“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 31, 2010

ကုသိုလ်မျှဝေနိုင်ကြပါစေ

ပြည်မြို့ အလှူဒါန (၂၅.၅.၂၀၁၀)
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ ရေအလှူရှင်တို့ ပံ့ပိုးမှုတို့ကြောင့် ၂၅.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ပြည်မြို့၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခရောက်နေသော ရွာများသို့ သွားရောက်ပြီး အ၀ီစိတွင်းများ တူးဖော်ပေးရန်အတွက် နယ်ခံ ပြည်သူလူထုနှင့် ရွာခံ ဆရာတော်၊ သံဃာတော်များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ပြုလုပ်ရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပတောင်းမြို့နယ် (တဖက်ကမ်း)၊ ပုတီးကုန်းအနီး ကျူတောရွာ၊ မန်ကျည်းပင်စုရွာများနှင့် ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း ရေလုံလောက်မှု မရှိသည့်အတွက် အ၀ီစိတွင်း တူးဖော်ရန်အတွက် ပြောဆိုခဲ့ပါသည်။ ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျောက်ပန်းတောင်း မိတ္ထီလာမြို့ အသွားလမ်းပေါ်ရှိ ရေဒုက္ခသည် ရွာသို့ ရေသွယ်တန်းရန် ရေပိုက် ပေအရှည် (၂၄၀၀) အတွက် အလှူငွေ (၇၂၀၀၀၀/-) သိန်းအား လှူဒါန်းခဲ့ပါသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရွှေပေါက်ပင်ဆရာတော်မှ ဦးစီးကာ အများပြည်သူ ကိုးကွယ်ပူဇော်ရန် တည်ထားမည့် စေတီတော်တွင် ဌပနာထားရှိရန် ဗုဒ္ဓရုပ်ပွားတော် (၃) ဆူအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့မှ မိမိတို့ နေအိမ်တွင် ကိုးကွယ် ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များအား ပင့်ဆောင်ကာ လှူဒါန်းဒါန ပြုခဲ့ကြပါသည်။

အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း
ပန်းချီပညာရပ်သည် မျိုးဆက်သစ်ကလေးငယ်များအတွက် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပေသည်။ ပန်းချီပညာရပ်သည် လူတစ်ဦး၏ စိတ်နေစိတ်ထားကို ယဉ်ကျေးသိမ်မွေ့စေတယ်။ ပန်းချီပညာရပ်သည် အခြားသော ဆေးပညာ၊ စက်မှုပညာ … စသဖြင့် ပညာရပ်များစွာ တို့တွင်လည်း အခြေခံ အုတ်မြစ်ဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ် တိုင်းပြည်တပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ် တစ်ခုပင်ဖြစ်တော့သည်။
ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုကိစ္စ၊ ဒုက္ခသည် (နာဂစ်၊ မီးဘေး၊ ရေဘေး)များအား ဖေးမကူညီ ပံ့ပိုးပေးခြင်းကိစ္စ၊ မျိုးဆက်သစ် လူငယ်လေးများအား အင်္ဂလိပ်စာ တက်ကျွမ်းမှု၊ ကျွမ်းကျင်မှုအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းနှင့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသဖြင့် ဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ပြီး သုခအလင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးထားသည့်အပြင် မျိုးဆက်သစ် လူငယ်/လူရွယ်လေးများ အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ဖွင့်လှစ်ထားပါသည်။ ယခုဆိုလျှင် တိုင်းပြည်တပြည် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ်ဖြစ်သော အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေး၊ လူငယ်/ လူရွယ်လေးတို့အား ပန်းချီရေးဆွဲခြင်း ပညာရပ်ကို အခြေခံမှ အဆင့်ဆင့် ရေဆေးပန်းချီ၊ Outdoor ထွက်မြောက် ရေးဆွဲနိုင်သည်အထိ မျိုးဆက်သစ်ကလေးများ သင်ယူ/ရေးဆွဲနိုင်စွမ်း အတိုင်းအတာ အထိ တတ်မြောက်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာ မောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများမှ ၀ိုင်းဝန်း ပံ့ပိုးကူညီ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။
ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။
ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။
ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။
ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။

ပညာဒါန ထောက်ပံ့ခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား၊ သမီးများ ယခုနှစ် ၂၀၁၀ - ၂၀၁၁ ခုနှစ် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း (၅) ကြိမ်မြောက် အခမ်းအနားကို ၂၂.၅.၂၀၁၀ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားတွင် မူလတန်းကျောင်းသား/သူ (၁၂) ဦးအတွက် ပညာသင်စရိတ် (၅၀၀၀/-) ကျပ်စီ လှူဒါန်းခဲ့ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/သား (၂၃) ဦးအတွက် (၈၀၀၀/-) ကျပ် စုစုပေါင်း (၂၄၄၀၀၀/-) ကျပ်ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ထိုနည်းတူစွာ (သာသန-ပရ ထိုနှစ်ဝကို မျှတစွမ်းဆောင် တို့မယ်-မောင်) ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသော မေတ္တာတံခွန်အသင်းမှလည်း ပညာဒါန ထောက်ပံ့ခြင်း အခမ်းအနားကို ၃၀.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၂) ၀ိုင်း၊ အောင်စန္ဒာသိဒ္ဓိကျောင်းတိုက် တွင် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား/သမီး (၃၅) ဦး၊ ရက်ကွက်တွင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦး၊ အနာကြီးရောဂါသည် မိသားစုဝင် ကျောင်းသူ/သားများ (၃၁) ဦးတို့ကိုလည်း ပညာသင်စရိတ်များ လှူဒါန်းခဲ့ပါသည်။ ယင်းသို့ လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်း သား၊သမီး ကျောင်းသား/သူများ အတွက် တစ်ဦးလျှင် (၅၀၀၀/-) ကျပ်ဖြင့် စုစုပေါင်း (၁၇၅၀၀၀/-) ကျပ်ကို မေတ္တာတံခွန်အသင်းမှ လှူဒါန်းခဲ့ပါကြောင်း သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ထာဝရကို ဂုဏ်ယူမှတ်တမ်းတင်ပါသည်။

စက်တင်ဘာ ထာဝရ (ကဗျာ)




တံခါး နှစ်ချပ်
စာရေးးသူလက် ဓါးထက်လက်ဆို
ခုတ်ထွင်ရှင်းပြောင် ဤလူ့ဘောင်ထဲ
ခလုပ်မထိဆူးမငြိစေ…………..
ရုပ်သေးဆွဲသောကစားပြကွက်
အနိုင်မရှုံး မရုန်းမထွက်ခင်
ပြန်လမ်းကွယ်ပြောက်ငါ့အနောက်က
အနာတရ ပုတီးတစ်ကုံး
တစ်ရာရှစ်လုံးလုံးဆိုတဲ့ အသိနဲ့…………
ဘုံဘ၀ အစုံစုံ
အကအခုန်ထုပ်စည်းတိုးခြင်းမှာ
ထမင်းရည်ပူလောင်တဲ့ တို့အဖေါ်ကြောင့်
တစ်သင်းလုံးအရှုံးအတွက်
သူကိုအပြစ်မဖို့ချင်သော်ငြား
ဘေးထွက်ထိုင်ရခြင်းကိုမကြိုက်………..
အမိုက်ရဲ့ အဆုံးအစ
အလင်းကို ကိုင်ဆုပ်ပြချင်လို့
ဘဲဥကိုခွစီး
အသင်္ချေခရီးဆက်ရင်း
ရေပြင်ပေါ်လမ်းလျှောက်ပြနှိုင်လည်း
ကမ္ဘာမီးတော့ မငြိမ်းခဲ့…………
ကြက်တစ်ခုန် ကြွေတစ်လှည့်
လောင်းကစားဆန်းတဲ့လောက
အတ္တကိုထိုးကြွေးလောင်မြိုက်
ဆင်သေကောင်ပေါ်က ကျီးမိုက်လို
ကိုယ်တွေသိ ညီမျှခြင်းပေးမှို့
ငါ့မရှုံး ဟားတိုက်ပစ်လိုက်တယ်……………
(ဗလံနာ)

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အဖမ်းခံနေရ.... အော် ( သခင်ကိုယ်တော်မှိုင်း ရာဇ၀င်တွေလည်းရိုင်းခဲ့ ရပြီ) အဖိုးရယ်

တိုကင် အသုံးပြုသည့် မောင်တောမှ ဈေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက ခေါ်ယူ ထိန်းသိမ်း 5/31/2010 တာကလူး
Burmese kyat noteမြန်မာ နိုင်ငံ၏ အနောက်ဘက် အစွန်ဆုံး စီးပွားရေး အရ အချက် အချာမြို့ ဖြစ်သည့် မောင်တောတွင် ငွေစက္ကူ အကြွေ ရှားပါး နေသည့် အတွက် ငွေစက္ကူ အစား တိုကင်ပြားများ ထုတ်လုပ် အသုံးပြုနေသည့် ဈေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက မနေ့က ခေါ်ယူ ထိန်းသိမ်း လိုက်သည်။

အမည်မဖေါ်လိုသူ စီးပွားရေး သမား တဦးက “ သူတို့ကို မနေ့က နံနက် ၁၀ နာရီခန့်မှာ မောင်တောရဲစခန်းမှာ တိုကင် ကိစ္စ ဆွေးနွေးစရာ ရှိတယ်ဆိုပီး ခေါ်ယူကာ ဖမ်းဆီး ထိန်းသိမ်း လိုက်တာ ဖြစ်ပါတယ်။ မနေ့ကတော့ စစ်ဆေးမေးမြန်းမူတွေ လုပ်တယ်။ ဒီကနေ့မှာတော့ ရုံးတင်မယ်လို့ သိရပါတယ်။” ဟု ပြောသည်။

မောင်တောမြို့တွင် ငွေအကြွေ အထူး ရှားပါးနေသဖြင့် ၂၀၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၅၀ ကျပ်တန်အစား တိုကင် ငွေစက္ကူများကို ဈေးဆိုင် ပိုင်ရှင်များက ရိုက်နှိပ် ထုတ်လုပ်ကာ သုံးစွဲ နေကြခြင်း ဖြစ်သည်။


“ခုလို အသုံးပြုနေတာကတော့ ဈေးဆိုင်တွေရော၊ ဈေးဝယ် သူတွေပါ အဆင်ပြေတဲ့ အတွက် နားလည်မူနဲ့ တိုကင်တွေ ကို ရိုက်နှိပ် သုံးစွဲနေကြတာ ဖြစ်ပါတယ်။ တိုကင်တွေမှာ ဈေးဆိုင် နာမည်နဲ့ ငွေကြေးတန်ဖိုးကို ရိုက်နှိပ်ထားတယ်။ အဲဒီ တိုကင်တွေနဲ့ မောင်တောမြို့အတွင်းမှာ ဈေးဝယ်တဲ့ နေရာမှာ အသုံးပြုလို့ရပါတယ်” ဟု သူက ဆက်ပြောသည်။

Burmese kyat noteရဲက ခေါ်ယူ ထိန်းသိမ်း ခံရသူများထဲတွင် ဖြိုးလဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေနှင်းဆီ လဘက်ရည်ဆိုင် ပိုင်ရှင်၊ ခိုင်ထွန်း စားသောက်ကုန် ဆိုင်ပိုင်ရှင်၊ စေတနာ စတိုး ဆိုင်ပိုင်ရှင်၊ စန်းသီဟ လဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေပျံလွှား ပိုင်ရှင်နှင့် ပိတောက်ရိပ် စတိုးဆိုင် ပိုင်ရှင်များ ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ တိုကင် ပြဿနာ တက်လာခြင်းမှာ မောင်တော မြို့မဈေးရှိ မာမတ်ဆောယော့ဒ် အထည်ဆိုင်၊ အာဘူတာဟေ စားကုန်ဆိုင်၊ ခိုင်ထွန်း စားကုန်ဆိုင်၊ ရပ်ကွက် (၂) မှ ကော်ရိမ္မူလာ ကုန်စုံဆိုင်၊ ရပ်ကွက် (၄) မှ ဖိနပ်ဆိုင်၊ ဇီးကာဖီ လဘက်ရည်ဆိုင်၊ ဖြိုးလဘက်ရည်ဆိုင်၊ စမ်းသီဟ လဘက်ရည်ဆိုင်တို့မှ ထုတ်ပေး ထားသည့် တိုကင်များနှင့် အမှတ် (၃)ရပ်ကွက်ရှိ အောင်ဝင်း ဆိပ်ကမ်း အကောက်အဖွဲ့မှ ထုတ်ပေးသည့် ၀ိမလ တိုကင်များကို ယခုရက်ပိုင်းအတွင်း ထုတ်ပေးထားသူများမှ လက်ခံရန် ငြင်းဆိုခဲ့ရာမှ စတင် ဖြစ်ပွား လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တော မြို့နယ် အတွင်း လက်ရှိ လည်ပတ်နေသည့် တိုကင်ငွေ တန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်း ၅၀၀ နီးပါးဖိုးခန့် ရှိုပြီး လွန်ခဲ့သော နှစ်များစွာကတည်းကပင် တိုကင်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြကြောင်း စုံစမ်းသိရှိရသည်။

အာဏာပိုင်များက တိုကင် ထုတ်ပေးသူ ဈေးဆိုင်ပိုင်ရှင်များကို ဖမ်းဆီးသည်သာမက ယခုအခါ တိုကင် သုံးစွဲခွင့်ကိုပါ ရုတ်တရက် ပိတ်ပင် လိုက်ခြင်းကြောင့် ပြသနာများ ပိုမို ရှုပ်ထွေးသွားပြီး ဆင်းရဲသား ပြည်သူများကို နစ်နာမူ ဖြစ်စေသည်ဟု မြို့လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

Burmese kyat note“ပြသနာရဲ့ ဇစ်မြစ်ကို အရင် မရှင်းပဲ ဒီလို ရုတ်တရက် ပိတ်ပင် လိုက်တာဟာ ပြသနာတွေကို ပိုမို ရှုပ်ထွေးသွားအောင် လုပ်လိုက်တာနဲ့ တူတယ်။ ဒီတိုကင်တွေ လည်ပတ်နေတာ ကြာပီဆိုတော့ ဒီလို ပိတ်လိုက်တာဟာ သာမန် ဆင်းရဲသား ပြည်သူတွေကို ထိခိုက်နစ်နာသွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အများကတော့ ခုလို လုပ်လိုက်တဲ့ အပေါ် အထူး မကျေမနပ် ဖြစ်နေကြပါတယ်” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရ အနေဖြင့် ငွေအကြွေ စက္ကူ ရှားပါးနေသဖြင့် ပြည်သူများ ဈေးဝယ် ဈေးသုံးရာတွင် လွယ်ကူချော့မွေ့နိုင်ရေး အတွက် အစိုးရဘဏ်များမှ တဆင့် ငွေကြွေ အသစ်များကို လှဲလှယ် ထုတ်ပေးနေကြောင်း ကျေညာသော်လည်း မောင်တောမြို့ အပါအ၀င် ရခိုင်ပြည်နယ်တွင် ထုတ်ပေး လှဲလှယ် ခြင်း မရှိကြောင်း သိရသည်။

ယခု ဖမ်းဆီးမူကို မောင်တောခရိုင် ဥက္ကဌသစ် ထွန်းနိုင်လင်း အမိန့်အရ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ မောင်တောမြို့နယ်အတွင်း အာဏာပိုင်များက ယခုကဲ့သို့ ပုဂ္ဂလိက ငွေတိုကင်များကို ပိတ်ပင်လိုက်ပြီးနောက် ငွေအကြွေ လည်ပတ်မှုရှိလာစေရန် မြန်မာ့ စီးပွားရေးဘဏ် ဒေသ ဌာနခွဲမှ အာမခံ တိုကင်များကို များမကြာမှီ ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အင်တာနက်ကနေတင်လိုက်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြေမြုပ်လိုက်ခြင်းဖြစ်သည်ဟုဆို

ရိုးမ ၃။ ၃၀၊ ၅၊ ၂၀၁၀
ဒီပဲယင်းလုပ်ကြံမှုသည် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပြီးအပိုင် မြေမြုပ်လိုက်ပြီး နိုင်ငံတော် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောသည်။

ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု (၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နအဖ စစ်အုပ်စုရဲ့ ဒီပဲယင်းလုပ်ကြံမှုဟာ အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုတင်မက နိုင်ငံတော်လုပ်ကြံမှုလည်း ဖြစ်ပြီး တကယ့်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်လို့ ကျနော်တို့အနေနဲ့ သေချာဖော်ထုတ်ပြီး တရားစွဲဆိုဖို့ ညီညီညွှတ်ညွှတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် မကွေးတိုင်း၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ် ဒေါ်စန်းစန်းတို့က ဒီပဲယင်း လုပ်ကြံမှုအဖြစ်အပျက်များကို ပြန်လည် ပြောခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စည်းရုံးရေးခရီးသွားသည့် မော်တော်ယာဉ်တန်းကို ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပြင် ကျဉ်ရွာအနီး၌ တုတ်၊ ဓား၊ လက်နက်မျိုးစုံ ကိုင်ဆောင်စောင့်ဆိုင်းနေသော စစ်အာဏာပိုင်များ ဦးဆောင်သည့်အုပ်စုက လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ကြံမှုအပြီး စစ်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ လူ ၄ ဦးသေဆုံးပြီး (၅၀) ခန့်ဒဏ်ရာရခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း မျက်မြင်သက်သေများက ပြောဆိုရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ အပါအဝင် လူပေါင်း ရာနဲ့ချီသေဆုံးခဲ့သည်ဟု ပြောသည်။

ယင်းလုပ်ကြံမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှ ၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇၀)ဦးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ကိုဖီအာနံ ထံ ဒီပဲယင်းလုပ်ကြံမှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပေးရေး လက်မှတ်ရေးထိုးပြီး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေထံသို့ လိပ်မူ၍ ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဒီပဲယင်းလုပ်ကြံမှုအပြီး ဒေါ်ဆောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံရသူများ ပြန်လွှတ်ပေးရန်တောင်းဆို ခဲ့သော်လည်း စစ်အစိုးရအနေဖြင့် ယနေ့အထိ တစုံတရာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။

ယနေ့ပြုလုပ်သည့် ဒီပဲယင်းအမှတ်တရ အခမ်းအနားကို လူထုတိုက်ပွဲ ကော်မတီက ဦးဆောင်၍ အဆိုပါ လုပ်ကြံမှုအတွင်း သေဆုံးခဲ့သူများကို ရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်လှူပြီးနောက် ဒီပဲယင်းအဖြစ်ပျက် အမှတ်တရ စကားဝိုင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Posted by ရိုးမ ၃ သတင်းဌာန at 5:56 PM Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကမ်းလွန်ရေနံ ပြဿနာ

မောင်သာရ မေ ၃၀၊ ၂၀၁၀
သိတယ်နော် …၊ လွန်ခဲ့တဲ့လ ၂၀ ရက်နေ့ကတည်းက America ရဲ့ ကမ်းလွန်ရေနံတွင်းတတွင်းတူးရာက ပေါက်ကွဲမီးလောင်ပြီး နေ့စဉ် ရေနံစိမ်းဂါလံပေါင်း နှစ်သိန်းလေးသောင်း (အခုနောက်ဆုံး ခန့်မှန်းချက်က ငါးးသိန်း တသောင်း) ပင်လယ်ထဲ ယိုဖိတ်ပြန့်နှံ့ မျောပါနေတယ်ဆိုတဲ့ သတင်းလေ။

