2011-07-10 RFA (Via Burmatwe)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ညောင်ဦး ခရီးစဉ်အတွင်း ကြိုဆို နှုတ်ဆက်ခဲ့သူတွေနဲ့ လက်ဆောင် ပစ္စည်းပေးသူ တချို့ကို ခရီးစဉ်အပြီး ရက်ပိုင်းမှာ အာဏာပိုင်တွေက စုံစမ်းမေးမြန်းတာ တွေ ရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးဈေးကို သွားရောက်ခဲ့စဉ် ဈေးသူဈေးသား တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ပန်းကုံးစွပ် ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ ဒေသခံ အရာရှိတဦးက ဈေးအတွင်း လာရောက်ပြီး စစ်ဆေး မေးမြန်းခဲ့ကြောင်း ဆိုင်ရှင်တဦး က ပြောပါတယ်။
“ရဲစခန်းမှူးလို့ ပြောတာပဲ။ ပန်းကုံးစွပ်တဲ့ ကလေးတွေရဲ့ မိဘတွေ အိမ်တွေကို သွားပြီးတော့ ဘယ်သူစွပ်တာတုံး ဘာတုံးနဲ့ လာပြီး မေးတယ်။ ပန်းစည်းတွေ အဝတ်အထည်တွေ ပေးတဲ့ ကလေးမ လေးတွေကိုလည်း ခေါ်ပြီးတော့ နာမည်တွေ မေးတယ်”
ညောင်ဦးမြို့ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်တာတွေ မလုပ်ကြဖို့ တားမြစ်ထားပေမယ့် ညောင်ဦးဈေးကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာတော့ လူတထောင်ကျော်လောက်က ဝမ်းပန်းတသာ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။Rest of your post
No comments:
Post a Comment