ဒလမြို့နယ်အတွင်းရှိ လေဘေးဒုက္ခသည်များအား နိုင်ငံတကာမှ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်မည်ဟုဆို၍ မြို့နယ်ခန်းမတွင် စုရုံးစေ၍ ပစ္စည်းများထည့်ရန်ဆိုကာ ကျွတ်ကျွတ်အိတ်ကြီးများအား ၀ယ် ခိုင်း၍ ဒုက္ခသည်များမှ မရှိမဲ့ရှိမဲ့ ပိုက်ဆံများဖြင့် ၀ယ်ယူကြရပါသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဆိုသူမှ ဒုက္ခသည်ကလေးများအား ပွေ့ချီနမ်းရှုံ့နေသည့်ပုံများ ရိုက်ယူခြင်း၊ သက်ကြီးရွယ်အို ဒုက္ခသည် အမယ် အိုကြီးများမှ သူတို့အား ပစ်မထားပါရန် ငိုယိုတောင်းပန်ရာတွင်လည်း "ပစ်မထားပါဘူး စိတ်ချပါ။ ကျနော်တို့ရှိ ပါတယ်" စသည့်ဖြင့် လိမ်လည်ပြောဆိုသည့် ပုံများ၊ ဗွီဒီယိုများ ရိုက်ယူခဲ့ပါသည်။
ထို့နောက် "အားလုံးပြန်နိုင်ပါပြီ။ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား ရပ်ကွက်အလိုက် ပေးအပ် ထားပြီး ပါပြီ။ ရပ်ကွက် ရ.ယ.က ရုံးတွေမှာ သွားရောက်ထုတ်ယူနိုင်ပါပြီ" ဟု ဆိုကာ ပြန်သွားခဲ့ပါသည်။ ဒလမြို့နယ် ဒုက္ခသည်များမှ ရပ်ကွက်ရုံးများတွင် သွားရောက်ထုတ်ယူရာတွင် မည်သည့်ထောက်ပံ့ရေးပစ္စည်းမှ မရရှိသဖြင့် ဒုက္ခသည်များမှ ငိုယိုကာ ဒေါသထွက်လျက်ရှိကြောင်း ကြားသိရပါသည်။
၎င်းဖြစ်ရပ်များမှာ ဒလမြို့နယ် တစ်မြို့နယ်တည်းတွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ လေဘေးဒဏ်သင့်ခံ မြို့နယ်အားလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်ပါသည်။

1 comments:
This kind of news should be translated in English because I want the world know what happening in inside Burma.
Post a Comment