ရေနံစိမ်းတွေက ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ချောကလက်ပျော့ကြီးလို လေးလက္မထုလောက်ရှိနေပြီး လေနဲ့လှိုင်းနဲ့ ရေစီးကြောင်းနဲ့အတူ အမေရိကားရဲ့ ကမ်းရိုးတန်းပြည်နယ် သုံးပြည်နယ်ရဲ့ ကမ်းခြေနေ ပြည်သူတွေနဲ့ ရေလုပ်ငန်းတွေကို ဒုက္ခပေးတော့မယ်။ ပေးစလည်း ပြုနေပြီတဲ့။ ပင်လယ်ငါးပုဇွန်ဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ ရေလုပ်သားပေါင်း လေးသန်းကျော်ရဲ့ စားဝတ်နေရေးဘဝတွေလည်း ထိခိုက်တော့မယ် တဲ့။

အခုပဲ ဆိုင်ရာက လူဝီးဆီးယားနား ပြည်နယ်၊ New Orleans မြို့တောင်ဘက် Grand Isle ကျွန်း ပတ်လည်ရေပြင် စတုရန်းမိုင်ပေါင်း ၄ သောင်း ၆ ထောင်မှာ ရေလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်လိုက်ပြီ။ သည်လုပ်ကွက်အကျယ်အဝန်းဟာ ငါးလုပ်ငန်းနယ်ပယ်ရဲ့ ၁၉% ရှိသတဲ့။ တာဝန်ရှိတဲ့ BP ရေနံကုမ္ပဏီနဲ့ အမေရိကန် ကမ်းခြေစောင့် တပ်တွေ၊ ရေတပ် အင်ဂျင်နီယာတပ်တွေကလည်း မျောပါချည်းကပ်လာနေတဲ့ ရေနံစိမ်းထုတွေ ကမ်းခြေပေါ် ရောက်မလာရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားကာကွယ်ခဲ့ကြ၊ ကြိုးစားကာကွယ်နေကြဆဲပါပဲ။

ဒါပေမယ့် ပင်လယ်ရေပြင်ဆိုတာ သင်ဖြူးခင်းထားသလို ငြိမ်နေတာမဟုတ်ဘူးလေ၊ ဒါတောင် ကံကောင်းထောက်မပြီး hurricane မုန်တိုင်းရာသီနဲ့ မကြုံကြိုက်ပေလို့။ (မုန်တိုင်းရာသီက အခု ဇွန်လ ၁၅ ရက်နေ့က နိုဝင်ဘာလ ၁၅ ရက်နေ့အထိ။ ဒီနှစ် အတ္တလန်တိတ်ဟာရီကိန်းမုန်တိုင်းပေါင်း ၁၄ ခု တိုက်ခတ်မယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းကြေညာပြီ။) ဘာပဲပြောပြော ပြဿနာက အဓိက အရင်းခံဖြစ်တဲ့ တနေ့ ရေနံစိမ်း ဂါလံပေါင်း ၅ သိန်းကျော် ယိုထွက်နေတဲ့ ပိုက်ပေါက်တွေကို ခုထက်ထိ မပိတ်ဆို့နိုင်ကြသေးတာပဲ။ ခက်နေတာက ရေနံတွင်းဝရှိရာမြေပြင်က ပင်လယ်ရေမျက်နှာပြင်အောက် တမိုင်နဲ့ ၂ ဖာလုံမှာ။

အဲသည်ကနေ ရေနံတူးစင်ကြီးဆောက်ပြီး ရေပြင်ပေါ်ကနေ ပိုက်တွေဆက်ယူ တူးနေတာ။ တူးစင် Rigs ဆောက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ဆွစ်ဇာလန်နိုင်ငံက Transocean ကုမ္မဏီကို BP (British Petroleum (America)) ရေနံကုမ္ပဏီက တာဝန်ပေးဆောက်ခိုင်းထားတာ။ ဆိုတော့ တွင်းဝကနေ ရေပြင်ပေါ်အထိ တက်လာရတဲ့ တွင်းတူးပိုက်လုံး ဝန်ရိုးကြီးကိုက တမိုင်ကျော်ရှည်ပြီပေါ့။ ခက်တာက တန်ချိန်ပေါင်း ခန့်မှန်းခြေ ၁,၈၀၀ ကျော်လေးလံတဲ့ သည်ဧရာမ သံထည်တူးစင်ကြီးကလည်း ပေါက်ကွဲမီးလောင်ပြီး နောက်တနေ့မှာပဲ ရေထဲကို ကျိုး ခေါက် ပြို ကျသွားခဲ့တယ်လေ။ ဆိုတော့ ရေအောက်ကနေ တူးစင်ပေါ်အထိ တက်လာရတဲ့ ရေနံတူးရေနံစိမ်းပိုက်ကြီးကလည်း သူ့အပေါ် တူးစင်ကြီးပါ ပြိုလဲပိကျလာတော့ ခေါက် ကျိုး ပေါက် ပြဲကုန်ပြီပေါ့။ အဲဒီ ပိုက်ပေါက်ကနေ ရေနံစိမ်းတွေ ယိုထွက်လာနေတာပဲ။ ဒါကို ထောက်ချင့်ကြည့်ခြင်းအားဖြင့် ပင်လယ်ရေအောက်မြေထဲက ထွက်လာမယ့် ရေနံပမာဏရဲ့ တွန်းကန်အားကို တူးစင်ပေါ်က ဘူမိဗေဒပညာရှင်တွေက ကြိုတင်တွက်ချက်မှုမှားပြီး မထိန်းချုပ်လိုက်နိုင်တာ ဖြစ်မယ်။ တူးနေတဲ့လွန်သွား သည်လို သဲလွှာရေနံကြောထဲရောက်နေပြီဆိုတာ ဘူမိဗေဒပညာရှင်တွေ မသိဘဲမနေပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရေနံတူးနေခိုက် မြေအဝင်အနက် ၂ ပေ ရောက်တိုင်း ရောက်တိုင်းမှာ လွန်သွားထိတွေ့လာတဲ့ မြေလွှာရဲ့အခြေအနေနဲ့ ရေနံရှိနိုင် မရှိနိုင်ကို ၂၄ နာရီမပြတ် ဓာတ်ခွဲစမ်းသပ်ကြည့်နေရတာ ထုံးစံဖြစ်ပါတယ်။ ဒါ … ဘူမိဗေဒပညာရှင်တွေရဲ့တာဝန်ပါ။ ရေနံတူးစင် တည်ဆောက်ထားရာနေရာတိုင်းမှာ ဘူမိဗေဒဓာတ်ခွဲခန်း lab တွေ တွဲရက်ရှိပါတယ်။ သီးသန့် air condition နဲ့ ဘာနဲ့ပါ။ တူးစင်ပေါ်မှာ သို့မဟုတ် ရေနံတူးရာမှာ ရေနံထုတ်လုပ်ရေးထုံးစံပေါ်လစီအရ ဘူမိဗေဒပညာရှင်တွေက အဓိက ဆုံးဖြတ် အမိန့်ပေးရတဲ့လူတွေပါ။ တွင်းတူးသမားတွေ၊ drilling engineer နဲ့ အလုပ်သမားတွေက ပေါ်လစီအရ လက်အောက်ခံပါ။ အခုလို မြေထဲက ရေနံသော်လည်းကောင်း၊ ရေသော်လည်းကောင်း၊ ဓာတ်ငွေ့သော်လည်းကောင်း တစုံတရာ တွန်းကန်အားပြင်းထန်လာပြီဆိုရင် … ဘူမိဗေဒရဲ့အလုပ်က ထုံးစံအတိုင်း အသင့်ဆောင်ထားတဲ့ ရွံ့မှုန့်အိတ်တွေ၊ ဘိလပ်မြေအိတ်တွေကို ရေနဲ့လိုသလို အကျဲအပြစ်ဖော်စပ်ပြီး တွင်းထဲကို အမြန်မောင်းလောင်းထည့် ထိန်းချုပ်ရပါတယ်။ ပင်လယ်ရေပြင်အောက် ရေနံတွင်းတွေက ကုန်းတွင်းမြေပေါ် ရေနံတွင်းတွေထက် အဆများစွာ ထွက်နှုန်းများလေ့ရှိတဲ့အတွက် လက်ဦးအစ မြေအောက်တွန်းကန်အား (initial outburst pressure)က ပိုပြင်းထန်တယ် ဆိုတာ ဘူမိဗေဒပညာရှင်တွေ ကောင်းကောင်း သိပါတယ်။ ပြီး မလှမ်းမကမ်းမှာ bp တကုမ္ပဏီထဲက ထုတ်လုပ်နေတဲ့ အလားတူ ရေနက်ပိုင်းတွင်း deep water horizon နှစ်တွင်းလည်း ရှိနေပါတယ်။ ဆိုတော့ ခုလို တွန်းကန်အားကို ဖိနှိမ်မထားနိုင်လို့ ရေနံစိမ်းတွေ၊ ရေနံဓာတ်ငွေ့တွေ တူးစင်ပေါ်အထိ ပန်းတက်လာပြီး တူးစင်ပေါ်က တူးစက်အင်ဂျင်တွေ၊ လျှပ်စစ်မီးစက်အင်ဂျင်တွေနဲ့ ထိတွေ့ပေါက်ကွဲ မီးလောင်ရတာ ဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါကြောင့်လည်း တူးစင်ပေါ်ကလူတွေအားလုံး လက်လွတ် ခုန်ချ ထွက်ပြေးကြရတာပေါ့။ ဒါတောင် ၁၁ ယောက် သေကျန်ရစ်ခဲ့တယ်။

X X X

ကျုပ်တို့တိုင်းပြည်မှာလည်း ပြည်တောင်တန်းမှာတကြိမ်နဲ့ မန်း အစမ်းတွင်းတွေ တူးစဉ်ကာလကတကြိမ်… လုပ်ငန်းကျွမ်းကျင်မှုတွေ နည်းသေးတဲ့အတွက် သည်လို အဖြစ်ဆိုးမျိုး ဆုံးရှုံးရမှုမျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကုန်းတွင်းမြေပေါ် တွင်းတိမ်ကလေးတွေသာဖြစ်တဲ့အတွက် မြေအောက်တွန်းကန်အားကလည်း မပြင်းထန်တော့ အချိန်မီလည်း စက်တွေကို ပိတ်လိုက်နိုင် လူလည်း အသေအပျောက် မရှိခဲ့ပါဘူး။ ။ အဲ … ဗမာ့ကမ်းလွန်ပင်လယ်ပြင်က တူးစင်တခုမှာတော့ သည်လို မီးလောင်ပေါက်ကွဲ ဆုံးရှုံးရမှုမျိုးကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကျုပ်တို့က နိုင်ငံခြား ရေနံကုမ္ပဏီတွေကို တင်ဒါခေါ် တူးခွင့်လိုင်စင်ထုတ်ပေး၊ တူးရမယ့် နေရာသတ်မှတ်ပေး၊ ပေါ်လစီ policy ချပေးပြီး တူးခိုင်း … ပြီး … ရေနံထွက်လာခဲ့ရင် ရလာမယ့်အကျိုးအမြတ်အပေါ်မှာ ဗမာက ၅၁% တူးတဲ့ရေနံကုမ္ပဏီက ၄၉% စနစ်နဲ့ ခွဲဝေခံစားရေး သဘောတူစာချုပ်ချုပ် လုပ်ခဲ့ကြတာဆိုတော့ … ကျုပ်တို့ဘက်က ရေနံသိုက်လျှို့ဝှက်ချက် အနည်းငယ် သူတို့သိသွားရတာကလွဲလို့ ဘာမှ အဆုံးအရှုံး မရှိခဲ့ပါဘူး။ နိုင်ငံခြားရေနံကုမ္ပဏီကလည်း အခြေအနေ မလှတာနဲ့တပြိုင်နက် ၄ နာရီလောက် အချိန်စောပြီး တူးစင်ကို စွန့်ခွာလာနိုင်ခဲ့ကြပါတယ်။ ပေါက်ကွဲမီးလောင်ပြီး ကျန်ရစ်ဆုံးရှုံးခဲ့တယ်ဆိုတဲ့ တူးစက်တွေနဲ့ တူးစင်ကလည်း ထုံးစံအတိုင်း အာမခံထားရှိပြီးဖြစ်ကြတဲ့အတွက် ရေနံကုမ္ပဏီအနေနဲ့လည်း သိပ်ဆုံးရှုံးမယ် မထင်မိပါဘူး။ အမှတ်တရ … အဲသည်တုန်းက တူးစင်ကို နောက်ဆုံးမှ စွန့်ခွာလာခဲ့ကြသူတွေကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ခဲ့ကြတယ်။ ဗမာဘူမိဗေဒပညာရှင် တွေပါ။ အဲသည်တုန်းကလည်း ကျုပ်တို့ဗမာဘက်က နစ်နာဆုံးရှုံးမှုကလည်း မဖြစ်၊ တဖက်ကလည်း ကိုယ်မတတ်လို့ ကိုယ်မနိုင်လို့ ဘိုင်ကြံ ကြံပြီး နိုင်ငံခြားရေနံကုမ္ပဏီကို မျှော်လင့်ချက်ပေး တူးခိုင်းရတာ ဆိုတော့ လက်ညှိုးထိုးလို့ကလည်း မဖြစ်၊ ဒီလိုနဲ့ ငြိမ်နေလိုက်ကြရတာပါပဲ။ လူထုကလည်း ဘာမှ မသိလိုက်ရပါဘူး။ ဒါပေမယ့် ဗမာ့ရေနံလောကထဲမှာတော့ အများကြီးစကားပြောခဲ့ကြပါတယ်။ သင်ခန်းစာတွေလည်း အများကြီး ရလိုက်ပါတယ်။ တွင်းတူးရေနံကုမ္ပဏီသာ ဗမာဆိုရင် သည်လောက်အထိ လုပ်လာပြီးမှ သည်လိုဘူမိဗေဒပညာရှင်တွေရဲ့ စကားကိုနားမထောင်ဘဲ စက်တွေကို အားလုံးရပ်ပြီး အလွယ်တကူ လက်လျော့ စွန့်ခွာပါ့မလားပေါ့။ ဥစ္စာရင်မဟုတ်လို့သာ မစွန့်စား မကြိုးပမ်းတာပေါ့ … စသဖြင့်ပေါ့။ တနည်းအားဖြင့်တော့ လက်ညှိုးထိုးတာပါပဲ။

အခု အမေရိကားမှာလည်း စကားတွေ ပွားနေကြပါပြီ။ တဖွဲ့နဲ့တဖွဲ့ … အပြန်အလှန် လက်ညှိုးထိုးနေကြတာ နားကြားပြင်း ကပ်လာတော့ … သူ ဆက် သည်းမခံနိုင်ဘူးလို့ သမ္မတကလည်း အပြတ်ပြောပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်ပါပြီ။ ကွန်ကရက်လွှတ်တော်ထဲမှာ စစ်ဆေးကြားနားနေကြပါပြီ။ ရေနံတွင်းတူး လိုင်စင်ချပေးတဲ့ဌာနနဲ့ ရေနံကုမ္ပဏီတွေနဲ့က cozy relationship ပလဲနံပသင့်ကြပါပေတယ် လို့ ပြောလိုက်တဲ့အတွက်လည်း တာဝန်ရှိတဲ့ Minerals Management Service Agency ရဲ့အကြီးအကဲ Interior Secretary Ken Salazar ဆိုတဲ့ ပုဂ္ဂိုလ် သူ့ဌာနရဲ့ ပေါ့လျော့မှုပါလို့ ဝန်ခံပြီး ရာထူးကနေ နုတ်ထွက်သွားပါပြီ။ ရေနံတူးတဲ့ bp ကုမ္ပဏီ ဥက္ကဋ္ဌတို့၊ တူးစင်ဆောက်လုပ်ခဲ့တဲ့ transocean ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်တို့လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရှေ့မှောက်မှာ ရောက်နေကြပါပြီ။

ဒါပေမယ့် gulf of mexico ပင်လယ်ကွေ့ထဲမှာတော့ ရေနံတွေက ဆက်လက်ယိုဖိတ် ပြန့်နှံ့နေဆဲပါပဲ။ နောက်ဆုံး သတင်းအရဆိုရင် ရေနံစိမ်းဂါလံပေါင်း ၁၁ သန်းကျော်နေပါပြီ တဲ့။ ပြီး အယ်လ်ဘားမား ပြည်နယ် dauphin ကျွန်းကနေ လူဝီဆီယားနားပြည်နယ် grand Isle ကျွန်းအထိ မိုင်ပေါင်း ၁၅၀ တိုင်တိုင် ရေနံစိမ်းတွေ ပြန့်နှံ့နေပါပြီ တဲ့။ ကမ်းရိုးတန်း ဒိုက်တောတွေမှာ နေကြတဲ့ ငှက်တွေလည်း ရေနံစိမ်းတွေလူးပြီး သေကြေပျက်စီး ကုန်ကြပါပြီ တဲ့။ အဲဒီပြည်နယ်ကမ်းရိုးတန်းတလျောက်က ကမ်းခြေရေဆိပ်တွေလည်း ဧည့်သည်လုံးဝမလာတော့ဘဲ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းကုန်ကြပါပြီ တဲ့။

X X X

သိတယ်နော် …၊ ရေနံစိမ်း ရေနံချေးဆိုတာ crude oil ဆီပဲလေ။ ဆီဆိုတာ ရေထက် သိပ်သည်းဆနည်းတော့ ပေါ့ပြီး ရေပေါ်မှာပဲ နေတာပေါ့။ ပြီး … မြေကြီးထဲက ရေနံဆိုတာကလည်း မြေလွှာ၊ ကျောက်လွှာ၊ ရေကြော၊ သဲကြောထဲမှာ သူချည့် သီးသန့် လိုဏ်ခေါင်းဖွဲ့နေကြတာမဟုတ်ဘူး။ သူ့သဘာဝက သဲကြောထဲမှာ သဲတွေက စုပ်ထားတဲ့အတွက် သဲတွေနဲ့ ရောနေတာ။ ဒါပေမယ့် သူ့အပေါ်က မဟာပထဝီမြေကြီးက ဘယ်လောက်ပဲ ဖိထားထား။ မြေလွှာ၊ ရေလွှာ၊ ကျောက်လွှာတွေကို ထိုးဖောက်ပြီးတော့ မြေပေါ် အလိုအလျောက် ပန်းထွက်မလာနိုင်ဘူး။ အဲဒါကို ရေနံတူးသူတွေက “လွန်”နဲ့ လှည့်တူးပြီး ထွက်ပေါက်လုပ်ပေးမှ ထွက်လာနိုင်တာ။ ဒါလည်း ရေနံခိုအောင်းနေတဲ့နေရာ၊ ရေနံသဲကြောကို သံမဏိပိုက်လုံးတွေ ဆင့်ဆင့်ပြီး လွန်ရိုးလုပ်တပ်ထားတဲ့ “စိန်လွန်သွား” ကြီးက တည့်တည့်မတ်မတ် ထောက်မိပါအုံးမှ။ တည့်တည့်မတ်မတ် ထောက်မိဖို့ဆိုတာကတော့ ရေနံဘူမိဗေဒပိုင်းရယ်၊ အနုမြူရောင်ခြည် ဘာသာရပ်ပိုင်းရယ်၊ ကံပိုင်းရယ်ပေါ့နော်…။ မမြင်ရတဲ့ မြေကြီးထဲက တီကောင်ကို မြေပေါ်က အပ်နဲ့စမ်းထောက်ရသလိုမျိုး။ မလွယ်တော့ မလွယ်လှပါဘူး။ ။

တချိန်က ကျုပ်တို့နိုင်ငံအတွက် ကမ်းလွန်ရေနံတွင်းတွေ တူးဖို့ဆိုပြီး ဂျပန်နိုင်ငံအစိုးရက တွင်း ၁၀ တွင်းစာ ကုန်ကျမယ့် ငွေကြေး ဒေါ်လာသန်း ဘယ်လောက်လဲမသိ ထောက်ကူခဲ့ဖူးပါတယ်။ တကယ်လို့ ရေနံထွက်လာခဲ့ရင် ဂျပန်နိုင်ငံကိုပဲ ကာလပေါက်ဈေးအတိုင်း ရောင်းပါ့မယ်ပေါ့။ ကတိစာချုပ်နဲ့လေ။ ဂျပန်နိုင်ငံက ရေနံလိုတယ်။ လက်ရှိ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဝယ်ယူတင်သွင်းနေရတာ ခရီးလမ်းကထောက်တော့ စားရိတ်အကုန်အကျ များတယ်ပေါ့။ အမယ် … အပို တတွင်းစာ ငွေတောင် လက်ဆောင်ထပ်ပေးလိုက်သေး။ အားလုံးပေါင်း ၁၁ တွင်းကို အမေရိကန် ရေနံတွင်းတူး ကုမ္ပဏီတွေနဲ့ တူးတာ … ဘယ်မှာ ရေနံထွက်ခဲ့လို့တုန်း။

ဆိုလိုတာက ရေနံတူးတယ်ဆိုတာလည်း ကြေးကြီး လောင်းကစားနည်း တမျိုးပေါ့။ high roll gambling ပါပဲတဲ့။ ပြောစမှတ် ပြုကြတယ်။ အဲ … ရေနံထွက်ပြီဟေ့ဆိုရင်တော့ ထောပြီပဲ။ တွင်းဝကို ဘုံဘိုင်ခေါင်း တပ်၊ ပိတ်ထားလိုက်ပြီး လိုတဲ့အချိန်မှာ လိုသလောက်ထုတ်ယူပေတာ့။ ကျုပ်တို့ဗမာပြည်မှာကတော့ ပိတ်မထားနိုင်ပါဘူး။ စ ထွက်ပြီဆိုကတည်းက ထွက်သမျှ ရနိုင်သမျှကို နာရီစက္ကန့်မလပ် မရပ်မနား ထုတ်ယူနေရတာပဲ။ ဒါတောင် ပြည်တွင်းသုံးအတွက် မလောက်ဘူး။ ပြည်ပက သွင်းရသေးတယ်။ ကျုပ်တို့ရဲ့ ကုန်းတွင်း တွင်းတွေကလည်း တွင်းတိမ်လေးတွေဆိုတော့ သိပ် အထွက်မများပါဘူး။ အလွန်ဆုံးထွက်မှ တနေ့ ဆီပေပါ ၁၀၀ နဲ့ ၂၀၀ ကြားပေါ့။ ဒါတောင် စထွက်ထွက်ခြင်း ပန်းအားသန်တုန်း initial draw ရယ် … ။ နောက်ပိုင်းကျ လေးငါးဆယ်ထွက်ဖို့တောင် မောင်းတံနဲ့ စုပ်ယူရတယ်။ သည်နေရာမှာ ဗဟုသုတအဖြစ် ပြောရအုံးမယ်။

ပင်လယ်ရေပြင်အောက် ဓာတ်ငွေ့ရေနံတွင်းတွေက ရေနံထွက်တယ်ဆိုရင် အနည်းဆုံး တနေ့ စည်ပေပါ ထောင်ဂဏန်း၊ သောင်းဂဏန်းနဲ့ ချီ ထွက်လေ့ရှိတယ်။ BPD barrells par day လို့ သုံးတယ်။ အခု အမေရိကန်မှာ ပြဿနာတက်နေတဲ့ gulf of mexico ထဲက မီးလောင် ပေါက်ကွဲသွားရတဲ့ ရေနံတွင်းက ရေနံစိမ်းတွေ ယိုထွက်နေတာကိုပဲ ကြည့်။ တနေ့ ရေနံစိမ်းဂါလံပေါင်း ၅၄,၀၀၀၊ စည်ပေပါ တသောင်းကျော်ခန့် တဲ့။ တွင်းကလည်း ရေမျက်နှာပြင်အောက် ၁.၂ မိုင်အနက်က တွင်းကိုး …။ deep water horizon လို့ ခေါ်တယ်။

သည်နေရာမှာလည်း ဆန်းပြားတဲ့ ရေနံဘူမိဗေဒ ဗဟုသုတ တခု ပြောရဦးမယ်။ ရေနံထွက်နှုန်းကို ပြောပါတယ်။ ရေနံက မြေပုံမှာ (Longitude) လောင်တီကျုတွေနဲ့ မျဉ်းပြိုင်တည်နေတဲ့ ဒေါင်လိုက် ကမ်းရိုးတန်း (ဥပမာ … ရခိုင်ကမ်းရိုးတန်း၊ ဂျပန် ကမ်းရိုးတန်း) တွေရဲ့ ကမ်းလွန်ဒေသတွေမှာထက် … (Latitude) လတ္တီကျူတွေနဲ့ မျဉ်းပြိုင်တည်နေတဲ့ ကန့်လန့်ကမ်းရိုးတန်းတွေရဲ့ ကမ်းလွန်ဒေသတွေမှာက ပိုလည်း အထွက်များတယ်။ ထွက်ဖို့လည်း ပို သေချာတယ်။ အဲဒါ ရေနံရဲ့သဘာဝပဲ။ လက်တွေ့ကြည့်လေ။ gulf of Mexico, gulf of Alaska, Persian gulf, gulf of Oman ။ ရေနံ အလျှံပယ် ထွက်နေတဲ့ ပင်လယ်ကွေ့တွေပဲ။ ကမ္ဘာမြေပုံကို ပြန်ကြည့်။

ကျုပ်တို့ရဲ့ မုတ္တမပင်လယ်ကွေ့ (gulf of martadan) ကရော … ကန့်လန့်ကမ်းရိုးတန်း မဟုတ်လား။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က ရေနံဘူမိဗေဒပညာရှင်တွေက ကျုပ်တို့ရဲ့မုတ္တမ ပင်လယ်ကွေ့ရဲ့ အောက်မှာ ရေနံအိုင်ကြီး ရှိတယ်လို့ တညီတညွတ်တည်း ဟောကိန်းထုတ် မျက်စေ့ကျနေကြတာပေါ့။ လက်တွေ့ အထောက်အထားတခုကလည်း ရှိနေတယ်လေ။ တွင်းတတွင်းက ရေနံဓာတ်ငွေ့တွေ အလျံပယ်ထွက်နေတယ် မဟုတ်လား။ ထိုင်းနိုင်ငံကို လက်လွှဲရောင်းစားနေတာကိုပဲ တနှစ်ဒေါ်လာ ၄ ဘီလီယံ ရတယ် ဆိုလားပဲ။

ဒါပေမယ့် နအဖ စစ်အစိုးရကလည်း ပါးပါတယ်။ လက်လွတ်စပယ် လုပ်မပစ်ပါဘူး။ တခုတော့ရှိတယ်။ သည်နှစ်က ပြည်တွင်းမှာ ရွေးကောက်ပွဲအကြိုနှစ်လေ။ သူတို့အာဏာတည်မြဲအောင်၊ သူတို့ပဲ အနိုင်ရအောင် ပြည်သူလူထုကို အတိုင်းအတာ တခုအထိတော့ အကျိုးပြုပြရမယ် မဟုတ်လား။ ပြည်သူလူထု ချမ်းသာအောင် … ပြည်သူလူထုက ထောက်ခံလာအောင် ဒီ မုတ္တမကမ်းလွန် စုဗူးကြီးကို ဒီနှစ် ဖောက်ပြတော့မယ် ထင်ပါရဲ့။ ဗမာပြည်မှာ နိုင်ငံခြားသား ရေနံသမားတွေ ခြေရှုပ်နေတယ်လေ။ မျက်နှာဖြူတွေထက် မျက်နှာဝါတွေ ပိုများတယ် ပြောကြတာပဲ…။

X X X

အဲ အမေရိကားမှာလည်း ကြုံကြိုက်ချင်တော့ အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲတွေက စတော့မယ်လေ။ ရေနံစိမ်းတွေ မတရား ယိုဖိတ်နေတာကို တလကျော်လာတဲ့တိုင်အောင် မပိတ်ဆို့နိုင်ရကောင်းလားလို့ စောစောပိုင်းက တာဝန်ရှိတဲ့ ရေနံကုမ္ပဏီကို ဝေဖန်လက်ညှိုးထိုးနေရာက … အခုတော့ အစိုးရကိုပါ ဝေဖန်ကဲ့ရဲ့လာကြပြီလေ… ။ လကမ္ဘာနဲ့ အာကာသမှာ ခြေဆန့်နိုင်တဲ့နိုင်ငံက ရေအနက်တမိုင်ကျော်က ရေနံပိုက်ကျိုး ပိုက်ပေါက်ကို ပိတ်နိုင်ဖို့အတွက် ကျွမ်းကျင်သူနဲ့ ပစ္စည်းမရှိဘူးဆိုတာ ယုံတမ်းစကားလားတဲ့။ Republican ဖက်ကသတင်းစာတစောင်မှာ ပါလာတဲ့ ရုပ်ပြောင်တခုကို တွေ့လိုက်ရတယ်။

အမှန်ကတော့ … သက်ဆိုင်ရာရေနံကုမ္ပဏီကရော၊ အစိုးရရဲ့ ကမ်းခြေစောင့်တပ်တွေကရော၊ အင်ဂျင်နီယာအဖွဲ့တွေရော၊ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ဒေသခံတွေကရော တနည်းမဟုတ် တနည်းနဲ့တော့ ကြိုးစားကာကွယ် ပိတ်ဆို့နေကြတာပါပဲ။ ဒါပေမယ့် ခုထက်ထိတော့ မအောင်မြင်သေးပါဘူး။ ရေနံစိမ်းတွေက ပိုတောင်ထွက်လာသလိုလည်း ပြောနေကြတာပဲ။ ဂါလံပေါင်း ၁၁ သန်းကျော် ပျံနှံ့နေပြီလို့လည်း သတင်းတွေ ကြားရတယ်။ ကမ်းခြေတွေအပေါ်အထိ ရောက်လာပြီဆိုတာလည်း တီဗီနဲ့ စာနယ်ဇင်းတွေမှာ တွေ့ရတယ်။ ဘာပဲပြောပြော၊ ကမ်းစပ်နေ ငှက်မျိုးနွယ်တွေနဲ့ ရေထဲက သတ္တဝါတွေတော့ သေကျေပျက်စီးကုန်ကြပြီ။ အဲဒီဘက်ခြမ်းကမြို့တွေမှာ ငါးပုဇွန်ဈေးတွေလည်း တက်ကုန်ကြပြီ။ ငါးပုဇွန်ဖမ်းရေလုပ်သားတွေလည်း ဘောင်ကျဉ်းပြီး ဒုက္ခရောက်ကုန်ကြပြီ။

အင်း …ကျုပ်က စဉ်းစားမိတယ်။ ကျုပ်တို့ရဲ့ပြည်တွင်းက ရေနံမြေတွေမှာ တွေ့ရလေ့ရှိတဲ့ ရေပေါ်ဆီစုတ်ယူကြပုံကို ပြန်မြင်ယောင်ပြီး အကြံပေးရရင်ကောင်းလေမလားပေါ့။ ရေနံမြေရှိရာမြို့တွေကို ရောက်ဖူးကြရင် တွေ့ဖူးမှာပါ။ ။

သိတယ်နော်…၊ ရေနံမြေတွေမှာ ထွက်လာတဲ့ရေနံတွေကို ပိုက်နဲ့သွယ်ပြီး ပထမအဆင့် လှောင်ကန်ငယ်လေးတွေထဲကို မောင်းထည့်တယ် မဟုတ်လား။ လှောင်ကန်ထဲရောက် အနယ်ထိုင်တော့ သူ့ သဘာဝအလျောက် … ရေနံဓာတ်ငွေ့ လေက လေသပ်သပ်၊ အပေါ်ဆုံးက၊ ရေနံဆိုတဲ့ဆီက ဆီသပ်သပ်၊ အလယ်ခေါင်က၊ ပြီး အလေးဆုံးဖြစ်တဲ့ ရေက ရေသပ်သပ်၊ အောက်ဆုံးက။ သုံးထပ်သုံးလွှာ ဖြစ်နေတာပေါ့။

အဲဒါကိုမှ အပေါ်က ခေါင်းတိုင်လုပ် အငွေ့တွေ ထုတ်ပစ်၊ ပြီး ပိုက်နဲ့သွယ် တနေရာမှာ စု မီးရှို့ပစ်။ ရေနံမြေတွေမှာ ဓာတ်တိုင်လိုထောင်ထားပြီး မီးရှို့ထားတဲ့ ဆယ့်နှစ်ရာသီ မီးတုတ်ကြီးတွေ မြင်ဖူးမှာပေါ့။ ကျန်တဲ့နှစ်လွှာမှာတော့ အပေါ်လွှာကဆီ၊ အောက်က ရေ လေ။ အောက်ကရေတွေကိုလည်း ဘုံဘိုင်ခေါင်း တပ်ထားတဲ့ လှောင်ကန်တွေဆိုတော့ ရေတွေကို ဖွင့်ထုတ်ချပစ်လိုက်တာပေါ့။ ဆိုတော့ကာ လှောင်ကန်ထဲမှာ ဆီပဲ ကျန်တော့တာပေါ့။ ဒါပေမယ့် အဲဒီဆီထဲမှာ ရေနည်းနည်းမှ ကျန်မနေအောင် သန့်ရတဲ့အခါကျတော့ ဖွင့်ထုတ်ချလိုက်တဲ့ ရေထဲမှာ ဆီအစအနပါလာတာ မြင်ရမှ ရပ်ရတာပေါ့။ နော့ ရေနဲ့ဆီခွဲရအောင်က ဇကာနဲ့စစ်လို့ ရေစစ်နဲ့စစ်လို့ ရတာမှ မဟုတ်ပဲ။

ဆိုတော့ကာ ဖွင့်ထုတ်လိုက်တဲ့ရေထဲမှာ ဆီတွေ တစွန်းတစ ရောပါသွားရတယ် ဆိုပါတော့။ တွေ့ဖူး မြင်ဖူးမှာပါ။ မြောင်းကလေးလုပ်ပေးပြီး မြေကန်ကလေး တကန်ထဲ သွယ်ထုတ်လိုက်တဲ့အခါ၊ အဲဒီ ကန်ရေပြင်မှာ ဆီတွေ ဝေ့တက်နေတာလေ။ အဲဒီ ဝေ့တက်နေတဲ့ ရေပေါ်ကဆီတွေကို ကျုပ်တို့ဆင်းရဲသားမိသားစုတွေက ဘယ်လို လုပ်ယူကြတယ် မှတ်သလဲ။ သဲ့ပြီး ခပ်မယူပါဘူး။ လွယ်လွယ်လေးရယ်။ တဘက်၊ မျက်နှာသုတ်ပုဝါ မွှေးပွနဲ့ လွှားအုပ်ယူတာပေါ့။ ပုဝါက ချည်ထည် ၀ါဂွမ်းဆိုတော့ ဆီကို စုပ်တယ်လေ။ အဲဒီ မျက်နှာသုတ်ပဝါကိုမှ လက်ဆွဲပုံးထဲညှစ်ချ။ လုပ်ပါလေ့ အကြိမ်ကြိမ်။ ရေပေါ်ကဆီ ကုန်ရော…။

ကျုပ်က ဒီနည်းကို ပြန်တွေးမိပြီး ပြသနာဖြစ်နေတဲ့ ရေနံကုမ္ပဏီကို လှမ်းအကြံပြုရ ကောင်းမလား စဉ်းစားတုန်းရှိသေးတယ်။ bp က လုပ်နေပြီ။ ရေနံထည့် သံလှောင်ကန်ကြီးတွေ ပင်လယ်ပြင်ချပြီး ရေပေါ် ရေနံစိမ်းတွေကို စုပ်ထည့်နေလေရဲ့။ သူတို့ကတော့ စက်တွေနဲ့ တွန်းသင်္ဘောတွေနဲ့ဆိုတော့ မျက်နှာသုတ်ပဝါထက် မြန်တာပေါ့။ အမယ် … ပထမ ရက်တုန်းကတော့ ဂါလံပေါင်း ၄၁,၀၀၀ ၊ နောက်ပိုင်းတော့ တနေ့ … ၉၂,၄၀၀ ထိတောင် ပြန်စုပ်ယူနိုင်တယ်ဆိုပဲ။ ပင်လယ်ပြင် ညစ်ညမ်းမှုလည်း သက်သာ၊ ကုမ္ပဏီလည်း နည်းနည်း ပြန်ဝင်ငွေရတာပေါ့။ ဒါပေမယ့် အရပ်ကတို့ရေ … အခြေအနေ မကောင်းပါဘူး။ တပတ်မပြည့်ခင်မှာဘဲ စုပ်ယူနေတဲ့သင်္ဘောနဲ့ သံကန်တွေပါ ပေါက်ကွဲမီးလောင်သွားရတယ်။ အခုဆိုရင် အမိန့်ထပ်ထုတ်လိုက်ပြန်ပြီလေ …။ အဲသည် ရေနံစိမ်းတွေ မျောပါပျံ့နှံ့နေတဲ့ ပင်လယ်ပြင်ပေါ် … ဘယ် စက်တပ်ရေယာဉ်မှ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရ … တဲ့။

မျက်နှာသုတ်ပဝါစနစ်လည်း မကယ်နိုင်ပါလား။

ဒါပေမယ့် လက်မလျော့ကြပါဘူး။ အခု top kill စနစ်တဲ့။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မေလ၂၆ ရက်က စမယ်။ သည်စနစ်က အသစ်တော့မဟုတ်ပါဘူး။ တူးစင်ပေါ်က စနစ်ပါ။ ရွှံ့စေးမှုန့်တွေ၊ ဘိလပ်မြေတွေနဲ့ ရေနံယိုထွက်ပေါက်တွေပေါ် လောင်းချ ပိတ်ပစ်တဲ့ စနစ်ပါ။ အောင်မြင်ဖို့ မျှော်လင့်ချက်ကတော့ နည်းပါတယ်။ ဒါပေမယ့် …

မောင်သာရ

(မိုးမခ မှတ်ချက် - ဆရာမောင်သာရဆီက စာမူရရှိပြီး စာစီနေတုန်းမှာပဲ ယနေ့ တီဗီသတင်းအရ - Top Kill စနစ်လည်း မအောင်မြင်ပါဘူး … တဲ့)Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, May 30, 2010

ဗမာပြည် မှတ်တမ်း (Documentary)

Part 1. Burma: The Documentary. http://www.sun-maker.com/2010/01/burma-documentary.html

Part 2. Burma: The Documentary. http://www.sun-maker.com/2010/01/burma-documentary.html






Part 3. Burma: The Documentary. http://www.sun-maker.com/2010/01/burma-documentary.html

http://www.demowaiyan.co.cc/2010/05/genocidal-generals-corporate-cronies.html

အပြည့်အစုံသတင်းဖတ်ရန်....

စိတ်ညစ်စရာ

ထက်ထက်မိုးဦး ကိစ္စ နှင့် ပတ်သက်၍ စစ်တပ်ပါ နှစ်ခြမ်း ကွဲ နိုင်။ ယမန် နေ့ က သန်လျှက်စွန်းရေတပ်စခန်း
ဝန်ထမ်းအိမ်ရာတွင် ထက်ထက်မိုးဦး အား ထောက်ခံသည့် တပ်ကြပ်ကြီး သန်းမြင့် ၏ ဇနီး နှင့် ငွေစာရင်းရုံးမှ
တပ်ကြပ် အောင်နိုင် ၏ ဇနီး တို့ အချင်းများ ရာ နှစ်ဘက် အိမ်ထောင် သည် လိုင်းများ ပါလာ၍ တပ်ရေး ဗိုလ်ကြီး
အုန်းမြင့် က ၀င်ရောက်ဖြန်ဖြေပေးရသည် ဟု သတင်းရရှိသည်။
Updated ၀၅ .၂၇ .၂၀၁၀ ထက်ထက်မိုးဦး ၏ ပရိသတ်များ ကလည်း တန်ပြန် ဆန္ဒပြမည် ဟု အင်တာနက်၊ဖိုရမ် များ နှင့် ဖေ့ဘွတ် တွစ်တာ
တွင် စည်းရုံး လှုံဆော်မှု များ စတင်ပြုလုပ်နေ

အင်း…
အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်မယ့်ကိန်းတော့ဖြစ်လာပြီဗျာ။
တစ်ဖက်နဲ့တစ်ဖက် အုပ်စုတွေ ဖွဲ့ပြီး ဆန္ဒထုတ်ဖော်ကြမယ်ဆိုပါလား။
ထက်ထက်မိုးဦးကိုထောက်ခံတဲ့ဖက်က အ၀ါဝတ်ကြဗျာ။
ဂျာနယ်လစ်တွေကိုထောက်ခံတဲ့ဖက်က အနီဝတ်ကြဗျာ။
လုံထိန်းတွေကလည်း ရုတ်ရုတ်သဲသဲမဖြစ်အောင် မိုးပေါ်ထောင်မပစ်ပဲ ၀င်ထိန်းကြဗျာ ။
စွမ်းအားရှင်တွေကလည်း ဆူပူမှုမဖြစ်အောင် ၀ါးရင်းတုတ်တွေကိုင်ပြီးထိန်းသိမ်းကြဗျာ ။
ပွဲကတော့ ကြည့်ကောင်းတော့မယ်ထင်တယ် ။ဒီတစ်ခါဖြစ်မယ့် အရေးအခင်းက ထက်ထက်မိုးဦးက စ တာဖြစ်သွားနိုင်တယ်နော်

ယူကွန် ၊ ၊မေလ ၁၉ ရက်နေ့ က ရန်ကုန်မြို့  ဆီဒိုနား ဟို တယ် တွင် 7 Days News ဂျာနယ်မှ အမျိုးသမီး
သတင်းထောက် မအေးသူစံ အား ကိုယ်ထိလက်ရောက် ပြုခဲ့သည့် သရုပ်ဆောင် အကယ်ဒမီ
ထက်ထက်မိုးဦး အား သက်ဆိုင်ရာ တရားရုံးမှ တရားနှင့် အညီ ဖြေရှင်းပေးခြင်း မပြုပါက သက်ဆိုင်ရာ တရား
ရုံးရှေ့ ၊စာပေစီစစ်ရေး ရုံးရှေ့ နှင့် ထက်ထက်မိုးဦး ၏ အိမ်ရှေ့ တို့ တွင် ဆန္ဒပြ ရန် စီစဉ် ထားသည် ဟု မအေးသူ
စံ ၏ သူငယ်ချင်း ဖြစ်သူ အမည်မဖော်လို့ သည့် ရန်ကုန် စာနယ် ဇင်းသမားတစ်ဦး ကပြောကြားခဲ့ပါသည်။

သရုပ်ဆောင် မှု တွင် ဈေးကွက် မရှိတော့ ဘဲ အကျဘက်ရောက် နေသည့် ထက်ထက်မိုးဦး ၏ ကိုယ်ထိလက်ရောက်
အကြမ်းဖက်မှု သတင်း ကို ဖော်ပြခဲ့သည့် The Voice အပတ်စဉ် ထုတ်သတင်းစာနှင့်
The First Music News အပတ်စဉ် ထုတ် သတင်းစာ တို့ အား စာပေစီစစ်ရေး မှ နှစ်ပတ်ထုတ်ဝေခွင့်မပြုရန်
ညွှန်ကြား ထားကြောင့် သိရသည်။

သရုပ်ဆောာင် ထက်ထက်မိုးဦးသည် ဆီဒီုနား ဟို တယ်တွင် ထိုကဲ့သို့ အကြမ်းဖက်ကိုယ်ထိလက်ရောက် မှု ကျူးလွန်ခဲ့ပြီး နောက် ချက်ခြင်း ပင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်ချူပ် ကျော်ဆန်း ၏ အိမ်သို့ သွားရောက်၍ သူမ၏ သတင်းနှင့် ပတ်သက်၍ ဖော်ပြခွင့် မပေးရန် နှင့် စစ်အစိုးရ ၀ါဒ ဖြန့် ချိရေး ဇာတ်ကား များရိုက်ကူး
ရာတွင် လည်း သူ ကူညီမည် ဖြစ်ကြောင်း ၀င်ရောက် ကန်တော့ ၍ အသနားခံ တောင်း ပန်ခဲ့သည် ဟု သိရသည်။

ထက်ထက်မိုးဦး ၏ လက်ရှိခင်ပွန်း မှာ သရုပ်ဆောင် ဇူးမြတ်ထက်ဖြစ်ပြီး ၂၀၀၄ ခုနှစ် က အဆိုတော် အနဂ္ဂ
နှင့် တရားဝင် လေးနှစ်ခန့် ပေါင်းသင်းခဲ့ပြီး နောက်လမ်းခွဲခဲ့ကြသည်။ထိုသို့ လမ်းခွဲရသည့် အကြောင်းမှာ သူမ၏ မိုလ်ဘိုင်းဖုန်း တယ်လီဖုန်း ခေါ်ဆိုမှု မှတ်တမ်း အမှတ်တမဲ့ ကြည့်ရှုမိသောကြောင့် အနဂ္ဂ အားဓါး နှင့် လိုက် ခုတ်ရာ မှ အကြင်လင်မယား ဘ၀ နိဂုံးချုပ်ခဲ့ရသည် ဟု ထိုအချိန် က ရန်ကုန် သရုပ်ဆောင် လောက တွင် နာမည် ကြီးခဲ့သည်။

ထက်ထက်မိုးဦးသည် သရုပ်ဆောင် ဇူးမြတ်ထက် နှင့် မယူခင် ဇာတ်သဘင် များ ကို လေ့လာလိုက်စားခဲ့သေး
သည်။

ရန်ကုန်မြို့ ရှိ နာမည် ကျော် ဂျာနယ်တစ်စောင် မှ အယ်ဒီတာ တစ်ဦးက “အစိုးရ အား ဝေဖန် ရေးသားခြင်းလည်း မဟုတ်ပါဘဲ ထက်ထက်မိုးဦး သတင်းဖြစ်ရပ်

နှင့် ပတ်သက်ပြီး ဖော်ပြမိသည့် ဂျာနယ် နှစ်စောင် အား စစ်အစိုးရ မှာ ထုတ်ဝေခွင့် ရပ်နား ခိုင်းခြင်းမှာ မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် သတင်း လွတ်လပ်ခွင့် နှင့် ပတ်သက်၍ မူ ဆိုဖွယ်ရာပင် မရှိတော့ ဟု ပြောသည်။

စစ်အစိုးရသည် မြန်မာ အဆိုတော် နှင့် သရုပ်ဆာက်များ ကြား တွင် ထိုကဲ့ သို နာမည်ဆိုး အဖြစ်အပျက်များ
ပေါ်ပေါက်လာပါက စာမျက်နှာ များ ထက်တွင် သတင်းများ ပါရှိ မလာ ရန် တားမြစ်ပေးထားပြီး နောက် ၀ါဒဖြန့် 
ချိရေး ရုပ်ရှင် ကားများ အား ရိုက်ကူးစေသည်။

သတင်းထောက် မအေးသူစံ သည် သူမအား ထက်ထက်မိုးဦး က ကိုယ်ထိ လက်ရောက် ပြုမှု နှင့် ပတ်သက်၍
ရန်ကင်းမြို့ နယ် တရားရုံးတွင် တရားစွဲ ဆိုမှု ပြုထားပြီး ယနေ့ ကြားနားမည် ဟု သိရသည်။

သတင်းထာက် မအေးသူစံ အပါအ၀င် သူမ အလုပ်လုပ်နေသည့် ဂျာနယ်တိုက်က မူ တရားရုံးမှ တရား နှင့် အညီ
ဆုံးဖြတ်ပေး မည် ဟု မျှော်လင့် ရသည် ဟု ဆိုသည်။

မြန်မာ နိုင်ငံတွင် နာမည် ကျော် သရုပ်ဆောင် ၊အဆိုတော် များ ၏ အတွင်း ရေး နှင့် ပတ်သက်၍ မြန်မာမီဒီယာများက
များ သော အားဖြင့် ဖုံးဖိပေးခဲ့သည်။

ထက်ထက်မိုးဦး သည် မိုးကုတ် မြို့ တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ၁၉၉၆ ခုနှစ် တွင် ပန်းသခင် ဇာတ်ကား ၂၀၀၁ ခုနှစ် တွင်
သမီးမိုက် ဇာတ်ကား တို့ ဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုများရရှိခဲ့သည်။

သူမ သည် အလှုအတန်း များ တွင် ရက်ရော သူ တစ်ယောက် ဖြစ်ပြီး ဘုရား၊ကျောင်း၊ရဟန်း ဒါယကာမကြီး တစ်
ယောက် ဖြစ်ပြီး မရှိ ဆင်းရဲ သား များ ကို လည်း လှုဒါန်း သူ ဖြစ်သည်။

ယခု ဖြစ်ရပ် နှင့် ပတ်သက် ၍ မင်းသမီး ထက်ထက်မိုးဦး ဘက်က စာနာ သူ များ လည်းရှိသည်။ သူမ၏ ပရိတ်သတ်
ကမူ သူမ၏ ဖေ့ဘွန် ဖန်ကလပ် တွင် အားပေး စကားများ အားရေး ထားပြီး သတင်း ထောက် အား မဆင်မခြင် မေး
သည် ဟု သုံးသပ် ထားသည်။

ဆီဒီုနား အရေးအခင်း နှင့် ပတ်သက်ပြီး သတင်းဂျာနယ် များက သတင်းထောက် ဘက်တွင် ရှိပြီး ပေါပ် ဂျာနယ် (အချို့ )
ကမူ ထက်ထက်မိုးဦး ဘက်တွင် ရှိသည် ဟု သိရသည်။

ရေပြတ်လပ်မှု နှင့် ကြုံတွေ့ နေရသည့်  ကျေးရွာ များက မူ သောက်သုံးရေ မှန်မှန် ရရှိပြီး ကာမှ ထိုကိစ္စနှင့် ပတ်သက်၍ မည်သူ
ဘက်တွင် လိုက်ရမည် ကို ဆုံးဖြတ် မည် ဟု ပြောသည်။

ရန်ကုန်မြို့ အထက ၁ ဒဂုံ ရှိ ဆရာမ တစ်ဦးက “ထက်ထက်မှန်တယ် အခု လို မှတ် လောက် သားလောက် ဖြစ်အောင် ဆုံးမပေး
ရမယ် သူတို့ တွေ က ငါမီဒီယာပဲ ဆိုပြီး လူစွာလုပ်လွန်း တယ် ထက်ထက်မိုးဦး ကိစ္စ မပြောနဲ့ ပုဂလိက ကျောင်းကိစ္စ ကျွန်မကို အင်
တာလာ ဗျူးတာ တောင် ကောင်းကောင်း ဖြေ မဖြေရင် အကြောင်း သိသွားမယ် ဆိုသည့် ပုံစံမျိုး ဟု ” ဟု ပြောသည်။

စစ်တမ်းများ အရ သရုပ်ဆောင် ထက်ထက်မိုးဦး၏ ပရိသတ် က မူ သူမဘက်တွင် တစ်လုံးတစ်စည်းတည်း
ရှိသည်။ ထိုကိစ္စ နှင့် ပတ်သက်၍ ၀ါရင့် သရုပ်ဆောင်များ နှင့် ၀ါရင့် ဂျာနယ် လစ် အချို့ က ကြားဝင် ဖြန်ဖြေပေး ရန် ဆန္ဒရှိသည် ဟု သိရသည်။

ကျွန်တော်တို့ အနေဖြင့် လည်း ထိုကိစ္စ မှာ နှစ်ဘက် စလုံး မှ တမင် ရည်ရွယ်ထား
ရိုးမရှိ ဘဲ ရာသီဥတု အပူရှိန် ကြောင့်စိတ်ခံစား မှု များ ထိလွယ်ဆတ်လွယ် ဖြစ်ကာ စကားနောက် တရားပါ ကြခြင်းသာ
ဖြစ်သည်။ပြဿနာ အရင်း ခံမှာ လည်းဖြေရှင်း လို့ မရသည့် ပြဿနာ မဟုတ်ဘဲ နှစ်ဘက် တွေ့ ဆုံ၍ သဘောထားကြီးကြီး
ဖြင့် တောင်းပန် သင့် သူကာ တောင်း ပန်ကာ ကြေအေး လျှင်ရမည့် ကိစ္စ ဖြစ်သည် ဟု ယူဆသည်။

နှစ်ဖက် တွေ့ ဆုံညှို နှိုင်း ၍ အဖြေရှာခြင်းဖြစ် ထပ်မံ ပေါ်ပေါက် လာမည့် ပဋိက္ခ အကျိုးဆက်များ ကို ရှောင် လွှဲနိုင်မည် ဖြစ်သည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဝါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်

အုပ်နီခဲနဲ့ထိုက်တန်သူများအမည်စာရင်းထုတ်ပြန်ချက်
သူတို့ကတော့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် လှုပ်ရှားဆောင်ရွက်ခဲ့သူများဖြစ်ပြီး ရေတို ရေရှည်စီမံကိန်းတွေနဲ့တိုင်းပြည်ကိုဖျက်စီးခဲ့ကြသော၊ပြည်သူလူထုကိုဂုတ်သွေးစုပ်၊လူတစ်စုကောင်းစားရေး၊တရားသေ၀ါဒနဲ့လူတလုံးသူတလုံးဖြစ်လာခဲ့ကြသူတွေပါ။ အခုလည်း န အ ဖ(နွားအ အဖွဲ့)ကပြုလုပ်မဲ့၂၀၁၀ ရွေးကောက်ပွဲဝင်ကြလေဦးမည်။

၂၀၁၀ ရွေးကောက်ပွဲမှာမဲမပေးပဲ အုပ်နီခဲကိုသာပေးသင့်သော(တ စ ည)ကြီးများအမည်စာရင်း
(မဆလ)ယခင်ရာထူး (တစည)ယခုပါတီတာဝန်

၁။ ဦးထွန်းရီ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဥက္ကဋ္ဌ
၂။ ဦးသန်းတင် ဒု-ဝန်ကြီးချုပ်၊ သတ္တုတွင်းဝန်ကြီး အထွေထွေအတွင်းရေးမှူး
၃။ ဦးခင်မောင်ကြီး ကုန်သွယ်ရေးဝန်ကြီး တွဲဖက်အထွေထွေအတွင်းရေးမှူး
၎။ ဦးချစ်လှိုင် ဒုကာကွယ်ရေးဦးစီးချုပ်-ရေ(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်ငံခြားရေးဝန်ကြီး
၅။ ဦးလှထွန်း ဗိုလ်မှူးချုပ်(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆောက်လုပ်ရေးဝန်ကြီး
၆။ သူရဦးစောဖြူ ဒုကာကွယ်ရေးဦးစီးချုပ်-လေ(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ သယ်ယူပို့ဆောင်ရေးဝန်ကြီး
၇။ ဦးထွေးဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး
၈။ ဦးသိန်းငွေ ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၉။ ဦးဗန်ကူး ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁ဝ။ ဦးစောကျော်ခင်ဝင်း ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၁။ ဦးထွန်းရင်လော ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၂။ ဦးခင်မောင်ကျော် အငြိမ်းစားဗိုလ်မှူးချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၃။ ဦးအေးစံ ဗိုလ်မှူးချုပ်(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၄။ ဦးသန်းလှ ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၅။ ဦးစိန်ရ ဒုဝန်ကြီး(သယ်ယူပို့ဆောင်ရေး-ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၆။ ဦးအောင်ဝင်း မွေး/ရေဒုဝန်ကြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဗိုလ်မှူးကြီး(ငြိမ်း)
၁၇။ ဦးမြမောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၈။ ဒေါ်မေမေအောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၉။ ဦးဟန်ရွှေ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂ဝ။ ဦးထွန်းရီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၁။ ဦးစိန်အောင် ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၂။ ဦးဖေလိန်းမောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၃။ ဦးရဲဝင်း ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တို့ ဖြစ်ကြသည်။
http://swenaing.blogspot.com/ မှRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး

ကျပ်ငါးသိန်းဖုန်း ဘီလ်ကတ် ကတ်ပျက် နှင့် သုံးပြီးသား ကတ်များကို ရောနှော ရောင်းချ မှုများရှိ

ကျပ် ငါးသိန်းတန် ဖုန်းဟု လူသိ များသည့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်း များတွင် ထည့်သွင်း အသုံး ပြုသည့် ဖုန်းဘီလ်ကတ် ဖြစ်သော Top Up ကတ် အချို့ကို မိုဘိုင်းဖုန်းဆိုင် များမှ ၀ယ်ယူ ရာတွင် သုံးစွဲ၍ မရသည့် ကတ်များနှင့် အသုံးပြုပြီး ကတ်များ ရောနှော ပါဝင် လာခြင်း မျိုးများ ရှိကြောင်း သုံးစွဲသူ အချို့က ပြောကြား သည်။ ထိုကဲ့သို့ ရောနှော ပါဝင် လာခြင်း များကြောင့် ဖုန်း သုံးစွဲ သူများ အနေဖြင့် အခက် အခဲများ ကြုံတွေ့ပြီး ဆုံးရှုံးမှု javascript:void(0)များလည်း ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ ရန်ကုန်မြို့၊ အင်းစိန် မြို့နယ်နေ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်း သုံးစွဲသူ တစ်ဦးက “ဖုန်းရတာသိပ် မကြာသေးဘူး။ ခုဖုန်းထဲမှာ ပိုက်ဆံသိပ် မကျန် တော့လို့ ပိုက်ဆံ ထပ်ဖြည့်မယ် ဆိုပြီး Top Up တစ်ကတ်ကို ၀ယ်လိုက်တယ်။ အိမ်ရောက်တော့ ကတ်မှာ ပါတဲ့ခဲ ကိုခြစ်ပြီး ကုတ် နံပါတ်ကို ရိုက်ထည့်တဲ့ အချိန်မှာ ဖုန်းထဲမှာ ပိုက်ဆံတက် မလာပါဘူး။ အဲဒါနဲ့ နောက်တစ်ကြိမ်ထပ် လုပ်ကြည့် ပါတယ်။ ဒါလည်း အဆင် မပြေဘူး။ ဖုန်းထဲက ပိုက်ဆံက နဂို အတိုင်းပဲ” “ဘာမှ မထူးခြား လာလို့ ဆိုင်ကို သွားပြန်ပြောတော့ ကတ်က ခဲခြစ်ပြီးသား ဖြစ်နေတဲ့ အတွက် လဲပေးလို့ မရဘူးလို့ ပြောပါတယ်။ ကျွန်တော်ဝယ် လာတာက ကျပ်တစ်သောင်းတန် ကတ်ပါ။ သုံးလို့မရ တော့ပါဘူး” ဟု ပြောသည်။

ထို့အတူ တာမွေမြို့နယ်တွင် နေထိုင်သည့် အဆိုပါဖုန်း သုံးစွဲသူ သုံးဦး ကလည်း အလားတူ ဖြစ်ရပ်များ ကြုံတွေ့ ခဲ့ရကြောင်း ပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Top Up ကတ်များ ဖြန့်ချိသည့် အီလိုက်တက် ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်း ခဲ့ရာ ထိုကုမ္ပဏီ၏ စီးပွားရေးဌာန၊ ဌာနမှူး ဦးမိုးမင်းဟိန်းက ၎င်းတို့ အနေဖြင့် အဆိုပါ ကတ်များ၏ အရည်အသွေး စစ်မှန်မှုကို ၎င်းတို့ ကုမ္ပဏီ နှင့် တရားဝင် ရောင်းချခွင့် ပေးထားသည့် ဆိုင်များမှ ၀ယ်ယူပါ က အာမခံ နိုင်ကြောင်း ပြောကြားသည်။ “ကျွန်တော်တို့ အီလိုက်တက် အနေနဲ့ ၀ယ်ယူတဲ့ သူတွေ အဆင်ပြေပြေ ၀ယ်နိုင်အောင် အီလိုက်တက် နာမည်နဲ့ ဆိုင် ခုနစ်ဆိုင်၊ ပြီးတော့ စီးတီးမတ် နဲ့ တခြား မိုဘိုင်းဖုန်း ဆိုင်တွေမှာလည်း ၀ယ်ယူ နိုင်အောင် စီစဉ်ပေးထား ပါတယ်” ဟု ၎င်းကပြောသည်။ ကတ် ၀ယ်ယူသူများ အနေဖြင့် အခက် အခဲကြုံတွေ့ခြင်း မရှိစေရန် အဆိုပါ ခဲခြစ်ကတ်များတွင် ပါဝင် သည့် MPT တံဆိပ်ကို ကြည့်ကာ သေချာ စစ်ဆေး ၀ယ်ယူစေ လိုကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့ကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြ ထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆက်ဖတ်ကြည့် ခင်မျ

ရန်ကုန်မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီးမီးလောင်
သွားခဲ့ပါတယ်။
သိန်းပေါင်းများစွာဆုံးရှုံးမည်ဟုခန့်မှန်းကြပါတယ်။ နာရီ(၂ဝ)ကျော်မီးလောင်ခြင်းဖြစ်၍ မြန်မာပြည်
တနံတလျားမီးလောင်မှုများတွင်စံချိန်တင်မည့်မီးလောင်မှုဖြစ်ပါတယ်။ မည်သည့်အတွက်ကြောင့်
ဤသို့ အချိန်ကြာကြာမီးလောင်ရပါသနည်း။ အကြောင်းအချက်များစွာရှိသည့်အနက် အဓိကအချက်
ကတော့ရေလုံလောက်စွာမရရှိခြင်းဖြစ်ပါတယ်။ မီးလောင်မှုသတင်းဖေါ်ပြခြင်းများစွာတွင် မီးသတ်ကား
များသည်လိုအပ်သောရေကို ကန်တော်ကလေးရေလှောင်ကန်နှင့် ကန်တော်ကြီးမှရေကိုအခေါက်ခေါက်
အခါခါ သွားရောက်ဖြည့်တင်းယူဆောင်နေရသည်ဟု ဖတ်ရှုခဲ့ရပါတယ်။ ဈေးအဆောက်ဦးတွင်မီးသတ်
ပိုက်ခေါင်းများတပ်ဆင်ထားသည်ဟုဆိုသော်လည်း ရေကောင်းစွာမထွက်ဟုဆိုကြပါတယ်။

စာရေးသူဟာဈေးနှင့်မျက်နှာချင်းဆိုင်မှာရှိတဲ့ရေတွင်းကုန်းအမည်ရှိရပ်ကွက်မှာနေထိုင်ခဲ့သူဖြစ်ပါတယ်။ သပြေကုန်းရပ်ကွက်နှင့်ကပ်လျှက်ရပ်ကွက်ဖြစ်ပါတယ်။ မင်္ဂလာဈေးနေရာဟာရှေးအခါကတရုတ်သင်္ချိုင်း
ကုန်းမြေမြင့်အရပ်ဖြစ်ပြီး စာရေးသူတို့ကလေးဘဝစွန်လိုက်ကစားခဲ့တဲ့နေရာဖြစ်ပါတယ်။ ကုန်းမြေမြင့်ကို
ဖြိုဖျက်မြေညှိ၍ဈေးအဆေါက်အဦးများဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ ရဲ့  မြို့ လယ်ခေါင်
မြို့ နယ်များနဲ့  ဆင်ခြေဖုန်းရပ်ကွက်များဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့ နယ်တွေမှာရှေးအခါ
ကတည်းလမ်းများအတွင်းနဲ့  လမ်းထိပ်လမ်းဆုံတွေမှာ မီင်္းသတ်ပိုက်ခေါင်းရေထွက်ပေါက်များနေရာအနှံ့ 
တပ်ဆင်ထားရှိခဲ့ပါတယ်။ စာရေးသူတို့ ငယ်စဉ်အခါက အဆိုပါမီးသတ်ပိုက်ခေါင်းများကို သက်ဆိုင်ရာ
မီးသတ်၊ မြူနီစပယ် (ယခုစည်ပင်) တို့ ကနှစ်စဉ်တလမ်းဝင်တလမ်းထွက်စစ်ဆေးတာတွေမြင်တွေ့ ခဲ့ဘူး
ပါတယ်။ လမ်းထိပ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များဆောက်၍ မြူနီစပယ်မှခွင့်ပြုချက်တောင်းခံရရှိပါက
မီးသတ်ပိုက်ခေါင်းမှရေကိုကောင်းစွာထုတ်ယူရေကစားနိုင်ခဲ့ကြပါတယ်။မီးလောင်လျှင်အရေးပေါ်အသုံးချ ရန်
နိုင်ရန်အင်္ဂလိပ်အစိုးရမှ ရန်ကုန်မြို့ ကိုစတင်တည်ဆောက်သည့်အခါကပင်စနစ်တကျထည့်သွင်းတည်
ဆောက်ခဲ့ပုံရပါတယ်။ မီးလောင်လျှင်လည်း၎င်းမီးသတ်ပိုက်ခေါင်းများမှရေထုတ်ယူမီးငြိမ်းသတ်တာတွေ
မျက်မြင်ကိုယ်တွေ့ ရှိခဲ့ပါတယ်။ အင်မတန်မှကောင်းမွန်သည့်စနစ်တခုဖြစ်ပါတယ်။ ထို့ အပြင် ဂျိုးဖြူရေ
ပိုက်လိုင်းကြီးများကိုလည်းနှစ်စဉ်သန့် ရှင်းရေးပြုလုပ်မှုများရှိခဲ့ပါတယ်။ အဲဒါကြောင့်ရန်ကုန်မြို့ တော်
မှာ ရေပြဿနာဆိုတာကြီးကြီးမားမား မကြုံခဲ့ဘူးကြပါ။

မဆလစစ်အစိုးရခေတ်ဦးပိုင်းလောက်အထိ ၄င်းစနစ်များကိုဆက်လက်အကောင်အထည်ဖေါ်ဆေါင်ရွက်
ခဲ့မည်ထင်ပါတယ်။ နောက်ပိုင်းဂျိုးဖြူပိုက်လိုင်းများကိုသန့် ရှင်းရေးမလုပ်တော့သည့်အတွက်ဂျိုးဖြူပိုက်
အပါအ၀င် ရန်ကုန်မြို့ ရှိလမ်းများအတွင်းဆက်သွယ်ထားသည့်ရေပိုက်လိုင်းများ၊ မီးသတ်ပိုက်လိုင်းများ
အားလုံးသံချေး(ချီး) ဆို့ ခါ ရေစီးရေလာမကောင်းတော့ပါ။ သည့်အတွက်လမ်းများအတွင်းရှိတထပ်အိမ်
များသို့ ပင်ရေမတက်တော့ပါ။ တထပ်အိမ်များပင်မော်တာတပ်ဆင်ရေစုပ်တင်ရသည့်အခြေသို့ ရောက်
မှန်းမသိရောက်ခဲ့ပါတော့တယ်။ န၀တ/နအဖစစ်အစိုးရခေတ်တွင်ရေပြဿနာပိုမိုကြီးမားလာခဲ့ပါတယ်။
လျှပ်စစ်မီးမှန်မှန်မရတဲ့အတွက် ရေစုပ်စက်မလည်နိုင်တော့ ရေတင်ရခက်လာကြပြီး ရေပြဿနာလည်း
တက်မှန်းမသိတက်လာပြီး၊ ထပ်ဆင့်ပြဿနာတွေလည်းပေါ်လာပါတယ်။ ရန်ကုန်မြို့ ရပ်ကွက်အတော်
များများမှာနေ့ ဘက်မီးလာချိန်မမှန်ဘဲ ညအိပ်ချိန်ရောက်မှမီးလာတော့ မော်တာဖွင့်ပြီးရေတင်ကြရတဲ့
အတွက် ညဆိုမော်တာသံများဆူညံပြီး နေ့ နဲ့ ညမှားနေတယ်လို့ တောင်ပြောသံကြားလာရပါတယ်။

ဒီနှစ်နွေနေဟာလည်းခါတိုင်းနှစ်တွေထက်ပိုပူတဲ့ အတွက်ရန်ကုန်မြို့ အပါအ၀င် ပတ်ဝန်းကျင်မြို့ ရွာ
တွေမှာတောင်ရေရှားပါးတဲ့ပြဿနာတက်လာပါတယ်။ ရေတွင်းရေကန်တွေခန်းခြောက်မှုရှိလာပါတယ်။
ရန်ကုန် အင်လျားကန်မှာလည်းရေခန်းခြောက်စပြုနေတဲ့ပုံတွေ တွေ့ လိုက်ရပါသေးတယ်။ အဲသလို
ရာသီပူပြင်းချိန်မှာမီးလောင်မှုတွေဖြစ်လွယ်တာ သဘာဝပါ။ မမျှော်လင့်ဘဲ မင်္ဂလာဈေးမီးလောင်မှုဖြစ်
လာတော့ ရေပြဿနာနဲ့ ထိပ်တိုက်တွေ့ တော့တာပါဘဲ။ မင်္ဂလာဈေးအဆောက်အဦမှာမီးသတ်ပိုက်ခေါင်း
ရေထွက်ပေါက်များတပ်ဆင်ထားတယ်ဆိုပေမယ့် အမြင်ဘဲရှိနေမှာပါ။ ဆိုခဲ့ပြီးတဲ့အတိုင်းရပ်ကွက်ထဲမှာ
ရေမှန်မှန်လာနိုင်တဲ့ပိုက်လိုင်း/ရေစီးအားကောင်းကောင်း ထွက်တဲ့ပိုက်လိုင်းမရှိတော့မီးသတ်ပိုက်ခေါင်း
တွေကရေလည်း ကောင်းကောင်း ထွက်လာနိုင်စရာရှိမှာမဟုတ်ပါ။ အဆောက်အဦးအပေါ်မှာလည်းရေ
လှောင်တိုင်ကီ ကြီးကြီးမားမား ရှိပုံမရပါ။ ကြီးမားတဲ့အဆောက်အဦကြီး မီးလောင်တော့အရေးအကြီးဆုံး
ဖြစ်တဲ့ရေ လုံလုံလောက်လောက်မရတော့ မီးလောင်မှုတာရှည်ခဲ့တာပါ။ အဖြေကတော့နာရီ(၂၀)ကျော်
ကြာ စံချိန်တင်မီးလောင်မှုကြီးအဖြစ်သို့ ရောက်ရှိရပါတယ်။

နောက်အဓိကတချက်ကတော့ခေတ်မှီ မီးသတ်ကားများမရှိခြင်းဘဲဖြစ်ပါတယ်။ အဆောက်အဦမြင့်တွေကို
မီးငြိမ်းနိုင်မယ့် မီးသတ်ကားအလုံအလောက်မရှိခြင်းပါ။ ငါးထပ်အဆောက်အဦ မင်္ဂလာဈေးကြီးမီးလောင်
နေစဉ်မှာ အထပ်မြင့်မီးငြိမ်း မီးသတ်ကား ၄-၅ စီးထက်ပိုမရှိနေဘူးလို့ သတင်းများကဆိုပါတယ်။မီးသတ်
ကားအစီးပေါင်း (၆၀)လောက်ရောက်ရှိလာတယ်ဆိုပေမယ့်အားလုံးနီးပါးဟာ သာမန်မီးသတ်ကားများဘဲ
ဖြစ်ပြီးရေသယ်ကားအဆင့်မှာဘဲရှိနေပါတယ်။ မီးသတ်ကားများဖြစ်ပြီးမီးငြိမ်းတဲ့အလုပ်မလုပ်နိုင်ရင်တေါ့
လူရယ်စရာဖြစ်နေမှာပါ။ မီးလောင်နေစဉ် ပတ်ဝန်းကျင်အရပ်များတွင် (၇)ထပ်(၈)ထပ် အဆောက်အဦး
များစွာကို ဓါတ်ပုံများတွင်တွေ့ ရှိရပါတယ်။ ရန်ကုန်မြို့ မှာအခုအခါ (၁၀)ထပ်ကျော် ဟိုတယ်အဆောက်
အဦတွေများစွာရှိလာပြီဖြစ်ပါတယ်။ အဆိုပါအဆောက်အဦမြင့်များ မတော်တဆမီးလောင်မှုဖြစ်လာရင်
လက်ရှိမီးသတ်စနစ်နဲ့ ဆိုရင်တော့မတွေးရဲစရာပါ။ အသက်ဆုံးရှုံးမှုတွေပါ နောက်ဆက်တွဲသတင်းများ
ထွက်လာနိုင်ပါတယ်။

စစ်အစိုးရရဲ့ အလွန်အမင်း ညံ့ဖြင်းတဲ့ စီမံအုပ်ချုပ်မှုစနစ်တွေကြောင့် မြန်မာပြည်သူပြည်သားများနဲ့ 
မြန်မာနိုင်ငံဟာ့ 
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်ကောက်ရရင် လည်းကောက်ရမယ်။

ဒေါက်တာလှိုင်မြင့်ရဲ့သဘောထားအမြင်ပါ။သူဟာနိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ပြီးသန်းရွှေတို့မိသားစုအကြောင်းကိုအတွင်းကြကြသိသူလည်းဖြစ်ပါတယ်။

လူမှုရေးနှင့် နိုင်ငံရေ့း အထောက်အကဲူပြုရေး ရံပုံငွေရှာဖွေရေး အကြံပြုတင်ပြခြင်း



လူမှုရေးစိတ်ဓါတ် ရှိသူ အပေါ်င်းနင့် နှလုံးသား ပြည့်ဝသူအပေါင်းသို့  ရည်စူးလျက်လေးစားစွာ အကြံပြုတင်ပြခြင်းဖြစ်ပါသည် ။



ကျနော်တို့ မြန်မာနိုင်ငံအတွက် နှလုံးသားပြည့်ဝပြိး ကူညီလိုစိတ် စာနာစိတ် အပြည့်အ၀ ရှိကြသူများ သည် မြန်မာနိင်ငံ သို့  အကူအညီများပေးပို့သောအခါတွင် လက်ရှိအုပ်ချုပ်သူ များသည် သူတို့ ကြောင့်ဖြစ်ရပါသော လူမှုအကြပ်အတည်း ကို သူတို့ ကိုယ်တိုင် မကူညီသည့်အပြင်ပြင်ပမှ အကူအညီများ ပေးပို့ သည်ကိုလဲ မနှစ်သက် သည့်အပြင်ပေးပို့ သော အကူအညီများမှ ပင် ဖြတ်စားလတ်စား ကိုယ်ကြိုး ရှာလိုစိတ်မတရားကြီးမားကာာအနှောက်အယှက်အမျိုးစုံပေးပါသည် ။



သို့ ပါသဖြင့်ပွင်းလင်းမှု ( Transparency ) ရှိရန်မှာ လုံးဝ မဖြစ်နိင်သော ကိစ္စ ဖြစ်နေပါသည် ။ သို့ ပါသဖြင့် ရံပုံငွေကောက်ခံသော သူနှင့်အလှုငွေလှုဒါန့်းသောသူတို့ အပေါ်တွင် အများသူငါမယုံကြည်နိုင်သံသယ ပွားစရာများ ဖြစ်လာရပါသည် ။ သို့ ပါသဖြင့် စေတနာရှိသူ နှလုံးသား ပြည့်ဝသူ ( ထည့်ဝင်လှုဒါန်းလိုသူ အပါအ၀င်ကောက်ခံပေးသူ

တို့ ပါ ) အခက်ခဲတွေ့ နေရပါသည် ။



အချင်းချင်း နားလည်နိင်သူ၊ယုံကြည်မှု ပြည့်ဝသူတို့ အချင်းချင်းအကြားတွင် ရံပုံငွေကောက်ခံမှုကို ဆက်လက်လုပ်ဆောင်ကြရမှာ ဖြစ်သလို ၊ဖေါက်ထွက်စဉ်းစားပြီး အခြားနည်းလမ်းများကိုလဲ ဆွေးနွေးး စဉ်းစား တိုင်ပင်သင့်နေသည်မှာအချိန်ပင်အတော်လွန်ခဲ့ပါပြီ ။ တချို့ သောအစည်းအဝေးများတွင် တခါတရံ တင်ပြသူများရှိတတ်ပါသော်လည်းအစည်းအဝေး ကိုဦးးစိးကျင်းပသူများမှာအကြေအလည် ဆွေးနွေးတိုင်ပင်ခြင်းမရှိကြဘဲ မဖြစ်နိင်တာလေးအသေးအမွှားးလေးမျာကိုထောက်ပြပြီးဆွေးနွေးအဆင့်သို့ တက်မလာနိင်အောင်ပင် ပယ်ချတတ်ပါသဖြင့်ယခုလို အကြံပြုစာရေးတင်ပြလိုက်ရခြင်းဖြစ်ပါသည် ။ ကိုယ်တိုင်လည်းတင်ပြလာသော အကြံ အညဏ်ထက် သာလွန်သော အကြံညဏ် အစီအစဉ် များထုတ်နိုင်ခြင်းလဲမရှိ အလွယ်လေးပယ်ချနေတာကတော့ မဖြစ်သင့်သော ကိစ္စ ဖြစ်ပါသည် ။



ယခု ကျနော်တင်ပြလိုသည်ကိုနိုငိင်ငံအကြိုးအတွက် တင်ပြလာသည် လို့  စာနာ ရှုမြင်ပြီးအလေးထားစဉ်းစားစေလိုပါသည် ။ ( ငါလိုလူကို လာတင်ပြရအောင် မင်းက ဘာကောင်လဲ ) ဆိုသည့် စိတ်ကြိးဝင်မှုများကိုဘေးချိတ်ပြီးဗိုလ်ချုပ်စိတ်ဓါတ်ဖြင့် စဉ်းစားပေးကြပါရန် ဦးးစွာ ပန်ကြားလိုပါသည် ။





ဗိုလ်ချုပ်ခေါင်း၊ဗိုလ်ချုပ်ဦးးဏှောက်၊ဗိုလ်ချုပ်စိတ်ဓါတ်ဖြင့်ကျနော်တင်ပြချက်တွင်မပြည့်စုံ

ခြင်း၊တွေ့နိုင့်သောအခက်အခဲ အဟန့် အတားများကို ကျော်လွှား နိုင်အောင် ၀ိုင်းဝန်းအကြံပြုပေးကြပါရန် လည်း တဆက်ထည်းပန်ကြားလိုပါသည် ။



( ၁ ) ပလပ်စတစ်ဘူးအစ များ ကောက်ခံစုဆောင်း ပြီးကော်စေ့( Plastic pallets ) အဖြစ်ပြောင်းပြီးပြည်တွင်းသို့  တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ ပြီးသွင်းကုန်ဝင်ငွေ ( import earning ) အဖြစ် တရားဝင် ရောက်ရှိနိင်စေပါသည်။



ယခုကဲ့သို့ ပလပ်စတစ်များ ကိုစုဆောင်းပါကအမှိုက်မှ အကျိုးအမြတ်ထုတ်ခြင်းဖြစ်ပါသဖြင့် ပါဝင်ကူညီလိုသူများအတွက်လဲ၎င်းတို့ ဝင်ငွေမှ တောင်းခံခြင်းမဟုတ်သည်ကတကြောင်း၊ကျနော်တို့ မှ ကာယ ညဏ စိုက်ထုတ်ပြီး ဆက်လက်လုပ်ဆောင်ရဦးးမည်ဖြစ်ပါသဖြင့် ကျေကျေနပ်နပ် ပါဝင်ကူညီလာနိုင်စရာ လမ်းစ ရှိသလိုအချင်းချင်း ပိုမိုထိတွေ့ မှုများ ပိုရှိလာနိင်ပါသည် ။



အသုံးပြုနိင်သော ပလပ်စတစ်များမှာနွားနို့ ဘူးခွံများ ကဲ့သို့  ပလပ်စတ်အပျော့များသည် ကော်အစေ့ ( pallets ) ပြန်လုပ်ရန်လွယ်ကူခြင်း နှင့် ရန်ကုန်တွင်ဈေးကောင်းရခြင်း အတွက် အသင့်တော်ဆုံး ဖြစ်ပါသည် ။ လတ်တလော ရန်ကုန်တွင်တစ်ကီလို ကို( ၁.၂ မှ ၁.၅ ) ဒေါ်လာ အထိဈေးပေါက်နေပါသဖြင့်တစ်တန် တင်ပို့ နိုင်လျှင်ရံပုံငွေဒေါ်လာ

( ၁၂၀၀ မှ ၁၅၀၀ ) အထိ ရနိုင်ပါသည် ။ ကွန်တိန်နာတလုံး ( တန်၂၀ ) တင်ပို့နိုင်လျှင်ဒေါ်လာ ၃၀၀၀၀- အထိရနိင်ပါသည် ။ ပို့ ဆောင်ခအခွန်အကောက် စသည်များကိုတော့ ကျနော် ကောင်းစွာ မသိပါ ။



ကျနော်တို မြန်မာတွေထဲတွင်ကော်ဖီဆိုင်များတွင်အလုပ်သူများသလို၊လုပ်ငန်းခွင် ရုံးများတွင်၎င်း၊မိမိနေထိုင်ရာ အိမ်နှင့် တိုက်ခန်းများတွင်၎င်း၊မိမိအသိမိတ်ဆွေများထံ အကူညီတောင်းစုဆောင်းကြပါမည်ဆိုလျှင်ဖြစ်နိုင်ပါသည်။



ရရှိသော ဘူးများကို သယ်ယူရာတွင် ၀န်ကျင်းစေရန်ဘူးကိုဓါးဖြင့် ဖြတ်တောက် လိုက်ပြီး ကော်ပြားလေးများအဖြစ်သယ်ယူပြီးတစ်လတစ်ကြိမ်၊သို့မဟုတ်ဘုရားကျောင်းဘုန်းတော်

ကြီးကျောင်းများတွင် စုရပ်အဖြစ် ဆုံဆည်းပြီးး စုဆောင်းနိုင်ပါသည် ။











ကော်စေ့ ကြိုသောစက်မှာနေရာကျင်းပြီးလုပ်ကိုင်ရလွယ်ကူပြီးမြန်မာလူမျိုးတချို့

ကောင်းစွာကျွမ်းကျင်ပါသည် ။ နေရာ အကျယ်အ၀န်း ၁၀ ပေ ပတ်လည်ဆိုလျှင်ရနိင်ပါသည် ။ ဘုန်းကြီးးကျောင်းတွင်၎င်း၊ဘုရားရှစ်ခိုးကျောင်း

( Church ) တခုခုတွင်၎င်း ထားရှိနိင်ပါသည် ။ စက်တန်ဘိုးမှာလဲ မကြီးးပါ။



( ၂ ) သစ်ပင်ပန်းမာန် များ စိုက်ပျိုးရောင်းချခြင်း



Sydney မြို့တွင်ပန်းပင်ဈေးကွက် အကြီးကြီးးရှိပါသည် ။ ကျနော်တို့ စုပေါင်းစိုက်ပျိုးကြပြီဘုန်းကြီးကျောင်း နှင့် ဘုရားကျောင်းများတွင် ထားရှိပြီးရောင်းချလျှင်အနည်းနှင့်အများပုံမှန်ဝင်ငွေလေးတခု ရနိင်ပါသည် ။



မြန်မာအချင်းချင်းလဲ ရောင်းနိုင်သလို့ မြန်မာ နိုင်ငံအပေါ် စေတနာထားပါဝင်ကူညီနေကြသောကောင်စီလူကြီးများ Councilors ထံအကူအညီတောင်းခံပြီးလည်းရောင်းချနိင်ပါသည် ။



၎င်းအပြင် အသီးးအနှံ များစိုက်ပျိုးခြင်း ၊ မုန့် ပဲသရေစာ

( အထားခံသောပဲကြမ်းကြော်၊အာလူးကြော်အိမ်တွင်ကျော်လျှင် ဘေးပတ်ဝန်းကျင်ကိုအနံ့အသက် ပေးနိုင်သောငါးခြောက်ကြော် ) စသည်များ ကိုလုပ်ပြီးအခမ်းအနာများတွင်၎င်း၊တစ်လတစ်ကြိမ် တနေရာရာတွင် ၄င်းဆုံရပ်သတ်မှတ် ပြီး ရောင်းချ လျှင် အချင်းချင်းပိုမိုထိတွေ့ ဆုံဆည်း မှုပိုမိုများလာနိုင်သလို အကြံညဏ် အသစ်များလဲ ပိုမိုရလာနိုင်ပါသည် ။



အားလုံး ကိုအထူးပန်ကြားလိုသည်မှာကျနော်တို့  တွင်တိုင်းပြည်အပေါ်ထားသော စေတနာစိတ်ဓါတ်များကို လေးစားပါသည် ။ သို့ သော် ကျနော်တို့ စိတ်ဓါတ်များကိုဗိုလ်ချုပ်၏ စိတ်ဓါတ်ဖြင့် နှိုင်းယှဉ်ပါကမနှိုင်းသာအောင် ကွာခြားပါသည် ။ ဗိုလ်ချုပ်သည် အသက်သုးံဆယ်မပြည့်မှီ ကပင် အမျိုးသားခေါင်းဆောင်ဆိုသော မည်သူတဦးးတယောက်မှ မရနိင်သောဂုဏ် ထူးဝိသေသကိုရရှိပိုင်ဆိုင်ထားသော်လည်းလူအားလုံး၏ စကားကို အလေးထားနားထောင်တတ်သည်မှာ.ဗိုလ်ချုပ်ခေါင်းထဲ၊နှလုံးထဲတွင်မိမိ အရေးကိုလုံးဝဘေးချိတ်ပြိးမြန်မာလူမျိုးအရေးသာ သူ့ ခေါင်းထဲတွင် ရှိသည်မို့ ငါဟူသောမာနလုံးဝ မရှိသည်ကို စံနမူနာယူပြီးကျနော်၏တင်ပြချက်များကိုမာန မထားဘဲ စဥ်းစားပေးစေလိုပါသည် ။ လိုအပ်ချက်အားနည်းချက်အခက်အ အဟန့် အတာများ ကိုလည်းဝိုင်းဝန်းစဉ်းစားပေးစေလိုပါသည် ။





တဆက်ထည်း ပိုမို ကောင်းမွန်သောအကြံအည်ဏ်များကိုလည်း တင့်ပြကြပါလို့ ပန်ကြား လိုပါသည် ။



အားလုံးကိုလေးစားလျှက်



လှိုင်မြင့် Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်

တရားပွဲတိုက်ရိုက်ထုတ်လွှင့်မှုသတင်း LIVE DHAMMA
www.livedhamma.com

သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏိ၊ ဘီအေ၊

အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ

အဂ္ဂမဟာပဏ္ဍိတ၊

အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ

နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ်

တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက


ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး

ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ

bamawsyd

တရားပွဲအစီအစဉ်များ
ပထမနေ့ တရားပွဲ အစီအစဉ်

နေ့ရက်- ၃၀ ရက် မေလ တနင်္ဂနွေနေ့

ဂျပန်စံတော်ချိန် ညနေ ၆ နာရီ
စင်္ကာပူစံတော်ချိန် ညနေ ၅ နာရီ
မြန်မာစံတော်ချိန် ညနေ ၃:၃၀ နာရီ
ရုရှားစံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၅ နာရီ


ဒုတိယနေ့ တရားပွဲ အစီအစဉ်

နေ့ရက်- ၆ ရက် ဇွန်လ တနင်္ဂနွေနေ့

ဂျပန်စံတော်ချိန် ညနေ ၆ နာရီ
စင်္ကာပူစံတော်ချိန် ညနေ ၅ နာရီ
မြန်မာစံတော်ချိန် ညနေ ၃:၃၀ နာရီ
ရုရှားစံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၅ နာရီ
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

UN experts say NKorea is exporting nuke technology

By EDITH M. LEDERER (AP)
UNITED NATIONS — North Korea is exporting nuclear and ballistic missile technology and using multiple intermediaries, shell companies and overseas criminal networks to circumvent U.N. sanctions, U.N. experts said in a report obtained by The Associated Press.

The seven-member panel monitoring the implementation of sanctions against North Korea said its research indicates that Pyongyang is involved in banned nuclear and ballistic activities in Iran, Syria and Myanmar. It called for further study of these suspected activities and urged all countries to try to prevent them.

The 47-page report, obtained late Thursday by AP, and a lengthy annex document sanctions violations reported by U.N. member states, including four cases involving arms exports and two seizures of luxury goods by Italy — two yachts and high-end recording and video equipment. The report also details the broad range of techniques that North Korea is using to try to evade sanctions imposed by the U.N. Security Council after its two nuclear tests in 2006 and 2009.

Council diplomats discussed the report by the experts from Britain, Japan, the United States, France, South Korea, Russia and China at a closed-door meeting on Thursday.

Its release happened to coincide with heightened tensions between North Korea and South Korea over the March sinking of a South Korean navy ship which killed 46 sailors. The council is waiting for South Korea to decide what action it wants the U.N.'s most powerful body to take in response to the sinking, which a multinational investigation determined was caused by a North Korean torpedo.

The panel of experts said there is general agreement that the U.N. embargoes on nuclear and ballistic missile related items and technology, on arms exports and imports except light weapons, and on luxury goods, are having an impact.

But it said the list of eight entities and five individuals currently subject to an asset freeze and travel ban seriously understates those known to be engaged in banned activities and called for additional names to be added. It noted that North Korea moved quickly to have other companies take over activities of the eight banned entities.

The experts said an analysis of the four North Korean attempts to illegally export arms revealed that Pyongyang used "a number of masking techniques" to avoid sanctions. They include providing false descriptions and mislabeling of the contents of shipping containers, falsifying the manifest and information about the origin and destination of the goods, "and use of multiple layers of intermediaries, shell companies, and financial institutions," the panel said.

It noted that a chartered jet intercepted in Thailand in December carrying 35 tons of conventional weapons including surface-to-air missiles from North Korea was owned by a company in the United Arab Emirates, registered in Georgia, leased to a shell company registered in New Zealand and then chartered to another shell company registered in Hong Kong — which may have been an attempt to mask its destination.

North Korea is also concealing arms exports by shipping components in kits for assembly overseas, the experts said.

As one example, the panel said it learned after North Korean military equipment was seized at Durban harbor in South Africa that scores of technicians from the North had gone to the Republic of Congo, where the equipment was to have been assembled.

The experts called for "extra vigilance" at the first overseas port handling North Korean cargo and close monitoring of airplanes flying from the North, saying Pyongyang is believed to use air cargo "to handle high valued and sensitive arms exports."

While North Korea maintains a wide network of trade offices which do legitimate business as well as most of the country's illicit trade and covert acquisitions, the panel said Pyongyang "has also established links with overseas criminal networks to carry out these activities, including the transportation and distribution of illicit and smuggled cargoes."

This may also include goods related to weapons of mass destruction and arms, it added.

Under council resolutions, all countries are required to submit reports on what they are doing to implement sanctions but as of April 30 the panel said it had still not heard from 112 of the 192 U.N. member states — including 51 in Africa, 28 in Asia, and 25 in Latin America and the Caribbean.

While no country reported on nuclear or ballistic missile-related imports or exports from North Korea since the second sanctions resolution was adopted last June, the panel said it reviewed several U.S. and French government assessments, reports from the International Atomic Energy Agency, research papers and media reports indicating Pyongyang's continuing involvement in such activities.

These reports indicate North Korea "has continued to provide missiles, components, and technology to certain countries including Iran and Syria ... (and) has provided assistance for a nuclear program in Syria, including the design and construction of a thermal reactor at Dair Alzour," the panel said.

Syria denied the allegations in a letter to the IAEA, but the U.N. nuclear agency is still trying to obtain reports on the site and its activities, the panel said.

The experts said they are also looking into "suspicious activity in Myanmar," including activities of Namchongang Trading, one of the companies subject to U.N. sanctions, and reports that Japan in June 2009 arrested three individuals for attempting to illegally export a magnetometer — which measures magnetic fields — to Myanmar via Malaysia allegedly under the direction of a company known to be associated with illicit procurement for North Korea's nuclear and military programs. The company was not identified.Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပုန်း နုကလီယား အပေးအယူ ကိစ္စပါ)

မြောက်ကိုရီးယား နျူကလီးယား နည်းပညာ တင်ပို့မှု အမေရိကန် စိုးရိမ်
By ဒေါ်ခင်မျိုးသက် သောကြာ, 28 မေ 2010 ထပ်ဆင့် ဖြန့်ဝေရန်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယား အစိုးရက လိုက်နာမှုရှိမရှိ စောင့်ကြည့်တဲ့ အဖွဲ့က - မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံအပါအ၀င် မူမမှန်တဲ့ နိုင်ငံတွေကို ဖြန့်ဖြူးနေတယ်လို့ အစီရင်ခံစာ ထုတ်ပြန်လိုက်ချိန်မှာပဲ အခုကိစ္စအတွက် စိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း သောင်္ကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်းမှာ အန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်တွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး သင့်လျော်တဲ့ ခြေလှမ်းနဲ့ အရေးယူမှုတွေ လုပ်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ တရားဝင်ဖြစ်အောင် ဟန်ပြလုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံခြားက ရာဇ၀တ်မှု ကွန်ယက်တွေကို အသုံးချပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတချို့ကို နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းအကူအညီတွေ ပေးနေတယ်လို့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့တာနဲ့ပတ်သက်ပြီး ဒီလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် (၁၈၇၄) ကို ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံက စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပီဂျေ ခရောလေး (P.J. Crowley) က အခုလို ပြောပါတယ်။

“အစီရင်ခံစာမှာ ဖော်ပြခံထားရတဲ့ မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေ အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးထားရှိတဲ့အပြင် ပိတ်ပင်ထားတဲ့ ပစ္စည်းတင်ပို့မှုတွေ ပြုလုပ်နေတာကို အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ဘက်ကရော၊ တခြား နိုင်ငံတွေကပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၈၇၄) အရ ဒေသတွင်းရော၊ ကမ္ဘာ့ တခြားနေရာတွေ အတွက်ပါ မတည်မငြိမ် ဖြစ်စေတဲ့ ကန့်သတ်ပစ္စည်းတွေ တင်ပို့ရောင်းဝယ်မှုတွေကို ဟန့်တားဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဆက်ပြီးတော့လဲ လုပ်ဆောင်သွားမှာပါ။”

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ မြောက်ကိုရီးယား ကမ်နန် သင်္ဘော မြန်မာနိုင်ငံကို ဦးတည်ပြီး သွားနေတာမို့ အမေရိကန် တိုက်ရေယာဉ် USS John McCain က နောက်က ထပ်ချပ်မခွာ လိုက်ပြီး စောင့်ကြည့်ခဲ့တာမို့ သင်္ဘောဟာ မြန်မာနိုင်ငံဘက်ကို ဆက်မသွားဘဲ မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း သေသေချာချာ အရေးယူ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်း အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေကို စောင့်ကြည့်ခဲ့သလို သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင် သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“မြောက်ကိုရီးယားရဲ့ ဆက်လက် လုပ်ဆောင်မှုတွေဟာ အိမ်နီးချင်း နိုင်ငံတွေရော။ အခြား ဒေသတွေ အတွက်ပါ အန္တရာယ် ရှိစေပါတယ်။ ပစ္စည်းအတုတွေကို တင်ပို့တာ၊ တရားမ၀င် ပစ္စည်းတွေ ရောင်းချတာ၊ အန္တရာယ် ကြီးမားတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့မှုတွေ၊ ဒုံးလက်နက်တွေ နျူကလီးယား နည်းပညာတွေနဲ့ တခြား ငွေဝင်မယ့် ပစ္စည်းတွေကို ရောင်းချတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီ အန္တရာယ်တွေကို လျှော့ချဖို့ သင့်လျော်တဲ့ ခြေလှမ်းတွေ အမေရိကန် ပြည်ထောင်စုကရော၊ အိမ်နီးချင်း နိုင်ငံတွေကရော ဆက်လက် လုပ်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို လိုက်နာဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံကို မကြာခင်ကမှ လာရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကန့်မ်ဘဲလ် (Kurt Campbell) ကလည်း သတိပေး ပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူ ၇ ဦးပါအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ မြောက်ကိုရီးယားက မြန်မာ၊ အီရန်နဲ့ ဆီးရီးယား နိုင်ငံတွေကို နျူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်မှု နည်းပညာ အကူအညီတွေ ပေးနေတယ်လို့ ဖော်ပြခဲ့တာဟာ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်အောင် ကြိုးစားနေမှုကို အတည်ပြုပေးခဲ့တာလို့ NCGUB အဝေးရောက် ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

“နအဖက နျူကလီယာစီမံကိန်းတခုကို အကောင်အထည်ဖေါ်နေတယ်။ ရုရှားကနေ ရီအက်တာ (Reactor) ဓါတ်ပေါင်းဖို မရောက်သေး ပေမဲ့လို့ မန္တလေးရဲ့မြောက်ဖက် သပိတ်ကျဉ်းနားမှာ ရီအက်တာထားဖို့ စက်ရုံရော နောက် ယူရေနီယံကို ထပ်ပြီးတော့ ပလူတိုနီယံအဆင့် ရောက်အောင်လုပ်တ စမ်းသပ်မှုတွေကို လုပ်နေတယ်ဆိုတဲ့ သတင်းတွေ၊ တချို့စမ်းသပ်မှုတွေမှာလည်း အရပ်ဘက်ဆိုင်ရာမှာ ရေဒီယို ဓါတ်ကြွမှုတွေနဲ့ ဆေးရုံတင်ကုသရတယ်ဆိုတဲ့ သတင်းတွေလည်း ရနေတယ်ပေါ့နော်။

"နောက်ပိုင်းမှာလည်းပဲ ဂျပန်မှာ ဒုံးပျံနဲ့ဆိုင်တဲ့ မက်ဂနိုမီတာပေါ့လေ။ သံလိုက်ဓါတ် တိုင်းတာမှုဆိုင်ရာ ပစ္စည်းတွေကိုတင်ပို့လို့ ဂျပန်အစိုးရက ဖမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း သိကြပြီးသားပါ။ အထဲမှာလည်းပဲ နအဖအနေနဲ့ ဒုံးပျံတပ်ရင်းတို့ နျူကလီယာတပ်ရင်းတို့ စတဲ့ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတွေ လုပ်တာတွေကို ကျွန်တော်တို့တွေ့ရတယ်။ ဆိုတော့ ဒီလုံခြုံရေး ကောင်စီက မြောက်ကိုရီးယား စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ Sanction ကောင်မီတီကနေပြီးတော့ မြောက်ကိုရီးယားကနေ ဒီလိုပစ္စည်းတွေကိုတင်ပို့နေတဲ့ အထဲ မြန်မာနိုင်ငံ ပါတယ်ဆိုတာကို သူတို့ အတည်ပြု လိုက်တာပါပဲ။”

မြန်မာနိုင်ငံရဲ့အခုလို လုပ်ဆောင်မှုတွေကြောင့် အရေးယူမှုတွေအပြင် နိုင်ငံတကာကစစ်ဆေးမှုတွေကို ပိုပြီး ခံလာရနိုင်တယ်လို့လဲ ပြောပါတယ်။

“အရေးယူမှုဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့နော် သတိပေးတာတွေ၊ ရှုံ့ချတာတွေ၊ ကျန်တာကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ လိုက်နာမှု ပေါ်မှာ တည်တာပေါ့နော်။ မြန်မာနိုင်ငံဟာ IAEA နိုင်ငံတကာ နျူကလီယား အေဂျင်စီကနေ နျူကလီယားမပြန့်ပွားရေး ဆိုင်ရာ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံပါ။ ဆိုတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုအနေနဲ့ဆိုရင် မြန်မာနိုင်ငံရဲ့ နျူကလီယားနဲ့ ဒုံးကျည် နည်းပညာပိုင်း စမ်းသပ်မှုတွေ ပိုပြီးတော့ စစ်ဆေးခံရမယ့် သဘောတွေ ရှိပါတယ်။”

အဝေးရောက် ညွန့်ပေါင်း အစိုးရ ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်း က ပြောသွားတာပါ။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Al Jazeera news - Moustache Brothers Myanmar

အပြည့်အစုံသတင်းဖတ်ရန်....

ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း

အပြည့်အစုံသတင်းဖတ်ရန်....

မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)


မှောင်သောညများ
written by ko myo, May 26, 2010
ဲပြည်သူတွေ ဒုက္ခရောက်နေတယ် ဆိုတာသိတောင် သိကြ ပါ့မလား။
ပုံထဲကအတိုင်း အေးဆေး ကဲနေတော့မယ် --- မြန်မာစီပွားရေး ထိပ်တန်းလုပ်ငန်းရှင်မျာက-- နောက်ဆုံးပေါ် ကျည်ကာ၊ဒုံးခွင်း --မြေပါလျှိုး- မိုးပါပျံလို့ ရတဲ့ ကားအကြီး ကြီးတစ်စီး၊ဆု ချမယ်တဲ့။
မီးစက်ရောင်းတဲ့ လုပ်ငန်းရှင်တွေကလဲ အောက်မှာ အားရပါးရ အားပေးနေ ကြလေရဲ့။

အပြည့်အစုံသတင်းဖတ်ရန်....

Myanmar opposition marks anniversary of victory

Burmese people won't forget 1990 may election result and the truth lie.
(05-27) 08:06 PDT YANGON, Myanmar (AP) --
The party of detained Myanmar opposition leader Aung San Suu Kyi quietly commemorated the anniversary Thursday of its victory in elections 20 years ago and stood by its decision not to register for new polls to be held later this year.

A faction of the party, however, has split off to participate in the balloting.

About 70 party members gathered at the residence of party Vice Chairman Tin Oo to celebrate the party's 1990 victory.

"We will continue our struggle for democracy and we will continue to carry out our political activities," Tin Win, a senior National League for Democracy leader, said at the quiet celebration.

The NLD cannot officially hold gatherings at its headquarters since it was disbanded for refusing to register as a political party. It won Myanmar's last elections in 1990, but the military junta never allowed it to take power.

It declined to re-register for elections planned for this year as stipulated by new election laws. The NLD says the new laws are unfair and undemocratic because Suu Kyi and other people convicted of political offenses are barred from taking part in the vote.

But a faction of Suu Kyi's party applied Thursday for party registration with the Election Commission, said Than Nyein, a former senior NLD member who is expected to serve as the new party's chairman.

The faction calls itself the National Democratic Force.

Through her lawyer, Nyan Win, Suu Kyi expressed dissatisfaction with the new group's decision to register.

The exact date of the elections has not been announced.

Critics say the elections will be engineered so that military officers, many of whom have already shed their uniforms to enter politics, would be assured of victory.

Read more: http://www.sfgate.com/cgi-bin/article.cgi?f=/n/a/2010/05/27/international/i080645D66.DTL#ixzz0pKD4Jfnn
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

In a personal handwritten letter to Burmese opposition leader Suu Kyi,

In a personal handwritten letter to Burmese opposition leader Suu Kyi, Gordon Brown wrote:


“This is one of the last letters I write as Prime Minister and I want it to be to you, to champion your cause for democracy in Burma and to say I will do everything I can to support you. You are, for me, what courage is and I wil...l fight for you to be free and your people [to be] free.”

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, May 29, 2010

မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင်းမွန်တဲ့ တင်ပြချက်ပါ။


အပြည့်အစုံသတင်းဖတ်ရန်....

ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်တိုး

ဖနိဒါ | သောကြာနေ့၊ မေလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံတိုးလိုက်ရာ စုစုပေါင်း ၁၄ နှစ်ခွဲ ဖြစ်သွားသည်။

တာမွေမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ်လိုက်သည်။

အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(ခ)ဟူသည် နိုင်ငံတော် တည်ငြိမ်လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှတဆင့် ပေးပို့ဖြန့်ချီမှုဖြစ်ကာ ဒီမိုကရေစီလိုလားသော အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်တွင်ကျယ်ကျယ် အသုံးပြုလာသော ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက် ”၂ဝဝ၅ ခုနှစ်နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ချခံရသူ အကုန်လုံးလို” မှာ အီလက်ထရောနစ် အက်ဥပဒေဖြင့် စွဲဆို ထောင်ချခံရသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“တရားသူကြီးဖတ်ပြတာက အီးမေးကို အသုံးပြုပြီးတော့ တဖက်က တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ်ဆိုပြီးတော့ ပြောတယ်” ဟု တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သော ကိုမျိုးသန်းထက်က ပြောသည်။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းများ ဖြစ်သည်ကို တရားသူကြီးက ရည်ညွှန်းသွားခြင်းမရှိဟု သိရသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်

သူငယ်ချင်း -
မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။
ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့ စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့
“နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး
ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။


ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ


“နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။
ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို
ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို
ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာ
အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ
နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့
လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။
အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့
နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို
တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီး
ရေးကြရလိမ့်မယ်သူငယ်ချင်း။


လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့


ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊
စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျ
အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့
ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့
အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ့။
ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့
ငါတို့နိုင်ငံ နတ်ရေကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း
ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊
ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို
မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း
မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာက
အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။
ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ
အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။
သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊
ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅
ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊ တိုင်းရင်းသားအဖွဲ့အစည်းဆိုတာတွေနဲ့
ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင်
အားလုံးညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက
အစိုးရပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း
ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။
ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။
လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့်
လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့
ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့
ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။
နိုင်ငံ့အရေးပေါ့။
ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ
လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊
အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး
ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာ
ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ
မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှတဲ့
အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ
ဆိုးဆိုးရွားရွားပျက်စီးနေတာပါပဲ။

သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို

စည်းကမ်းလိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။
တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။
ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့
ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက
လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင်
ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊
စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။
ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။
ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေ
ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း
ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့
လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ
ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး
ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို
စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊
အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်းတံတွေး
ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။
ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။
လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးက
သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ၊
ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို
ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေ
ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ
ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့
ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။

စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို

ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊
လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့
အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ
လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့
အကြံအဖန်တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့်
တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း
ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ
လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။

သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ

အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို
စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ
အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား။
သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး
အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ
မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက်
ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ
ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT
ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့
အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း
ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊
အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့
လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆို
ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင်
လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊
စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊
မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊
ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ
တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့
အနာဂတ်တွေပဲမဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ

ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊
ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး
ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။
ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက
ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။
ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ
ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို
ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။
တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။
ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီး
ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ
ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။

မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့

မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း
မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ
မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို
ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။


PS. လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်


ကျွန်တော်တို့မြန်မာပြည်လည်း နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ်
လို့ယုံကြည်ပါတယ်။
ကျွန်တော်တို့လည်း နောက်မကျသေးခင် ကိုယ်တတ်နိုင်တဲ့နိုင်ငံရေးကို
လုပ်ဆောင်ကြရအောင်။

ကမ္ဘာစိုးမင်း
Ref:http://forverfriends.ning.com/profiles/blogs/from-forward-mail
__________________________________________________

နိုင်ငံရေးကို စိတ်မ၀င်စားသူသည် နတ်သော်လည်းကောင်း၊ နွားသော်လည်းကောင်း
ဖြစ်ရမည်၊ လူမဖြစ်နိုင်။ (သခင်ဘသောင်း)

All the best!Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ခွပ်ဒေါင်းအလံ

ဒေါင်းပျိုထိုးဆွပ်
ဘယ်ညာခွပ်၍
လွတ်လပ်ရလေ
တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား- လို့
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့ရဲ့ ဆရာလဲဖြစ်၊ ရဲဘော် ရဲဘက်လဲဖြစ်တဲ့ စာဆိုကြီး မင်းသုဝဏ်က ခွပ်ဒေါင်းအလံကို ဂုဏ်ပြုဖွဲ့ဆိုခဲ့ပါတယ်။

ရှေးက မြန်မာနိုင်ငံတော်ရဲ့ အလံဟာ “ကဒေါင်းပုံ” ဖြစ်ပါတယ်။ “ကဒေါင်း”ဆိုတာ အမြီးဖြန့်ကားပြီး ကနေတဲ့ဒေါင်းပေါ့။ ကဒေါင်းကို “နေ” ကယူပါတယ်။ “နေ”ထဲမှာ ဒေါင်းပုံ ပါရှိပြီး “လ” ထဲမှာ “ယုန်” ပုံ ပါရှိတယ်လို့ ဗမာ့ရိုးရာ အယူအဆ ရှိပါတယ်။ ၀ံသာနုခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ဒေါင်းဋီကာ” “ဒေါင်ဂဏ္ဌိ” စတဲ့ “ဒေါင်း” အဖွင့် စာပေတွေ ပြုစုလို့ အမျိုးသားကျောင်းတွေမှာ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ၀ံသာနုခေတ်လို့ ခြုံငုံပြီးခေါ်တဲ့ခေတ်မှာ အရေးပါတဲ့ အဖွဲ့အစည်းက ဗမာပြည်တ၀န်းရှိ ၀ံသာနု ၀ိုင်အမ်မ်ဘီအေ အသင်းတွေကို စုစည်းထားတဲ့ ဂျီစီဘီအေ အသင်းချုပ်ကြီးပါ။

ဗုဒ္ဒဘာသာကလျာဏယုဝအသင်း ပေါ်ပေါက်လွှမ်းမိုးတဲ့ခေတ်ကို ၀ံသာနုနိုင်ငံရေးခေတ်လို့ ခေါ်လေ့ရှိပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း နာယကအဖြစ်နဲ့ ဦးဆောင်တဲ့ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်သိန်းဖေ၊ သခင်ဗဟိန်းစတဲ့ သခင်လူငယ်တွေ လွှမ်းမိုးတဲ့ နိုင်ငံရေးခေတ်ကိုတော့ သခင်နိုင်ငံရေးခေတ်လို့ ခေါ်ခဲ့ကြပါတယ်။

သခင်ခေတ်မှာ လွတ်လပ်ရေးကို လက်ဖြန့်တောင်းလို့ မရတော့ဘူး၊ တိုက်ယူမှ ရတော့မယ်ဆိုပြီး ဆရာကြီးမှိုင်းကစ လူသိရှင်ကြားပြောဟောခဲ့ပါတယ်။ ခေတ်သစ်လူငယ်လေးတွေ ဆိုတာ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်က မွေးထုတ်လိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားတွေက ဖြစ်လာခဲ့တာပါပဲ။ ၀ံသာနုခေတ်လို့ အမျိုးသားရေး အလွမ်းသည်တဲ့ ခေတ်မဟုတ်တော့ဘဲ လက်သီးလက်မောင်းတန်းတဲ့ ခေတ်ဖြစ်လာပါပြီ။ တက္ကသိုလ် သမဂ္ဂမှာလဲ “အိုးဝေ” ဆိုတဲ့ ဒေါင်းသံ ရင့်ကျူးလာခဲ့ပါပြီ။ ကိုအောင်ဆန်းနဲ့ ကိုညိုမြတို့ တီထွင်ခဲ့တဲ ကျောင်းသားအသံ မဂ္ဂဇင်းပါ။ သူတို့တတွေဟာ တက္ကသိုလ်သမဂ္ဂတို့သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကိုပါ တည်ထောင်ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲဝင်ခဲ့ကြပါပြီ။ ခွပ်ဒေါင်းအလံကို စွဲကိုင်ခဲ့ကြပါပြီ။

ရန်ကုန်တက္ကသိုလ်မှာ ကိုဗဆွေလေး၊ မန္တလေးတက္ကသိုလ်မှာ မောင်သာနိုးတို့ဟာ ခွပ်ဒေါင်းပုံကို စုတ်နဲ့ တကြောင်းဆွဲ ရေးဆွဲလေ့ ရှိခဲ့ကြပါတယ်။ အဲဒီခေတ် (၁၉၆၀) ၀န်းကျင်မှာ ကျနော် တကသ အမှုဆောင်အဖြစ် ကိုသာနိုးတို့နဲ့အတူ ပါဝင်လုပ်ဆောင်တဲ့အခါ ကျနော်လဲ ခွပ်ဒေါင်းပုံအဆွဲ လေ့ကျင့်ခဲ့ပါတယ်။ (ကိုစိန်မြင့် (ခုမောင်မိုးသူ) နဲ့ ကိုစိန်မောင် (ပန်းချီ) တို့ဟာ ခွပ်ဒေါင်းပိုစတာဆွဲရာမှာ ထူးချွန်သူတွေအဖြစ် အခွင့်သာတုန်းမှာ မှတ်တမ်းတင်ပါရစေ။) ဒီလိုခွပ်ဒေါင်းပုံတွေရေးဆွဲခဲ့ပေမဲ့ ကျနော်တို့တတွေဟာ မူလ ခွပ်ဒေါင်းအကြောင်းကို မစပ်စုမိခဲ့ပါဘူး။ အောင်ဆန်းခေတ်မှာပေါ်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အမှတ်တံဆိပ်လို့သာ ယေဘုယျ နားလည်ခဲ့ရပါတယ်။

အမေရိကားရောက်တော့မှ ဆရာဒဂုန်တာရာတို့ ဖုန်းနဲ့လှမ်းမေးခဲ့တော့ သူတို့ခေတ်မှာ (အောင်ဆန်းခေတ်မှာ) ကာတွန်းကိုဘဂျမ်း ရေးဆွဲပေးခဲ့တာကိုပဲ ရေးရေးသတိရတော့တယ်လို့ ဖြေပါတယ်။ ခုအခါ ဆရာတာရာနဲ့ သခင်အုန်းမြင့်စတဲ့ အောင်ဆန်းခေတ်ပြိုင်ပုဂ္ဂိုလ်တွေနဲ့ ရှေးမီနောက်မီ ပုဂ္ဂိုလ်တွေကို အသေးစိတ် ဆက်လက်မေးမြန်း ထားသင့်ကြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ရှင်လူရဟန်းတွေ အများကြီး ပါဝင်လာခဲ့ပေမဲ့ တကယ်ရှေ့ဆောင် လှုပ်ရှားခဲ့တာကတော့ ခွပ်ဒေါင်းအလံကိုင် ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ဗကသဆိုတာကို ခေတ်အဆက်ဆက် အစိုးရတွေ ဖိနှိပ်ဖြိုဖျက်လာခဲ့ပေမဲ့ ခေတ်အဆက်ဆက်ကျောင်းသားတွေက ပြန်လည်ဖွဲ့စည်းပြီး ခွပ်ဒေါင်းအလံကို တိုက်ပွဲဝင်အလံအဖြစ် သွေး၊ ချွေး၊ မျက်ရည်တွေ ရင်းနှီးပြီး ဆက်လက် လွှင့်ထူခဲ့ကြပါတယ်။

ဒါကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်ပြုပြီး တော်လှန်ရေးကြယ်ဖြူနဲ့ ခွပ်ဒေါင်းတို့ ပေါင်းစပ်လိုက်ပါတယ်။ တိုက်ပွဲသမိုင်းကြီး တခုလုံးကို ထင်ဟပ် လေးနက်စေခဲ့ပါတယ်။
ခုခေတ်ဟာ ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့ ခေတ်ပါ။ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲခေတ်ပါ။ တိုက်ပွဲဝင်ဆဲကာလ ဖြစ်လို့ တိုက်ပွဲ အထိမ်းအမှတ် ခွပ်ဒေါင်းဟာ အလွန့်အလွန် အဓိပ္ပါယ်ရှိပြီး အလေးအနက် ထားရပါလိမ့်မယ်။

တိုက်ပွဲမ၀င်ရဲသူ၊ သစ္စာဖောက်သူ၊ သွေဖယ်ဖောက်ပြန်သူတွေဟာ ခွပ်ဒေါင်းအလံကို ကိုင်ဆောင်ဖို့ဝေးစွ အရိပ်တောင် မနင်းရပါဘူး။ တိုက်ရဲသူတို့အလံကို ချောင်ကြိုချောင်ကြားက အမြီးကုပ် ထွက်လာသူမျိုးက မတန်မရာကိုင်ရင် မိုးကြိုးပစ်ပါစေ။ မစိုးရိမ်ဆရာတော်ကြီး အမိန့်ရှိဖူးသလို ကံကြီးထိုက်တတ်ပါတယ်။ ခေတ်အဆက်ဆက် သွေးမြေကျခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ ၀ိဉာဉ်ကလဲ အလံကို စောင့်ရှောက်ပါစေ။ လက်ရှိတိုက်ပွဲဝင် ကျောင်းသားတွေက ကာကွယ်နိုင်ပါစေသတည်း။
http://www.mgpala.com/2010/05/blog-post_29.html
ခွပ်ဒေါင်းအလံကို အလေးပြုနီလျက် …

မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၀Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင် ဇိုရာဖန် နှင့် ဗီအိုအေ အင်တာဗျူး

အပြည့်အစုံသတင်းဖတ်ရန်....

ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဘာတွေ ကြံစည်နေကြသလဲ

ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြပါသည်။
လောလောဆယ်မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးများ အားလုံးဟာ ညစဉ်ညတိုင်း အစည်းအဝေးတွေ ပြုလုပ်နေသလို ယခု လေးလပတ် အစည်းအဝေး ကိုလည်း မကြာမီကလေးတင်ကမှ ကျင်းပပြီးဆုံးသွားခဲ့ကြောင်း စစ်ဘက်နီးစပ်သူများမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။
ယခုကျင်းပတဲ့ လေးလပတ် အစည်းအဝေးမှာ ရေပန်းစားနေတဲ့ ခေါင်းစဉ်များကတော့ နိုင်ငံရေးအပိုင်းတွင် မကြာခင် မြန်မာနိုင်ငံကို လာတော့မယ့် အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်ဝက်ဘ်ရဲ့ မြန်မာနဲ့မြောက်ကိုရီးယား အဆက် အသွယ်ဖြတ်ရေးအတွက် နအဖဟာ “ဘာနဲ့” အပေးအယူလုပ် ဆွေးနွေးကြမယ်၊ အလားတူ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် မလာခင် အပစ်ရပ်အဖွဲ့များအား မဟာဗျူဟာနဲ့နည်းဗျူဟာ ချမှတ် ကိုင်တွယ်နိုင်ရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ဘယ်လိုတင်ပြမယ်၊ လာမဲ့ရွေးကောက်ပွဲကို အသိအမှတ်ပြု ခံနိုင်ရေးအတွက် အမေရိကန်အား စည်းရုံး ကြိုးပမ်းလို့ မရရင်တောင် အီးယူ ဥရောပအဖွဲ့အနေနဲ့ အသိအမှတ်ပြုပေးနိုင်ရေးအတွက် ဘယ်လိုစည်းရုံးသွားကြမယ်၊ အဲဒီလို စည်းရုံးသွားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အခြေအနေထိန်းနိုင်မဲ့ ကာလတစ်ခုမှာ ဆိုင်းငံ့ပြစ်ဒဏ်အား လျှော့ပေါ့ပေးကာ ရုတ်တရက် လွှတ်ပေးလိုက်ခြင်းဖြင့် နိုင်ငံတကာနဲ့ အပေးအယူ ဘယ်လိုလုပ်ကြမယ်၊ ရွေးကောက်ပွဲမှာ (၂၅) ရာခိုင်နှုန်း တာဝန်ပေးမယ့် အရာရှိတွေကိစ္စနဲ့ ယူနီဖောင်းချွတ်ကြံ့ဖွတ်ပါတီ ထောင်တဲ့ကိစ္စ စတာတွေကို ဆွေးနွေး ညွန်ကြားချက် ပေးခဲ့ကြောင်းလည်း သိရှိရပါတယ်။
ဒ့ါအပြင် ပြည်သုံးပြည်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော်၊ ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွတ်သို့ စစ်တပ်မှ အရာရှိများ သွတ်သွင်းနိုင်ဖို့ ပြောင်းရွှေ့မှုတွေကို စတင်တော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲ ၀င်ရန်မလိုဘဲ ၂၅ ရာခိုင်နှုန်း တာဝန်ပေးမယ့် တပ်မတော် အရာရှိကြီးများ စာရင်းကိုလည်း မကြာခင်မှာ အမိန့် ထွက်လာရန်ရှိကြောင်း သိရှိရပါတယ်။ အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါ အဝင် တိုင်းရင်းသားပါတီကြီးများ အနေနဲ့ ရွေးကောက်ပွဲ မဝင်တော့တဲ့အတွက် နအဖအဖို့ အသက်ရှု ချောင်စရာတော့ ဖြစ်နေပါတယ်။ ဒါပေမယ့် ရေရှည်မှာ ပြည်သူလူထု ထောက်ခံမှုကို မရနိုင်မှန်း ကိုယ့်အခြေအနေကို ကိုယ်သိနေတဲ့ စစ်အာဏာရှင်တစ်စုဟာ အားရ တင်းတိမ်နိုင်မှု မရှိသေးဘဲ ရွေးကောက်ပွဲမှာ အနိုင်ရရုံတင်မက လွှတ်တော်များတွင် စိတ်ကြိုက် အာဏာချုပ်ကိုင်နိုင်ဖို့ အပူတပြင်း စီစဉ်နေပါတော့တယ်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Get out SPDC ,shame on you ruling without supporting people.

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား

May 28, 2010 ရွေးကောက်ပွဲ မဲပေးမည့် လူဦးရေစာရင်းများ ကောက်ခံ ရိုးမ ၃။ ၂၈၊ ၅၊ ၂၀၁၀
၂၀၁၀ ရွေးကောက်ပွဲ မဲပေးရန်အတွက် လူဦးရေ စာရင်းများ အတိကျ လိုက်လံကောက်ခံနေလျှက်ရှိကြောင်း မြို့ခံများက ပြောသည်။

ယခုလ (၂၅) ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အားလုံးတွင် အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်း ပုံစံ(၁၀) ဖြင့် တိုက်ကြည့်ကာ စာရင်းကောက်ခံနေခြင်း ဖြစ်သည်။

“သူတို့ လာရောက်စာရင်း ယူတဲ့စာရွက် ခေါင်းစဉ်မှာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ မဲစာရင်း နည်းဥပဒေ ၄ (က) ဆိုပြီး ပါတယ်၊ အောက်မှာရေးထားတဲ့ လက်မှတ်က ဥက္ကဌ ကျေးရွာ/ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဆိုပြီး ရေးထားတယ်”ဟု ပြောသည်။

ရပ်ကွက်တွင်းရှိ မိသားစုအလိုက် လူဦးရေ တိုက်ဆိုင်စစ်ဆေးမှုမျိုးမဟုတ်ပဲ အိမ်ထောင်စု ပုံစံ (၁၀)ကို ရယက ဥက္ကဌ ကောက်ခံပြီး အသက် (၁၈)နှစ်ပြည့်သူများကို ကောက်ခံနေခြင်းဖြစ်သည်။

မုံရွာမြို့ပေါ်တွင် ယခင်က ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်သာရှိသော်လည်း ယခုအခါ ရပ်ကွက်များထပ်မံ တိုးချဲ့ထားသည့်အတွက် ၂၅ ရပ်ကွက်အထိ ရှိပြီး စာရင်းလာကောက်သူများက ရွေးကောက်ပွဲအတွက် အခြားပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင်လည်း ပြီးခဲ့သည့် လပိုင်းကတည်းက လူဦးရေးစာရင်းများ ကောက်ခံနေလျှက်ရှိပြီး ပဲခူးတိုင်းအတွင်း မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မဲပေးနိုင်ရန်အတွက် နိုင်ငံသား စီစစ်ရေးကဒ်များကို အခကြေးငွေယူကာ လိုက်လံ လုပ်ပေးနေလျှက်ရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြို့ပေါ် တွင် ဖမ်းဆီး ထိန်းသိမ်း

မန္တလေးမြို့ပေါ်ရှိ လမ်းများနှင့် ဘုရား ပရဝဏ် များတွင် လေလွင့် လူငယ်များ၊ တောင်းရမ်း စားသောက် သူများ ပပျောက် စေရန် ယခုလ ၅ ရက်နေ့က မဟာမုနိ ဘုရားကြီး ပရဝဏ်ရှိ တောင်းရမ်းသူ များကို မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖမ်းဆီး အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ဘုရားကြီး ပရဝဏ်မှ ဖမ်းဆီး ထိန်းသိမ်း ထားသူ များတွင် အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၉ ဦးနှင့် ကလေးငယ် ၇ ဦး ပါဝင်ပြီး ဈေးများ နှင့် ဆေးရုံ အနီး တစ်ဝိုက်တွင် နေထိုင် သူများကို စောင့်ဆိုင်း ဖမ်းဆီး ထားသူ အားလုံးစုစုပေါင်း ၆၅ ဦး အထိ ရှိပြီ ဖြစ်သည်။ ဖမ်းဆီး ထိန်းသိမ်းထား သူများထဲမှ ကလေးငယ် များအား သာသနာ့ဘောင် ဝင်လိုလျှင် ခွင့်ပြုမည် ဖြစ်ကာ ကျန်းမာ သန်စွမ်းသော အမျိုးသား များအား စည်ပင် သာယာရေး ကော်မတီက အလုပ် အကိုင် ပေးမည် ဖြစ်ကြောင်း သိရသည်။ “ကလေးငယ်တွေကို သာသနာ့ဘောင် ဝင်ချင်ရင် ဝင်နိုင်အောင် ဆရာတော် တစ်ပါးက အလှူခံ ထားပါတယ်။ ကျန်းမာရေး ကောင်းတဲ့ အမျိုးသားတွေ အလုပ်လုပ်ချင်တယ် ဆိုရင် မြို့တော်စည်ပင်မှာ သင့်တော်တဲ့ အလုပ်ပေးဖို့ ရှိပါတယ်။ အနာကြီး ရောဂါသည် တွေကိုတော့ ရေနံ့သာ ဆေးရုံကို ပြန်ပို့ဖို့ စီစဉ် ထားပါတယ် ” ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်ပုက ဟံသာဝတီ သို့ ပြောပြပါသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သိက္ခာ

ကျက်သရေ မရှိတဲ့ မိစ္ဆာ
လူ့ ပြည်ကမကြာမှီ ထွက်ခွာပါတော့မယ်။

သိက္ခာမရှိတဲ့  ငမိုက်သား
လူ့ပြည်မှာ အလကားနေခဲ့ ။

သံဃာတွေရဲ့ အဇာတဿ
မိုက်မဲတဲ့ နာမည်နဲ့ သေသွားမယ့်သူ။

ဂူဂါလ်(Google) မှာရိုက်ကြည့်မလား
ရာဟူး(Yahoo search)မှာဘဲရှာရှာ
ကမ္ဘာ့ အာဏာရှင်စာရင်းထဲက
Black list အမဲရောင်မှောင်တဲ့ 
ဂုဏ်ရောင်မပြောင် စာရင်း အသွင်းခံထားရတဲ့ သတ္တ၀ါ
ကျုပ်သာဆို လဲသေသွားပြီ
သိက္ခာက တပြားမရှိတော့ဘဲလေ။



ဖိနပ်စောင့် နေတဲ့ အပြုံး

(ဒေါင်းတမာန်)

အပြည့်အစုံသတင်းဖတ်ရန်....

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR

မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Chinese Assembly Hall တွင် UNHCR မှ မြန်မာ ဒုက္ခသည်အဖွဲ့အစည်းများကို တွေ့ဆုံ၍ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆွေးနွေးခဲ့သည်။

UNHCR ၏ Community Development Unit (CDU) အနေနှင့် မလေးရှားရောက် UNHCR ကဒ်ရထားသူ မြန် မာဒုက္ခသည်များအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် မလေးရှားအာဏာပိုင်များနှင့် တိုင်ပင်ဆွေး နွေးနေကြောင်းနှင့် ရလဒ်ကောင်းတွေရလာနိုင်ကြောင်းပြောကြားခဲ့သည်။ CDU မှ မြန်မာဒုက္ခသည်အဖွဲ့အစည်း များကို ပြောကြားရာတွင် UNHCR ကဒ်ရရှိထားပြီး အလုပ်လုပ်ကိုင်နေသူများ၊ အလုပ်မဲ့နေသူ ဒုက္ခသည်များ၏ နာမည်၊ စာရင်း၊ အလုပ်လုပ်ကိုင်ရာနေရာ၊ ဆက်သွယ်ရန်လိပ်စာ စသည့်အချက်များပါသည့် စာရင်းကို UNHCR သို့ပေးပို့ပေးကြရန် ပါဝင်သည်။
UNHCR ၏ မြန်မာဒုက္ခသည်များ အလုပ်အကိုင်ရရှိရေးအတွက် ကူညီဆောက်ရွက်ပေးမှုသည် ကောင်းမွန်သော အစီအစဉ်ဖြစ်ပေမယ့် မလေးရှား uNHCR အရာရှိတစ်ချို့ အထူးသဖြင့် Registration Unit ၏ ခွဲခြားဆက်ဆံမှု များကြောင့် အခက်အခဲ အကန့်အသတ်များရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) ဥက္ကဌ ဦးမောင်လှက အစည်းအဝေးတွင် ပြောကြားရာတွင် “ အလုပ်အကိုင်ရရှိရေးအတွက် UNHCR မှ ယခုလို ကူညီဆောင်ရွက်နေခြင်းသည် ၀မ်းသာ စရာကောင်းသည်။ သို့သော် UNHCR ကဒ်ရရှိထားသူများအတွက်သာဖြစ်နေပြီး ဒုက္ခသည်ဖြစ်ထိုက်ပေမယ့် UNHCR Registration တွင် နာမည်စာရင်းသွင်းဖို့တောင် အခွင့်အရေး မရကြသော မြန်မာဒုက္ခသည်များအဖို့ အင်မတန်ဝမ်းနည်းစရာကောင်းနေပါတယ် ” ဟု ပြောဆိုသွားသည်။

မလေးရှား UNHCR ၏ ခွဲခြားဆက်ဆံနေမှုနှင့်ပတ်သတ်၍ ဦးမောင်လှက “ ယခုအခါ မလေးရှား UNHCR အရာ ရှိတစ်ချို့၏ မြန်မာလူမျိုးအချင်းချင်းအပေါ် သွေးခွဲနေခြင်း၊ ခွဲခြားဆက်ဆံနေမှုများသည် လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ဗမာလူမျိုးအပါအ၀င် အချို့မြန်မာအဖွဲ့အစည်းများမှာ UNHCR ကဒ်ရဖို့ဝေးစွ၊ Registration လုပ်ခွင့်မရသည်မှာ ၃ နှစ်ကျော်နေပြီဖြစ်ကြောင်း၊ ဒါဟာ လုံးဝ မတရားသက်သက် ဖိနှိပ်၊ အနိုင်ကျင့်တာ ဖြစ် ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

UNHCR အနေနဲ့ မလေးအာဏာပိုင်များ နှင့် ဆွေးနွေး၍ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရင်တောင်မှ UNHCR ကဒ်မရသေးသော မြန်မာဒုက္ခသည်များမှာ ဘာအခွင့်အရေးမှ မရသည့်အပြင် မလေးအာဏာပိုင်များ၏ အတင်း အကြပ်ဖမ်းဆီးထောင်ချ အပြစ်ပေးခြင်းကို ပိုမိုခံရနိုင်ဖွယ်ရှိနေသည်ဟု စိုးရိမ်မှုများလည်းရှိသည်။ ထို့ပြင် ဒုက္ခ သည်ချင်းအတူတူ UNHCR ကဒ်ရရှိထားသူများ နှင့် UNHCR ကဒ်မရသေးသောသူများကြား ကွာဟချက်လည်း အလွန်ကြီးများသွားမည်။

ဒီလိုမြန်မာဒုက္ခသည်အချင်းချင်းမညီမျှမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်ရတာဟာ မလေးရှား UNHCR အရာရှိတစ် ချို့ရဲ့ မတရားခွဲခြားမှုကြောင့်ဘဲဖြစ်တယ်။ မလေးရှား အစိုးရက လူသားချင်းစာနာလို့ တရားဝင်လုပ်ကိုင်ခွင့် ပြု လာရင်တောင်မှ မလေးရှား UNHCR အရာရှိတစ်ချို့ရဲ့ နှစ်ရှည်လများ ခွဲခြားဆက်ဆံမှုတွေကြောင့် UNHCR ကဒ်ရထားတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေကျတော့ အလုပ်အကိုင်တွေရစေ၊ သူတို့ UNHCR ကဒ်မပေးတဲ့ ဗ မာလူမျိုးတွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကျတော့ ထောင်ကျစေ သ ဘောဖြစ်နေပြီ။

မလေးရှား UNHCR က ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဗမာတွေကို UNHCR စာရင်းပေးသွင်းခွင့်မရတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။

တစ်ချို့ UNHCR အရာရှိတွေကဆိုရင် “ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ” လို့ ပြောတာတွေရှိပါတယ်။ ဒီလို ယုတ္တိမရှိတဲ့ ပြောကြားမှုတွေနှင့်ပတ်သတ်ပြီး ကျနော့်မှာ အထောက်အထားတွေရှိပါတယ် ” ဟု BRO ဥက္ကဌ ဦမောင်လှက ဆိုသည်။

အစည်းအဝေးတွင် CDU မှ တာဝန်ရှိသူများက မိမိတို့အနေနဲ့ UNHCR Registration Unit နဲ့ ဆွေးနွေးတိုင်ပင် မည်ဖြစ်ကြောင်း နှင့် မြန်မာဒုက္ခသည်အဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြမှုများကို အလေးထားပါကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းများမှ မိမိတို့၏ အဖွဲ့ဝင်များ၏ အမည်၊ နေရပ်လိပ်စာ၊ ရောက်ရှိရာနေရာ၊ အ လုပ်ရှိလျှင် အလုပ်၏လိပ်စာ စသည့်အချက်အလက်များပါသော စာရင်းကို ပို့ပေးပါရန်လည်း ပြောကြားခဲ့သည်။

မလေးရှား UNHCR ၏ အဖွဲ့အစည်းများ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား၊ အနိုင်ကျင့်တတ်ပုံနှင့်ပတ်သတ်၍ BRO ဥက္ကဌ ဦးမောင်လှက ယခုလိုပြောပြခဲ့သည်။

“ ကျနော်တို့အနေနဲ့ UNHCR ရဲ့ ဂုဏ်သိက္ခာကိုလေးစားပြီး မလေးရှား UNHCR ရဲ့ Registration Unit က ယခု လိုဘဲ ကျနော်တို့ မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) အဖွဲ့ဝင်တွေရဲ့ နာမည်၊ လိပ်စာ၊ ရောက်ရှိရာနေရာ၊ မလေးရှားရောက်သည့်နှစ်၊ အိမ်ထောင်ရှိ/မရှိ အစရှိသဖြင့် အချက်အလက်များပါတဲ့ စာရင်းကို ၂၀၁၀ ဖေဖော် ၀ါရီလဆန်းပိုင်းနောက်ဆုံးထားပို့ပေးရန် အကြောင်းကြားခဲ့သည်။ UNHCR ပြောတဲ့အတိုင်း ကျနော်တို့ အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ ဒီအဖွဲ့ဝင်တွေကို UNHCR စာရင်းသွင်းပြုလုပ်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်။

BRO အနေနဲ့လည်း UNHCR ရဲ့ ဂုဏ်သိက္ခာကို လေးစားတာကြောင့် သူတို့ပေးထားတဲ့ ကတိကိုယုံကြည်ခဲ့မိ တယ်။ သို့သော် အချိန်အတော်ကြာတဲ့အထိ မျှော်လင့်နေခဲ့သော်လည်း ဘာမှအကြောင်းပြန်ကြားခြင်းမရှိတာ ကြောင့် ကျနော်ကိုယ်တိုင်သွားရောက် စုံစမ်းမေးမြန်းတဲ့အခါ UNHCR အရာရှိရဲ့ တုံ့ပြန်ချက်ဟာ လုံးဝကို အံ့ အားသင့် တုန်လှုပ်သွားခဲ့ရပါတယ်။

UNHCR Registration အရာရှိက “ ငါတို့မင်းတို့အဖွဲ့ဝင်စာရင်းကို မလေးရှား Immigration(လူဝင်မှုကြီးကြပ် ရေး) ဌာနကို ပေးပို့ထားတယ်လို့ ” ကျနော့်ကိုပြောတယ်။ UNHCR လိုအဖွဲ့အစည်းမှာ ဒုက္ခသည်အဖြစ်လျှောက် ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မလေးရှားအာဏာပိုင်တွေကို ပေးပို့လိုက်တာဟာ ဗမာလူမျိုး ဒုက္ခသည်တွေ သက်သက်ဖမ်းဆီးထောင်ချစေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုဖြစ်နေတယ်။ ပြီးတော့ ယုံ ကြည်မှုကို အလွဲသုံးစားလုပ်လိုက်တာလေ။


အခုလည်း မလေးရှား UNHCR ရဲ့ စီမံကိန်းတွေဟာ UNHCR ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်မရတဲ့ ကျနော်တို့ BRO အဖွဲ့ဝင်တွေနဲ့ အခြား UNHCR ရဲ့ခွဲခြားဆက်ဆံ၊ ဖိနှိပ်၊ အနိုင်ကျင့်ခံနေရတဲ့ ဒုက္ခသည်တွေအတွက်တော့ “ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR ရယ် ” လို့ဘဲ မေးရမလိုဖြစ်နေပါတော့တယ်ဗျာ။ ”
ပေးပို့ပေးသူ - ခမိခဆဲ http://kamikaze-2010.blogspot.com

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */