“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 14, 2008

ဘုန်းဘုန်း တို့ ၏ တုနှိုင်းမဲ့ဂရုဏာ.ဝိုင်းကူညီကြပါ ခင်ဗျာ

မောင်ကျောင်းသား: ရဲ့ cbox ကသတင်းလေးပါ. ဝေမျှပေးလိုက်ပါတယ်.သာဓုပါခင်ဗျာ။

ဆရာတော် အရှင်ဆေကိန္ဒ ၅ရက်နေ့က လေယာဉ်နဲ့ ပြန် ရောက်ပါတယ်။ မော်တာ ချိန်းလွှစက် အလက်(၄၀) ၀ယ်ပြီး တပည့်အယောက် ၁၀၀ နဲ့ နေ့စဉ် သစ်ပင်တွေဝိုင်းပြီး ရှင်းပေးနေ ပါတယ်။ တစ်ဖက်ကလည်း နောက် ထပ် တပည့် ၁၀၀ ကျော်နဲ့ အနည်းဆုံး ဆန် ၁၀ အိတ် ကျော်ကို နေ့စဉ် ထမင်းအဖြစ်ချက် ဖော့ဗူးထဲမှာ ထမင်း နဲ့ဟင်းနဲ့ ထည့်ပြီး လိုအပ်တဲ့ နေရာ တွေကို လိုက်လံဝေငှနေပါတယ်။ ဆရာတော်ရဲ့ တပည့်တွေ စုပြီးဖွင့်ထားတဲ့ မြေနီကုန်းက ဖြူဖြူစင်စင် ထမင်းဆိုင် မှာလည်း ၃ရက်နေ့ ညနေကတည်းက ထမင်းနဲ့ ဟင်းတစ်ခါပြင် တစ်ပွဲကို ငွေ ၅၀၀ နဲ့ရောင်းပေးနေတာအဲဒီနားတစ်ဝိုက်က လူတွေ ပြောမဆုံးဖြစ်နေတာပါပဲ။ ဆရာတော် ကိုယ် တိုင်လည်း နိုင်ငံခြား တရားပွဲစဉ်တွေကို ဖျက်ပြီး ၁၂ ရက်နေ့အစား ၅ ရက် နေ့မှာ ရန်ကုန်လေဆိပ်ကို ဆိုက်တဲ့ အစောဆုံးလေယာဉ်နဲ့ ပြန်လာတာပါ။ ဖျာပုံ ဘိုကလေး ကျိုက်လတ် လပွတ္တာ ကွမ်းခြံကုန်း ကျောက်တန်း စတဲ့မြို့တွေကို ဆရာတော်ကိုယ်တိုင် ရောက်ပြီးပါပြီ။ အဲဒီ နေရာတွေမှာ လှူပြီးပါပြီ။ ဆရာတော်ကြီး အရှင် ဉာဏိဿရ လည်း ဘိုကလေး ဘက် ဆင်းသွားတယ်ကြားပါတယ်။ ဆရာတော် ဦးကောသလ္လ ကတော့ မူဆယ်မှာ လေဘေး ဒုက္ခသည်တွေ အတွက် တရားဟောနေတယ်လို့ ကြားပါတယ်။

ဆရာတော် အရှင် ဇ၀န မေတ္တ္တာရှင် က လောလောဆယ်နယ်မှာပါ။ ၂၁ ရက်နေ့မှာ တပည့် တွေနဲ့ အတူ အဲဒီ နေရာ တွေကို သွာပြီးလှူမယ်လို ကြားပါတယ်။ ဆရာတော် ဦးကောဝိဒ ကတော့ အဲဒီမုန်တိုင်း တိုက်တဲ့နေ့က ဖျာပုံမှာပါ။ ကိုယ်တိုင်ကြုံခဲ့ရတယ်လို့ ကြားပါတယ်။ အလှူငွေ ကျပ်သိန်း ၂၀၀ မတည်ထားတယ်လို့ ကြားပါ တယ်။

ဆရာတော်များမှတဆင့် လည်း စုပေါင်းလှူဒါန်းနိုင်ပါတယ်လို့ ပြောပါရစေ။ ဆရာတော်များရဲ့ ဖုန်းအမှတ်ကို သိတဲ့သူတွေ လက်ဆင့်ကမ်းပေးကြပါလို့။ (ဦးသိန်းမောင်။ ကိုအောင်အောင် မှ ကျေးဇူးပြုပါသည်။) align="justify">ဦးဆေကန္ဒ ၀၉ ၅၀၁၅၀၂၄ ၊ ၀၁၇၀၁၇၇၈ ၊ ၀၁၆၅၀၇၀၄၊
ဦးကောသလ္လ ၀၁၅၈၄၃၁၇ ၀၁၅၈၁၄၃၉ ၀၉၅၁၃၄၃၈၂ ၀၉၅၁၈၅၆၉၀ ၊
ဦးဇ၀န မေတ္တာရှင် ၀၉၅၁၉၃၁၃၄ ၀၁၆၁၁၆၂၂ ၀၉၅၀၁၆၆၆၃ ၊
ဦးကောဝိဒ ၀၁၅၄၇၁၃၂ ၀၁၅၅၃၀၆၈ ၀၉၅၀၂၂၉၈၆ ၊
ဦးအာစာရာလင်္ကာရ ၀၉၂၁၃၀၈၉၅ ၀၁၇၀၈၄၀၃ ၀၇၂၂၂၁၇၀:
ဦးဒေ၀ိန္ဒာဘိဝံသ ၀၉၂၁၃၁၂၆၅ ၊
ဦးဝီရိယ တောင်စွန်း ၀၉၂၀၂၆၀၃၁ ၀၁၆၂၀၂၆၅ ၊
တွံတေး ဦးဣန္ဒက ၀၉၅၀၁၈၀၈၅ ၀၁၅၈၀၄၅၄ ၊
ခင်မကန် ဦးခေမိန္ဒ ၀၁၅၉၁၃၄၈ ၊
မူလဓမ္မ ဦးဝိဇယ ၀၉၂၀၂၃၇၁၂
ပိုင်းလော့ ဦးဇေယျပဏ္ဌိတ ၀၉၅၁၉၆၁၂၇ ၊
ဦးဆန္ဒာဓိက ရွှေပါရမီ ၀၁၂၁၀၄၆၂ ၀၁၂၂၆၅၀၀ ၊
ဆင်ဖြူတောင် ဦးဂုဏိန္ဒ ၀၁၅၄၀၈၅၀ ၊
ရွှေည၀ါ ဦးပညာသီဟ ၀၁၅၁၀၅၆၆ ၊
ဦးဝိလာသဂ္ဂ ၀၉၅၁၈၉၈၂၈
ရဝေနွယ်အင်းမ ဦးရာဇိန္ဒ ၀၉၅၁၂၈၅၈၇ ၊
ဦးစန္ဒောဘာသ ၀၁၅၆၄၅၈၈ ၀၁၇၂၆၉၄၀ ၊
အောင်ဆန်း ဦးကိတ္တသာရ ၀၁၆၄၁၉၆၆ ၊
ဖြူး ဦးနာရပတိ ၀၁၅၃၀၀၆၈ ၀၁၅၀၁၈၄၆ ၊
ဓမ္မဒူတ ဦးဝိမလ ၀၉၅၁၈၅၅၆၃ ၊ ၀၁၄၄၁၀၁၄၇

ဆရာတော် ဦးဆေကိန္ဒ နဲ့ တပည့်တွေဟာ ဟာ ခုဆိုရင် အဲဒီဒေသ တွေအားလုံးကို အိမ်သာတွေ လိုက်လှူဖို့ ပြင်ဆင်နေပါပြီ ၊ ဂျာနယ်အဟောင်း နဲ့ သတင်းစာအဟောင်းတွေ အလှူခံနေတယ်လို့ ကြားပါတယ်. တတ်အားသမျှ လှူပေးကြပါ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */