Pages

Monday, July 11, 2011

အမေရိကန်က ပါကစ္စတန်ကို စစ်ရေးထောက်ပံ့မှု ရပ်ဆိုင်းမည်

By ဗွီအိုအေ (မြန်မာဌာန) (Via Burmatwe)
အမေရိကန်က ပါကစ္စတန်ကို ပေးနေတဲ့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ လောက်ကို ရပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အိမ်ဖြူတော် ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးဟာ မချောမွေ့လှဘဲ အချိန်ယူပြီး ဆက်ဆံရေး ပြေပြစ်အောင် လုပ်ရလိမ့်မယ်လို့ အိမ်ဖြူတော် တာဝန်ခံ အရာရှိချုပ် ၀ီလျံ ဒလေး (William Daley) က ABC ရုပ်သံရဲ့ This Week အစီအစဉ်ကို ပြောခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပါကစ္စတန်ဟာ အရေးပါတဲ့ မဟာမိတ်နိုင်ငံတခု ဖြစ်ခဲ့ပေမဲ့ အမေရိကန်က စစ်ရေးအကူအညီတွေ ပေးတာ ဆိုင်းထားစေလောက်တဲ့ ခြေလှမ်းတချို့ လှမ်းခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုလဲ ဆိုတာကိုတော့ အသေးစိတ် ထပ်ရှင်းမပြခဲ့ပါဘူး။

ပါကစ္စတန်က အမေရိကန် စစ်ရေး လေ့ကျင့်ပေးနေသူတွေကို နိုင်ငံထဲက နှင်ထုတ်ခဲ့တဲ့ ကိစ္စနဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့ ကန့်သတ်ခဲ့တဲ့ ကိစ္စတွေကြောင့် အခုလို တုံ့ပြန် ဆောင်ရွက်တာ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေရဲ့ အပြောကိုလည်း သတင်းတွေထဲမှာ ကိုးကား ဖော်ပြကြပါတယ်။

စစ်သွေးကြွတွေကို တိုက်ဖျက်ရေးမှာ အမေရိကန်နဲ့ ပိုပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ ပါကစ္စတန်ကို ဖိအားပေးတဲ့ အနေနဲ့ အခုလို ထောက်ပံ့မှုတွေကို ဖြတ်တောက်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို အမေရိကန်က ကြိုတင်အသိပေးခြင်း မရှိဘဲ ဝင်ရောက် မေလဆန်းတုန်းက ၀င်ရောက် သုတ်သင်ခဲ့ကတည်းက အမေရိကန် အစိုးရနဲ့ ပါကစ္စတန် အစိုးရကြားမှာ ဆက်ဆံရေး ထိခိုက်ခဲ့ပါတယ်။Rest of your post

No comments:

Post a Comment