Pages

Tuesday, May 17, 2011

မြန်မာ၊ မြောက်ကိုရီးယား ပူးပေါင်းမှု စောင့်ကြည့်ရေး ကုလ အစီရင်ခံစာ သတိပေး

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 15 မေ 2011(ပေးပို့ သူ-ဗမာ့သွေး)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ကြား လက်နက်နည်းပညာ အကူအညီ ပေးတာတွေ လုပ်မလုပ် သတိထား စောင့်ကြည့်သွားဖို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက် အစီရင်ခံစာ တစောင်က ဖော်ပြလိုက်ပါတယ်။

လျှို့ဝှက် နျူကလီးယားလက်နက် အစီအစဉ်တွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတာနဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာ အထောက်အထား မတွေ့ရပေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်တာကို သတိကြီးကြီးထားပြီး စောင့်ကြည့်သွားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အစီရင်ခံစာကို ကိုးကားပြီး ရိုက်တာစ် သတင်းက ဖော်ပြလိုက်တာပါ။

ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူထားတာကို ဖောက်ဖျက်ပြီး မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ဟာ တိုက်ချင်းပစ် ဒုံးပျံလက်နက် နည်းပညာကို အချင်းချင်း မျှဝေခဲ့ကြတယ်လို့ ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာ တစောင်က ဆိုပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်မှာကို တရုတ်နိုင်ငံက ပိတ်ဆို့နေတယ်လို့ သံတမန်တွေက ပြောကြပါတယ်။

အိမ်နီးချင်း တိုင်းပြည်တပြည်ကတဆင့် တရားမ၀င် နည်းပညာကို လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာကို တွေ့ခဲ့ကြရတဲ့ အနောက်တိုင်း သတင်းစာဆရာတွေက ပြောပါတယ်။ အဲဒီတိုင်းပြည်ကတော့ တရုတ်နိုင်ငံ ဖြစ်တယ်လို့ သံတမန်တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်က ဘာမှတ်ချက်မှ မပေးပါဘူး။ နည်းပညာကို မြောက်ကိုရီးယား လေကြောင်းလိုင်း Air Koryo နဲ့ အီရန် လေကြောင်းလိုင်း Iran Air ခရီးစဉ်တွေပေါ်မှာ လွှဲပြောင်းခဲ့ကြတာလို့ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။

၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူခဲ့တာပါ။ ယူရေနီယံ သန့်စင်ရေး အစီအစဉ်ကြောင့် အီရန်နိုင်ငံ အပေါ်လည်း နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားပါတယ်။

ကျွမ်းကျင်သူတွေက ရေးသားတဲ့ အဲဒီ ကုလသမဂ္ဂ အစီရင်ခံစာကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကို သောကြာနေ့က တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ အားလုံး တညီတညွတ်တည်း သဘောတူမှသာ အဲဒီ အစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်နိုင်မှာပါ။

အစီရင်ခံစာ ရေးသားတဲ့ အဖွဲ့မှာ ပါတဲ့ တရုတ် ကျွမ်းကျင်သူဟာ တရုတ်အစိုးရ ဖိအားကြောင့် အစီရင်ခံစာမှာ လက်မှတ်မထိုးခဲ့ဘူးလို့ နယူးယောက်ခ် တိုင်းမ် သတင်းစာကြီးက ဆိုပါတယ်။Rest of your post

No comments:

Post a Comment