Pages

Tuesday, May 17, 2011

အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သတ်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်ထုတ်ပြန်

Monday, 16 May 2011 18:19
အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းနှင့်ပတ်သတ်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံသစ်အဖြစ်သို့ ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်ထောက်ခံခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ထွန်းလာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရသည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်သူများအား



တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များချမှတ်ခဲ့ရပါကြောင်း၊ သို့ရာတွင် ပြစ်ဒဏ်ကျသူများအား နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား



ငဲ့ညာသောအားဖြင့်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ) အရ နိုင်ငံတော်သမ္မတသည် ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းသို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိပါသည်။





(က)၊ သေဒဏ်ချမှတ်ခံရသူများအတွက် ထောင်ဒဏ်တစ်သက်သို့ လည်းကောင်း၊

(ခ)၊ ထောင်ဒဏ်ကျခံနေရသူများသည် ယင်းတို့အပေါ်



သတ်မှတ်ထားသော ထောင်ဒဏ်ကို ထောင်ဒဏ်ရရှိပြီးသော လျော့ပေါ့ရက်များအပြင် တစ်နှစ်ထပ်မံလျော့ပေါ့ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၈/၂၀၁၁ အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။Rest of your post

No comments:

Post a Comment