၂၀၀၈ မေလ ၁၂ ရက်နေ့
နဂိုယာ၊ ဂျပန်
ဂျပန်နိုင်ငံ၊ နဂိုယာမြို့၌ မေလ ၁၀ရက်နေ့ (စနေနေ့) နှင့် မေလ၁၁ရက်နေ့ (တနင်္ဂနွေနေ့) တို့တွင် မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များအား ကူညီရန်အတွက် နဂိုယာမြို့ရှိ တက္ကသိုလ်များမှ မြန်မာနှင့် ဂျပန် ကျောင်းသားများ၊ နဂိုယာမြို့တွင်အခြေချနေထိုင်သောမြန်မာလူမျိုးများ၊ ဂျပန်လူမျိုးများ၊ မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ် (League for Democracy in Burma – Nagoya Branch)မှ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ အဖွဲ့ချုပ် (National League for Democracy (Liberated Area) - Nagoya Branch)မှ အဖွဲ့ဝင်များ နှင့် နဂိုယာမြို့ရှိ မြန်မာ့ သံဃာတော်များမှ နဂိုယာမြို့နေရာအနှံ အလှူငွေများကိုကောက်ခံခဲ့ပြီး ရရှိ သာ အမေရိကန်ဒေါ်လာ ၁၂၃၅၀ နှင့် ညီမျှသော ဂျပန်ယန်းငွေ ၁,၂၇၀,၀၀၀ အား မြန်မာနိုင်ငံရှိ လေဘေးကယ် ဆယ်ရေး အသင်းအဖွဲ့များသို့ ယနေ့ မေလ ၁၂ ရက်နေ့ တွင် ပေးပို့ လှူဒါန်းပါသည်။
ဆက်လက်၍ အပတ်စဉ် အလှူငွေများကိုကောက်ခံပြီး မြန်မာနိုင်ငံရှိလေဘေး ကယ်ဆယ်ရေး အသင်းအဖွဲ့ များသို့ ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။
မြန်မာပြည်သု အပေါင်း ကျန်းမာကြပါစေ။

0 comments:
Post a Comment