Pages

Friday, December 05, 2008

လွတ်လပ်သောနိဗ္ဗာန်

ရေးသူ။ ရာဝိန္ဒြာနတ်တဂိုး

စိတ်ကမကြောက်ဘဲနှင့် ခေါင်းကိုမတ်စွာ
ထားနိုင်သောအရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့်
တောက်စိတ်ပိုင်းခြားမှု မရှိရာ၌လည်းကောင်း၊

စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှလာသော
အရပ်၌လည်းကောင်း၊

မနေမနားသော အားထုတ်မှုသည်နိဗ္ဗာန်သို့
လက်လှမ်းသောအရပ်၌လည်းကောင်း၊

ဆင်ခြင်မှုချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရတွင်
ခရီးလမ်းစ မပျောက်ရာ၌လည်းကောင်း၊

စိတ်ကို အစဉ်ပျံ့ပျူးသော တွေးဆပြုလုပ်မှုတို့သို့
အရှင်ရှေ့ဆောင်ရာ၌လည်းကောင်း၊

ထိုလွတ်လပ်သော နိဗ္ဗာန်၌တပည့်တော်၏ တိုင်းပြည်သည်
နိုးကြားနိုင်ပါစေ အရှင်ဘုရား။ ။

(ဂီတဉ္စလီ အမှတ်၃၅)

No comments:

Post a Comment