Pages

Sunday, November 30, 2008

ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ


MONEY CAN BUY A BED, BUT NOT A SLEEP.
အိပ်ယာကို သင် ၀ယ်ယူလို့ရမယ်။ အိပ်စက်ခြင်းကို ၀ယ်ယူလို့ မရဘူး။

ကတ်သီးကတ်သတ် ပြောချင်တဲ့သူတွေကတော့ အိပ်ဆေးတွေ ၀ယ်သောက်လို့ ရတာပဲလို့ ပြောကြမယ် ထင်ပါ တယ်။ ဓာတုဗေဒ ဆေးဝါးတွေရဲ့ အကူအညီကို ရယူပြီး အိပ်စက်ရပြီ ဆိုကတည်းက တကယ့်စစ်မှန် အေးချမ်းတဲ့ အိပ်စက်အနားယူမှုကို မရနိုင်ဘူးဆိုတာသေချာသွားပါပြီ။ တကယ့်အကောင်းစား မွေ့ယာကြီး တွေကို ငွေနဲ့ဝယ်ယူလို့ ရပါတယ်။ ရေထဲမှာ ပေါလောမျောနေရသလို ခံစားရမယ့် မွေ့ယာကြီးတွေကိုလည်းအ ဆ မတန်ဈေးနဲ့ ၀ယ်ယူပိုင်ဆိုင်ထားလို့ ရပါတယ်။ ဒါပေမယ့် အိစက်ညက်ညောပြီး ရုပ်ခန္ဓာအတွက် သာယာမှု တွေ အပြည့်အ၀ ပေးနိုင်မယ့် အဲဒီလို မွေ့ယာကြီးတွေဟာအပူအပင်ကင်းကင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူနိုင်ခွင့်တစ်ခုကို ပေးနိုင်ပါသလား။ ဟင့်အင်း…လို့ ဖြေရမှာပါ။

လောကမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖြတ်သန်းကုန်လွန်ခဲ့ရတဲ့ တစ်နေ့တာရဲ့ အပူရှိန်တွေဟာ ညအထိတောင် ပါလာပြီး အိပ်စက်ခြင်းတွေကိုတောင်နှောင့်ယှက်ဖျက်ဆီးပစ်နေကြတယ် ဆိုတာကို ပုထုဇဉ်တိုင်းခံစားသိရှိဖူးကြလိမ့်မယ် ထင်ပါတယ်။ စကားလုံးလှလှသုံးပြီး ပြောရရင်လောကမှာ နေမ၀င် တဲ့ညများစွာဟာ လူတိုင်းလိုလိုမှာ အနည်းနဲ့အများရှိတတ်ကြပါတယ်။ ဟုတ်ပါပြီ… အိပ်စက်ခြင်းကို ငွေနဲ့ဝယ်ယူလို့ မရနိုင်ရင် ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ အရယူနိုင်အောင် ကြိုးစားကြမလဲ။ အဓိက,ကတော့
စိတ်ပါပဲ။ တစ်ညတာ ငြိမ်းချမ်းစွာ အိပ်စက်အနားယူခွင့် ရဖို့ဆိုတာဖြတ်သန်းပြီးခဲ့တဲ့ တစ်နေ့တာထဲက ကိုယ့်ရဲ့စိတ်ထားတွေ၊ လုပ်ရပ်တွေ အပေါ်မှာအများကြီး မူတည်သလို ဖြတ်သန်းရဦးမယ့် နောက်တစ်နေ့တာ အပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ သဘောထားအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ လူတစ်ယောက်ရဲ့ တစ် နေ့ တာ လုပ်ရပ်တွေဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ စိတ်ထားတွေမှာ အခြေခံခဲ့ပြီး ကောင်းသောစေတနာနဲ့ ဖန်တီးခဲ့တာတွေချည်းပဲ ဆိုရင် အဲဒီသူဟာ သူ့ရဲ့တစ်နေ့တာနဲ့ ပတ်သက်ပြီး ဘယ်လို စိတ်ဖိစီးမှုမျိုးကိုမှ ခံရနိုင်စရာအကြောင်းမရှိပါဘူး။ တစ်ခါတစ်ခါ စေတနာကို ဝေဒနာဖြစ်သွားစေတဲ့ အခြေအနေမျိုးနဲ့ ကြုံရင်လည်း စိတ်ရှင်းရှင်းနဲ့ ဥပေက္ခာပြုလိုက်ရုံပါပဲ။
နောက် အနာဂတ်နဲ့ ပတ်သက်ရင်လည်း လောကဓံတရားဆိုတာနဲ့ ကံ,ကံ၏အကျိုး ဆိုတာကို နှလုံးသွင်းထားပြီး ကြီးမားတဲ့ စိုးရိမ်ပူပန်နေမှုတွေ ထားမနေဘူးဆိုရင်အဲဒီသူရဲ့အိပ်စက်ခြင်းကို နှိပ်စက်အနိုင်ယူမယ့် စိတ်အခြေအနေတွေ ဖြစ်မလာနိုင်တော့ပါဘူး။ အဲဒီတော့ လူတိုင်းလူတိုင်း ငွေကြေးတွေ ပုံပေးပြီး ၀ယ်ယူလို့ မရနိုင်တဲ့ ငြိမ်းချမ်းစွာ အိပ်စက်ခွင့်ကို စိတ်ထားတွေ အသန့်စင်ဆုံးထားပြီး အနှောင်အဖွဲ့တွေကို မှန်ကန်တဲ့အမြင်နဲ့ ကြည့်ကြရင်း ရယူပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုမိပါတယ်။

MONEY CAN BUY HOUSE, BUT NOT HOME.
နေစရာနေရာကို သင် ၀ယ်ယူလို့ ရနိုင်တယ်။ အိမ်ဆိုတာကိုတော့ ၀ယ်ယူလို့ မရနိုင်ဘူး။

ဒီစာကြောင်းလေးကို ဒီလို ဘာသာပြန်လိုက်ရတာ စိတ်ထဲမှာ နည်းနည်းတော့ မ၀ံ့မရဲ ဖြစ်မိပါတယ်။ အင်္ဂလိပ်စကားလုံး နှစ်လုံးဖြစ်တဲ့ House နဲ့ Home ရဲ့ ကွဲပြားမှုကို လူတိုင်း ခံစားသိနိုင်ပေမယ့် အဲဒါကို ထိထိရောက်ရောက် ပြန်ဖို့ကြတော့ မလွယ်တော့ပါဘူး။ တကယ်တမ်းကျတော့ House ဆိုတာ အိမ်ပါပဲ။
ဒါပေမယ့် အဲဒါကို ကျွန်တော်က နေစရာနေရာလို့ ဘာသာပြန်လိုက်ပါတယ်။
ဒီလိုပြန်ရတာကလည်း နောက်က Home ဆိုတဲ့ စကားလုံးကို ကျွန်တော်က `အိမ်´လို့ အနက်ဖွင့်ချင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေတော့ ဘယ်လိုခံစားရမယ်မသိပါဘူး။ ကျွန်တော်ကတော့ အိမ်လို့ ပြောလိုက်တာနဲ့ အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ အတူတူ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ အဖေတို့ အမေတို့ရဲ့ အိမ်ကလေးကိုပဲ သွားသွား မြင်ယောင်မိတတ်လို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ `အိမ်´ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နေစရာနေရာ တစ်ခုလို့ပဲ အဓိပ္ပါယ် မဖွင့်ဆိုချင်ပါဘူး။ အဲဒီစကားလုံးလေးရဲ့ နောက်ကွယ်မှာ မိသားစုတစ်စု၊
မပျောက်မပျက် မလျော့ပါးသွားနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ နောက်ပြီးမမြင်နိုင်ပေမယ့် အခိုင်မာဆုံး ချည်နှောင်ထားကြတဲ့ အဖြူထည် သံယောဇဉ်ကြိုးတွေ စတဲ့ , စတဲ့ အဓိပ္ပါယ်တွေ များစွာ ရှိနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ နေစရာ နေရာတစ်ခုအဖြစ် တိုက်ခန်းအကောင်းစားကြီးတွေ၊ ခြံကြီးဝင်းကြီးတွေကို ငွေရှိရင် ၀ယ်လို့ရနိုင်ပေမယ့် အဲဒီနေစရာ နေရာတစ်ခုကို `အိမ်´လို့ အမည်တပ်နိုင်ဖို့အတွက် အထက်မှာ ကျွန်တော် ဖော်ပြတဲ့ စိတ်အခြေအနေတွေနဲ့ ခံစားမှုတွေကို ဘယ်လို တန်ဖိုးဖြတ်ပြီး ဘယ်နေရာမှာ သွားဝယ်ကြမလဲ။ ကျွန်တော်ကတော့ လူသားတွေအားလုံး ကိုယ့်ရဲ့ စိတ်အာရုံနဲ့ နှလုံးသားတစ်ခုလုံးကို စိတ်ကျေနပ်မှုတွေ ပေးနိုင်ပြီး ကြည်နူးပျော်ရွှင်စရာ ကောင်းတဲ့ နေရာလေးအဖြစ် မှတ်ယူနိုင်တဲ့ `အိမ်´လို့
အမည်တပ်နိုင်တဲ့ နေရာတွေမှာပဲ နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းနေမိပါတယ်။

MONEY CAN BUY FINERY BUT NOT BEAUTY.
လက်ဝတ်တန်ဆာတွေကို ၀ယ်ယူလို့ ရချင်ရမယ်။ အလှတရားကိုတော့ ၀ယ်လို့မရနိုင်ဘူး။


လူတိုင်းလူတိုင်းဟာ မတည်မြဲတဲ့ ရုပ်ခန္ဓာကြီးကိုပဲ သူတစ်ပါးရဲ့ အမြင်မှာ လှနေစေဖို့၊ ကြည့်ကောင်းနေစေဖို့ နည်းမျိုးစုံသုံး၊ လက်ဝတ်တန်ဆာ မျိုးစုံသုံးပြီး ပြင်ဆင်ခြယ်သကြလေ့ ရှိပါတယ်။ ဒါကလည်း လူ့ယဉ်ကျေးမှုတစ်ခုလို့ ဆိုနိုင်တာကြောင့် အပြစ်ပြောစရာတော့ မရှိပါဘူး။
ဒါပေမယ့် အဲဒီ အပေါ်ယံ အပြင်ပန်း၊ ဖီးလိမ်းခြယ်သ ပြင်ဆင်ထားမှုတွေဟာ လူတစ်ယောက်ရဲ့ တကယ့်အလှတရား မဟုတ်ဘူး ဆိုတာကိုတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းကို သိထားဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ တကယ့်အလှတရားဟာ သူဝတ်ဆင်ထားတဲ့ အ၀တ်အစား၊ လက်ဝတ်တန်ဆာတွေရဲ့ တန်ဖိုးပေါ်မှာ မတည်ပါဘူး။
သူ့စိတ်ရဲ့ ဖြူစင်မှု၊ ကြည်လင်မှု၊ ငြိမ်းအေးမှုတွေမှာ တည်ပါတယ်။ လူတစ်ယောက်မှာ အလှတရား တကယ်ရှိ,မရှိ ဆိုတာကိုလည်း အဲဒီလူကို မြင်လိုက်ရတဲ့သူရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားလိုက်ရတယ် ဆိုတဲ့ အချက်ပေါ်မှာ
မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ဥပမာအနေနဲ့ အဖိုးတန် အ၀တ်အစားတွေကို ခေတ်ဆန်ဆန် ၀တ်ဆင်ထားပြီး ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ကနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဘာတန်ဖိုးကြီး လက်ဝတ်လက်စားမှ မပါဘဲ ရိုးရိုးယဉ်ယဉ်လေး ၀တ်ဆင်ပြီး သနပ်ခါးပါးကွက်ကြားလေးနဲ့ ဘုရားကို အာရုံပြုနေတဲ့ မိန်းကလေးတစ်ယောက် ဘယ်သူ့မှာ အလှတရား ပိုရှိတယ်လို့ ကျွန်တော်တို့ သတ်မှတ်ကြမလဲ။ ဘယ်မိန်းကလေးကို မြင်ရတဲ့အခါ ကျွန်တော်တို့ ရင်ထဲမှာ ကြည်နူးမှုတစ်ခုနဲ့ ငါ့သမီးလေးသာ ဖြစ်လိုက်ပါတော့၊ ငါ့နှမလေးသာ ဖြစ်လိုက်ပါတော့ ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်လာမလဲ။ ရှင်းပါတယ်။ ဒီနေရာမှာ ရိုးရှင်းလုံခြုံတဲ့ ၀တ်စားဆင်ယင်မှုနဲ့ စိတ်နေစိတ်ထား
ကြည်လင်သန့်စင်မှုတွေကိုသာ ကျွန်တော် ပြောချင်တာပါ။ ဘာမှမသိ နားမလည်ဘဲ တုံးတုံးအအကြီး နေရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော့်ရင်ထဲမှာ ရှိတာက ခေတ်ရဲ့ ပြောင်းလဲမှု ရေစီးထဲမှာ ကိုယ်ကျင့်တရားနဲ့ ယဉ်ကျေးမှုတွေ ရောပါမသွားစေချင်တဲ့ စေတနာပါ။ နောက်ပြီး လူတစ်ယောက် ဘယ်လောက် ၀တ်ကောင်းစားလှတွေ ၀တ်ဆင်ထားပြီး ဘယ်လောက်ပဲ ဖီးလိမ်းခြယ်သထားပါစေ။
သူ့ရဲ့စိတ်ကို လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးလွှမ်းနေမယ်ဆိုရင် သူ့မျက်နှာနဲ့ ရုပ်သွင်ဟာ မြင်ရသူရဲ့ စိတ်ထဲမှာ ဘယ်လိုမှ လှတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ငွေကြေးနဲ့ ချိန်စက်ဝယ်ယူလို့ မရနိုင်တဲ့ စိတ် ကြောင့်ဖြစ်တဲ့ အလှတရားတွေ လူတိုင်းမှာ ရှိစေချင်တာပါပဲ။

MONEY CAN BUY BOOKS BUT NOT BRAIN.
စာအုပ်တွေကိုတော့ ၀ယ်ယူလို့ရမယ်။ ဦးနှောက်ကိုတော့ မရဘူး။

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆေးရည်စိမ်ထားတဲ့ ဦးနှောက်တွေကို အလှကြည့်ဖို့ အဆမတန် ဈေးပေးပြီး ၀ယ် ယူချင်တယ် ဆိုရင်တော့ ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီဦးနှောက်တွေ လုပ်ဆောင်ခဲ့တဲ့ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်ဝေဖန်မှုတွေကို အဲဒီ ဦးနှောက်ကြီးတွေကို ၀ယ်လိုက်ရုံနဲ့ ကျွန်တော် တို့ ရနိုင်မလား၊
မရနိုင်ပါဘူး။ နောက်ပြီး အသိပညာ၊ အတတ်ပညာများစွာဟာ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ အဖြစ်နဲ့ ထွက်ပေါ်လာကြတဲ့အခါ အဲဒီစာအုပ်တွေကို ကျွန်တော်တို့ ၀ယ်ယူလို့ရပေမယ့် အဲဒီစာအုပ်တွေထဲက အချက်အလက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကို ဆင်ခြင်ပိုင်းခြားမယ့် ဦးနှောက်တစ်စုံကိုတော့ ၀ယ် ယူလို့ မရနိုင်ပါဘူး။ စာအုပ်တစ်အုပ်ရဲ့ ငွေကြေးတန်ဖိုးဟာ အကန့်အသတ် ရှိနိုင်ပေမယ့် အဲဒီစာအုပ်ကို ဖတ်ပြီး ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစား သုံးသပ်ဝေဖန်မှုတွေရဲ့ နောက်မှာရလိုက်တဲ့ အသိ၊ အတတ်ပညာတွေရဲ့ တန်ဖိုးကတော့ အကန့်အသတ်မဲ့ပါတယ်။ ဒါတင်မကဘဲ စာအုပ်တစ်အုပ်က ပေးနိုင်တဲ့ ကြည်နူးမှု၊ ၀မ်းသာမှု၊ ငြိမ်းချမ်းအေးမြမှု၊ နှစ်သက်ကျေနပ်မှု စတဲ့ ခံစားမှုတွေရဲ့ အဖိုးအခကလည်း တိုင်းဆလို့ မရနိုင်ပါဘူး။ လောဘ၊ ဒေါသ၊ မာန်မာန စတဲ့ မလိုလားအပ်တဲ့ စိတ်အခြေအနေတွေကို ဖြစ်စေတဲ့ စာအုပ်မျိုးတွေ ဆိုရင်တော့
လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ စာဖတ်တဲ့သူတစ်ယောက်ကို အကြမ်းဖျဉ်း လေ့လာကြည့်မယ်ဆိုရင် လူ တစ်ယောက်ဟာ စာအုပ်တစ်အုပ် ဖတ်မယ်၊ အဲဒီမှာ ခံစားမှုတွေ ဖြစ်လာမယ်၊ ဒါမှမဟုတ် အသိတစ်ခုခု၊ အ တတ်တစ်ခုခုကို စာတွေ့အနေနဲ့ ရလိုက်နိုင်တယ်။ အဲဒီလိုဖြစ်လာတဲ့ ခံစားမှု၊ ရလိုက်တဲ့အသိ (သို့မဟုတ်) အတတ်တစ်ခုခုကို သူက လုပ်ရပ်တွေအဖြစ် ပြောင်းလဲပစ်တော့မယ်။
ဒီနေရာမှာ ဦးနှောက်ရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးပါလာပါတယ်။ ကိုယ်ဒီစာအုပ်ကြောင့် ခံစားလိုက်ရတဲ့ ခံစားမှုဟာ ဖြစ်သင့် မဖြစ်သင့်၊ ဒီစာအုပ်ကပေးတဲ့ အသိဟာ မှန်၏ မမှန်၏ စတာတွေကို သူ့ဦးနှောက်နဲ့သူ စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အားလုံး ပိုက်ဆံနဲ့ ၀ယ်လို့ရတဲ့ စာအုပ်တွေကို ဖတ်ကြပြီး ၀ယ်ယူလို့ မရနိုင်တဲ့ ဦးနှောက်နဲ့ အကောင်းဆုံး ဆင်ခြင်သုံးသပ်နိုင်ကြဖို့ မျှော်လင့်မိပါတယ်။

MONEY CAN BUY AMUSEMENT BUT NOT HAPPINESS.
ဖျော်ဖြေမှုတွေကို ၀ယ်ယူလို့ ရနိုင်မယ်။ ပျော်ရွှင်မှုကိုတော့ မရနိုင်ပါဘူး။


အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ ခေတ်ရဲ့ရေစီးကြောင်းထဲမှာ ဖျော်ဖြေမှု ပေးနိုင်မယ့် ကိရိယာ တန်ဆာပလာနဲ့ အသုံးအဆောင် ဇိမ်ခံပစ္စည်းများစွာပေါ်လာပါတယ်။ ဒါပေမယ့် အဲဒီအရာတွေက တကယ့်ပျော်ရွှင်မှု အစစ်အမှန်တွေကို ပေးနိုင်ပါရဲ့လား။ မသေချာပါဘူး။ အရှင်းဆုံးပြောရရင် စိတ်တည်ငြိမ်
အေးချမ်းမှု မရှိဘဲ ပျော်ရွှင်မှု အစစ်အမှန်ကို ဘယ်တော့မှ မရနိုင်ပါဘူး။
အခုခေတ် လူတော်တော်များများကို ကြည့်ရင် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေကို သုံးပြီး ပျော်ရွှင်မှုတွေကို ခဏတာ ငှားယူနေကြတာကို တွေ့နိုင်ပါတယ်။ တကယ်တမ်းကျတော့ ဖျော်ဖြေမှုတွေ အားလုံးဟာ အမှန်တကယ် စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပေးတာ မဟုတ်ဘဲ အားလုံးကို ခဏမေ့ပစ်ထားနိုင်ဖို့ အာရုံအသစ်တွေကို ခဏတာ ဖန်တီးပေးရုံမျှသာ ဖြစ်ပါတယ်။ အချို့ဆိုရင် အဲဒီ ခဏတာ ပျော်ရွှင်မှုလေးကိုတောင် မခံစားနိုင်လောက်တဲ့အထိ စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ ပိနေကြတဲ့သူတွေ ရှိပါတယ်။ တကယ့်ကို သနားစရာ ကောင်းပါတယ်။ တကယ်တမ်း ဖျော်ဖြေမှုတွေက ပေးတဲ့ ခဏတာပျော်ရွှင်မှု တွေကို အပြည့်အ၀ ရရှိခံစားနိုင်ဖို့ ဆိုတာကလည်း ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ရှင်းထုတ်ပြီး အရာရာကို ခဏမေ့ထားနိုင်ဖို့ လိုပါတယ်။
အဲဒါကလည်း တကယ်တမ်းကျတော့ မလွယ်လှပါဘူး။ ဖျော်ဖြေမှု ဆိုတာတွေဟာ ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတွေထဲမှာ တစ်ခုအပါအ၀င်ပါ။ ကြည့်ရှုသူတွေကို စိတ်တစ်ခုလုံး နစ်မြောပြီး အရာအားလုံးကို ခဏမေ့သွားစေတဲ့ ဖျော်ဖြေမှုတွေဟာ အောင်မြင်တာပါပဲ။ လူတိုင်းလူတိုင်း ပိုက်ဆံနဲ့ ၀ယ်ယူထားတဲ့ ဖျော်ဖြေမှုတွေက ပေးတဲ့ ခဏတာ ပျော်ရွှင်မှုတွေကို အပြည့်အ၀ ခံစားနိုင်ကြပြီး ဘာဖျော်ဖြေမှုမှ မလိုဘဲ ပိုင်ဆိုင်နိုင်တဲ့ ပျော်ရွှင်မှုတွေကိုလည်း စိတ်ကို အဖြူစင်ဆုံး၊ အငြိမ်းချမ်းဆုံး၊ အအေးမြဆုံး၊ အရှင်းသန့်ဆုံးထားပြီး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

MONEY CAN BUY A PASSPORT TO EVERYWHERE BUT NOT HEAVEN.
နေရာတကာကို သွားဖို့အတွက် နိုင်ငံကူး လက်မှတ်ကို ၀ယ်ယူလို့ ရချင်ရမယ်။ နိဗ္ဗါန်ကိုတော့ သွားလို့ မရနိုင်ဘူး။

မူလစာရေးသူကတော့ ကောင်းကင်ဘုံ ( Heaven ) လို့ ရေးထားပါတယ်။
ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗါန်ကိုပဲ ယူပြီး ပြောပါ့မယ်။ ကမ္ဘာပေါ်မှာ ဘယ်နေရာကိုပဲ သွားချင်သွားချင် ငွေကြေး လုံလုံလောက်လောက်နဲ့ နိုင်ငံကူးလက်မှတ် ( passport ) သာ ရှိရင် ကျွန်တော်တို့ သွားလို့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်ခုမှာသာ မီလျံနာ သူဌေးကြီးတစ်ယောက်လောက် ဖြစ်နေပြီဆိုရင် ကမ္ဘာပေါ်သာ မကပါဘူး အာကာသထဲကိုတောင် ခြေဆန့်လို့ ရပါသေးတယ်။ ဒါပေမယ့် အဲဒီလို နိုင်ငံကူးလက်မှတ် ရှိနေရုံနဲ့ ပိုက်ဆံတွေ ထားမကုန်အောင် ရှိနေရုံနဲ့ မျက်မှောက်ပြုနိုင်ဖို့ရာ မဖြစ်နိုင်တာကတော့ နိဗ္ဗါန်ပါ။
ရှိတဲ့ငွေအားလုံးကို ကုသိုလ်ရေးအတွက် လှူလိုက်ရင်ရောကွာလို့ မေးစရာ ရှိပါတယ်။ အဲဒါဆိုရင်လည်း ကျွန်တော်က ဒါနတစ်ခုတည်းနဲ့ နိဗ္ဗါန်ကို မျက်မှောက်မပြုနိုင်ပါဘူး လို့ပဲ ဖြေရမှာပါ။ ဒါန၊ သီလ၊ ဘာဝနာ
ကုသိုလ်တွေကို တည်ဆောက်ပြီး မဂ္ဂင်ရှစ်ပါးလမ်းကို လျှောက်နိုင်မှသာ ရုပ်တရား၊ နာမ်တရားတွေ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗါန်ကို မျက်မှောက်ပြုနိုင်မှာပါ။

MONEY CAN BUY RELIGION BUT NOT SALVATION.
ယုံကြည်ကိုးကွယ်မှုတစ်ခုကို ပိုက်ဆံပေးပြီး ရယူနိုင်ပါတယ်။ ကယ်တင်မှုတွေကိုတော့ မရနိုင်ပါဘူး။

ဒီအကြောင်းလေးကိုလည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ပဲ ကျွန်တော် ပြောပါ့မယ်။ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ တရားတော်တစ်ခု ရှိပါတယ်။ `အတ္တာဟိ အတ္တနော နာထော´ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ မရှောင်လွှဲနိုင်တဲ့ ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့ဆိုတာ မိမိကိုယ်ကို မိမိ ကယ်တင်ရမှာပါ။ ဗုဒ္ဓမြတ်စွာဘုရားက ဒုက္ခအလုံးစုံတို့ရဲ့ ချုပ်ငြိမ်းရာဟာ နိဗ္ဗါန် ဖြစ်တယ်။ အဲဒီ နိဗ္ဗါန် ကို
မျက်မှောက်ပြုနိုင်ဖို့ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုကျင့်ကြံပြီး ဒီလမ်းကြောင်းကို လျှောက်ရမယ်ဆိုတာကို လက်တွေ့ပြသွားတဲ့ အနှိုင်းမဲ့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကို ငွေတွေ ပုံပေး၊ စည်းစိမ်ဥစ္စာတွေ ပုံပေးပြီး တပည့်တော်ကို ကယ်တင်ပါလို့ တောင်းဆိုလို့ မရပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ပါတယ်လို့ ပြောရုံနဲ့လည်း အဲဒီဒုက္ခတွေကနေ လွတ်မြောက်ဖို့ ဗုဒ္ဓမြတ်စွာဘုရားက
လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ မိမိကိုယ်ကို မိမိကသာ ကယ်တင်နိုင်မှာပါ။
အခုလက်ရှိ ချမ်းသာလှပါတယ်၊ ကြွယ်ဝလှပါတယ် ဆိုတဲ့သူတွေ အနေနဲ့လည်း အခုလက်ရှိ ဘယ် လိုတန် ခိုးရှင်မျိုးကိုမှ ပိုက်ဆံတွေ ပုံပေး၊ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ပြီး ဒီဒုက္ခတွေက လွတ်မြောက်အောင် ကျွန် တော့် ကို ကယ်တင်ပေးပါလို့ တောင်းဆိုလို့ မရနိုင်ပါဘူး။ လူသားအားလုံး မိမိကိုယ်ကို ကယ်တင်နိုင်ကြပါစေ။

နေဘုန်းလတ်
ရေးသားသူ - နေဘုန်းလတ်

မှတ်ချက်။ ။ ထောင်နှစ်ရှည် အပြစ်ကျခံနေရတဲ့ ဘလော့ဂါ နေဘုန်းလတ် ရဲ့ အတွေး အမြင်ကလေးတွေ ပါ။ ငယ်ရွယ်ပေမဲ့ မည်မျှ မြင့်မြတ်သော အတွေးတွေ၊ ရဲရဲတောက်သတ္တိတွေ၊ ခိုင်မာတဲ့ နှလုံးသားတွေ ရှိတယ် ဆိုတာ အာဇာနည်များ သိစေလိုတဲ့အတွက် ကူးယူဖေါ်ပြပါတယ်။ copy rights ရှိနိုင်ပေမဲ့ ကောင်းသော စေတနာနဲ့ ဒီနေရာမှာ ဖေါ်ပြပေးတဲ့ အတွက် ကျနော်ကို ခွင့်လွှတ်နိုင်ပါမယ် ယုံကြည်ပါတယ်။ ကျေးဇူးပါ ကိုနေဘုန်းလတ်။ အထူးလေးစားမိပါတယ် ။

( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည် ။ အ ပိုင်း (၁၄)

သူ ခိုး ရွှေ ရ ( တစ် ပြ ပြ ) ။ အ ရူး ဘုံ မြှောက် ချီး ခြောက် ကောက် စား ။
+++++++++++++++++++++++++++++++++++++++

မိတ် ဆွေ တစ် ယောက် ထံ မှ စာ တစ် စောင် ရောက် လာ ပါ တယ် ။ ဓါတ် ပုံ လေး ပါ တွဲ လို့  ပေါ့ ။ ( န အ ဖ ) လက် အောက် ကျွန် သ ဘောက် ဘ ၀ ကျ ရောက် နေ ရ တဲ့ ဘ ၀ မှာ တော့ ( န အ ဖ ) ကင် ပေ တိုင် လို့  ခေါ် ရ မဲ့ ၊ ပု ဆိန် ရိုး တွေ ၊ အ မျိုး သား သစ္စာ ဖေါက် တွေ ကို နေ ရာ တိုင်း မှာ ၊ ကြွ ကြွ ၊ ကြွ ကြွ နဲ့  တွေ့  နေ ရ တယ် ။ ဒီ ( န အ ဖ ) ကင် ပေ တိုင် တွေ က ပို ဆိုး နေ လို့  ၊ ပြည် သူ တွေ အ တော် မုန်း ကြ တယ် လေ ။
အဲ ဒီ ကောင် တွေ က တော့ ချဲ ထီ ဒိုင် ၊ အ နှိပ် ခန်း ဖွင့် စား သူ ၊ ဖါ ခန်း ဖွင့် စား သူ ၊ ဘော လုံး ပွဲ ဒိုင် ကိုင် သူ ၊ အ ရက် ဆိုင် ဖွင့် စား သူ များ ဖြစ် တဲ့ ။ ခါ တော် မှီ စီး ပွါး ရေး သ မား ( ကြံ့ ဖွတ် ၊ စွမ်း အား ရှင် ၊ မီး သတ် ၊ ရ . ယ . က ၊ အ မျိုး သ မီး ရေး ရာ ) တွေ ပဲ ဖြစ် ပါ တယ် ။ လူ မြင် ကွင်း မှာ ဆို ရင် မြင် ကောင်း မဲ့ ၊ အ ယောင် ပြ စီး ပွါး ရေး တွေ ( ဥ ပ မာ ။ ။ ကြေး အိုး ဆိုင် လို မျိုး ပေါ့ ဗျာ )
ဘယ် ဆိုင် ကို န မူ နာ ပြ ရ မ လဲ ဆို ရင် ( ရန် ကုန် မြို့  ၊ လမ်း မ တော် မြို့  နယ် ၊ ရွှေ တောင် တန်း လမ်း ထဲ က ၊ ကြံ့ ဖွတ် အ တွင်း ရေး မှူး ဆို သူ ၊ တင် မြင့် ၊ ဖွင့် ထား တဲ့ ၊ စ ကား ၀ါ ကြေး အိုး ဆိုင် ၊ သူ နဲ့  မျက် စောင်း ထိုး က ကြံ့ ဖွတ် ၊စွမ်း အား ရှင် ၊ ရ .ယ .က အ တွင်း ရေး မှူး၊ ရွှေ ၀ါ ရောင် သံ ဃာ ဆန္ဒ ဖေါ် ထုတ် ပွဲ တုန်း က သံ ဃာ ကို ၊ ကိုယ် ထိ လက် ရောက် ရိုက် နှက် ခဲ့ သူ အိမ် မှာ ဖွင့် ထား တဲ့ ၊ ထူး ရေ ခဲ မုန့်  ဆိုင် ) တွေ ကို ဥ ပ မာ ပြ ရ မယ် ။

နောက် ကွယ် မှာ ရာ ဇ ၀တ် မှု မ ကင်း တဲ့ အ ထက် ပါ အ လုပ် များ ကို လုပ် နေ ပြီး ခါ တော် မီ စီး ပွါး ရှာ နေ သူ တွေ ပါ ။ သူ တို့  လို လူ တွေ နေ ရာ တိုင်း မှာ မ နေ နိုင် မ ထိုင် နိုင် အောင် ဟန် ရေး ပြ ၊ ( ကဒ် ပြား ပြ ) ချိန်း ခြောက် အ ခွင့် အ ရေး ယူ ။ လူ မြင် အောင် လမ်း လျှောက် စ ကား ပြော စက် တွေ ကို တစ် ပြ ပြ ။ စက် ကို အ သံ ဖွင့် ပြီး လူ ကြား ထဲ မှာ ။ တ ရွှီး ရွှီး ၊ တ ရှဲ ရှဲ လုပ် ပြ ရ တာ က အ မော ပါ ပဲ ။ ဟုတ် လှ ပြီ ထင် နေ တာ ။ သူ တို့  ကို ကြည့် နေ သူ တွေ က ဘယ် လို ပုံ စံ နဲ့  ကြည့် နေ မှန်း မ သိ ။ သူ ခိုး ရွှေ ရ တစ် ပြ ပြ ဖြစ် နေ ကြ တယ် ။ အဲ ဒီ လို လုပ် နေ ကြ တဲ့ ထဲ မှာ ဓါတ် ပုံ ထဲ က ( ဘေး တိုက် ထိုင် နေ သူ ) ပိန် ပိန် လူ နဲ့  ၀ ၀ လူ နှစ် ယောက် ကို ။ ဝေါ် ကီ တော် ကီ တစ် လုံး စီ နဲ့  ( တ ရှဲ ရှဲ ) လုပ် နေ တာ ကို စာ ရေး သူ ရဲ့  မိတ် ဆွေ က ဓါတ် ပုံ ရီုက် ပြီး စာ လေး ပို့  လိုက် လို့  ။ အာ ဇာ နည် က နေ ပြန် ပြီး ဖေါက် သည် ချ တာ ပါ ။

ဗ ဟို အ မျိုး သ မီး ဆေး ရုံ ရှေ့ က လ္ဘက် ရည် ဆိုင် ထဲ မှာ လို့  ပြော တယ် ။ ( အာ ဆင် နယ် ) ဆို တဲ့ ဆိုင် ပေါ့ ။ ဘေး လူ တွေ က မျက် စောင်း ထိုး ကြည့် နေ တာ ကို မ သိ ပဲ ။ လေ ရ နေ တဲ့ ( လောက် ကောင် ထီး ၃ ကောင် နဲ့  လောက် ကောင် မ ၁ ကောင် ) ရဲ့  ပုံ ပါ ။ ဘယ် သူ တွေ ပါ လဲ စာ ဖတ် သူ တို့  ။ သိ သူ များ က အာ ဇာ နည် ကို အ ကြောင်း ကြား ပေး ကြ ပါ ။ ဒါ ပါ ပဲ ။ ပ ညာ မဲ့ သူ ခိုး ရွှေ ရ တစ် ပြ ပြ တွေ က ရဲ အ စစ် ထက် ဆိုး နေ တယ် ။ ရဲ က သူ့  စ ကား ပြော စက် ကို လူ မ မြင် အောင် ကိုင် သေး တယ် ။ သူ့  ကို ရဲ မှန်း သိ မှာ စိုး လို့  ။ သူ တို့  က တော့ လူ မြင် အောင် လုပ် ပြ နေ ရ တာ အ မော ပါ ပဲ ။ ( န . အ . ဖ ) လက် ထက် မှာ သူ ခိုး ရွှေ ရ တစ် ပြ ပြ လုပ် နေ တဲ့ ၊ သူ ခိုး ၊ ဂျ ပိုး တွေ က လည်း အ လွန် များ ပြား စွာ တိုး တက် လို့  လာ ခဲ့ ပါ ပြီ ။
တိုး တက် နေ လိုက် တဲ့ သူ ခိုး တွေ ။ ဂျ ပိုး တွေ ။ အ ချောင် စား လောင်း က စား သ မား တွေ ။

( အ ဘ ယ )

မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ



30 November 2008

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ၀င်ရောက်စီးနင်းထားတဲ့ အကြမ်းဖက်သမားတွေ ၃ ရက်တာ ၀င်ရောက်စီးနင်းထားတဲ့ ဖြစ်ရပ်ကြီး ပြီးဆုံးသွားပါပြီ။ အခုအစိုးရ လုပ်ဆောင်နေတဲ့ ကိစ္စတွေကတော့ ဒီဖြစ်ရပ်မှာ အသက်မသေကြေ ကျန်ရစ်သူ တွေကို ကူညီဖေးမဖို့၊ တိုက်ခိုက်မှုကြောင့် အပျက်အဆီးတွေ ဘယ်လောက် ရှိသွားလဲ တွက်ချက်ဖို့၊ သေဆုံးသွားသူတွေ အတွက် ၀မ်းနည်းပူဆွေးဖို့ ဒီတိုက်ခိုက်မှုတွေရဲ့ လက်သည်ကို ဖော်ထုတ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဘာတွေ လုပ်ဆောင်ကြမလဲ ဆိုတာကို တွက်ချက်ကြဖို့ကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နဲ့ နိုင်ငံရဲ့ ထိပ်တန်း စစ်ရေး၊ ထောက်လှန်းရေး အကြီးအကဲတွေ စုဝေးခဲ့ကြပါတယ်။ တချို့ အကြမ်းဖက် သမားတွေက မွမ်ဘိုင်းကို မော်တော်ဘုတ် နဲ့ လာခဲ့ကြတာမိုလို့ အိန္ဒိယကမ်း လုံခြုံရေးအတွက် စောင့်ကြည့်မှုတွေ ချက်ချင်းတိုးမြှင့်မယ်လို့ ပြည်တွင်း လုံခြုံရေး အထူးဝန်ကြီးတယောက်က ပြောပါတယ်။

မွမ်ဘိုင်းမြို့တ၀ှမ်း စစ်သွေးကြွတွေကို အကွက်ချ တပြိုင်နက် လုပ်ဆောင်မှုတွေ စတင်ခဲ့ပြီးတော့ နာရီပေါင်း ၆၀ အကြာ မှာတော့ တက်ဂ်ျမဟာ ဟော်တယ် မှာ နောက်ဆုံးပိတ် စစ်ဆင်ရေး လုပ်ဆောင်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်သမား တွေရဲ့ စီးနင်းမှု အဆုံးသတ်သွားခဲ့တာပါ။ တိုက်ခိုက်မှုတွေ အတွင်းမှာ နိုင်ငံခြားသား ၂၂ ဦး အပါအ၀င် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ လုံခြုံရေး အဆင့်မြင့် အရာရှိတချို့လည်း ပါဝင်ပါတယ်။ တိုက်ခိုက်သူ စစ်သွေးကြွ ၁၁ ယောက်လည်း သေဆုံးသွားခဲ့ပြီးတော့ ပါကစ္စတန် စစ်သွေးကြွ တယောက်ကိုတော့ ဖမ်းမိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု တွေက လက်ရှ်ကာ အီဒိုက်ပါ ဆိုတဲ့ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွအုပ်စုရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ တူတယ်လို့ အမေရိကန် ထောက်လှန်းရေး အရာရှိတွေက ပြောပါတယ်။
http://www.voanews.com/burmese/2008-11-30-voa1.cfm

ခလေး စစ်သားပြဿနာ..

Child soldiers in burma.

ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....

ဆောင်းပါးရှင် - အောင်ဇော် (ဧရာဝတီ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)
တိုင်းပြည် အာဏာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ချုပ်ကိုင်ထားသဖြင့် မြန်မာပြည်ကြီးမှာအကျဉ်းစခန်း သဖွယ် ပြောင်းလဲခဲ့ရသည်။ နောက်ဆုံး စစ်တပ်မှ တက်လမ်းရှိသည့် အရာရှိငယ်များ အပါအ၀င် တပ်မတော် သားများသည်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမရှိမှ တိုင်းပြည်အခြေအနေ ယခုထက်ပိုမို ကောင်းလာမည်ကို သိနေကြပြီ ဖြစ်သည်။ တိုင်းပြည်ပျက်စီး ယိုယွင်းနေသည်ကို ထိုင်ကြည့်ရင်း တိုး၍ ဖြစ်ပေါ်လာနေကြသည့် မကျေနပ်မှုများကို အခြေခံ၍ သူတို့ တခုခုလှုပ်ရှား လာကြမည်လော။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အစိုးရအတွင်းမှ ခေါင်းမာဂိုဏ်းသားများကို အာဏာမှ ဖယ်ရှား ဖြုတ်ချလိုက်ခြင်း သည်သာ ယခုတွေ့ကြုံ ခံစားနေရသော ဒုက္ခအကြပ်အတည်းများ အဆုံးသတ်သွားနိုင်သည့် တခုတည်းသော နည်းဖြစ်ကြောင်း တပ်မတော်သားများ၊ စစ်တပ်အရာရှိများက သိနေကြသည်။ ဤအချက်မှာ သံသယဖြစ်ဖွယ် မရှိပါ။

ယခုစစ်အစိုးရ လက်ထက်တွင် တပ်မတော်သားများ ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာခဲ့ပြီး စစ်တပ် အတွင်း ၌ပင် လူတန်းစား ကွာဟလာသည်ကို မြင်နေကြရသည်။ သာမာန်ရဲဘော်များမှာ အသက်ရှင်သန် ရပ်တည် နိုင်ရေးအတွက် ရုန်းကန်နေကြရသည့် အချိန်တွင် လာဘ်စား ဖောက်ပြန်နေကြသည့် ဗိုလ်ချုပ်များက မတန် မရာ ချမ်းသာနေကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏သစ္စာခံများကို စစ်တပ်၏ အစိတ်အပိုင်းတခုက ဖြုတ်ချအာဏာသိမ်းရန် ကြံ စည်နေသည် ဟု ဆိုလျှင်လည်း လုံးဝဖြစ်နိုင်ခြေ ရှိပါသည်။ ထိုသူတို့မှာ မည်သူဟု အတိအကျ မသိနိုင်သကဲ့သို့ မည်သည့်အချိန်တွင် ထကြွကြမည်ကိုလည်း အတတ်မပြောနိုင်ပါ။ သို့သော် သေချာနေသည်ကတော့ ထိုသူ များကသာ သူတို့၏ ခေါင်းဆောင် ကြီးကို ပြန်လှန်ကြပြီဆိုလျှင် သူတို့နှင့်အတူ စစ်တပ်အတွင်းမှပင် အများ အပြား ပူးပေါင်းလာကြလိမ့်မည် ဖြစ်သည်။

အကယ်၍ သတ္တိကောင်းသည့် အရာရှိငယ်တချို့က ဤသို့သောအရေးကိစ္စများကို သူတို့လက်နှင့် ဖြေရှင်းရန် ကြိုးပမ်း ခဲ့သည် ဆိုလျှင်လည်း ဤအဖြစ်မျိုးက မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် မဟုတ်ပါ။

၁၉၇၆ ခုနှစ်တုန်းကလည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကျော်ထင်အောက်တွင် အရာရှိအဖြစ် တာဝန်ထမ်း နေသည့် ဗိုလ်ကြီးအုန်းကျော်မြင့်က ဦးနေ၀င်း၊ ဦးစန်းယု အပါအ၀င် နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုး ပမ်းခဲ့ကြဖူးသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့်အတူ ကာကွယ်ရေးတက္ကသိုလ် (DSA) မှ ဆင်းလာသူ တခြားစစ်ဗိုလ် အရာရှိ ငယ် များ က စစ်ရုံး ချုပ်တွင် လျှို့ဝှက်အစည်းအဝေးထိုင်၍ မြန်မာနိုင်ငံကို စစ်ဖိနပ်အောက် ပထမဦးဆုံး သွတ်သွင်း ခဲ့သည့် အာဏာရှင် ဦးနေ၀င်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြသည်။

ထိုအကြံအစည်ကို ထောက်လှမ်းရေးများက နောက်ဆုံးဖော်ထုတ်နိုင်ခဲ့ပြီး မည်သူက ဦးဆောင်လှုပ်ရှားနေသည် ကို လိုက် လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေခင်းတွင် ဗိုလ်ကြီးအုန်းကျော်မြင့်က ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ခိုလှုံခွင့် တောင်း ခံရန် ဆုံးဖြတ်ခဲ့သည်။ သူက သံအမတ်ကြီးနေအိမ်ရှေ့မှောက်ရောက်၍ မအောင်မြင်ခဲ့သော အာဏာသိမ်း အ ကြံအစည်ကို ရှင်းပြကာ ခိုလှုံခွင့်တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ နောက်ဆုံး ထောက်လှမ်းရေး များ က သူ့ကို ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် တချို့သော စစ်တပ်အရာရှိများကို ခုံရုံးတင်စစ်ဆေးစဉ် ကာလတွင် ထိုသူတို့မှာချက် ချင်း ဆိုသလို နေ့ချင်းညချင်း သူရဲကောင်းများ ဖြစ်လာကြပါသည်။ အာဏာသိမ်းမှုနှင့် ဆက်စပ်သည်ဟု ယူဆ ၍ စစ်မေးခံရသူ စစ်သားများနှင့် အရာရှိများက ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် သူ၏အုပ်စုကို မည်မျှ ကြည်ညို လေး စားကြောင်း ပြောဆို ခဲ့ကြသည်။ အင်းစိန်တွင် စစ်ဆေးခဲ့သည့် လူအများကြားနာနိုင်သောခုံရုံး၌ တက်ရောက် နားထောင်ခဲ့ရသူများက သူပုန်အရာရှိငယ်များကို လေးစားကြောင်း ဖော်ပြပြောဆိုခဲ့ကြပါသည်။

စွပ်စွဲခံထားရသူ တပ်မတော်အရာရှိများက တရားခွင်စင်မြင့်ကိုသုံး၍ ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ခြစားနေသည့် အရာရှိများကို ပြစ်တင်ရှုံ့ချကြပြီး စစ်အစိုးရ၏ မူဝါဒများကို ဝေဖန် ခဲ့ကြသည်။ ဤမူဝါဒများကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျခဲ့ရသည်ဟုလည်း ပြောဆိုခဲ့ကြသေးသည်။

သူတို့၏ သက်သေထွက်ဆိုချက်များက ရှေ့ဖြစ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သည့် အလား မှန်ခဲ့ပါသည်။ နောက်ထပ် ဆယ်စုနှစ် တခုအကြာတွင် ပျက်စီးယိုယွင်းနေသည့် စီးပွားရေးအခြေအနေကြောင့် လူမှုရေး မငြိမ် မသက်မှုများ ဖြစ်လာခဲ့ရ ပြီး နောက်ဆုံး ဦးနေ၀င်း နှုတ်ထွက်ရသည်အထိ ဖြစ်စေခဲ့သည်။ (သို့သော်လည်း က မောက်ကမနိုင်လှသည့် လွဲချော် မှုတခုမှာ ဦးနေ၀င်း၏ စီးပွားရေးမူဝါဒများကို ပြစ်တင်ဝေဖန်ခဲ့သူ သူပုန် အရာ ရှိ ဗိုလ်ကြီးသိန်းဝင်းက ယခုလက်ရှိ စစ်ခေါင်းဆောင်များနှင့် နီးနီးစပ်စပ်ပေါင်း၍ သန်းကြွယ်သူဌေး ဖြစ် နေ သည့်အချက်ပင် ဖြစ်သည်)

အရာရှိငယ် မြောက်များစွာကို ထောင်ချခြင်း၊ အရေးယူခြင်း၊ အတင်းအကျပ်နုတ်ထွက်စေခြင်းများ ပြုခဲ့သည့်ပြင် စစ်ရုံးချုပ် မှ အရာရှိငယ် ရာပေါင်းများစွာကို သူတို့၏တာဝန်များမှ ထုတ်ပယ်ခဲ့ပြီး အာဏာသိမ်းရန် ကြံစည်မှုနှင့် ပတ်သက်သည်ဟု ယူဆရသည့် တိုင်းမှူးများကိုလည်း အတင်းအကျပ် နုတ်ထွက်စေခဲ့သည်။ ယခုအခါအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ဒုတိယဥက္ကဋ္ဌဖြစ်နေသူ ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်ဦးမှာ လည်း ဤကိစ္စဖြင့် ထောင် သွင်းအကျဉ်းချခံရသည့် အရာရှိများတွင် တဦးအပါအ၀င် ဖြစ်သည်။ ၎င်းမှာအာဏာ သိမ်းရန် ကြံစည်သည်ကိုသိလျှက်နှင့် ထိမ်ချန်ထားမှုဖြင့် အရေးယူ အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က ဗိုလ်မှူးကြီးအဆင့်သာရှိသေးပြီး ဦးနေ၀င်းကို သစ္စာစောင့်သိနေသည့် ဗိုလ်သန်းရွှေက ဤဖြုတ် ထုတ် ရှင်းပွဲမှ ကံသီကာ လွတ်မြောက်ခွင့် ရခဲ့သည်။

ဗိုလ်ကြီးအုန်းကျော်မြင့်က အာဏာသိမ်းမှုတွင် သူတာဝန်ယူခဲ့သည့် အပိုင်းကဏ္ဍကြောင့် ကြိုးပေး ကွပ်မျက်ခံ ခဲ့ရသည်။ သို့ သော်လည်း သူ၏အမည်ကို မြန်မာပြည်သူများက မေ့မသွားခဲ့ကြပါ။ အာဏာကို ချုပ်ကိုင် ထား ပြီး တိုင်းပြည်ကို ဇီဝိန်ချုပ် အောင် တဖြည်းဖြည်းချင်းသတ်နေသူကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည့် သူ၏ သူရဲ ကောင်းဆန်လှသော လုပ်ရပ်ကို လူအများက ယခုတိုင် လက်ခုပ်တီးအားပေးလျက် ရှိသည်။

ဦးနေ၀င်းကို လုပ်ကြံရန် ကြိုးပမ်းမှု မည်သည့်အတွက်ကြောင့် မအောင်မြင်ဖြစ်ခဲ့ရလေသနည်း။ အာဏာသိမ်းပြီးလျှင် ခေါင်းဆောင်တင်ရန် ကြံထားသည့်သူများက သူတို့အကြံကို ဆိုင်းငံ့ထားရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သောကြောင့်ဟု လူတချို့က ပြစ်တင်ကြသည်။

တကြိမ်တွင် သူတို့၏ စစ်တပ်ဂျစ်ကားကို ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းဆောင်များ နေထိုင်ရာ အေဒီလမ်း ထဲအ ထိ မောင်းဝင်လာပြီး သူတို့အကြံကို အကောင်အထည် ဖော်လုဆဲဆဲတွင်မှ ပြန်၍ လက်လျှော့ ရုပ်သိမ်းသွား ခဲ့သည်။ ထိုစဉ်က သူတို့၏ ကားမှန်ပေါ်သို့ ငှက်သေတကောင် ပြုတ်ကျလာသည့် အတွက် ကံမကောင်းဟုယူဆ ကာ နောက်ဆုံးမိနစ်တွင်မှ အစီအစဉ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်တွင် ဗိုလ်ကြီးအုန်းကျော်မြင့်ကဲ့သို့သော အရာရှိငယ်များ စစ်တပ်ထဲတွင် မရှားကြောင်း ပြောဆိုနေ ကြပါသည်။ မြန်မာပြည်သူများကလည်း “သူတို့ဘယ်နေရာမှာ ရှိနေကြပါလိမ့်” ဟု မေးကောင်း မေးနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အတိတ်အတွေ့အကြုံ သင်ခန်းစာများအရ ပို၍ သတိကြီးကြီး ထားနေကြခြင်း ဖြစ်ပေလိမ့်မည်။ (သို့သော်လည်း ဗိုလ်ကြီးအုန်းကျော်မြင့်၏ အတွေ့အကြုံအရ သတိကြီးကြီး အထား လွန်နေခြင်းက မကောင်း ကြောင်း ပြသထားပြီး ဖြစ်သည်။)

မျှမျှတတဆိုရလျှင် စစ်တပ်အတွင်း၌ သဘောထားပျော့ပြောင်းမှုကို မည်သူမဆို လိုလားနိုင်သည်။ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံမှ၊ ဒီမိုကရေစီ အရေးကိုထောက်ခံသည့် သဘောထားရှိမှရယ်လို့ မဟုတ် ပါ။ ထိုသူတို့က တိုင်းပြည်အာဏာကို လိုချင်၍ ကြိုးပမ်းကြခြင်း မဟုတ်ဘဲ ကျဆင်းနေသည့် တပ်မတော် ဂုဏ် သိက္ခာကို ဆယ်ရန် သူတို့၏တာဝန်ကို သူတို့ ထမ်းဆောင်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။

တချိန်က မြန်မာလူမျိုးများက ပြည်ပရန်မှ ကာကွယ်ပေးနိုင်ရေးအတွက် တပ်မတော်ကို အားကိုးခဲ့ကြပါသည်။ ဥပမာအား ဖြင့် တရုတ်နိုင်ငံတွင် ကွန်မြူနစ်များ အာဏာရပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကျူးကျော်လာကြ သည့် ကူမင်တန်တပ် ဖွဲ့များ ရန်မှ ကာကွယ်ပေးရေးအတွက် အားကိုးခဲ့ကြပြီး ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိပြီး မကြာမီဖြစ်ပွားလာခဲ့သည့် ရောင်စုံ သူပုန်ထမှုတွင်လည်း စစ်တပ်၏ ကာကွယ်ပေးမှုကို လူအများက မျှော်လင့် ခဲ့ကြပါသည်။

ယခုအခါ မြန်မာ့တပ်မတော်ကို သာမာန်ပြည်သူများက ရွံ့ကြောက်ကြောက်နေကြရသည်။ လက်ရှိ ဤသို့ဖြစ် နေ ရသည့် အခြေအနေကို တိုင်းပြည်တာဝန်ထမ်းနေကြသည်ဟု ယုံကြည်ထားကြသည့် တပ်မတော်အရာရှိ အများအပြားက စိတ်အနှောင့်အယှက် ဖြစ်နေကြရပါသည်။

စစ်တပ်အတွင်းတွင် အမှန်တကယ် မျိုးချစ်စိတ်ရှိသည့် တပ်မတော်အရာရှိများ ရှိနေကြကြောင်းကို မြန်မာပြည် သူ အများက သိထားကြပါသည်။ ထိုမျှမက သူတို့ အထဲက တဦးတလေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာ စက်ကို ရိုက်ချိုး နိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်နေကြပါသည်။

အာဏာပြန်သိမ်းမည့်ကိစ္စကို စိတ်ကူးယဉ်မှုတရပ်ဟု ယူဆနိုင်စရာ ရှိသော်လည်း ပြည်သူများအနေနှင့် တပ်မ တော်ထဲတွင် အမှန်တကယ် ရဲစွမ်းသတ္တိနှင့် တည်ကြည်မှုရှိသည့် အရာရှိများ ကျန်ရှိနေသေးကြောင်း အမှန်တ ကယ် ယုံကြည်ချင်နေ ကြပါသေးသည်။

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace

ငြိမ်းချမ်းငြိမ်း
သောကြာနေ့၊ နိုဝင်ဘာလ 28 2008 16:00 - မြန်မာစံတော်ချိန်

၂၂ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Quantum of Solace ကို နိုဝင်ဘာလ ၁၄ ရက်နေ့ (သောကြာနေ့) မှစ၍ နိုင်ငံတကာတွင် ရုံတင်ပြသသည်။ ရုံတင်ပြသပြီး နှစ်ရက်အကြာ နိုဝင်ဘာလ ၁၆ ရက် (တနင်္ဂနွေနေ့) မှစ၍ ဈေးကွက်အခေါ် ရုံကော်ပီဟုခေါ်သည့် (ရုပ်ရှင်ရုံအတွင်း ကင်မရာဖြင့် ခိုးရိုက်ထားသည့် ခိုးကူးခွေ) DVD ချပ်များမှာ ရန်ကုန်မြို့များ၏ လမ်းဘေး DVD အရောင်းဆိုင်များတွင် တခွေလျှင် သုံးထောင်ကျပ်ဖြင့် ရောင်းချနေသည်ကို တွေ့ရမည်ဖြစ်သည်။ တရုတ်အသံထွက်များဖြင့် ထိုဂျိမ်းစ်ဘွန်းကော်ပီခွေ ဇာတ်ကားများမှာ တရုတ်နိုင်ငံမှ ရုပ်ရှင်ရုံများတွင် ခိုးဝှက်ရိုက်ကူး၍ DVD အဖြစ် ဖန်တီးကာ ဂျိမ်းစ်ဘွန်းဇာတ်ကား ကြိုက်သော မြန်မာပရိသတ်အတွက် အကြိုက်တွေ့ကြရသည်။

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of SolaceCasino Royal ခေါ် ၂၁ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားကို ၂ဝဝ၆ ခုနှစ်၌ ရန်ကုန်မြို့ရှိ နေပြည်တော် အပါအဝင် အခြားရုပ်ရှင်ရုံများတွင် သုံးပတ်ကြာ ပရိသတ်္တိုတိုးမပေါက်အောင် အားပေးခဲ့ခြင်းက ခိုးကူးခွေထုတ်လုပ်သူများအတွက် အကြိုက်တွေ့ခဲ့ကြခြင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတကာနှင့် အပြိုင် ဇာတ်ကားသစ်များကို ရုံမတင်နိုင်သော မြန်မာနိုင်ငံ၌မူ ဘွန်းပရိသတ်များ အနေဖြင့် ခိုးရိုက်ထား၍ ကြည်လင်ပြတ်သားမှု မရှိသော ထိုဇာတ်ကားကို တရုတ်စကားပြောသံများ အနေဖြင့် ခိုးဝှက်ထား၍ ကြည်လင်ပြတ်သားမှု မရှိသော ထိုဇာတ်ကားကို တရုတ်စကားပြောသံများဖြင့် ၎င်းရုပ်ရှင်ရုံထဲမှ ပရိသတ်အသံများဖြင့် ၎င်းကြည့်ရကာ အာသာဖြေကြရသည်။

Quantum of Solace ဇာတ်ကားကို Monster’s Ball, Finding Neverland ဇာတ်ကားများကို ဖန်တီးခဲ့သည့် ဒါရိုက်တာ မတ်(ခ်)ဖော်စတာက ရိုက်ကူးထားသည်။ Casino Royal တွင် ဘွန်းအဖြစ် သရုပ်ဆောင်ထားသည့် ဒယ်နီရယ်ခရေ့စ်ကပင် ယခုဇာတ်ကားတွင်လည်း ဘွန်းအဖြစ် သရုပ်ဆောင်ထားသည်။ ဘွန်းအဖြစ် အဓိကရန်သူ ဒေါမနစ်ဂရင်းအဖြစ် ပြင်သစ် သရုပ်ဆောင်နှင့် မက်သယူး အမ်မာလရစ်က သရုပ်ဆောင်သည်။

