“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 21, 2008

ဘာအစိုးရ လည်း.

ဒါ သူတောင်းစားမျိုးရိုးတွေ မဟုတ်ရပေါင်ဗျာ။

သဘာဝ ဘေးအန္တရာယ်..မကာကွယ်နိုင်တာ သိပါတယ်။
ဒါပေမဲ့  ကြိုသိခဲ့ရင်.လူ့  အသက်တွေ ကိုတန်ဖိုးထားတတ်ရင်..ရှိတဲ့ လူတွေ ကို ၄၈နာရီ အတွင်း ဘေးလွတ်ရာ နေရာပြောင်းရွေ့ ဖို့ လူကြီးသူမပီပီ သတိပေးနိုင်ပါတယ်.။

ဒါမုန်တိုင်းပါ.ဖြုဖွေးနေတဲ့ ဝဲကတော့ နဲ့ တိမ်တိုက်ကြီး ဘယ်လောက် အဝန်းကြီးတယ်..ဘယ်နေရာကို ဦးတည်လာမယ်ဆိုတာ..မြင်ရခန့် မှန်းနိုင်ပါတယ်။ ငလျှင်။ ဆူနာမိ ဆိုတာက.အမှတ်တမဲ့.ရုတ်တရက်. ဗြုံးစားကြီး ထလှုပ်တာမျိုး မို့ မသိလို့ သေတယ် ဆိုရင်..ခွင့်လွတ်နိုင်ပါသေးရဲ့.။
အမှန်က ဒါဟာ မီဒီယာ သတင်းမှောင်ချမှူပါ. သူတို့ အမျိုးတွေ ကျ..သူတို့ ပစ္စည်းတွေကျ လွတ်ရာရှောင်ထားပေးပြီး ကျန်တဲ့လူတွေကျ သေပစေ။ အချိန်မီ မုန်တိုင်း သတင်းပြရမဲ့အစား.ကိုရီးယားကား နှပ်တရွဲရွဲနဲ့  ငိုရတဲ့ကားတွေပြပြီး လူတွေကို စိတ်ပြောင်းထားတာ။ အခုတော့ နောက်ဆုံး ဗမာတွေ အပြုံလိုက်သေ.တကဲ့အဖြစ်အပျက်တွေနဲ့ ရင်ကွဲပက်လက် ငိုရမဲ့ဘ၀ ဖြစ်နေတာပါ။

လိုရင်းကတော့ စေတနာပါ။ အာဇာနည်တွေက ရသမျှ CBOX ထဲလာပေးတဲ့ မုန်တိုင်းသတင်းတွေကို.အရေးကြီးတဲ့  ဆိုက်တွေထဲရောက်အောင်..ကျနော်တို့ ဖြန့် ပါတယ်။

ဒါပေမဲ့  ကျနော်တို့ ရဲ့ blogger.com ကို.ရွှေဘဘတို့ ကဘန်းထားပြန်။ အင်တာနက် ကွန်နက်ရှင်ကလည်းနှေး.ကျနော်များကလည်း.ရေဒီယို စတေရှင်လည်း မပိုင်။ သတင်းစာတိုက် ကလည်းမဟုတ်.
ဦးထွန်းလွင်လို weather Man လည်းမဟုတ်လေတော့
မသဒ္ဓါကြီးမှာ တတ်နိုင်သလောက်လူသိအောင် ကြိုးစားသော်လည်း..အရာ မထင်ခဲ့ပါ။

ဘာဘဲဖြစ်ဖြစ်.ကျနော်တို့ အုပ်စု တတ်အားသ၍တော့ ကြိုးစားခဲ့ပါတယ်။

ပင်လယ်သောင်စပ်က ဆားချက်ရွာ..ငပိ လုပ်တဲ့ရွာ က တဲပုတ် စုတ်စုတ်ကုပ်ကုပ်ကလေးတွေ ကတော့..အင်တာနက်လည်းမသိ. ဘလော့ဆိုတာလည်းမသိ။ ကွန်ပြူတာ လည်းမသိ။ ဘာရေဒီယို တီဗွီမှ မရောက်တဲ့နေရာကလေးကို မုန်တိုင်းကိစ္စ အသိပေးဖို့ ကိစ္စတွေကတော့
အုပ်ချုပ်သူ အစိုးရလို့ သူတို့ ဖာသာခေါ်နေသူတွေရဲ့ အလုပ်သာဖြစ်ပါတယ်။

ဘယ်လောက်ဘဲခေါင်ခေါင် နီးရာ ခရိုင်မြို့ နယ်တွေ နဲ့  အဆက်အသွယ်တော့ရှိကြတာပါ။ နေပြည်တော်ကြီးဟီးနေပြီး..တောရွာဇနပုဒ် မီးကလေးမှိတ်တုတ် ( အဲလေ..မြို့ တော်ဟောင်းကြီး ရန်ကုန်လဲပါတာပေါ့) ဖြစ်နေတာတော့..အစိုးရမင်းများ၏ XXX သုံးမကျခြင်းသာဖြစ်ပါတယ်။

ယခုကြည့်ပါ။ မုန်တိုင်းကလာ ဖြစ်..လမ်းပန်း ဆက်သွယ်ရေးကလည်း ညံ့မှ ညံ့။
ဦးသန်းရွှေ ဒါတွေ သိပါတယ်..သူဧရာဝတီတိုင်းမှူးအဖြစ်နဲ့ နုစဉ်က ဧရာဝတီတိုင်းက ထွက်ကုန်တွေ တဖြဲ နှစ်ဖြဲ စားခဲ့ဘူး ပါတယ်။ တကယ် ဒုက္ခရောက်တော့ မကူဘူးဗျာ.။

သူသာစဖြစ်ကတည်းက..နိုင်ငံတကာကို အကူအညီတောင်းခဲ့ရင်..ရေမျော နေတဲ့ အသက်ရှင်နေသူတွေ..
အစာမရ ရေမရ.. ရောဂါရ သေမဲ့လူတွေ အသေအပျောက်နည်း ကယ်နိုင်မှာပါ. သူမကယ်ဘူးဗျာ။
နေရက်တယ်..လုပ်ရက်တယ်
စိတ်ယုတ်ရဲ့သဘောဟာ..သေရင်တောင်..အကုသိုလ်ဟာ..မလွတ်ပါဘူး
အရိပ်လိုဘဲနောက်က လိုက်နေတာပါ။

သူက မကယ်တဲ့အပြင် သူများကယ်ဆယ်တာတွေ မနာလို သ၀န်တို ။
စစ်တပ်တွေ မိုက်ကြေးခွဲ ခိုးယူခိုင်း။.. ငတ်နေသူတွေ.၂သန်းခွဲရှိရက် .အစာရှိရက်နဲ့ မဝေ။
ပိုပိုသေအောင်လို့  စိတ်ယုတ်နဲ့ လုပ်တဲ့အတွက်..
စပါးပေါ်ချိန် ရွေငွေ တွဲလွဲရွင်တဲ့ ဧရာဝတီတိုင်းက လူတွေဟာ
ကားလမ်းဘေးထိုင်
တန်းစီတောင်းစားတဲ့ သူတောင်းစားဘ၀ရောက်ခဲ့ပါပြီ။
ဒီရာဇ၀င်ကြွေး.ဧရာဝတီ က သမိုင်းရေးထားပါတယ် သန်းရွှေ
ပွဲပြီးတဲ့အထိ ဆက်ကြည့်ကြတာပေါ့ ။
အနားမှာဟောင်နေတဲ့ခွေးတွေ ..ဒေါ်လာ တသန်းပေးရင်သန်းရွှေရဲ့ခေါင်း..ကိုဝယ်နိုင်ပြီး
ဧရာဝတီ ကမ်းစပ်ကနေ
ငါးစားရန်ရေသို့ မျှောချနိုင်ပါကြောင်း


အိပ်ရဲရင် ရဲရဲ အိပ် သန်းရွှေ.။မနက်ဖြန် မင်းငရဲခန်းဝကို ဗီဇာ တင်ရန် တန်းစီဖို့ အရောက်
ငရဲသားလာတံခါးခေါက်လိမ့်မယ်။။
ခေါင်းမပြုတ်အောင်..ကိုယ်နဲ့ ခေါင်း သော့ခတ်ပြီးအိပ်
နောက်မှ မိချောင်းမျက်ရည်နဲ့ လာချွေးမသိပ်နဲ့ 
အသက်ယူထားရင်..အသက်သာပြန်ပေး ဦးသန်းရွှေ။
ဘယ်တော့မှ ကမ္ဘာမကြေဘူး.။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */