Pages

Sunday, December 05, 2010

ဒင်းကလည်း အလာသားဗျ

ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန်ကြံစည်မှု
မြန်မာ့ အရေး on Sunday, December 5, 2010 at 1:55am
.ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် လွှတ်ပေးဖို့  ဆုံးဖြတ် အပြီး မှာ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက် တော်သူ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စု လွတ် လာရင် "ကျွန်တော်တို့ လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ် မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံ အော ထောက်ခံ မယ် ဆိုတဲ့ အကြောင်း " ....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘော မတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေး ပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွား တာ ပိုကောင်းတယ် လို့ မထင် ဘူး ဟု ပြောကာ နားချခဲ့ရသည် "

ဒေါ်ခင်ခင်ရီ ကလည်း ယူနိုက်တက် အမရာဘဏ် ဖွင့် ပွဲ အတွက် ဒေါ်ကြိုင်ကြိုင် အား ဖိတ်စားသွားပေး ရာ "ဒီသဂျိုင်း ကုန်း မကြီး ဖိတ် လည်း အလကားပဲ သေမှ ကြောက်လို့ လာမှ မဟုတ် ဘူး" ဆိုတာ ကို နေပြည်တော် တိုင်းမှုး ဟောင်း ဗိုလ်မှုးချုပ် ဝေလွင် ဇနီးမောင်နှံ ရှေ့ မှာ ပင် ပြောခဲ့သည်။

နအဖ စစ်အုပ်စု အတွင်း ပဉ္စမ မြောက် ဓန ဥစ္စာ စုဆောင်းထားရှိမှု အရှိ ဆုံး ဟု ယူဆရ သည့် ကုန်သွယ်ရေး (၁) ညွှန်မှုး ဘ၀ မှ စက်မှု ၁ ၀န်ကြီး နှင့် ကြံ့ဖွတ် အတွင်းရေးမှုး ဖြစ်လာသည့် ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန် ကြံ့စည် မှု ကို မနက်ဖြန် မှ စ၍ အခန်းဆက် နေ့ စွဲ အလိုက်ဖော်ပြပါမည်။

ရွေးကောက်ပွဲ မတိုင်ခင် နေ့ ရက် များ နှင့် ဒေါ်စု မလွတ်မြောက်သေးခင် အတွင်း နေပြည်တော် အသံတိတ် ဆိတ် မှု နှင့် ပတ် သက် ၍ သတင်း ထွက်ပေါ်မှု အချို့  ကို ဧရာဝတီ သတင်းဌာန နှင့် Freedom News Group သတင်းဌာန ၏ ထိုအချိန်က ဖော်ပြခဲ့သည့် သတင်းများ တွင်ကြည့် ရှု နိုင်သည်။
http://www.facebook.com/#!/notes/-4/-php/128678460526995
.

No comments:

Post a Comment