Pages

Wednesday, April 16, 2008

သင်္ကြန်အကျနေ့ မှာရေမစို..ချွေးစိုကြသူများ



သူတို့ တတွေ နှင်းတောကို ဖြတ်စဉ် အဆုတ် အအေးပတ်တဲ့ ဒဏ်ကို သေမတတ်ခံစားပြီး အခု နှင်းတောထဲက ထွက်လာတဲ့အခါ အခု လောလောဆည် ဖြတ်သန်းနေရတာ..ကန္တာရ လွင်ပြင်ကြီးပါ။ အရိပ်ခိုစရာရယ်လို့ သစ်တပင် ၀ါးတပင် အရိပ်ခိုစရာမရှိဘဲ လေပြင်းက ကွင်းပြင်ဖြတ်ပြီး အ၇ှိန်နဲ့ တဝူးဝူး တိုက် တဲ့အခါ ကိုင်ထားရတဲ့ အလံတိုင် ကိုလွတ်မသွားအောင် မနည်း အားတင်းထားရပါတယ်။ ရှေ့ကို လှမ်းကြည့်ရင် မိုင် ၁၀၀ အတွင်း သစ်ပင်ဆိုတာ ၂ပေထက် မြင့်တာ မရှိပါဘူး။ ကုန်းပြောင်ကြီးပါ ။ လေတိုက်တဲ့အတွက်.. အရေပြားတွေ နုတ်ခမ်းတွေ တွန့်လိပ် ခြောက်သွေ့ ။ သွေးစထွက်။ အလံကိုင်တဲ့ လက်တွေ ပေါက်ပြဲ ကုန်ပါတယ်။.
ဒါပေမဲ့  သူတို့  ဆက်သွားနေမြဲပါ တရွေ့ ရွေ့ ။ အခု မိုင် ၁၂၀၀ တောင် ကျော်ခဲ့ပြီ။ လေးစားပါတယ် ကိုအေသင် နဲ့ ကိုဇော်မင်းထွေး ခင်ဗျား။ ဗမာ့ သတ္တိ ကမ္ဘာကသိရပါစေ့မယ်။

No comments:

Post a Comment