုသတင်းများ မီဒီယာများပေါ်တွင် မပါလာခြင်းများကိုပင်ပြန်စိုးရိမ်ကြရမည့် နိုင်ငံရေးအသွင်သဏ္ဍာန်မှာ ရှိနေသည်။



ဆောင်းပါး၏ နောက်ဆက်တွဲများကို comment အဖြစ် ပူးတွဲတင်ပြပေးထားပါသည် ။



မခင်မမမျိုး


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, February 27, 2011

မျိုးဆက်သစ်လူငယ် ရဲဘော်အပေါင်းတို့-

ပြည်တွင်း၌ဒီမိုကရေစီအရေးအတွက်တက်ကြွလှုပ်ရှားနေကြသည့်မျိုးဆက်သစ်လူငယ်ရဲဘော်အပေါင်းတို့-ဒီနေ့ကာလသည်တကမ္ဘာလုံးမှာ၇ှိကြသည့်ပြည်သူလူထုတွေဟာနှစ်၇ှည်လများစိုးမိုး အုပ်ချုပ်မင်းမူနေသည့်အာဏာရှင်မှန်သမျှကို ရဲရဲရင့်ရင့်အာခံတော်လှန်နေသည့်အရေးတော်ပုံလှိုင်းလုံးကြီးများ တရကြမ်းရိုက်ခတ်နေသည်။ဒီနေ့လစ်ဗျားနိုင်ငံမှာလူထုအရေးတော်ပုံကြီးဟာတိုင်းပြည်ရဲ့(၃)ပုံ(၁)ပုံကို အပိုင်စီးထားနေပါပြီ။အမေရိကန်သမ္မတအိုဘားမားလစ်ဗျားကဒါဖီကိုရာထူးကဆင်းပေးသင့်ပြီလို့ဒီနေ့ ပြောလိုက်ပါတယ်။ဒါဖီရဲ့ပိုင်ဆိုင်မှုတွေကိုထိမ်းသိမ်း လိုက် ပါတယ်။ဆိုလိုတာက-ပြည်တွင်းမှာ၇ှိသည့်တက်ကြွသည်မျိုးဆက်များအနေဖြင့်လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာလျှင် ရဲရဲဝံ့ဝံ့ ခုခံအာခံပြီးအာဏာ၇ှင်တွေ၏အဓိကကြသည့်-အသံလွှင့်ဌာနကြီးများ စသည့်နေရာများကို လူထုအင်အားဖြင့် အလုံးအရင်း ထိမ်းချုပ်ထား နိုင်ပြီး အဓိကကျသည့်ပြည်သူထု၏ ရပိုင်ခွင့်တွေကိုအမြန်ဆုံးရရှိရေးအတွက် တောင်းဆိုဖော်ထုတ်သွားရန်၊ထို့အပြင်အမိနိုင်ငံ တနိုင်ငံ လုံး စစ်အာဏာရှင်စနစ်အောက်ကလွှတ်မြှောက်ရေးအတွက်-လက်ရှိအာဏာကိုရယူ ထားသည့် အတုအယောင် အစိုးရ ကိုဖြုတ်ချပြီး ထိုအစိုးရကနှုတ်ထွက်ပေးခဲ့လျှင်အတုအယောင် ၂၀၀၈-စစ်ဖိနပ်အောက်ဖွဲ့စည်းပုံကို ဖျက်သိမ်းမှ သာလျှင်လူထုအားလုံး လွှတ်မြှောက်မှာ ဖြစ်သည်။

ထိုအရေးတော်ပုံကိုအကြမ်းဘက်ခြေမှုန်းခဲ့လျှင်နိုင်ငံတကာမှာ၇ှိသည့်ဒီမိုကရေစီအင်အားစုများမှ လုံခြုံရေးကောင်စီ၊နိုင်ငံတကာဖိအားများတပြိုင်တည်းပေးနိုင်ရန်ဆောင်ရွက်ရမည်။သေချာ တာတခုကလူထုအရေးတော်ပုံကိုစစ်အင်အား၊လက်နက်အင်အားဖြင့်ခြေမှုန်းခဲ့လျှင်ထိုအစိုးရ များကိုတရားမ၀င်သောအစိုးရဟုသတ်မှတ်ပြီးနိုင်ငံတကာမှ၎င်းတို့၏ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ပြီးလူထုအစိုးရပေါ်ပေါက်ရေးအတွက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းယခုလစ်ဗျားအဖြစ်ကသက်သေပြနေသည်။

ထို့ကြောင့်ပြည်တွင်းမှာ၇ှိသည့်မျိုးဆက်လူငယ်များ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုဖြိုဖျက်ပြီးလူထုကပေးသည့်ဒီမိုကရေစီစနစ်ကိုရရှိအောင် တော်လှန်တိုက်ပွဲဝင်ပါမှ အနာဂါတ်အတွက်စိတ်ချရမည်ဖြစ်ကြောင်းတိုက်တွန်းနိုးဆော်လိုက်ပါသည်။

ထူးအံ့

အပြည့်အစုံသတင်းဖတ်ရန်....

ခွေးပြေးဝက်ပြေး ပြေးကြတော့ အာဏာရှင်

ရက်စက်ယုတ်မာသော အာဏာရှင်စစ်ခေါင်းဆောင်များ ငါတို့ အမိမြန်မာပြည်မှ ခွေးပြေးဝက်ပြေး ပြေးစေရမည်။

ယုတ်မာသော မြန်မာ စစ်ခေါင်းဆောင် များက လူထှုဆန္ဒပြပွဲ များဖြစ်လာကာ ခွေးပြေးဝက်ပြေးပြေးရမည် ကို ကြောက်သဖြင့် မြန်မာနိုင်ငံအတွင်းအင်တာနက် အမြန်နှုန်းကို အောက်ဆုံးအဆင့်ထိ လျော့ချလိုက်သည်။ ဘယ်လိုပင် ပိတ်ဆို့တားဆီးသော်လည်း စစ်အာဏာရှင်စနစ်ကား မုချ ကျဆုံးရမည်။ ငါတို့၏ စိတ်ဓါတ်ကို မည်သည့် အရာကမျှ တားဆီး၍ မရနိုင်၊ သင်တို့ သည် (တလ) အတွင်း ပြည်သူ၏ ဒဏ်ခတ်ခြင်းကို ခံရအံ့။

ယခု တကြိမ် ဖြစ်ပေါ်လာမည့် တိုက်ပွဲသည် နောင် အခါ မြန်မာပြည်တွင် စစ်အာဏာရှင် စနစ် ဘယ်တော့မှ ပြန်ပေါ်ပေါက်မလာ နိုင်အောင် နောက်မဆုတ်တမ်း တိုက်ပွဲဝင်ကြမည်ဖြစ်သည်။

ငါတို့သည် ငါတို့ နိုင်ငံ အတွက် အသက်စွန့်ရန် အသင့်ပင်ရှိနေကြသည်။ နိုင်ငံတကာ အလယ်တွင် အောက်ကျနောက်ကျ ဖြစ်နေသော ငါတို့ ၏နိုင်ငံသားများနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် ငါတို့ မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသည် ကိုယနေ့အချိန်တွင် သဘောပေါက်ပြီး ဖြစ်ကြသည်။ ယုတ်မာ ရက်စက် သော စစ်အာဏာရှင်များ သည် အရှေ့အလယ်ပိုင်း နိုင်ငံများမှ အာဏာရှင်များနည်းတူ ခွေးပြေးဝက်ပြေး ပြေးစေရမည်။ အရေးတော်ပုံ အောင်ရမည် ။
ဒေါင်းသခင်

အပြည့်အစုံသတင်းဖတ်ရန်....

လူထုထံမှသင်ယူသောနိုင်ငံရေး


ဘာသာပြန် (ကိုလူချစ် -ကိုရီးယား)

"လူအများအပြားကို ခဏလေး ဖုံးကွယ်ထားခြင်းဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။လူနည်းစုကို အကြာကြီး ဖုံးကွယ်ထားခြင်း ဟာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် လူအများကို အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး။လူထုကြီးဟာ ကောင်းကင်လိုပဲ ကျယ်ပြန့် ကြီးမားလို့ ဖြစ်ပါတယ်။ကျွှန်တော်ဟာ ရာထူးရာခံ ရှိတဲ့နေရာမှာ ရှိပြီး ရာထူးကြီးတဲ့ သူတွေရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲကို ဝင်ရာက် ယှဉ်ပြိုင်ခဲ့တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ငွေကြေးဓန အင်အားနဲ့ ရွေးကောက်ပွဲ လက်မှတ်ကို ဝယ်ပြီး လာတဲ့ လူချမ်းသာလည်း မဟုတ်ပါဘူး။ကျွှန်တော်ဟာ နေ့စဉ်နေ့တိုင်း လူထုကြီးနဲ့ အနီးကပ်နေပြီး နိုင်ငံရေးကို သင်ယူခဲ့တာပါ။ လူထုကြီး ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ မျှော်လင့်ချက် အိပ်မက်တွေကို သိဖို့ တခါတလေ အစာငတ်ခံခဲ့ရပြီး တခါတလေ လူထုကြီးဆီက ပေါင်မုန့်လေး တစ်ဖဲ့ကို တောင်းရမ်း စားသောက်ပြီး လူထုကြီးနဲ့ စကားတွေ ဖလှယ်ခဲ့ပါတယ်။ ကျွှန်တော် အမြဲတမ်း စဉ်းစား မိတာကတော့ နိုင်ငံရေးဆိုတာ လူထုအတွင်းကနေ သင်ယူရမယ်ဆိုတာ မုချမသွေပါပဲ။ လူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေ ဝမ်းနည်းပူဆွေးမှု၊ ဝမ်းသာမှုတွေကို သိထားတဲ့ နိုင်ငံရေးသမားဟာ လူထုကြီးကို သစ္စာမဖောက်နိုင်လို့ပဲ ဖြစ်ပါတယ်။"


အထက်ပါ စကားသည် ၁၈၃၂ခုနှစ်က အမေရိကန်နိုင်ငံ အလယ်ပိုင်းမြို့ တစ်မြို့ဖြစ်သော စပရင်းဖီးလ်(Springfield) တွင် ပြည်နယ်အမတ်လောင်း တစ်ဦးဖြစ်သော လင်ကွန်းမှ မဲဆန္ဒရှင်များ ရှေ့တွင် ပြောကြားခဲ့သော ရွေးကောက်ပွဲ စည်းရုံးရေး မိန့်ခွန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။လင်ကွန်းသည် ထိုမိန့်ခွန်း ပြောနေစဉ်မှာပင် ခံစားမှုများ ပြင်းထန်ကာ မျက်ရည်များ ကျလာသည့်အတွက် မိန့်ခွန်းပြောမှုအား ခေတ္တ ရပ်နားခဲ့ရသည်ဟု နောက်ပိုင်း လင်ကွန်းအကြောင်းအား သုတေသန ပြုလုပ်နေသူများမှ ဆိုပါသည်။ထိုသူများ အဆိုအရ လင်ကွန်းဟု ခေါ်သော ဆင်းရဲသား အညတရ တစ်ယောက်က ကမ္ဘာမှာ အကောင်းဆုံး နိုင်ငံရေးသမား ဖြစ်လာနိုင်စေရန် လျှို့ဝှက်ချက်များ ရှိခဲ့သည်ဟု ဆိုပါသည်။ နိုင်ငံရေး သုတေသီများမှ ထိုလျှို့ဝှက်ချက်သည် "ရိုးသားပွင့်လင်းမှု" ဆိုသည့် အချက်ဖြစ်သည်ဟု သုံးသပ်ယူဆကြသည်။

လက်တွေ့တွင်လည်း လင်ကွန်းသည် ရိုးသားပွင့်လင်းမှု မှလွဲ၍ တခြား ပိုင်ဆိုင်မှု ဘာမျှမရှိသော လူတစ်ဦးဖြစ်ပေသည်။ စပရင်းဖီးလ် (Springfield)မြို့တွင် "ဆင်းရဲသားအညတရ လင်ကွန်း" ဟု လူသိများခဲ့သူ လင်ကွန်းသည် နိုင်ငံရေးအတွေ့အကြုံ နှင့် ငွေကြေးဓနအင်အား ပြည့်စုံသော တခြား အမတ်လောင်းများကြားတွင် ပေါ်လွင်မှု မရှိသော သူတစ်ဦးဖြစ်ပေသည်။ တခြား အမတ်လောင်းများမှ မဲဆွယ် စည်းရုံရေး မိန့်ခွန်းများကို ပြေပြစ်စွာ ပြောကြားခဲ့သော်လည်း လင်ကွန်းမှာမူ မိန့်ခွန်းပြောရာတွင် အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြေပြစ်စွာ ပြောဆိုနိုင်ခဲ့ခြင်း မရှိသော အမတ်လောင်း ဖြစ်ခဲ့ပေသည်။ သို့သော် စပရင်းဖီးလ် (Springfield) မြို့မှ ပြည်သူလူထု ကြီးသည် အမတ်လောင်းများ အနက်မှ လင်ကွန်းအား ရွေးချယ်ခဲ့ကြလေသည်။ "ဘာဖြစ်လို့ လင်ကွန်းကို ရွေးချယ်ကြတာလဲ"ဟု မေးမြန်းခဲ့သည့် သတင်းထောက်များ၏ မေးခွန်းအား လူထုကြီးမှ အောက်ပါအတိုင်း ဖြေကြား ခဲ့ကြလေသည်။

"လင်ကွန်းဟာ ကျွှန်ုပ်တို့နဲ့ တစ်သားတည်းဖြစ်နေတဲ့ လူတစ်ဦး ဖြစ်လို့ပဲ"

လူထုနှင့် တစ်သားတည်း ဖြစ်နေသောသူ၊ ထိုအချက်သည် လင်ကွန်း၏ နိုင်ငံရေး လက်နက်တစ်ခု ဖြစ်ပေသည်။ လင်ကွန်းသည် ထိုလက်နက်ဖြင့် လူထုကြီး၏ ဝမ်းနည်းပူဆွေးမှု၊ ဝမ်းသာမှုများအား သိရှိခဲ့ရပြီး၊ လူထုထံမှ၊ လူထုအတွက်၊ လူထုနိုင်ငံရေးအား ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ကိုရီယား သမိုင်းပညာရှင် ဂျော်ဆူန်ဂျု ရေးသားပြုစုသော "နိုင်ငံရေးတွင် စမ်းသပ်လေ့ကျင်မှု ဆိုတာ မရှိပါ" စာအုပ်အတွင်းမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်။

ယခင် ဟစ်တိုင် အွန်လိုင်း မဂ္ဂဇင်း စာမျက်နှာဟောင်းတွင် ဖော်ပြခဲ့ဘူးသော ဆောင်းပါးအား ပြန်လည် ဖော်ပြပါသည်။

ကိုလူချစ်(ကိုရီးယား)

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံတိုင်းမှာ ဆန္ဒပြတာဆို ကြောက်နေကြပြီ..we Just do iy!!

ဆော်ဒီအာရေဗျနိုင်ငံတွင် ဆန္ဒပြမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သောကြောင့် နိုင်ငံသားခံစားခွင့်များကိုတိုးမြှင့်ပေး လိုက်ကြောင်း

ဆေးဝါကုသမှု ခံယူရန်အတွက် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်ပြီး ပြန်လည် ရောက်ရှိလာခဲ့သည့် ဆော်ဒီဘုရင် အဗ္ဗဒူလာက နိုင်ငံသား ခံစားခွင့်များကို တိုးမြှင့်ပေးလိုက်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။
အိမ်ရာနေထိုင်မှု၊ ပြည်ပ ပညာသင်ကြားရေး၊ လူမှုဖူလုံရေး ကိစ္စရပ်များတွင် အစိုးရက ရန်ပုံငွေများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အစိုးရ ရုပ်သံဌာနက ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းသည် နိုင်ငံရပ်ခြား၌ ရောက်ရှိနေစဉ်အတွင်း အရှေ့အလယ်ပိုင်း ဒေသ၏ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း ဆော်ဒီအာရေဗျ နိုင်ငံတွင် ဆန္ဒပြမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ တူနီးရှားသမ္မတ ဘင်အလီသည် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် အသက် ၁၅ နှစ်နှင့် ၂၄ နှစ် အကြား လူငယ် ၄၀ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များ ဖြစ်သည်။ ဆော်ဒီ အစိုးရ ၀န်ထမ်းများသည် လစာ ၁၅ ရာခိုင်နှုန်း တိုးမြင့်ရရှိမည် ဖြစ်ပြီး နေအိမ်ဝယ်လိုသူများ၊ အိမ်ထောင်ပြုလိုသူများ၊ စီးပွားရေးလုပ်ငန်း အသေးစား စတငိလိုသူများအတွက် အစိုးရက ရန်ပုံငွေ ဒေါ်လာ ၁၀ ဒသမ ၇ ဘီလျံ ထုတ်ပေးသွားမည် ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကဒါဖီရဲ့ ပိုင်ဆိုင်မှုနဲ့  သားဆိုးများ

အပြည့်အစုံသတင်းဖတ်ရန်....

ငါတို့သမိုင်းမရိုင်းရအောင်

သူတို့ဆီမှာပါးစပ်တွေလွတ်လပ်ကြတယ်
တို့ဆီမှာတော့ပါးစပ်တွေ 'အ' နေရတယ်..

သူတို့ဆီမှာလက်တွေလွတ်လပ်ကြတယ်
တို့ဆီမှာတော့လက်တွေ 'ပြတ်' နေရတယ်..

သူတို့ဆီမှာမျက်စိတွေဖွင့်ခွင့်ရတယ်
တို့ဆီမှာတော့မျက်စိတွေ 'ပိတ်'ခံရတယ်..


သူတို့ဆီမှာနားတွေကြားခွင့်ရတယ်
တို့ဆီမှာတော့နားတွေ 'ထိုင်း' ကြရတယ်...

သူတို့ဆီမှာခြေလှမ်းတိုင်းမှာလွတ်လပ်ကြတယ်
တို့ဆီမှာတော့ခြေလှမ်းတိုင်းမှာအတားအဆီးတွေနဲ့..

သူတို့ဆီမှာနှလုံးသားတွေလွတ်လပ်ခွင့်ပေးတယ်
တို့ဆီမှာတော့နှလုံးသားတွေမွန်းကျပ်ခွင့်ပဲပေးတယ်..

သူတို့ဆီမှာလူ့အခွင့်အရေးဆိုတာရှိတယ်
တို့ဆီမှာတော့သူ့အခွင့်အရေးဆိုတာပဲရှိတယ်..

သူတို့ဆီမှာစာနာမှုတွေရှိတယ်
တို့ဆီမှာတော့အာဏာထုတွေပဲရှိတယ်..

သူတို့ဆီမှာတရားသဖြင့်အသိစိတ်ထားတယ်
တို့ဆီမှာတော့မတရားသဖြင့်ဖိနှိပ်ထားတယ်..

သူတို့ဆီမှာလွတ်လပ်ခွင့်ကိုအပြည့်ပေးတယ်
တို့ဆီမှာတော့ပစ်သတ်ခွင့်ကိုအပြည့်ပေးတယ်..

သူတို့ဆီမှာ...

တို့ဆီမှာတော့....

စာနာမှုကင်း၊ယုတ်မာခြင်းဖြင့်
ဒင်းတို့အုပ်ချုပ်၊မင်းလုပ်ခဲ့တာ
ဆယ်စုနှစ်လီကျော်ခဲ့ပြီ..

လူကောင်းစင်စစ်၊ဧကန်ဖြစ်လျက်

လက်ပြတ်ခြေပြတ်၊မျက်ခြေပြတ်အောင်
သူတို့ကြံဆောင်၊ဖန်တီးသော်ငြား
အားမလျော့တမ်း။ရှေ့သို့လှမ်းစို့

တယောက်တလှမ်းညီညာလှမ်းသော်
ပန်းတိုင်မျှော်ကမဝေးလှပါ
ငါတို့သမိုင်း၊မရိုင်းရအောင်
စွမ်းဆောင်ကြစို့..သွေးချင်းတို့....

ဖိုး သိကြား

အပြည့်အစုံသတင်းဖတ်ရန်....

အချိန်တန်ပြီ- *ရေးသူ-ကာနယ်အောင်သန်း*


အချိန်တန်ပြီ

ယခုအချိန်အခါသည် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံ၏အနာဂတ်အတွက် မဟုတ်တောင် မိမိကိုယ်တိုင်၏ အနာဂတ်အတွက် အလေးအနက် စဉ်းစားရမည့်အချိန်ဟု ဆိုချင်သည်။ အားလုံးသိကြသည့်အတိုင်း နအဖအ စိုးရက မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းလိုက်ပြီ ဖြစ်သည်။ ယောက်ျားလေး ရော မိန်းကလေးပါ သက်တမ်းနှစ်နှစ်ရှိသော စစ်တပ်တာဝန်ကို ထမ်းဆောင်ရမည်ဟု ဆိုထားသည်။ စစ်မှု ထမ်းတာဝန်ကို ကင်းလွတ်ခွင့်ရသော ပုဂ္ဂိုလ်များမှာ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် စစ်မှုထမ်းရန် မသင့် တော်သောသူများ၊ စစ်မှုမထမ်းနိုင်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် တင်ပြလာသော ပုဂ္ဂိုလ်များ (တ နည်းအားဖြင့် သူ၏ ဆွေတော်မျိုးတော်များ၊ ပိုက်ဆံရှိသူများ) စသည် စသည်ဖြင့် ဖော်ပြပါရှိလေသည်။

ဤဥပဒေနှင့် ပတ်သက်၍ ပြောစရာဆိုစရာတွေက အများကြီးရှိသည်၊ ထိုအထဲတွင် ဘယ်အကြောင်းကြောင့် စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းရသနည်းဆိုသော မေးခွန်းက အဓိကဖြစ်ပါလိမ့်မည်၊ အရွယ်ရောက်သူ တိုင်း စစ်မှုမထမ်းမနေရ ထမ်းရလောက်အောင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေက မည်ကဲ့သို့ဖြစ်နေသ နည်း သို့တည်းမဟုတ် ဒီမိုကရေစီနိုင်ငံများ၏ သဘောသဘာဝကြောင့်လော၊ လက်ရှိအစိုးရသည် ကျွန်ုပ်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် တင်မြောက်ထားသည့် ဒီမိုကရေစီအစိုးရလော။ ဒီမိုကရေစီနိုင်ငံများ၏ စနစ်အရ ဆိုလျှင် ဤဥပဒေကို ပြဌာန်းဖို့ မည်သည့်လွှတ်တော်၏ ထောက်ခံချက်ကို ယူခဲ့သနည်း၊ လက်ရှိစစ်တပ်ကိုပင် လူလုံးသူလုံးပေါ်အောင်မထားနိုင်သော စစ်အစိုးရသည် တနိုင်လုံးအတိုင်းအတာဖြင့် တည်ရှိလာမည့် စစ်တပ် ကြီးအား မည်ကဲ့သို့ထောက်ပံ့မည်နည်း။

အဖြေကား ရှင်းပါသည်။ လက်ရှိစစ်တပ်သည် ကြီးနိုင်ငယ်ညှဉ်းစစ်တပ်ဖြစ်သည်။ ထိပ်ပိုင်းက ရာထူးကြီး ပုဂ္ဂိုလ်များက ပိုက်ဆံများ သုံးမကုန်ဖြုန်းမကုန်အောင် အခွင့်အထူးတွေ ခံစားခွင့်တွေရနေကြသလောက် အောက်ပိုင်းမှ သာမာန်စစ်သားများမှာ ငတ်တလှည့် ပြတ်လှည့်ဖြင့် နေလာခဲ့ရသည်က စစ်အစိုးရ စတက်က တည်းကပင် ဖြစ်သည်။ စစ်တပ်၏ လက်ရှိစနစ်သည် အထက်ဖားအောက်ဖိစနစ်ဖြစ်လေရာ အခံရဆုံးသော ပုဂ္ဂိုလ်များမှာ အောက်ခြေစစ်သားလေးများပင် ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် ကိုယ် တိုင်က သေမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်သလောက် မိမိလက်အောက်ရှိ စစ်သားများ၏ အသက်ကိုမူ ရှိ သည်ဟုပင် မထင်သောသူများ ဖြစ်သည်။ သူတို့၏ ပေါ်လစီအမှားများကို ခါးစည်းခံရသူများမှာလည်း သူတို့ ကိုယ်တိုင်မဟုတ် အရာရှိပေါက်စများ၊ သာမာန်စစ်သားများသာ ဖြစ်သည်။

နိုင်ငံတော်၏ အန္တရာယ်အတွက်ဟု အသံကောင်းဟစ်ကြွေးပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းနေသည် မှာလည်း စစ်အစိုးရပင် ဖြစ်သည်။ သို့သော် သာမန်စစ်သားများသည် ဘာမှအခွင့်အရေး ခံစားခွင့်မရှိ၊ မိမိပေး ဆပ်သလောက် လောက်လောက်လားလား အသိအမှတ်အပြုမခံရ။ စစ်သားဆိုသည်မှာ စစ်တိုက်ဖို့၊ သေရဲဖို့ နှင့် သေဖို့ဟု ကျဉ်းမြောင်းသော အတွေးများကို အခြေခံထားသော စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် စစ် သားဆိုလျှင် အချိန်မရွေး သေခိုင်းဖို့ အဆင်သင့် ဖြစ်နေကြသည်။ သို့သော် ထိုသို့သေရသည်က နိုင်ငံအ တွက်မဟုတ်ဘဲ စစ်အာဏာရူးများ၏ အာဏာတည်မြဲရေးအတွက်ဖြစ်နေသည်က ရင်ထုမနာဖြစ်စရာပင် ဖြစ် သည်။ စစ်သားတစ်ယောက် သေသည်ဆိုသည်မှာ မဆန်း၊ သို့သော် သေရတာ တန်ရဲ့လား စဉ်းစားဖို့လို သည်။

လက်ရှိစစ်တပ်အခြေအနေကို အကဲဖြတ်ကြည့်မည်ဆိုလျှင် ပရမ်းပတာဖြစ်နေသည်မှာ အသေအချာပင် ဖြစ် သည်။ စစ်တပ်၏ ကြီးနိုင်ငယ်ညှဉ်းဒဏ်ကို မခံနိုင်၍ စစ်တပ်ထဲမှ ထွက်ပြေးနေကြသော တပ်ပြေးများက နေ့ စဉ်နှင့်အမျှ ရှိနေသည်။ တော်လှန်ပုန်ကန်မှုများကိုလည်း မကြာခဏဆိုသလို ကြားနေရသည်။ အရာရှိဦးရေ နှင့် စစ်သားဦးရေကလည်း အချိုးအစားမညီမျှ ဖြစ်နေသည်။ ထို့ကြောင့် စစ်သားစုဆောင်းရေးကို ပြန်ပေးဆွဲ သလိုမျိုး၊ လူကုန်ကူးသလိုမျိုး စုဆောင်းနေရသည်။ စစ်တပ်ထဲကို ဝင်ဖို့ စဉ်းစားသည့်သူက လက်ရှိ အချိန် တွင် လူမိုက်ပင်ဖြစ်သည်။ ဒီအက်စ်အေ စသည့် ဗိုလ်လောင်းသင်တန်းများသို့ သွားရောက်၍ တက်ကြသည့် သူများကလည်း (စစ်တပ်အာဏာရှိနေစဉ်ကာလတွင်) အများအားဖြင့် နိုင်ငံကာကွယ်ရေးဆိုသည်ထက် စစ် တပ်ထဲမဝင်မီကပင် ဆွေမျိုးကောင်းစားရေးဝါဒကို အခြေခံပြီး ဝင်ခြင်းဖြစ်သည်။

အကောင်ကြီးကြီးဖြစ်လာတော့ ရသမျှ သဲ့ယူသည်။ အမှန်တရားကို လက်ကိုင်ထား၍ နိုင်ငံအတွက် အလုပ် လုပ်သော စစ်ဗိုလ်များသည်လည်း ကြာရှည်စွာ သက်ဆိုးမရှည်၊ များများဘုရားထူးနိုင်သည့် ပုဂ္ဂိုလ်သည်သာ ဘုရားအဖြစ်သို့ ရောက်နိုင်သည်။ ယနေ့စစ်ဗိုလ်ချုပ်များ၏ ဘဝသည် အလွန်သနားစရာကောင်းသည်။ နေ့ မြင်ညပျောက်ဆိုသော ဘဝသည် သူတို့၏ ဘဝပင် ဖြစ်သည်။ အခြားဌာနများကို အသာထား၍ ကာကွယ်ရေး ဌာနတခုတည်းက ဗိုလ်ချုပ်များသည်ပင် လေးနှစ်ထက်ပို၍ နေရသည်က ခပ်ရှားရှားဖြစ်နေသည်။ ဗိုလ်ချုပ်တ ယောက်ကို လေးနှစ်ထက် ပိုမထားသောစနစ်သည် စစ်တပ်၏ တရားဝင်ထုတ်ပြန်မထားသော၊ လက်တွေ့ ကျင့်သုံးသော စနစ်ပင်ဖြစ်သည်၊ ထိုသို့ မလုပ်၍လည်း မဖြစ်၊ နောက်မှာက နေစရာပေးစရာတွေက အများ ကြီး ကျန်သေးသည်။

ရုရှားလို နိုင်ငံတခုတည်းမှာပင် ပညာသင်လွှတ်ထားသော အရာရှိပေါက်စ အရေအတွက်သည်ပင် သောင်းဂ ဏန်းချီ၍ ရှိနေသည်။ ဒီတော့ မြန်မြန်စား ''ဝ'' လျှင် မြန်မြန်ဆင်းဆိုသည်က လက်ရှိစစ်တပ်၏ ကျင့်သုံးနည်း တခုပင် ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာများ အလဟဿဖြစ်သည်/မဖြစ်သည်ထက် တော်လှန်ပုန်ကန်မှု မဖြစ်ဖို့ က အရေးကြီးနေတော့ အသံမထွက်နိုင်အောင် မပြတ်ခွံ့ထားပေးရသည်။ ဆင်းသွားလျှင်လည်း အသံမထွက် ဖို့၊ အသံထွက်နိုင်သေးလျှင် စကားလုံးမထွက်နိုင်အောင် လုပ်နိုင်ဖို့က အရေးကြီးသည်။ တပ်မတော်ထဲတွင် ကောင်းရာကောင်းကြောင်း လုပ်သည့်သူများ၊ နိုင်ငံ၏အကျိုးကို ရှေ့ရှုမိသူများမှာa ''တပ်မတော်ဖြိုခွဲသူ'' ဟူ သော ခေါင်းစဉ်အောက်တွင် ဘဝကို မရှုမလှ နိဂုံးသတ်ကြရသည်မှာလည်း ကောင်းကျိုးလိုလားသူ စစ်ဗိုလ် များအတွက် သင်ခန်းစာကြီးတခုလို ဖြစ်နေသည်။ ကောင်းတာလုပ်ဖို့ ရွံ့ကြရသည်။ ထို့ကြောင့် ထိုသို့ဖြစ်နေ သော စစ်တပ်ထဲကို ကျွန်ုပ်သို့ ဝင်သင့်ကြပါလား။

ထို့ပြင် လက်ရှိမြန်မာနိုင်ငံသူနိုင်ငံသားတိုင်း၏ အခြေအနေမှာ အားလုံးသိတော်မူကြသည့်အတိုင်း ဆွမ်းတော် ထား၍ ဝမ်းတော်မှ အနိုင်နိုင်ဟူသော ဘဝမျိုးဖြစ်သည်။ အောက်ခြေလူတန်းစားများမှာ နေ့စဉ်နှင့်အမျှ ဝမ်းတ ထွာအတွက် နေ့မအား ညမနား အလုပ်လုပ်နေကြရသည်။ မြန်မာနိုင်ငံတွင် ထွက်ပေါ်နေသော ကျောက်သံ ပတ္တမြားမှစ၍ ရေနံ၊ သဘာဝဓာတ်ငွေ့အလယ်၊ ကျွန်းသစ်များအဆုံး နိုင်ငံတဝန်းထွက်ပေါ်နေသော သယံဇာ တများကိုလည်း ဗိုလ်သန်းရွှေနှင့် နီးစပ်သော လက်တဆုပ်စာပင်မရှိသော လူတန်းစားများမှတပါး ပြည်သူလူ ထုအနေဖြင့် မည်သည့်အကျိုးခံစားခွင့်မှ မရှိသည်မှာလည်း အားလုံးအမြင်ပင်ဖြစ်သည်။

မြေပေါ်တွင်ရှိသမျှ ရောင်းစား၍ ရနိုင်သမျှ အပင်များအားလုံး ခုတ်လှဲပြီး ကုန်သွားသောအခါ ဒေသခံပြည်သူ များကို တအိမ်ထောင် သစ်ပင်ဘယ်နှစ်ပင် စိုက်ရမည် စသည်ဖြင့် အတင်းအဓမ္မ ခိုင်းပြန်သည်။ ဒေသခံပြည် သူများအနေဖြင့်မူ မိမိလယ်ကွက်ထဲတွင် ပေါက်သော သစ်ပင်ကိုပင် ထိ၍မရ။ ရောင်းစားသည်ကို ထားဘိဦး၊ အိမ်ဆောက်သည်ကိုပင် မိလျှင် အဖမ်းခံရသည်။ နှလှန်မထူနိုင်သည်အထိ ဒဏ်ရိုက်ခံရသည်။ မိမိလယ်ကွင်း ထဲ မိမိတို့ပိုင်နက်ထဲတွင် ပေါက်နေသော သစ်ပင်များကို အမြစ်မှစ၍ တူးဖော်ကာ ကားကြီးကားငယ် အသွယ် သွယ်တို့ဖြင့် နေ့ညမပြတ် သယ်နေကြသည်ကိုသာ လက်မှိုင်ချစွာ ကြည့်နေကြရသည်။

ကျွန်းပေါသည့် အရပ်တွင် နေရပါလျက် ဝါးအိမ်များဖြင့် နေကြရသည်။ ဆိုရလျှင် ပြည်သူများမှာ နိုင်ငံရေး၊ စီး ပွားရေး မည်သည့်ဘက်တွင်မှ နလန်မထူနိုင်။ ထို့ကြောင့် နိုင်ငံစီးပွားရေးအဆင်ပြေဖို့ မစဉ်းစားဘဲ၊ နိုင်ငံသား များ၏ ဘဝဖူလုံမှုကို ဦးစားမပေးဘဲ လက်ရှိသေကာနီး အချိန်အထိ အာဏာတည်မြဲရေးကို ဦးစားပေးလုပ် ဆောင်နေသော သန်းရွှေ၏ လုပ်ရပ်သည် မည်သို့မှ လက်ခံနိုင်စရာမရှိပေ။ အရွယ်ရောက်ပြီးသူတိုင်း တနိုင်ငံ လုံးအတိုင်းအတာဖြင့် စစ်မှုထမ်းရမည်ဆိုသော်လည်း ထိုအထဲတွင် သူ၏ ဆွေတော်မျိုးတော်များအတွက် ခြွင်းချက်များဖြင့် အကာအကွယ်ပေးထားသည်။ ဘွဲ့ရသူများ၊ သို့မဟုတ် အရည်အချင်းတမျိုးမျိုး ရှိသူများကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဆိုကတည်းက ဖိုးလပြည့်တို့လို၊ ပြည့်ဖြိုးတေဇတို့လို သူ၏ မြေးမြစ်များ စစ်တပ်ထဲသို့ (မပြောကောင်းပြောကောင်း) ရောက်လာမည်ဆိုလျှင်ပင် အရာရှိဖြစ်မည်ဆို သည်က သေချာပြီးသား ဖြစ်နေသည်။

ထိုစစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နိုင်ပါလျက် ရှောင်လွှဲသော ပုဂ္ဂိုလ်များအတွက် စစ်အစိုးရ၏ လက်သုံး ထောင်ဒဏ်များက အသင့်စောင့်ကြို၍နေလေသည်။ ပြည်သူများကို အလွန်အလေးထားသောသူများပင် ဖြစ် သည်။ အမှန်အားဖြင့် စစ်တပ်ကို သူလုပ်ချင်သလိုလုပ်၍ ပြဿနာပေါ်လာသော ယခုအခါမှ ပြည်သူကို ခုတုံး လုပ်ခြင်းသည် အကြံကုန် ဂဠုန်ဆားချက်ခြင်းသာ ဖြစ်ပါသည်။

ယခု စစ်တပ်ထဲ၌ ရှိသောသူများတွင် ထိပ်ပိုင်းပုဂ္ဂိုလ်များကလည်း စစ်ဘက်ရာထူးပြုတ်မှာ စိုးရသည်နှင့်၊ ရသ လောက်သဲ့နေရသည်နှင့် စစ်ဘက်ကို စိတ်မဝင်စားနိုင်။ ရှေ့တန်းမှာရှိသော စစ်သားများကလည်း စစ်တိုက်ဖို့ စိတ်မပါ။ ဖြစ်လည်း ဖြစ်သင့်သည်။ ယခု သူတို့တိုက်နေသော သူများသည် ယခင်က သူတို့မိတ်ဆွေများပင် မ ဟုတ်ပါလော။ ကာယကံရှင်ချင်း မတည့်၍ မဟုတ်ဘဲ သန်းရွှေနှင့် မတည့်၍သာ သူတို့တွေ ရန်သူဖြစ်နေကြ ရသည်။ သို့သော် သူတို့တွေ ချွေးတွေနှင့် တစက်စက် ဖြစ်နေသည့်အချိန်တွင် အဘိုးကြီးကတော့ အဲယား ကွန်းထဲက မထွက်၊ မြေးအချော့မပျက်။ ကြာတော့ သူတို့တွေသာ စိတ်ပျက်လာကြရသည်။ ထို့ကြောင့် ထိုနေ ရာများတွင် ဘုမသိ ဘမသိသူများနှင့် အစားထိုးဖို့ လိုလာသည်။ သူ သွားတွေ့သည်က သူငယ်နိုင်ဖြစ်ခဲ့သော ပြည်သူများ ...။

လက်ရှိစစ်တပ်သည် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်ပြီးသော စစ်တပ်ဖြစ်သည်။ သူတို့သည် မိမိကိုးကွယ် သော အကိုးကွယ်ခံ သံဃာတော်များကို သူခိုး၊ ဓားပြလို စော်ကားပုတ်ခတ်ခဲ့သည်။ အမျိုးဘာသာ သာသနာ ကို ကာကွယ်ရန်ထက် ကိုယ်တိုင်က အမျိုးဘာသာကို ဖျက်ဆီးပြသည်။ သံဃာတော်များကို နှိမ်နင်းမည့် စစ် သည်များကို မတော်မတရားသော ဝါဒမှိုင်းများတိုက်၍ သတ်ရဲအောင်၊ ရိုက်ရဲအောင်လုပ်သည်။ ယခင် တနိုင် ငံလုံးက သူရဲကောင်းများဟု ယူဆထားသော စစ်သားများကိုလည်း သိက္ခာတရား ကုန်းကောက်စရာ မရှိ အောင် လုပ်ပစ်သည်။ ယခင်က တသားတည်းရှိခဲ့သော ပြည်သူနှင့် စစ်တပ်ကို ခွဲခြားပစ်သောသူသည် လက် ရှိစစ်ခေါင်းဆောင်သာလျှင် ဖြစ်သည်။ ဗိုလ်ချုပ်စကားနှင့် ပြောရမည်ဆိုလျှင် ဤကဲ့သို့သော စည်းကမ်းမရှိ သော စစ်တပ်သည် တိုင်းပြည်တွင် ရှိနေသည်ထက် မရှိသည်က ပိုကောင်းသည်ဟုသာ ပြောချင်သည်။

လက်ရှိမြန်မာနိုင်ငံသည် မည်သို့ပင် စဉ်းစားစဉ်းစား စစ်မှုမထမ်းမနေရလုပ်ရလောက်အောင် ဆိုးဝါးနေသော နိုင်ငံတနိုင်ငံမဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။ ယခင် အင်္ဂလိပ်များကို မောင်းထုတ်သည့် အချိန်က ရော ဂျပန်တွေကို မောင်းထုတ်ခဲ့သည့် အချိန်ကပါ စစ်ထဲမဝင်မနေရ ရှိခဲ့သည်ဟု မကြားခဲ့စဖူး။ နိုင်ငံတဝန်း ရောင်စုံသောင်းကျန်းမှု ဖြစ်သောအခါတွင်လည်း စစ်မှုမထမ်းမနေရ ဥပဒေမပြဌာန်းခဲ့ရ၊ (ယခု သူတို့၏ လက် ထက်တွင် နိုင်ငံသည် မကြုံစဖူး ငြိမ်းချမ်းသာယာနေသည်ဆိုမှ စစ်မှုမထမ်းမနေရဆိုတော့ နားတွေပင် မျက်စိ လည်လမ်းမှားကုန်သည်)။

အကယ်၍ ထိုအချိန်က ပြဌာန်းခဲ့လျှင်လည်း ပြည်သူများအနေဖြင့် ကြည်ကြည်ဖြူဖြူ လိုက်နာခဲ့ကြမည်မှာ အ သေအချာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တနိုင်ငံလုံးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံအတွက် မိမိကိုယ်ကို အနစ်နာခံ၊ အစတေးခံသည်ကို ယုံကြည်ကြသည်။ ကြည်ညို ကြသည်။ ယခုစစ်ခေါင်းဆောင်များ နိုင်ငံအတွက် အနစ်နာခံသည်ဟုပြောလျှင် ကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပြက်လုံးဆရာများ စုပေါင်း၍ထုတ်သော ပြက်လုံးထက်ပင် ရယ်စရာကောင်းနေမည်မှာ အမှန်ပင် ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများကို ပစ်ထားပြီး သူအာဏာတည်မြဲရေးအ တွက် အဓိကအရေးကြီးဆုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်ဖြစ်အောင် အတည်ပြုသည်။ အချိန် တိုင်းတွင် နိုင်ငံသည် သူ့အတွက်ချည်း ဖြစ်နေသည်။ စည်းမျဉ်းစည်းကမ်းတွေက လူသားတွေရဲ့အသက်ထက် အရေးကြီးနေသည်။ အလွန်အနစ်နာခံသူများပါပေ။

အမှန်တကယ် စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းခဲ့သင့်သည့်ကာလမှာ ဒုတိယကမ္ဘာစစ်လိုမျိုး တိုင်းတပါးသား ကို မောင်းထုတ်နေရသည့်ကာလ၊ ရောင်စုံသောင်းကျန်းနေသည့် ကာလများကပင်ဖြစ်သည်။ ယခုမူ မြန်မာ နိုင်ငံသည် တောင်ကိုရီယား၊ မြောက်ကိုရီးယားတို့လို မနက်ဖြန်စစ်ဖြစ်မည်လား၊ သန်ဘက်ခါ စစ်ဖြစ်မည်လား မသိနိုင်သော အခြေအနေတွေလည်း ရှိမနေ၊ တကမ္ဘာလုံး တပ်အနှံ့ဖြန့်၍ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေ သည့် နိုင်ငံလည်းမဟုတ်၊ အိမ်နီးချင်း တရုတ်နှင့်လည်း သူတို့လောက် အဆင်ပြေတာ သူတို့ပဲရှိသည်၊ အိန္ဒိယ နှင့်လည်း ထိုနည်းလည်ကောင်းပင်။ ဘယ်အမေရိကန်မှလည်း မြန်မာနိုင်ငံကို တိုက်ဖို့ စိတ်ကူးရမည်မဟုတ်။ ဆိုရသော် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကြီးဖွဲ့ပြီး မည်သည့်နေရာကို သွား၍ တိုက်မည်နည်း၊ တွေး ကြည့်၍ ရသလောက်မှာ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ကြသလို တိုင်းရင်းသားအချင်းချင်း တိုက်ကြရုံသာ ရှိသည်။ ဖြစ်ရောဖြစ်သင့်ပါရဲ့လား။

ကရင်တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများ ... စသည့် တိုင်းရင်းသားများနှင့် သန်းရွှေ၏တပ်များ တိုက် ကြခြင်းသည် သန်းရွှေနှင့် မတည့်၍ တိုက်ကြခြင်းသာဖြစ်သည်။ ပြည်သူလူထုနှင့် မည်သို့မျှမပတ်သက်၊ ပြည် သူလူထုအနေဖြင့် စိတ်လည်း မဝင်စား၊ စိတ်ဝင်စားစရာလည်း မလို၊ မည်သည့်တိုင်းရင်းသားမဆို အဖိနှိပ်ခံရ လျှင် ခံချင်မည်မဟုတ်၊ ပြန်လည်ခုခံမည်သာဖြစ်သည်။ တိုင်းရင်းသားများနှင့် သန်းရွှေ၏ တပ်များတိုက်ကြ ခြင်းသည် မည်သို့ပင် အသံကောင်းဟစ်စေကာမူ ပြည်ထောင်စုအကျိုးလည်းမဟုတ်၊ အကျိုးလည်းမရှိ၊ ပြည် သူများအနေဖြင့်လည်း သူ့ကို ယုံ၍ အလင်းဝင်လာကြသော ဒီကေဘီအေတပ်ဖွဲ့များ၊ ကေအိုင်အေ ကချင်အဖွဲ့ များကို မည်ကဲ့သို့ လုပ်ပစ်သည်ကို ကြည့်ပါက အမှန်တကယ် တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတာ ဘယ်သူ လဲဆိုတာ အသေအချာ မြင်နိုင်သည်။ သွေးထိုးနေတာ ဘယ်သူလဲဆိုတာ သိနိုင်သည်။

ပြည်သူများသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် သန်းရွှေ၏ တပ်များ တိုက်ပွဲဖြစ်၍ သန်းရွှေ၏တပ် အကျအဆုံး များသည်ဆိုလျှင် ဝမ်းသာကြသည့်သူများသာ ဖြစ်သည်။ မည်သူမျှ သူတို့အတွက် ဝမ်းမနည်း၊ များများသေဖို့ သာ ဆုတောင်းသည်။ မည်သည့်နေရာတွင် မည်သည့်အဖွဲ့က ဗုံးခွဲသည်၊ လျှပ်စစ်ကြိုးတွေကို ဖြတ်တောက် သည် ပြည်သူလူထုကို ဘယ်လိုနစ်နာအောင်လုပ်သည်ဟု ပြောလျှင်လည်း မည်သူမျှ မယုံ၊ သန်းရွှေ၏ လက် ချက်ဟုသာ အားလုံးယုံကြသည်။ လူတကာကို လှည့်စားသည့်နေရာတွင် သန်းရွှေသည် ပါရဂူဖြစ်သည်။ သူ ၏ ဘေးနားက လူတွေအားလုံးကို သူသည် ကောင်းစွာလှည့်စားထားနိုင်သည်။ သို့သော် ထိုအလှည့်စားခံ ထားရသည့်သူများကလည်း သူတို့သည် အဘိုးကြီးကို လှည့်စားထားနိုင်သည်ဟု ယုံကြည်ကြသည်။ ဤသည် ကပင် သန်းရွှေ၏ အရည်အချင်း ဖြစ်လေသည် (မျိုးရိုးစစ်ကြည့်လျှင် သန်းရွှေသည် မျက်လှည့်ဆရာမျိုးရိုးက လာတာလည်း ဖြစ်နိုင်သည်)။

ထို့ပြင် ဗမာ၊ ကရင်၊ မွန်စသည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ဘုံရန်သူမှာ စစ်အစိုးရသာလျှင်ဖြစ်သည်။ ဗမာကလည်း ကရင်ကို မဆန့်ကျင်၊ ကရင်ကလည်း မွန်ကို မဆန့်ကျင်၊ အားလုံးဆန့်ကျင်နေကြသည်က စစ် အစိုးရကိုသာလျှင် ဖြစ်သည်။ ယခု မိမိတို့၏ရန်သူ စစ်အစိုးရ၏ တပ်ထဲသို့ ဝင်၍ အချင်းချင်းတိုက်ကြဖို့ ဆို သည်မှာ ဦးနှောက်မရှိသော လုပ်ရပ်သာဖြစ်သည်။ ဖြစ်လည်း မဖြစ်သင့်၊ မလွှဲသာမရှောင်သာ၍ စစ်သားလုပ် ကြရမည်ဆိုလျှင် မိမိကိုယ်ကို ကြည်ညိုနိုင်သော စစ်သားဖြစ်ဖို့လိုသည်။ ဝါဒမှိုင်းတိုက်ခံထားရ၍ မဟုတ်ဘဲ မိမိကိုယ်တိုင်က မိမိတိုက်ရသော စစ်ပွဲကို တရားသောစစ်ပွဲဟု မြင်ထားဖို့လိုသည်။ ဤသို့ဆိုလျှင် သေလျှင် လည်း မွန်မြတ်သော သေခြင်းပေတည်း။

ကျွန်ုပ်တယောက်တည်း၏ သဘောအရဆိုပါမူ စစ်တပ်ထဲဝင်ရပြီဆိုမှဖြင့် သန်းရွှေ၏တပ်ထဲသို့ ဝင်၍ သန်း ရွှေ၏ ကျွန်လုပ်မည့်အစား အသင်တို့နှစ်သက်ရာ တိုင်းရင်းသားတပ်တတပ်တပ်သို့ ဝင်၍ တရားသော စစ်ပွဲ ကို ဆင်နွှဲဖို့သာ တိုက်တွန်းချင်သည်။ ကျေးရွာများအနေဖြင့်လည်း လူဦးရေတထောင်ရှိသော ကျေးရွာဖြစ် လျှင် အရွယ်ရောက်ပြီး ဦးရေသည် အောက်ထစ်ဆုံး တရာထက်တော့ မနည်းပေ။ ထိုအရေအတွက်ဖြင့် မြို့ နယ်ရဲစခန်းတခုကို ကောင်းကောင်းသိမ်း၍ ရသည်။ လူဦးရေတသောင်းရှိလျှင် အရွယ်ရောက်ပြီး လူဦးရေ တ ထောင် အနည်းဆုံး၊ တသိန်းရှိလျှင် တသောင်း၊ ဆယ်သိန်းဆိုလျှင် တသိန်း၊ ဆယ်သန်းဆိုလျှင် ဆယ်သိန်း ထိုပမာဏမျှလောက်ဆိုလျှင် စစ်အစိုးရကို ကျကျနနကြီး ဖြုတ်ချ၍ ရသည်။ ညီညွှတ်ရေးစိတ်ဓာတ်ရှိဖို့သာ အ ရေးကြီးသည်။ ခပ်ရှင်းရှင်းဆိုရသော် လက်ရှိလူဦးရေ၏ ငါးပုံတပုံမျှဖြင့် လက်ရှိခေတ်သစ်ဖက်ဆစ်အစိုးရကို ဖြုတ်ချနိုင်သည်။

နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်း ယခု (စစ်မှုမထမ်းမနေရ) ဥပဒေကို ပြည်သူတွေဘက်မှ မားမားမတ် မတ်ရပ်တည်ပြီး ဖြေရှင်းပေးဖို့ ပြည်သူတွေကိုယ်စား အလေးအနက် တောင်းဆိုချင်ပါသည်။ နိုင်ငံရေးခေါင်း ဆောင်ဆိုသည်၏ သရုပ်အမှန်ကို ကောင်းစွာထင်ဟပ်စေချင်ပါသည်။ ပြည်သူတွေအနေဖြင့် ယခုဥပဒေကို လက်ခံ/လက်မခံဆိုသည်ကိုမူ နှစ်ခါပြန်ပင် စဉ်းစားစရာမလိုပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း စစ်အစိုးရအနေဖြင့် ယခုဥပဒေကို မဖြစ်မနေ အကောင်အထည်ဖော်သည့်အခါ ပြည်သူ များ အပေါ် အမြတ်ထုတ်သလိုမဖြစ်စေဘဲ အကူအညီများပေးဖို့ တောင်းဆိုချင်ပါသည်။ ယခုဥပဒေကို နိုင်ငံအကျိုး ရှေ့ရှု၍ ကောင်းစွာအသုံးချနိုင်လျှင် စစ်အစိုးရပြုတ်ကျသွားသည်အထိ အောင်မြင်မှုရနိုင်သည်။ တခုတော့ ရှိ သည်၊ သင်တို့ အမြင်မကျဉ်းမြောင်းဖို့တော့ လိုသည်။

အို မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ...

အသင်တို့သည် အသင်တို့၏ ဘဝ၊ အသင်တို့၏ အနာဂတ်အတွက် နိုးထချိန်ရောက်ပြီတကား ...
အသင်တို့ နိုးထကြလော့ ...

အားလုံးကို လေးစားစွာဖြင့် ...
ကာနယ်အောင်သန်း

သတိ ။ ။ သန်းရွှေသည် တိုင်းရင်းသားများ တမျိုးနှင့်တမျိုး မတည့်အောင် အနှေးနှင့်အမြန် ဖန်တီးလာနိုင်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်တွင်းစစ် တွေ ရပ်

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

သဲသဲ | စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။



နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကဒါဖီ၏ ခွေးရူးဘ၀ ဇာတ်ကြောင်း

အပြည့်အစုံသတင်းဖတ်ရန်....

တရားမ၀င်တော့သော အာဏာရှင်


ကဒါဖီ အုပ်ချုပ်မှု တရားမ၀င်တော့ဟု သမတအိုဘားမားပြောဆို
By VOA စနေ, 26 ဖေဖော်ဝါရီ 2011

မိုမာ ကဒါဖီဟာ လစ်ဗျားနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှုမရှိတော့တာကြောင့် ရာထူးကနေ ချက်ခြင်းဆင်းပေးသင့်ပြီလို့ အမေရိကန်သမတ ဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။

မိုမာ ကဒါဖီဟာ လစ်ဗျားနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှုမရှိတော့တာကြောင့် ရာထူးကနေ ချက်ခြင်းဆင်းပေးသင့်ပြီလို့ အမေရိကန်သမတ ဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။ ဂျာမန် ၀န်ကြီးချုပ် အန်ဂီလာ မာခေလ်းနဲ့ စနေ့နေ့တုန်းက ဖုံးနဲ့ စကားပြောဆိုရာမှာ သမတအိုဘားမားက အခုလို ပြောသွားတာဖြစ်တယ်လို့ သမတအိမ်ဖြူတော်ရုံးက ကြေညာပါတယ်။

လစ်ဗျားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတဲ့အပေါ်မှာ အမေရိကန်နဲ့ ဂျာမဏီ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးစလုံးက အင်မတန်စိုးရိမ်ပူပင်နေကြတယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။ ဒါကြောင့် ဒီအခြေအနေကို နိုင်ငံတကာကနေ ထိထိရောက်ရောက်နဲ့သင့်လျော်သလို တုန့်ပြန်အရေးယူနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေကို သမတအိုဘားမား သောကြာနေ့တုန်းက လက်မှတ်ထိုးခဲ့ပါတယ်။

အခု လစ်ဗျားမှာဖြစ်နေတဲ့ မငြိမ်သက်မှု အကြမ်းဖက်မှုတွေဟာ အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုဖက်က ရှုမြင်ထားပါတယ်။ လစ်ဗျားနိုင်ငံကို လက်နက်မရောင်းချရေး ပိတ်ဆို့ကန့်သတ်မှုအပြင် လစ်ဗျားနိုင်ငံကို ခရီးမသွားလာရေးနဲ့ လစ်ဗျားခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့ အရေးယူမှုတွေလုပ်ဖို့ ဥရောပသမဂ္ဂကလည်း သဘောတူထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ လစ်ဗျားအရေး အရေးပေါ်အစည်းအဝေးကို ဒုတိယနေ့ဆက်လက်ကျင်းပခဲ့ပါတယ်။ မိုမာကဒါဖီအစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းနေတာကြောင့် ပိတ်ဆို့မှုတွေနဲ့ အရေးယူနိုင်မယ့် အလား အလာတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေစဉ်းစားနေကြပါပြီ။ မိုမာကဒါဖီအစိုးရ အပေါ် ပိုင်ဆိုင်မှုတွေထိန်းချုပ်တာ၊ ခရီးသွားလာမှုကန့်သတ်တာနဲ့ လက်နက်အရောင်းအ၀ယ် ပိတ်ပင်တာတွေနဲ့ အရေးယူနိုင်ရေးအတွက် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ စနေနေ့က စတင်ဆွေးနွေးခဲ့ကြပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီအစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံ တကာရာဇ၀တ်ခုံရုံး တင်သွင်းနိုင်ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်ခဲ့ကြပါတယ်။ အခုလို လူထုအုံကြွမှု အတွင်း အကြမ်းဖက်နှိမ်နင်းနေတာဟာ စစ်ရာဇ၀တ်မှုမြောက်သလား ဒါမှမဟုတ် လူမဆန်တဲ့ ပြစ်မှုတွေကျူးလွန်နေတာ လားဆိုတာကို ICC နိုင်ငံတကာရာဇ၀တ်ခုံရုံး စစ်ဆေးနိုင်ဖို့ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒီမူကြမ်းနဲ့ ပတ်သက်ပြီး လစ်ဗျားသံအမတ်ကြီးက ထောက်ခံလိုက်ပါတယ်။ အရပ်သားတွေကို လက်နက် တွေနဲ့ တိုက်ခိုက်နေတဲ့ တာဝန်ရှိသူတွေ အပေါ် အရေးယူဖို့ ကုလသမဂ္ဂရဲ့ကြိုးပမ်းမှုကို လစ်ဗျား ကိုယ်စားလှယ်အဖွဲ့က ထောက်ခံတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး အဘဒူရာမန် ရှာဂမ်ရဲ့ စာမှာ ဖေါ်ပြထားပါတယ်။ သံအမတ်ကြီး ရှာဂမ်ဟာ သောကြာနေ့ကစပြီး ကဒါဖီအစိုးရကို ကိုယ်စားမပြုတော့ဘူးလို့ ကြေညာ လိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီအစိုးရကို အရေးယူရေး ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် ပြည်ထောင်စုနဲ့ ဂျာမဏီနိုင်ငံတို့က ဆင်သွင်းလိုက်တာပါ။ ဒီမူကြမ်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သဘောတူညီမှုရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ အမြန်ဆုံး အရေးယူနိုင်ဖို့ အကောင်အထည် ဖေါ်စေလို တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျာမဏီနိုင်ငံအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီးPeter Wittig ကပြောပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */