“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 14, 2008

ခိုးတဲ့ သောက်ကျင့်ကတော့သေတောင်မပျောက်ဖူး.

နိုင်ငံတကာ ကယ်ဆယ်ရေးအကူအညီက..ဒုက္ခသည်တွေစားဖို့ ပေးတာ။ ပြည်သူ ကိုအနိုင်ကျင့်နေတဲ့ လူသတ် စစ်တပ်အတွက် စစ်ရိက္ခာဖို့ မဟုတ်ဘူး..
အားနည်းတဲ့လူတွေ စားဖို့  နည်းနည်းနဲ့ဗိုက်ပြည့်တဲ့ အင်နာဂျီ ဘီစကစ်တွေ တပ်ရာရှင်အတွက်သိမ်းပြီး.ပြည်တွင်းထုတ် ပုတ်အက်အက် ဘီစကစ်နဲ့ လဲရလောက်အောင်..မိုက်ရိုင်း ထွားကျိုင်းတဲ့ နအဖ..အမေရိကန် စစ်လာတိုက်ရင်..ရိက္ခာမလောက်မှာစိုးလို့  ကြိုစုနေတယ်။
သူတောင်းစားလက်ထဲက ပါးစပ်ထဲက အစာလုတာ..အစိုးရတဲ့လားဗျို့ ...

ရှက်ဖွယ်ရာ....တပ်မတော်သားများ...ခငိဗျားတို့ ခေါင်းဆောင်က ခွေးသာသာဗျို့ 
မတရားတဲ့ အမိန့်  အာဏာမှန်သမျှဖီဆန်ကြ..
စားစရာမရှိ...ခင်ဗျားတို့ အသားတွေ လှီးတောင်စားမဲ့ နအဖ..ဆရာခေါ်ရင် မှားမယ်နော်..သတိပေးတယ်.

နိုင်ငံတကာက စွပ်စွဲတယ်ဆိုတာ..သက်သေသာဓက မရှိဘဲ မစွပ်စွဲပါ..သက်သေ အထောက်အထားများစွာရှိမှ..UN ကပြောပါတယ်။ သောက်ရှက်မခွဲချင်လို့မပြတာ..မရှိဘူးမထင်နဲ့ မသိဘူးမထင်နဲ့ ..လူ့သတင်းလူချင်းဆောင်တယ်. အပုပ်ဆိုတာ လုပ်လို့ပေါ်တာပါ။
လူတသန်းခွဲ အသက်ရင်းပြီး..နေပြည်တော်အစိုးရလုပ် ချင်တဲ့ တရုပ်ပြေးမင်း..
ရဲဘော်အပါအ၀င် စစ်သား ၅ သိန်း ကိုရင်းပြီး..UN တပ်ကို ပြန်တိုက်ချင်သေးတယ်.
.စဉ်းစားပါ တပ်မတော်သားများ..

လူတသန်းခွဲတောင် ရင်းရဲမှ..စစ်တပ် က လူ ၅ သိန်း ဘာမရင်းရဲစရာရှိမလည်း..
သင်တို့  အသေခံတိုက်လည်း..သေတောင် ဘာမှရမည်မဟုတ်။ ၂၅% စစိသား လွတ်တော်တက်စာရင်းထဲလည်းသင်ပါမည်မဟုတ်။
သူ့ သမီးလင်ကောင်ဖော်မည့် သူများအတွက် တန်းစီထားသည်။ နေရာဦးထားသည်.။

အသင်ကဲ့သော သာမန်ရဲဘော်။ သာမန် စစ်ဗိုလ်..ဘာမှရစရာမရှိ။ .ဒုက္ခသည် ဘီစကွတ်ဘဲစားရမယ်..ကုန်ရင်..အသေခံ..သူကတော့ပြေးမယ်..သင့်ကို ကယ်မယ် ပြန်ကြည့်မယ် မထင်နဲ့ ..

သူ့ မှာအသဲနှလုံးမရှိ..နိုင်ချင်တာဘဲရှိတယ်..မိုက်မဲသော မိုက်ရူးသော ခေါင်းဆောင်အတွက် သင့်၏ တန်ဖိုးရှိသော အသက်ကို..စက္ကူပေါ်ရိုက်ထုတ် ဖေါင်းပွနေသော ငွေစက္ကူ များ။ မသထာရေစာ သူတောင်းစားခွက်မှ နှိုက်ထားသော.ဒုက္ခသည် ဘီစကွတ်များနဲ့ ရောင်းချရန်မသင့်ပါ။ သင်သည်.တိုင်ပြည်အတွက်တန်ဖိုးရှိသည်. ကျွန်ုပ်တို့  ဂုဏ်ယူပါရစေ ရဲဘော်။
သင့်အသက် သည်းစိမ်..သင့်လူမျိုး..သင့်နိုင်ငံ လွတ်မြောက်စေချင်..အလံဖြူပြထွက်ခဲ့သူငယ်ချင်း..
Regime Accused of Hoarding Cyclone Aid
video ကြည့်ချင်ရင်.

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */