“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 14, 2008

မကူညီတဲ့အပြင်..လိုက်နှောက်ယှက်နေ။

နအဖ အလိုတော်ရိ ပုလိပ်တွေလေ..ကယ်ဆယ်ရေးအလုပ်သမားတွေကို ဟိုမသွားရဘူး.ဒီမသွားရဘူး.ဟိုဟာမလုပ်.ဒါမလုပ်ရဘူး..လိုက်လံတားဆီးနေတယ်..သူတို့ လည်း မလုပ်..လူတွေသေလေလေ..သူတို့ အတွက်များများကျန်လေလေ..လေဘေး ဘေထုတ်တွေကလည်း..ဆာနေတဲ့ လူတွေဆီမရောက်..နံရိုးပြိုင်ပြိုင်းနဲ့ ခလေးတွေဆီ မရောက်..စစ်တပ်ဂိုဒေါင်ထဲမှာ.အရင်သွင်း.ပြီးတော့
နောက်ပေါက်ကနေ..ခြေထောက်ပေါက်ပြီး မင်္ဂလာဈေးရောက်သွားရော..
ဗုဒ္ဓဘာသာတွေမှ ဟုတ်ကြပါရဲ့လား..သူတပါးအလှူ ကို ပြိတ္တာလုပ်နေတယ်။။ သူတပါးရဲ့ အလှူဖြတ်စားရင်..ဘာဖြစ်မယ်ဆိုတာသာတွေးကြည့်ပေါ့
Myanmar police block aid workers, food piles up
့မြန်မာသတင်း မေလ- ၁၃
ရောဝတီတိုင်းတခုလုံးကို စစ်အစိုးရ က ၀ိုင်းရုံပိတ်ဆို့ ထားလိုက်ပြီဖြစ်ပါတယ်။ ဘယ်သူမှ ၀င်လို့ ထွက်လို့ မရတော့ဘူး။ စစ်သားများနဲ့ စစ်ဆေးရေးဂိတ်များ နေရာအနှံပြားမှာချထားလိုက်ပါတယ်။ ၀င်လားတဲ့ကား မှန်သမျှကို စစ်ဆေးနေတယ်။ မသကာင်္ရင်ဖမ်းတယ်။ လျူတန်းဖို့ လာတဲ့ ပစ္စည်းတွေကိုတော့
အကုန် သိမ်းဆည်းပြစ်လိုက်တယ်။ မှတ်ပုံတင်စစ်တယ်။ ရောဝတီတိုင်းမှာ မွေးတဲ့သူမဟုတ်ရင် တော့ နာဖို့ သာပြင်ပေတော့။ အကြီးအကျယ်လှူတဲ့သူတွေ ကိုဖမ်းတယ်။ တရားမ၀င်ဘူးလို့ သတ်မှတ်နေတယ်။ ဘယ်သူမှ မကူညီရဲဘူး ဖြစ်နေတယ်။ ဒီစည်းကမ်းတွေကို ချိုးဖေါက်တဲ့သူ တွေကို ကြံဖွတ်တွေ၊ စွမ်းအားရှင်ဆိုတဲ့ ခွေးတွေနဲ့ ဝိုင်းကိုက်ခိုင်းတယ်။ ကင်မရာနဲ့ ဗီဒီယိုတွေပါ ရင်သိမ်း။ လူကိုဖမ်းလုပ်နေတယ်။ ရောဝတီတိုင်းက ကျယ်ပြန့် ပေမဲ့ သွားလာလို့ ရတဲ့ကားလမ်း က နည်းနည်းပဲ ရှိတော့ နအဖအတွက် ထိမ်းချုပ်ရတာ လွယ်ကူနေတယ်။

စစ်သားတွေ၊ရဲတွေ၊ ကြံဖွတ်တွေ ယူနီဖေါင်းနဲ့ ရော၊ အရပ်ဝတ်နဲ့ရောချထားတယ်။လက်နက်တွေမျိုးစုံ တပ်ဆင်ထားတယ်။ လက်နက်တွေက တော့ သေနတ်၊ ၀ါးရင်းထုတ်၊ ဒုတ်တို၊ စကားပြောစက်တွေတပ်ဆင်ထားတယ်။ စစ်အစိုးရက ရောဝတီမှာဖြစ်ပျက်နေ တာတွေကို အမြန် ဖျောက်ဖျက် ဖို့ ကြိုးစာနေပုံရတယ်။ နိင်ငံတကာကို ဖြစ်ရပ်မှန်တွေကို မမြင်အောင် လုပ်နေတယ်။ ဖျာပုံမှာတော့ ကာဖျူး ထုတ်ထားတယ်။ တောင်ဒဂုံနဲ့  မြောက်ဒဂုံ က ဒုက္ခသည် စခန်းပေါင်းစုံက လူတွေကို မောင်းထုတ်ပြီး မဲရုံလုပ်ဖို့ စီစဉ်နေကြောင်း သတင်းများရရှိပါတယ်။ မိုးသီးဇွန် ဘလော့မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */