Pages

Tuesday, May 11, 2010

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကမ်းဘဲလ် ထီးမိုး ဆွေးနွေးကြသလဲ

>
ရန်ပိုင် Tuesday, May 11, 2010 .
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်း ဘဲလ်တို့ ယမန်နေ့က အဆောက်အဦး ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းသည် စစ်အစိုးရက အသံဖမ်းယူ မည်ကို စိုးရိမ်သော ကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် (အလယ်) နှင့် မစ္စတာ ကာ့တ် ကမ်းဘဲလ် (ယာ) တို့ အစိုးရ ဧည့်ဂေဟာ အပြင်ဘက်တွင် ထီးမိုး၍ ဆွေးနွေး နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အမေရိကန် သံရုံး/ရန်ကုန်)
ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စတာ ကမ်းဘဲလ်တို့ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ရာတွင် အစိုးရက စီစဉ်ပေးသည့် ဧည့်ဂေဟာ ဧည့်ခန်း အတွင်း၌ ၁၅ မိနစ်ခန့်သာ စကားစမြည် ပြောဆို ပြီးနောက် အဓိကကျသော ဆွေးနွေးမှုများကို အပြင်ဘက်တွင် ထီးမိုး၍ ဆက်လက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေး မှုများတွင် မြန်မာ့ နိုင်ငံရေးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အခန်းဏ္ဍကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။
၂၀၀၃ ခုနှစ်က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုး အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံ စဉ် အာဏာပိုင်များက အသံဖမ်းစက်ဖြင့် ခိုးယူ နားထောင်ခဲ့ဖူးသည်။

ယခုခရီးစဉ်နှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့ အစည်း များနှင့် ညှိနှိုင်းမှုမရှိဘဲ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းကို မစ္စတာ ကမ်းဘဲလ်က စိတ်ပျက် မိကြောင်း ပြစ်တင် ဝေဖန်သွားခဲ့သည်။

မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သော မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် မြန်မာ့ နိုင်ငံ ရေးတွင် အဘက်ဘက်က အရေးပါသူများအားလုံး ပါဝင်ခွင့်ရှိပြီး ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ နျူကလီးယား နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ် ချက် အမှတ် ၁၈၇၄ ကိုလိုက်နာဆောင်ရွက်ရန် ရေးသားထားသည်။

သို့သော် စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅နှစ် အတွင်း အနုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ၊ မော်တော်ယာဉ်ပေါ်တွင် တင်၍ ရွှေ့ပြောင်းပစ်ခတ် နိုင်သည့် ဒုံးကျည် ပစ်စင်များကို စစ်အစိုးရက ဘာတာစနစ်ဖြင့် ကောက်ပဲသီးနှံများနှင့် လဲလှယ်ခဲ့သည်ဟု ပြီးခဲ့သည့် မတ်လထုတ် Australian Journal of International Affairs ဂျာနယ်တွင်လည်း ဆောင်းပါးရှင် အင်ဒရူး ဆတ်သ် က ရေးသားခဲ့သည်။

ထို့အပြင် စစ်အစိုးရ အဖွဲ့ဝင် တဦးဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ပြီခဲ့သည် ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံ အီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချင်းမပြုသည့် နိုင်ငံရေးပါတီများ၏ ဆုံးဖြတ်ချက် ကိုလည်း လေးစားကြောင်း၊ NLDပါတီအနေဖြင့် အနာဂတ်တွင် မည်သည့်ပုံစံမျိုးဖြင့် ရပ်တည်သည်ဖြစ်စေ NLDအပါအ၀င် မြန်မာပြည်သူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ အရေးယူပိတ်ဆို့မှု များကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ထိတွေ့ဆက်ဆံသည့် မူဝါဒ ကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ကျင်းပမည့် ရွေးကောက်ပွဲသည် ယုံကြည်နိုင်စရာ မရှိသည့် အကြောင်းအချက်များကို တွေ့မြင်ရသည့်အတွက် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိမည် မဟုတ်ကြောင်း၊ ကျန်ရှိနေသည့်အချိန်အတွင်း အားလုံးပါဝင်နိုင်သည့် လမ်းစဉ်ချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က မြန်မာပြည်သို့ ဒုတိယအကြိမ် လာရောက်ပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းအပြင် NLD ဗဟိုကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
http://www.irrawaddy.org/bur/index.php/news/1-news/3132-2010-05-11-10-32-28

10 comments:

  1. ဒေါ်စုကို ဘာတွေညွှန်ကြားချက် ပေးနေလဲ ဒေါ်စုကို ငါတို့ ပိုင်ပါတယ် ဆိုတဲ့ အချိုးလား - လို့  စီဘောက် တစ်ခုမှာ တွေ့ လိုက်ပါတယ်။ နိုင်ငံသေး အင်အားမကြီး ပေမဲ့ မြန်မာနိုင်ငံကို သူတို့  ချယ်လှယ်ချင် သလို မရဖူး၊ သူတို့ အရိပ်အောက်ထဲ ဆွဲသွင်းလို့  မရဘူး ဆိုတာ ကမ္ဘာက ပိုသိသွားပြီ။ ပိတ်ဆို့ မူတွေ ဖြုတ် လာရင်တော့ တစ်မျိုးပေါ့။

    ReplyDelete
  2. N. Korean weapons seized in Bangkok were headed for Hamas via Syria: Israel
    By Hwang Doo-hyong

    WASHINGTON, May 11 (Yonhap) -- The North Korean weapons seized in Bangkok in December were destined for the Hamas and Hizbullah militant groups via Syria, the Israeli Foreign Ministry said in a statement Tuesday.

    http://english.yonhapnews.co.kr/national/2010/05/12/26/0301000000AEN20100512000200315F.HTML

    ReplyDelete
  3. ဒီခွေးမသား ထွန်းလင်း ဆိုတဲ့ကောင်ဟာ
    ခွေးနဲ့နှိုင်းနေတာကို ပျော်နေလား မသိဘူး၊
    မင်းကိုယ်တိုင် စစ်အုပ်စုကလား၊ အရိုးကိုက်ရလို့လား၊
    Brain မရှိလို့လား၊
    မင်းကိုမင်း သိလား၊ မင်းကြောင့် မင်းအမေ ခွေးမဖြစ်ရပြီ။ မင်းကတော့ခွေးဖြစ်ပြီးသားဆိုတော့မထူးဘူး၊
    မင်းအမေအတွက်တွေးပြီး မင်းကိုယ်မင်းပြင်ပါ။

    ReplyDelete
  4. ဒီခွေးမသား ထွန်းလင်း ဆိုတဲ့ကောင်ဟာ
    ခွေးနဲ့နှိုင်းနေတာကို ပျော်နေလား မသိဘူး၊
    မင်းကိုယ်တိုင် စစ်အုပ်စုကလား၊ အရိုးကိုက်ရလို့လား၊
    Brain မရှိလို့လား၊
    မင်းကိုမင်း သိလား၊ မင်းကြောင့် မင်းအမေ ခွေးမဖြစ်ရပြီ။ မင်းကတော့ခွေးဖြစ်ပြီးသားဆိုတော့မထူးဘူး၊
    မင်းအမေအတွက်တွေးပြီး မင်းကိုယ်မင်းပြင်ပါ။

    ReplyDelete
  5. ဒီခွေးမသား ထွန်းလင်း ဆိုတဲ့ကောင်ဟာ
    ခွေးနဲ့နှိုင်းနေတာကို ပျော်နေလား မသိဘူး၊
    မင်းကိုယ်တိုင် စစ်အုပ်စုကလား၊ အရိုးကိုက်ရလို့လား၊
    Brain မရှိလို့လား၊
    မင်းကိုမင်း သိလား၊ မင်းကြောင့် မင်းအမေ ခွေးမဖြစ်ရပြီ။ မင်းကတော့ခွေးဖြစ်ပြီးသားဆိုတော့မထူးဘူး၊
    မင်းအမေအတွက်တွေးပြီး မင်းကိုယ်မင်းပြင်ပါ။

    ReplyDelete
  6. ဒီခွေးမသား ထွန်းလင်း ဆိုတဲ့ကောင်ဟာ
    ခွေးနဲ့နှိုင်းနေတာကို ပျော်နေလား မသိဘူး၊
    မင်းကိုယ်တိုင် စစ်အုပ်စုကလား၊ အရိုးကိုက်ရလို့လား၊
    Brain မရှိလို့လား၊
    မင်းကိုမင်း သိလား၊ မင်းကြောင့် မင်းအမေ ခွေးမဖြစ်ရပြီ။ မင်းကတော့ခွေးဖြစ်ပြီးသားဆိုတော့မထူးဘူး၊
    မင်းအမေအတွက်တွေးပြီး မင်းကိုယ်မင်းပြင်ပါ။

    ReplyDelete
  7. ဒီခွေးမသား ထွန်းလင်း ဆိုတဲ့ကောင်ဟာ
    ခွေးနဲ့နှိုင်းနေတာကို ပျော်နေလား မသိဘူး၊
    မင်းကိုယ်တိုင် စစ်အုပ်စုကလား၊ အရိုးကိုက်ရလို့လား၊
    Brain မရှိလို့လား၊
    မင်းကိုမင်း သိလား၊ မင်းကြောင့် မင်းအမေ ခွေးမဖြစ်ရပြီ။ မင်းကတော့ခွေးဖြစ်ပြီးသားဆိုတော့မထူးဘူး၊
    မင်းအမေအတွက်တွေးပြီး မင်းကိုယ်မင်းပြင်ပါ။

    ReplyDelete
  8. ဒီခွေးမသား ထွန်းလင်း ဆိုတဲ့ကောင်ဟာ
    ခွေးနဲ့နှိုင်းနေတာကို ပျော်နေလား မသိဘူး၊
    မင်းကိုယ်တိုင် စစ်အုပ်စုကလား၊ အရိုးကိုက်ရလို့လား၊
    Brain မရှိလို့လား၊
    မင်းကိုမင်း သိလား၊ မင်းကြောင့် မင်းအမေ ခွေးမဖြစ်ရပြီ။ မင်းကတော့ခွေးဖြစ်ပြီးသားဆိုတော့မထူးဘူး၊
    မင်းအမေအတွက်တွေးပြီး မင်းကိုယ်မင်းပြင်ပါ။

    ReplyDelete
  9. ဒီခွေးမသား ထွန်းလင်း ဆိုတဲ့ကောင်ဟာ
    ခွေးနဲ့နှိုင်းနေတာကို ပျော်နေလား မသိဘူး၊
    မင်းကိုယ်တိုင် စစ်အုပ်စုကလား၊ အရိုးကိုက်ရလို့လား၊
    Brain မရှိလို့လား၊
    မင်းကိုမင်း သိလား၊ မင်းကြောင့် မင်းအမေ ခွေးမဖြစ်ရပြီ။ မင်းကတော့ခွေးဖြစ်ပြီးသားဆိုတော့မထူးဘူး၊
    မင်းအမေအတွက်တွေးပြီး မင်းကိုယ်မင်းပြင်ပါ။

    ReplyDelete
  10. The US Assistant Secretary of State for East Asian and Pacific Affairs Mr Kurt Campbell met with Authoritative Team of the State Peace and Development Council, Council, the Minister for Foreign Affairs, the Minister for Science and Technology, the Chairman of Union Election Commission, the Minister for Labour and the Secretary-General of the Union Solidarity and Development Association. (Burmese and English)

    http://www.scribd.com/doc/31247635/2010-05-12-NLM-USSS

    ReplyDelete