Pages

Wednesday, December 08, 2010

ထူးကုမ္ပဏီမှ ဓါတ်ဆီကို မှောင်ခိုဈေးကွက် ရောင်းချ၍ စစ်တွေ လူထု အခက်ကြုံ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဓါတ်ဆီထောက်ပံ့ရောင်းချမူကို တာဝန်ယူထားသော ထူးကုမ္ပဏီမှ ဓါတ်ဆီ ရောင်းချမူ ပမာဏကို လျော့ချလိုက်သဖြင့် မြို့ခံများ အထူး အခက်ကြုံနေရသည်ဟု သိရသည်။

“ အခု ဆိုင်ကယ် တစီးကို ဂါလံဝက်ဘဲ ရပါတယ်။ အဲဒါကို တန်းစီ စောင့်ပီး ၀ယ်ယူရပါတယ်။ ဆိုင်ကယ် ၃၀၀ နီးပါးခန့်က အကြာကြီး စောင့်ရတဲ့ အတွက် လူတွေအကုန်လုံးကို ဒုက္ခရောက်နေပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။

ဆိုင်ကယ် စီးသူများ အပါအ၀င် ကားပိုင်ရှင်များမှာ မှောင်ခိုဈေးကွက်တွင် ဓါတ်ဆီဈေး ကြီးနေမူကြောင့် မ၀ယ်ယူနိုင်သဖြင့် ဂါလံဝက်သာ ရသော ဓါတ်ဆီကို စောင့်ဆိုင်းဝယ်ယူနေရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ထူးကုမ္ပဏီက ဓါတ်ဆီ တဂါလံကို ၂၅၀၀ ကျပ် နဲ့ ရောင်းပါတယ်။ အပြင်မှာ တဂါလံကို ၄၈၀၀ ကျပ် ဈေးရှိပါတယ်။ အပြင် မှောင်ခို ဈေးကွက်မှာ ဓါတ်ဆီကို လိုသလောက် ကြိုက်တဲ့ အချိန် ၀ယ်ယူလို့ ရပေမယ့် ဈေးကြီးတဲ့အတွက် မ၀ယ်နိုင်ဘဲ ဖြစ်နေကြရပါတယ်။”

အစိုးရမှ စက်သုံးဆီ ရောင်းဝယ် ဖေါက်ကားမူကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသဖြင့် အပြင်တွင် ဓါတ်ဆီများကို ကြိုက်သလောက် ၀ယ်ယူ၍ ရနေခြင်းမှာ ထူးကုမ္ပဏီမှ တာဝန်ရှိသူများမှ ဓါတ်ဆီများကို ပြင်ပ မှောင်ခို ဈေးကွက်များသို့ ရောင်းချထား၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ထူးကုမ္ပဏီက ခု ဓါတ်ဆီတွေကို ပြင်ပ မှောင်ခိုသမားတွေနဲ့ ပေါင်းပြီး တဂါလံကို ၄၈၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ မှောင်ခိုဈေးကွက်က လူတွေနဲ့ ထူးကုမ္ပဏီက လူတွေ ပေါင်းပြီး ခုလို မှောင်ခိုဈေးကွက်ကတဆင့် ၄၈၀၀ ကျပ်နဲ့ ရောင်းချနေတဲ့ အတွက် သူတို့အတွက် တော်တော့ကို တွက်ခြေကိုက်နေတယ်လို့ သိရပါတယ်။ လူထုကတော့ ဒုက္ခရောက်မြဲ ရောက်နေကြရတာပါဘဲ” ဟု သူက ပြောသည်။

အစိုးရမှ ဓါတ်ဆီတဂါလံကို ၂၃၀၀ ကျပ်ဖြင့် ထူးကုမ္ပသို့ ရောင်းချပေးပြီး ထူးကုမ္ပဏီ ဓါတ်ဆီဆိုင်များမှ တစ်ဂါလံကို ၂၅၀၀ ရောင်းချပေးကြောင်း သိရသည်။ သို့သော်လည်း ယခုအခါ ဆိုင်ကယ် တစီးကို တစ်နေ့ ဂါလံဝက်သာပေးပြီး ကျန်ဆီများကို မှောင်ခို ဈေးကွက်မှ တဆင့် ရောင်းချနေကြာင်း သိရသည်။
နိရဉ္စရာ သတင်း

No comments:

Post a Comment