“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 15, 2008

မဲ ခိုးတာလေ..နိုင်မှာပေါ့..ချင့်ယုံပါ။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ကြေညာချက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်
(ကြေညာချက် အမှတ် ၁၀/၂၀၀၈)
၁၃၇၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၁ ရက်
(၂၀၀၈ ခုနှစ်၊ မေလ ၁၅ ရက်)

၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မြို့နယ်ပေါင်း (၃၂၅) မြို့နယ် ရှိသည့်အနက် (၂၇၈) မြို့နယ်တွင် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်၊ မေလ (၁၀)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

၂။ ဤကော်မရှင်၏ ၂၀၀၈ ခုနှစ်၊ မေလ (၆)ရက်စွဲပါ ကြေညာချက်အမှတ် (၈/၂၀၀၈) ဖြင့် နာဂစ် မုန်တိုင်း ဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းမှ မြို့နယ်ပေါင်း (၄၀)နှင့် ဧရာဝတီတိုင်းမှ (၇)မြို့နယ်တို့အတွက် ကျင်းပရန် ရှိသည့် ဆန္ဒခံယူပွဲကို ၂၀၀၈ခုနှစ်၊ မေလ (၂၄)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
၃။ ပြည်ထောင်စု တစ်ဝန်းလုံးရှိ လူဦးရေမှာ (၅၇၅၀၄၃၆၈) ဦး ဖြစ်၍ အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးခွင့် ရှိသူဦးရေမှာ (၂၇၃၆၉၉၅၇) ဦး ဖြစ်ပါသည်။

၎။ ၂၀၀၈ခုနှစ်၊ မေလ (၁၀)ရက်နေ့က မြို့နယ် (၂၇၈) မြို့နယ်တွင် ကျင်းပခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ရရှိသည့် ဆန္ဒမဲအခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
(က) ဆန္ဒမဲပေးခွင့်ရှိသူဦးရေ - ၂၂၇၀၈၄၃၄ ဦး
(ခ) ဆန္ဒမဲပေးသူဦးရေ - ၂၂၄၉၆၆၆၀ ဦး
(ဂ) ထောက်ခံဆန္ဒမဲပေးသည့်ဦးရေ - ၂၀၇၈၆၅၉၆ ဦး
(ဃ) ကန့်ကွက်ဆန္ဒမဲပေးသည့်ဦးရေ - ၁၃၇၅၄၈၀ ဦး
(င) ပယ်မဲ - ၃၃၄၅၈၄ ဦး
၅။ ထိုသို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးသည့် မြို့နယ်ပေါင်း (၂၇၈) မြို့နယ်မှ ဆန္ဒမဲ ပေးခွင့်ရှိသူ ဦးရေ (၂၂၇၀၈၄၃၄) ဦးအနက် (၂၂၄၉၆၆၆၀) ဦး လာရောက် ဆန္ဒမဲပေးခဲ့ကြသဖြင့် ဆန္ဒမဲပေးသည့် ရာခိုင်နှုန်း မှာ (၉၉.၀၇) ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
၆။ သို့ပါ၍ ဆန္ဒမဲပေးသည့် မဲဆန္ဒရှင် (၂၂၄၉၆၆၆၀) ဦးအနက် (၂၀၇၈၆၅၉၆) ဦးတို့က ထောက်ခံဆန္ဒမဲ ပေးသည့် အတွက် ထောက်ခံသည့် ရာခိုင်နှုန်းမှာ (၉၂.၄) ရာခိုင်နှုန်း ဖြစ်ကြောင်း ပြီးစီး ခဲ့သည့် ဆန္ဒခံယူပွဲ၏ ရလဒ်အား ကြေညာအပ်ပါသည်။

(အောင်တိုး)
ဥက္ကဋ္ဌ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */