ကျေးဇူးပြုပြီး..သိသူရှိရင် နည်းနည်းလောက်တော့ ဖြေကြားပေးပါ။
ရန်ကုန်မြို့တွင် UN အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် လာရောက်ရုံးဖွင့် ထားသော လူအခွင့်အရေး ကော်မရှင် အဖွဲ့ အစည်းတစ်ခုရှိသည်ဟု သိရပါသည်။
ထို အဖွဲ့ အစည်း၏ နာမည်၊လိပ်စာ၊ ဆက်သွယ်ရန်ဖုံးနံပါတ်တို့ ကို သိချင်ပါသည်။ ကျွန်တော်သည် ၀န်ထမ်း တစ်ဦးပြီး အလုပ်မှ ထွက်ချင်နေပါသည်။ သို့ပင်မဲ့ လူကြီးကို တင်ပြပါက အထက်သို့ ဆက်မတင်ပြခြင်း၊ တင်ပြပါကလည်း မကောင်းသော နေ၇ာ၊ အခက်အခဲရှိသော နေရာများ သို့ ပို့ပစ်ခြင်းများ ရှိပါသည်။ ထို့ကြောင့် အထက်လူကြီးများသို့ မတင်ပြရဲကြပါ။
သို့ဖြစ်ပါသဖြင့် ထို့အဖွဲ့ အစည်းနှင့် ဆက်သွယ်ပြီး ကျွန်တော်တို့၏ နစ်နာချက်များ၊လူ့အခွင့်အရေးဆုံးရှုံးမှုများကို တင်ပြအကြံဥာဏ် တောင်းခံချင်ပါသည်။ ကျေးဇူးပြုကာ ပြန်လည် ဖြေကြားပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။
ကျေးဇူးတင်လျှက်
လူ့အခွင့် အရေး ဆုံးရှုံးနေသူ တစ်ဦး
2862mh7@gmail.com သို့ ဆက်သွယ်ပေးပါခင်ဗျာ.
No comments:
Post a Comment