Pages

Sunday, May 15, 2011

အစိုးရ သစ် ကလေး အရွယ် များ ကို ပင် ပေါ်တာ ဆွဲ

May 14, 2011 FNG(ပေးပို့ သူ-ဗမာ့သွေး)
လက်ရှိ ဖြစ်ပွား နေသည့် ကရင်ပြည်နယ် တွင်း ရှိ တိုက်ပွဲ များ အတွင်း စစ်အစိုးရ တပ် ဖွဲ့ ဝင် များက ကရင်ပြည် နယ် ဖာပွန် နှင့် ကော့ကရိတ် မြို့ နယ် များ မှ ကျောင်း နေအရွယ် ကလေး
ငယ်များ ကို ရိက္ခာ ချက်ပြုတ်ခြင်း ၊ လက်နက်ခဲယမ်း များ သယ် ဆောင် ခြင်း လုပ်ငန်း များ အတွက် ပေါ် တာဆွဲနေကြောင်း FNG မှ သတင်းရရှိသည်။

ခလေးငယ် များ ကို ပေါ်တာဆွဲ ခြင်း မှာ ကော့ကရိတ်၊ဖာပွန် နှင့် ရွှေဂွန်း မြို့ နယ် များ တွင်ဖြစ် ပြီး ယခု နယ်စပ် တစ်လျှောက် ဖြစ်ပွားနေသည့် စစ်ပွဲ များ အတွက် ဖြစ်သည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူး တိုင်း ဒေသများ တွင် ကျောင်း နေအရွယ် ကလေး ငယ် များ ကို ပေါ်တာ ဆွဲမှု များ မှာ အများ ဆုံး ဖြစ်သည်။

ဘားအံမြို့ နယ် တွင်း မှ ငါးတန်း ကျောင်းသား အရွယ် သားဖြစ်သူ ပေါ်တာ ဆွဲ ခံရသည့် မိဘ တစ်ဦးက ” သူတို့ သင်္ကြန် တွင်း တုန်း က လျှောက် လည် ကြတာ နောက် ဆုံး နေ့ (အတက်နေ့ )
မှာ ငါး နာရီ ကျော်ထိ ရေပက် တယ် ဆိုပြီး စစ်တပ် က ခေါ် သွားတာ ကျွန်မ တို့ က ဘယ်ကို လိုက်ရှာ ရမှန်း မသိဘူး ၊ ရဲက လည်း နောက် နေ့ ပြန်လာ မှာ ပါ ဆိုပြီး ပြောတယ် ။ အခု တစ်
လ ပြည့် မှ တစ်သိန်း နဲ့  မြိုင်ကြီး ငူ နား မှ လိုက်ရွေးရတယ် ဟု FNG သို့ ပြောသည်။

မြန်မာ စစ်အစိုးရသစ် လက်ထက် တွင် ဖိနှိပ် ညှင်းပန်း မှု များ ပပျောက် သွား မည် ဟု အာဆီယံ နိုင်ငံ အချို့ က ထင်မြင် ကြသော်လည်း ပို၍ ပင် တိုးလာသည် ဟု ၁၉၉၈ မျိုးဆက် ကျောင်းသား
တစ်ဦးက ပြောသည်။


Rest of your post

No comments:

Post a Comment