ကွမ်တမ်ဂိုဏ်း၏ အဓိကကျသော ဂိုဏ်သားတဦးဖြစ်ပြီး ဂရင်းပလန်းနက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌတဦးဖြစ်သည့် ဒေါမနစ်ဂရင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီအဖြစ် မျက်နှာဖုံးစွပ်ထားပြီး တရားမဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်သည်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့များနှင့် ပေါက်ရောက်သူလည်း ဖြစ်သည်။ သူ၏ အဓိက ရည်မှန်းချက်မှာ ပြည်ပတွင် ရောက်ရှိနေသည့် ဘိုလီဗီးယား စစ်ဗိုလ်ချုပ် မီဒရန်နိုကို အာဏာရရှိရန် ကူညီဆောင်ရွက်ပေးနေသူ ဖြစ်သည်။ မီဒရန်နို အာဏာ ပြန်လည်ရရှိလျှင် ဘိုလီဗီးယားနိုင်ငံ၏ ရေနံတွင်းများကို ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်ပြီး အမေရိကန်ကလည်း စီအိုင်အေ အေးဂျင့် ဂရက်ကို လွှတ်ထား၍ မီဒရန်နို အာဏာသိမ်းနိုင်ရန် အကူအညီပေးထားသည်။

Quantum of Solace ဇာတ်ကားမှာ ၂၁ ကားမြောက် ဘွန်းဇာတ်ကား Casino Royal ဇာတ်ကားနှင့် ဆက်နွယ်မှု ရှိနေသည်။ Casino Royal ဇာတ်ကားတွင် ဘွန်းနှင့် မစ္စတာဝှိုက်တို့ ကာစီနိုကစားပွဲအပြီး နောက်တနာရီ အကြာတွင် ဖြစ်ပျက်သော ဖြစ်ရပ်တခုဖြင့် Quantum of Solace ဇာတ်ကားကို စဖွင့်ထားသည်။ ဇာတ်လမ်း စစချင်းမှပင် အီတလီနိုင်ငံ ဆီယာနာမြို့တွင် ဘွန်း မောင်းလာသော ကားနောက်သို့ သေနတ်သမားများ လိုက်လာကြကာ သူ့ကို အသေ ပစ်သတ်ကြသော်လည်း နောက်ဆုံးတွင် ဘွန်း လွတ်မြောက်လာခဲ့သည်။ ကျည်ဆန်ရာ ဗရပွဖြစ်နေသော ဘွန်း၏ မော်တော်ကားထဲတွင် ဖမ်းဆီးလာသော မစ္စတာဝှိုက်ကို ဘွန်းနှင့် MI 5 မှ စစ်ဆေးနေစဉ် M ၏ လူယုံသက်တော်စောင့် မစ်ရှဲလ်က ဝှိုက်၏ လူဖြစ်နေသောကြောင့် သူ့ကို လွတ်မြောက်အောင် ကူညီပေးလိုက်သည်။ ပိုလိုကစားပွဲ ကျင်းပနေသောကြောင့် ဝှိုက်ကို ပြန်လည် မဖမ်းမိသော်လည်း သစ္စာဖောက် မစ်ရှဲကိုမူ သူ၏ အဆက်အသွယ်များကို မေးပြီး သတ်ပစ်လိုက်သည်။ ဝှိုက်ဆီမှရသော အချက်အလက်၊ မစ်ရှဲဆီမှရသော အချက်အလက်များကို ဆက်စပ်လိုက်သည့်အခါ တောင်အမေရိကတိုက် နိုင်ငံရေးအတွက် အန္တရာယ်ရှိသည့် ကွမ်တပ်ဂိုဏ်းကြီးကို ဘွန်း ခြေရာခံမိသည်။

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of SolaceCasino Royal ဇာတ်ကားတွင် အာဖရိကတိုက်ရှိ စိန်တွင်းများနှင့် ပတ်သက်၍ အားပြိုင်နေသော သူပုန်များအား အကူအညီပေးနေသည့် အဖွဲ့များအား ရှင်းလင်းနိုင်ခဲ့ပြီးနောက် သူ၏ ကိုယ်ရေးကိုယ်တာ (Personal Mission) နှင့် ပတ်သက်၍ ချစ်ကြွေးဆပ်ရမည့် ဘွန်းမှာ ဝှိုက် လွတ်မြောက်ပြီးနောက် ဆွမ်းခံရင်း ငှက်သင့်ဖြစ်ကာ ကွမ်တပ်ဂိုဏ်းကြီးအား ဖြိုခွဲရမည့်အပြင် ဗြိတိသျှထောက်လှမ်းရေးဌာနမှ ကွမ်တပ်ဂိုဏ်းနှင့် ဆက်နွယ်သူများကိုပါ ဖော်ထုတ်ရမည့် အခြေအနေ ရောက်ခဲ့သည်။ သူ့အပေါ် သစ္စာဖောက်သွားသည့် ရုရှားသူလျှိုမယ် ချစ်သူဖြစ်သူ ဗက်စပလင်းအပေါ် ပြန်လည် လက်စားချေမည့် ဘွန်း၏ အစီအစဉ်များမှာလည်း မစ်ရှဲနှင့် အဆက်အသွယ်ရှိသူ ဟေတီရှိ ဆလိတ်နောက်သို့ လိုက်ရန် အကြောင်းဖန်လာခဲ့သည်။ ဘွန်း ဟေတီသို့ ရောက်ချိန်တွင် လက်မရွံ့ လူသတ်သမားတဦးက သူ့အား သတ်ရန်ကြံသော်လည်း မအောင်မြင်ခဲ့။ ဟေတီတွင် ဘိုလီဗီးယား သူလျှိုမလေး ကာမီလီမွန်တက်(ဇ်)နှင့် တွေ့ပြီးနောက် သူမကို နောက်ယောင်ခံလိုက်ချိန်တွင် ဒေါမနစ်ဂရင်းနှင့် ကာမီလီတို့ တွေ့ဆုံနေကြသည်။ ဂရင်းက ကာမီလီကို ဗိုလ်ချုပ်မီဒရန်နိုနှင့် မိတ်ဆက်ပေးပြီး သူတို့၏ မော်တော်ဘုတ်နှင့် ထည့်လိုက်သည်။ ကာမီလီ၏ မိသားစုကို သတ်ပြီး သူ၏ မိခင်အား မတရားပြုကျင့်သွားခဲ့သည့် မီဒရန်နိုကို ပြန်လည် လက်စားချေရန် ကာမီလီက ကြံစည်ထားသော်လည်း မီဒရန်နိုက မမှတ်မိချေ။ ဘွန်းက မော်တော်ဘုတ်ထဲမှ ကာမီလီကို ပြန်လည်ခေါ်ဆောင်ခဲ့သော်လည်း ကာမီလီက လိုက်ပါလိုစိတ် မရှိချေ။

ကွမ်တပ်ဂိုဏ်းသားများ လျှို့ဝှက်တွေ့ဆုံပွဲ ကျင်းပရာ သြစတြီးယားသို့ လိုက်သွားသည့်အခါ ကွမ်တပ်ဂိုဏ်းသားများက နာမည်ကျော်ပြဇာတ်ဆရာ ပုချီနီ၏ တူစကာ အော်ပရာပြဇာတ် ကြည့်ချင်ဟန်ဆောင်၍ ထိုပြဇာတ်ရုံထဲတွင် စုဝေးကြပြီး အထူးဖန်တီးထားသည့် နားတွင် တပ်ဆင်သော ကိရိယာဖြင့် အစည်းအဝေး လုပ်နေသည်ကို ဘွန်း သိရှိသွားခဲ့သည်။ ခဏအကြာတွင် ထိုနားကြားကိရိယာကို ရအောင်ယူပြီး ဘွန်းက အစည်းအဝေးကို နှောင့်ယှက်နိုင်ခဲ့သည်။ ထိုစည်းဝေးပွဲသို့ ဗြိတိသျှဝန်ကြီးချုပ်၏ အကြံပေးဖြစ်သူလည်း တက်ရောက်ပြီး ဘွန်း၏ နှောင့်ယှက်မှုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ချိန်တွင် ဂရင်းလည်း ကားနှင့် ထွက်ပြေးရာ အကြံပေးပုဂ္ဂိုလ်၏ သက်တော်စောင့်ဖြစ်သူနှင့် ဘွန်းတို့နှစ်ဦး ဇာတ်ရုံခေါင်မိုးတွင် ဆုံမိကြသည်။ ထိုသက်တော်စောင့်က ခေါင်မိုးပေါ်မှ ခုံချသွားခဲ့ရာ ဂရင်းတို့၏ ကားပေါ်သို့ ကျသွားခဲ့သည်။

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solaceဗြိတိသျှအထူးအဖွဲ့ခွဲမှ အေးဂျင့်တဦးကို သတ်မှုဖြင့် M က ဘွန်းကို နိုင်ငံကူးလက်မှတ်နှင့် credit card များ အပ်ရန်အတွက် လန်ဒန်သို့ ပြန်လာရန် ခေါ်သော်လည်း ဘွန်းက အီတလီရှိ MI 5 အေးဂျင့်ဟောင်းနှင့် သူ၏ မိတ်ဆွေဖြစ်သူ ရီနီမေသစ်ဆီသို့ ရောက်သွားခဲ့သည်။ ရီနီ၏ အကူအညီဖြင့် ဘိုလီဗီးယားနိုင်ငံ လိုပက်(ဇ်)မြို့သို့ ပြန်လည်ရောက်ရှိကာ ထိုနိုင်ငံရှိ ဗြိတိသျှ ကောင်စစ်ဝန်ရုံးတွင် အမှုထမ်းနေသည့် MI 5 အေးဂျင့် စတော်ဘယ်ရီဖီးလ်နှင့် ရင်းနှီးခဲ့သည်။ သူမ၏ အကူအညီဖြင့် ဂရင်း၏ ရန်ပုံငွေ ရှာဖွေပွဲသို့ တက်ရောက်နိုင်ခဲ့ရာ ကာမီလီနှင့် ပြန်လည်တွေ့ဆုံခဲ့သည်။ ဘွန်းက ကာမီလီကို ပြန်လည် ခေါ်ဆောင်သွားရာ လမ်းတွင် ဘွန်းတို့ မောင်းနှင်လာသော ကားကို ဘိုလီဗီယား ရဲတို့က ရပ်ခိုင်းပြီး ကားနောက်ဖုံးကို ဖွင့်ခိုင်းသည်။ ဒဏ်ရာအပြည့်နှင့် ရီနီကို နောက်ဖုံးထဲတွင် တွေ့လိုက်ရာ ဘွန်းကိုယ်တိုင် အံ့သြသွားသည်။ ရဲတို့၏ ဖမ်းဆီးမှုကို လက်မခံဘဲ အပြန်အလှန် ပစ်ခတ်ပြီးနောက် ရီနီ သေဆုံးသွားခဲ့သည်။ ရီနီ မသေဆုံးခင် ဗက်စပါလင်းကို ခွင့်လွှတ်ရန် ပြောကြားသွားခဲ့သည်။

ကာမီလီနှင့် ဘွန်းတို့နှစ်ဦး Douglas DC-3 လေယာဉ်စီးကာ ဘိုလီဗီးယားနိုင်ငံ ရေနံထုတ်လုပ်ရန် လျာထားသော နေရာများတွင် သဲကန္တာရ ဖြစ်ထွန်းမှုကို လေ့လာချိန်တွင် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်တစီးတို့မှ လိုက်လံ ပစ်ခတ်သဖြင့် လေယဉ်ပျက်ကျကာ ၎င်းတို့နှစ်ဦးလည်း ထွက်ပြေးရသည်။ ကာမီလီက မိဘများအတွက် လက်စားချေရန် ကြံစည်ထားသည့်အကြောင်း ဘွန်းကို ပြောပြပြီးနောက် သူတို့နှစ်ဦး လာပက်(ဇ်)သို့ ပြန်လာခဲ့သည်။ လာပက်(ဇ်)တွင် M နှင့် တွေ့ပြီးနောက် ဘွန်းကြောင့် MI 5 အေးဂျင့်မှာ စတော်ဘယ်ရီ ရေနံစိမ်စည်ထဲတွင် အသတ်ခံထားရမှုအတွက် ဘွန်းကို ဘိုလီဗီယားမှ ပြန်ခေါ်ရန် M က အမိန့်ထုတ်သောအခါ ဘွန်းကို မနာခံဘဲ ဓာတ်လှေကားထဲတွင် သူ့ကို ထိန်းသိမ်းထားသည့် MI 5 အေးဂျင့်များကို တိုက်ခိုက်ပြီး လွတ်မြောက်လာခဲ့သည်။

ဘားတခုတွင် ဘွန်း၏ မိတ်ဆွေဖြစ်သူ စီအိုင်အေ ထောက်လှမ်းရေး ဖီလစ်လီယက်တာနှင့် တွေ့ဆုံသည့်အခါ ဂရင်းနှင့် မီဒရန်နိုတို့နှစ်ဦး အာဏာသိမ်းရန် တွေ့ဆုံမည့်နေရာကို ပြောပြခဲ့သည်။ ကာမီလီနှင့် ဘွန်းတို့နှစ်ဦး ဂရင်းတို့ ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိသွားသည့်အခါ ထိုနေရာမှ ထိုနေရာမှ ထွက်ခွာရန် ပြင်နေသော ဘိုလီဗီးယား ရဲချုပ်ကို ရီနီအား သတ်မှုအတွက် ဘွန်းက ပစ်သတ်လိုက်ပြီး ကာမီလီကမူ ဗိုလ်ချုပ် မီဒရန်နိုကို သူ့မိသားစုအတွက် ကလဲ့စားချေနိုင်ခဲ့သည်။ ဘွန်းလက်တွင်းမှ ဂရင်း လွတ်မြောက်ခဲ့သော်လည်း ပြန်လည်ဖမ်းဆီးမိနိုင်ခဲ့ပြီး ကန္တာရအလယ်တွင် သူ့အား လောင်စာဆီတဗူးနှင့် ဘွန်းက ထားခဲ့သည်။

ကွမ်တပ်ဂိုဏ်းကြီးနှင့် ဗိုလ်ချုပ်မီဒရန်နိုအား ဖြိုခွဲခဲ့အပြီးတွင် ဘွန်းက သူ့ချစ်သူဟောင်းရှိရာ ရုရှားနိုင်ငံ ကာဇန်သို့ လိုက်သွားသည်။ ကာဇန်တွင် ဗက်စပါလင်းက ပြင်သစ်-အယ်ဂျီးယားဖွား ယူစွက်နှင့် အတူနေသည်။ ယူစွက်က ကမ်တပ်ဂိုဏ်းသား တဦးဖြစ်ပြီး ထိပ်သီးသူလျှိုမယ်များကို ချစ်ဟန်ဆောင်ကာ အတွင်းသတင်းများကို ထောက်လှမ်းနေသူ ဖြစ်သည်။ ဗက်စပါနှင့် တွေ့ချိန်တွင် ဘွန်းက ဗက်စပါကို အပြစ်မယူကြောင်း ပြောပြီး ကနေဒါ ထောက်လှမ်းရေးက အလိုရှိသော ယူစွက်ကို ထောက်လှမ်းရေး ကော်နီ လက်ထဲသို့ အပ်လိုက်သည်။ ဗက်စပါ၏ အိမ်မှအထွက်တွင် အသင့်စောင့်နေသော M က ယူစွက်ကို မသတ်ဘဲ ထွက်လာသည့် ဘွန်းကို တအံ့တသြ ကြည့်နေသော်လည်း ဘွန်းက ဗက်စပါအတွက် ယူစွက် ဝယ်ပေးထားသော ဆွဲကြိုးလေးအား နှင်းတောထဲသို့ ပစ်ချပြီး ပျောက်ကွယ်သွားသည်။

၂၂ ကားမြောက် ဂျိန်းစ်ဘွန်းဇာတ်ကားဖြစ်သည့် Quantum of Solace မှာ တခြားဘွန်းဇာတ်ကားများလို မဟုတ်ဘဲ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ကိုယ်ပျောက်ကားများ၊ လက်နက်ဆန်းများ၊ X Ray မျက်မှန်များ စသည့် ဆန်းဆန်းပြားပြား ပစ္စည်းများ မပါဝင်တော့ချေ။ ဒရမ်မာနှင့် ဇာတ်သိမ်းပြီး သဘာဝကျမှုကို ဦးစားပေးထားသည့် ယခုဇာတ်ကားကို ရုပ်ရှင်ဝေဖန်ရေးဆရာများက ဇာတ်လမ်းပိုင်း အားနည်းပြီး အခြား ဂျိန်းစ်ဘွန်းကားများမှ ဇာတ်ဝင်ခန်းများကို ဟိုတစ၊ ဒီတစ ယူထားသည်ဟု ဝေဖန်ကြသည်။ ဥပမာအားဖြင့် စတော်ဘယ်ရီကို ရေနံစိမ်းစိမ်ပြီး သတ်ထားပုံမှာ Gold finger တွင် သူလျှိုမယ်တဦး ရွှေရည်စိမ်ပြီး သတ်ထားပုံကို ယူထားသည်ဟု ဝေဖန်ကြသည်။

သဘာဝ အရင်းအမြစ်များကို ထုတ်ယူကာ ကမ္ဘာလောက စိမ်းလန်းစိုပြေမှုကို ဖျက်ဆီးပစ်မည့် Eco Terrorist များ၏ အန္တရာယ်ကို ရိုက်ကူးပြသခဲ့၍ ချီးမွမ်းမှုများလည်း ရှိကြသည်။ အချုပ်အားဖြင့် ဆိုရလျှင် ၂၂ ကားမြောက် ဘွန်းဇာတ်ကားတွင် ဘွန်း၏ ရန်သူအဖြစ် Eco Terrorist တို့ကို ထားသည်။ ၂၃ ကား သို့မဟုတ် ၂၄ ကားမြောက်တွင်မူ မြန်မာ အပါအဝင် တောင်အာရှမှ အာဏာရှင်များနှင့် ရုရှား၊ တရုတ်တို့ ဆက်သွယ်ကြပုံကို ဘွန်း၏ ရန်သူအဖြစ် ထားရှိကောင်း ထားရှိမည်ဟု ဘွန်းဇာတ်ကားများကို ထုတ်လုပ်သည့် Eon Production က ဒေးလီးတယ်ရီဂရပ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။ အကယ်၍သာ ဘွန်းဇာတ်ကားများတွင် မြန်မာနိုင်ငံအကြောင်း ထည့်ရိုက်မည်ဆိုလျှင် လမ်းပေါ်တွင် ရောင်းချနေသည့် DVD ဆိုင်များတွင် ထိုအခွေများကို တွေ့ရတော့မည် မဟုတ်ချေ။

ပထမဦးဆုံး ဘွန်းဇာတ်ကားဖြစ်သည့် Dr. No ကို ၁၉၆၂ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ဘွန်းဇာတ်ကားပေါင်း ၂၂ ကားရှိလာပြီး ဘွန်းမင်းသားပေါင်းလည်း ၆ ဦး ရှိလာကာ၊ ဘွန်းဇာတ်ကား၏ ဇာတ်လမ်းများမှာ အမျိုးမျိုး ပြောင်းလဲလာပြီး ဘွန်းဇာတ်ကား ဒါရိုက်တာပေါင်းလည်း တဒါဇင်ကျော် ရှိလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်ကမူ လုံးဝ မပြောင်းချေ။

ငြိမ်းချမ်းငြိမ်း
http://www.mizzimaburmese.com/yatha-bank/movies/2066--quantum-of-solace.html
ဤရုပ်ရှင် ကြည့်လိုပါက ဒီမှာ

မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကို ဘင်္ဂလာနယ်စပ်တွင်ဖမ်းဆီး

11/28/2008

မြန်မာနိုင်ငံမှ တရားမ၀င်တင်သွင်းလာသည့် ဗီတာမင်ဘီ ဆေးပြား ၄၀၀၀၀ ကို ဘင်္ဂလား အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဆေးပြားများကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အိုခီးယားမြို့နယ် ၀ါးခွတ်ချောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘင်္ဂလားရိုင်ဖယ် တပ်ဖွဲ့တခုမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုဖမ်းဆီးမိသည့် ဆေးပြားများမှာ ကာလပေါက်ဈေးအားဖြင့် တာကာငွေ ၈၀၀၀၀ ဖိုးရှိပြီး မြန်မာကျပ်ငွေနှင့်ဆိုလျင် ကျပ်ငွေ

၇၂၀၀၀၀ ဖိုးရှိကြောင်း ဘင်္ဂလားရိုင်ဖယ်အရာတဦးမှ ပြော သည်။

ယခုကဲ့သို့ မှောင်ခိုတင်သွင်းလာသည့် ဆေးပြားအမြောက်အများကို ဖမ်းဆီးရမိသော်လည်း မှောင်ခိုသမားများမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဗီတာမင်ဘီ ဆေးပြားမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံဘက်မှ တင်သွင်းရန်ကန့်သတ်ထားသည့် ဆေးဝါး တမျိုးဖြစ်ကြောင်း အဆိုပါအရာရှိမှ ဆက်ပြောသည်။

ယခုအခါ ဘင်္ဂလား- မြန်မာနှစ်နိုင်ငံ နယ်စပ်တလျောက်တွင် နယ်စပ်ပြဿနာ ဖြစ်ပွားခဲ့ပြီး နောက် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ပထမဆုံးအကြိမ် တန်ဖိုးအများဆုံး ဖမ်းဆီးရမိ ခြင်းဖြစ်သည်။

လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလုပ်ဖြုတ်ခံရ

11/28/2008

မင်းဆက်ခိုင်(နိရဉ္စရာ)
ရခိုင်ပြည်နယ် မောင်တောမြို့မှ ရဲအရာရှိသုံးဦးကို လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ယနေ့တွင် အလုပ်မှ ထုတ်ပယ်လိုကကြောင်း သတင်း ရရှိသည်။

အလုပ်မှ ထုတ်ပယ်ခံရသူ ရဲအရာရှိများမှာ မောင်တောခရိုင်ရဲမှူး ၊ မြို့နယ်မှူး ဦးထွန်းရင်နှင့် မောင်တောမြို့ စခန်းမှူး ဦးညီလွင်စိုး တို့ဖြစ်ကြသည်။

အဆိုပါ ရဲအရာရှိသုံးဦး အလုပ် ဖြုတ်ခံရခြင်း ကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့ ရဲစခန်းနှင့် နီးစပ်သူ တဦးက “သူတို့ကို အလုပ် ဖြုတ်လိုက်တဲ့ အဓိက ကိစ္စကတော့ စခန်းမှူး ညီလွင်စိုးနဲ့ပတ်သက်နေပါတယ်။ လွန်ခဲ့တဲ့ ၁လခန့်က

စခန်းမှူးညီလွင်စိုးဟာ မူဆင်လင် အမျိုးသားတဦးဆီက ဘင်္ဂလာနိုင်ငံက တဆင့် တင်သွင်း အသုံးပြုနေတဲ့ မိုဘိုင်းဖုံးကို သွားဖမ်းတဲ့အခါ သိန်းတရာ လာဒ်တောင်းခံခဲ့ပါတယ်။ အဲဒီ မူဆလင် အမျိုးသားဟာ နစက ကွပ်ကဲရေးမှူးရဲ့ လူဖြစ်နေတဲ့အတွက် နစကနဲ့ရဲအဖွဲ့ အကြား ပြဿနာ ဖြစ်ပွားပြီး ခုလို ရဲအရာရှိတွေ အလုပ်ဖြုတ်ခံရတာ ဖြစ်ပါတယ်။”ဟု ပြောသည်။

စခန်းမှူး ဦးညီလွှင်စိုး ဖမ်းဆီးခဲ့သော မူဆလင်အမျိုးသားမှာ မောင်တောမြို့နယ် ဒုချားရားတန်းကျေးရွာမှဖြစ်ပြီး နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီး၏ အတွင်းလူ ဖြစ်ကြောင်း သိရသည်။

မူဆလင်အမျိုးသားသည် စခန်းမှူးညီလွင်စိုးအား တောင်းခံသော ကျပ်ငွေသိန်းတရာကို ပေးလိုက်ပြီး ငွေတောင်းခံစဉ် ပြောဆိုပုံများကို အသံဖမ်းယူထားလိုက်ပြီး နစက ကွပ်ကဲရေးမှူးမှ တဆင့် ပြည်နယ်သို့ တိုင်းကြားခဲ့သည်။

ထိုသို့ တိုင်ကြားခဲ့သဖြင့် ရခိုင်ပြည်နယ် အထူးစုံးစမ်းစစ်ဆေးရေး ဦးစီးဌာနမှ လာရောက်စစ်ဆေးခဲ့ပြီး ငွေတိုက်ရိုက်တောင်းခံသူ ဦးညီလွှင်စိုး အပါအ၀င် အဆိုပါ ငွေများအား ခွဲဝေလက်ခံယူခဲ့သူ ခ၇ိုင်ရဲမှူး အအပါအ၀င် မြို့နယ် ရဲမှူးပါ အလုပ်မှ ဖြုတ်ထုတ်ခြင်းကို ခံခဲ့ရသည်။

စခန်းမှူးညီလွင်စိုးနှင့် ခရိုင်ရဲမှူးတို့သည် ဆရာနှင့် တပည့်ဖြစ်ကြပြီး ယခင်ကလည်း ညီလွင်စိုး ကျူးလွန်ခဲ့သော လာဘ်ပေးလာဘ်ယူမှုတို့ကို မျက်ကွယ်ပြုထားပေးသူ တဦးဖြစ်ကြောင်း သိရသည်။

မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်

29 November 2008



အိန္ဒိယ နိုင်ငံက ဘဏ္ဍာရေး မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ ကို အကြမ်းဖက်သမားတွေ စီးနင်းခဲ့ပြီးတော့ ၄၈ နာရီ အကြာ မှာတော့ သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေထဲက တနေရာကလွဲပြီးတော့ ကျန်တဲ့နေရာတွေ အားလုံးကို လုံခြုံရေး တပ်ဖွဲ့တွေ ပြန်ပြီး ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။

အိုဘရိုင် ထရိုင်းဒန့် (Oberoi Trident) ဟိုတယ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေ လက်အောက်ကို ရောက်ပြီးတော့ အိန္ဒိယ

လုံခြုံရေး အရာရှိတွေက သောကြာနေ့က ပြောပါတယ်။ ချန်ဟိုက် ဂေဟာ ဂျူးဘာသာရေး စင်တာ တခုကိုလည်း လုံခြုံရေးတပ်ဖွဲ့ တွေက အပြီး ပြန်သိမ်းယူနိုင်ပြီလို့ ဆိုပါတယ်။ အဲဒီ ချန်ဟိုက် ဂေဟာ မှာ အကြမ်းဖက်သမားတွေလည်း မရှိတော့ပါဘူး။ ဓါးစားခံ အဖမ်းခံထားရသူတွေလည်း မရှိတော့ဘူးလို့ အိန္ဒိယ အမျိုးသားလုံခြုံရေး အစောင့်အကြပ်ရဲ့ ညွှန်ကြားရေးမှူး ဂျေကေဒက် က သတင်းထောက်တွေကို ပြောပါတယ်။

တက်ဂ်ျမဟာ ပဲလေ့စ် ဟိုတယ်မှာတော့ ညဥ့်အမှောင် ကောင်းကင်ယံကို နောက်ခံထားပြီးတော့ လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို မြင်ရသလို ဒလဆက် ထွက်နေတဲ့ သေနတ်သံတွေကိုလည်း ကြားနေရပြီးတော့ တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်ပွားနေဆဲပါပဲ။ သောကြာနေ့ အစောပိုင်းကတော့ ပျောက်ကျားတပ်ဖွဲ့ဝင်တွေက စစ်သွေးကြွ နှစ်ယောက်ကို သတ်ပစ်နိုင်ခဲ့ပြီးတော့ ဂျူးစင်တာ က ဓါးစားခံ ၅ ဦးရဲ့ အလောင်းတွေကို ရယူနိုင်ခဲ့တယ်လို့ မစ္စတာ ဒက် က ပြောပါတယ်။

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နန်းဒေ၀ီ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်


နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"

အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။

"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2059-2008-11-27-09-07-47.html

HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ချမှတ်ခံရ


28 November 2008
မြန်မာစစ်အစိုးရ ကနေ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၂ ကို ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပြန်ပါတယ်။ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ ဦးမြင့်အေး အပါအ၀င် လှုပ်ရှားသူအချို့ ကိုတော့ ဖောက်ခွဲ ဖျက်ဆီးရေး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တသက်တကျွန်း အပြစ်ဒဏ် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦး က တင်ပြထားပါတယ်။

ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရတဲ့အထဲမှာ HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ က ဦးမြင့်အေး အပါအ၀င် အဖွဲ့ဝင်အချို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ၊ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေ၊ နောက် စာနယ်ဇင်းဖက်ဆိုရင် မြန်မာနေရှင်း ဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့ အားလုံး စုစုပေါင်း အနည်းဆုံး ၂၂ ဦး ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကိုတော့ ဖောက်ခွဲဖျက်ဆီးရေး ပုဒ်မနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး က အခုလို ပြောပါတယ်။

“ဦးမြင့်အေးက ပုဒ်မ ၃/၆ ဖေါက်ခွဲကူညီ ပေါ့နော်။ အဲဒါနဲ့ တသက်တကျွန်း၊ ရန်ရွှေက ဖေါက်ခွဲ နဲ့ တသက်တကျွန်း ပုဒ်မ (၃)။ နောက်တခါ ၁၇/၁ နဲ့ ၃ နှစ်။ ၁၃/၁ နဲ့ ၅ နှစ်၊ ၁၃/၅ နဲ့ ငါးနှစ်၊ ရန်ရွှေက ပေါင်း တသက်တကျွန်းနဲ့ ၁၃ နှစ်။ နောက် ဇော်ဇော်အောင်။ ဖေါက်ခွဲသုံးနဲ့ တစ်သက်တကျွန်း၊ ၁၇/၁ နဲ့ ၃ နှစ်၊ ၁၃/၁ နဲ့ ၅ နှစ်၊ တသက်တကျွန်းနဲ့ ရှစ်နှစ်။”

အခြား HRDP အဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် နောက်ထပ် ၄ ဦး ကိုလည်း ရွှေပြည်သာ တရားရုံးကနေ ထောင်ဒဏ် ၈ နှစ်စီ အမိန့် ချလိုက်တယ်လို့ သိရပါတယ်။ မြန်မာနေရှင်းဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့နှစ်ဦး ကိုတော့ ၁၇/၂၀ ပုံနှိပ်အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ က ၁၃ ဦး ကိုလည်း ထောင်ဒဏ် ၆ နှစ်စီ အမိန့် ချခဲ့တယ်လို့ ကိုမောင်မောင်လေး ကပဲ အခုလို ပြောပါတယ်။

“ဒီနေ့ အရှေ့ပိုင်း ခရိုင် ရုံးကပေါ့နော် ကိုသိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘယ်အေး (ခေါ်) မေဦး၊ မနွဲ့နှင်းရီနိုးနိုး၊ သရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကျော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ မောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင် အဲဒီ ၁၃ ယောက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သုံးကြိမ် စွဲပြီးတော့ ထောင်ဒဏ် ၆ နှစ် ချလိုက်တယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖောက်ခွဲရေးပုဒ်မတွေနဲ့ အရေးယူခံရတဲ့ ကိုမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ မိသားစုဝင်တွေ ကတော့ သူတို့ကို အပြစ်စီရင်ခံတဲ့ တရားရေးစနစ်ဟာ မျှတမှုမရှိသလို၊ အခု အရေးယူခံရတဲ့ ပြစ်မှုတွေမှာလည်း ဘာမှ ထင်ရှားတဲ့ အထောက်အထားတွေ မရှိပါဘူးလို့ ပြောကြပါတယ်။

“ကိုမြင့်အေး ဟာ မြန်မာနိုင်ငံ ကသာမကဘူး ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးသမား တယောက် ဖြစ်ပါတယ်။ မနှစ်ကတုန်းက (၅၉) နှစ်မြောက် လူ့အခွင့်အရေးနေ့မှာဆိုလို့ရှိရင် လူ့အခွင့်အရေး ကောင်စီကနေ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးဆီက သ၀ဏ်လွှာ ပေးပို့ခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလို လူတယောက်ဟာ ဒီလို ဖောက်ခွဲပုဒ်မ နဲ့ တသက်တကျွန်း ချခံရတယ်ဆိုတာ မုန်တိုင်းထန်တဲ့ ရက်တွေပြီးလို့ရှိရင် လေပြေလာမယ့် ရက်တွေကို စောင့်မျှော်နေပါတယ် ဆိုတဲ့ စကားပဲ ပြောလိုပါတယ်။”

“တော်တော်ကို နည်းလမ်းမကျတဲ့ ကိစ္စတွေပါ။ ဘယ်ကမှ သတင်းမရဘူး။ ဖမ်းတာဆီးတာလည်း မသိဘူး။ ၂ လလောက် နေမှ သိတာ။ သိတော့ ဖမ်းထားတယ် ဒီလို ဖောက်ခွဲရေး ကိစ္စနဲ့ပတ်သက်ပြီး အဲလို သတင်းကြားလို့လိုက်တော့ ထောင်မှာ ရောက်နေတယ်။ တို့ မိဘတယောက် အနေနဲ့ကတော့ကွာ ဟုတ်တယ်ဆိုရင်တော့ မပြောလိုပါဘူး။ ဘာမှလည်း မသိရတာ၊ ဟုတ်လည်း မဟုတ်ဘဲနဲ့။ နောက်ပြီးတော့ ဦးနဲ့ ကိုယ်တိုင် အလုပ်လုပ်နေရင်းနဲ့ ဖြစ်တဲ့ဖြစ်ရပ်ပဲကွ၊ မမှန်မကန်ဆိုတော့ စိတ်ထိခိုက်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် အမှန်အကန်ဆိုရင် တို့ မပြောလိုပါဘူး။ မခံထိမခံသာ ဖြစ်တယ် ပေါ့ကွာ။ ပြောမယ် ဆိုလို့ရှိရင်တော့ သူတို့အခု လုပ်နေတဲ့ လုပ်ရပ်က အကုန်လုံး ရုံးမှာ ရှေ့နေတွေ မလိုက်နိုင်တဲ့ အဆင့်မှာတောင်မှပဲ တို့ လူစိမ်းတွေတောင်မှပဲ မမှန်ကန်ဘူးဆိုတာ ပေါ်လွင်နေတယ်။”

“ရင်ထဲမှာ ခံစားရတာက အပြင်ဘက်မှာ ထုတ်ဖော်လို့ရှိရင် ရှုံးရာ ကျမှာစိုးလို့ မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။ ရင်ထဲမှာတော့ ခံစားရတာ အတိုင်းထက်အလွန်ပေါ့။ မွေးထုတ်ထားတဲ့ မိခင် ပဲ သားရယ်။ အန်တီသား က ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ သူများ သွေး ထွက်သံယိုဖြစ်အောင်လည်း မရိုက်နှက်ခဲ့ဘူး။ အဲဒီတော့ ဒီ ဗုံးကြီးကို သွားထောင်တယ်ဆိုတာ အန်တီ က လုံးဝ မယုံကြည်ဘူး။ ရပ်ကွက်ထဲက သူတွေကလည်း လုံးဝ မယုံကြည်ဘူး။ အန်တီ့သားက ဒါကြောင့်မိုလို့ သူတို့ လာပြောတဲ့အချိန်မှာ ခင်ဗျားသား က ကြံ့ခိုင်ရေး ရုံး ဗုံးဖေါက်တဲ့အထဲမှာ ပါတယ် ဆိုတော့ အန်တီ က မကြားဘူးတဲ့စကား ကြားလိုက်ရတဲ့အတွက် ရင်ထဲမှာ ဆို့ပြီးတော့ ပစ်လဲကျသွားတယ်။”

ဒါကတော့ ဖောက်ခွဲရေးပုဒ်မတွေနဲ့ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုမြင်အေး။ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ရဲ့ မိသားစုဝင်တွေ ပြောသွားတာပါ။ သူတို့ကို တော့ ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေးအသင်း ရန်ကုန်တိုင်း မြို့နယ်ရုံးတရုံးကို ဗုံးခွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တွေ အခုလို ချခဲ့တာပါ။ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး ကတော့ အာဏာပိုင်တွေ အနေနဲ့ ဦးမြင့်အေး ကို လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ဖမ်းမရလို့ အခု အမှုနဲ့ အကွက်ဆင် ဖမ်းခဲ့တာလို့ ယူဆပါတယ်။

“ရဲဘော်တွေနဲ့ ကျနော် လုပ်ခဲ့ကိုင်ခဲ့တဲ့တလျှောက် ဒီကိစ္စမျိုးတွေနဲ့ ပတ်သက်တာမျိုး တစုံတရာမှ ကျနော်တို့ စဉ်းစားခြင်း၊ တွေးခေါ်ခြင်းတောင် မရှိဘူး။ ဒါကြောင့် ဒီကိစ္စကို ၁ အချက် လုံးဝ ငြင်းတယ်။ ၂ အချက် - အခုလို စွပ်စွဲတဲ့အချက်တွေက ကျနော်တို့ ဖမ်းဆီးသွားတဲ့ အနေအထားမျိုးမှာ သော်လည်းကောင်း၊ စစ်ကြောရေးကာလမှာ သော်လည်းကောင်း၊ လက်ရှိ တရားရေးအရ တင်လာတဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်လိုက်လို့ရှိရင် ဖမ်းဆီးတဲ့အခါမှာ သူတို့ ဥပဒေနဲ့ မညီမျှပါဘူး။ ဥပဒေနဲ့ မညီစွာ ဖမ်းသွားတယ်ဗျာ။ စစ်ကြောရေး ကာလတွေမှာလည်း ဦးမြင့်အေး ကိုဆိုရင် ၇ ရက် ၇ ည ဆက်တိုက် ပေါ့နော်။ သူ့အသက်အရွယ် ၆၀ နားနီးနဲ့ မတန်အောင် စစ်ဆေးခံရတယ်။ ရန်ရွှေ ဆိုရင် ၈ ရက်နဲ့ ၈ ည ပြင်းပြင်းထန်ထန် စစ်ဆေးခံခဲ့ရတယ်။ မျိုးမင်းတို့၊ သန့်ဇော်မြင့် တို့ ဆိုရင်လည်း အဲဒီလိုပဲ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ဆေးခံရတယ်။ စ ဖမ်းကတည်းက တရားဥပဒေနဲ့ မဆီလျော်တဲ့ကိစ္စတွေကို စလုပ်တာပဲ။ တရားဥပဒေ စိုးမိုးရေး အကြောင်းပြပြီးတော့ ရှေ့မှာ မြန်မာပြည်မှာ ဖောက်ခွဲမှု ဖြစ်စဉ်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့ပါတယ်။ တခါမှ စစ်မှန်တဲ့ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိတဲ့ကိစ္စအပေါ်မှာ အစားထိုး တရားခံ ရှာလိုက်တယ်ဗျ။ အဲဒီအထဲမှာ HRDB ကို သူတို့ ရှာလို့ ပိုပြီးတော့ အဆင်ပြေသွားတယ်လို့ တွေ့ရပါတယ်။”

HRDP အဖွဲ့က ကိုမောင်မောင်လေးဖြစ်ပါတယ်။ မိသားစုဝင်တွေက အခု ထောင်ချခံရသူတွေကို အရင်လူတွေလိုပဲ နယ်ဝေး ထောင်တွေကို ပို့မှာ စိုးရိမ်နေကြပါတယ်။ မနေ့ကအထိဆိုရင်တော့ တလအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူပေါင်း ၂၀၈ ဦးကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ခန့်မှန်းချေ ၁၀၀ ကျော်ကိုတော့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ ခဲ့ပါတယ်။
http://www.voanews.com/burmese/2008-11-28-voa7.cfm

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီးချုပ်က ရာထူးက ဖယ်ရှား

28 November 2008

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီးချုပ်က ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ဘန်ကောက်မြို့ အဓိက လေဆိပ်ကြီးနှစ်ကို ဆန္ဒပြသူတွေ သိမ်းထားတာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို ထိုင်း ၀န်ကြီးချုပ် က အမိန့်ပေးခဲ့ပြီးတဲ့နောက် တရက်အကြာမှာ အခုလို ရဲချုပ်ကို ရာထူးက ဖယ်ရှားလိုက်တာပါ။

အခုလို ထိုင်းရဲချုပ် ကို ရာထူးက ဖယ်ရှားလိုက်တဲ့အကြောင်း ထိုင်း ၀န်ကြီးချုပ် ဆွန်ချိုင်း ၀မ်ဆာဝတ် (Somchai Wongsawat) ရဲ့ ကြေညာချက် ဟာ ဘန်ကောက် သုဝဏ္ဍဘူမိ နိုင်ငံတကာ လေဆိပ်ကို လုံထိန်းတပ်ဖွဲ့ဝင်တွေ မရောက်ခင် နာရီပိုင်းအလိုမှာ ထွက်ပေါ်ခဲ့တာပါ။

စောစောပိုင်းကတော့ ထိုင်း ရဲအရာရှိတွေက ဆန္ဒပြသူတွေနဲ့ စေ့စပ်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ သူတို့ ရည်ရွယ်ချက်က လေဆိပ်ကို သိမ်းထားတာတွေကို အကြမ်းဖက်မှု မရှိဘဲ အဆုံးသတ်အောင် လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးလို့ မရရင် လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်း ၀န်ကြီးချုပ် ရာထူးက မနုတ်ထွက်ဘူးဆိုရင် လေဆိပ်ကို သိမ်းထားတာက ဖယ်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။

ထိုင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆူနိုင်း ဖာဆွတ်ခ် (Sunai Paskuk) ကတော့ အာဏာပိုင်တွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေအကြား သွေးထွက်သံယို မဖြစ်အောင် တိုးတက်မှုရှိလာအောင် ဆွေးနွေးကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဆန္ဒပြသူတွေနဲ့အတူ ကလေးငယ်တွေ ပါလာသူတွေလည်း ရှိတဲ့အတွက် သူတို့အတွက်လည်း ထပ်ပြီး စိုးရိမ်ရတယ်လို့ ဆူနိုင်းဖာဆွတ်ခ် က ပြောပါတယ်။
http://www.voanews.com/burmese/2008-11-28-voa4.cfm

Friday, November 28, 2008

လူတွေမလာနဲ့  gas သာလာပစေတဲ့။

ထောင်တံတိုင်း ခတ်နေပြီ။ တရုတ်နယ်စပ်မှာ
KIO ထိန်းချုပ်ရာ လိုင်ဇာအနီး တရုတ်-မြန်မာ နယ်ခြားတွင် အုတ်တံတိုင်းခတ်နေ
မျိုးကြီး။ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:24 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ကချင်ပြည်နယ်မှ ကေအိုင်အို (ခေါ်)ကချင် လွတ် မြောက်ရေး အဖွဲ့ ထိန်းချုပ်ရာ ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ တရုတ်-မြန်မာ နယ်ခြားတလျှောက်ကို လွန်ခဲ့ သည့် တပတ်ကျော်ကစပြီး အုတ်တံတိုင်း ကာရံနေသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ၀င်ထွက်ပေါက်တခုဖြစ်သည့် မြန်မာဘက်ခြမ်း လိုင်ဇာနှင့် တရုတ်ဘက်ခြမ်း နား ဘန်တို့ကို ၇ မိုင်ခန့်အထိ ရှည်လျားမည့် အုတ်တံတိုင်းဖြင့် ကာရံထားရန် တရုတ်အာဏာပိုင်များက စတင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

“လိုင်ဇာချောင်း တလျှောက်လုံးပေါ့။ ချောင်းနဲ့ ကပ်လျက်ရှိတဲ့ တရုတ်ဘက်ခြမ်းမှာ မြေတူးစက်တွေနဲ့ တူး နေ တယ်။ အနက်ကြီး တူးနေတယ်။ မြေစာပုံတွေနဲ့ ပြည့်နေတယ်။ တရုတ် အလုပ်သမားတွေလည်း အပြည့်ပဲ။ အဲဒီ တူးထားတဲ့ ဖေါင်းဒေးရှင်း (အောက်ခြေ) နေရာကို အလုပ်သမားတွေက ဂ၀ံကျောက်တုံးကြီးတွေ ချနေတယ်။ တူးနေတဲ့မြောင်းက ဘူဒိုဇာတစီး သွားစာကျယ်တယ်” ဟု လိုင်ဇာမှ မျက်မြင်ဒေသခံက မဇ္ဈိမကို ပြောသည်။

လိုင်ဇာမြို့အောက်ဘက်မှ နှစ်နိုင်ငံနယ်စပ်ကို ပိုင်းခြားထားသည့် လိုင်ဇာချောင်းနှင့် မုံလွဲချောင်း ဆုံသည့် နေရာမှ လိုင်ဇာမြို့အထက်ပိုင်း ၇ မိုင်ခန့် အကွာအဝေးအထိ နယ်စပ်အုပ်တံတိုင်း ခတ်မည်ဖြစ်သည်။ ချောင်း အနောက်ဘက်ကမ်းသည် မြန်မာပိုင်နက်ဖြစ်ပြီး၊ ချောင်းအရှေ့ခြမ်းသည် တရုတ်ပိုင်နက် ဖြစ်သည်။

အခြားဒေသခံတဦးက ''ကာမှာက မုံလွဲချောင်းနဲ့ လိုင်ဇာချောင်းဆုံအောက်က ဂျာဒူကောင်ရွာရှိတယ်။ အဲဒီက နေ လိုင်ဇာအထက် ၀ယ်ကြိုင်ရွာအထိလို့တော့ ခန့်မှန်းနေကြတယ်ဗျ'' ဟု ပြောသည်။ တည်ဆောက်မှု ပြီးစီးရန် မှာမူ အချိန်များစွာ ကြာမြင့်နိုင်ကြောင်း သူက ခန့်မှန်းသည်။

နှစ်နိုင်ငံနယ်စပ်တလျှောက်တွင် လိုင်ဇာမြို့သို့ ၀င်ထွက်ရာ၌ အဓိကဂိတ်ကြီးတခုသာထားရှိသော်လည်း ချောင်း ဖြတ်ကူး၍ နယ်စပ်ဖြတ်ကျော်နိုင်သည့် ခိုးပေါက်များစွာ ရှိသည်။

အုတ်တံတိုင်းခတ်ရခြင်းမှာ နယ်မြေပိုင်နက် ပြဿနာကြောင့် မဟုတ်ဘဲ ချောင်းကူးကာ အလွယ်တကူ ၀င် ထွက်သွားလာနိုင်သဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်သယ်ယူခြင်းများကြောင့် ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ကိုအောင်ဝါက ပြောသည်။

“ခန့်မှန်းရတာတော့ နယ်စပ်တလျှောက် မူးယစ်ဆေးဝါးနဲ့ လက်နက်သယ်ယူတဲ့ ပြဿနာတွေကြောင့် ဖြစ်မယ် ထင်တယ်။ အခုဟာက တရုတ်ကာကွယ်ရေး ဒုဝန်ကြီး နေပြည်တော် သွားပြီးနောက်ပိုင်း ဒီမှာ ခြံစည်းရိုး ခတ်လာတာဆိုတော့ ဒီလိုပဲ ခန့်မှန်းကြတယ်” ဟု သူက ပြောသည်။

“နောက်ပိုင်း ခြံခတ်ပြီးရင်တော့ အ၀င်အထွက် ဂိတ်တခုပဲထားမယ်လို့ ထင်ကြတာပေါ့။ စိတ်ခံစားမှုကတော့ ဘယ်လိုပြောမလဲ၊ ချောင်းခြားထားပေမယ့် ဟိုဘက်ကမ်းမှာလည်း ကချင်လူမျိုးတွေ ရှိတယ်၊ ဒီဘက် ကမ်းမှာလည်း ကချင်လူမျိုးတွေ ရှိတယ်။ အဲဒါကို တံတိုင်းခြားလိုက်တော့ စိတ်မကောင်းစရာ ဖြစ်တာပေါ့” ဟု ကိုအောင်ဝါက ဆက်ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုသို့ သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရခဲ့ပါ၊၊

မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

Friday, 28 November 2008 19:03 အေးလဲ့
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ အထည်ချူပ် စက်ရုံ၊ သိုးမွေးစက်ရုံများ ရပ်ဆိုင်းလိုက်သည့်အတွက် ယင်း စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၃၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်နေ ကြောင်း မြန်မာ အလုပ်သမားရေးရာ အဖွဲ့များက ပြောသည်။

မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ( JACBA) ဥက္ကဌ ဦးမိုးကြိုးက “မဲဆောက် တမြို့လုံးမှာရှိတဲ့ စက်ရုံကြီးတွေ၊ အိမ်စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၃၀၀၀ လောက် အလုပ်မရှိတော့ဘူး” ဟု ပြောသည်။

ယခုလ ၁၉ ရက်မှစပြီး မဲဆောက်မြို့ရှိ အကြီးဆုံး သိုးမွေးစက်ရုံ Lian Tong Knitting co.,ltd (S-C-P) က လည်း အလုပ်အော်ဒါ မရှိတော့သည့် အတွက် အလုပ်သမားများကို အလုပ် ရပ်နားလိုက်ပြီး မြန်မာ အလုပ် သမားပေါင်း ၇၀၀ နီးပါးကို အိမ်ပြန်ခိုင်းကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် မဲဆောက်မြို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ဒါရိုက်တာ ဦးမိုးဆွေက ပြောသည်။

ဦးမိုးဆွေက “ဒီစက်ရုံက သိုးမွေး စက်ရုံကြီး ဖြစ်တယ်၊ အလုပ်သမား တွေကို စက်ရုံမှာ ပေးမနေတော့ဘူး၊ အော်ဒါတွေ မရှိတော့တဲ့အတွက် ယာယီ စက်ရုံပိတ်လိုက်တယ်လို့ ပြောတယ်၊ အလုပ်ရှိမှ ပြန်ခေါ်မယ်လို့ ပြောပါတယ်၊ ဒီစက်ရုံကြီး အောက်က အော်ဒါပေးတဲ့ စက်ရုံ အသေးတွေလည်း ရပ်လိုက်ရတယ်” ဟုပြောသည်။

၎င်း အလုပ်လက်မဲ့ မြန်မာ လုပ်သားများသည် အလုပ်လက်မဲ့ ဖြစ်ပြီး နေထိုင်စရာ မရှိတော့သည့် အတွက် မဲ ဆောက် - မြဝတီ် ကမ်းနားရှိ စက်ရုံဝန်းကျင်တွင်ပင် တဲဆောက်လုပ်ကာ နေထိုင်၍ တချို့လုပ်သားများမှာ မိတ် ဆွေ အပေါင်းအသင်းများ ထံတွင် နေထိုင်ကာ တခြား အလုပ်အကိုင်ရရန် ရှာဖွေနေပြီး တချို့ အလုပ်သမား များက နေအိမ်ပြန်သွားကြသည်ဟု ဆိုသည်။

တချိန်တည်းတွင် အလုပ်ရှင်များသို့ အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေ ကြောင်း သိရသည်။

မဲဆောက်ရှိ Han Thai knitting co.,ltd သိုးမွေး စက်ရုံတွင် အလုပ်သမား၂၉ ဦးက ခေါင်းဆောင်ပြီး အလုပ် သမားရပိုင်ခွင့် အခွင့်အရေး တောင်းဆိုသည့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာလာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အလုပ် သမား၊ အလုပ်ရှင်နှင့် အလုပ်သမား ကာကွယ်ရေးရုံး စသည့် သုံးဦးဆိုင် ဖြေရှင်းမည် ဟုလည်း ဦးမိုးကြိုးက ပြော သည်။

ဦးမိုးကြိုးက “တောင်းဆိုချက် ၇ ချက် တောင်းဆိုထားတယ်၊ အလုပ်သမားတွေက နေ့စားခကို ၁၂၀ ဘတ်၊ အချိန်ပို ကြေးကို ၁၀ ဘတ်မှ ၁၅ ဘတ်အထိ ပေးဖို့၊ အလုပ်သမား လက်မှတ်နဲ့ ပတ်သက်ပြီး ကောက်ခံမှု တွေကို လျှော့ချပေးဖို့၊ ရေခ၊ မီးခ၊ အဆောင်ကြေးများကို ပုံမှန်ထားပေးဖို့၊ အထွေထွေ မန်နေဂျာ ကောက်တဲ့ အခွန်အကောက်တွေကို မူလအတိုင်း ပြန်ထားပေးဖို့တွေ ဖြစ်ပါတယ်”ဟု ဆိုသည်။

တာ့ခ် ခရိုင် အတွင်းရှိ တရားဝင် ဥပဒေ ပြဌာန်းချက်အရ အလုပ်သမားနေ့စဉ် လုပ်အားခ ၁၅၁ ဘတ်၊ အချိန်ပို ကြေး ၁ နာရီလျှင် ၂၈ ဘတ်အထိ သတ်မှတ်ပြဌာန်း ထားသော်လည်း နေ့စဉ် လုပ်အားခ အဖြစ် ၆၀ မှ ၇၀ အထိ သာရရှိပြီး အချိန်ပိုကြေးမှာ မရသလောက် ဖြစ်သည်ဟုလည်း သိရသည်။

သိုးမွေး စက်ရုံတွင် လုပ်သည့် အလုပ်သမား တဦးတွင် နေ့စဉ်အလုပ်ချိန် နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ ဖြစ်ပြီး အချိန်ပိုချိန် ၆ နာရီမှ ၁၂ နာရီ အချိန်အထိရှိကြောင်း သိရသည်။

ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်းလိုပင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ၎င်း သိုးမွေးစက်ရုံများတွင် အလုပ် လက်မဲ့ ဖြစ်လေ့ ရှိတတ်ကြောင်း ဦးမိုးဆွေက ပြောဆိုသည်။

ဦးမိုးကြိုးကလည်း“အလုပ်ရပ်ဆိုင်းရင်အလုပ်သမားတွေကိုတလကြိုအကြောင်းကြားရမယ်၊ အကယ်၍အ ကြောင်း မကြားခဲ့ရင် အလုပ်သမားကို လစာ ၃ လစာလျော်ကြေးပေးရမယ်လို့ ဥပဒေရှိပါတယ်၊ ဒါပေမယ့် လည်း အလုပ်ရှင်တွေက နင်တို့ အိမ်ပြန်လိုက်ကြဦး၊ အလုပ်ရှိရင် ပြန်ခေါ်မယ်လို့ပဲ ပြောပါတယ်”ဟု ပြောသည်။

မဲဆောက်တွင် တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံပေါင်း ၂၀၀ ကျော်ရှိပြီး မှတ်ပုံမတင်သည့် စက်ရုံပေါင်း ၃၀၀ ကျော်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

မဲဆောက်မြို့ရှိ မြန်မာလုပ်သားများ အဓိကအားဖြင့် သိုးမွှေး စက်ရုံ၊ အထည် အချူပ် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ရာသီအလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျပန်း စသည့် လုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားပေါင်း တရားဝင် မှတ်ပုံတင်ထားသူနှင့် တရား မဝင် နေထိုင်သူဦးရေ ခန့်မှန်းခြေ ၂ သန်း နီးပါးရှိသည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူများက ဆိုသည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=455:2008-11-28-12-04-34&catid=1:news&Itemid=2

မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်

စစ်အာဏာပိုင်များက ဖမ်းဆီးထားသော မြန်မာနေးရှင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာ ဖြစ်သူ ဦးစိန်ဝင်းမောင်တို့ကို ယနေ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၁၃ ဦးကို ထောင်ဒဏ် ၆ နှစ် စီ ချမှတ်လိုက်ကြောင်း အင်းစိန်ထောင်ဝန်ထမ်း အသိုင်းအ၀န်းနှင့် မိသားစု နှင့်နီးစပ်သူများက ပြောသည်။

ဦးသက်ဇင်

အဆိုပါ ဦးသက်ဇင် အသက်(၄၂)နှင့် ဦးစိန်ဝင်းမောင်တို့ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် အာဏာပိုင်များ က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းတို့ ၂ ဦးကို အကြောင်းပြချက်မရှိဘဲ အာဏာပိုင်များက ဂျာနယ်တိုက်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမ၀င် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ဖြင့် တရားစွဲဆိုထားခဲ့သည်။

ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုသိန်းသန်းထွန်း၊ ကိုသော်ဇင်ထွန်း၊ ကိုဇော်ထက်ကိုကို၊ ကိုချစ်ကို လင်း၊ ကိုစောမျိုးမင်းလှိုင်၊ ကိုအောင်ကြီး ခေါ် ကိုအောင်သိုက်စိုး၊ ဦးပြည်သန်း၊ ဒေါ်စန်းစန်းတင်၊ မလေးလေးမွန်၊ မအေးသီတာ၊ မနိုးနိုး ခေါ် မငွေနှင်းရည်၊ မနှင်းမေအောင် ခေါ် မနိုဘဲလ်အေးနှင့် မသရဖီ သိမ့်သိမ့်ထွန်းတို့ ၁၃ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်ဟု အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူက ပြောသည်။ ၎င်းတို့သည် ယခုပြစ်ဒဏ် မတိုင်ခင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံပြီးသူများဖြစ်ကြောင်း သိရ သည်။

“အဲဒီ ၈၈ အဖွဲ့က ၁၃ ဦးကို အင်းစိန်ထောင် အထူးတရားရုံးက ၆ နှစ်စီ အမိန့်ချတယ်၊ ၅၀၅(ခ) သုံးကြိမ် ပြန်စွဲပြီး တကြိမ်ကို ၂ နှစ် စီနဲ့ ချတာ၊ အဲဒီပုဒ်မ တခုတည်းနဲ့”ဟု အထက်ပါ ထောင်ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာမှစတင်ပြီး ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ စသည့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှ ၃၇ ဦး ကို စစ်အာဏာပိုင်များက ဖမ်းဆီး၍ အမြင့်ဆုံး ထောင်ဒဏ် ၆၅ နှစ် နှင့် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခဲ့သည်။

၎င်းတို့ ၃၇ ဦးကို ဝေလံသည့် နယ်ထောင် ၃၇ ထောင်သို့ ပြောင်းရွှေ့ရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံ အခြေ စိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ပြောသည်။

စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း အေအေပီပီ ၏ ပြောဆိုချက် အရ သိရသည်။

သူတောင်းစားတွေ ပေါမှပေါ..

Residents in Rangoon have trying time with beggars
Written by KNG, Friday, 28 November 2008 19:51

Begging has become a menace in Rangoon, the former capital of Burma and residents are having a tough time dealing with what has assumed the proportions of a major problem, a source said.

According to a Sanchaung Township resident, now they see beggars on almost every lane and street. The beggars do not restrict themselves to begging on the streets alone but also come to the homes and flats of residents ring the bell on all the floors.

There are more beggars on the streets than last year. And they beg even at night at the shops like beer bars. The beggars range from children to elderly people.

The shops in Rangoon also have to deal with beggars and complained that if they gave money to one beggar, many more beggars came and begged for money.

She added that they could understand the situation of the beggars but if they keep begging from them how could they give them money regularly given the economic crisis.
http://www.kachinnews.com/index.php?option=com_content&view=article&id=657:residents-in-rangoon-have-trying-time-with-beggars&catid=1:latest-news&Itemid=50

အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ

ကိုယ်ပြည်သူတွေ မစားရမသောက်ရ..မမြင်ရတဲ့ Gas တွေ အဲလို အကွဲအအက်တွေ ကြားက ဘယ်လောက် အလဟဿ ပျောက်ဆုံးပြီးပြီလည်း။ ဒေသခံတွေ ဘယ်လောက် ဒီလို ပေါက်ကွဲမှု တွေကြောင့် ဒုက္ခ ရောက် ပြီးကြပြီလည်း။ ဒါပြည်သူပိုင်ပစ္စည်းပါဗျာ။ အားလုံးနဲ့ ဆိုင်တယ်။
လမိုင်းမြို့နယ်ခွဲတွင် ဂက်(စ်)ပိုက်လိုင်းပေါက်ကွဲ
Wed 26 Nov 2008, မိရိုင်မရော့
မွန်ပြည်နယ်အတွင်း သွယ်တန်းထားသော ဂက်(စ်)ပိုက်လိုင်းသည် နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၅ နာရီ အချိန်တွင် လမိုင်းမြို့ဘူတာမှ ရေးမြို့သို့သွားသောလမ်း ၄ ဖာလုံလောက်အကွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ၄င်းဖြစ်ရပ်သည် ပိုက်လိုင်းသွယ်ထားသည့်နေရာတွင် ကွဲအက်မှုကြောင့် ဖြစ်သည်ဟု လမိုင်းမြို့ခံက ပြောသည်။

''ပေါက်ကွဲမှုဖြစ်တာကတော့ မနက် ၅ နာရီအစောကြီးမှာ ဖြစ်တာပါ၊ ကျမတို့အိမ်က အဲဒီဂက်စ် ပေါက်တဲ့ နေရာနဲ့နီးတယ်၊ ပေါက်ကွဲတဲ့အသံကတော့ ကျယ်တယ်၊ ဒါပေမယ့် မီးတော့မလောင်ဘူး၊ မီးသာ လောင် မယ်ဆိုရင် ကျမတို့တော့ ဒုက္ခရောက်မှာဘဲ၊ ပေါက်ကွဲမှုဖြစ်တာနဲ့ ထွက်ကြည့်တဲ့လူပြည့်နေတာဘဲ" ဟု ပေါက်ကွဲမှု နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းပေါက်ကွဲမှုသည် မီးရထားလမ်းဘေးတွင် ဖြစ်ပွားနေသောကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သွားလာ နေသော မီးရထားများ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ပင်ထားပြီး၊ စစ်သားများဖြင့် အစောင့် များချထားကာ မီးရထားများသွားလာနိုင်အောင် ပြုပြင်လုပ်ဆောင်နေသည်။ ယနေ့တွင်ပင် မီးရထားများကို ဖြတ်သန်း သွားလာခြင်းကို ပြုလိုက်သည်။

၎င်းပေါက်ကွဲမှုနှင့် နီးစပ်သူ၏ ပြောပြချက်အရ ''ဒီပေါက်ကွဲမှုက သူ့ဟာသူ အလိုလိုပေါက်တာဘဲ၊ လမိုင်းမှာ အဲဒီပိုက်လိုင်း ကိုစောင့်နေတဲ့ စစ်သားတွေပြောတာက အဲဒီဆက်ထားတဲ့နေရာမှာ အက်နေတယ်တဲ့ တချိန်ချိန် မှာ ပေါက်မှာဘဲလို့၊ အခုပေါက်ကွဲမှုက အဲဒီနေရာဘဲဖြစ်နေတယ်ဆိုတော့ သူ့ဟာသူပေါက်တာဘဲလို့ ပြောနေ ကြတာပေါ့"ဟု သူက ပြောသည်။

ပေါက်ကွဲမှုအသံကြီးကြောင့် ထိုဒေသတဝိုက်ရှိ ရွာသူ၊ ရွာသားများအပါဝင် လမိုင်းမြို့တစ်မြို့လုံး ထိတ် လန့်ကြောက်ရွံ့ နေကြသည်။ ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင်သာ စစ်သားများသာ ပြည့်နှက်နေသည်။

ပေါက်ကွဲမှုကြောင့် ရွာသူ၊ ရွာသားများကို တစ်စုံတစ်ရာအဓမ္မစေခိုင်းမှုများမရှိဟု ၄င်းလမိုင်းမြို့ခံက ပြောသည်။

ယခုကဲ့သို့သော ပိုက်လိုင်းပေါက်ကွဲမှုသည် လမိုင်းမြို့တွင် နှစ်ကြိမ်မြောက် ဖြစ်ပွားသော ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်သည်။ ပိုက်လိုင်းပေါက်ကွဲမှုကြောင့် မုဒုံမြို့နယ်အတွင်း၌ ရွာသူ ရွာသားများက ပိုက်လိုင်းများကို ကင်းစောင့် နေရသည်မှာ ယခုချိန်ထိပင်ဖြစ်သည်။

၂၀၀၀ ခုနှစ်တွင် သွယ်တန်းထားသော ကန်ပေါက်-မြိုင်ကလေး ဂက်စ်ပိုက်လိုင်းသည် အရှည် ၂၀၀ ကီလို မီတာရှိပြီး လွန်ခဲ့သည့် ဇွန်လအတွင်းတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းအနား တောင်ဝိုင်း ဘုရားအနီး တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ http://www.monnews-imna.com/burmese/newsupdate.php?ID=137

သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက်ခွင့်ပိတ်ပင်ခံရ

Fri 28 Nov 2008, ကွန်းဟဒေ့၊ လွတ်လပ်သောမွန်သတင်း
လွန်ခဲ့သော ၂၅ ရက်နေ့က ရေးမြို့နယ် မာန်အောင်ကျေးရွာအရှေ့မြောက်ပိုင်း အနီးအနားတစ်ဝိုက်တွင် သစ် ခုတ်နေသော သစ်ခုတ်သမား ၁၅ ဦးကို နိုင်ချမ်းဒိန်း ဦးဆောင်သော မွန်ပြန်လည်ထူထောင် ရေးအဖွဲ့မှ ဓါးဖြင့် ခုတ်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၁၂ ဦးအပြင်းအထန် ဒဏ်ရာရခဲ့မှုကြောင့် နယ်မြေခံ တပ်ရင်း ၂၉၉ မှ နိုင်ချမ်း ဒိန်းအဖွဲ့အား လိုက်လံရှင်းလင်းလျှက် ရှိ သည်ဟု အစိုးရသတင်းစာ မြန်မာ့အလင်းမှ ဖော်ပြထားသည်။

ထိုသို့ နယ်မြေခံတပ်ရင်း ၂၉၉ မှ နိုင်ချမ်းဒိန်းတို့အဖွဲ့အား လိုက်လံရှင်းလင်းရာတွင် အခင်း ဖြစ်ပွား ရာ အနီးတဝိုက်ရှိ မာန်အောင်၊ ကိုးမိုင်ကျေးရွာ၊ ကလော့ကျေးရွာ အနီးတဝိုက်ရှိရွာသားများကို ရွာတွင်းမှ ရွာပြင် သို့အလုပ်လုပ်ခွင့်ကို ၄င်းနယ်မြေခံတပ်ရင်းမှ ယခုချိန်ထိ ပိတ်ပင်ထားလျှက် ရှိသည်ဟု ကိုးမိုင် ရွာသား တစ်ဦးက ပြောသည်။

၎င်းရွာသား၏ ပြောပြချက်အရ နယ်မြေခံတပ်ရင်း ၂၉၉ မှ အင်အားငါးဆယ်ခန့်ရှိသည့် ဒီကေဘီအေခေါ် တိုး တက် သောကရင်ဗုဒ္ဓဘာသာတပ်မတော်ကိုလည်း ၄င်းတို့နှင့်ပူးပေါင်းရှင်းလင်းရန် အကူအညီ ခေါ်ထား သည် ဟုလည်း ပြောပြခဲ့ သည်။
ရွာထဲအတွင်းမှ ရွာအပြင်သို့ ထွက်ခွင့်ကို နယ်မြေခံတပ်ရင်းမှ ပိတ်ပင်ထားမှုကြောင့် ရွာသားများသည် အလုပ် လုပ် ရန် အခက်ကြုံနေကြရသည်။

``ရွာထဲမှာ ကရင်ဒီကေဘီအေ စစ်သားတွေလည်းရှိနေတယ်၊ အင်အား၅၀ လောက်တော့ရှိမယ်၊ ဒီကေဘီ အေ နဲ့ ဒီ ၂၉၉ တပ်ရင်းတွေ ပူးတွဲပြီးလှုပ်ရှားနေကြတယ်``ဟု ပြောသည်။

``ဒီလိုအပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မပေးတော့ ကျွန်တော်တို့အတွက်တော်တော်လေးကို ဒုက္ခဖြစ်တယ်``ဟု ၄င်း က ဆက်ပြီးပြောပြခဲ့သည်။
ရွာပြင်ထွက်ခွင့်ကိုပိတ်ပင်မှုကြောင့် ရွာများသားသည် အလုပ်လုပ်ရန်အခက်ကြုံနေသည့်အပြင် နိုင်ချမ်း ဒိန်းတို့အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဆိုသည့် နယ်မြေခံတပ်ရင်း၏စွပ်စွဲချက်ကို ကြောက်နေ ရသည်ကတစ်ဖက် တပ်မတော်စစ်ကြောင်း သို့ ၄င်းတို့၏သတင်းပေးပို့ခဲ့သည်ဟု နိုင်ချမ်းဒိန်းတို့၏ စွပ်စွဲချက် ကိုလည်း ကြောက်ရွံနေကြရသည်ဟု ကိုးမိုင်ရွာများက ပြောသည်။

အခုတ်ခံခဲ့ရသည့် သစ်ခုတ်သမားများသည် တပ်မတော်စစ်ကြောင်းသို့ ၄င်းတို့၏သတင်းများကို ပေးပို့ ခဲ့သောကြောင့် ၄င်းတို့ဘက်မှ သေကျေဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ဟု အကြောင်းပြကာ ညှင်းပန်းနှိပ်စက်ပြီး ဓါးဖြင့် ခုတ်သတ်ခဲ့သည်ဟု အစိုးရမြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

လွန်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒီကေဘီအေတပ်နှင့် နယ်မြေခံတပ်ရင်း ၂၉၉ တို့ ပူးပေါင်းပြီး မာန် အောင်ချောင်းဖျားအနီးတွင် နိုင်ချမ်းဒိန်းတို့အဖွဲ့နှင့် တိုက်ပွဲဖြစ်ကာ နိုင်ချမ်းဒိန်းတို့အဖွဲ့မှ သုံးဦးကျဆုံးခဲ့သည်။http://www.monnews-imna.com/burmese/newsupdate.php?ID=138

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်

နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက် ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ် ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံ နဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံး နဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာ မြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက် ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာ သမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိ သေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"

အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ် မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရား သည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ် ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။

"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက် ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/2059-2008-11-27-09-07-47.html

သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့

ထိုင်းဝန်ကြီးချုပ် ရာထူးမစွန့်ပါက အာဏာသိမ်းရန် စစ်တပ်အား ဖိအားပေး

ထိုင်း ၀န်ကြီးချုပ် ဆွန်ချိုင်း က ၀န်ကြီးချုပ် ရာထူးကို စွန့်လွှတ်ရန် ငြင်းဆန် လိုက်ပြီးနောက် ထိုင်းနိုင်ငံ စစ်တပ် အနေနှင့် အာဏာသိမ်း ရန် အတွက် ဆောင်ရွက် သင့်ကြောင်း ဖိအားပေးမှု များ နှင့် စတင်ကြုံတွေ့

လာရသည်။ ထိုင်းနိုင်ငံပိုင် ရုပ်မြင်သံကြား တွင် ဆွန်ချိုင်းက ပြောကြားခဲ့ရာ ၎င်းအနေနှင့် ဆန့်ကျင်ဘက် PAD ပါတီ၏ အလိုဆန္ဒကို လိုက်လျော ပြီး ရာထူးမှ နှုတ်ထွက်ရန် မစဉ်းစားကြောင်း အတိအလင်း ကြေငြာ ခဲ့သည်။ လက်ရှိ ဖြစ်ပျက်နေသော ထိုင်းနိုင်ငံ အခြေအနေ အရ ၀န်ကြီးချုပ်အား ရာထူးမှနှုတ်ထွက်ရန် စစ်တပ်မှ ပြောကြား ခဲ့သော်လည်း ဆွန်ချိုင်းက ငြင်းခဲ့သောကြောင့် စစ်တပ်အနေနှင့် တစုံတရာ ဆုံးဖြတ် ရဖွယ် ရှိလာ ခဲ့ပြီ ဖြစ်သည်။

ထိုင်းစစ်ဦးစီးချုပ် အာနူပွန် ပိုချင်ဒါ သည် မူလက စစ်တပ်မှ အာဏာသိမ်းရန် လက်မခံဟု ပြောကြား ခဲ့သော်လည်း ၀န်ကြီးချုပ် ၏ ယတိပြတ် ငြင်းဆိုမှု ကြောင့် အကြပ်အတည်း နှင့် ရင်ဆိုင်ရပြီး အာဏာသိမ်း ရေး ဖိအား ပေးခံ ရဖွယ်ရှိ သည်။ အာနူပွန်က အတိုက်အခံ ဆန္ဒပြသူများအား ငြိမ်သက်ပေးရန်နှင့် ၀န်ကြီးချုပ် ဘက်မှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုထား သော်လည်း နှစ်ဘက်စလုံး မှ တင်းမာနေ မှုကြောင့် စစ်တပ် အနေနှင့် ပါဝင် စွက်ဖက် ရဖွယ်ရှိကြောင်း နိုင်ငံရေး အကဲအခတ် များက ပြောကြား သွား ခဲ့သည်။

Rest of your post

Relief and Resistance in Burma's War Zones


Official Selection - Amnesty International Film Festival

In Prayer of Peace: Relief and Resistance in Burma's War Zones, filmmaker Matt Blauer sheds new light on the Karen people and their struggle for survival in Burma. Although many in the outside world condemn the country's military government, few are aware that over one million Karen villagers fight to stay alive inside the country's borders.

Blauer illegally crosses the border several times to help local relief workers bring medicine and material aid to those displaced by the Burmese Army. In his journeys, he meets a nurse devoted to assisting escapees following the death of her parents and a pastor/cameraman who documents human rights abuses. With candid interviews and stunning footage of recent events, the film brings a fresh awareness to an often ignored but important issue in this troubled nation.

HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း

လာရီရေရင်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 13:09 - မြန်မာစံတော်ချိန်

ဘန်ကောက်(မဇ္ဈိမ)။ ။ ကျန်းမာရေး စောင့်ရှောက်မှုကို ချက်ချင်းပေးရန် နောက်ထပ် မလုပ်နိုင်ပါက လာမည့် ၁၂ လအတွင်း လူနာ ပေါင်း ၂၅ဝဝဝ ခန့်သည် အေ့ဒ်စ်ရောဂါဖြင့် သေကြရတော့မည် ဖြစ်သည်ဟု နိုင်ငံတကာ အကူ အညီပေးရေး အေဂျင်စီတခုက ပြောကြား လိုက်ပါသည်။

စစ်အစိုးရသည် ဆေးကုသမှု လိုအပ်နေသော ဝေဒနာရှင်များထဲမှ အနည်းစုလေးမျှကိုသာ အကူ အညီ ပေးနေပြီး၊ လာမည့် နှစ်အနည်း ငယ်အတွင်း လူပေါင်း ၂ သိန်း ၅ သောင်းခန့်မှာ အန္တရာယ်နှင့် ရင်ဆိုင် နေရသည်ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ပြောကြား လိုက်ပါသည်။

ယင်းတို့အထဲမှ လူပေါင်း ၇၆ဝဝဝ ခန့်မှာ ရောဂါကို ထိန်းချုပ်ထားပြီး ပုံမှန်ဘဝအတိုင်း နေထိုင်လုပ်ကိုင်နိုင်မည့် ကုသမှုဖြစ်သော အေအာတီဆေးကို ချက်ချင်း သောက်သုံးရန် လိုအပ်နေသူများ ဖြစ်သည်ဟု ယုံကြည် ရပါသည်။

"ယမန်နှစ်က AIDS နွယ်သော ရောဂါများဖြင့် လူပေါင်း ၂၅ဝဝဝ ကျော် သေဆုံးခဲ့ရသည်။ အကယ်၍သာ မြန်မာအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ ART ဆေးကို တိုးမြှင့်ပေးပို့ ကူညီခြင်းမပြုပါက လာမည့် ၁၂ လအတွင်း ထိုအရေအတွက်ထက် ပိုသော ဝေဒနာသည်များ သေဆုံးရပါလိမ့်မယ်" ဟု MSF ၏ ရန်ကုန်ရုံး အကြီးအကဲ ဖရန်စမစ် က ပြောပါသည်။

မြန်မာနိုင်ငံတွင် HIV ဝေဒနာသည် ၄ ဦးလျှင် ၁ ဦးသာ ART ဆေးရကြပြီး၊ ထိုအရေအတွက်မှာ ၁၅ဝဝဝ သာရှိ သည်ဟု ဖရန်စမစ် က ပြောပါသည်။ ယခုလောလောဆယ်တွင် MSF က ချက်ချင်း ကုသမှုပေးရန် လိုအပ်နေသည့် ဝေဒနာသည် ၇၆ဝဝဝ အနက် ၁၁ဝဝဝ ကို ကုသမှုများ ပေးလျက် ရှိပါသည်။

မြန်မာစစ်အစိုးရနှင့် အခြားအစိုးရ မဟုတ်သော အဖွဲ့အစည်းများက နောက်ထပ်လူပေါင်း ၄ဝဝဝ အတွက် ART ဆေး များပေးသည်ဟု ဖရန်စမစ်၏ အပြောအရ သိရပါသည်။

သို့သော် MSF အနေဖြင့် မကြာသေးခင်က “အလွန်ကြေကွဲဘွယ်ကောင်းသော ဆုံးဖြတ်ချက်” ကိုမလွှဲသာ ဘဲ ချမှတ်ခဲ့ရသည်ဟု ဆိုပါသည်။ ဤဆုံးဖြတ်ချက်အရ သူတို့ ကုသပေးနိုင်သော လူနာသစ် အရေအတွက်ကို အကြီးအကျယ် လျှော့ချ ခဲ့ရသည်။ "ကျနော်တို့ ခုတော့ ကျနော်တို့ ဆေးခန်းတွေမှာ မှတ်ပုံတင်ထားပြီးသား လူနာဟောင်းတွေကိုဘဲ ကုသမှု ဆက်ပေး နိုင်ပါတော့တယ်" ဟု သူက ပြောပါသည်။

MSF ၏ မြန်မာနိုင်ငံ HIV/AIDS နောက်ဆုံး အစီရင်ခံစာတွင် လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာနိုင်ငံ ကျန်းမာ ရေး ဝန်ကြီးဌာနက ယင်းတို့ ၏ တနိုင်ငံလုံးအနှံ့တွင် ရှိသော ဆေးရုံ ၂၂ ရုံတွင် ခန့်မှန်းခြေ လူနာပေါင်း ၁၈ဝဝ ကိုသာ ART ဆေးပေး ကုသနိုင်ခဲ့သည်ဟု ရေးသား ထားပါသည်။ ဤ “တားဆီး ကာကွယ်နိုင်သော ကံကြမ္မာတရပ်” အမည်ရှိ အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရသည် HIV/AIDS ဝေဒနာရှင်များအတွက် စုစုပေါင်းငွေ အမေရိကန်ဒေါ်လာ ၂ သိန်းမျှသာ သုံးစွဲခဲ့သည်ဟု ရေးသား ဖေါ်ပြထားသည်။

ယင်းတို့၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ၅ နှစ်ကြာ ကာလအတွင်း မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဤအာရှတိုက်တွင် အဆိုးဝါးဆုံး HIV/AIDS ကပ်ရောဂါ ဖြစ်ပွါးနေသည့် မြန်မာ နိုင်ငံတွင် တုံ့ပြန် ဆောင်ရွက်ပေးခဲ့သည်များမှာ မလုံ လောက်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ "ဒီလောက် အတိုင်းအတာနဲ့ ဆိုးဆိုးဝါးဝါး ဖြစ်ပွါးနေတဲ့ အကြပ်အတည်း တရပ်ဖြစ်တဲ့ ဒီလောက်များတဲ့ HIV လူနာတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု NGO ထဲက ကုသပေးနေရတယ်ဆိုတာ လက်တွေ့လဲမကျဘူး၊ လက်ခံနိုင် စရာလဲ မရှိဘူး" ဟု ဖရန်စမစ် က မဇ္ဈိမကို ပြောပါသည်။

ထောင်ပေါင်းများစွာသော အသက်များကို ကယ်ဆယ်လိုသည်ဆိုလျှင် မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်း အဝိုင်း အနေဖြင့် နောက် ထပ် အများကြီးလုပ်ဘို့ လိုပါသေးသည်။ ဤသို့ သေရမည့်အချိန်ကို စောင့်နေရ သူထဲတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသား လူနာတဦးလည်း ပါသည်။ "ကျနော်တော့ သေတော့မယ်လို့ ထင်တာဘဲ၊ ဒီ့ထက် သက်သာအောင်လဲ ဘာမှ မလုပ်တတ်တော့ဘူး။ ဆေးကုလို့ ရမယ်ဆိုရင်တောင် ကျနော်က မဝယ်နိုင်ဘူး၊ ကျနော့်မှာ ပိုက်ဆံမှ မရှိတာ။ ဒါကြောင့်ကျနော်တော့ AIDS နဲ့သေတော့မယ်လို့ ထင်တာ ဘဲ" ဟု ထိုလူနာလေးက ပြောပါသည်။

ဤအသက်ကယ်ဆေးပေးကုသမှုအတွက် လူနာတဦးလျှင် တနှစ်ကိုဒေါ်လာ ၁၂ဝ သာ MSF ကယူသည် ဟု ဆို ပါ သည်။ "ထောင်ပေါင်း များစွာသော မြန်မာနိုင်ငံသားတွေ အကျိုးမဲ့ သေဆုံးမကုန်ရအောင် မြန်မာ အာဏာပိုင်တွေနဲ့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ဒီ လူနာတွေ အတွက် ကုသမှုပိုပေးနိုင်ဘို့ အလှူငွေ ရံပုံငွေ တခု ထူထောင်ထားသင့်ပါ တယ်" ဟု ဖရန်စမစ် ကသတိပေးပါသည်။

ပေးလိုက်သော အကူအညီများကို ထိထိရောက်ရောက်နှင့် သင့်တော်စွာ သုံးစွဲပါ့မလားဟူသော စိုးရိမ်မှုကြောင့် အပြည်ပြည်ဆိုင်ရာ အလှူရှင် အကြီးစား အနည်းငယ်ကသာ လိုအပ်သော အကူအညီများကို ထောက်ပံ့ ပေး အပ်ကြသည်။ သို့သော် ဤအကျိုးဆက်အတွက် ခံရသည်မှာမူ မြန်မာပြည်သားများသာ ဖြစ်သည်ဟု MSF က ပြောပါသည်။ HIV/AIDS ကို တိုက်ဖျက်ရေးသည် လူတိုင်းနှင့် ဆိုင်သော ကိစ္စ ဖြစ်သည်။ ဤအချက်ကို ARV ဆေးရနေသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားလူနာတဦးက ယခုကဲ့သို့ ပြောပါသည်။ "ဒီရောဂါ ကို တိုက် ဖျက်ဘို့ လူတိုင်းမှာ တာဝန် ရှိပါတယ်။ AIDS လူနာတွေကို ကူညီတဲ့နေရာမှာ နိုင်ငံသား၊ အဖွဲ့အစည်း၊ အစိုးရ မခွဲခြားဘဲ လူသားချင်း စာနာ ထောက်ထားတဲ့ စိတ်ဓါတ် လူတိုင်းမှာ ရှိရပါမယ်"။

ဤကုသမှုကို ပေးအပ်နိုင်ရန် လိုအပ်သော အခြေခံ အဆောက်အအုံမှာ မြန်မာနိုင်ငံတွင် ရနိုင်သည်ဟု MSF က ယုံကြည်ပါသည်။ လိုအပ် သည်မှာ ARV ဆေးပိုရဘို့ဘဲ ဖြစ်သည်။ ဆိုလိုသည်မှာ ကုသမှုအတွက် ဆေး ဖြန့်ဖြူးမှုကို အစိုးရ ဆေးရုံများမှ ပြုလုပ်ရန် ဖြစ်သည်။ သို့သော် ဤနည်းသည်သာ အထိရောက်ဆုံး ဆေး ဖြန့်ဖြူးရေးစနစ် ဖြစ်သည် ဟု MSF က ယုံကြည်ပါသည်။ "ဒီနည်းကို ကျနော်တို့ ငှက်ဖျားကုသရေးအတွက် (မြန်မာနိုင်ငံ အနောက်ဘက် ဒေသ) ရခိုင်ပြည်နယ်မှာ သုံးခဲ့ပါတယ်၊ ကျနော်တို့ စီမံချက်အရ ဆရာဝန်တွေနဲ့ ဆေးရုံတွေက “ဖျားနာလူနာ” အရေအတွက်ကို တလမှာ လူ ၃ဝ ကနေ ၁၈ဝဝ အထိတက်လာအောင် လုပ်နိုင် ခဲ့ပါတယ်"ဟု သူက ပြောပါသည်။ ဤဖျား နာလူနာများထဲတွင် အနည်းဆုံးတဝက်မှာ ငှက်ဖျားလူနာများ ဖြစ်ကြ သည်။

ထို့ပြင် HIV လူနာများကို ဝမ်းမြောက်ဝမ်းသာ အကူအညီပေးလိုသည့် ပုဂ္ဂလိက ဆရာဝန်များလည်းရှိကြောင်း MSF က အခိုင်အမာ ပြောပါသည်။

ရန်ကုန်မြို့မှ ဒေသခံဆရာဝန်တဦးဆိုလျှင် MSF မှ ထောက်ပံ့ပေးသောဆေးများဖြင့် သူ့ဆေးခန်းတွင် လူနာ ၅ဝ ကို အခမဲ့ ကုပေးနေ ပါသည်။ "လိုနေတာက ကုသမှုပေးနိုင်မဲ့ ဒေသခံ အဖွဲ့အစည်းတွေ၊ ဆရာဝန်တွေကို ကွန်ရက်ကလေး တခုဖြစ်အောင် လုပ်ပေးဘို့ပါဘဲ" ဟု ယခုလောလောဆယ်တွင် ဤအစီအစဉ်ကို ထူထောင် ရန် ကြိုးစား ဆောင်ရွက်နေသည့် ဖရန်စမစ် က ဆိုသည်။

လာဘ်စားမှုနှင့် ခိုးယူမှုများမှာ မရှောင်လွှဲနိုင်သည့် ကိစ္စများ ဖြစ်သော်လည်း သူတို့၏ လေ့လာစောင့်ကြည့်ရေး စနစ်သည် ဆေးဖြန့်ဖြူးမှု စနစ်ကို ထင်သာမြင်သာရှိအောင် လုပ်ရာ၌ ထိရောက်မှုရှိသည်ဟု MSF က ယုံကြည် ပါသည်။ အစပိုင်းတွင် ဤစီမံချက်၌ ပါဝင်သည့် ဆေးခန်းများ အားလုံးကို သူတို့ အဖွဲ့အစည်းက ပုံမှန် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပါသည်။ ဆေးခိုးယူသည်၊ ဆေးအတုများ အစားထိုး ပေးဝေသည်ဟု တွေ့ ရှိ သည့်ကျန်းမာရေးဌာန အားလုံးကို အကူအညီများ ချက်ချင်း ဖြတ်တောက်သည်။ သူတို့အဖွဲ့သည် သူတို့၏ စောင့် ကြည့်လေ့လာရေးစနစ်၏ အစိတ်အပိုင်း တရပ်အနေဖြင့် “လူနာအတု” များကိုပင် ထိုဆေးပေးခန်းများ သို့ စေလွှတ်သည်။

MSF သည် ARV ဆေးများတင်သွင်းရန် အစိုးရထံမှ သွင်းကုန် ခွင့်ပြုချက်များ ရထားပြီး၊ ဆေးများ နိုင်ငံတွင်းသို့ ရောက်လာသည်နှင့် လူနာများနှင့် ဆေးခန်းများထံသို့ ပေးပို့သည်အထိ MSF ၏ ကြီးကြပ်မှုအောက်တွင်သာ ရှိသည်။ "အဲဒီမှာ အလွဲသုံးစားလုပ်လို့ကို မရပါဘူး" ဟု ဖရန်စမစ်က အခိုင်အမာပြောသည်။ ထို့ပြင် ထိုဆေးများ သည် အစိုးရအခွန်များမှလဲ ကင်းလွတ်ခွင့်ရသည်။

သို့သော် လေ့လာသူအများစုကမူ သံသယ ရှိကြပါသည်။ "မြန်မာနိုင်ငံကို ပေးတဲ့ အကူအညီ အတော်များများ အလဟဿ ဖြစ်သွား တာ ဘဲ။ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ လိုအဖွဲ့မျိုးလက်ထဲ ရောက်သွားပြီး ပျောက်သွားတော့တာ" ဟု မြန်မာ့စီးပွါးရေးရာ ကျွမ်းကျင် သူ သြစတြေလျနိုင်ငံ Macquarie တက္ကသိုလ် မှ ပါမောက္ခ ရှောင်တာနဲလ် က မဇ္ဈိမကို ပြောပါသည်။ "ကျနော်တို့ သိတာတော့အကူအညီ ဆို တာ အဖွဲ့အစည်း နောက်ခံတွေရှိမှ စီးပွါးရေး အခြေခံ လေးတွေရှိမှ အလုပ်ဖြစ်တာ၊ ဒါတွေရှိမှ ဒီလိုမျိုးအကူအညီတွေကို စစ်မှန်တဲ့ ဖွံ့ဖြိုး မှုတရပ်ဖြစ်အောင် အရှိန်သြဇာ သုံးပေးနိုင်မှာ" ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မေလဆန်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့၏ အစိတ်အပိုင်းအချို့ကို တိုက်ခတ်သွားခဲ့သော အဖျက်စွမ်းအား ကြီးမားလှ သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီး ပြီးကတဲက လူသားချင်းစာနာသည့် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင် သည့် ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်း္ဒွဥ များနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ အလျင်အမြန် ပေါ်ထွက် ကြီးထွားလာခဲ့ ပါသည်။

သို့သော် နာဂစ် ဒုက္ခသည်များကို အကူအညီပေးရန် ကြိုးစားသည့် တက်ကြွလှုပ်ရှားသူများကို အစိုးရက နှိမ်နင်းခဲ့သည့် အတွက်ကြောင့် ထိုပုဂ္ဂိုလ် အများအပြား စိတ်ပျက်သွားခဲ့ကြသည်။ ဤသို့ ကယ်ဆယ်ကူညီရေး ကြိုးပန်းမှုများ လုပ်ခဲ့သည့်အတွက် လူရွှင်တော်ဇာဂနာကို ထောင်ဒဏ် ၄၅ နှစ် အပြစ်ပေးခဲ့သည့်အတွက် စေတနာ့ဝန်ထမ်း အများအပြားမှာ ဆက်လုပ်ချင်စိတ် မရှိအောင် ဖြစ်သွားခဲ့ရသည်။

သို့သော် အများအပြားမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ဆဲပင် ရှိသည် ဟု ဖရန်စမစ် က ပြောသည်။ "အ လုပ်လုပ်ရင် တိတ်တိတ်ဆိတ်ဆိတ် လူအများ အာရုံမစိုက်အောင် လျှို့ဝှက်လုပ်ဘို့ဘဲ လိုတယ်။ ဒါလွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း ရခဲ့တဲ့ သင် ခန်းစာဘဲ"။

သို့သော်လည်း နောက်ဆုံးတွင် အနောက်နိုင်ငံ အကူအညီပေးရေး အလှူရှင်များ မြန်မာနိုင်ငံကို အကူအညီမယ်မယ်ရရ ပေးရန် ဝန်လေး ကုန်ကြသည်ကိုလည်း နားလည်နိုင်ပါသည်။ မြန်မာနိုင်ငံက ရနေသော အကူအညီသည် သူ့အိမ်နီးချင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီး ယားနှင့် လာအိုတို့ ရနေသော အကူအညီ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိပါသည်ဟု MSF က ယင်းတို့၏ အစီရင်ခံစာတွင် ထောက် ပြ ထားပါသည်။ မြန်မာနိုင်ငံက ရနေသော အကူအညီသည် လူတဦးလျှင် ၃ ဒေါ်လာအောက်သာ ရှိပြီး၊ ကမ္ဘောဒီးယားနှင့် လာအို တို့မှာ တဦးလျှင် ဒေါ်လာ ၄ဝ နှင့် ၅ဝ အသီးသီး ရှိသည်။ လာအိုနိုင်ငံတွင် ARV ဆေးသောက်သုံးရန် လိုအပ်နေသော HIV လူနာ ၉ဝ %ကျော် မှာ အစိုးရ ဖြန့်ဖြူးရေးစနစ်မှ ဆေးဝါးကုသမှုများ ရနေသည်။ ယင်းဆေးဝါးများသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ငွေကြေး အထောက် အပံ့ဖြင့် ရရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက်တော့ ထိုသို့သော အထောက်အပံ့များ ရဘို့ မမျှောင့်လင့်နိုင်ပါ။ "ကမ္ဘောဒီးယားနဲ့ လာအိုမှာ ရှိတဲ့ ခေါင်းဆောင်မှုက သူတို့မှာရှိခဲ့တဲ့ ချို့ယွင်းချက်တွေအတွက် “ခေတ်မီတဲ့” အမြင်ရှိတယ်။ စီးပွါးရေး တိုးတက်မှုကိုဘဲ အလေးထားတယ်။ မြန်မာပြည်မှာတော့ ဒါမျိုး မတွေ့ရသေးဘူး။ မြန်မာပြည် အစိုးရကတော့ စီးပွါးရေး တိုးတက်မှုနဲ့ ခေတ်မီရေးကို အရေးမစိုက်တဲ့ပုံ ရှိတယ်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ လုံခြုံရေးကိုပဲ ပိုအလေးထားတယ်" ဟု ပါမောက္ခတားနဲလ် က ပြောပါသည်။

အစီရင်ခံစာ၏ နိဂုံးတွင် MSF က မြန်မာအစိုးရ အနေဖြင့် HIV ရောဂါပိုး ကူးစက်ခံရသော လူနာများကို ယခုထက်ပို၍ အများကြီး ကူညီ ရန် လိုအပ်ပြီး၊ နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကြီး တခုလုံးကိုလည်း ယခုထက်ပို၍ အကူအညီ အများကြီး ပိုပေးရန်လိုသည်ဟု တကယ့် ပြဿနာကို နီးနီးစပ်စပ် ထောက်ပြထားသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများသည် ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူတဦးလျှင် တနှစ်အတွက် ဆင့် ၇ဝ သာသုံးစွဲရာ အိမ်နီးချင်း ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့နှင့် နှိုင်းစာလျှင်ပင် အပုံကြီးနည်းသည်။

"HIV/AIDS ဝေဒနာသည်တွေအတွက် မြန်မာအစိုးရ သုံးစွဲတဲ့ တနှစ်ကို ဒေါ်လာ ၂ သိန်းဆိုတဲ့ မဖြစ်စလောက် ငွေဟာ အစိုးရကသဘာဝ ဓါတ်ငွေ့ ရောင်းလို့ တနေ့ ရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတပုံဘဲ ရှိပါတယ်" ဟု ပါမောက္ခတားနား က ထောက်ပြ ဝေဘန်ပါသည်။ "နိုင်ငံခြားအရံငွေ ဒေါ်လာ ၄ ဘီလျံရှိတဲ့ မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး လိုအပ်ချက်တွေအတွက် သုံးစွဲဘို့ ငွေမရှိတဲ့ ဆင်းတောင့်ဆင်းရဲနိုင်ငံ မဟုတ်တော့ပါဘူး"။

အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်တွင် ဤသို့ တိုင်းသူပြည်သားများ၏ အရေးကို ပြောင်ပြောင်တင်းတင်းပင် အရေး မစိုက်သည့် အချက်သည် စစ်အစိုးရအတွက် အကူအညီ ပိုရရေးတွင် အဓိက အတားအဆီး အခက်အခဲကြီး ဖြစ်နေသည်။ုပြည်သူ့ လူထု အတွက် ပိုလုပ်မပေးသရွေ့ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ရက်ရက်ရောရောအကူ အညီများရရန် မမျှော်လင့်နိုင်ပါ။ ဤလုပ်ငန်းများ လုပ်ဆောင်ရန် စစ်အစိုးရတွင် အရင်းအမြစ်များ လိုတာထက် ပို၍ ရှိပါသည်။ ထိုအတောအတွင်းတွင်တော့ AIDS နွယ်သော ရောဂါများ နှင့် ငှက်ဖျား၊ တီဘီ၊ ကလေးသူငယ်သေဆုံးမှု၊ အဟာရ မပြည့်ဝခြင်း စသည့် ရောဂါမျိုးစုံကြောင့် တနှစ်လျှင် လူပေါင်း ထောင်ပေါင်း များစွာ သေဆုံးနေကြရပါဦးမည်။

မည်သို့ပင်ဖြစ်စေ၊ ဝမ်းနည်းဘွယ် အကောင်းဆုံးကိစ္စမှာ အဆိုပါ သေဆုံးမှု အားလုံးသည် အလွယ်တကူ ကာကွယ်နိုင်သော ရောဂါများ ချည်း ဖြစ်သည်။ http://www.mizzimaburmese.com/news/inside-burma/2056-hivaids-.html